မြန်မာနိုင်ငံသည် ပရိဝေဒများစွာ ဒုက္ခခံစားနေရသော ပြည်သူများအတွက်သာမက ဒေသတခုလုံးကိုပါ သက်ရောက်စေမည့် ကျန်းမားရေးကပ်ဆိုးကို ရင်ဆိုင်နေရသည်။
မြန်မာနိုင်ငံသည် ကိုဗစ်ကူးစက်မှု အထူးမြင့်မားခြင်းကို ရင်ဆိုင်နေရသည်။ စစ်ကောင်စီ၏ လုံးဝညံ့ဖျင်းသည့် အကျပ်အတည်းဆိုင်ရာ စီမံခန့်ခွဲမှုနှင့် ပြိုလဲသွားသော ကျန်းမာရေးကဏ္ဍကြောင့် ဖြစ်ပေါ်လာသည့်၊ နယ်စည်းမဲ့ဆရာဝန်များအသင်းမှ အရာရှိတဦး အဆို လူအသိုင်းအဝိုင်းကြား ပျံ့နှံ့ကူးစက်မှုသည်
ထိန်းချုပ်မှု လုံးဝ ကင်းမဲ့နေသည်။
စစ်ကောင်စီက ထုတ်ပြန်သာစာရင်းများအရ နေ့စဉ် ကူးစက်မှု ၆၀၀၀ ထောင်ခန့်နှင့်သေဆုံးမှု ၃၀၀ ခန့်ရှိသော်လည်း ထိုစာရင်းသည် တိကျသည်ဟု မည်သူမျှ မယုံကြည်ပေ။ ထိုစစ်ကောင်စီသည် ဖေဖေါ်ဝါရီကလ အာဏာသိမ်းပြီး ၎င်းတို့သည် ဖွဲ့စည်းပုံအရ တရားဝင်သည်ဟု ပြောနေသည်။
မြန်မာနိုင်ငံက ကိုဗစ်လက်ကားဖြန့်ချိသည့် နိုင်ငံတော်ဖြစ်သွားသောကြောင့် ပိုမိုကြီးမားသော အန္တရာယ်များကို ရင်ဆိုင်ရတော့မည် ဖြစ်သည်။
လူဦးရေ ၅၄ သန်းအနက် ၂ ဒဿမ ၈ သန်းကိုသာ ကာကွယ်ဆေး အပြည့်အ၀ ထိုးထားပြီးသောအခြေအနေနှင့်အတူ မြန်မာနိုင်ငံသည် ကိုဗစ်လက်ကားဖြန့်ချိသည့် နိုင်ငံဖြစ်လာမည်ကို စိုးရိမ်နေကြရသည်။ ထိုသို့သော အခြေအနေကြောင့် နောက်ထပ်မျိုးကွဲသစ်များပင် ဖြစ်လာနိုင်ကြောင်း မြန်မာနိုင်ငံလူ့အခွင့်အရေး အခြေအနေဆိုင်ရာ ကုလသမဂ္ဂအထူးအစီရင်ခံစာ တင်သွင်းသူ တွမ်အင်ဒရူးကပြောသည်။
မည်သည့်ရှုထောင့်မှ ကြည်သည်ဖြစ်စေ ထိုအခြေအနေသည် အလွန့်အလွန် အန္တရာယ်များသည်။ ထိုဒေသသည် မြန်မာနိုင်ငံက ကိုဗစ်လက်ကားဖြန့်ချိသည့် နိုင်ငံတော်ဖြစ်သွားသောကြောင့် ပိုမိုကြီးမားသော အန္တရာယ်များကို ရင်ဆိုင်ရတော့မည် ဖြစ်သည်။
ဆရာဝန်များကို ထောင်ချထား
“လုံး၀ပြီးပြည့်စုံသော မုန်တိုင်း”၏ အချက်များက နက်ရှိုင်းလာသော ကျန်းမာရေး အကျပ်အတည်းကို မီးလောင်ရာလေပင့်နေသည်ဟု ကုလသမဂ္ဂက ပြောသည်။
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် လူမှုအာဏာဖီဆန်ရေးလှုပ်ရှားမှု၏ တစိတ်တပိုင်းအဖြစ် ဆေးဝန်ထမ်းများ သပိတ်မှောက်နေသည်။ အောက်ဆီဂျင်နှင့် အခြားဆေးပစ္စည်းကိရိယာများသည် ပိုမိုဈေးကြီးလာပြီး မလုံမလောက် ဖြစ်နေသည်။ စင်္ကာပူနိုင်ငံက မြန်မာသို့ အောက်ဆီဂျင်စက် ၂၀၀ အလျှင်အမြန် ပေးပို့မည်ဟု ပြောကြားထားသည့်တိုင် အိမ်သုံးအောက်ဆီဂျင်စက် ရရှိရေးသည် မြန်မာနိုင်ငံတွင် ရိုးရှင်းလှသည်မဟုတ်ပေ။
အနှောက်အယှက် အဖြစ်ဆုံးကိစ္စမှာ မြန်မာနိုင်ငံ၏ ကိုဗစ်နိုင်တင်းကာကွယ်ရေးအစီအစဉ် အကြီးအကဲဟောင်းအပါအဝင် ဆေးဝန်ထမ်း အနည်းဆုံး ၁၅၇ ဦးကို ဖမ်းဆီးပြီး နိုင်ငံတော်သစ္စာဖေါက်မှုဖြင့် စွဲချက်တင်ထားသည်။ စစ်ကောင်စီတပ်များက အရေးပေါ်ကုသမှု လိုအပ်သည့် ကိုဗစ်နိုင်တင်းလူနာဟန်ဆောင်ကာ အကူအညီတောင်းပြီး လာရောက်ကူညီသော ဆရာဝန်များကို ဖမ်းဆီးနေသည်။
ကူးစက်မှုနှုန်းနှင့်ပတ်သက်သည့် ယုံကြည်နိုင်သော စာရင်းရရန် မဖြစ်နိုင်ပါ။ သို့သော် ရန်ကုန်တမြို့တည်း ကိုဗစ်နိုင်တင်းကြောင့် သေဆုံးသူ ၁၀၀၀ အထိ မီးသင်္ဂြိုဟ်ပေးနေရသည်။ ထိုသူများသည် စစ်ကောင်စီ ထုတ်ပြန်သည့် ကိုဗစ်ကြောင့် သေဆုံးမှုစာရင်းတွင် မပါကြောင်း ရန်ကုန်မှ နာရေးကိစ္စများကို ကူညီနေသော လူမှုအခြေပြုအဖွဲ့အစည်းများက ဆိုကြသည်။ တနိုင်ငံလုံးမှ ကိုဗစ်ကြောင့်သေဆုံးသူအရေအတွက်မှာ နေ့စဉ် ထောင်ပေါင်းများစွာ ရှိနိုင်သည်။
ကိုဗစ်ကူးစက်မှုအရေအတွက် အတိအကျမသိရသည့် အကြောင်းရင်းတခုမှာ ရှာဖွေစမ်းသပ်မှု လွန်စွာနည်းပါးသောကြောင့်ဖြစ်သည်။
ကိုဗစ်ကူးစက်မှုအရေအတွက် အတိအကျမသိရသည့် အကြောင်းရင်းတခုမှာ ရှာဖွေစမ်းသပ်မှု လွန်စွာနည်းပါးသောကြောင့်ဖြစ်သည်။ လူဦးရေ ၅၄ သန်းရှိသောနိုင်ငံတွင် တနေ့လျှင် ရောဂါရှာဖွေစစ်ဆေးမှု ၁၅၀၀၀ ခန့်သာ လုပ်နိုင်သည်။
အမည်ဆိုးကျော်ကြားပြီး လူကျပ်သိပ်သော အင်းစိန်ထောင်တွင် အကျဉ်းသား ၅၀ နီးပါး ကူးစက်ခံထားရပြီး စစ်တပ်က ၎င်းတို့ကို ကနဦး ဆေးကုသမပေးခဲ့ဟု ယုံကြည်ရသည်။
ထိုအကျဉ်းသားများတွင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ထိပ်တန်းခေါင်းဆောင်များ၊ လူမှုအာဏာဖီဆန်ရေးလှုပ်ရှားမှုနှင့်ပတ်သက်သော ဆရာဝန်များနှင့် ဒေါ်အောင်ဆန်းစုကြည်၏ အကြံပေး ရှောင်တာနဲလ်ကဲ့သို့သော နိုင်ငံခြားသားများ ပါဝင်သည်။ စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ရှောင်တန်းနဲလ်ကို ဖမ်းဆီးပြီး လုပ်ကြံစွပ်စွဲချက်များဖြင့် စွဲဆိုထားသည်။ ရှောင်တာနဲလ်နှင့် အခြားအကျဉ်းသားများကို စစ်ကောင်စီက မကြာသေးမီက ကာကွယ်ဆေး ထိုးပေးသည်။
ဒေါ်အောင်ဆန်းစုကြည်၏ အခြားအကြံပေးတဦးဖြစ်သော ဦးဉာဏ်ဝင်းကမူ အင်းစိန်ထောင်တွင် ကိုဗစ် ကူးစက်ခံရပြီးနောက် သေဆုံးခဲ့သည်။
ဆင်းရဲနွမ်းပါးသူများ မတန်တဆ ခံစားနေရ
ဆင်းရဲနွမ်းပါးသူများသည် လူမှုခွဲခြားနေထိုင်နိုင်မှုနည်းသလို ထိရောက်သော ကုသမှုနှင့် ရောဂါရှာဖွေ စစ်ဆေးခံရနိုင်သည့် အလားအလာလည်း နည်းသည်။ မည်သူမျှ မသိဘဲ တိတ်ဆိတ်စွာ ရောဂါခံစားနေရသည်။
ထိုသို့သော ကျန်းမာရေးကပ်အခြေအနေကြောင့် မြန်မာနိုင်ငံတွင် ဆင်းရဲချမ်းသာကွာဟမှုကို ပိုမိုဆိုးရွားစေသည်။ ဆင်းရဲနွမ်းပါးသူများသည် လူမှုခွဲခြားနေထိုင်နိုင်မှုနည်းသလို ထိရောက်သော ကုသမှုနှင့် ရောဂါရှာဖွေ စစ်ဆေးခံရနိုင်သည့် အလားအလာလည်း နည်းသည်။ မည်သူမျှ မသိဘဲ တိတ်ဆိတ်စွာ ရောဂါခံစားနေရသည်။
ယခုအပတ်အတွင်း ထုတ်ပြန်သည့် အစီရင်ခံစာတွင် ကမ္ဘာ့ဘဏ်က မြန်မာ့စီးပွားရေးသည် ကပ်ရောဂါနှင့် အာဏာသိမ်းမှုကြောင့် ယခုနှစ်အတွင်း ၁၈ ရာခိုင်နှုန်း ကျုံ့သွားမည်ဟု ခန့်မှန်းသည်။ ၂၀၁၉ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၂၀၂၂ နှစ်စတွင် ဆင်းရဲနွမ်းပါးသူအရေအတွက် ၂ ဆကျော် တိုးလာနိုင်ခြေလည်းရှိသည်။
နိုင်ငံ၏ တိုင်းရင်းသားလူနည်းစုဒေသများတွင်လည်း အချိုးအစား မမျှအောင် ခံစာနေရသည်။ အာဏာသိမ်းချိန်မှ စတင်ပြီး စစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ ၎င်းတို့နှင့် ပူးပေါင်းလိုက်သည့် ဒီမိုကရေစီ လိုလားသူများအကြား ပဋိပက္ခလည်း ပိုမိုပြင်းထန်လာပြီး ကြီးမားသော နေရပ်စွန့်ခွာထွက်ပြေးမှုများကိုလည်း ဖြစ်ပွားစေသည်။
ဖေဖေါ်ဝါရီလမှ ဇွန်လအတွင်း ခန့်မှန်းခြေ လူ ၂ သိန်း ပြည်တွင်းနေရပ်စွန့်ခွာရသောကြောင့် တနိုင်ငံလုံးတွင် နေရပ်စွန့်ခွာထွက်ပြေးသူ စုစုပေါင်း ၆၈၀,၀၀၀ ခန့်ရှိကြောင်း ကုလသမဂ္ဂ ဒုက္ခသည် အေဂျင်စီက ခန့်မှန်းသည်။ ထိုသို့ အနှိမ်ခံအုပ်စုများသည် ဆေးကုသခွင့် ရနိုင်ခြေ ပိုမိုနည်းပါးသည်။
ထိုစာရင်းများတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ကျပ်တည်းသည့် ဒုက္ခသည်စခန်းများမှ သန်းပေါင်းများစွာသော ရိုဟင်ဂျာများကဲ့သို့သော နိုင်ငံပြင်ပသို့ရောက်နေသည့် ဒုက္ခသည်များကို ထည့်သွင်းတွက်ချက်ခြင်း မရှိသေးပေ။ ရိုဟင်ဂျာများကို ကာကွယ်ဆေးထိုးမည့် အစီအစဉ်ကို ယခုလအတွင်း စတင်မည်ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် အစိုးရက ပြောကြားထားသည်။
နိုင်ငံတကာ အကူအညီ အကြီးအကျယ် လိုအပ်နေ
၂၀၀၈ ခုနှစ်က မြန်မာနိုင်ငံတွင် ဆိုင်ကလုန်းနာဂစ်ကြောင့် လူ ၁၄၀,၀၀၀ သေဆုံးသောအခါ ယခင်စစ်အုပ်စုသည် ဒေသတွင်းအဖွဲ့အစည်းဖြစ်သော ASEAN နှင့် ပိုမိုကျယ်ပြန့်သည့် နိုင်ငံတကာအသိုက်အဝန်းထံမှ ကျယ်ပြန့်သောအကူအညီ ကမ်းလှမ်းမှုများ ရရှိခဲ့သည်။
စစ်ကောင်စီသည် အာဏာမသိမ်းမီ ရက်ပိုင်းအတွင်းက နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့မှ မြန်မာနိုင်ငံသို့ ပေးခဲ့သည့် အမေရိကန် ဒေါ်လာ သန်း ၃၅၀ ကိုလည်း စာရင်းမရှင်းနိုင်ဖြစ်နေသည်။
သို့သော် အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံသို့ ပေးနေသည့် အနောက်တိုင်းအကူအညီများကို အစိုးရမဟုတ်သော အဖွဲ့အစည်းများသို့ လွှဲပြောင်းပေးအပ်လိုက်သောကြောင့် အကျပ်အတည်းများ ဖြစ်ကုန်သည်။ စစ်ကောင်စီသည် အာဏာမသိမ်းမီ ရက်ပိုင်းအတွင်းက နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့မှ မြန်မာနိုင်ငံသို့ ပေးခဲ့သည့် အမေရိကန် ဒေါ်လာ သန်း ၃၅၀ ကိုလည်း စာရင်းမရှင်းနိုင်ဖြစ်နေသည်။
တရုတ်က သြဂုတ်လအထိ ကာကွယ်ဆေး ၆ သန်း ပို့ပေးမည်ဟု ကတိပြုထားပြီး ကာကွယ်ဆေး ၃ သန်း လွန်ခဲ့သော အပတ်ကရောက်လာသည်။ တရုတ်နိုင်ငံသည် မြန်မာနှင့် နယ်စပ်တလျှောက် ရောဂါပျံ့နှံ့မှုကို စိုးရိမ်သောကြောင့် မြန်မာနိုင်ငံသို့ ကာကွယ်ဆေး လှူဒါန်းနေရသော နိုင်ငံအဖြစ် မမျှော်လင့်ဘဲ အဆုံးသတ်ရမည့် နိုင်ငံဖြစ်နေသည်။
ဘုံရန်သူ ကိုဗစ်ကို တိုက်ဖျက်ရန် မြန်မာနိုင်ငံမှ လူတိုင်း ညီညွတ်ရေးနှင့် အမျိုးသား ပြည်လည်သင့်မြတ်ရေးအတွက် အချိန်ဖြစ်ကြောင်း အကောင်းမြင်သမားများကပြောသည်။ သို့သော်မြန်မာနိုင်ငံတွင် ထိုသို့ဖြစ်နေသည်ဟု စိတ်ကူးယဉ်ကြည့်ရန်ပင် ခက်ခဲသည်။
မည်သည်တို့ကိုလုပ်ဆောင်နိုင်သနည်း။ AstraZeneca ကာကွယ်ဆေး အလျှံပယ်ရှိနေသော သြစတြေးလျှက အစိုးရမဟုတ်သော မိတ်ဖက်များမှတဆင့် မြန်မာတွင် ဆိုးဆိုးရွားရွား လိုအပ်နေသောကာကွယ်ဆေးများ ပေးပို့ရန် အလျှင်အမြန် လှုပ်ရှားနိုင်သည်။ ထိုသို့လုပ်လျှင် ရဲရင့်ပြီး နှစ်သက်ဖွယ်ရာ သံတမန်ရေး လုပ်ဆောင်မှု ဖြစ်နိုင်သည်။
ထိုနောက် အာဏာသိမ်းအပြီးတွင် နိုင်ငံကို ဆိုးဆိုးရွားရွား မှားယွင်းစွာ အုပ်ချုပ်မှုအတွက် မြန်မာဗ်ိုလ်ချုပ်များကို နိုင်ငံတကာ အသိုက်အဝန်းက ထိပ်တိုက်ရင်ဆိုင်ရန်လိုသည်။ ရွေးကောက်ခံခေါင်းဆောင်များထံမှ အာဏာကို လုယူလိုက်ခြင်းကြောင့် စစ်ကောင်စီသည် ပြည်သူများကို ဆင်းရဲတွင်းနက်စေပြီး ပဋိပက္ခသစ်များဖြစ်စေကာ ကမ္ဘာ့ ကပ်ရောဂါကြောင့် ဆုံးရှုံးမှုများကို ပိုမိုဆိုးရွားစေသည်။
သို့သော် စိတ်နှလုံးကြေကွဲစရာ အမှန်တရားမှာ မြန်မာပြည်သူများသည် အဆိုးရွားဆုံး ဖြစ်နိုင်သော အခြေအနေတွင် မည်သည့် သက်သာရာ သက်သာကြောင်းမျှ မတွေ့နိုင်ဖြစ်နေခြင်းပင်။
(The Conversation မှ How a perfect storm of events is turning Myanmar into a ‘super-spreader’ COVID state ကို ဘာသာပြန်ဆိုသည်။ Adam Simpson သည် University of South Australia မှ အကြီးတန်း သင်ကြားပို့ချသူတဦး ဖြစ်ပြီး Nicholas Farrelly သည် University of Tasmania မှ လူမှုသိပ္ပံ ပါမောက္ခတဦး ဖြစ်သည်။)
You may also like these stories:
သေဆုံးမှု အဆမတန် မြင့်လာပြီးနောက် သက်ကြီးပိုင်း ကာကွယ်ဆေးထိုးမှု များလာ
ကိုဗစ်တတိယလှိုင်း သေဆုံးသူ ယခင်လှိုင်းများထက် ၂ ဆရှိ
စက်တင်ဘာလ အလယ်လောက်အထိ သတိနဲ့ နေရမယ်
တရုတ် ကာကွယ်ဆေးသာ မြန်မာစစ်ကောင်စီ မျှော်လင့်အားကိုးစရာ ဖြစ်နေ