မြန်မာနိုင်ငံ၏ ဆယ်စုနှစ် ၅ ခု စစ်အုပ်ချုပ်ရေးမှ အသွင်ကူးပြောင်းရေးသည် လုပ်ဆောင်နေဆဲ ဖြစ်သည်။
၂၀၁၀ ခုနှစ်တွင် စစ်အစိုးရကို တရားဝင် ဖျက်သိမ်းခဲ့ပြီး အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးခြင်းနှင့် ၂၀၁၅ ခုနှစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား အစိုးရ ဖွဲ့နိုင်စေသည့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများ ရှိသော်လည်း မြန်မာ့တပ်မတော်က ကြီးမားသော နိုင်ငံရေးနှင့် စီးပွားရေးအင်အားကို ဆက်လက်ထိန်းသိမ်းထားသည်။
လွှတ်တော်ကိုယ်စားလှယ်နေရာ ၄ ပုံ ၁ ပုံမှာ တပ်မတော်မှ ခန့်အပ်သူများအတွက် ဖြစ်သည်။ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သော ခရိုနီဝါဒနှင့် အကျင့်ပျက်ခြစားမှုများမှ တဆင့် ကြီးပွားတိုးတက်ခဲ့ပြီး စီးပွားရေးအရ အချိုးအစား မညီမျှစွာ သြဇာကြီးမားသည့် အဓိက စီးပွားရေးလုပ်ငန်းစုကြီးများကိုလည်း တပ်မတော်က ထိန်းချုပ်ထားသည်။
သို့သော်လည်း လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် တပ်မတော်နှင့် စီးပွားရေးမလုပ်ရန် ကုလသမဂ္ဂမှ လူ့အခွင့်အရေးလှုပ်ရှားသူများက သတိပေးခဲ့သည်။
စစ်အစိုးရ အုပ်ချုပ်နေစဉ် ကာလအတွင်း မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော ပြင်းထန်သည့် နိုင်ငံတကာ၏ အရေးယူ ပိတ်ဆို့မှုများကို ရုပ်သိမ်းခဲ့ပြီး ဖြစ်သည်။
သို့သော်လည်း လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် တပ်မတော်နှင့် စီးပွားရေးမလုပ်ရန် ကုလသမဂ္ဂမှ လူ့အခွင့်အရေးလှုပ်ရှားသူများက သတိပေးခဲ့သည်။
သို့သော်လည်း ပြီးခဲ့သည့်လက ထွက်ပေါ်ခဲ့သော အစီရင်ခံစာ အများအပြား အရဆိုလျှင် နိုင်ငံခြားကုမ္ပဏီများက ထိုလမ်းကြောင်းကို အလေးအနက်ထားရန် ပျက်ကွက်နေကြဆဲ ဖြစ်သည်။
ဗြိတိန်ဘဏ် ၂ ခုဖြစ်သော HSBC နှင့် Standard Chartered တို့က မြန်မာနိုင်ငံတွင် မိုဘိုင်းကွန်ရက်တခု တည်ဆောက်နေသည့် ဗီယက်နမ်ကုမ္ပဏီ တခုသို့ အမေရိကန်ဒေါ်လာ သန်း ၆၀ ချေးခဲ့ကြောင်းသိရသည်။ တပ်မတော် ထိန်းချုပ် ထားသော မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) က Mytel ဟုခေါ်သော အဆိုပါ ကွန်ရက်၏ ၂၈ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားသည်။ အစ္စရေး နည်းပညာ ကုမ္ပဏီတခုဖြစ်သော Gilat Satellite Networks ကလည်း Mytel နှင့် စီးပွားရေး လုပ်ကိုင်နေခဲ့သည်ဟု သတင်းများက ဆိုသည်။
သြစတြေးလျ အစိုးရကလည်း သွယ်ဝိုက်သောနည်းဖြင့် ပတ်သက်မှုရှိနေခဲ့သည်။ ၎င်း၏ Future Fund က မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းနှင့် အတူ စီးပွားရေးလုပ်ငန်း လုပ်နေသော အိန္ဒိယ နိုင်ငံတကာ ကုမ္ပဏီဖြစ်သည့် Adani ၏ လက်အောက်ခံ ကုမ္ပဏီတခုတွင် သြစတြေးလျ ဒေါ်လာ ၃.၂ သန်း (အမေရိကန်ဒေါ်လာ ၂.၅ သန်းခန့်) ရင်းနှီးမြှုပ်နှံခဲ့သည်။
Adani Ports and Special Economic Zones အမည်ရှိ အဆိုပါ လက်အောက်ခံ ကုမ္ပဏီက Queensland ပြည်နယ်မှ Adani ၏ အငြင်းပွားဖွယ်ရာ Carmichael ကျောက်မီးသွေးတွင်းနှင့် Grea Barrier ကျောက်တန်းရှိ ဆိပ်ကမ်းတခုကို ချိတ်ဆက် ပေးမည့် ရထားလမ်းအတွက် ငွေကြေးထောက်ပံ့နေသည်။ ၎င်းက ရန်ကုန်အနီးရှိ မြန်မာ့ စီးပွားရေး ကော်ပိုရေးရှင်းမှ ပိုင်ဆိုင်သော မြေပေါ်တွင် ကွန်တိန်နာ ဆိပ်ကမ်းတခုကိုလည်း တည်ဆောက်နေသည်။
စစ်ရာဇဝတ်မှု နှင့်အခြားရက်စက်မှုများ
တပ်မတော်နှင့် စီးပွားရေးလုပ်ခြင်းမှ ရှောင်ရှားရန် ကုလသမဂ္ဂ၏ တောင်းဆိုချက်က ရခိုင်ပြည်နယ် မြောက်ပိုင်း အခြေစိုက် အစ္စလာမ်မစ် ခွဲထွက်ရေး အဖွဲ့ ဖြစ်သည့် ရခိုင် ရိုဟင်ဂျာ လွတ်မြောက်ရေး တပ် (ARSA) ကို တပ်မတော်က ၂၀၁၆ ခုနှစ် နောက်ပိုင်းတွင် ပြုလုပ်ခဲ့သော စစ်ဆင်ရေးများ အပေါ် အခြေခံသည်။
ရက်စက်မှုများနှင့် ပတ်သက်သော စွပ်စွဲချက်များကို စုံစမ်းစစ်ဆေးရန် လွတ်လပ်သော အချက်အလက်ရှာဖွေရေးအဖွဲ့ တခုကို ၂၀၁၇ ခုနှစ် မတ်လတွင် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ဖွဲ့စည်းခဲ့သည်။
ရခိုင်ပြည်နယ်လူဦးရေ၏ ၃ ပုံ ၁ပုံ ခန့်က မွတ်ဆလင်များ ဖြစ်ပြီး အများစုမှာ ၎င်းတို့၏ သီးခြားယဉ်ကျေးမှုနှင့် ဘာသာစကားရှိသော ရိုဟင်ဂျာဟု ကိုယ့်ကိုကိုယ် အမည်တပ်သူများဖြစ်သည်။
ဖြိုခွဲတိုက်ခိုက်မှုက လူ့အခွင့်အရေး အကျပ်အတည်း အခြေအနေသို့ လျင်မြန်စွာ ဆိုးရွား သွားခဲ့သည်။ ရိုဟင်ဂျာရွာပေါင်း ၃၅၀ ခန့် ဖျက်ဆီးခံခဲ့ရသည်ဟု Human Rights Watch က ဆိုသည်။ သိန်းနှင့်ချီသောသူများ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ပြေးခဲ့ကြသည်။ (ဖိနှိပ်မှုများကြောင့် ယခင်က သိန်းနှင့်ချီသောသူများ ဒုက္ခသည်စခန်းများတွင် ရှိနေခဲ့ပြီးသား ဖြစ်သည်။)
ရက်စက်မှုများနှင့် ပတ်သက်သော စွပ်စွဲချက်များကို စုံစမ်းစစ်ဆေးရန် လွတ်လပ်သော အချက်အလက်ရှာဖွေရေးအဖွဲ့ တခုကို ၂၀၁၇ ခုနှစ် မတ်လတွင် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ဖွဲ့စည်းခဲ့သည်။
ထိုအဖွဲ့တွင် သြစတြေးလျ လူ့အခွင့်အရေး ကော်မရှင်နာဟောင်း Chris Sidoti ၊ အင်ဒိုနီးရှား ရှေ့နေချုပ်ဟောင်း Marzuki Darusman နှင့် သီရိလင်္ကာမှ လူ့အခွင့်အရေး လှုပ်ရှားသူ Radhika Coomaraswamy တို့ပါဝင်သည်။
သူတို့၏ ပထမဆုံး အစီရင်ခံစာ အပြည့်အစုံကို ၂၀၁၈ ခုနှစ် စက်တင်ဘာလတွင် ထုတ်ပြန်ခဲ့သည်။ ထိုအစီရင်ခံစာတွင် ထောင်ပေါင်း များစွာသော အရပ်သားများကို သတ်ဖြတ်ခြင်း၊ ဖိအားပေး ထွက်ခွာစေခြင်းနှင့် အုပ်စုဖွဲ့ မုဒိန်းကျင့်မှုများကို အသေးစိတ်ဖော်ပြခဲ့ပြီး လူမျိုးတုံး သတ်ဖြတ်မှုအတွက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အခြား တပ်မှူး ၅ ဦး ကို တရားစွဲရန် တောင်းဆိုခဲ့သည်။
အစီရင်ခံစာ၏ အဓိက အာရုံစိုက်မှုမှာ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) နှင့် အခြား စီးပွားရေးလုပ်ငန်းစု တခု ဖြစ်သည့် မြန်မာ့ စီးပွားရေး ဦးပိုင်လီမီတက် (MEHL) ဖြစ်သည်။
၂၀၁၉ ခုနှစ် စက်တင်ဘာလတွင် အဆိုပါ အဖွဲ့က တပ်မတော်၏ စီးပွားရေး အကျိုးစီးပွားနှင့် ပတ်သက်သော အစီရင်ခံစာ တစောင်ကို ထုတ်ပြန်ခဲ့သည်။ နိုင်ငံခြား စီးပွားရေး လုပ်ငန်းများ အနေဖြင့် တပ်မတော်က ထိန်းချုပ်ထားသော အဖွဲ့ အစည်းများနှင့် စီးပွားရေးဆက်ဆံမှု အားလုံးကို ရပ်တန့်ရန်လည်း အကြံပြုခဲ့သည်။
အစီရင်ခံစာ၏ အဓိက အာရုံစိုက်မှုမှာ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) နှင့် အခြား စီးပွားရေးလုပ်ငန်းစု တခု ဖြစ်သည့် မြန်မာ့ စီးပွားရေး ဦးပိုင်လီမီတက် (MEHL) ဖြစ်သည်။
စစ်အစိုးရလက်ထက် အဆိုပါ ကော်ပိုရေးရှင်း ၂ ခုသည် စီးပွားရေးနှင့် လုပ်ငန်းနယ်ပယ် အများအပြား အပေါ် လက်ဝါးကြီးအုပ် ထိန်းချုပ်မှုများမှတဆင့် အကျိုးအမြတ်များ ရရှိခဲ့သည်။ သူတို့က ကြီးမားသော မြေယာပိုင်ဆိုင်မှုနှင့် ကုန်ပစ္စည်း ထုတ်လုပ်ရေး၊ ဆောက်လုပ်ရေး၊ အိမ်ခြံမြေ လုပ်ငန်း၊ စက်မှုဇုန်များ၊ ဘဏ္ဍာရေးနှင့် အာမခံလုပ်ငန်း၊ တယ်လီဖုန်း ဆက်သွယ်ရေးနှင့် သတ္တုတူးဖော်ရေး တို့နှင့် ဆိုင်သော စီးပွားရေး လုပ်ငန်းများကို ထိန်းချုပ်ထားနိုင်ခဲ့သည်။
သူတို့က ၂၀၁၆ ခုနှစ် နှောင်းပိုင်းတွင် အများပိုင် ကုမ္ပဏီများ ဖြစ်လာကြသော်လည်း အမြတ်အစွန်းများက တပ်မတော်ဆီသို့သာ စီးဆင်းနေဆဲဖြစ်သည်။
အဆိုပါ အစီရင်ခံစာတွင် Adani၊ Kirin Holdings (ဂျပန်)၊ Posco Steel (တောင်ကိုရီးယား)၊ Infosys (အိန္ဒိယ) နှင့် Universal Apparel (ဟောင်ကောင်) တို့ အပါအဝင် သူတို့နှင့် စီးပွားဖြစ် မိတ်ဖက်ပြုထားသော နိုင်ငံခြားကုမ္ပဏီများ၏ အမည် များကို ဖော်ပြထားသည်။
ထို့ပြင် ကမာ္ဘ့ဘဏ်နှင့် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ကဲ့သို့သော အဖွဲ့အစည်းနှင့် အစိုးရများက မြန်မာ့တပ်မတော်ကို စီးပွားရေးအရ အထီးကျန်ဖြစ်စေရေး အရေးယူဆောင်ရွက်ရန်လည်း အစီရင်ခံစာက အကြံပြုထားသည်။
ကျင့်ဝတ်ဆိုင်ရာ တာဝန်များ
အရေးကြီးသည်မှာ ကုလသမဂ္ဂ၏ အစီရင်ခံစာက မြန်မာနိုင်ငံတွင် အထွေထွေ ရင်းနှီးမြှုပ်နှံမှုများ မပြုလုပ်ရန် မတောင်းဆိုခြင်း ဖြစ်သည်။ စီးပွားရေးလုပ်ငန်းများ အနေဖြင့် အလွန်လိုအပ်နေသည့် စီးပွားရေးဖွံ့ဖြိုးမှု အတွက် (တပ်မတော်နှင့် ပတ်သက်ခြင်း မရှိဘဲ) ဝင်ရောက် ရင်းနှီးမြှုပ်နှံရန်နှင့် ပါဝင်ရန် တိုက်တွန်းထားသည်။
သို့သော်လည်း နိုင်ငံခြားကုမ္ပဏီ အများအပြားက လူမသိသူမသိ နည်းဗျူဟာ အမျိုးမျိုးမှ တဆင့် မြန်မာနိုင်ငံတွင် စီးပွားရေး လုပ်ရန် နည်းလမ်းတခု ရှာဖွေ တွေ့သွားလေ့ရှိသည်။
အထီးကျန်ထားခြင်းနှင့် ထိတွေ့ဆက်ဆံခြင်း တို့နှင့်ပတ်သက်သော မေးခွန်းက မြန်မာနိုင်ငံအတွက် နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်သော မေးခွန်းတခု ဖြစ်သည်။ ၂၀၁၁ ခုနှစ်အထိ အမေရိကန်၊ ဥရောပသမဂ္ဂနှင့် သြစတြေးလျ အပါအဝင် နိုင်ငံ အများအပြားက ကုန်သွယ်ရေးနှင့် သံတမန်ရေးအရ အရေးယူမှုများ ကျယ်ပြန့်စွာ ချမှတ် ထားခဲ့သည်။
သို့သော်လည်း နိုင်ငံခြားကုမ္ပဏီ အများအပြားက လူမသိသူမသိ နည်းဗျူဟာ အမျိုးမျိုးမှ တဆင့် မြန်မာနိုင်ငံတွင် စီးပွားရေး လုပ်ရန် နည်းလမ်းတခု ရှာဖွေ တွေ့သွားလေ့ရှိသည်။
အထူးသဖြင့် အိမ်နီးချင်းနိုင်ငံများမှ ကုမ္ပဏီများက စီးပွားရေးလုပ်ငန်းများကို အခက်အခဲမရှိ ပုံမှန်အတိုင်း လုပ်ကိုင်နိုင်ခဲ့ကြသည်။
တပ်မတော်၏ အကျိုးစီးပွား မပတ်သက်ဘဲ မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ကိုင်ရေးက လွယ်ကူသောကိစ္စ တခု မဟုတ်ပါ။ အထူးသဖြင့် အိမ်ခြံမြေတွင် အလွန်ခက်ခဲသည်။ အများစုကို ခရိုနီကုမ္ပဏီများက ပိုင်ဆိုင်ထားသောကြောင့် ဖြစ်သည်။
ဥပမာ ပြရလျှင် Adani က ၎င်း၏ ဆိပ်ကမ်း စီမံကိန်းသည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုကြောင်း ခုခံ ကာကွယ်သည်။
သြစတြေးလျ အပါအဝင် အချို့သော နိုင်ငံများတွင် (မြန်မာနိုင်ငံသို့) လက်နက် တင်ပို့မှုနှင့် တပ်မတော်၏ အဓိက အဖွဲ့ ဝင်များ ခရီးသွားလာခွင့်ကို ကန့်သတ်မှုများ ထားရှိသော်လည်း၊ နိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှု သို့မဟုတ် MEC ကဲ့သို့သော ကော်ပိုရေးရှင်းများနှင့် စီးပွားရေးဆက်ဆံမှုများကို တားဆီးခြင်းမရှိပါ။
သီးခြားလုပ်ငန်းခွဲများ ဖန်တီးခြင်းက ရင်းနှီးမြှုပ်နှံသူများကို လူမျိုးတုံး သတ်ဖြတ်မှုအတွက် တာဝန်ရှိသူများ၏ အကျိုးစီးပွားကို အကူအညီ မပေးရန် လိုအပ်သော ကျင့်ဝတ်ဆိုင်ရာ တာဝန်ဝတ္တရားများမှ ကင်းလွတ်ခွင့် မပေးပါ။
ထို့ကြောင့် ၎င်း၏ မြန်မာနိုင်ငံမှ ဆိပ်ကမ်းရင်းနှီးမြှုပ်နှံမှုများကို “စင်ကာပူ အခြေစိုက် အဖွဲ့အစည်းများမှ တဆင့် ထိန်းချုပ်ပြီး စင်ကာပူအစိုးရ၏ တင်းကျပ်သော စည်းမျဉ်းများ အတိုင်း လိုက်နာဆောင်ရွက်ကြောင်း” Adani က ချေပခဲ့သည်။
သို့သော်လည်း တပ်မတော် ထိန်းချုပ်ထားသော လုပ်ငန်းစုကြီးများနှင့် စီးပွားရေး ပူးပေါင်းလုပ်ရန် ယခင်ကထက် လိုအပ်မှု နည်းလာသည်။
သီးခြားလုပ်ငန်းခွဲများ ဖန်တီးခြင်းက ရင်းနှီးမြှုပ်နှံသူများကို လူမျိုးတုံး သတ်ဖြတ်မှုအတွက် တာဝန်ရှိသူများ၏ အကျိုးစီးပွားကို အကူအညီ မပေးရန် လိုအပ်သော ကျင့်ဝတ်ဆိုင်ရာ တာဝန်ဝတ္တရားများမှ ကင်းလွတ်ခွင့် မပေးပါ။
ရှောင်နိုင်သည်ဖြစ်စေ လိုအပ်၍ ဖြစ်စေ နိုင်ငံတကာမှ လူသိများ စီးပွားရေးလုပ်ငန်းများ အနေဖြင့် ထိုကဲ့သို့သော သဘောတူညီချက်များ ပြုလုပ်ရန် ရွေးချယ်သည့် အချိန်တွင် သူတို့၏ ရွေးချယ်မှုအတွက် သူတို့ကို ဆက်လက်စောင့်ကြည့်လေ့လာခြင်းနှင့် ဝေဖန်ခြင်းများ ဆက်လက် ပြုလုပ်ခံရဦးမည်မှာ သေချာနေပါသည်။
(ထွေးထွေးသိန်းသည် သြစတြေးလျနိုင်ငံ Curtin တက္ကသိုလ် International Business at the School of Management မှ ပါမောက္ခတဦး ဖြစ်ပါသည် ။ The Conversation ပါ သူ၏ Ethical minefields: the dirty business of doing deals with Myanmar’s military ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်သည်။))
You may also like these stories:
ဦးပိုင်အတွက် အမြတ်ငွေများကို Kirin က ဆက်လက်ဆိုင်းငံ့ထားမည်
မြန်မာ့စီးပွားရေး ဦးပိုင်ကို လုပ်ဖော်ကိုင်ဖက် စင်ကာပူ ကုမ္ပဏီက တရားစွဲမည်
တနှစ်တာမြန်မာ့စီးပွားရေးကို ပြန်လည်သုံးသပ်ခြင်း
မြန်မာ့စီးပွားရေး ရှေ့နှစ် နာလန်ထမည်ဟု ကမ္ဘာ့ဘဏ် ဆို