တရားဝင်ရွေးကောက်ခံအရပ်သားအစိုးရထံမှ အာဏာကို အတင်းအကျပ်ယူပြီး ၉ လနီးပါး ကြာချိန်တွင် မြန်မာစစ်ကောင်စီ၏ ထိုအာဏာသိမ်းမှုသည် အာဏာလုယူ သက်သက်သာဖြစ်ပြီး အာဏာကို ထိန်းချုပ်ခြင်းမှာ လုံးဝသီးခြားဖြစ်သော ပကတိအခြေအနေဖြစ်ကြောင်း ပြသနေသည်။
ဖေဖေါ်ဝါရီလ ၁ ရက်နေ့စစ်အာဏာသိမ်းမှုနောက်ပ်ိုင်းကိစ္စများကို လုပ်ဆောင်နိုင်ခြင်းမရှိသော မြန်မာစစ်တပ်၏ စွမ်းရည်သည် ပြည်တွင်း၊ ဒေသတွင်းနှင့် နိုင်ငံတကာတွင် ဘက်စုံစိန်ခေါ်မှုများကို ဖြစ်စေသည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် သူ၏ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဟုခေါ်သော အာဏာလုအစိုးရက ဦးဆောင်သည့် မြန်မာစစ်တပ်၏ ဗြောင်ကျလှသော သွေးစွန်းသည့် အာဏာသိမ်းမှုကို တုံ့ပြန်သည့်အနေဖြင့် အရှေ့တောင်အာရှနိုင်ငံများအသင်း ASEAN သည် တွေဝေပြီး ခြေဒရွတ်ဆွဲနေကာ နိုင်ငံတကာမှ ညီညွတ်သော ပြစ်တင်ရှုတ်ချမှုများကို ရင်ဆိုင်ရချိန်တွင် စစ်အာဏာသိမ်းမှု မျဉ်းကွေး၏ နောက်တွင် ကျန်နေရစ်သည်။
ယခုအခါ ASEAN ၏ လုပ်ငန်းယန္တရားများသည် အရှေ့တောင်အာရှ ၁၀ နိုင်ငံအုပ်စုကို အမီလိုက်လာပြီ ဖြစ်သည်။ ၃၈ နှင့် ၃၉ ကြိမ်မြောက် ASEAN ထိပ်သီးဆွေးနွေးပွဲများနှင့် သက်ဆိုင်ရာ ခေါင်းဆောင်များ အစည်းအဝေးများ နီးကပ်လာသောအခါ မြန်မာ စစ်အာဏာသိမ်းမှုကိစ္စသည် ထိပ်တန်းအကြောင်းအရာ ဖြစ်လာပြီး ASEAN ၏ ဖွဲ့စည်းတည်ဆောက်ပုံဆိုင်ရာ အားနည်းချက်ကို ဖေါ်ပြနေသည်။ အက္ခရာစဉ်အရ အလှည့်ကျ ဥက္ကဋ္ဌတာဝန်ယူသည့် ASEAN ၏ အလေ့အထအရ ဘရူနိုင်းသည် လက်ရှိဥက္ကဋ္ဌဖြစ်ပြီး ကမ္ဘောဒီးယားသည် လာမည့်နှစ်အတွက် ဥက္ကဋ္ဌဖြစ်သည်။ မြန်မာစစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် အင်ဒိုနီးရှားနှင့် မလေးရှားတို့နှင့် မတူသော ထို ၂ နိုင်ငံသည် မြန်မာစစ်တပ်အပေါ် ပြတ်သားမည့် ပုံမပေါ်ပေ။
ASEAN ထိပ်သီးဆွေးနွေးပွဲများနှင့် သက်ဆိုင်ရာ ခေါင်းဆောင်များ အစည်းအဝေးများ နီးကပ်လာသောအခါ မြန်မာ စစ်အာဏာသိမ်းမှုကိစ္စသည် ထိပ်တန်းအကြောင်းအရာ ဖြစ်လာပြီး ASEAN ၏ ဖွဲ့စည်းတည်ဆောက်ပုံဆိုင်ရာ အားနည်းချက်ကို ဖေါ်ပြနေသည်။
ASEAN အတွက် ခေါင်းဆောင်များအစည်းအဝေးများသည် ထုံးတန်းစဉ်လာဖြစ်ပြီး တနိုင်ငံစီမှ သင့်တော်သည် ထင်သည့် ခေါင်းဆောင်များ တက်ရောက်ကြသည်။ သို့သော် ASEAN ဦးဆောင်သည့် ထိပ်သီးဆွေးနွေးပွဲတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရှိနေခြင်းသည် အခြား အဓိက မိတ်ဖက်နိုင်ငံများကို ပစ်ပယ်ရာရောက်နေသည်။ ဥပမာအားဖြင့်ဆိုရပါက အရှေ့အာရှထိပ်သီးဆွေးနွေးပွဲတွင် အမေရိကန်ပြည်ထောင်စု၊ သြစတြေးလျ၊ နယူးဇီလန်၊ ဂျပန်နှင့်တောင်ကိုရီးယားတို့ပါဝင်ပြီး ၎င်းတို့သည် စစ်အာဏာရှင်ကို လူကိုယ်တိုင်တွေ့ရန် မဆိုထားနှင့့် ဗီဒီယိုနှင့်ပင် မတွေ့လိုသည့် ဒီမိုကရေစီနိုင်ငံများဖြစ်နေသည်။
ASEAN ၏ မြန်မာပြဿနာသည် ရိုးရှင်းလှသည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်စစ်အုပ်စုသည် အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ကဦးဆောင်ပြီး လူမှုအာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ၊ ပြည်သူ့ကာကွယ်ရေးတပ်များ (PDF) နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (EAOs) တို့ပါဝင်သည့် ပိုမိုကျယ်ပြန့်သည့် တနိုင်ငံလုံးဆန့်ကျင်မှုကို ခံနေရသည်။ အရပ်သားဦဆောင်သည့် ခုခံရေး လှုပ်ရှားမှုကို စစ်အာဏာသိမ်းမှုက နှိမ်နင်းနိုင်ခဲ့လျှင် ASEAN သည် ယခုအကျပ်အတည်းတွင်းသို့ ကျရောက်မည် မဟုတ်ဘဲ ASEAN ထိပ်သီးဆွေးနွေးပွဲများတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပါဝင်ခြင်းသည် ထုံးစံအတိုင်းသာဖြစ်မည်။
မြန်မာနိုင်ငံမှ မပြီးစီးသေးသည့် အင်အားချည့်နဲ့လာသည့် အာဏာသိမ်းမှုက အနာဂတ်တွင် ကမ္ဘာတဝှမ်းမှ စစ်အာဏာသိမ်းမှုများသည် ယခင်ကလောက် အောင်မြင်တော့မည် မဟုတ်ကြောင်းကို ပြသနေသည်။ အင်အားစုများ ပေါင်းစည်းခြင်းနှင့် အာဏာကို ကျင့်သုံးနိုင်ခြင်းသည် ခုခံမှုနှင့် အတိုက်အခံများဘက်သို့ မျက်နှာသာပေးနေသည်။
သို့သော် မြန်မာနိုင်ငံမှ မပြီးစီးသေးသည့် အင်အားချည့်နဲ့လာသည့် အာဏာသိမ်းမှုက အနာဂတ်တွင် ကမ္ဘာတဝှမ်းမှ စစ်အာဏာသိမ်းမှုများသည် ယခင်ကလောက် အောင်မြင်တော့မည် မဟုတ်ကြောင်းကို ပြသနေသည်။ အင်အားစုများ ပေါင်းစည်းခြင်းနှင့် အာဏာကို ကျင့်သုံးနိုင်ခြင်းသည် ခုခံမှုနှင့် အတိုက်အခံများဘက်သို့ မျက်နှာသာပေးနေသည်။ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာများက မြန်မာအတိုက်အခံ အုပ်စုများအတွက် ယခင်မကြုံဘူးသော လှုပ်ရှားဆောင်ရွက်မှုနှင့် ဖွဲ့စည်းမှုများကို ဖြစ်စေသည်။ ၎င်းတို့အနက် အချို့သည် ဗြောင်ကျကျ အာခံပြီး လက်နက်ငယ်များကို ကိုင်ဆောင်ကာ စစ်ကောင်စီတပ်များနှင့် တိုက်ခိုက်ကြသည်။
မြန်မာ၏ ယခုအကျပ်အတည်းသည် ASEAN က ဝင်ရောက်ဖြေရှင်းပေးရန် ဖိအားပေးခံနေရသည့် နိုင်ငံတကာ အကျပ်အတည်းဖြစ်လာသည်။ ထိုအကျပ်အတည်းတွင် စစ်တပ်သည် ထိန်းချုပ်ခိုင်မာအောင် လုပ်နိုင်သည့် စွမ်းရည်မရှိသလို ဆုံးဖြတ်ချက်ပြတ်သားပြီး ပြင်းထန်သည့် အတိုက်အခံလှုပ်ရှားမှုကလည်း ပိုမိုပြင်းထန်သော ပစ်အားရှိပြီး တိုက်ပွဲအတွေ့အကြုံရထားသော စစ်တပ်ကို မအောင်မြင်နိုင်ပေ။ မြန်မာစစ်အာဏာသ်ိမ်းမှုသည် ပြင်ဆင်မရတော့သော ကိစ္စဖြစ်ပြီး ထိုကိစ္စကို အဆင်သင့်သလိုသာ သဘောထားလိုက်သော စောစီးစွာ အညံ့ခံသူများကို ရှုတ်ချသင့်သည်။ မြန်မာနိုင်ငံတွင် အာဏာသိမ်းမှု ဖြစ်ခဲ့သော်လည်း အောင်မြင်ခြင်း မရှိသေးပေ။ အတိုက်အခံလှုပ်ရှားမှုသည် အင်အားကြီးမားပြီး ပြင်းထန်နေသည်။ စစ်တပ်သည် အဆုံးထိမတိုက်ဘဲ ထိုအတိုက်အခံများကို နှိမ်နင်းနိုင်မည့် အခြေအနေမရှိပေ။
ASEAN ၏ ခေါင်းရှောင်ခြင်းသည် အလုပ်မဖြစ်ပေ။ အောက်တိုဘာလ ၁၅ ရက်နေ့က ကျင်းပသည့် အရေးပေါ် အစည်းအဝေးတွင် ASEAN နိုင်ငံခြားရေးဝန်ကြီးများက မြန်မာအတွက် စစ်ကောင်စီခေါင်းဆောင်ကို မဖိတ်ကြားဘဲ နိုင်ငံရေးကိုယ်စားပြုမှု မရှိသူ တဦးကို ဖိတ်ကြားရန် ဆုံးဖြတ်ခဲ့ပြီး စစ်ကောင်စီခေါင်းဆောင်ကို ဖိတ်ကြားခြင်းသည် ထိပ်သီးဆွေးနွေးပွဲ၏ အဓိကမိတ်ဖက်များကို မကြိုဆိုသည့် သဘောသက်ရောက်ခြင်းအပေါ် နားလည်ကြောင်း သွယ်ဝိုက်ပြသခဲ့သည်။ စစ်ကောင်စီခေါင်းဆောင်နှင့် ပတ်သက်သည့် ASEAN ၏ ဘုံသဘောတူညီချက်မှာ တပါးသူ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရေးဆိုသည့် ASEAN ၏ သမားရိုးကျနှင့် ချိုးဖေါက်ခြင်း မရှိဖူးသေးသော မူမှ ခွဲထွက်သော အဓိက ခြေလှမ်းဖြစ်သည်။
ASEAN အတွက် နောက်ထပ်ကြီးမားသည့် စိန်ခေါ်မှုနှင့် အလားအလာရှိသော ရှေ့ဆက်ရမည့် ဖြစ်ပေါ်တိုးတက်မှုခြေလှမ်းမှာ နှိုင်းယှဉ်ချက်အားဖြင့် တဖြည်းဖြည်းတိုးလာနေသော ဝင်ရောက်စွက်ဖက်မှုသည် မည်မျှအထိ ခရီးရောက်မည်၊ မည်သို့ အကန့်အသတ်ထားမည်ဖြစ်ပြီး ၎င်းကို ဆက်လက်စောင့်ကြည့်ရဦးမည်။
ယခုအခါ ဝင်ရောက်မစွက်ဖက်ရေးမူကို ဆက်လက်ဆုပ်ကိုင်ခြင်း မရှိတော့သောကြောင့် ASEAN အတွက် နောက်ထပ်ကြီးမားသည့် စိန်ခေါ်မှုနှင့် အလားအလာရှိသော ရှေ့ဆက်ရမည့် ဖြစ်ပေါ်တိုးတက်မှုခြေလှမ်းမှာ နှိုင်းယှဉ်ချက်အားဖြင့် တဖြည်းဖြည်းတိုးလာနေသော ဝင်ရောက်စွက်ဖက်မှုသည် မည်မျှအထိ ခရီးရောက်မည်၊ ထိုကိစ္စနှင့်ပတ်သက်ပြီး မည်သို့ အကန့်အသတ်ထားမည်ဖြစ်ပြီး ၎င်းကို ဆက်လက်စောင့်ကြည့်ရဦးမည်။ မြန်မာအာဏာသိမ်းမှုပြဿနာသည် စံသတ်မှတ်ချက်အသစ်ကို ချမှတ်အကောင်အထည်ဖေါ်ရန် ASEAN အတွက် အဆိုးထဲမှ အကောင်းဖြစ်နိုင်သည်။ ထိုစံသတ်မှတ်ချက်အသစ်မှာ ယခင်က ဝင်ရောက်မစွက်ဖက်ရေးမူဟောင်းနှင့် အိမ်နီးချင်းနိုင်ငံများ၏ နိုင်ငံရေးအခြေအနေတွင် ပြောရေးဆိုခွင့်ရှိရေးဆိုသည့် မူကို ပေါင်းစပ်ထားသည့် စံသတ်မှတ်ချက်သစ်ဖြစ်သည်။
ထိုတင်းမာပြီး သဘောထားဆန့်ကျင်ဖက်ဖြစ်နေသော အခြေအနေအောက်တွင် မြန်မာ၏ နိုင်ငံရေးနှင့်မသက်ဆိုင်သူ ဖြစ်လာမည့်သူသည် ဆန့်ကျင်ဖက် စကားအလင်္ကာသာဖြစ်သည်။ မည်သည့်အဆင့်မြင့်အရာရှိ သို့မဟုတ် မြန်မာဖက်မှ ခန့်အပ်လိုက်သော ထိုက်သင့်သော ဂုဏ်သတင်းရှိသူသည် စစ်ကောင်စီခေါင်းဆောင်၏ ထောက်ခံမှုဖြင့်သာ ပေါ်ပေါက်လာမည်ဖြစ်သည်။ အဓိပ္ပါယ် ဖွင့်ဆိုချက်အရ ဆိုပါက ASEAN က အကြံပြုထားသည့် မြန်မာနိုင်ငံအတွက် ကိုယ်စားလှယ်သည် စစ်ကောင်စီခေါင်းဆောင်နှင့် စစ်ကောင်စီကပြောသည့် အတိုင်း လိုက်လုပ်မည်သာဖြစ်သည်။
ရှောင်ရှားမရသည့် အခြေအနေကို ဖြေရှင်းရန် ASEAN သည် NUG နှင့် စစ်ကောင်စီ နှစ်ဖက်လုံးကို မြန်မာနိုင်ငံ အနာဂတ်အား ထိန်းချုပ်ရန် အပေါ်စီးရခြင်း မရှိသေးချိန်တွင် ဖိတ်ကြားသင့်သည်။ NUG ကို ချန်လှပ်ထားခြင်းသည် ASEAN ၏ ယုံကြည်ခံရမှုနှင့် နိုင်ငံတကာ တရားဝင်မှုကို ထပ်မံထိခိုက်စေကာ ASEAN ၏ အရေးပါမှုကို လျှော့ကျစေမည်ဖြစ်သည်။
ရှောင်ရှားမရသည့် အခြေအနေကို ဖြေရှင်းရန် ASEAN သည် NUG နှင့် စစ်ကောင်စီ နှစ်ဖက်လုံးကို မြန်မာနိုင်ငံ အနာဂတ်အား ထိန်းချုပ်ရန် အပေါ်စီးရခြင်း မရှိသေးချိန်တွင် ဖိတ်ကြားသင့်သည်။ NUG ကို ချန်လှပ်ထားခြင်းသည် ASEAN ၏ ယုံကြည်ခံရမှုနှင့် နိုင်ငံတကာ တရားဝင်မှုကို ထပ်မံထိခိုက်စေကာ ASEAN ၏ အရေးပါမှုကို လျှော့ကျစေမည်ဖြစ်သည်။ လက်တွေ့တွင်မူ ASEAN အတွင်းမှ ဒီမိုကရေစီအစိုးရအချို့သည် NUG နှင့် ထိတွေ့ဆက်ဆံနေပြီးဖြစ်သည်။ လက်ရှိအချိန်အထိ အင်ဒိုနီးရှား၊ မလေးရှား၊ စင်္ကာပူနှင့် ဖိလစ်ပိုင်တို့သည် မြန်မာနိုင်ငံတွင် ဒီမိုကရေစီနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေမူဘောင် ပြန်လည်ထိန်းသိမ်းခြင်းကိ ထောက်ခံကြောင်း ထင်ရှားသည်။ ကျန်နိုင်ငံများသည် ခြံစည်းရိုးကို ခွထိုင် သို့မဟုတ် စစ်ကောင်စီကို သွယ်ဝိုက်ထောက်ခံနေကြသည်။
ထိုသို့ မြန်မာကိစ္စအပေါ် သဘောထားကွဲလွဲနေသောကြောင့် နှစ်ဘက်စလုံးမှ ကိုယ်စားပြုမှု ပုံစံသည် ပိုမိုမျှတသည်။ NUG သည် ဖွဲ့စည်းပုံအခြေခံဥပဒေမူဘောင်နှင့် ဒီမိုကရက်တစ်လုပ်ငန်းစဉ်ဖြင့် မြန်မာပြည်သူများ၏ တရားဝင်အစိုးရဖြစ်သည်။ မြန်မာစစ်ကောင်စီတွင် အာဏာရှိပြီး နေပြည်တော်မှ အစိုးရနေရာကို ယူထားသည်မှာ ထင်ရှားသည်။ သို့သော် မြန်မာနိုင်ငံမှ အရာရာသည် ပြင်းထန်လာသော ပြည်တွင်းစစ်မှ သွေး၊ ချွေးနှင့် မျက်ရည်များ ပေးဆပ်နေရမှုသာ ဖြစ်နေသေးသည်။
မြန်မာစစ်အာဏာသိမ်းမှုနှင့် ထိပ်သီးဆွေးနွေးပွဲ ကိုယ်စားပြုမှုသည် ASEAN ထ်ိပ်သီးဆွေးနွေးပွဲရာသီအတွင်း မည်သို့ ဆက်လက်ဖြစ်မည်ဆိုသည့် ကိစ္စအပေါ် လွန်စွာ သက်ရောက်မှုရှိသော အကျိုးဆက်များရှိသည်။ မြန်မာနိုင်ငံ၏ တရားဝင်ခေါင်းဆောင်မှု ပြဿနာအပေါ် ASEAN အကြီးအကဲများနှင့် မတွေ့ဆုံသေးခြင်းဖြင့် ဦးဆောင်လမ်းပြခဲ့သော ကုလသမဂ္ဂတွင် နောက်ထပ်ပြောစရာများ ရှိနေဦးမည်လည်း ဖြစ်သည်။ နိုင်ငံ၏ ရသင့်ရထိုက်သော ကိုယ်စားပြုမှုကို ဆုံးဖြတ်ရန် ကုလသမဂ္ဂ ကိုယ်စားလှယ်လောင်းအရည်အချင်း စိစစ်ရေးကော်မတီက နိုဝင်ဘာလတွင် တွေ့ဆုံသောအခါ မြေပြင်အခြေအနေများကို ထည့်သွင်းစဉ်းစားမည်ဖြစ်သည်။ ထိပ်သီးဆွေးနွေးပွဲကာလအတွင်း NUG နှင့် SAC နှစ်ခုလုံးကို အသိအမှတ်ပြုခြင်းသည် ASEAN ၏ အရေးပါမှုနှင့် ယုံကြည်ခံရမှု ပွန်းပဲ့ခြင်းကို ကာကွယ်န်ိုင်မည်ဖြစ်ပြီး ဧပြီလက ဘုံသဘောတူညီချက် ၅ ချက်နှင့်ပတ်သက်ပြီးလည်း စစ်ကောင်စီခေါင်းဆောင်နှင့် အပေးအယူလုပ်ရာတွင် ပိုမိုအထောက်အကူပြုမည်ဖြစ်သည်။ ထိိုသို့လုပ်ဆောင်ခြင်းသည် မြန်မာပြည်သူများအနေဖြင့် ပိုမိုမျှတသည့် ပုံစံဖြင့် ၎င်းတို့၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင်အတွက် တိုက်ပွဲဝင်နိုင်စေမည်လည်းဖြစ်သည်။
(သီတင်နန်ပေါင်ဆူဒီရက်သည် ချူလာလောင်ကွန်း တက္ကသိုလ် နိုင်ငံရေး သိပ္ပံဌာနမှ လုံခြုံရေးနှင့်နိုင်ငံတကာလေ့လာရေးအင်စတီကျုတွင် ပါမောက္ခနှင့် ဒါရိုက်တာဖြစ်သည်။ ဧရာဝတီအင်္ဂလိပ်ပိုင်းပါ Time for ASEAN to Give Myanmar’s Opposition a Seat at the Table ကို ဆီလျော်အောင် ဘာသာပြန်သည်။ )
You may also like these stories:
စစ်ကောင်စီတွင် သံတမန်ရေးကစားကွက် မရှိ
မျက်နှာပန်းလှချင်လား ဒါမှမဟုတ် တချိန်လုံးပဲ အပြစ်ဖို့ခံချင်သလား
စစ်ကောင်စီအကြီးအကဲက ဒေါ်အောင်ဆန်းစုကြည်အပေါ် ပုဂ္ဂိုလ်ရေးအာဃာတ ကြီးမားနေ
နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်နဲ့ သမ္မတကြီးတို့ အမှု နိုင်ငံသားတွေ သိခွင့်ရှိတယ်