မြန်မာ့ဘဏ္ဍာရေးနှစ် ပြန်ပြောင်းချင်တာ အရင်လို ခြစားဖို့လား

စောထွန်း
စစ်အာဏာမသိမ်းမီ နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦကို အရုဏ်မတက်ခင် အဝေးမှ မြင်ရစဉ် / ဧရာဝတီ
Want create site? Find Free WordPress Themes and plugins.

ယခု ရက်ပိုင်းတွင် ဘဏ္ဍာရေး နှစ် တနှစ်၏ ကာလ အပိုင်းအခြားကို ယခင် အတိုင်း ပြန်လည်ထားရှိမည်ဟူ သော အသံများ သို့မဟုတ် သွေးတိုးစမ်းမှုများ ကြားသိလာရပါသည်။

ယခင် ၂၀၁၅-၂၀၂၀ အစိုးရနှင့် ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော်က ဘဏ္ဍာရေးနှစ်ကို အစိုးရဟောင်း အဆက်ဆက် နှစ်ပေါင်းများစွာ ကျင့်သုံးခဲ့သည့် ဧပြီလ ၁ ရက် မှ နောက်နှစ် မတ်လ ၃၁ ရက် အထိ အပိုင်းအခြားအစား အောက်တိုဘာလ ၁ ရက်မှ နောက်နှစ် စက်တင်ဘာလ ၃၀ ရက် အထိ ပြောင်းလဲသတ်မှတ်ခဲ့သည်။

ယင်းသို့ ပြောင်းလဲရန်အတွက် ၂၀၁၈ ခုနှစ် ဧပြီလ မှ စက်တင်ဘာလအထိ ကြားကာလ ဘဏ္ဍာရေးကာလ တခု ကြားခံခဲ့ရသည်။ အခွန်စနစ်ကိုပါ အချိန်ယူ၍ ပြုပြင်ခဲ့သည်။

ယခုအခါ ဘဏ္ဍာရေး စနစ်သစ် တည်ဆောက် အခြေတည် မိနေပြီဖြစ်ပြီး ယခု နိုင်ငံ့အာဏာကို အတင်းအဓမ္မ လုယူထားသည့် စစ်ကောင်စီသည်ပင် ပြည်ထောင်စု လွှတ်တော်က ၂၀၂၀ ခုနှစ် စက်တင်ဘာလတွင် အတည်ပြုခဲ့သည့် ပြည်‌ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေနှင့် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေအတိုင်း ကျင့်သုံးနေဆဲ ဖြစ်ပါသည်။

ယခုအခါ ဘဏ္ဍာရေး စနစ်သစ် တည်ဆောက် အခြေတည် မိနေပြီဖြစ်ပြီး ယခု နိုင်ငံ့အာဏာကို အတင်းအဓမ္မ လုယူထားသည့် စစ်ကောင်စီသည်ပင် ပြည်ထောင်စု လွှတ်တော်က ၂၀၂၀ ခုနှစ် စက်တင်ဘာလတွင် အတည်ပြုခဲ့သည့် ပြည်‌ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေနှင့် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေအတိုင်း ကျင့်သုံးနေဆဲ ဖြစ်ပါသည်။

သို့ဆိုလျှင် ယခု မည်သည့်အတွက်ကြောင့် ဘဏ္ဍာရေးနှစ်ကို ပြန်လည်ပြုပြင်ရန် စိတ်ကူးလာခဲ့သနည်း။

ရှေ့ကလုပ်သွားသည်ကို ဖျက်လို ပြောင်းလိုခြင်း၊ တဖန် ပြည်ထောင်စု လွှတ်တော်တွင် မဲခွဲစဉ်က (ယင်းတို့ ပြဌာန်း ထားသည့် ၂၀၀၈ အခြေခံဥပဒေနှင့် အခြားဥပဒေများအတိုင်း) မဲခွဲခဲ့စဉ် ပြည်သူ့ ကိုယ်စားလှယ်များကို ရှုံးနိမ့်ခဲ့ရ၍ လက်စားခြေလိုခြင်း စသည်တို့ထက် ပို၍ အခြား အကြောင်းများ ရှိနေ မနေကို တွေးတောစဉ်းစားနိုင်ရန် ယခု ဆောင်းပါး၌ ရနိုင်သမျှသော အချက်အလက် အထောက်အထား အတွေးအခေါ်များအပေါ် အခြေခံ၍ တင်ပြခြင်း ဖြစ်ပါသည်။

သမိုင်းကြောင်း

မြန်မာနိုင်ငံတွင် အများသုံး ဖြစ်သော မြန်မာသက္ကရာဇ်သည် တန်ခူးလမှ စတင်သဖြင့် ဘဏ္ဍာနှစ်ကို မြန်မာနှစ်အတိုင်း ထားရှိသည်ဟူသော အယူအဆလည်း ရှိကြပါသည်။

လွှတ်တော်များသည် ပြည်သူ့အသံကို ကိုယ်စားပြုပြီး အစိုးရနှင့် အာဏာချိန်ခွင်လျာ ညီစေခြင်းဖြင့် ဒီမိုကရေစီကို ကျင့်သုံးနိုင်သည်/ဧရာဝတီ

အခြားတဖက်တွင် မြန်မာနိုင်ငံ၏ ရာသီဥတုတွင် မေလလယ် မှ အောက်တိုဘာလယ်အထိ ကာလသည် မိုးရာသီဖြစ်ပြီး နိုင်ငံ၏ အဓိကသီးနှံဖြစ်သော စပါး စိုက်ပျိုးခြင်းကို ဆောင်ရွက်ကြပါသည်။ စပါးပေါ်ချိန်သည် နိုဝင်ဘာလ အတွင်းတွင် အများစု ဖြစ်ပြီး ဒီဇင်ဘာသည် စပါးရိတ်သိမ်းပြီး ခြွေလှေ့ချိန် နှင့် စပါးပေါ်ချိန် ကာလဖြစ်ပါသည်။ သို့ဖြစ်၍ အချို့ သော နိုင်ငံအများ ကဲ့သို့ အောက်တိုဘာလဆန်းတွင် ဘဏ္ဍာရေးနှစ်ကူးပါက အဓိကဝင်ငွေဖြစ်သော ဆန်စပါးမှရရှိမည့် ဝင်ငွေကို ထည့်သွင်း တွက်ချက်ရန် ခက်ခဲသောကြောင့် ဧပြီလ ၁ ရက်မှ ဘဏ္ဍာနှစ် စသည်ဟူသော အယူအဆလည်းရှိ ပါသည်။

လက်တွေ့တွင်မူ စပါး စိုက်နိုင်မှု၊ စိုက်ပျိုးသော ကာလအတွင်း ရေကြီး ရေလျှံမှု ကြောင့် ပျက်စီးနိုင်မှု၊ အစားထိုး စိုက်ပျိုးရမှု နှင့် အချက်အလက် အားလုံးသည် အောက်တိုဘာလမှသာ အနီးစပ်ဆုံး အဖြေထွက်နိုင်ပါသည်။

တဖက်တွင်လည်း အမတော်ကြေး ခေါ် စိုက်ပျိုးစရိတ်ချေးငွေ ပေးရမှုသည် ဘဏ္ဍာနှစ် အစတွင် ဖြစ်သော ကြောင့် ပိုမို အဆင်ပြေနိုင်သည်ဟူသော အယူအဆလည်း ရှိခဲ့သည်။

စပါးနှင့် ဘဏ္ဍာနှစ် စဉ်းစားသည့် အယူအဆသည် ယနေ့ကာလတွင် လက်တွေ့မကျတော့ပါ။ စိုက်ပျိုးရေးကို အလေးထားသော အိမ်နီးချင်း ထိုင်းနိုင်ငံတွင်လည်း အောက်တိုဘာမှ နောင်နှစ် စက်တင်ဘာလကုန်ထိ ဘဏ္ဍာနှစ် ထားရှိကြောင်း သတိထားမိနိုင်သည်။

ကိုလိုနီကာလက ကြိုတင်ပြင်ဆင် အချိန်မီ ပေးနိုင်ခဲ့ သော်လည်း ယနေ့ အမှန်တွင်မူ ၂၀၀၆ ခုနှစ်နောက်ပိုင်း နေပြည်တော် ဖြစ်လာသည်မှ စ၍ ဝန်ထမ်းများ အား စည်းရုံးရန် သင်္ကြန်ပိတ်ရက် ၁၀ ရက် သတ်မှတ်ခဲ့ခြင်းကြောင့် ချေးငွေများကို ယင်းကာလကျော်ကာ ဝန်ထမ်းများ ရုံးပြန်တက်သော ဧပြီလ ၂၀ ကျော်မှ စတင် ရေးဆွဲကြခြင်းမှ စတင်ကာ အဆင့်ဆင့် အတည်ပြုချက်များ ရယူသည့်အတွက် ချေးငွေများကို ဇွန်၊ ဇူလိုင်၊ အချို့ နယ်မြေများတွင် ဩဂုတ်၊ စက်တင်ဘာလခန့် မှသာ ပေးနိုင်သည့် အခြေအနေဖြစ်ပေါ်ခဲ့ရသည်။

စပါးစိုက်ချိန်တွင် စိုက်ပျိုးစရိတ်ချေးငွေ အချိန်မီမရသည့်အတွက် လယ်သမားများမှာ အခြားချေးငွေများအပေါ် မှီခိုရပြန်ပါသည်။ သို့ပါ၍ စပါးနှင့် ဘဏ္ဍာနှစ် စဉ်းစားသည့် အယူအဆ သည် ယနေ့ကာလတွင် လက်တွေ့မကျတော့ကြောင်း ထင်ရှားရပါသည်။ စိုက်ပျိုးရေးကို အလေးထားသော အိမ်နီးချင်း ထိုင်းနိုင်ငံတွင်လည်း အောက်တိုဘာမှ နောင်နှစ် စက်တင်ဘာလကုန်ထိ ဘဏ္ဍာနှစ် ထားရှိကြောင်း သတိထားမိနိုင်သည်။

အခက်အခဲများ

လွန်ခဲ့သော နှစ် ၃၀ ကာလ အတွင်း ကျင့်သုံးခဲ့သော မြန်မာသက္ကရာဇ်အတိုင်း ဧပြီမှ မတ်လထိ ဘဏ္ဍာနှစ်ကြောင့် အောက်ပါ ပြဿနာများ အခက်အခဲများ ကြုံတွေ့ ခဲ့ရကြောင်း တွေ့ ရှိရပါသည်။

တင်ဒါ ကိစ္စရပ်များ

ဘဏ္ဍာနှစ် စတင်သည်နှင့် ဆောက်လုပ်ရေး လုပ်ငန်းများ၊ ဆည်မြောင်းလုပ်ငန်းများ နှင့် အခြားသော တည်ဆောက်ရေး လုပ်ငန်း များအား တင်ဒါ ခေါ်ကြရပါသည်။ အထက်တွင် ဖော်ပြခဲ့သည့် အတိုင်း ပြင်ဆင်မှုကာလကို ဧပြီလ ကုန်မှ စတင်ရသည်ဖြစ်ရာ တင်ဒါကြော်ငြာသည် မေလကုန်ထိပင် မဖြစ်ခဲ့သည်များ ရှိပါသည်။

မိုးရာသီ စပြီဖြစ်သဖြင့် လုပ်ငန်းများ မစတင်နိုင်သောကြောင့် ပြဿနာ မရှိခဲ့ပေ။ အချိန်ကို ဆွဲချင်တိုင်း ဆွဲ၍ ရခဲ့သည်။ အစိုးရ ဝန်ထမ်း အဖွဲ့အစည်း အဆင့်ဆင့် အနေဖြင့် တင်ဒါ ရွေးချယ်မှု၊ အအောင်ပေးမှုတို့ အထိ အချိန်ဆွဲကာ အဂတိ လိုက်စားခွင့် ရရှိခဲ့သည်။ မိမိမကြိုက်သော တင်ဒါအောင်မြင်မှုအား ပယ်ဖျက်ကာ အသစ် ပြန်ဆွဲစေသည် တို့လည်း ရှိခဲ့သည်။

တဖန် ဘဏ္ဍာနှစ် စတင်သည်နှင့် မိုးရာသီ စပြီ ဖြစ်ကာ အမတော်ကြေး ခေါ် စိုက်ပျိုးစရိတ် ချေးငွေမှ စတင်ကာ အလုပ်လုပ်၍ မရသော ကာလဖြစ်ခဲ့ပါသည်။ တည်ဆောက်ရေး လုပ်ငန်းများသည်လည်း တင်ဒါ အောင်မြင်သည့် တိုင်အောင် လက်တွေ့ လုပ်ဆောင်ရန် အခက်အခဲနှင့် ကြုံရသည်။ ထွန်ယက်စိုက်ပျိုးချိန်ဖြစ်၍ လမ်းများ သွားလာရန် ခက်ခဲသည်။ အလုပ်သမားလည်း ရှားပါးသည်။

နိုင်ငံတဝှမ်းရှိ လမ်းများသည် လွန်ခဲ့သော နှစ် အနည်းငယ်မှသာ ရာသီမရွေး သုံးနိုင်သည့် အခြေအနေဖြစ်လာခဲ့သည်ဖြစ်ရာ ကုန်ကြမ်းများ၊ ဆောက်လုပ်ရေး ပစ္စည်းများ၊ စက်ကရိယာများ သယ်ယူပို့ဆောင်ရန် လွန်စွာခက်ခဲကာ အပိုကုန်ကျစရိတ် များစွာ ဖြစ်ပေါ်ကြရသည်။ အမှန်တကယ် တည်ဆောက်ခြင်းကို မိုးကုန်သည့် အောက်တိုဘာလလယ် နောက်ပိုင်းမှသာ စတင်နိုင်ပါ တော့သည်။

၂၀၁၁ တွင် ဒီမိုကရေစီတပိုင်း အစိုးရ ပေါ်ပေါက်ချိန်မှ စတင်ကာ နိုင်ငံတော် ရသုံး ဘဏ္ဍာရေး စနစ်အတိုင်း အတည်ပြုသည့် စီမံကိန်းများ၏ ပြင်ပမှ ပြည်ထောင်စုလွှတ်တော် ဖွံ့ဖြိုးရေး ရန်ပုံငွေကို သုံးစွဲခွင့် ပေးခဲ့သည်။

၂၀၁၁ တွင် ဒီမိုကရေစီတပိုင်း အစိုးရ ပေါ်ပေါက်ချိန်မှ စတင်ကာ နိုင်ငံတော် ရသုံး ဘဏ္ဍာရေး စနစ်အတိုင်း အတည်ပြုသည့် စီမံကိန်းများ၏ ပြင်ပမှ ပြည်ထောင်စုလွှတ်တော် ဖွံ့ဖြိုးရေး ရန်ပုံငွေကို သုံးစွဲခွင့် ပေးခဲ့သည်။ အဆိုပါ ရန်ပုံငွေသည် မြို့နယ်တခု၏ အစိုးရဌာနများ တင်ပြသည့် ပုံမှန် ဖွံ့ဖြိုးရေး စီမံကိန်းများမှ ကင်းလွတ်သော ကျေးရွာတွင်း လမ်းများ၊ တံတားငယ်များ၊ ရွာတွင်း ဓာတ်အားလိုင်းငယ်များ၊ သောက်ရေကန်များ စသည်ဖြင့် လုပ်ငန်းငယ်များကို ကြားထိုး ဖြည့်ဆည်းရန် အသုံးပြုကြရသည်။

ဘဏ္ဍာနှစ်က ဧပြီလတွင် စတင်သည့်အခါ လွှတ်တော် ခွင့်ပြုချက် ယူခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီးချိန်တွင် မိုးရာသီ ရောက်သွားပြီ ဖြစ်သည်။ သို့ ဖြစ်၍ ဒေသဆိုင်ရာ တင်ဒါခေါ်ခြင်းသာ လုပ်နိုင်တော့ကာ မိုးကုန်မှသာ လက်တွေ့ ဆောင်ရွက်ရပါတော့သည်။ လွှတ်တော်ကိုယ်စားလှယ်များကလည်း လွှတ်တော် တက်ရောက်ရချိန်များတွင်သာ အဆိုပြုခဲ့ကြရသည်ဖြစ်ရာ အချို့သော ရန်ပုံငွေများရရှိချိန်သည် ဆောင်းလယ်ဖြစ်သော ဒီဇင်ဘာ၊ ဇန်နဝါရီမှ ရရှိ၍ လုပ်ငန်းများကို နောက်ဆုံး နွေကာလ မတ်လ၊ ဧပြီလမှ ဆောင်ရွက်ကြရပြီး အချိန်မီ မပြီးစီးမှုများ၊ ပြန်အပ်ရမှုများနှင့် ကြုံတွေ့ကြရပြန်သည်။

ယခု စာရေးသူသည် လွှတ်တော်ကိုယ်စားလှယ် တဦးဖြစ်သည့် အားလျော်စွာ မိမိ၏ အတွေ့အကြုံ အရ အခက်အခဲများကို အခြေခံကာ တင်ပြခြင်းဖြစ်ပါသည်။ လတ်တလော မှတ်တမ်းမတင်နိုင်သော အခြားအခက်အခဲများလည်း များစွာ ရှိနိုင်ပါသေးသည်။ ဥပမာအားဖြင့် တိမ်ကောဆည်မြောင်းများ တူးဖော်ရန် ဘဏ္ဍာငွေ ရပြီးသည့်အခါ မိုးကျနေပြီ ဖြစ်သဖြင့် စိုက်ခင်းများအကြား စက်ယန္တရားများ ရွှေ့ပြောင်း၍မရ သဖြင့် ဆောင်ရွက်ရန် မဖြစ်နိုင်ခြင်း၊ လျှပ်စစ်ဓာတ်အားလိုင်းများ တည်ဆောက်ရန် မိုးထဲလေထဲတွင် လွန်စွာ ခက်ခဲရခြင်းတို့ကိုလည်း ကြားသိခဲ့ရသည်။

အခြားအယူအဆများ

တဖက်တွင်လည်း ဘဏ္ဍာရေး စနစ်၏ အလုပ်မဖြစ်မှု အပေါ်မှ အမြတ်ထွက်နေသော သူများ ရှိနေပါသေးသည်။ ကာကွယ်ရေးနှင့် ယင်း၏ လက်အောက်ခံဖြစ်သော နယ်စပ်ရေးရာဝန်ကြီးဌာန၏ လုပ်ငန်းများ၊ ဆည်မြောင်းဌာန ဆောက်လုပ်ရေးဌာန တို့ကဲ့သို့ ခွင့်ပြုပြီး ဘတ်ဂျက်ကို နှုတ်မိန့်ဖြင့်ပင် ထုတ်ပေးနိုင်သည့် အချို့သောဌာနများ (တနည်းအားဖြင့် တချိန်က သမ္မတကြီးများ၊ ဗိုလ်ချုပ်ကြီးများ အတွက် ငွေရှာပေးနိုင်သောဌာနများ) တွင် လုပ်ငန်းစတင်ကြောင်း အကြောင်းပြ၍ ကန်ထရိုက်တာ လုပ်ငန်းမစနိုင်မီ မိုးကာလအတွင်း ငွေကို ထုတ်ယူထားပြီး ဘဏ်တိုးယူနေကြောင်း သတင်းအချက်အလက်များလည်း ရှိနေပါသည်။

စစ်တပ်၏ လက်နက်ဝယ်ယူခြင်း၊ ငွေစက္ကူ ထုတ်လုပ်သည့် လုံခြုံရေး ဆိုင်ရာ ပုံနှိပ်လုပ်ငန်း၊ အင်ဂျင်နီယာ တပ်များ၏ ဆောက်လုပ်ရေး လုပ်ငန်း စသည့် လုပ်ငန်းများစွာကို မိုးရာသီအကြောင်းပြ ရွှေ့ဆိုင်းထားလျက် အတိုးများစွာ လက်ဝယ်ရရှိနေခဲ့ကြသည်။

အခြားစီးပွားရေး လုပ်ငန်းများသို့ လက်သိပ်ထိုး ချေးပေးလျှင် ငွေ သိန်း ၁၀၀ အတွက် အပေါင်ပစ္စည်း မပါ အတိုးငွေ ကျပ် နှစ်သိန်းခွဲမှ ခြောက်သိန်း အထိ ရနိုင်သကဲ့သို့ ပုဂ္ဂလိကဘဏ်တွင် အပ်ထားလျှင်ပင် တနှစ်လျှင် ၈ သိန်း အထိ အတိုးရနိုင် ပေသည်။ သိန်းပေါင်း သောင်းနှင့် ချီသည့် အခါ အမြတ်ထုတ်သွားသော ငွေကို တွက်ဆနိုင်ပါသည်။ စစ်တပ်၏ လက်နက်ဝယ်ယူခြင်း၊ ငွေစက္ကူ ထုတ်လုပ်သည့် လုံခြုံရေး ဆိုင်ရာ ပုံနှိပ်လုပ်ငန်း၊ အင်ဂျင်နီယာ တပ်များ၏ ဆောက်လုပ်ရေး လုပ်ငန်း စသည့် လုပ်ငန်းများစွာကို မိုးရာသီအကြောင်းပြ ရွှေ့ဆိုင်းထားလျက် အတိုးများစွာ လက်ဝယ်ရရှိနေခဲ့ကြသည်။

၂၀၀၈ ဖွဲ့စည်းပုံအရ စစ်တပ်အကျိုးစီးပွားကို ကာကွယ်ရန် လွှတ်တော်၏ ၂၅ ရာခိုင်နှုန်းကို စစ်တပ်က ထိန်းချုပ်ခဲ့သည်/ ဧရာဝတီ

သို့ဖြစ်၍ ပြည်ထောင်စုလွှတ်တော်တွင် ဘဏ္ဍာရေး နှစ် ပြောင်းလဲရန် ပြင်ဆင်သည့် အခါ တပ်မတော်သား ကိုယ်စားလှယ် အားလုံးက ကန့်ကွက်ခဲ့ကြကြောင်း မှတ်တမ်းတွေ့ရပါသည်။ တိကျသေချာသော အထောက်အထား မတင်ပြနိုင်ပဲ ကန့်ကွက်ခဲ့ခြင်း၊ အင်တာနက်ပေါ်မှ နိုင်ငံခြား ဥပမာများသာ အမိန့်အရ ဖတ်ကြား တင်ပြခြင်း တို့သာ လုပ်နိုင်ခဲ့ကြသည်။ ယနေ့တွင် မူလအတိုင်း ပြန်လည်ပြောင်းလဲရန် ကြိုးစားလာပြန်ခြင်းသည် မင်းဘဏ္ဍာကိုယ့်ဟာ မှတ်လိုသည့်၊ ယနေ့ခေတ် ဆိုလျှင် ပြည်သူ့ဘဏ္ဍာငွေမှ ရသလောက် အမြတ်ထုတ် လိုသည့် သဘောထားတို့အား သိသာ ထင်ရှားစွာ ဖော်ပြနေသည်သာဖြစ်သည်။

ဖြစ်ပေါ်ခဲ့သော စိန်ခေါ်မှုများ

ပြည်သူ့ အစိုးရခေတ်တွင် ဘဏ္ဍာရေး စနစ် ပြင်ဆင်ခဲ့သည့် အခါ အခက်အခဲများ၊ နေသား မကျမှုများလည်း ရှိနေခဲ့ပါသည်။ ပြောင်းလဲပြီးနောက် စက်တင်ဘာလကုန်မှ စသည့်အခါ တင်ဒါကာလသည် ကြာရှည်နေဆဲ ဖြစ်ရပြန်သည်။ ယခင်ကအတိုင်း တင်ဒါ ကြာရှည်မှသာ အဂတိလိုက်စားရန် လမ်းဖွင့်လိုခြင်း ကြောင့် ဖြစ်နိုင်သည်။

ဘတ်ဂျက် ပြင်ဆင်ချိန်ကပင် ပြင်ဆင်ထားရမည်ဖြစ်သော တင်ဒါ စည်းကမ်းများကို ပြင်ဆင်ထားခြင်း မရှိပဲ အောက်တိုဘာလဆန်းမှပင် စတင်ပြင်ဆင်ရ၍ မပြီးပြတ်ဟု ဆိုကာ အလုပ်လုပ်ရခက်အောင် ပွင့်လင်းရာသီ မကုန်ကုန်အောင် လုပ်ခဲ့သောဌာနများ ရှိခဲ့သည်။ ယနေ့ ပြည်သူတို့နှင့် အတူ မရပ်တည်နိုင်ကြသော Non-CDM အရာရှိဆိုးများသည် လွယ်ကူသော အခြေအနေကို တမင်တကာ ခက်ခဲအောင် ဆောင်ရွက်ခဲ့ကြသည်။

သို့ဖြစ်၍ ငွေကို ကြိုတင် ထုတ်ယူ အတိုးယူ နေမှုများနှင့် အဂတိလိုက်စားခွင့်များ လျော့ပါး သွားခဲ့ရခြင်းက အာဏာသိမ်းရသော လူ မသိသည့် အကြောင်းပြချက် တခု ဖြစ်နေပါသည်။

အခြေအနေကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များက မြင်တွေ့ အဆိုပြုခြင်းမှ စတင်ကာ လွှတ်တော် အတည်ပြုချက် အရ ဇန်နဝါရီ ၁ ရက်မတိုင်ခင် တင်ဒါလုပ်ငန်း အပြီးသတ်ရန် ဆုံးဖြတ်ခဲ့ကြရသည်။ အဆိုပါ ရက်စွဲသည် စစ်အာဏာမသိမ်းမီ တလ အလို ဖြစ်ကြောင်း သတိထားမိနိုင်ပါသည်။

သို့ဖြစ်၍ အထက်ဖော်ပြပါအတိုင်း ငွေကို ကြိုတင် ထုတ်ယူ အတိုးယူ နေမှုများနှင့် အဂတိလိုက်စားခွင့်များ လျော့ပါး သွားခဲ့ရပြန်ပါသည်။ အာဏာသိမ်းရသော လူ မသိသည့် အကြောင်းပြချက် တခုလည်း ဖြစ်နေပါသည်။

အာဏာသိမ်းကာလ

ယနေ့ တွင် အထက်ပါအတိုင်း ပြင်ဆင်ခဲ့သော အမှားများကို တကြော့ပြန်ကာ အမြတ်ထုတ်နိုင်ရေး အတွက် ဘဏ္ဍာနှစ်ကို ပြန်လည် ပြင်ဆင်နိုင်ရန် ကြံစည်နေကြပြန်ပါသည်။ သေနတ်ပြောင်းဝမှ အာဏာထွက်သည် ဟူသော စကားအတိုင်းကြိုးစားသော်လည်း နိုင်ငံကို ၈ လ ကြာသည်အထိ တည်ငြိမ်အောင် မထိန်းသိမ်းနိုင်စေကာမူ ရသမျှ အမြတ်ကို ထုတ်ယူသွားလိုကြသည်။

စစ်အာဏာသိမ်းနေ့က နေပြည်တော်တွင် ချထားသော သံချပ်ကာစစ်ယာဉ်တစီး/ ဧရာဝတီ

ဝန်ထမ်းအရာရှိဆိုးများသည်လည်း ယင်းတို့ ရာထူးများကို အမျိုးသားညီညွတ်ရေး အစိုးရက ကြိုတင်ရုပ်သိမ်း ထုတ်ပစ်ထားပြီး ဖြစ်သဖြင့် အငြိမ်းစား လစာငွေ ရရန် မသေချာတော့မှန်း နားလည်ကာ သူဌေးဖြစ် ခွေးဖြစ် ကြိုးစား အမြတ်ထုတ်ကြရတော့သည်။

ကျောက်မျက်နှင့် ပုလဲ လေလံများ၊ ဖမ်းဆီး ရမိ သစ် လေလံများကို အမျိုးသားညီညွတ်ရေး အစိုးရက သတိပေးသဖြင့် ဝယ်ယူမည့်သူ မရှိသည့်အခါ အရာရှိဆိုးတို့၏ အမျိုးများ အမည်ခံ အသုံးပြုကာ အနိမ့်ဆုံးဈေးဖြင့် ဝယ်ယူ အမြတ်ထုတ်ကြသည်။ ယခုလည်း အလားတူ အမြတ်ထုတ်ရန်ပြင်ဆင်နေကြလေပြီ။

ဘဏ္ဍာရေးစနစ်ပြောင်းလဲခြင်း

၂၀၁၀ ရွေးကောက်ပွဲ က စတင်ခဲ့သည့် ဒီမိုကရေစီ တပိုင်း အစိုးရသည် မမျှော်လင့်ပဲ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကို ရှုံးနိမ့်၍ အာဏာလွှဲရသည့်အခါ လွှတ်တော်သစ် မစတင်မီ ရွေးကောက်ပွဲရှုံးပြီး နိုဝင်ဘာလမှ ဇန်နဝါရီလ အတွင်း ဘတ်ဂျက်အသစ်ကို ပြဌာန်းခဲ့သည်။ ထိုစဉ်က လွှတ်တော် နာယက ဦးရွှေမန်း ကပင် ဘတ်ဂျက်သစ်ကို လက်တွေ့ အလုပ်မလုပ်နိုင်သည့် စာရင်းဇယားများ ဖြစ်နေကြောင်း ဝေဖန်ခဲ့သည်ဟု မှတ်တမ်းရှိပါသည်။

အဖွဲ့ချုပ်အစိုးရသည် ဘဏ္ဍာနှစ် တနှစ်လုံး လွှတ်တော်အဟောင်း အစိုးရ‌ဟောင်း၏ ကြံစည်ရေးဆွဲ အတည်ပြုခဲ့ သော ဘတ်ဂျက်နှင့် ကြုံတွေ့ရကာ အခက်အခဲများစွာ ကြုံ၍ ဘတ်ဂျက်ကို ပြင်ဆင် အတည်ပြုခဲ့ရသည်။

သို့ဖြစ်၍ အဖွဲ့ချုပ်အစိုးရသည် ဘဏ္ဍာနှစ် တနှစ်လုံး လွှတ်တော်အဟောင်း အစိုးရ‌ဟောင်း၏ ကြံစည်ရေးဆွဲ အတည်ပြုခဲ့ သော ဘတ်ဂျက်နှင့် ကြုံတွေ့ရကာ အခက်အခဲများစွာ ကြုံ၍ ဘတ်ဂျက်ကို ပြင်ဆင် အတည်ပြုခဲ့ရသည်။

ဖေဖော်ဝါရီ ၂၂ ရက် ၂ ငါးလုံးနေ့ နေပြည်တော်တွင် ဆန္ဒပြမှုအား ဖြိုခွင်းရှင်းလင်းနေသော စစ်သားများ/ ဧရာဝတီ

ယခု ပြင်ဆင်ခဲ့သော ဘဏ္ဍာနှစ် အရ နောင်လာမည့် အစိုးရများသည် ရွေးကောက်ခံရပြီး အစိုးရဖွဲ့သည့် ဧပြီလမှ စတင်၍ မိမိတို့ မူဝါဒ အတိုင်း ဘတ်ဂျက်ရေးဆွဲကာ လွှတ်တော်၏ အဆုံးအဖြတ်ရယူ၍ အောက်တိုဘာလ တွင် စနစ်တကျ တည်ထောင်နိုင်ရမည် ဖြစ်သည်။ စစ်အာဏာ မထူထောင်နိုင်ခဲ့လေသမျှ နောင်လာမည့် ရွေးကောက်ပွဲ နှစ်ကြိမ် သုံးကြိမ်ထိ အဖွဲ့ချုပ်အစိုးရသာ အနိုင်ရနိုင်မည်မှန်း နားလည် ထားကြပြီး ဖြစ်သော်လည်း နိုင်ငံ၏ ထိုစဉ်က ဥပဒေအရ ရွေးကောက်ပွဲ စနစ်၊ လွှတ်တော် စနစ်နှင့် အစိုးရဖွဲ့ရသည့် အချိန် ကာလတို့အပေါ် အခြေခံကာ နိုင်ငံတကာ ပညာရှင်များ အဖွဲ့အစည်းများ နှင့် တိုင်ပင်ညှိနှိုင်း ပြုပြင်ခဲ့ခြင်းသာ ဖြစ်သည်။

နိုင်ငံ၏ ရာသီဥတု ကာလများအတိုင်း လက်တွေ့ အကောင် အထည် ဖော်ရမည့် စီမံကိန်းများ အတွက် လိုက်လျောညီထွေဖြစ်စေရန်နှင့် အတူ အစိုးရ အပြောင်းအလဲများ ရှိချိန်တွင် နောက်လာမည့် အစိုးရ အတွက် လုပ်သာကိုင်သာ ဖြစ်စေရန် ရည်မှန်းခဲ့သော စနစ်ကို ဖျက်ဆီး ပြောင်းလဲရန် ကြံစည်ခြင်းသည် လတ်တလော ကိုယ်ကျိုး အမြတ်အတွက်ရော၊ ဒီမိုကရေစီနည်း အရ မဲပေးဆုံးဖြတ်ခဲ့သည့် လွှတ်တော် အတည်ပြုချက်ကို ဆန့်ကျင်လိုသည့် အတ္တစိတ်ကြောင့်ရောပါ ရောပြွန်းနေသည်မှာ ထင်ရှားနေကြောင်း သုံးသပ်ဖော်ပြအပ်ပါသည်။

(စာရေးသူသည် လွန်ခဲ့သော ၁၀ နှစ်ခန့် က အရပ်ဖက်-စစ်ဖက်လေ့လာသူတဦး အဖြစ် ဧရာဝတီတွင် ရေးသားခဲ့ပြီး ၂၀၁၅-၂၀၂၀ တွင် လွှတ်တော် ကိုယ်စားလှယ်တဦးဖြစ်ကာ ယခုအခါ NUG အစိုးရ၏ ဝန်ကြီးဌာနတခုအား စည်းရုံးဖော်ဆောင်နေသူဖြစ်ပါသည်။ )

You may also like these stories :

စစ်အာဏာသိမ်းမှုကြောင့် မြန်မာ့စီးပွားရေး ရေစုန်မြောနေပြီ

NUG ပိုက်ဆံ ဘယ်လိုရှာလဲ ဘယ်လိုသုံးလဲ ဝန်ကြီး ဦးတင်ထွန်းနိုင် ပြောသည်

နေအိမ်တွင် မနေနိုင်သော ဘဝများ

Did you find apk for android? You can find new Free Android Games and apps.
Loading