• English
Thursday, July 17, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

တာလီဘန်ကို တရုတ် လက်ကမ်းမှု မြန်မာမှာ လာထိရှ

by အောင်ဇော်
13 September 2021
in သူ့အတွေး သူ့အမြင်
A A
ဇူလိုင်လနှောင်းပိုင်း အာဖဂန် တာလီဘန် နိုင်ငံရေးရာကော်မတီ အကြီးအကဲ မူလာ အဘ္ဘဒူလ် ဂါနီ ဘာရာဓါကို တီယန်ကျင်းသို့ ဖိတ်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက တွေ့ဆုံခဲ့သည်။ 

ဇူလိုင်လနှောင်းပိုင်း အာဖဂန် တာလီဘန် နိုင်ငံရေးရာကော်မတီ အကြီးအကဲ မူလာ အဘ္ဘဒူလ် ဂါနီ ဘာရာဓါကို တီယန်ကျင်းသို့ ဖိတ်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက တွေ့ဆုံခဲ့သည်။ 

71.9k
VIEWS
Share on FacebookShare on Twitter

အနှစ် ၂၀ နီးပါးခန့် ကြာပြီးနောက် အမေရိကန်တပ်တို့သည် အာဖဂန်နစ္စတန်မှ ထွက်ခွာကာ အမေရိကန်စစ်သမိုင်းတွင် အကြာဆုံးစစ်ပွဲနှင့် တိုက်ခိုက်ရေး မဟုတ်သော ဆုတ်ခွာ စစ်ဆင်ရေးကို နိဂုံးချုပ်လိုက်ရပါတော့သည်။ ကဘူးလ် ဟာမစ်ကာဇိုင် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုနှင့် မတည်ငြိမ်မှုတို့သည် အမေရိကန်ဆန့်ကျင်သူများအတွက် အနောက်အင်အားစုများနှင့် သံတမန်များကို နှစ်များစွာ အထိနာ အလုပ်ရှုပ်နေစေမည့် လုပ်ဆောင်မှုအဖြစ် ဆက်လက်ရှိနေလိမ့်ဦးမည်ဖြစ်သည်။

၎င်းဖြစ်စဉ်သည် မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီလက ရွေးကောက်တင်မြှောက်ထားသောအစိုးရအား ဆန့်ကျင်သည့် အာဏာသိမ်းစစ်တပ်နှင့် ခေါင်းဆောင်များအဖို့ မဖုံးကွယ်နိုင်လောက်အောင် ပျော်ရွင်ဖွယ် သတင်းဖြစ်နေလိမ့်မည်။ သူတို့သည် အမေရိကန် ရှုံးနိမ့်မှုကို လှောင်ပြောင်ပြီး အနောက်တိုင်း လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအတွက် ဦးဆောင်ခေါင်းဆောင်၏ ရှုံးနိမ့်မှုကို ကြည်နူးနေကြသည်။ အဘယ်ကြောင့်ဆိုသော ၎င်းဖြစ်စဉ်သည် သူတို့ဆိုလိုချင်သော “ပြည်ပမှ တင်သွင်းသော ဒီမိုကရေစီစနစ်နှင့် နိုင်ငံခြားစွက်ဖက်မှုသည် ကျရှုံးလိမ့်မည်” ဟူသော သတင်းစကားကို အထောက်အကူဖြစ်စေသောကြောင့်ပင်။

RelatedPosts

ပြည်သူ့ရင်ခွင် ခိုလှုံတဲ့ သုခစခန်းက ဗိုလ်ကြီး မျိုးဆွေဦးရဲ့ စကား

ပြည်သူ့ရင်ခွင် ခိုလှုံတဲ့ သုခစခန်းက ဗိုလ်ကြီး မျိုးဆွေဦးရဲ့ စကား

17 July 2025
687
၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

16 July 2025
3.1k
အောင်လအန်ဆန်းနှင့် ဂျိုရွှာဗန်တို့က ပေးတဲ့ အမျိုးသားစည်းလုံးညီညွတ်မှု

အောင်လအန်ဆန်းနှင့် ဂျိုရွှာဗန်တို့က ပေးတဲ့ အမျိုးသားစည်းလုံးညီညွတ်မှု

16 July 2025
936

၎င်းဖြစ်စဉ်သည် ဘေ့ကျင်းအဖို့လည်း ဂီတသံစဉ်ကဲ့သို့ သာယာသည်။

တရုတ်အစိုးရသည် ၎င်း၏ ဝါခန်စင်္ကြံ (Wakhan Corridor) အရှေ့ဘက်စွန်းရှိ ကီလိုမီတာ ၈၀ နယ်နိမိတ်ထိစပ်နေသော အာဖဂန်နစ္စတန်နိုင်ငံတွင် ကာဘူးလ်အစိုးရ ကျဆုံးပြီးရက်ပိုင်းအတွင်း ဝင်ရောက်လာသော တာလီဘန်အစိုးရအား ဂုဏ်ပြုသဝဏ်လွှာ ပို့ခဲ့သည်။

အာဏာသိမ်းစစ်တပ်နှင့် ခေါင်းဆောင်များသည် အမေရိကန် ရှုံးနိမ့်မှုကို လှောင်ပြောင်ပြီး အနောက်တိုင်း လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအတွက် ဦးဆောင်ခေါင်းဆောင်၏ ရှုံးနိမ့်မှုကို ကြည်နူးနေကြသည်။

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ ဟွာချွန်းယင် Hua Chunying သည် တာလီဘန်တို့၏ အောင်ပွဲအား ဘေ့ကျင်းအစိုးရမှလည်း လှိုက်လှိုက်လှဲလှဲ ကြိုဆိုထောက်ခံမှုကို “ကျွန်ုပ်တို့သည် အာဖဂန်ပြည်သူများ၏ ဆန္ဒနှင့် ရွေးချယ်မှုကို လေးစားသည်” ဟု ပြောဆိုကြောင်း ဖော်ပြခဲ့သည်။

ဇူလိုင်လနှောင်းပိုင်း အာဖဂန် တာလီဘန် နိုင်ငံရေးရာကော်မတီ အကြီးအကဲ မူလာ အဘ္ဘဒူလ် ဂါနီ ဘာရာဓါ Mullah Abdul Ghani Baradar သည် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ Wang Yi နှင့် တွေ့ဆုံခဲ့သည်။

အစည်းအဝေးတွင် တာလီဘန်များသည် ၎င်း၏အင်အားကြီးအိမ်နီးချင်းအား မည်သည့်ခြိမ်းခြောက်မှုမှ မပြုလုပ်ရန် ကတိပေးပြီး “တရုတ်နှင့် ကောင်းမွန်သော ဆက်ဆံရေးကို တည်ဆောက်ရန်” ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။

ဘေ့ဂျင်းအစိုးရက တာလီဘန်များအား သူတို့၏ထောက်ခံမှုကို ဖော်ပြခဲ့ပြီး တာလီဘန်တို့အား “အာဖဂန်နစ္စတန်တွင် အရေးကြီးသောစစ်တပ်နှင့် နိုင်ငံရေးအင်အားစု” အဖြစ်ဖော်ပြကာ “တိုင်းပြည်၏ ငြိမ်းချမ်းရေး၊ ပြန်လည်သင့်မြတ်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းစဉ်များတွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်မည်”ဟု မျှော်လင့်ကြောင်း ရေးထားသည်။

ဘေ့ဂျင်း၏ တာလီဘန်များအား အိမ်နီးချင်းကောင်းအဖြစ် ကြိုဆိုမှု မြင်ကွင်းသည် အာဏာသိမ်းမှု ဆန့်ကျင်နေသော မြန်မာနိုင်ငံသားများအတွက် နာကျင်စရာကောင်းသော မြင်ကွင်း ဖြစ်ခဲ့သည်။

အာဖဂန်နစ္စတန် ပဋိပက္ခတလျှောက် တရုတ်အစိုးရသည် တိုင်းပြည်ကို ထိန်းချုပ်ထားသူ မည်သူ့မဆို အခြေခံအားဖြင့် ထောက်ခံရန် အဆင်သင့်ဖြစ်နေခဲ့သည်။ တရုတ်အစိုးရသည် ယခုအခါ တာလီဘန်များနှင့် အတူရှိနေသော အာဏာကို “အာဖဂန်နစ္စတန်တွင် အရေးပါသော စစ်တပ်နှင့် နိုင်ငံရေး အင်အားစု” အဖြစ် အသိအမှတ်ပြုသည်ဟု ဝမ်ယိက ဆိုသည်။

ဘေ့ဂျင်း၏ တာလီဘန်များအား အိမ်နီးချင်းကောင်းအဖြစ် ကြိုဆိုမှု မြင်ကွင်းသည် ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းမှုနှင့် စစ်အာဏာရှင်စနစ်တို့ကို ဆန့်ကျင်နေသော မြန်မာနိုင်ငံသားများအတွက် နာကျင်စရာကောင်းသော မြင်ကွင်း ဖြစ်ခဲ့သည်။

သြဂုတ်လတွင် တရုတ်အစိုးရသည် မြန်မာနိုင်ငံ အာဏာသိမ်း စစ်အုပ်စုအား အစိုးရဟူသော စကားလုံးကို စတင်သုံးစွဲခဲ့ပြီး ၎င်းတို့အား အကူအညီပေးကာ ၎င်းတို့၏ တရားမဝင် အာဏာသိမ်းမှုနှင့် အရပ်သားများအပေါ် ရက်စက်ကြမ်းကြုတ်မှုတို့ကို ရှုတ်ချခြင်းမပြု လျစ်လျူရှုနေခဲ့သည်။

ဇန်နဝါရီလအတွင်း နေပြည်တော်တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ တွေ့ဆုံစဉ်

ဇွန်လ ပထမအပတ်တွင် တရုတ်သံအမတ် ချန်ဟိုင်း Chen Hai သည် အာဏာသိမ်းမှုပြုလုပ်သော တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် မြို့တော် နေပြည်တော်၌ တွေ့ဆုံခဲ့ပြီး အာဏာသိမ်းစစ်ကောင်စီလက်ထက် ပထမဆုံးသော နိုင်ငံခြားသံတမန်ဖြစ်လာခဲ့သည်။ အစည်းအဝေးအပြီး မကြာမီ ထုတ်ပြန်ခဲ့သော ကြေညာချက်တွင် ရန်ကုန်ရှိ တရုတ်သံရုံးသည် စစ်အာဏာသိမ်းခေါင်းဆောင်အား “မြန်မာ့ခေါင်းဆောင်” ဟု ရည်ညွှန်းခဲ့သည်။

မြန်မာနိုင်ငံသားများနှင့် လေ့လာသုံးသပ်သူများ၏ အမြင်တွင် တရုတ်သည် စစ်အစိုးရအား ၎င်း၏ ထောက်ခံမှုကို လူသိရှင်ကြား ထုတ်ဖော်ပြသခဲ့သည့် တခုတည်းသော နိုင်ငံ ဖြစ်သည်။ သို့သော် အံ့သြစရာတော့ မဟုတ်ချေ။ တရုတ်သည် မြန်မာနိုင်ငံအရေး၌ ဝင်ရောက်စွက်ဖက်ခဲ့သည်မှာ ကာလရှည်တခု ရှိပြီဖြစ်ပြီး အာဏာလွှမ်းမိုးမှုရှိပုံပေါ်သူများအား ဘက်ရွေးလေ့ရှိသည်။ ဒီတခါ တရုတ်က မြန်မာနိုင်ငံသားအများစုကို မထီမဲ့မြင်ပြုသော အာဏာသိမ်း စစ်ကောင်စီကို အသိအမှတ်ပြုလိုက်ခြင်း ဖြစ်သည်။

ဘေ့ဂျင်းအစိုးရအနေဖြင့် စစ်အုပ်ချုပ်ရေးကို အပြည့်အ၀ အသိအမှတ်ပြုရန် ဆုံးဖြတ်ခဲ့လျှင် ယင်းသည် မြန်မာနိုင်ငံသူနိုင်ငံသားများကြား တရုတ်အစိုးရ၏ ပုံရိပ်အား ကြာရှည်စွာ အနုတ်လက္ခဏာဆောင်ပြီး အကျိုးဆက်မှာ ပျက်စီးစေရန်သာ။

တာလီဘန်များနှင့် အာဏာသိမ်းစစ်ကောင်စီ တို့သည် တရားဝင်အသိအမှတ်ပြုမှုကို လိုလားတောင့်တနေကြသူများ ဖြစ်သည်။ သူတို့နိုင်ငံသားများ၏ အမြင်တွင်မူ နှစ်ဖွဲ့စလုံးသည် အကြမ်းဖက်သမားများသာ ဖြစ်သည်။

မြန်မာနိုင်ငံကဲ့သို့ပင် အာဖဂန်နစ္စတန်တွင်လည်း တရုတ်၏ ကိုယ်ကျိုးစီးပွားသည် သိသာထင်ရှားသည်။ တရုတ်သမ္မတရှီကျင့်ဖျင်၏ အာရှနှင့် အာရှတိုက်လွန်နေရာများကို ဆက်သွယ်သော လမ်းကွန်ရက် စီမံကိန်း Belt and Road Initiative (BRI) ကို ၂၀၁၃ ခုနှစ်တွင် ကာဇက်စတန်၌ စတင်ခဲ့ပြီး အာဖဂန်နစ္စတန်တွင် လိုအပ်နေသော သော့ချက်ကျသော အချိတ်အဆက်တခု ရှိနေနိုင်သည်။ တရုတ်သည် အာဖဂန်နစ္စတန်၏ တွင်းထွက်သယံဇာတများကို လိုချင်သည်။ တရုတ်အစိုးရပိုင်ကုမ္ပဏီတခုသည် ၂၀၀၇ ခုနှစ်တွင် ကဘူးလ်အရှေ့တောင်ဘက် မတ်စ်အေးနတ် (Mes Aynak) တွင် ကြေးနီသတ္တုတူးဖော်ရေးလုပ်ငန်း လုပ်ကိုင်ရန် ကန်ဒေါ်လာ ၂.၈၃ ဘီလီယံစာချုပ်ချုပ်ဆိုခဲ့သည်။

တာလီဘန်များနှင့် အာဏာသိမ်းစစ်ကောင်စီ တို့သည် တရားဝင်အသိအမှတ်ပြုမှုကို လိုလားတောင့်တနေကြသူများ ဖြစ်သည်။ သူတို့နိုင်ငံသားများ၏ အမြင်တွင်မူ နှစ်ဖွဲ့စလုံးသည် အကြမ်းဖက်သမားများသာ ဖြစ်သည်။

တာလီဘန်များသည် တရုတ်၏ အခြေခံကျသော ၎င်းကွန်ရက် စီမံကိန်းများနှင့် နိုင်ငံအတွင်း ဓာတ်သတ္တုထုတ်ယူခြင်းအတွက် ရင်းနှီးမြှုပ်နှံမှုကို အတည်ပြုဖွယ်ရှိသည်။

အပြန်အလှန်အားဖြင့် တာလီဘန်များသည် တရုတ်၏ လုံခြုံရေးစိုးရိမ်မှုတရပ်ဖြစ်သော ရှင်ကျန်းရှိ ဝီဂါ (Uyghur) ခွဲထွက်ရေးသူပုန်များအား ငြင်းပယ်ပေးရမည် ဖြစ်သည်။ ဤကိစ္စနှင့် ပတ်သက်၍ ဘေ့ဂျင်းအစိုးရသည် အာဖဂန်နစ္စတန်တွင် အမေရိကန်တို့၏အနှစ် ၂၀ အတွေ့အကြုံများနှင့် ၎င်းတို့၏ လတ်တလောဖြစ်စဉ်များမှ သင်ခန်းစာများကို လေ့လာသုံးသပ် သင်ယူနေလိမ့်မည် ဖြစ်သည်။

မြန်မာနိုင်ငံ၌လည်း တရုတ်သည် အလားတူတွက်ချက်မှု တခုပြုလုပ်ခဲ့ပြီး ၎င်း၏ အကျိုးစီးပွားကို ကာကွယ်ရန်ကြိုးပမ်းကာ ပိုမိုများပြားသော ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်နေခဲ့သည်။ တရုတ်နိုင်ငံသည် ၎င်း၏တောင်ပိုင်းပြည်နယ်များမှ အိန္ဒိယသမုဒ္ဒရာသို့ ဆက်သွယ်သော မဟာဗျူဟာမြောက်စီးပွားရေးစင်္ကြန်ကို အကောင်အထည်ဖော် တိုးချဲ့ရေး ၎င်းနှင့်မြန်မာနိုင်ငံ၏ နယ်နိမိတ်ဒေသများ တည်ငြိမ်နေရန် လိုအပ်သည်။

သြဂုတ် ၂၅ ရက်တွင် ဤမဟာဗျူဟာမြောက် အကျိုးစီးပွားများကို မီးမောင်းထိုးပြပြီး တရုတ်ဘက်ခြမ်းနယ်စပ်တွင် ရထားလမ်းကြောင်းသစ် ဖွင့်လှစ်ခဲ့သည်။ ၎င်းမှ တဆင့် မြန်မာနိုင်ငံကို ဖြတ်ကာ အိန္ဒိယသမုဒ္ဒရာသို့ ဝင်ရောက်နိုင်မည် ဖြစ်သည်။ ရထားလမ်းသည် စီချွမ်ပြည်နယ်၏ မြို့တော် ချန်ဒူးမှ မြန်မာနိုင်ငံအရှေ့မြောက် ရှမ်းပြည်နယ် နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်သော ချင်းရွှေဟော်နှင့် ဆန့်ကျင်ဘက် ယူနန်ပြည်နယ်ရှိ လင်းကန်မြို့ အထိ ရှည်လျားမည် ဖြစ်သည်။

အမှန်အတိုင်း ပြောရလျှင် မြန်မာစစ်တပ်က အာဏာသိမ်းခြင်းသည် မြန်မာနိုင်ငံရှိ တရုတ်၏ အစီအစဉ်များအား သိသိသာသာ ဆုတ်ယုတ်စေခဲ့သည်။

တချိန်တည်းမှာပင် တရုတ်သည် နယ်စပ်တလျှောက်တွင် အခြေစိုက်နေသော မြန်မာနိုင်ငံမှ တိုင်းရင်းသားလက်နက်ကိုင်များအား လက်နက်များ ဆက်လက်ထောက်ပံ့ပေးနေသည်။

အမှန်အတိုင်း ပြောရလျှင် မြန်မာစစ်တပ်က အာဏာသိမ်းခြင်းသည် မြန်မာနိုင်ငံရှိ တရုတ်၏ အစီအစဉ်များအား သိသိသာသာ ဆုတ်ယုတ်စေခဲ့သည်။

အာဏာသိမ်းမှုအပြီးတွင် ထောင်နှင့်ချီသော မြန်မာနိုင်ငံသားများသည် ရန်ကုန်မြို့ရှိ တရုတ်သံရုံးအပြင်ဘက်တွင် စစ်အစိုးရအားထောက်ခံမှု ရုတ်သိမ်းပေးရန် တောင်းဆိုခဲ့ကြသည်။ နောက်ပိုင်းတွင် ရန်ကုန်မြို့ရှိ တရုတ် အထည်အလိပ်စက် ရုံဒါဇင်ပေါင်းများစွာသည် ဒေါ်လာ ၃၇ သန်းတန်ဖိုးခန့် ဖျက်ဆီး ဆုံးရှုံးခံခဲ့ရပြီး မည်သူမည်ဝါမျှ တာဝန်ယူဖြေရှင်းမှု မရှိခဲ့ပေ။ ဆိုရှယ်မီဒီယာတွင်လည်း တရုတ်သည် အများ၏ လှောင်ပြောင်မှုကို အဓိက ပစ်မှတ်အဖြစ် ခံရပြီး ၎င်း၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းများ အပါအဝင် နိုင်ငံအတွင်း ၎င်း၏ စီမံကိန်းများအားလည်း ခြိမ်းခြောက်မှုများ ခံနေရသည်။

အာဖဂန်နစ္စတန်တွင် မငြိမ်မသက်ဖြစ်ခြင်း၊ အမေရိကန်၏ အရှက်ရမှုနှင့် မဟာမိတ်များအပေါ် ဒေါသထွက်ခြင်းတို့သည် တရုတ်နှင့် မြန်မာစစ်အစိုးရတို့ အဖို့ မည်မျှပင် ကျေနပ်စရာကောင်းနေမည်ဆိုသည်ကို နားလည်နိုင်သည်။ နေပြည်တော် အာဏာသိမ်းအစိုးရနှင့် ဘေ့ဂျင်းအစိုးရတို့အဖို့ အနောက်အင်အားစုများ ထွက်ခွာသွားမှုကို သူတို့အချင်းချင်း မျက်စပစ်ကာ ပီတိဖလှယ်နေကြမည်မှာ သေချာပါသည်။

အထေ့အငေါ့များက ရှိသည်။

တရုတ်အစိုးရသည် မြန်မာနိုင်ငံ၌ အပြန်အလှန် ရန်လိုမှု မရှိခြင်း၊ အချင်းချင်း၏ပြည်တွင်းရေးကို ဝင်ရောက် မစွက်ဖက်ခြင်း၊ တန်းတူညီမျှမှုနှင့် အပြန်အလှန် အကျိုးခံစားခွင့်၊ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး ဟူသော “ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီးငါးချက်” ကို ကျင့်သုံးသည်ဟု အခိုင်အမာဆိုသည်။ သို့သော် မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် ပြည်တွင်းပဋိပက္ခများအား မည်သည့်နိုင်ငံကမျှ တရုတ်နိုင်ငံလောက် ဝင်ရောက်စွက်ဖက်မှု မရှိချေ။

လာမည့် ကမ္ဘာ့ကုလသမဂ္ဂတွင် စစ်ကောင်စီမှ ရွေးချယ်ထားသော ကိုယ်စားလှယ် သို့မဟုတ် ဖြုတ်ချခံ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသော အစိုးရ၏ ကိုယ်စားလှယ်တို့အနက် မည်သူက မြန်မာနိုင်ငံကို ကိုယ်စားပြုမည်ကို ဆုံးဖြတ်ရာ၌ တရုတ်အနေဖြင့် ကောင်းစွာ ရွေးချယ်နိုင်ရမည်။

ယခင်က တရုတ်သည် ဗမာပြည်ကွန်မြူနစ်ပါတီကဲ့သို့သော လက်နက်ကိုင်ပုန်ကန်မှုများအား များစွာထောက်ပံ့ခဲ့သည်။ တရုတ်မြေပေါ်တွင် အခြေစိုက်ခွင့်ပြုပြီး မြန်မာစစ်တပ်ကို ဆန့်ကျင်တိုက်ခိုက်စေခဲ့သည်။ ယနေ့အချိန်တွင်လည်း တရုတ်မှ လက်နက်နှင့် အထောက်အပံ့များသည် မြောက်ပိုင်းနယ်စပ်တစ်လျှောက်ရှိ တိုင်းရင်းသားလက်နက်ကိုင်များထံသို့ ဆက်လက်စီးဆင်းရောက်ရှိလျက် ရှိသည်။ ယင်းတို့သည် တရုတ်၏ အာဏာ အရှိန်အဝါကို ထင်ဟတ်နေခြင်း ဖြစ်သည်။ မကြာသေးမီနှစ်ကတင် နေပြည်တော်ရှိ စစ်ခေါင်းဆောင်များသည် သူပုန်များထံမှ သိမ်းယူထားသော တရုတ်လုပ်လက်နက်များကို ဘေ့ဂျင်းမှ တရုတ်အရာရှိများ လာရောက်စဉ် ပြသခဲ့ကြသည်။

အခုဆိုလျှင် တရုတ်က ကုလသမဂ္ဂတွင် စစ်အစိုးရကို ထောက်ခံနေပါသည်။

လာမည့် ကမ္ဘာ့ကုလသမဂ္ဂတွင် စစ်ကောင်စီမှ ရွေးချယ်ထားသော ကိုယ်စားလှယ် သို့မဟုတ် ဖြုတ်ချခံ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသော အစိုးရ၏ ကိုယ်စားလှယ်တို့အနက် မည်သူက မြန်မာနိုင်ငံကို ကိုယ်စားပြုမည်ကို ဆုံးဖြတ်ရာ၌ တရုတ်အနေဖြင့် ကောင်းစွာ ရွေးချယ်နိုင်ရပေမည်။

ပေကျင်းအစိုးရသည် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းအား တိတ်တဆိတ် ချည်းကပ်စည်းရုံးနေကြောင်း နားလည်ထားသည်။ အဘယ်ကြောင့်ဆိုသော် သူသည် ဖြုတ်ချခံထားရသော အစိုးရဘက်မှ ရက်တည်နေပြီး စစ်အာဏာသိမ်းမှုအား ကမ္ဘာလုံးဆိုင်ရာ အသိအမှတ်ပြု ရထားသော သူ၏ ဇာတ်ခုံကို သုံးကာ ဆန့်ကျင်ပေးနေသောကြောင့် ဖြစ်သည်။

တာလီဘန်များ အာဖဂန်နစ္စတန်တွင် တရားဝင်ရပ်တည်နိုင်ရန် တရုတ် အထောက်အပံ့ကို မည်သို့ အသုံးချမည်အား ကျနော်တို့ တွေ့မြင်ရတော့မည်။ နေပြည်တော်မှ ယူနီဖောင်းဝတ်များအား စီမံကွပ်ကဲနေမှုကို စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သော Gen Z နှင့်မြန်မာနိုင်ငံသူနိုင်ငံသားများက မြင်တွေ့နေရသကဲ့သို့ပင် ဘေ့ဂျင်းအစိုးရက တာလီဘန်များအား မည်သို့ “စီမံ”သွားမည် ဆိုသည်အား ကျနော်တို့ တွေ့ကြရလိမ့်ဦးမည် ဖြစ်သည်။

(အောင်ဇော်သည် ဧရာဝတီ၏ အယ်ဒီတာချုပ် ဖြစ်သည်။ ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ China’s Embrace of the Taliban Has a Painful Resonance in Myanmar ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။ )

You may also like these stories:

မြန်မာနိုင်ငံတွင် စစ်တပ် လိုသည်၊ သို့သော် လက်ရှိစစ်တပ် မဟုတ်

စစ်ကောင်စီက စီးပွားရေး နာလန် ပြန်ထူစေမယ်တဲ့လား

မြန်မာ စစ်အာဏာသိမ်းမှုအပေါ် အမေရိကန် ဘယ်လိုကိုင်တွယ်နိုင်သလဲ

ကျယ်ပြန့်လာနေသော မြန်မာပြည်တွင်းစစ်ရဲ့ ဟိုချီမင်းလမ်းကြောင်းများ

Your Thoughts …
Tags: BRIကဘူးလ်တရုတ်တာလီဘန်မြန်မာ အာဏာသိမ်း စစ်ကောင်စီအမေရိကန်အာဖဂန်နစ္စတန်
အောင်ဇော်

အောင်ဇော်

အောင်ဇော်သည် ဧရာဝတီ သတင်းဌာနကို တည်ထောင်သူနှင့် အယ်ဒီတာချုပ် ဖြစ်သည်။

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
113.4k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.9k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
44.5k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

by အုန်းညို
25 September 2023
43.3k

စစ်ခေါင်းဆောင်ရဲ့ အာဏာ အင်ပါယာနဲ့ ယခင်စစ်ခေါင်းဆောင်ရဲ့ လျာထားခံ စစ်ဗိုလ်ချုပ်ကြီးတွေကြား အာဏာချိန်ခွင်လျှာ အားပြိုင်ပွဲပါ။

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

by ဧရာဝတီ
14 December 2023
41.3k

မြန်မာစစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကန်ထရိုက်ပေး ပြုစုသည့် အကြမ်းဖက်အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.4k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

Next Post
ထန်တလန်မြို့နယ် လုံလဲရ်ကျေးရွာအနီးရှိ စစ်စခန်းကို သိမ်းစဉ် ရရှိခဲ့သော လက်နက်ခဲယမ်းများ  / CDF

လေကြောင်း တိုက်ခိုက်မှုကြားက လုံလဲရ် စစ်စခန်းကို CDF များ သိမ်းပိုက်နိုင်

ရဲတပ်ဖွဲ့ကို အာဏာသိမ်း စစ်ကောင်စီ ဘယ်လို ထိန်းထားသလဲ (ရုပ်/သံ)

ရဲတပ်ဖွဲ့ကို အာဏာသိမ်း စစ်ကောင်စီ ဘယ်လို ထိန်းထားသလဲ (ရုပ်/သံ)

No Result
View All Result

Recommended

ရန်ကုန်မှာ ရွှေကို တန်းစီ တိုးဝယ်

ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

3 days ago
3.8k
ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

1 week ago
5.8k

Most Read

  • MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

    MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

    shares
    Share 0 Tweet 0
  • ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

    shares
    Share 0 Tweet 0
  • နတ်အိမ်တောင်နယ်စပ်တဝိုက် တိုက်ပွဲဖြစ်

    shares
    Share 0 Tweet 0
  • ပြည်သူ့ရင်ခွင် ခိုလှုံတဲ့ သုခစခန်းက ဗိုလ်ကြီး မျိုးဆွေဦးရဲ့ စကား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate