မြန်မာပြည်သူများ၏ စစ်မှန်သော စိတ်ခံစားမှုကို ထင်ဟပ်ရပါက မြန်မာနိုင်ငံသည် မဟာ ဆုတ်ယုတ်မှုကပ် (Great Depression) တခုအတွင်းသို့ ဝင်ရောက်လာခဲ့ပြီးဖြစ်သည်။
ထိုမဟာဆုတ်ယုတ်မှုကပ်သည် ဗ်ိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဖေဖေါ်ဝါရီလ ၁ ရက်နေ့အာဏာလုယူမှုနှင့် စတင်ပြီး ကြီးမားသော နိုင်ငံရေး၊ လူမှုနှင့် စီးပွားရေးပြောင်းလဲမှုများ ဖြစ်လာသည်မှာ ယနေ့တိုင်ပင်ဖြစ်သည်။
စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ရသော စိတ်ဒဏ်ရာသည် မြန်မာပြည်သူများ ရင်းနှီးကျွမ်းဝင်ပြီးဖြစ်သည်။ မြန်မာပြည်သူများသည် လွန်ခဲ့သော ဆယ်စုနှစ် ၆ ခုအတွင်း စစ်အာဏာသိမ်းမှုနှင့် ဖြစ်ပေါ်လာသော လုံး၀ စိတ်ကျမှု ၃ ကြိမ်ကို ၁၉၅၈၊ ၁၉၆၂ နှင့် ၁၉၈၈ ခုနှစ်များတွင် တွေ့ကြုံပြီးဖြစ်သည်။
သို့သော် ယခုနောက်ဆုံး စစ်အာဏာသိမ်းမှုသည် တနိုင်ငံလုံးမှ ပြည်သူများအတွက် နိုင်ငံရေး၊ လူမှုရေးနှင့် စီးပွားရေးအရသာမက စိတ်ပိုင်းဆိုင်ရာအရပါ အထူးသဖြင့် ပြင်းထန်သော ထိုးနှက်ချက်ဖြစ်သည်။
စစ်အာဏာသိမ်းချိန်မှစတင်ပြီး ဆင်းရဲသည်ဖြစ်စေ ချမ်းသာသည်ဖြစ်စေ၊ ပညာတတ်သည်ဖြစ်စေ မတတ်သည်ဖြစ်စေ၊ အလုပ်ရှင်ဖြစ်စေ အလုပ်သမားဖြစ်စေ၊ နိုင်ငံဝန်ထမ်းဖြစ်စေ ပုဂ္ဂလိက ဝန်ထမ်းဖြစ်စေ၊ မိဘဖြစ်စေ သားသမီးဖြစ်စေ အရွယ်ရောက်ပြီးသူဖြစ်စေ မရောက်သေးသူဖြစ်စေ၊ ဆရာဖြစ်စေ ကျောင်းသားဖြစ်စေ၊ အမျိုးသားဖြစ်စေ အမျိုးသမီးဖြစ်စေ ၊ ဆရာဝန်ဖြစ်စေ လူနာဖြစ်စေ၊ ကျေးလက်နေသူဖြစ်စေ မြို့ပြနေသူဖြစ်စေ၊ လယ်သမားဖြစ်စေ ကုန်သည်ဖြစ်စေ၊ ဗုဒ္ဓဘာသာဖြစ်စေ ခရစ်ယာန်ဖြစ်စေ၊ ဟိန္ဒူဖြစ်စေ မွတ်ဆလင်ဖြစ်စေ၊ တိုင်းရင်းသား လူများစုဖြစ်စေ လူနည်းစုဖြစ်စေ၊ နိုင်ငံသားဖြစ်စေ နိုင်ငံခြားသားဖြစ်စေ တနိုင်ငံလုံးမှ ပြည်သူအားလုံး ကံဆိုးမိုးမှောင်ကျ ကုန်သည်။
အခုခေတ်က ကျနော်တို့ နိုင်ငံမှာ သူတောင်းစားကနေ သမ္မတအထိ လူတိုင်းလူတိုင်း အဆိုးရွားဆုံး ဒုက္ခကို ခံစားနေရတဲ့ခေတ်ပါပဲ
ယခုရက်ပိုင်းအတွင်း စာရေးသူတွေ့ဆုံ စကားပြောခဲ့သူ အားလုံးနီးပါးသည် နက်ရှိုင်းသော စိတ်ဓာတ်ကျဆင်းမှု၊ ဒေါသနှင့် အကြောက်တရားတို့ကို မမေးဘဲပြောပြကြသည်။ ၎င်းတို့အားလုံးသည် လမ်းပျောက်သွားသည်ဟု ခံစားနေရပြီး မိမိတို့အားလုံးသည် ထိုခံစားချက်ကို စာနာခံစားနိုင်ကြသည်။ ရှင်းပြရန်ပင် မလိုပေ။
စာရေးသူကလည်း မိမိ၏ ခံစားချက်ကို ထိုသို့အမြင်ဖြင့် ပြောပြလေ့ရှိသည်။ “အခုခေတ်က ကျနော်တို့ နိုင်ငံမှာ သူတောင်းစားကနေ သမ္မတအထိ လူတိုင်းလူတိုင်း အဆိုးရွားဆုံး ဒုက္ခကို ခံစားနေရတဲ့ခေတ်ပါပဲ” ဟူ၍ဖြစ်သည်။
ကြေမွသွားသော မျှော်လင့်ချက်များ
ယခုမဟာဆုတ်ယုတ်မှုကပ်၏ အထူးသဖြင့် ရက်စက်ကြမ်းကြုတ်သော သွင်ပြင်လက္ခဏာမှာ ပြည်သူများတွင် လွန်စွာကြီးမားသော မျှော်မှန်းချက်များ ဖြစ်ပေါ်နေချိန်တွင် ထိုကပ်ဆိုးကြီး က နိုင်ငံကို ထိုးနှက်လိုက်ခြင်းဖြစ်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တောင်ပြိုကမ်းပြိုနိုင်သည့် နိုဝင်ဘာလ ရွေကောက်ပွဲအပြီး ပြည်သူများသည် ဝမ်းမြောက်နေပြီး လွန်ခဲ့သော ဆယ်စုနှစ်က စတင်ခဲ့သည့် လွတ်လပ်မှု၊ အခွင့်အရေးများနှင့် စီးပွားရေး အခွင့်အလမ်းများ အပေါ်ဆက်လက်တည်ဆောက်ကာ နိုင်ငံ၏ ထွန်းသစ်စ ဒီမိုကရေစီ ပိုမိုခိုင်မာစေမည့် ရွေးကောက်ခံ အရပ်သားအစိုးရတရပ် အာဏာပြန်ရလာသည့် ရှားပါးလှသော မြင်ကွင်းကို စောင့်ဆိုင်းနေခဲ့ကြသည်။
လက်တွေ့တွင်လည်း ပြည်သူများ၏ ကြီးမားသော မျှော်မှန်းချက်များသည် အများအားဖြင့် ၎င်းတို့၏ ဘဝများ လက်တွေ့ တိုးတက်ရေးအတွက်သာ ဖြစ်သည်။ ၎င်းတို့သည် စစ်တပ်က ဒီမိုကရေစီနည်းလမ်းမကျသည် အခွင့်ထူးများ ရယူခံစားနေသည့် နိုင်ငံ၏ ရှုပ်ထွေးလှသော နိုင်ငံရေး အခြေအနေများကြောင့် စိတ်ကူးယဉ် အယူအဆများနှင့်ပတ်သက်ပြီး ကြီးကြီးမားမား စဉ်းစားခြင်း မရှိပေ။
လူတယောက်တည်းက၊ အာဏာကို တမ်းတမ်းမက်နေသော စစ်သားမပီသသည့် စစ်ဗိုလ်ချုပ်တယောက်က ပိုမိုတောက်ပသော အနာဂတ်အတွက် ပြည်သူလူထု၏ မျှော်မှန်းချက်များနှင့် အိပ်မက်များကို လုပ်ရပ်တခုတည်းဖြင့် ဖျက်ဆီးလိုက်သည်။
သို့သော် လူတယောက်တည်းက၊ အာဏာကို တမ်းတမ်းမက်နေသော စစ်သားမပီသသည့် စစ်ဗိုလ်ချုပ်တယောက်က ပိုမိုတောက်ပသော အနာဂတ်အတွက် ပြည်သူလူထု၏ မျှော်မှန်းချက်များနှင့် အိပ်မက်များကို လုပ်ရပ်တခုတည်းဖြင့် ဖျက်ဆီးလိုက်သည်။ သူ၏လောဘကြောင့် တနိုင်ငံလုံးမှ ပြည်သူများသည် ယခု မဟာဆုတ်ယုတ်မှုကပ်ကို ရင်ဆိုင် ကြုံတွေ့နေရတော့သည်။
အာဏာသိမ်းချိန်မှ စတင်ပြီး ပြည်သူများသည် လစဉ်ရက်ဆက် ဝမ်းနည်းပူဆွေးမှုကို ခံစားကြရသည်။ မြန်မာန်ိုင်ငံ၏ တနေရာမဟုတ် တနေရာတွင် ဥပဒေမဲ့ သတ်ဖြတ်၊ ဖမ်းဆီး သို့မဟုတ် ပြန်ပေးဆွဲမှု မဖြစ်ဘဲ ကုန်ဆုံးသွားသည့် နေ့ဟူ၍ မရှိပေ။
လက်ရှိအချိန်အထိ စစ်ကောင်စီတပ်များသည် တနိုင်ငံလုံးမှ ကလေးငယ်များ အပါအဝင် လူပေါင်း ၉၀၀ နီးပါးကို သတ်ဖြတ်ပြီး လူ ၅၀၀၀ ကျော်ကိုဖမ်းဆီးထားသည်။ လွန်ခဲ့သောလများအတွင်း သိန်းပေါင်းများစွာသော ပြည်သူများ အလုပ်အကိုင်ဆုံးရှုံးကြသည်။ မြင့်မားလာသည့် အစားအစာဈေးနှုန်းများနှင့် ကုန်ထုတ်လုပ်ရေး၊ ဆောက်လုပ်ရေးနှင့် ဝန်ဆောင်မှုအလုပ်အကိုင်များ ဆုံးရှုံးခြင်းကြောင့် ယခုနှစ်အတွင်း မြန်မာနိုင်ငံသား ၃ ဒဿမ ၄ သန်း အငတ်ဘေးကျရောက်သွားနိုင်ကြောင်း ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်(WFP) က သတိပေးထားပြီးဖြစ်သည်။ စစ်အာဏာသိမ်းမှုကြောင့် စီးပွားရေးသည် အလျှင်အမြန် ပျက်ဆီးယိုယွင်းသည့် အခြေအနေရောက်ပြီး မကြာမီ အနာဂတ်တွင်လည်း ပိုမိုဆိုးရွားသွားရန်သာ ရှိနေသည်။
ကိုဗစ်-၁၉ တတိယလှိုင်းကလည်း တိုင်းပြည်တွင် မကြာသေးမီက ကျရောက်လာသော်လည်း စစ်ကောင်စီသည် မည်သည့်တုံ့ပြန်မှုမျှ မလုပ်သလောက် ဖြစ်နေသည်။ လွန်ခဲ့သောနှစ်က ကိုဗစ်-၁၉ ပထမလှိုင်းနှင့် ဒုတိယလှိုင်းကို ကိုင်တွယ်ရန် ယခင်အရပ်သားအစိုးရက စနစ်တကျ အစီအမံများကို မည်သို့အကောင်အထည်ဖေါ်ခဲ့သည်ကို လူအများအပြားက ပြန်လည် အမှတ်ရနေကြသည်။
ထိုပြဿနာများသည် မဟာဆုတ်ယုတ်မှုကပ်တွင် မိမိတို့ကြုံတွေ့နေရသည့် ပြဿနာများ၏ တစွန်းတစ မျှသာရှိသေးသည်။ မြေပြင်မှအခြေအနေတခုလုံးမှာ အာဏာသိမ်းခေါင်းဆောင်နှင့် သူ၏စစ်အုပ်စုက ဖန်တီးလိုက်သည့် မယုံနိုင်လောက်အောင် ကြီးမားသည့် ကပ်ဆိုးဖြစ်နေသည်။ ရာပေါင်းများစွာသော ဆရာဝန်များ၊ ကျောင်းဆရာဆရာမများ၊ သပိတ်မှောက် နိုင်ငံ့ဝန်ထမ်းများအပေါ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဖိနှိပ်မှုကြောင့် ဖမ်းဆီးမည့် စာရင်းတွင် ပါဝင်သူများသည် ပုန်းအောင်းနေရ သို့မဟုတ် နိုင်ငံမှ ထွက်ပြေးရပြီး မိသားစုများ ကွဲကွာသွားခဲ့ကြရသည်။ အချို့မြို့ပြဒေသမှ အရပ်သား ခုခံရေးသမားများကို သူ၏စစ်တပ်က သိမ်းကြုံးတုံ့ပြန်မှုကြောင့် ထိုဒေသများမှ ပြည်သူများ အကြီးအကျယ် ထိခိုက်သေဆုံးကြရသည်။ ကယားပြည်နယ်မှ ဒေသခံများသည် မီးလောင်ပြာကျနေသော ၎င်းတို့၏ နေအိမ်များဆီသို့ ပြန်ကြရသည်။ လက်မရွံ့ စစ်သားများက ကျေးရွာများကို လက်နက်နှင့် လူအင်အား အလုံးအရင်းဖြင့် ဝင်ရောက်စီးနင်း တိုက်ခိုက်သောကြောင့် ထွက်ပြေးရပြီးနောက် မိဘများသည် မိုးသည်းထန်စွာရွာနေသော တောတောင်များတွင် ၎င်းတို့၏ ရင်သွေးများ အအေးမိရောဂါဖြင့် သေဆုံးသည်ကို ကြုံတွေ့ရစေသည်။
မြန်မာနိုင်ငံတွင် မျိုးဆက်တိုင်း မျိုးဆက်တိုင်းသည် ၎င်းတို့၏ သီးခြားအမှောင်ခတ်များကို ဖြတ်သန်း ကြရသည်။
သို့သော် ထိုသို့သောဖြစ်ရပ်များသည် မြန်မာနိုင်ငံတွင် ယခုမှ ပထမဆုံးအကြိမ် ဖြစ်ပေါ်ခြင်း မဟုတ်ပေ။ မြန်မာနိုင်ငံတွင် မျိုးဆက်တိုင်း မျိုးဆက်တိုင်းသည် ၎င်းတို့၏ သီးခြားအမှောင်ခတ်များကို ဖြတ်သန်း ကြရသည်။ စာရေးသူတို့ အဖေများနှင့် အဖိုးများ၏ မျိုးဆက်များသည် ခေတ်အဆက်အဆက် ဗိုလ်ချုပ်များ၏ ဆုံးဖြတ်ချက်များက ၎င်းတို့၏ အိပ်မက်များကိုသာမက ဘဝများကိုပါ ဖျက်ဆီးလိုက်သောကြောင့် အလားတူသော စိတ်ဓါတ်ကျဆင်းမှုများကို ခံစားခဲ့ရသည်။ အသက်အရွယ် ပိုမိုကြီးရင့်သော မျိုးဆက်များသည် ထိုသို့သော စိတ်ဓါတ်ကျဆင်းမှုကို ကွယ်လွန်သူ အာဏာရှင်ဟောင်း ဗိုလ်ချုပ်နေဝင်း၏ ၂၆ နှစ်ကာလဖြစ်သော ၁၉၆၂ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ ခံစားခဲ့ရပြီး ပိုမိုငယ်ရွယ်သော မျိုးဆက်များသည်လည်း ထိုစိတ်ဓါတ်ကျဆင်းမှုကို နေဝင်းကို ဆက်ခံသူများဖြစ်သော ဗိုလ်ချုပ်မှူးကြီး စောမောင်နှင့် သန်းရွှေတို့၏ ၁၉၈၈ မှ ၂၀၁၁ အထိ ၂၃ နှစ်ကြာကာလတွင် ခံစားရသည်။ စစ်အာဏာရှင်စနစ်အောက်မှ ထိုကာလများသည် ဆိုးရွားသော အတွေ့အကြုံဖြစ်သည်။ ထိုဖြစ်ရပ်များသည် မြန်မာပြည်သူများခံစားခဲ့ရသည့် မဟာဆုတ်ယုတ်မှုကပ်များ၏ အစောပ်ိုင်း ဥပမာများ ဖြစ်သည်။
အမှောင်ခေတ်သို့ ဆွဲချ
သို့သော် နေဝင်းအာဏာသိမ်းပြီး သူ၏ပဒေသရာဇ် အုပ်ချုုပ်ရေးကို နိုင်ငံတွင် ကျင့်သုံးသည့် အတိတ်က အာဏာရှင်စနစ်သည် မြန်မာနိုင်ငံတခုတည်းတွင်သာ ရှိသည်မဟုတ်ပေ။ စစ်အေးတိုက်ပွဲ အတွင်းက အာဏာရှင်စနစ်သည် အာဖရိက၊ လက်တင်အမေရိက၊ အရှေ့အာရှနှင့် အရှေ့အလယ်ပ်ိုင်း တို့တွင်ရှိနေပြီး တစုံတရာအားဖြင့် ကမ္ဘာတွင် ရေပန်းစားသည့် နိုင်ငံရေးလမ်းကြောင်းဖြစ်သည်။ အရှေ့တောင်အာရှမှ မြန်မာ့ အိမ်နီးချင်းများတွင်လည်း ထိုအတိုင်းသာ ဖြစ်သည်။
လက်တွေ့တွင် ထိုကဲ့သို့သော လူ့ကျင့်ဝတ်ကင်းမဲ့သူများ၏ အုပ်ချုပ်ရေးသည် ယခုကဲ့သို့ မဟာဆုတ်ယုတ်မှုကပ်ကို ပေါ်ပေါက်စေသည်မှာ အံ့သြဖွယ်မဟုတ်ပေ။ မိမိတို့ပတ်ဝန်းကျင် ကမ္ဘာကို ကြည့်လိုက်ရုံဖြင့် ထိအချက်ကို သိနိုင်သည်။
အခြားသော နိုင်ငံများသည် ပိုမိုဆိုးရွားသော အတွေ့အကြုံများကို ရင်ဆိုင်ရသည်။ နာဇီဂျာမဏီနှင့် ကြံရာပါများက ဒုတိယကမ္ဘာစစ်အတွင် ဥရောပရှိ ဂျူးလူမျိုးများ၏ ၃ ပုံ ၂ ပုံဖြစ်သော ဂျူးလူမျိုး ၆ သန်းကျော်ကို သတ်ဖြတ်သည့် အစုလိုက်အပြုံလိုက် သတ်ဖြတ်မီးလောင်တိုက်သွင်းမှုကို ကြည့်ပါ။ ကမ္ဘာတဝှမ်းမှ ဂျူးလူမှုအသိုက်အဝန်းများ၏ ခံစားချက်ကို စဉ်းစားကြည့်ပါ။ မြန်မာပြည်သူများအနေဖြင့် ၎င်းတို့၏ လက်ရှိအခြေအနေကို ဂျူးဓါးစာခံများ၏ အခြေအနေနှင့် နှိုင်းယှဉ်နိုင်ခြင်း မရှိပေ။
ခံစားရသည့် နိုင်ငံအားလုံး ဆိုးရွားလှသော အတွေ့အကြုံများကို ကျော်လွှားခဲ့ကြရသည်မှာ ဆယ်စုနှစ်ပေါင်းများစွာ ကျန်ခဲ့ပြီးပြီ
မြန်မာ၏ အိမ်နီးချင်း နိုင်ငံတခုဖြစ်သော ကမ္ဘောဒီးယားသည် ထိုကဲ့သို့သော မဟာ ဆုတ်ယုတ်မှုကပ်နှင့် ရင်ဆိုင်ရခဲ့သည်။ ၁၉၇၀ ခုနှစ်များအတွင်း ခမာနီအစိုးရက ၎င်းတို့ကိုဆန့်ကျင်သည်ဟု ယူဆသူများနှင့် လူနည်းစုများကို ဖိနှိပ်သောအခါ လူ ၂ သန်းကျော်သေဆုံးသည်။
၎င်းတို့သည် နက်ရှိုင်းစွာ ခံစားရပြီး ထိုဆိုးရွားသော ကာလများအတွင်း ၎င်းတို့နည်း ၎င်းတို့ဟန် မဟာဆုတ်ယုတ်မှုကပ်များကို ရင်ဆိုင်ခဲ့ရသည်။ ထိုအခြင်းအရာသည် ကမ္ဘာတဝှမ်းလုံးတွင် လူသားသမိုင်း တလျှောက်လုံး မဖော်ပြနိုင်စွမ်းသည့် ဒုက္ခများဖြင့် ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ထိုသို့ ခံစားရသည့် နိုင်ငံအားလုံးသည် ထိုဆိုးရွားလှသော အတွေ့အကြုံများကို ကျော်လွှားကြရသည်။
သို့သော် ယနေ့တွင်မူ ထိုသို့သော အခြေအနေရှိသည့် နိုင်ငံ လွန်စွာမှ နည်းပါးသွားပြီဖြစ်သည်။ န်ိုင်ငံ အများစုအတွက် ထိုသို့သောဖြစ်ရပ်မျိုးသည် အတိတ်ဆယ်စုနှစ်ပေါင်းများစွာက ဖြစ်ရပ်များဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင် ယခုနောက်ဆုံးပေါ်ပေါက်သည့် စစ်အာဏာသိမ်းမှုသည် ယခင်စစ်အာဏာသိမ်းမှုများထက် ပိုမိုဆိုးရွားသည်ဟု ပြည်သူများ ခံစားရခြင်းဖြစ်သည်။
သို့သော် ထိုစစ်အာဏာသိမ်းမှုကို ကျော်လွှားရမည်ဖြစ်သည်။ မည်သို့ကျော်လွှားမည်နည်း။ ရိုးရှင်းသည့် အခြေခံ အရည်အသွေးတခုဖြင့်ပင် လုံလောက်သည်။ ရိုးရှင်းစွာဆိုရလျှင် အရှုံးမပေးသော စိတ်ဓါတ်ဖြစ်သည်။ ယခင် မဟာဆုတ်ယုတ်မှုကပ်များအတွင်း မြန်မာပြည်သူများသည် အရှုံးမပေးကြပေ။ ယခင်အကြိမ်တိုင်း အကြိမ်တိုင်းတွင် မြန်မာပြည်သူများသည် ၎င်းတို့ ပြန်လည်တွန်းလှန်နိုင်သည့်အထိ ဆက်လက်ရုန်းကန်ကြသည်။ ယခုလည်း မြန်မာပြည်သူများသည် ထိုအတိုင်းသာလုပ်နေကြပြီး လူတိုင်းလူတိုင်းသည် ၎င်းတို့၏ စိတ်အား ထက်သန်သည့်အတိုင်း ၎င်းတို့၏ သက်ဆိုင်ရာ အခန်းကဏ္ဍ တခုမှ ပါဝင်ရန် လိုသည်။ ထို့ကြောင့် များပြားလှစွာသော ပြည်သူများသည် ၎င်းတို့မျှော်မှန်းထားသော ဒီမိုကရေစီ ပြန်လည်ထိန်းသိမ်းရေးအတွက် များပြားလှစွာသော နည်းလမ်းများဖြင့် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်နေသည်ကို မိမိတို့တွေ့နေရခြင်းဖြစ်သည်။
ရိုးရိုးရှင်းရှင်းပြောရလျှင် မိမိတို့၏ ဆောင်ပုဒ်သည် “အရှုံးမပေးဘူး” ဟူ၍ပင် ဖြစ်သည်နိုင်ခေတ်သည် နိုင်ငံရေး ဆောင်းပါးရှင်ဖြစ်သည်။
(နိုင်ခေတ်သည် နိုင်ငံရေး ဆောင်းပါးရှင်ဖြစ်သည်။ ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Amid This ‘Great Depression’, Myanmar’s People Will Never Give Up ကို ဘာသာပြန်သည်။)
You may also like these stories:
ဗိုလ်ချုပ်မှူးကြီး၏ သမ္မတအိပ်မက်က အဖြစ်ဆိုးများသာ သယ်ဆောင်လာသည်
စစ်ကောင်စီက မြန်မာနိုင်ငံကို မီးကုန်ယမ်းကုန် ပြည်တွင်းစစ်ထဲ ဆွဲခေါ်နေသည်
တရားဝင်မှု ရရှိရေး စစ်ကောင်စီက အိမ်နီးချင်းများကို သယံဇာတ ထုတ်ရောင်းနေသည်