မြန်မာစစ်အာဏာသိမ်းမှု အစဦးကပင် အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကျားမြီးကို ဆွဲလိုက်ပြီဖြစ်ကြောင်း မြန်မာ့အရေးလေ့လာသူများက ကြိုတင်တွေ့ရှိလိုက်သည်။ ထိုတွေ့ရှိချက်သည် တိကျပုံရသည်။ ဖေဖေါ်ဝါရီလ ၁ ရက်နေ့အာဏာသိမ်းမှုမှ စတင်သည့် ၉ လတာကာလအတွင်းတွင် စစ်ကောင်စီ၏ တရားမဝင်သော အုပ်ချုပ်ရေးသည် စစ်မျက်နှာများစွာတွင် မကြုံဘူးသော ဖိအားများနှင့် ရင်ဆိုင်နေရသည်။
ကနဦးက စစ်ကောင်စီကို ဆန့်ကျင်သည့် ငြိမ်းချမ်းစွာဆန္ဒပြပွဲများသည် လက်နက်ကိုင်ခုခံမှုအဖြစ် အသွင်ပြောင်းသွားပြီး စစ်ကောင်စီ၏ နိုင်ငံတဝန်း အုပ်ချုပ်ရေးကို ကြီးမားသော ခြိမ်းခြောက်မှုဖြစ်လာသည်။ အခြေခံအုပ်ချုပ်ရေးသည် ဒရွတ်ဆွဲနေပြီး စီးပွားရေးက စုတ်ပြတ်သတ်နေကာ နိုင်ငံသည် ကျဆင်းနိုင်ငံ အလျင်အမြန်ဖြစ်နေသည်။ ထိုအချက်များအပြင် စစ်ကောင်စီအတွက် အကြီးမားဆုံး စိန်ခေါ်မှုမှာ နိုင်ငံတကာ အသိုက်အဝန်း၏ အမြဲတမ်းကြီးထွားနေသော ပြင်းထန်သော ရှုတ်ချမှုဖြစ်သည်။
ကုလသမဂ္ဂ အထူးသံတမန် ခရစ္စတင်း ရှရနာ ဘာဂနာဆွေးနွေးသောအခါ စစ်ကောင်စီ ဒုတိယခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းက “ကျနော်တို့က မိတ်ဆွေနည်းနည်းနဲ့ပဲ ဆက်လျှောက်တတ်တယ်” ဟု ခပ်ပြတ်ပြတ်ပြောသည်။
အာဏာသိမ်းသည့် ပထမဆုံးနေ့တွင်ပင် ဗိုလ်ချုပ်များသည် နိုင်ငံတကာအသိုက်အဝန်းထံမှ ဖိအား၊ ပြစ်တင်ရှုတ်ချခြင်းနှင့် အရေးယူပိတ်ဆို့ခြင်းတို့ကို ရှောင်လွှဲမရကြောင်း မျှော်လင့်ထားပြီး ဖြစ်ပုံရသည်။ ထို့ကြောင့် ကုလသမဂ္ဂ (UN) အထူးသံတမန် ခရစ္စတင်း ရှရနာ ဘာဂနာဆွေးနွေးသောအခါ စစ်ကောင်စီ ဒုတိယခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းက “ကျနော်တို့က မိတ်ဆွေနည်းနည်းနဲ့ပဲ ဆက်လျှောက်တတ်တယ်” ဟု ခပ်ပြတ်ပြတ်ပြောသည်။
ယခင် န်ိုင်ငံ၏ ဝိုင်းကျဉ်ခံအဆင့်အတန်းနှင့်ပတ်သက်ပြီး အမြင်ကျဉ်းကာ ဂရုမစိုက်ကြောင်း ထိုသတင်းစကားက အထင်အရှားပြသနေသည်။ လက်တွေ့တွင် စစ်ကောင်စီ၏ အစီအစဉ်မှာ စစ်အာဏာရှင် ခေတ်က သံတမန်နည်းကို ပြန်ကစားရန်ဖြစ်သည်။ ၁၉၆၂ ခုနှစ်တွင် စစ်တပ်က ပထမဆုံးအကြိမ် အာဏာသိမ်းပြီးနောက် မြန်မာအာဏာရှင်အဆက်ဆက်တို့သည် နိုင်ငံတကာမိတ်ဆွေ အနည်းငယ်မျှဖြင့် ဆက်လက်ရှင်သန်နိုင်ကြသည်။ စစ်ဗိုလ်နောက်ဆုံးမျိုးဆက်သည် ထိုနည်းလမ်းကို သံတမန်ရေးရာ အောင်မြင်မှုအဖြစ် သဘောကျကြသည်။
ထို့ကြောင့် ဒု ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၏ စကားသည် အံ့သြဖွယ်မဟုတ်ပေ။ သူဆိုလိုသည့် မိတ်ဆွေအနည်းငယ် ဆိုသည်မှာ တရုတ်၊ ရုရှား၊ ASEAN နိုင်ငံများနှင့် ဘဝတူ အပစ်ပယ်ခံနိုင်ငံများဖြစ်သည်။ စစ်ကောင်စီသည် UN လုံခြုံရေးကောင်စီတွင် ဗီတိုအာဏာရှိသော အင်အားကြီးနိုင်ငံ ၂ ခုဖြစ်သည့် တရုတ်နှင့်ရုရှားနှင့် ၎င်းတို့၏ မကောင်းဆိုးရွား မဟာမိတ်များကို အားကိုးသည်ကို သံသယဖြစ်ဖွယ် မရှိပေ။ အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) ကိုလည်း ၎င်းတို့ဘက်တွင် ရှိသည်ဟု မှတ်ယူပြီး ၎င်းတို့သည် အနောက်နိုင်ငံများမှ ဖိအားနှင့် အရေးယူပိတ်ဆို့မှုမှ အကာအကွယ်ရမည်ဟု မျှော်လင့်နေသည်။
မကောင်းဆိုးရွား မဟာမိတ်များ
ထိုဇာတ်ညွှန်းသည် ကနဦးတွင် စီစဉ်ထားသည့်အတိုင်း အလုပ်ဖြစ်သည်။ စစ်အာဏာသိမ်းမှုကို အနောက်နိုင်ငံများက တညီတညွတ်တည်း ရှုတ်ချကြပြီး အာဏာသိမ်းခေါင်းဆောင်များနှင့် ၎င်းတို့၏ စီးပွားရေး အကျိုးစီးပွားများကို အရေးယူပိတ်ဆို့သည်။ တရုတ်၊ ရုရှားနှင့် ASEAN နိုင်ငံများက စစ်အာဏာသိမ်းမှုနှင့် ပတ်သက်ပြီး အစောပိုင်းတွင် လက်ရှောင်နေသည်။ စစ်အာဏာသိမ်းပြီး နောက်တနေ့တွင် တရုတ်န်ိုင်ငံပိုင် မီဒီယာက ထိုစစ်အာဏာသိမ်းမှုသည် အစိုးရအဖွဲ့အတွင်း အပြောင်းအလဲဟု ဖေါ်ပြပြီး တရုတ်နှင့် ရုရှားတို့က UN တွင် လုံခြံရေးကောင်စီက ထိုအာဏာသိမ်းမှုကို ရှုတ်ချသည့် ကြေညာချက်ကို ပိတ်ဆို့ကြသည်။
တရုတ်၊ ရုရှားနှင့် ASEAN နိုင်ငံများက စစ်အာဏာသိမ်းမှုနှင့် ပတ်သက်ပြီး အစောပိုင်းတွင် လက်ရှောင်နေသည်။ တရုတ်နှင့် ရုရှားတို့က UN တွင် လုံခြံရေးကောင်စီက ထိုအာဏာသိမ်းမှုကို ရှုတ်ချသည့် ကြေညာချက်ကို ပိတ်ဆို့ကြသည်။
လက်တွေ့တွင်မူ အာဏာမသိမ်းမီ တပတ်အလိုက ရုရှားကာကွယ်ရေးဝန်ကြီး ဆားဂျေ ရှိုင်းဂုသည် စစ်လက်နက်ပစ္စည်းများ ပိုမိုရောင်းချရေးအတွက် စာချုပ်ချုပ်ဆိုရန် မြန်မာသို့ လာရောက်လည်ပတ်သည်။ ထိုခရီးစဉ်အတွင်း ရုရှားကာကွယ်ရေး ဝန်ကြီးသည် အရပ်သား အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကိုယ်စားလှယ်များကို တွေ့ဆုံခဲ့ခြင်းမရှိဘဲ စစ်တပ်အကြီးအကဲနှင့်သာ တွေ့ဆုံပြီး အစိုးရဘက်က တက်ရောက်မှုမရှိဘဲ ထိုစာချုပ်ကို လက်မှတ်ရေးထိုးကြသည်။ စစ်တပ်အကြိုက်ဖြစ်စေရန် UN လူ့အခွင့်အရေးကောင်စီမှ ရုရှားကိုယ်စားလှယ်က ထိုစစ်အာဏာသ်ိမ်းမှုသည် အချုပ်အခြာအာဏာပိုင် နိုင်ငံတခု၏ ပြည်တွင်းရေးသက်သက်သာဖြစ်ကြောင်းပြောသည်။
တနိုင်ငံလုံးတွင် စစ်ကောင်စီဆန့်ကျင်သည့် ဆန္ဒပြပွဲများဖြစ်နေသည့် ဖေဖေါ်ဝါရီလလယ်တွင်မူ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်က “ မြန်မာနိုင်ငံမှာ အခုဖြစ်နေတာတွေက တရုတ်နိုင်ငံက မြင်ချင်တာတွေ လုံးဝမဟုတ်ဘူး” ဟုပြောကြားကာ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဥပဒေမူဘောင်အောက်တွင် သဘောထား ကွဲလွဲမှုများကို ကိုင်တွယ်ဖြေရှင်းရန် သက်ဆိုင်သူအားလုံးကို တိုက်တွန်းသည်။ တရုတ်နိုင်ငံသည် ထိုသဘေားထားကို ဆုပ်ကိုင်သည်မှာထင်ရှားသော်လည်း စစ်ကောင်စီသည် အခြေအနေကို မကြာမီ ထိန်းချုပ်နိုင်လိမ့်မည်ဟူသော မျှော်လင့်ချက်ဖြင့် ကန့်လန့်ကာနောက်ကွယ်တွင် စစ်ကောင်စီနှင့် ပုံမှန် ဆက်ဆံရေးကို တဖြည်းဖြည်း ပြန်လည်ထူထောင်လာသည်။
အကြမ်းမဖက်သော ဆန္ဒပြသူများစွာကို စစ်ကောင်စီတပ်များက တုန်လှုပ်စရာ အကြမ်းဖက်မှုဖြင့် သတ်ဖြတ်သောကြောင့် သွေးချောင်းစီးမှုများအကြား ရုရှား ဒုကာကွယ်ရေးဝန်ကြီး အလက်ဇန္ဒား ဖိုမင်သည် မတ်လ ၂၇ ရက်နေ့တွင် ကျင်းပသည့် တော်လှန်ရေးနေ့ စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ပြီး စစ်ကောင်စီကို ရုရှားက ထောက်ခံကြောင်း ပြသသည်။ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း ဇွန်လ ၂၄ ရက်နေ့တွင် ရုရှားနိုင်ငံသို့ သွားရောက်သည်။
စစ်အာဏာသိမ်းမှုနှင့်ပတ်သက်ပြီး ASEAN နိုင်ငံများသည် ဘုံသဘောထားတခု ချမှတ်နိုင်ခြင်းမရှိပေ။ အာဏာသိမ်းပြီး ရက်ပိုင်းအတွင်း ထိုင်းနှင့် ဖိလစ်ပိုင်တို့က ထိုစစ်အာဏာသိမ်းမှုသည် ပြည်တွင်းရေး ဖြစ်သည်ဟု တံဆိပ်ကပ်သည်။ စင်္ကာပူက အလေးအနက် ပူပန်ကြောင်းပြောသော်လည်း အနောက်နိုင်ငံများက ချမှတ်သည့် အရေးယူပိတ်ဆို့မှုများကို ထောက်ခံခြင်းမရှိပေ။ မလေးရှားနှင့် အင်ဒိုနီးရှားတို့က ထိုစစ်အာဏာသိမ်းမှုကြောင့် ဒေသတွင်းတည်ငြိမ်မှုအပေါ်သက်ရောက်မှုများကို ဆွေးနွေးရန် အထူးအစည်းအဝေးခေါ်ရေးအတွက် ASEAN ကို တိုက်တွန်းပြီး ခြေတလှမ်းရှေ့ရောက်နေသည်။
အရပ်သားများကို စစ်ကောင်စီက ပိုမိုအကြမ်းဖက်ဖြိုခွဲလာခြင်းကြောင့် စစ်အာဏာသိမ်းပြီး တလကြာသောအခါ ASEAN နိုင်ငံခြားရေးဝန်ကြီးများသည် အလွတ်သဘောတွေ့ဆုံကြသော်လည်း စစ်အာဏာသိမ်းမှုကို စုပေါင်း ရှုတ်ချနိုင်ခြင်း မရှိပေ။
အရပ်သားများကို စစ်ကောင်စီက ပိုမိုအကြမ်းဖက်ဖြိုခွဲလာခြင်းကြောင့် စစ်အာဏာသိမ်းပြီး တလကြာသောအခါ ASEAN နိုင်ငံခြားရေးဝန်ကြီးများသည် အလွတ်သဘောတွေ့ဆုံကြသော်လည်း စစ်အာဏာသိမ်းမှုကို စုပေါင်း ရှုတ်ချနိုင်ခြင်း မရှိပေ။ ထိုအားထုတ်မှုကို ဆန့်ကျင်ပြီးနောက် ASEAN အဖွဲ့ဝင် ၃ နိုင်ငံဖြစ်သော ထိုင်း၊ ဗီယက်နမ်နှင့် လာအိုတို့သည် စစ်ကောင်စီခေါင်းဆောင်က ဖိတ်သည့် မြန်မာစစ်အုပ်စု၏ မတ်လ ၂၇ ရက်နေ့ စစ်ရေးပြအခမ်းအနားသို့ ကိုယ်စားလှယ်များ စေလွှတ်ကြသည်။ စစ်ကောင်စီ၏ မိတ်ဆွေအနည်းငယ် သေနင်္ဂဗျူဟာသည် ဒေသတွင်းမှ အရေးပါသော နိုင်ငံအချို့၏ ထောက်ခံမှုဖြင့် သို့မဟုတ် တိတ်တဆိတ် ထောက်ခံမှုဖြင့် အလုပ်ဖြစ်နေခဲ့ပုံရသည်။
ဘုံသဘောတူညီချက် ၅ ချက်
စစ်အာဏာသိမ်းခေါင်းဆောင်များသည် ၎င်းတို့၏ အာဏာကို ခေါင်းငုံ့မခံလိုသူများ ဦးညွတ်သွားအောင် လုပ်ရေး အကြမ်းမဖက်သော အရပ်သားခုခံမှုကို ချေမှုန်းသည့် ရက်စက်ကြမ်းကြုတ်သော အကြမ်းဖက် စစ်ဆင်ခြင်းကို အရှိန်မြှင့်တင်ခဲ့သည်။ မြန်မာနိုင်ငံနေရာဒေသအများအပြားမှာ စစ်ကောင်စီ၏ ရိုင်းစိုင်းစွာ အကြမ်းဖက်မှုများပြည့်နေသည့် စစ်မြေပြင်ဖြစ်သွားရသည်။ စစ်ကောင်စီတပ်များသည် လူပေါင်း ၁၁၀၀ ကျော်ကို သတ်ဖြတ်ခဲ့ပြီး လူပေါင်း ၉၀၀၀ ကျော်အားလည်း အငြင်းပွားဖွယ်ရာ ဖမ်းဆီးခဲ့သည်။ ဖြစ်ရပ်များကို တိုက်ရိုက်ထုတ်လွှင့်နိုင်သည့်ခေတ်တွင် စစ်ကောင်စီ၏ လုံး၀ ရိုင်းစိုင်းမှုနှင့် အကြမ်းဖက်မှုကို မြင်ရသောကြောင့် တကမ္ဘာလုံးတုန်လှုပ်ရသည်။
မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှုကို အစောပိုင်းက ပြည်တွင်းရေးဟု သတ်မှတ်ထားခဲ့သော်လည်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် မြန်မာနိုင်ငံတွင် ကြားဝင်ရေး အထူးအစည်းအဝေးတရပ် အမြန်ဆုံးကျင်းပရန် ASEAN ခေါင်းဆောင်များကို ဧပြီလအစောပိုင်းတွင် တိုက်တွန်းရတော့သည်။
အကျိုးဆက်အဖြစ် နိုင်ငံတကာဖိအားနှင့် ပြစ်တင်ရှုတ်ချမှုများမြင့်မားလာပြီး တရုတ်နှင့် ရုရှားနိုင်ငံများသည် စစ်အာဏာသိမ်းမှုအပေါ် ပိုမိုသတိထားသော နည်းလမ်းများကို ပြောင်းလဲ ကျင့်သုံးလားရသည်။ မတည်ငြိမ်မှု ကြီးထွားလာပြီး မြန်မာမှ ၎င်းတို့၏ အကျိုးစီးပွားများကို ခြိမ်းခြောက်ခံလာရသောကြောင့် တရုတ်နိုင်ငံသည် ၎င်း၏ ကျရှုံးနေသော အိမ်နီးချင်းနိုင်ငံတွင် ပုံမှန်အခြေအနေပြန်လည်ထိန်းသိမ်းရေးအတွက် ဖြစ်နိုင်ခြေရှိသော နည်းလမ်းများကို စဉ်းစားရှာဖွေရတော့သည်။ မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှုကို အစောပိုင်းက ပြည်တွင်းရေးဟု သတ်မှတ်ထားခဲ့သော်လည်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် မြန်မာနိုင်ငံတွင် ကြားဝင်ရေး အထူးအစည်းအဝေးတရပ် အမြန်ဆုံးကျင်းပရန် ASEAN ခေါင်းဆောင်များကို ဧပြီလအစောပိုင်းတွင် တိုက်တွန်းရတော့သည်။ အရပ်သားသေဆုံးမှု များပြားလာသောကြောင့် ရုရှားနိုင်ငံကပင် အလေးအနက် ပူပန်ကြောင်း ပြောဆိုရသည်။
အလားတူစွာပင် ASEAN သည်လည်း ၎င်းတို့အဖွဲ့ဝင်နိုင်ငံတွင် ပျက်စီယိုယွင်းလာသော အခြေအနေကို လက်ပိုက်ကြည့်မနေနိုင်တော့ပေ။ ဧပြီလ ၂၄ ရက်နေ့တွင် ASEAN သည် မြန်မာ့အရေး အထူးထိပ်သီးဆွေးနွေးပွဲကျင်းပပြီး အကျပ်အတည်းကို ငြိမ်းချမ်းစွာဖြေရှင်းရေးအတွက် ဘုံသဘောတူညီချက် ၅ ချက်ရရှိခဲ့သည်။ စစ်ကောင်စီအပေါ် ASEAN ၏ ပျော့ပျောင်းသောနည်းလမ်းအတွက် ဝေဖန်မှုများ ရှိနေသော်လည်း ကုလသမဂ္ဂ၊ အမေရိကန်ပြည်ထောင်စု၊ ဥရောပသမဂ္ဂ (EU) ၊ တရုတ်၊ ရုရှား၊ အိန္ဒိယနှင့် အခြားနိုင်ငံများအပါအဝင် နိုင်ငံတကာ အသိုက်အဝန်းက ASEAN ၏ ဘုံသဘောတူညီချက်သည် နိုင်ငံရေး အကျပ်အတည်းဖြေရှင်းရေးအတွက် အားရစရာကောင်းသောခြေလှမ်းအဖြစ် ထောက်ခံကြသည်။
သို့သော် မျှော်လင့်ထားသည့်အတိုင်း ASEAN သည် ထိုဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည် ဖေါ်ရန် ရုန်းကန်ခဲ့ရပြီး အဖွဲ့အတွင်း သဘောထားကွဲမှုများနှင့် စစ်ကောင်စီအပေါ် သြဇာကင်းမဲ့ခြင်းကြောင့် အထူးကိုယ်စားလှယ်တဦး ခန့်အပ်ရေးကိုပင် အချိန် ၃ လကျော် ယူရသည်။ စစ်ကောင်စီသည် ၎င်းတို့အပေါ် ဖိအားကြီးထွားနေစဉ်က ASEAN ၏ အစီအစဉ်ကို တွန့်တိုစွာ လက်ခံခဲ့သော်လည်း ထိုဘုံသဘောတူညီချက်နှင့် ပတ်သက်သည့် လိုက်လျောမှု အနည်းငယ်လုပ်ရခြင်းကိုပင် ခေါင်းမာနေသည်။ ASEAN သည် စစ်ကောင်စီအာဏာခိုင်မာစေရန် အချိန်ဆွဲနေသည်ဆိုသည့် ဝေဖန်မှုများ ကြီးထွားလာသည်။
အလှည့်အပြောင်းများ
လက်တွေ့တွင်မူ စစ်ကောင်စီသည် မြန်မာနိုင်ငံအပေါ် ၎င်းတို့အုပ်ချုပ်ရေးကို ခ်ိုင်မာအောင်လုပ်ဆောင်နိုင်ခြင်း မရှိပေ။ ဖိနှိပ်သောအာဏာကို စိတ်တိုင်းကျ သုံးပြီးနောက် စစ်ကောင်စီက ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်သော ဖိနှိပ်မှုသည် အကြမ်းမဖက်သောလှုပ်ရှားမှုကို ကျယ်ပြန့်သော လက်နက်ကိုင် ခုခံမှုအဖြစ် ပြောင်းလဲပစ်လိုက်သည်။ ထိုအကြမ်းဖက်မှုသည် နိုင်ငံတဝှမ်းတွင် ထိန်းချုပ်မရတော့ဘဲ စစ်ကောင်စီ၏ မိတ်ဆွေအနည်းငယ် အထူးသဖြင့် တရုတ်က မကြိုဆိုသည့် လမ်းကြောင်းသို့ ဦးတည်သွားသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် NLD သည်သာ အရှိန်ပြင်းထန်လာသော ပဋိပက္ခလျှော့ချရေးနှင့် ယခင်အခြေအနေသို့ မြန်မာပြန်သွားရေးအတွက် အဓိကျသည့် အင်အားစုအဖြစ် ပို၍ ပို၍ တွက်ချက်လာသည်
တရုတ်နိုင်ငံသည် အာဏာသိမ်းသည့် ပထမဆုံးနေ့တွင်ပင် စစ်အုပ်စုနိုင်မည့် အလားအလာရှိသည် ထင်ပြီး ၎င်းတို့၏လောင်းကြေးကို စစ်ကောင်စီနှင့် အတိုက်အခံဘက်တွင်ပါ ဂရုတစိုက် ထပ်ထားသည်။ သို့သော် ကြီးထွားလာသည့် မတည်ငြိမ်မှု၊ ၎င်းတို့အကျိုးစီးပွားနှင့် မြန်မာနှင့် နယ်စပ်ဒေသ တည်ငြိမ်မှုအပေါ် နောက်ဆက်တွဲ သက်ရောက်မှုများကြောင့် တရုတ်နိုင်ငံသည် ၎င်းတို့၏ သဘောထားကို ပြန်လည်စဉ်းစားရသည်။ ထို့အပြင် စစ်ကောင်စီက တရုတ်ကို မမှီခိုလိုသောကြောင့် ရုရှားဘက် ကပ်သည်ကိုလည်း ဘေ့ဂျင်းက စိတ်ချမ်းမြေ့ပုံမရပေ။ တဘက်တွင်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် NLD တို့သည် စစ်ကောင်စီထက် ပိုမိုအဆင်ပြေသော ဆက်ဆံရေးရှိသည်။ ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD သည်သာ အရှိန်ပြင်းထန်လာသော ပဋိပက္ခလျှော့ချရေးနှင့် ယခင်အခြေအနေသို့ မြန်မာပြန်သွားရေးအတွက် အဓိကျသည့် အင်အားစုအဖြစ် ပို၍ ပို၍ တွက်ချက်လာသည်။
သြဂုတ်လနှောင်းပိုင်းတွင် တရုတ်နိုင်ငံ၏ အာရှရေးရာ အထူးသံတမန် ဆွန်ကော့ရှန်သည် နေပြည်တော်တွင် တပတ်ကြာရောက်လာပြီး ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံရန် တောင်းဆိုသော်လည်း အချည်းနှီး ဖြစ်ခဲ့ကြောင်း သတင်းများက ဆိုသည်။ စစ်ကောင်စီ၏ ရွေးကောက်ပွဲကော်မရှင်က NLD ကို ဖျက်သိမ်းရန် ခြေလှမ်းပြင်သောအခါ တရုတ်နိုင်ငံက ထိုဆုံးဖြတ်ချက်ကို ဆန့်ကျင်ပြီး NLD က တရုတ်ကွန်မြူနစ်ပါတီ ရာပြည့်အတွက် ပေးပို့သော သဝဏ်လွှာကို တုံ့ပြန်ခြင်းနှင့် နောင်တွင် တရုတ်ကွန်မြူနစ်ပါတီက ကျင်းပသည့် “စီးပွားရေးဖွံ့ဖြိုးမှုအတွက် ပူးပေါင်းအားထုတ်ရာတွင် နိုင်ငံရေးပါတီများ ပူးပေါင်းဆောင်ရွက်ရေး အစည်းအဝေး”သို့ NLD ကို ဖိတ်ကြားခြင်းတို့ဖြင့် တုံ့ပြန်လိုက်သည်။
စစ်ကောင်စီအတွက် ကြီးမားသော ထိုးနှက်ချက်မှာ စစ်ကောင်စီဆန့်ကျင်ရေးဘက်က ရပ်တည်သော ဦးကျော်မိုးထွန်းကို မြန်မာနိုင်ငံ၏ ကုလသမဂ္ဂကိုယ်စားလှယ်နေရာတွင် ဆက်လက်ထားပြီး စစ်ကောင်စီ၏ ကိုယ်စားလှယ်ကို ပိတ်ဆို့ထားရန် တရုတ်နှင့် အမေရိကန်ပြည်ထောင်စုတို့ သဘောတူသည်ဆိုသည့် သတင်းဖြစ်သည်။ ထို့ကြောင့် နိုင်ငံတကာအသိအမှတ်ပြုခံရမှု ရရန် စစ်ကောင်စီ၏ မျှော်လင့်ချက်များသည် အချိန်နှင့်အမျှ မှေးမှိန်လာသည်။ ဥရောပသမဂ္ဂကလည်း ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ တို့သည်သာ မြန်မာပြည်သူများ၏ ဒီမိုကရေစီဆန္ဒများကို ကိုယ်စားပြုကြောင်း ဆုံးဖြတ်လိုက်သည်။ သို့သော် စစ်ကောင်စီသည် ASEAN ထောက်ခံမှုကို မျှော်လင့်နေဆဲဖြစ်သည်။
မျှော်လင့်ချက်များ တစစီပြိုကွဲ
ဝင်ရောက်မစွက်ဖက်ရေးနှင့် ဘုံသဘောတူညီချက်ယူရေးဆိုသည့် ASEAN ၏ နှစ်ပေါင်းများစွာကြာပြီဖြစ်သော မူများကို စဉ်းစားပြီးနောက် စစ်အာဏာသိမ်းခေါင်းဆောင်များသည် ASEAN ကို ၎င်းတို့အလိုကျ အသုံးချနိုင်သည်ဟု ယူဆခဲ့သည်မှာ သေချာသည်။ ဘုံသဘောတူညီချက် ၅ ချက်ကို လက်ခံပြီး မကြာမီတွင် စစ်ကောင်စီခေါင်းဆောင်က ထိုကိစ္စများကို နိုင်ငံတည်ငြိမ်မှု ပြန်လည်ထိန်းသိမ်းပြီးမှသာ စဉ်းစားမည် ဖြစ်ကြောင်းပြောကြားပြီး နောက်ကြောင်းပြန်လှည့်သည်။ ASEAN အထူးသံတမန် အာရီဝန် ယူဆွတ်သည် ၎င်းတို့၏ တီးလုံးအတိုင်း ကမည်ဟုလည်း စစ်ကောင်စီက လွန်စွာမျှော်လင့်ခဲ့သည်။ ထိုအထူးသံတမန်၏ ခရီးစဉ်အတွက် သဘောတူညီချက်များမရမီတွင် စစ်ကောင်စီသည် ၎င်းနှင့်နီးစပ်သော နိုင်ငံရေး မဟာမိတ်များကို နေပြည်တော်သို့ ဖိတ်ခေါ်ထားပြီးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရေး တောင်းဆိုချက်ကို ၎င်းတို့က ဒေါ်အောင်ဆန်းစုကြည်သည် စွဲချက်အများအပြားဖြင့် တရားရင်ဆိုင်နေရသည်ဆိုသည် အခြေအမြစ်မရှိသည့် အကြောင်းပြချက်ဖြင့် ပယ်ချခဲ့ပြီး အထူးကိုယ်စားလှယ်အနေဖြင့် ပထမဆုံးခရီးစဉ်တွင် ယုံကြည်မှုတည်ဆောက်ရေးသာ လုပ်သင့်ကြောင်း ယုံကြည်အောင် ပြောကြည့်သည်။
စစ်ကောင်စီကိုယ်စားလှယ်နှင့် မတွေ့ဆုံမိစေရန် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုုပ်က ASEAN နှင့် စီစဉ်ထားပြီးဖြစ်သော အွန်လိုင်းအစည်းအဝေးကို နောက်ဆုံးအချိန်ရောက်မှ ဖျက်သိမ်းလိုက်သည်။ ထိုကိစ္စသည် ASEAN အပေါ် အယုံအကြည်ရရှိရန် သေရေးရှင်ရေးဖြစ်ကြောင်း ASEAN အဖွဲ့ဝင်အချို့ သဘောပေါက်လိုက်သည်။
ထိုသို့လုပ်ဆောင်ခြင်းသည် ဆုံးဖြတ်ချက် မပြတ်သားသော ASEAN ကို သိမ်းသွင်းနိုင်မည်ဟု စစ်ကောင်စီက ယုံကြည်နေသော်လည်း ASEAN အထူးသံတမန်က မြန်မာသို့ သူ၏ခရီးစဉ်ကို ရုတ်တရက် ဖျက်သိမ်းလိုက်သည်။ ASEAN အပေါ် နိုင်ငံတကာဖိအားသည် ဆက်လက်များပြားလာနေသည်။ စစ်ကောင်စီကိုယ်စားလှယ်နှင့် မတွေ့ဆုံမိစေရန် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုုပ်က ASEAN နှင့် စီစဉ်ထားပြီးဖြစ်သော အွန်လိုင်းအစည်းအဝေးကို နောက်ဆုံးအချိန်ရောက်မှ ဖျက်သိမ်းလိုက်သည်။ ထိုကိစ္စသည် ASEAN အပေါ် အယုံအကြည်ရရှိရန် သေရေးရှင်ရေးဖြစ်ကြောင်း ASEAN အဖွဲ့ဝင်အချို့ သဘောပေါက်လိုက်သည်။ ထို့ကြောင့်နောက်ဆုံးတွင် ASEAN အထူးအစည်းအဝေးဖြစ်လာပြီး မြန်မာစစ်ကောင်စီခေါင်းဆောင်ကို လာမည့် ထိပ်သီးဆွေးနွေးပွဲတွင် ချန်လှပ်ထားရေး ဆုံးဖြတ်ရတော့သည်။ ထိုလုပ်ရပ်သည် ဘုံသဘောတူညီချက်ရယူသော ASEAN တွင် ယခင်က မလုပ်ဘူးသော လုပ်ရပ်ဖြစ်သလို နိုင်ငံတကာတရားဝင်မှု လိုချင်သော စစ်ကောင်စီအတွက်လည်း သေလောက်သော ထိုးနှက်ချက်ဖြစ်သည်။
စစ်ကောင်စီက ASEAN ဆုံးဖြတ်ချက်နှင့်ပတ်သက်ပြီး လွန်စွာ စိတ်ပျက်ကြောင်းပြောပြီး ထိုကိစ္စကိုလည်း သံသယဖြစ်စရာ မလိုပေ။ အာဏာရှင်စနစ်၏ သံတမန်ရေးလုပ်ထုံးလုပ်နည်းဟောင်းများသည် အလုပ်မဖြစ်တော့ပေ။ စစ်ကောင်စီက လွန်စွာအားထားသည့် မိတ်ဆွေအနည်းငယ်သည် ၎င်းတို့ကိုကျောခိုင်းလိုက်ပြီ ဖြစ်သည်။ စစ်ကောင်စီသည် ထိုဆုံးဖြတ်ချက်အတွက် ထုံးစံအတိုင်း ပြင်ပစွက်ဖက်မှု (အမေရိကန်ပြည်ထောင်စု နှင့် ဥရောပသမဂ္ဂ၏ ဖိအား) ကို အပြစ်တင်သည်။ အတိုက်အခံများက လှုံ့ဆော်သည့် အကြမ်းဖက်မှုများကို ASEAN က ထည့်သွင်းစဉ်းစားရန် ပျက်ကွက်ခြင်းကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မေးခွန်းထုတ်သည်။ ၎င်းတို့ သိက္ခာကျဆင်းရခြင်းအတွက် ASEAN ကို ပြန်လည်မာန်ဖီခြင်းအပြင် စစ်ကောင်စီသည် ၎င်းကို ကျောခိုင်းသွားသော မိတ်ဆွေအနည်းငယ်ကို ၎င်း၏ဘက်တွင်ပြန်လည်ရပ်တည်ရန် နိုင်ငံရေးလှည့်ကွက်တခု လုပ်လိုက်သည်။ ASEAN ၏ ဆုံးဖြတ်ချက်အပြီး ၂ ရက်ကြာသောအခါ စစ်ကောင်စီဆန့်ကျင်သည့် ဆန္ဒပြပွဲများကြောင့် ဖမ်းဆီးထားသည့် နိုင်ငံရေးအကျဉ်းသား ၁၃၁၆ ဦးနှင့် နိုင်ငံရေးအရ ဖမ်းဆီးထားသူ ၄၃၂၀ ဦးကို လွှတ်ပေးကြောင်း စစ်ကောင်စီကကြေညာသည်။ သို့သော် ထိုလုပ်ရပ်သည် ASEAN ကို ၎င်းတို့၏ ဆုံးဖြတ်ချက် ရုတ်သိမ်းပေးရန် လုံလောက်ခြင်း မရှိပေ။
ယခုအခါ စစ်ကောင်စီသည် ယခင်အာဏာရှင်များ၏ သံတမန်ရေး ကစားနည်းဟောင်းကိုပင် ကစားနိုင်ခြင်း မရှိတော့ပေ။ စစ်ကောင်စီ၏ ကျဆုံးမှုအများအပြားအနက် ထိုကိစ္စသည် အနည်းဆုံး ၎င်းတို့၏ အတွင်းပိုင်း ပဋိပက္ခဖြစ်လာနိုင်သည်အထိ အရင်းအနှီးကြီးသည့် ကျဆုံးမှုဖြစ်နိုင်သည်။
ASEAN ၏ ဆုံးဖြတ်ချက်သည် စစ်ကောင်စီကိုသာမက ၁၉၈၈ မှ ၂၀၁၀ ခုနှစ်အထိ ပြင်းထန်သော နိုင်ငံတကာ ဖိအားကို မိတ်ဆွေအနည်းငယ်ဖြင့် ရှင်သန်ကျော်ဖြတ်ခဲ့သည်ကို ကြွားလုံးထုတ်ခဲ့သည့် ဗိုလ်ချုပ်ဟောင်းများ အားလုံးအတွက်ပါ ဘဝပျက်စေသည့် သက်ရောက်မှုရှိသည်။ စစ်ကောင်စီ၏ တရားမဝင်သော အုပ်ချုပ်ရေးနှင့် အာဏာကို ခိုင်မာလာအောင် လုပ်နိုင်စွမ်း မရှိသည့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ အစွမ်းအဆမဲ့မှုကိုပါ အထင်အရှား ပြသနေသည်။ ထိုကိစ္စသည် အငြိမ်းစားဗိုလ်ချုပ်များ၏ စိတ်ပျက်မှုကြောင့် ပေါ်ပေါက်လာသော တပ်တွင်းခေါင်းဆောင်မှုကို မေးခွန်းထုတ်ခြင်းကိုဖြစ်စေနိုင်သည်။
အာဏာသိမ်းပြီး ၉ လကြာသောအခါ စစ်ကောင်စီသည် နိုင်ငံကို ကျဆုံးနိုင်ငံဆင့်သို့လျှောကျစေရန် ခြိမ်းခြောက်နေသည့် နိုင်ငံရေး အကျပ်အတည်းမှအပ မည်သည်ကိုမျှ မစွမ်းဆောင်နိုင်ဘဲ ပိုမိုဆိုးရွားသည့် အကြမ်းဖက်မှုများနှင့် စီးပွားရေးတခုလုံးကို ဖျက်ဆီးခြင်းကိုသာ ဖြစ်စေသည်။ ယခုအခါ စစ်ကောင်စီသည် ယခင်အာဏာရှင်များ၏ သံတမန်ရေး ကစားနည်းဟောင်းကိုပင် ကစားနိုင်ခြင်း မရှိတော့ပေ။ စစ်ကောင်စီ၏ ကျဆုံးမှုအများအပြားအနက် ထိုကိစ္စသည် အနည်းဆုံး ၎င်းတို့၏ အတွင်းပိုင်း ပဋိပက္ခဖြစ်လာနိုင်သည်အထိ အရင်းအနှီးကြီးသည့် ကျဆုံးမှုဖြစ်နိုင်သည်။
(ရဲမျိုးဟိန်းသည် တကောင်းနိုင်ငံရေးလေ့လာမှု အင်စတီကျု အမှုဆောင်ဒါရိုက်တာနှင့် Woodrow Wilson International Center for Scholars ၏ အာရှအစီအစဉ်မှ သုတေသီတဦးဖြစ်သည်။ ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Myanmar’s Junta Has No Diplomatic Cards to Play ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)
You may also like these stories:
အာဆီယံနှင့် မြန်မာ ရှေ့ဘာဆက်ဖြစ်မလဲ
မြန်မာအကျပ်အတည်း ကိုင်တွယ်ရေး အမေရိကန် တဆင့်တက်တော့မည်
မျက်နှာပန်းလှချင်လား ဒါမှမဟုတ် တချိန်လုံးပဲ အပြစ်ဖို့ခံချင်သလား
စစ်ကောင်စီအကြီးအကဲက ဒေါ်အောင်ဆန်းစုကြည်အပေါ် ပုဂ္ဂိုလ်ရေးအာဃာတ ကြီးမားနေ