• English
Monday, June 23, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

စစ်ကောင်စီက စီးပွားရေး နာလန် ပြန်ထူစေမယ်တဲ့လား

by လင်းထက်မြတ်
7 September 2021
in သူ့အတွေး သူ့အမြင်
A A
စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတကာအကူအညီများ၊ နိုင်ငံတကာအစိုးရချေးငွေများ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ကျဆင်းသွားသည် / ဧရာဝတီ

စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတကာအကူအညီများ၊ နိုင်ငံတကာအစိုးရချေးငွေများ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ကျဆင်းသွားသည် / ဧရာဝတီ

22.7k
VIEWS
Share on FacebookShare on Twitter

ရက်အတိအကျမပါ ၂၀၂၁ ဇွန်လထုတ် နေ့စွဲဖြင့် ဖြန့်ချိခဲ့သော စစ်ကောင်စီ၏ မြန်မာနိုင်ငံ စီးပွားရေးပြန်လည်ဦးမော့စေရေး စီမံချက် (Myanmar Economic Recovery Plan-MERP) သည် လက်ရှိကိုင်စွဲနေသည့် စီးပွားရေးမူဝါဒလော (သို့မဟုတ်) ယခင် NLD ရေးဆွဲခဲ့သလို ငါတို့လည်း ရေးဆွဲနိုင်သည်ဆိုပြီး ကိုဗစ်-၁၉ကပ်ဘေးနှင့် အာဏာသိမ်းမှုကြောင့် ပိုမိုဆိုး ဝါးလာနေသည့် စီးပွားရေးကျဆင်းမှုကို တုန့်ပြန်ကုစားနိုင်ရန် ကြိုးပမ်းမှုလောဆိုသည်မှာ မေးခွန်းထုတ်စရာ များဖြစ်သည်။ သို့တည်းမဟုတ် ယင်းတို့၏ ရေရှည်အာဏာစွဲကိုင်ထားနိုင်ရန် စီးပွားရေးနှင့်ဆက်စပ်သည့် အစီအစဉ်လားဆိုသည့် မေးခွန်းမှာလည်း မေးစရာဖြစ်နေခဲ့သည်။

စီးပွားရေးဆိုင်ရာ အယူဝါဒ

RelatedPosts

Apple ကို ရှယ်ယာရှင်တွေ ပြန်တရားစွဲ

Apple ကို ရှယ်ယာရှင်တွေ ပြန်တရားစွဲ

22 June 2025
558
အီရန်အစိုးရအပြောင်းအလဲက ဒီမိုကရေစီကို မသယ်ဆောင်လာနိုင်

အီရန်အစိုးရအပြောင်းအလဲက ဒီမိုကရေစီကို မသယ်ဆောင်လာနိုင်

21 June 2025
2.2k
အာဏာသိမ်းပြီး ၄နှစ်ကြာချိန် ရွှေတကျပ်သား သိန်း ၈၀ကျော်လာ

အာဏာသိမ်းပြီး ၄နှစ်ကြာချိန် ရွှေတကျပ်သား သိန်း ၈၀ကျော်လာ

20 June 2025
869

အယူဝါဒရေးရာမှာ ယခင် NLD လက်ထက်ရေးဆွဲခဲ့သည့် မြန်မာ့စီးပွားရေး ပြန်လည်ဦးမော့လာစေရေးနှင့် ပြုပြင်ပြောင်းလဲရေး (Myanmar Economic Recovery & Reform Plan-MERRP) နှင့် ကွာခြားမှုကို တွေ့ရသည်။ ထိုသို့ဖြစ်ရခြင်းမှာလည်း လက်ရှိစစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်နေသည့် စီးပွားရေး ကျဆင်းမှုများ၊ နိုင်ငံတကာပိတ်ဆို့ဒဏ်ခတ်မှုများ၊ ရင်းနှီးမြှုပ်နှံမှုများ ပြန်လည်ထွက်ခွာခြင်းနှင့် အသစ်ဝင်ရောက်လာမှုများ နည်းပါးသွာခြင်းတို့ကြောင့်လည်း ဖြစ်နိုင်သည်။

စစ်ကောင်စီ၏ စီးပွားရေးပြန်လည်ဦးမော့စေရေး စီမံချက်သည် ပြည်တွင်းစီးပွားရေးနှင့် ပြည်တွင်းစားသုံးမှု (သို့မဟုတ်) ပြည်တွင်းဝယ်လိုအားကို ပိုမိုဦးတည်လာခြင်း တွေ့ရသည်။ သွင်းကုန်အစားထိုးမူဝါဒနှင့် ပြည်တွင်းစီးပွားရေးလုပ်ငန်းများကို အကာအကွယ်ပေးသည့် သဘောတရား ရှေ့တန်းရောက်လာခဲ့ခြင်းဟု ဆိုရမည်။ အပေါ်ယံကြည့်လျှင် တရုတ်အစိုးရ၏ စီးပွားရေး Dual Circular Economy နှင့် ဆင်တူဟန်ရှိနေ၏။ သို့သော်လည်း တရုတ်ပြည်တွင်းဈေးကွက်နှင့် မြန်မာပြည်တွင်းဈေးကွက်သည် ဆင်နှင့် ပုရွက်ဆိတ်လို ကွာခြားသဖြင့် နှိုင်းယှဉ်မကောင်းသည့် အရာဖြစ်သည်။

“ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည်” ဟူသော ယခင် နဝတ/နအဖ စစ်အစိုးရ ကိုင်စွဲခဲ့သည့်လမ်းစဉ်အတိုင်း လျှောက်လှမ်းခြင်းဟု သုံးသပ်န်ိုင်သည်။ “စီးပွားရေးပိတ်ဆို့တာ ငါတို့မမှု”ပါ တနည်း ရေရှည်စစ်ပွဲအတွက် ပြင်ဆင်ခြင်းဟုဆိုနိုင်သည်။

သို့သော်လည်း ကိုဗစ်-၁၉ ကပ်ဘေးကြောင့် ထုတ်လုပ်မှုကွင်းဆက်များ (supply chains) ပြတ်တောက်နေသည့်အချိန်အတွင်း ပြည်တွင်းဈေးကွက်ကို အမှီအခိုပြုခြင်းဟု ရေးသားထားသည်။ တနည်းအားဖြင့်ဆိုလျှင် ပို့ကုန်မြှင့်တင်ရေးမူဝါဒကို စွန့်လွှတ်ခြင်းမဟုတ်၊ ပို့ကုန်အဓိကဖွံ့ဖြိုးတိုးတက်မှုကို စွန့်လွတ်သည် မဟုတ်သော်လည်း အခြေအနေအရ ၎င်းတို့အာဏာတည်မြဲအောင် ဆောင်ရွက်နေချိန်၊ ပြင်ပဖိအားများမြင့်တက်နေသည့်အချိန်အတွင်း “ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည်” ဟူသော ယခင် နဝတ/နအဖ စစ်အစိုးရ ကိုင်စွဲခဲ့သည့်လမ်းစဉ်အတိုင်း လျှောက်လှမ်းခြင်းဟုလည်း သုံးသပ်န်ိုင်သည်။ “စီးပွားရေးပိတ်ဆို့တာ ငါတို့မမှု”ပါပေါ့။ တနည်းဆင်ခြင်ကြည့်လျှင်လည်း preparing for the long game ရေရှည်စစ်ပွဲအတွက် ပြင်ဆင်ခြင်းဟုဆိုနိုင်သည်။

လုပ်ငန်းစဉ်များ ကွာခြားမှု

NLD အစိုးရ၏ စီးပွားရေးနာလန်ထမှု အစီအစဉ်နှင့် အဓိကကွာခြားချက်မှာ NLD အစီအစဉ်တွင် ပန်းတိုင်များ၊ မဟာဗျူဟာများ၊ လုပ်ငန်းစဉ်များနှင့် တိကျသည့် အချိန်ကာလနှင့် ရလာဒ်များ ထည့်သွင်း ရေးဆွဲထားသော်လည်း စစ်ကောင်စီ၏ စီမံချက်ကမူ ရည်မှန်းချက်များနှင့် လုပ်ငန်းစဉ်များဟုသာ ဖေါ်ပြထားပြီး အချိန်ကာလကိုလည်း ကာလတို၊ ကာလလတ်ဟုသာ ဖေါ်ပြသည်။ ဥပမာ NLD ၏ MERRP ၌ စီမံကိန်းဘဏ်တွင် ပါဝင်သည့် မဟာဗျူဟာကျသည့် အခြေခံအဆောက်အအုံစီမံကိန်း အနည်းဆုံး ၅ ခု ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ်အကုန်၌ တင်ဒါခေါ်ပြီး ဖြစ်နေရမည်ဆိုသည့် အချိန်ကာလနှင့် မျှော်မှန်းရလာဒ်ကို တိကျစွာ ထည့်သွင်းထားသော်လည်း ယခု MERP တွင် မတွေ့ရ။

MERP တွင် လုပ်ငန်းအစီအစဉ် ၉ ခုပါရှိပြီး ထိုအစီအစဉ်များအောက် ပါရှိသည့် လုပ်ငန်းစဉ်အများစုမှာလည်း MERRP တွင် ပါဝင်သည့်အရာများပင် ဖြစ်သည်။ ထိုအစီအစဉ် ၉ ခုတွင် အရေးကြီးဆုံး မပါရှိသည့် အစီအစဉ်မှာ NLD ၏ ပန်းတိုင် ၆ အောက်မှ လူမှုရေးထောက်ပံ့မှုများ (social transfers) နှင့် အရေးပေါ်ကုစားရေး (emergency relief measures) လုပ်ငန်းစဉ်များဖြစ်သည်။

လုပ်ငန်းစဉ်များတွင်လည်း အဓိကကွဲလွဲသွားသည်က သွင်းကုန်များကို တင်သွင်းရာတွင် မရှိမဖြစ် လိုအပ်သည့် ကုန်ပစ္စည်းများကို ဦးစားပေးတင်သွင်းရန်နှင့် သွင်းကုန်အစားထိုးရန်၊ စီမံကိန်းဘဏ်နှင့် စီမံကိန်းဘဏ်တွင် ပါဝင်သော အဓိကကျသည့် အခြေခံအဆောက်အအုံ စီမံကိန်းများကို စနစ်တကျ တွက်ချက်စိစစ်ပြီး တင်ဒါခေါ်ယူမည့် အစီအစဉ် မပါဝင်ခြင်း၊ နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်းများ ပြုပြင်ပြောင်းလဲရေးနှင့်ပတ်သက်ပြီး ကော်ပိုရိတ်အဖြစ် ပြောင်းလဲဖွဲ့စည်းခြင်း corporatization ၊ ပုဂ္ဂလိကလက် ပြန်လည်ရောင်းချခြင်း equitisation ပြုလုပ်ရန် လုပ်ငန်းစဉ် မပါဝင်ခြင်း၊ ယင်းတို့အား စနစ်တကျ စီမံခန့်ခွဲရန် State Assets Management Company (SAMCO) ဖွဲ့စည်း၍ လွတ်လပ်သည့် ဒါရိုက်တာဘုတ်အဖွဲ့ ဝင်များ ခန့်ထားရေးလည်း မပါဝင်ခြင်း၊ ဘဏ်နှင့် ငွေရေးကြေးရေးအဖွဲ့အစည်းများ တည်ငြိမ်မှုရှိရေး ဘဏ်များတွင် တင်ရှိနေသည့် NPL ဟုခေါ်သည့် Non-Performing Loans ချေးငွေဆိုး ကြွေးဆုံးများ ပြသနာဖြေရှင်းရန် NLD လုပ်ငန်းစဉ်တွင်ပါဝင်သည့် Assets Management Company (AMC) ထူထောင်ခြင်း မပါဝင်ခြင်း၊ ဘဏ်များကို ဖြေလျှော့မှုများ ပြုလုပ်ပေးမည့် လုပ်ငန်းစဉ်များသာ ပါဝင်၍ NPL ချေးငွေဆိုးများကို စောင့်ကြပ်စစ်ဆေးခြင်း စနစ်တကျ အစီရင်ခံစာတင်စေခြင်း လုပ်ငန်းစဉ်များလည်း ပါဝင်ခြင်းမရှိသည်ကို တွေ့ရသည်။

လူထုအကျိုး ရှေ့တန်းမတင်

အထက်တွင် ထောက်ပြခဲ့သလိုပင် စီးပွားရေးအယူအဆ ဝါဒရေးရာ ပြောင်းလဲသွားခြင်းသည် အချိန်အခါ အခြေအနေကြောင့် ဖြစ်န်ိုင်သည်။ ယုံကြည်သက်ဝင်မှုထက် အာဏာထိန်းသိမ်းနိုင်ရေးအတွက် ကြိုးပမ်းမှုဟု ယူဆနိုင်သည်။ ဆက်စပ်ပြီး မေးခွန်းထုတ်ရမည့်အချက်မှာလည်း စစ်ကောင်စီ၌ ခိုင်မာသည့် စီးပွားရေးဆိုင်ရာ အယူဝါဒနှင့် မူဝါဒရှိသလားဆိုသည်ကို ဖြစ်သည်။ နဝတ/နအဖလည်း ထိုနည်း၎င်းပင်ဖြစ်သည်။ ယင်းတို့ အာဏာတည်မြဲရေးသာ ဦးစားပေးနံပတ်တစ် ဖြစ်သည်။ တိုင်းပြည်စီးပွားရေးကယ်တင်ရန် နံပတ်တစ် ဦးစားပေးလိမ့်မည်ဟု မထင်ချေ။ အကြောင်းမဲ့ စွပ်စွဲခြင်းမဟုတ်။ တိုင်းပြည်စီးပွားရေးထိခိုက်မှာကို စိုးရိမ်လျှင်၊ လူထုနစ်နာမှာကို စိုးရိမ်လျှင် အာဏာကိုပင် သိမ်းလိမ့်မည်မဟုတ်။

အာဏာတည်မြဲရေးသာ ဦးစားပေးနံပတ်တစ် ဖြစ်သည်။ တိုင်းပြည်စီးပွားရေးကယ်တင်ရန် နံပတ်တစ် ဦးစားပေးလိမ့်မည်ဟု မထင်ချေ။ တိုင်းပြည်စီးပွားရေးထိခိုက်မှာ၊ လူထုနစ်နာမှာကို စိုးရိမ်လျှင် အာဏာကိုပင် သိမ်းလိမ့်မည်မဟုတ်။

နောက်တချက်ကတော့ သွင်းကုန်အစားထိုးရန် ကြိုးပမ်းမှုမှာလည်း နိုင်ငံခြားဝင်ငွေရရန် နည်းလမ်းနည်းပါးသွားခြင်းကြောင့် ဖြစ်သည်။ ပိုဆိုးသည်မှာ remittance ဟုခေါ်သည့် အိမ်နီးချင်းနိုင်ငံများတွင် အလုပ်လုပ်နေကြသည့် ရွေ့ပြောင်းလုပ်သားများမှ မိသားစုထံ ပြန်ပို့ငွေများလည်း ကိုဗစ်-၁၉ ကြောင့် ကျဆင်းသွားကာ နိုင်ငံခြား ငွေရလမ်း စစ်ကောင်စီနှင့် ပြည်တွင်းစီးပွားရေးသမားများအတွက် နည်းပါးသွားပြီဖြစ်သည်။

အမေရိကန်ဒေါ်လာ ရပေါက်ရလမ်းဖြစ်သည့် နိုင်ငံတကာအကူအညီများ၊ နိုင်ငံတကာအစိုးရချေးငွေများ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများလည်း ကျဆင်းသွား၍ ယခင်ကလို သွင်းကုန်ပစ္စည်းများ တင်သွင်းလိုက်ပါက ၎င်းတို့အတွက် အဓိက လိုအပ်သည့် စက်သုံးဆီလို ကုန်ပစ္စည်းများ ဝယ်ရန် ငွေနည်းသွားမှာ စိုးရိမ်ရသည့် အနေအထား ဖြစ်သည်။ တဖက်တွင်လည်း မြန်မာကျပ်ငွေ တန်ဖိုး ကျဆင်းနေမှုကို ထိန်းရန် ကြိုးပမ်းမှုဖြစ်သည်။ နိုင်ငံခြားငွေသည် ယင်းတို့အတွက် လက်နက်နှင့် စက်သုံး ဆီဝယ်ယူရန် မရှိမဖြစ်အရာဖြစ်သဖြင့် တတ်နိုင်သမျှ ဒေါ်လာကို ထိန်းချုပ်တော့မည် ဖြစ်သည်။ သို့သော် ထိုသို့ ထိန်းချုပ်ခြင်းကြောင့်လည်း မြန်မာကျပ်ငွေသည် ဆက်လက်ကျဆင်းရန်သာ ရှိသည်။ မကြာခင်ကပင် ပို့ကုန်သမားများရရှိသည့် နိုင်ငံခြားငွေကို ၄ လသာ ဒေါ်လာငွေစာရင်းတွင် ထားခွင့်ရှိပြီး ၄ လကျော်ပါက ဗဟိုဘဏ်သတ်မှတ်သည့်ဈေးဖြင့် မြန်မာငွေလဲလှယ်ရမည် ဆိုသည့်အမိန့်ကြေငြာစာ ထွက်ရှိလာသည်။

စက်မှုဇုံ၊ အထူးစီးပွားရေးဇုံ စီမံကိန်းများနှင့် အခြားအခြေခံအဆောက်အအုံ စီမံကိန်းများကို စီမံကိန်းဘဏ်ဖြင့် ချိတ်ဆက်၍ အကောင်အထည်ဖေါ်မည့်လုပ်ငန်းစဉ် ထည့်သွင်းမထားခြင်းမှာ ယင်းစီမံကိန်းကြီးများကို ယခင်ကကဲ့သို့ တင်ဒါမခေါ်တော့ဘဲ တိုက်ရိုက်ရင်းနှီးမြှုပ်နှံသူဖြင့် ညှိနှိုင်းခွင့်ပြုရန် အစီအစဉ်ရှိထားခြင်းကြောင့်ဟု ယူဆရ သည်။ ယခင် နဝတ/နအဖ စစ်အစိုးရခေတ်ကလည်း တရုတ်ရင်းနှီးမြှုပ်နှံမှုအများစုတွင် ဦးပိုင်၊ ခရိုနီပိုင်ကုမ္ပဏီများက အစုရှယ်ယာဝင်များဖြင့် စီမံကိန်းကုမ္ပဏီများတွင် ပါဝင်ကြပြီး တင်ဒါခေါ်ယူခြင်း မလိုဘဲ အကောင်အထည် ဖေါ်ဆောင်ခွင့် MOU, MOA များ ထိုးခဲ့ကြသည့်ပုံစံ ဖြစ်နိုင်သည်။ ဒေသခံပြည်သူများဖြင့် ဆွေးနွေးညှိနှိုင်းရန်လည်း မလို၊ အချိန်ကုန်မခံရန်လည်း ဖြစ်နိုင်သည်။ တနည်းအားဖြင့် ရင်းနှီးမြှုပ်နှံသူက မင်းတို့စိတ်ကြိုက်သာ စာချုပ်ရေးဆွဲ၊ ခွင့်ပြုပေးမည်ဟု မက်လုံးပေးခြင်းမျိုးဖြစ်သည်။ ထိုကဲ့သို့ လုပ်ခဲ့ခြင်းကြောင့်လည်း မြစ်ဆုံစီမံကိန်းအပါအဝင် ရေအားလျှပ်စစ် စီမံကိန်းများ ဆိုင်းငံ့ရခြင်း၊ အများပြည်သူ ကန့်ကွက်ခံရခြင်းတို့ ဖြစ်ခဲ့ရသလို ဟားဗတ်တက္ကသိုလ်မှ ပညာရှင် David Dapice က ကိုလိုနီပြုခြင်းနှင့် တူသည့်စာချုပ်များဟု သူ၏ “Hydropower in Myanmar: From Colonial to Commercial” စာတမ်းတွင် ရေးသားခဲ့သည်။

ကြွေးဆုံးများကို စနစ်တကျ ဖြေရှင်းမည်ဆိုလျှင် ဘဏ်လုပ်ငန်းရှင်ခရိုနီများ၊ ဘဏ်များတွင်အစုရှယ်ယာဝင်များဖြစ်သည့် အငြိမ်းစားနှင့် လက်ရှိဗိုလ်ချုပ်ကြီးများ၏ အကျိုးစီးပွားကို ထိခိုက်မည်ဖြစ်သည်။

ချေးငွေဆိုးများ (NPL) နှင့်ပတ်သက်ပြီး စနစ်တကျဖြေရှင်းရန် လုပ်ငန်းစဉ် ထည့်သွင်း မထားခြင်းမှာလည်း အကြောင်းမဲ့မဟုတ်ဟု ထင်မြင်မိသည်။ မြန်မာနိုင်ငံရှိ ဘဏ်အများစု၏ ချေးငွေများသည် ဘဏ်ပိုင်ရှင် ခရိုနီများ၏ စီးပွားရေးလုပ်ငန်းများကိုသာ ပြန်လည်ထုတ်ချေးထားခြင်းဖြစ်သည်ဟု လွတ်လပ်သော စီးပွားရေး ပညာရှင်များအဖွဲ့ IEM ၏ မြန်မာ့ဘဏ်အကျပ်အတည်း Myanmar’s Banking Crisis အစီရင်ခံစာတွင် ဖေါ်ပြထားသည်။ ချေးငွေအများစုသည်လည်း အိမ်ခြံမြေများကို အပေါင်ထားခြင်းဖြစ်သည်။ ဗိုလ်ချုပ်ဟောင်းများ၊ ခရိုနီများနှင့် နှီးစပ်သူများက အဆိုပါ ကြွေးဆုံးများကို ကိုင်တွယ်ထားသူများ ဖြစ်နေသည်။ ထိုအခါ ကြွေးဆုံးများကို စနစ်တကျ ဖြေရှင်းမည်ဆိုလျှင် ဘဏ်လုပ်ငန်းရှင်ခရိုနီများ၊ ဘဏ်များတွင်အစုရှယ်ယာဝင်များဖြစ်သည့် အငြိမ်းစားနှင့် လက်ရှိဗိုလ်ချုပ်ကြီးများ၏ အကျိုးစီးပွားကို ထိခိုက်မည်ဖြစ်သည်။ ထိုအတွက်ကြောင့်လည်း မြန်မာနိုင်ငံရှိ ဘဏ်များသည် ပွင့်လင်းမြင်သာမှု မရှိသလို ချေးငွေဆိုးပြသနာကိုလည်း ကိုင်တွယ်ဖြေရှင်းရန် အချိန်ဆွဲနေခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် IEM အစီရင်ခံစာအရ ဘဏ်လုပ်ငန်းရှင်များထဲတွင် ဥပဒေနှင့် မလွတ်ကင်းသည့် ကာစီနို၊ မူးယစ်ဆေးဝါး ရောင်းဝယ်ဖေါက်ကားမှုများဖြင့် ပတ်သက်သူများလည်း ပါဝင်နေသည်ဆိုသဖြင့် တရားဝင်ဘဏ်လုပ်ငန်းများနှင့် တရားမဝင်လုပ်ငန်းများ ဆက်စပ်မှုရှိနေသည်ဟု စွပ်စွဲထားသည်။ ထို့ကြောင့် Assets Management Company (AMC) ထူထောင်ပြီး အဆိုပါချေးငွေဆိုးများကို နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF နှင့် ပူးပေါင်းဖြေရှင်းပါက ယင်းတို့၏ တရားမဝင် စီးပွားရေးလုပ်ငန်းများ မီးခိုးကြွက်လျှောက်ပေါ်မှာ စိုးရိမ်၍လည်း ဖြစ်နိုင်သည်။

နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်းကြီးများကို ပုဂ္ဂလိကပိုင်ပြုလုပ်ရန် (corporatization, equitization)လည်း အလားတူပင်ဖြစ်သည်။ မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေလုပ်ငန်း (Myanmar Oil and Gas Enterprise-MOGE) အပါအဝင် နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်းကြီးများသည် ဗိုလ်ချုပ်ကြီးများနှင့် ၎င်းတို့နှင့်ဆက်စပ်သည့် ခရိုနီစီးပွားရေးလုပ်ငန်းများကို အကျိုးဖြစ်ထွန်းစေပြီး ၎င်းတို့အတွက် နိုင်ငံခြားငွေ ရပေါက်ရလမ်းဖြစ်သဖြင့် ယခု MERP တွင် ဘဏ်လုပ်ငန်းများ ပြုပြင်ပြောင်းလဲရေးလိုပင် ထည့်သွင်းမထားခြင်းဖြစ်သည်ဟု ယူဆရသည်။

နောက်ဆုံး လူမှုရေးထောက်ပံ့မှုများကို ထည့်သွင်းမထားခြင်းမှာ စစ်ကောင်စီတွင် NLD အစိုးရ လက်ထက်ကလို ထောက်ပံ့ရန် ဘဏ္ဍာငွေ မရှိခြင်းကြောင့် ဖြစ်နိုင်သည်။ သို့မဟုတ် လူမှုကူညီထောက်ပံ့ရေးကို ခေါင်းထဲ လုံးဝ ထည့်မထားခြင်းမျိုးလည်း ဖြစ်နိုင်သည်။ NLD လက်ထက်က ကိုဗစ်-၁၉ တုန့်ပြန်မှုအစီအစဉ်အောက်တွင် ၂၀၂၀ ခုနှစ် သင်္ကြန်တွင်း အိမ်ထောင်စုပေါင်း ၃ သန်းကျော်ကို မရှိမဖြစ် ဆန်ဆီဆား ကုန်ပစ္စည်းများ ထောက်ပံ့ပေးခဲ့သည့် ပမာဏမှာ အမေရိကန်ဒေါ်လာ ၃၃ သန်းကျော် (မြန်မာကျပ်၄၆.၄ ထွီလီယံ) ခန့်ရှိမည်ဟု International Growth Center (IGC) က ခန့်မှန်းခဲ့သည်။ ဆက်လက်ပြီးလည်း အိမ်ထောင်စုစုစုပေါင်း၏ ၂၀ ရာခိုင်နှုန်းခန့်ကို ငွေကြေးထောက်ပံ့ပေးခဲ့ရာ (တအိမ်ထောင် ကျပ် ၁၅၀၀၀)ထောက်ပံ့ပေးသည့် အစီအစဉ် အတွက် အမေရိကန်ဒေါ်လာ ၂၃.၈ သန်းခန့်သုံးစွဲခဲ့သည်ဟု သိရသည်။ ထိုပေးဝေမှုက ပထမအကြိမ်ဖြစ်ပြီး ဒုတိယနှင့် တတိယအသုတ်များ၌ ဝင်ငွေနည်း အိမ်ထောင်စုပေါင်း ၄ သန်းကို ကျပ် ၂ သောင်းစီပေးဝေခဲ့ခြင်းက ဒေါ်လာ ၁၁၈သန်း (မြန်မာကျပ် ၁၆၀ ဘီလီယံ) ခန့်သုံးစွဲခဲ့သည်ဟု IGC ၏ အစီရင်ခံစာထဲတွင် ဖေါ်ပြထားသည်။

စစ်ကောင်စီအနေဖြင့် ဒေါ်လာသန်း ၂၀၀ ခန့်ကုန်ကျမည့် အစီအစဉ်ကို ဘဏ္ဍာငွေကြေးအခက်အခဲကြောင့် ထည့်သွင်းမထားခြင်းဟု ယူဆ၍ရသလို အောက်ခြေလူတန်းစားများ၏ အကျိုးစီးပွားကိုလည်း ထည့်သွင်း မစဉ်းစားဟုလည်း သုံးသပ်နိုင်သည်။

ထို့ကြောင့် စစ်ကောင်စီအနေဖြင့် ဒေါ်လာသန်း ၂၀၀ ခန့်ကုန်ကျမည့် အစီအစဉ်ကို ဘဏ္ဍာငွေကြေးအခက်အခဲကြောင့် ထည့်သွင်းမထားခြင်းဖြစ်သည်ဟု ယူဆ၍ရသလို အောက်ခြေလူတန်းစားများ၏ အကျိုးစီးပွားကိုလည်း ထည့်သွင်း မစဉ်းစားဟုလည်း သုံးသပ်နိုင်သည်။ ယင်းတို့အတွက်သာ အမြဲဦးစားပေး စဉ်းစားတတ်သည်ကို စစ် အစိုးရခေတ်အဆက်ဆက် နမူနာများစွာရှိပြီးဖြစ်သည်။ ယခုလည်း စစ်ကောင်စီဥက္ကဋ္ဌက ကိုဗစ်-၁၉ကာကွယ် ဆေးများ ပြည်သူအားလုံးထိုးနှံနိုင်ရန် ဝယ်ခြမ်းလိုက်ပါက တိုင်းပြည်မွဲသွားမည်ဟု ပြောကြားခဲ့သည့်အတွက် အများပြည်သူကောင်းကျိုးထက် ၎င်းတို့လူတစုကောင်းစားရေးသာ ရှေ့တန်းတင်သည်ကို လက်တွေ့ကြားသိရပြီဖြစ်သည်။

အလှမ်းဝေးနေဦးမည်

ကိုဗစ်-၁၉ ကပ်ဘေးကြောင့် ဖြစ်ပေါ်လာသည့် စီးပွားရေးကျဆင်းမှုကို တုန့်ပြန်ရန် ဘဏ္ဍာအခွန်ငွေ အမြောက်အမြား လိုအပ်သည်။ စီးပွားရေးလုပ်ငန်းများမှ ရင်းနှီးမြှုပ်နှံမှုအသစ်များ မလုပ်ခြင်း၊ လုပ်ငန်းများပိတ်သိမ်းရခြင်း အစရှိသည်တို့ကြောင့် ဝယ်လိုအားကျဆင်းနေချိန်တွင် နိုင်ငံတော်မှ စီမံကိန်းအသစ်များ အကောင်အထည်ဖေါ်ဆောင်ခြင်း၊ ဆင်းရဲသားဝင်ငွေနည်း မိသားစုများကို ထောက်ပံ့ပေးခြင်း၊ အလုပ်အကိုင်သစ်များ ဖန်တီးပေးမည့် food for work ကဲ့သို့ ကျေးလက်ဖွံ့ဖြိုးရေးအစီအစဉ်များ ဖေါ်ဆောင်ရမည် ဖြစ်သောကြောင့်ပင်။

ယခင် NLD အစိုးရချမှတ်ခဲ့သည့် ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ်အရ အသုံး(ဘတ်ဂျက်) မှာပင် လိုငွေ ၅.၄ ရာခိုင်နှုန်းဖြစ်၍ သုံးစွဲရန်လျာထားသည့် ငွေပမာဏမှာ အမေရိကန်ဒေါ်လာ ၂၂.၇ ဘီလီယံခန့်ရှိသည်။ ထိုအထဲတွင် ပြည်တွင်းပြည်ပမှ ရရှိနိုင်သည့် ချေးငွေပမာဏမှာ အမေရိကန်ဒေါ်လာ ၇ ဘီလီယံကျော်ဖြစ်သည်။ လိုငွေပြမှုသည် ဂျီဒီပီ၏ ၅ ရာခိုင်နှုန်းအောက်သာ ရှိသင့်ပြီး ၈ မှ ၁၁ ရာခိုင်နှုန်းခန့်ထိ ရောက်သွားနိုင်ကြောင်း ကမာ္ဘ့ဘဏ်က သတိပေးခဲ့ကာ ထိုမျှလိုငွေပြခြင်းသည် မေခရိုစီးပွားရေးမတည်ငြိမ်မှု ငွေကြေးဖေါင်းပွမှု၊ ငွေတန်ဖိုးကျဆင်းမှုများဖြစ် န်ိုင်သည်ဟု ယင်း၏ အစီရင်ခံစာတစောင်တွင် သတိပေးထားခဲ့သည်။

ထိုမျှ ဘဏ္ဍာရေးမူဝါဒအရ ငွေအမြောက်အမြား နိုင်ငံတော်က သုံးစွဲပေးမှသာ စီးပွားရေးက ပုံမှန်လည်ပတ်လာပြီး တည်ငြိမ်မှုရှိလာမည်ဖြစ်သည်။ သို့သော် ထိုမျှ သုံးစွဲနိုင်ရန် ပြည်တွင်းပြည်ပ ချေးငွေများရရှိရန် လိုအပ်သလို ဘဏ်စနစ်လည်း တည်ငြိမ်မှုရှိရမည်ဖြစ်သည်။

ထို့ပြင် IEM အစီရင်ခံစာက တင်စားထားသလို Zombie အဆင့်ရောက်ရှိနေသည့် ဘဏ်များတည်ငြိမ်မှုနှင့် ပုံမှန်လည်ပတ်နိုင်ရန် နိုင်ငံတကာအကူအညီ ဘီလီယံများစွာလိုအပ်သလို နည်းပညာအကူအညီများလည်း လိုအပ်သည်။ ဘဏ်စနစ်ပြုပြင်ပြောင်းလဲရန် အရေးကြီးဆုံးမှာ ပြည်သူလူထု၏ ယုံကြည်မှုဖြစ်သည်။ ပြည်သူလူထု ယုံကြည်မှုမရှိလျှင် ဘဏ်စနစ်ပုံမှန်ပြန်လည်ပတ်ရန် မလွယ်ကူချေ။

ထိုသို့ မေခရိုစီးပွားရေးတည်ငြိမ်မှု မူဝါဒချမှတ်ရန် စစ်ကောင်စီတွင် အခွန်ဘဏ္ဍာမလုံလောက်သလို ပြည်တွင်းပြည်ပမှ ဒေါ်လာဘီလီယံမြောက်မြားစွာ ရရှိရန်လည်း မဖြစ်နိုင်ချေ။ ဘဏ်များအားလည်း Zombie အဆင့်မှ ပြန်လည်အသက်သွင်းရန် (သို့မဟုတ်) ဘဏ်နှင့်ငွေရေးကြေးရေးအဖွဲ့အစည်းစနစ် အသစ်ပြန်လည်တည်ဆောက်ရန် ဗဟိုဘဏ်မှ အကူအညီ အထောက်အပံ့ ဒေါ်လာဘီလီယံများစွာ လိုအပ်နေမှုကိုလည်း နိုင်ငံတကာက ဖြည့်ဆည်းပေးမည် မဟုတ်ပေ။

စစ်ကောင်စီ၏ လက်နက်တိုက်တွင် မေခရိုစီးပွားရေးတည်ငြိမ်မှုအတွက် ငွေရေးကြေးရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ လက်နက်ကိရိယာများမရှိဟုပင် ဆိုရတော့မည်ဖြစ်သည်။

ထို့အတွက်ကြောင့် စစ်ကောင်စီ၏ လက်နက်တိုက်တွင် မေခရိုစီးပွားရေးတည်ငြိမ်မှုအတွက် ငွေရေးကြေးရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ လက်နက်ကိရိယာများမရှိဟုပင် ဆိုရတော့မည်ဖြစ်သည်။ ပြည်သူလူထုအတွက်လည်း မေခရို စီးပွားရေးတည်ငြိမ်မှု မရှိသရွေ့ အလုပ်လက်မဲ့ပြဿနာ၊ ငတ်မွတ်ခေါင်းပါးမှု၊ အဟာရချို့တဲ့မှု၊ ဝင်ငွေလျှော့ဆင်းမှု၊ စီးပွားရေးလုပ်ငန်းများ ပိတ်သိမ်းရမှုအစရှိသည့် အထွေထွေစီးပွားကျဆင်းမှု၏ ဘေးထွက်ဆိုးကျိုးများကို ဆက်လက်ခံစားနေရမည် ဖြစ်သည်။

သို့ဖြစ်၍ ယခုစစ်ကောင်စီ၏ ကိုဗစ်-၁၉ ကြောင့်ဖြစ်ပေါ်လာသည့် စီးပွားရေးသက်ရောက်မှုများကို ကုစားရန် ရေးဆွဲလိုက်သည့် မြန်မာ့စီးပွားရေး ပြန်လည်ဦးမော့စေရေး စီမံချက်သည် လက်တွေ့အကောင်အထည် မဖေါ်နိုင်သည့် အစီအစဉ်များသာဖြစ်သည်ဟု ဆိုရမည်။ အဓိကအကျဆုံးမှာ ပြည်သူလူထု၏ ယုံကြည်ကိုးစားမှု မရှိသ၍ တိုင်းပြည်စီးပွားရေး ပြန်လည်ဦးမော့စေမှုသည် အလှမ်းဝေးနေလိမ့်မည် ဆိုသည့်အချက်ဖြစ်သည်။

(လင်းထက်မြတ်သည် လူထုရေးရာ မူဝါဒ လေ့လာသုံးသပ်သူတဦး ဖြစ်သည်။)

You may also like these stories:

မြန်မာပြည်မှာ ဇွမ်ဘီဘဏ်များ ပေါ်နေပြီ

ဝင်ငွေနည်း၍ စစ်ကောင်စီက လုပ်ငန်းရှင်များထံမှ ကိုဗစ်ချေးငွေ အတင်းအကျပ်ပြန်တောင်းနေ

NUG က အသုံးစရိတ် ဒေါ်လာသန်း ၇၀၀ ဖြင့် စစ်ကောင်စီကို စိန်ခေါ်

ငွေစက္ကူ အသစ်ရိုက်ထုတ်ပြီး စစ်ကောင်စီ ဘဏ္ဍာငွေ ဖြည့်တင်းနေ

Your Thoughts …
Tags: MERPMyanmar Economic Recovery PlanNLDစစ်ကောင်စီစီးပွားရေးပြန်လည်ဦးမော့စေရေး စီမံချက်
လင်းထက်မြတ်

လင်းထက်မြတ်

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
112.9k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.4k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
94.4k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
64.1k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
62k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
55.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ကယားပြည်နယ်အတွင်းရှိ PDF တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ် / ဓာတ်ပုံ- KNDF

လူထုအနေဖြင့် ကာကွယ်ရေးနှင့် ပြည်သူ့အုပ်ချုပ်ရေး တပြိုင်တည်းလုပ်ရန် NUG တိုက်တွန်း

စစ်ကောင်စီတပ်များ ရွာများအတွင်းသို့ ဝင်ရောက်စီးနင်မှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံများ  / CJ

အာဆီယံ၏ အပစ်ရပ် တောင်းဆိုချက် အလွန်တွင် ပစ်ခတ်မှုများ ပိုဖြစ်လာနိုင်

No Result
View All Result

Recommended

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

3 days ago
4.6k
ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခအကြောင်း သိကောင်းစရာများ

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခအကြောင်း သိကောင်းစရာများ

5 days ago
3.2k

Most Read

  • အသက် ၈၀ ပြည့် ဒေါ်အောင်ဆန်းစုကြည် လျှောက်သောလမ်း

    အသက် ၈၀ ပြည့် ဒေါ်အောင်ဆန်းစုကြည် လျှောက်သောလမ်း

    shares
    Share 0 Tweet 0
  • အီရန်အစိုးရအပြောင်းအလဲက ဒီမိုကရေစီကို မသယ်ဆောင်လာနိုင်

    shares
    Share 0 Tweet 0
  • ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

    shares
    Share 0 Tweet 0
  • အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

    shares
    Share 0 Tweet 0
  • ရန်ကုန်-မြဝတီလမ်းပေါ်က ဝါးတားဂိတ်များ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate