• English
Monday, May 12, 2025
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

ရွေးကောက်ပွဲနိုင်ငံရေးမှ လက်နက်ကိုင်နိုင်ငံရေးသို့ မြန်မာ့အကူးအပြောင်း

by ရဲမျိုးဟိန်း
19 November 2021
in သူ့အတွေး သူ့အမြင်
A A
ဖေဖော်ဝါရီ ၂ ရက် နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦအနီး အာဏာသိမ်း စစ်တပ်က နေရာယူထားစဉ် / ဧရာဝတီ 

ဖေဖော်ဝါရီ ၂ ရက် နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦအနီး အာဏာသိမ်း စစ်တပ်က နေရာယူထားစဉ် / ဧရာဝတီ 

16.4k
VIEWS
Share on FacebookShare on Twitter

၁၈၇၄ ခုနှစ်က ယူကေ (United Kingdom) တွင် ကျင်းပသည့် အထွေထွေရွေးကောက်ပွဲသည့် ထိုနိုင်ငံတွင် ပြည့်၀သော ဒီမိုကရေစီသို့ အသွင်ကူးပြောင်းရာတွင် အဓိကကျသော ခြေလှမ်းတခုဖြစ်သည်။ ၁၈၇၂ နှင့် လျှို့ဝှက်မဲအက်ဥပဒေနောက်ပိုင်းတွင် လျှို့ဝှက်မဲစနစ်ကို ရွေးကောက်ပွဲတခုတွင် ပထမဆုံးစတင် အသုံးပြုသည်။ ထို့ကြောင့် အိမ်ငှားများသည် အိမ်ရှင်၏ဆန္ဒကို ဆန့်ကျင်ပြီး မဲပေးပါက အိမ်မှနှင်ချခံရမည့် ခြိမ်းခြောက်မှုကို ယခင်လောက်ကြောက်စရာမလိုတော့ဘဲ ၎င်းတို့လိုလားသော နိုင်ငံရေးအခြေခံများအရ ပိုမိုလွတ်လပ်စွာ မဲပေးလာနိုင်ကြသည်။ လျှို့ဝှက်မဲ၏ ကျေးဇူးကြောင့် အိုင်းရစ်ကိုယ်ပိုင်အုပ်ချုပ်ရေးအဖွဲ့ချုပ်ပါတီ Irish Home Rule League Party က ပါလီမန်တွင် ကိုယ်စားလှယ်နေရာ ၆၀ အနိုင်ရပြီး ယခင်ကလွှမ်းမိုးနေသော ကွန်ဆာဗေးတစ်နှင့် လစ်ဘရယ်များထံမှ အိုင်းရစ် နိုင်ငံရေးထိန်းချုပ်မှုကို ရယူလာသည်။ ပင်မနိုင်ငံရေးတွင် ဝီလျံဂလက်စတုန်း ခေါင်းဆောင်သော လစ်ဘရယ်များသည် ဘန်ဂျမင် ဒစ္စရေးလီ ဦးဆောင်သည့် ကွန်ဆာဗေးတစ်ပါတီကို ရှုံးနိမ့်ပြီး ဒစ္စရေးလီက ဝန်ကြီးချုပ်ရာထူးရယူသည်။ သို့သော် နောင် ၆ နှစ်ကြာသောအခါ ၁၈၈၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် လစ်ဘရယ်ပါတီက အနိုင်ရပြီး ဂလက်စတုန်းက အစိုးရခေါင်းဆောင်နေရာကို ယူပြီး ထိုရာထူးကို နှစ်ကြိမ်ဆက်ခံသည်။

ဗြိတိသျှအင်ပါယာ၏ ဗဟိုချက် လန်ဒန်မှ မိုင် ၅၀၀၀ ကျော်ဝေးသော ရွှေနန်းတော်တခုတွင် သက်ဦးဆံပိုင် ဘုရင်တပါးက ၁၈၇၄ ခုနှစ်ရွေးကောက်ပွဲတွင် ဂလက်စတုန်း ရှုံးနိမ်ခြင်းကို ကရုဏာသက်စွာ သက်ပြင်းချသည်။ “ဒါဆိုရင်တော့ သနားစရာကောင်းတဲ့ ဂလက်စတုံးကတော့ ထောင်ထဲရောက်ပြီထင်တယ်။ သူ့အတွက် စိတ်မကောင်းဘူး” ဟုပြောသည်။ ထိုဘုရင်သည် မင်းတုန်းမင်းဖြစ်သည်။ မင်းတုန်းမင်းသည် မြန်မာ့ထီးနန်းကို ဆက်ခံခဲ့သော ဘုရင်များအနက် အသိဉာဏ်အမြင့်မားဆုံး ဘုရင်များအနက် တပါးဖြစ်ကြောင်း ဗြိတိသျှဘားမား ကောက်မရှင်နာချုပ်ဟောင်း အဲလ်ဘတ် ဖစ်ချ်က ချီးကျူးခဲ့ဖူးသည်။ သို့သော် ထိုမျှ အသိဉာဏ်မြင့်မားသော ဘုရင်၏ အမြင်တွင်ပင် ရွေးကောက်ပွဲရှုံးနိမ့်ပြီး အာဏာစွန့်လွှတ်ရခြင်းသည် နိုင်ငံရေးသမားတယောက်၏ ဘ၀ လုံးဝပျက်စီးသွားပြီး ထောင်ထဲတွင် နိဂုံးချုပ်သွားနိုင်သည်ဟု ထင်နေသည်။

RelatedPosts

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

12 May 2025
2.5k
အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

10 May 2025
5.3k
ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

10 May 2025
6.7k

ထိုဘုရင်၏ပြောဆိုချက်သည် မြန်မာ့နိုင်ငံရေးယဉ်ကျေးမှုတွင် နက်ရှိုင်းစွာ မြှုပ်နှံထားသော ယနေ့တိုင် ဆက်လက်တည်ရှိနေသော မိမိနိုင်လျှင် တပါးသူရှုံးသည် ဆိုသည့် အတွေးအခေါ်ကို ထင်ဟပ်နေသည်။ နိုင်ငံရေးအရ အနိုင်အရှုံး အတွေးအခေါ်တွင် နိုင်ငံရေးကို ဖြစ်ပေါ်တိုးတက်မှုဖြစ်စဉ်ဟု မမြင်ဘဲ တဘက်က အနိုင်ရလျှင် အခြားတဘက်က လုံးဝကျဆုံးသွားပြီဟု မြင်သည့် ဇာတ်တူသားစားသည့် ကစားပွဲဖြစ်သည်။ ထို့ကြောင့်ပင် နိုင်ငံရေးဇာတ်ကောင်များသည် ရွေးကောက်ပွဲရှုံးနိမ့်ပြီး နောက်ဆက်တွဲ အာဏာဆုံးရှုံးရခြင်းကို သည်းမခံနိုင်လောက်အောင် ဖြစ်ရသည်။

မင်းတုန်းမင်းသည် မြန်မာ့ထီးနန်းကို ဆက်ခံခဲ့သော ဘုရင်များအနက် အသိဉာဏ်အမြင့်မားဆုံး ဘုရင်များအနက် တပါးဖြစ်ကြောင်း ဗြိတိသျှဘားမား ကောက်မရှင်နာချုပ်ဟောင်း အဲလ်ဘတ် ဖစ်ချ်က ချီးကျူးခဲ့ဖူးသည်။ သို့သော် ထိုမျှ အသိဉာဏ်မြင့်မားသော ဘုရင်၏ အမြင်တွင်ပင် ရွေးကောက်ပွဲရှုံးနိမ့်ပြီး အာဏာစွန့်လွှတ်ရခြင်းသည် နိုင်ငံရေးသမားတယောက်၏ ဘ၀ လုံးဝပျက်စီးသွားပြီး ထောင်ထဲတွင် နိဂုံးချုပ်သွားနိုင်သည်ဟု ထင်နေသည်။

စစ်တပ်ကျောထောက်နောက်ခံပြု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) က အာဏာရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ကို ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ထပ်မံရှုံးနိမ့်သောအခါ မြန်မာစစ်တပ်မှ ဗိုလ်ချုပ်များနှင့် ဗိုလ်ချုပ်ဟောင်းများသည် မိမိနိုင်လျှင် တပါးသူရှုံးနိမ့်သည်ဆိုသည့် အတွေးအခေါ်အတွင်း သက်ဆင်းသွားကြသည်။ ၎င်းတို့၏ ရန်သူ NLD ပါတီ ရွေးကောက်ပွဲ အကြိမ်ကြိမ်အနိုင်ရခြင်းသည် ၎င်းတို့ကာလကြာမြင့်စွာ ဆုပ်ကိုင်ထားသည့် အာဏာကို ပြန်မရနိုင်တော့သော ဆုံးရှုံးမှုဟုမြင်ပြီး ထိုသို့မဖြစ်စေရန် ၎င်းတို့ကိုယ်တိုင် စတင်ခဲ့သော နိုင်ငံရေးကစားပွဲတခုလုံးကို ဖျက်သိမ်းပစ်ခြင်းသာ ရှိသည်ဟု ယူဆကြသည်။ ရွေးကောက်ပွဲပြီး မကြာမီမှာပင် စစ်တပ်နှင့် အရေးနိမ့်သွားသော USDP ပါတီတို့က ရွေးကောက်ပွဲတွင် မဲလိမ်မှုရှိသည်ဆိုသည့် အခြေအမြစ်မရှိသော စွပ်စွဲချက်များဖြင့် ၂၀၂၀ ရွေးကောက်ပွဲရလဒ်များကို အငြင်းပွားကြသည်။ ထိုရွေးကောက်ပွဲအကျပ်အတည်းသည် ဖေဖေါ်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုကို ဖြစ်စေပြီး တည်ဆဲနိုင်ငံရေးစနစ်ကို ဖယ်ရှားပစ်လိုက်သည်။ မြန်မာစစ်တပ်က ရွေးကောက်ပွဲရလဒ်များကို မလေးစားဘဲ ဖျက်သိမ်းလိုက်သည်မှာ ယခုအကြိမ်သည် ပထမဆုံးအကြိမ်တော့ မဟုတ်ပေ။

သေနတ်ထောက် ရွေးကောက်ပွဲများ

မြန်မာလွတ်လပ်ရေးမတိုင်မီ အချိန်အနည်းငယ်အလို ၁၉၄၇ ခုနှစ်က ဝါရင့်နိုင်ငံရေးသမား ဒေါက်တာ ဘမော်က “မြန်မာ့အနာဂတ်ကို ဆုံးဖြတ်မှာက ရွေးကောက်ပွဲတွေမဟုတ်ဘူး သေနတ်ကပဲ ဆုံးဖြတ်မှာ” ဟု ကြိုတင် ဟောကိန်းထုတ်ခဲ့သည်။ ဒေါက်တာဘမော်၏ အတိတ်နိမိတ် မကောင်းသောဟောကိန်းသည် အမှန်ကို ကြိုမြင်သော ဟောကိန်းဖြစ်နေသည်။ လွတ်လပ်ရေးရပြီးမြန်မာ၏ နိုင်ငံရေးကို ရွေးကောက်ပွဲ ဒီမိုကရေစီက ပုံဖေါ်မပေးဘဲ လက်နက်ကိုင်ပဋိပက္ခ၊ လက်နက်ကိုင် အာဏာသိမ်းမှုနှင့် စစ်အာဏာရှင်များ၏ သက်ဦးဆံပိုင် အုပ်ချုပ်ရေးတို့ကသာ ပုံဖေါ်ပေးနေသည်။ တိုတောင်းလှသော ဒီမိုကရေစီပျားရည်ဆမ်း ခရီးကို လက်နက်အားကိုးဖြင့် ၎င်းတို့ကိုယ်၎င်းတို့ အုပ်ထိန်းသူများဖြစ်သည်ဟုဆိုသော စစ်တပ်က သတ်ဖြတ်လိုက်သည်။ အတိတ်ကို ပြန်ကြည့်လိုက်သောအခါ လွတ်လပ်ရေးအလွန် မြန်မာ၏ ပါလီမန် ရွေးကောက်ပွဲများသည် မဲလိမ်မှုများ၊ လုပ်ကြံသတ်ဖြတ်မှုများနှင့် အကြမ်းဖက်မှုများဖြင့် အကျည်းတန်နေသည်။ သူ၏ “The Union of Burma” အမည်ရှိစာအုပ်တွင် ဟူ့ဂျ်တင်ကာက မြန်မာရွေးကောက်ပွဲ သမိုင်းတွင် “နိုင်ငံရေးလူမိုက်လုပ်ခြင်းသည် အသစ်အဆန်း မဟုတ်ပေ” ဟု ရေးသားခဲ့သည်။ “ ၁၉၂၂ ခုနှစ်က ပထမဆုံးသော ရွေးကောက်ပွဲတွင်ပင် နိုင်ငံရေးသမားများက အကြမ်းဖက်ခြင်းကို အသုံးပြုကြသည်။ လွတ်လပ်ရေး ရပြီးခေတ် အာဏာရပါတီဖြစ်သော ဖက်ဆစ်တိုက်ဖျက်ရေးပြည်သူ့လွတ်မြောက်ရေးအဖွဲ့ချုပ်- ဖဆပလ (AFPFL) သည် အင်အားသုံးခြင်းနှင့် မတည်ငြိမ်မှုကို အားပေးပြီး အာဏာရလာသည်” ဟု သူရေးသည်။

ဖေဖော်ဝါရီလအတွင်း ဆန္ဒပြသူများအား နှိမ်နင်းရန် မန္တလေးမြို့ တနေရာတွင် စစ်သားများ နေရာယူထားစဉ်/ဧရာဝတီ

စစ်တပ်က မြန်မာ့ရွေးကောက်ပွဲဒီမိုကရေစီကို ပထမဆုံးသုတ်သင်ရှင်းလင်းသည်မှာ ၁၉၆၂ ခုနှစ်က ဖြစ်သည်။ စစ်တပ်က ၁၉၆၂ အာဏာသိမ်းမှုကို မည်သည့်အတွက် လုပ်ရသည်နှင့်ပတ်သက်သည့် ရှင်းလင်းချက် မျိုးစုံ ရှိသည်။ စစ်တပ်က တရားဝင်ပေးသောအကြောင်းပြချက်မှာ နိုင်ငံပြိုကွဲမည့် အန္တရာယ်ဖြစ်သည်။ လက်တွေ့တွင်မူ ၁၉၆၀ ရွေးကောက်ပွဲမှစတင်ပြီး အာဏာသိမ်းသည်ဆိုသည့် အတွေးအခေါ်သည် စစ်တပ် ထိပ်တန်းအရာရှိများအကြား ပျံ့နှံ့နေပြီးဖြစ်သည်။ ရွေးကောက်ပွဲစီစဉ်ရာတွင် အဓိကအခန်းမှ ပါဝင်ခဲ့သူ ကွယ်လွန်သူ ဗိုလ်မှူးချုပ်ဟောင်း မောင်မောင်က သူ၏ ၁၉၅၈-၆၀ အိမ်စောင့်အစိုးရ “Caretaker Government of 1958-1960” စာအုပ်တွင် အနိုင်ရသော ဦးနု၏ ပြည်ထောင်စုပါတီကို အာဏာ ပြန်လည်လွှဲပြောင်းပေးခြင်းကို ထိပ်တန်းစစ်အရာရှိများအကြား အပြင်းအထန်ဆန့်ကျင်မှုများ ရှိကြောင်း ရေးသားခဲ့သည်။

၁၉၅၈ ခုနှစ်တွင် ဖလပလအတွင်း ကွဲပြဲပြီးနောက် စစ်တပ်သည် အိမ်စောင့်အစိုးရဖြစ် ယာယီတာဝန်ယူပြီး ၁၉၆၀ ခုနှစ်တွင်ရွေးကောက်ပွဲတခု ကျင်းပပေးသည်။ ဦးနု၏ နိုင်ငံရေးပြိုင်ဘက်ဖြစ်သော ဦးဗဆွေနှင့် ဦးကျော်ငြိမ်းတို့ ဦးဆောင်သည့် တည်မြဲ ဖဆပလကို ထောက်ခံသည့် အဆင့်မြင့် စစ်အရာရှိအများအပြားက ရွေးကောက်ပွဲတွင် ဦးနုနိုင်လျှင် အာဏာပြန်လွှဲပေးရန် မစဉ်းကြပေ။ ဗိုလ်မှူးချုပ်မောင်မောင်၏ အဆိုအရ စစ်တပ်အကြီးအကဲ နေဝင်းကိုယ်တိုင်က ဗြောင်ကျကျ အာဏာသိမ်းခြင်းကို ထောက်ခံနေကြောင်း သိရသည်။ စစ်ခေါင်းဆောင်များနှင့် စစ်တပ်ကိုထောက်ခံသော ပါတီတို့သည် နိုင်ငံရေးတွင် မိမိနိုင်လျှင် တဘက်လူကို ချေမှုန်းသည့် အတွေးအခေါ်တွင် ပိတ်မိနေသည်။ ထို့ကြောင့် ရွေးကောက်ပွဲအပြီးတွင် အာဏာပြန်လည်လွှဲပြောင်းမှု အဆင်ပြေချောမွေ့သော်လည်း စစ်တပ်သည် ဗြောင်ကျကျအာဏာသိမ်းလိုက်ပြီး ၂ နှစ်ပင်မပြည့်မီ ရွေးကောက်ပွဲဒီမိုကရေစီကို အဆုံးသတ်ပစ်လိုက်သည်။

စစ်တပ်က ၁၉၆၂ အာဏာသိမ်းမှုကို မည်သည့်အတွက် လုပ်ရသည်နှင့်ပတ်သက်သည့် ရှင်းလင်းချက် မျိုးစုံ ရှိသည်။ စစ်တပ်က တရားဝင်ပေးသောအကြောင်းပြချက်မှာ နိုင်ငံပြိုကွဲမည့် အန္တရာယ်ဖြစ်သည်။ လက်တွေ့တွင်မူ ၁၉၆၀ ရွေးကောက်ပွဲမှစတင်ပြီး အာဏာသိမ်းသည်ဆိုသည့် အတွေးအခေါ်သည် စစ်တပ် ထိပ်တန်းအရာရှိများအကြား ပျံ့နှံ့နေပြီးဖြစ်သည်။

၁၉၉၀ ခုနှစ်တွင် စစ်တပ်သည် ၎င်းတို့ကျင်းပခဲ့သော ရွေးကောက်ပွဲတခု၏ ရလဒ်ကို လေးစားလိုက်နာခြင်းမရှိဘဲ နောက်တကြိမ် ဖျက်သိမ်းပြန်သည်။ ၁၉၈၈ ခုနှစ်တွင် အာဏာသိမ်းပြီးနောက် စစ်တပ်သည် ၁၉၆၀ ခုနှစ်နောက်ပိုင်း ပထမဆုံး ပါတီစုံအထွေထွေ ရွေးကောက်ပွဲကို ကျင်းပပြန်သည်။ အနိုင်ရသောပါတီသို့ အာဏာပြန်လည်လွှဲပြောင်းပေးမည်ဖြစ်ကြောင်း နှင့် စစ်တပ်သည် ရွေးကောက်ပွဲပြီးလျှင် စစ်တန်းလျှားသို့ ပြန်မည်ဖြစ်ကြောင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်စောမောင်က သူ၏မိန့်ခွန်းများတွင် အကြိမ်ကြိမ်ကတိပြုသည်။ နိုင်ငံကို ၁၉၇၄ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ အုပ်ချုပ်ခဲ့သော မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီကို ဆက်ခံသည့် စစ်တပ်လက်ဝေခံ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (NUP) အနိုင်ရလိမ့်မည်ဟု စစ်တပ်က လွန်စွာ ယုံကြည်နေသည်။ သို့သော် ကန့်သတ်ဖိနှိပ်မှုများ အခြေခံအားဖြင့် NLD အပေါ် ပစ်မှတ်ထားသည့် ကန့်သတ်ဖိနှိပ်မှုများ ရှိစေကာမူ စစ်တပ် ထောက်ခံသော ထိုပါတီကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD က အပြတ်အသတ် အနိုင်ရလိုက်သည်။ NLD ၏ အောင်ပွဲကို စစ်တပ်က ခန့်ထားသည့် ရွေးကောက်ပွဲ ကော်မရှင်က ၁၉၉၀ ပြည့်နှစ် ဇူလိုင်လ ၁ ရက်နေ့တွင် တရားဝင်ကြေညာသော်လည်း စစ်တပ်သည် ထိုရွေးကောက်ပွဲရလဒ်ကို လေးစားလိုက်နာခြင်း မရှိဘဲ အနိုင်ရပါတီသို့ အာဏာပြောင်းပေးရန် ကျက်သရေကင်းမဲ့စွာ ငြင်းဆန်ခဲ့သည်။ ယခု ၂၀၂၁ ခုနှစ်တွင်လည်း စစ်အရာရှိ မျိုးဆက်သစ်သည် ရွေးကောက်ပွဲရလဒ်နှင့် ပြည်သူ့ဆန္ဒကို အလေးမထားဘဲ ရွေးကောက်ခံ အရပ်သား အစိုးရကို ဖြုတ်ချပြီး ၎င်းတို့၏ ရှေ့ဆောင်လမ်းပြများ ခြေရာကို နင်းကြသည်။

နိုင်ငံရေးသည် ဖြစ်စဉ်တခု

ယခုအခါ ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲ ကျင်းပခဲ့သည်မှာ တနှစ်ရှိပြီဖြစ်သည်။ ထိုနှစ်အတွင်း ကပ်ရောဂါ အလွန်ပုံမှန်အခြေအနေနှင့် စီးပွားရေးနာလန်ထမှုဖြစ်လာရမည့်အစား စစ်ကောင်စီ၏ အာဏာသိမ်းမှုသည် နိုင်ငံကို နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးကမောက်ကမ အခြေအနေအတွင်း ကျဆင်းသွားစေခဲ့သည်။ တနိုင်ငံလုံးတွင် အကြမ်းဖက်မှုများနှင့် လက်နက်ကိုင် ပဋိပက္ခများ ပိုမိုမြင့်မားလာနေသည်။ ဗုံးပေါက်ကွဲမှု၊ လက်နက်ကိုင်တိုက်ခိုက်မှုနှင့် အကြမ်းဖက်မှုများသည် နေ့စဉ်ဖြစ်ပွားနေပြီး တနိုင်ငံလုံးတွင် သေဆုံးမှုနှုန်း မြင့်မားနေသည်။ မြန်မာနိုင်ငံသည် ကျဆုံးနိုင်ငံလမ်းကြောင်းတွင် မြန်ဆန်စွာ လျှောက်လှမ်းနေပြီး ကြီးမားသော အတိုင်းအတာရှိသည့် လက်နက်ကိုင် ပဋိပက္ခများ ပြန်လည်ခေါင်းထောင်လာခြင်း၊ လုံခြုံရေးလစ်ဟာမှု ကျယ်ပြန့်လာခြင်း၊ နာလန်မထနိုင်တော့သော စီးပွားပျက်ကပ်နှင့် နယ်မြေပိုင်နက် အစိတ်စိတ် အမွှာမွှာကွဲမည့် အန္တရာယ်ကိုပင် ရင်ဆိုင်နေရသည်။ နိုင်ငံတကာ ဖိအားနှင့် ပစ်ပယ်မှုတိုးလာသောကြောင့် နိုင်ငံသည် ဝိုင်းကျဉ်ခံနိုင်ငံတခု အလျှင်အမြန်ဖြစ်လာနေသည်။ နိုင်ငံတွင် လွန်စွာဆိုးရွားသည့် အခြေအနေများ ဖြစ်ပေါ်နေသော်လည်း စစ်ကောင်စီသည် အလျှော့ပေးသည့် လက္ခဏာမရှိပေ။ စစ်တပ်အတွက် နောက်ဆုတ်ရန် မဖြစ်နိုင်တော့ဘဲ အာဏာသိမ်းခေါင်းဆောင်သည် အာဏာဆက်လက်တည်မြဲရေးအတွက် အရာရာကို လုပ်ဆောင်တော့မည်ဖြစ်သည်။ မြန်မာနိုင်ငံတည်ငြိမ်ရေး အင်အားစုတခုဖြစ်သည်ဟု စစ်တပ်က ၎င်းတို့ကို၎င်းတို့ သမိုင်းတလျှောက်ပြောဆိုနေသော်လည်း အင်ဒရူး နက်ချီဆွမ် ပြောသည့် “မြန်မာစစ်တပ်သည် တည်ငြိမ်ရေးအင်အားစုမဟုတ်ဘဲ ကမောက်ကမဖြစ်စေရေး အင်းအားစုသာဖြစ်သည်” ဆိုသည့် အချက်ကို ယခုအာဏာသိမ်းမှုက အထင်အရှား မီးမောင်းထိုးပြနေသည်။

ဖေဖော်ဝါရီလအတွင်း ရန်ကုန်တွင် စစ်အာဏာသိမ်းဆန့်ကျင်ရေး ဆန္ဒပြနေကြစဉ်/ဧရာဝတီ

၁၉၄၈ ခုနှစ်တွင် လွတ်လပ်ရေးရပြီးချိန်မှစတင်ကာ မြန်မာနိုင်ငံသည် ပြည်တွင်းစစ်အများအပြားကြောင့် ဒုက္ခရောက်နေသည်။ ထို့ကြောင့် အကြမ်းဖက်မှုကို နိုင်ငံတော်က ထိန်းချုပ်နိုင်ခြင်းနှင့် ပိုင်နက်တခုလုံးတွင် ဗဟိုအာဏာ ထူထောင်နိုင်သည့် နိုင်ငံတော်၏ စွမ်းရည်သည် အမြဲတမ်း အားပြိုင်ခံနေရသည်။ အလားတူစွာပင် လူမျိုးပေါင်းစုံ နေထိုင်သည့် နိုင်ငံတခုဖြစ်သောကြောင့် မြန်မာပြည်သူများသည် တူညီသော အမျိုးသားရေးလက္ခဏာလည်း မရှိကြပေ။ ပြီးပြည့်စုံခြင်းမရှိသည့် နိုင်ငံတော်အဆင့်နှင့် နိုင်ငံအဆင့်သည် မြန်မာ့နိုင်ငံရေးတွင် အဓိကကျသည့် ပြဿနာများဖြစ်နေပြီး နိုင်ငံ၏ ခေတ်သစ် သမိုင်း တလျှောက်လုံးတွင်လည်း နိုင်ငံရေးအထက်လွှာများသည် ထိုပြဿနာများနှင့်ပတ်သက်သည့် ဘုံသဘောတူညီချက် ထူထောင်နိုင်ခြင်း မရှိကြပေ။ ထိုသို့သောအခြေအနေကို ညှိနှိုင်းပြီး ဘုံသဘောတူညီမှုရှာရမည့်အစား အကြွင်းမဲ့အာဏာကို လက်နက်အားကိုး ထိန်းချုပ်ရန်ကြိုးစားသည့် အာဏာရှင်အုပ်ချုပ်သူများကြောင့် ပိုမိုဆိုးရွားသွားစေသည်။

နိုင်ငံကို ရှည်ကြာစွာ အုပ်ချုပ်ပြီးနောက် ထိုစဉ်က စစ်အုပ်စုသည် ၂၀၁၀ ခုနှစ်တွင် အာဏာချုပ်ကိုင်မှုကို လျှော့ချပြီး ထိုနှစ်တွင်ပင် ရွေးကောက်ပွဲ အတုအယောင်ကို ကျင်းပကာ နိုင်ငံရေးတံခါးဖွင့်သည့် လုပ်ငန်းစဉ်တခု စတင်လုပ်ဆောင်သည်။ မြန်မာ့နိုင်ငံရေးတံခါးဖွင့်ခြင်းသည် မွေးရာပါ ချို့ယွင်းချက်များ ရှိနေပြီး ထိုချို့ယွင်းချက်များအနက် ၂ ခုမှာ လွန်စွာ သိသာထင်ရှားသည့် စစ်သားတပိုင်းအစိုးရဖြစ်ခြင်းနှင့် စစ်တပ်အတွက် အာဏာနယ်ပယ်များကို သီးခြားဖယ်ထားပေးခြင်းဖြစ်သည်။၂၀၁၀ ခုနှစ်တွင် နိုင်ငံရေးတံခါးဖွင့်ပေးခြင်းကို ပြည့်၀သော ဒီမိုကရေစီသို့ ချီတက်ရန် ရည်ရွယ်လုပ်ဆောင်ခြင်းမဟုတ်ဘဲ စစ်တပ်လွှမ်းမိုးသည့် စစ်သားတပိုင်း အစိုးရကို တည်ထောင်ရန် ရည်ရွယ်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံသည် ရွေးကောက်ခံအရပ်သား အာဏာပိုင်နှင့် စစ်တပ် အုပ်ထိန်းသူတို့အကြား အာဏာခွဲဝေသည့် အစီအစဉ်တခုဖြစ်သည့် စစ်သားတပိုင်းအစိုးရကို စနစ်အရ ထူထောင်ပေးသည်။

မြန်မာနိုင်ငံတည်ငြိမ်ရေး အင်အားစုတခုဖြစ်သည်ဟု စစ်တပ်က ၎င်းတို့ကို၎င်းတို့ သမိုင်းတလျှောက်ပြောဆိုနေသော်လည်း အင်ဒရူး နက်ချီဆွမ် ပြောသည့် “မြန်မာစစ်တပ်သည် တည်ငြိမ်ရေးအင်အားစုမဟုတ်ဘဲ ကမောက်ကမဖြစ်စေရေး အင်းအားစုသာဖြစ်သည်” ဆိုသည့် အချက်ကို ယခုအာဏာသိမ်းမှုက အထင်အရှား မီးမောင်းထိုးပြနေသည်။

ထို့အပြင် ထိုအငြင်းပွားဖွယ်ရာ ဖွဲ့စည်းပုံတွင် စစ်တပ်အတွက် အာဏာလွှမ်းမိုးမှု သီးခြားနယ်ပယ်များကို ထူထောင်ပေးသည့် ပြဋ္ဌာန်းချက်အများအပြားကိုလည်း ထည့်သွင်းထားသည်။

ထိုသို့သော နိုင်ငံရေးအခြေအနေတွင် ရွေးကောက်ပွဲသက်သက်မျှဖြင့် မြန်မာ့နိုင်ငံရေးမှ ရှုပ်ထွေး အမြစ်တွယ်နေသော ပြဿနာများကို ဖြေရှင်းရန် မလုံလောက်တော့ပေ။ မည်သို့ပင်ဆိုစေကာမူ ယှဉ်ပြိုင်မှုရှိသော ရွေးကောက်ပွဲများသည် နိုင်ငံတော်တည်ဆောက်ရေးနှင့် အမျိုးသားလက္ခဏာ တည်ဆောက်ရေးတို့ကို ဆွေးနွေးညှိနှိုင်း ဘုံသဘောတူညီမှုဖြင့် ဆောင်ရွက်နိုင်သည့် တရားဝင်နိုင်ငံရေးနယ်ပယ်ကို ဖန်တီးပေးနိုင်သည်။ ထိုကိစ္စသည် တထိုင်တည်းနှင့် ပြီးစီးမည့်ကိစ္စမဟုတ်ဘဲ သဘောတူညီမှုနှင့် သဘောထားကွဲလွဲမှု၊ အပြစ်အနာအဆာနှင့် အမှားပြင်ခြင်းစသည့်တို့ဖြင့် စိတ်ရှည်စွာ မှန်မှန်ရှေ့ဆက်ရမည့် ရှုပ်ထွေးသော လုပ်ငန်းစဉ်ဖြစ်သည်။ NLD အာဏာရသည့် ၅ နှစ်ကာလအတွင်းတွင် အရပ်သားအစိုးရသည် နိုင်ငံတော်ကို စီမံအုပ်ချုပ်ရာတွင် အပြစ်အနာအဆာနှင့် ကြိုမမြင်နိုင်သော ပြဿနာများစွာရှိသည် ဆိုသည့်အချက်ကို မငြင်းပယ်နိုင်ပေ။ သို့သော် ရွေးကောက်ပွဲကပေးသော တည်ငြိမ်မှုနှင့် တရားဝင်မှုဖြင့် နိုင်ငံရေးလမ်းစဉ်သည် တခါတရံ နာကျင်ရစေကာမူ တဖြည်းဖြည်း တိုးတက်လာနိုင်သည်။ မိမိနိုင်လျှင် တဘက်လူရှုံးရမည်ဆိုသည့် နိုင်ငံရေးအတွေးအခေါ်ကို တရားသေ ဆုပ်ကိုင်ထားသော စစ်တပ်သည် နိုင်ငံရေးုလုပ်ငန်းစဉ်ကို ဖြတ်သန်းလိုခြင်း မရှိပေ။ ၎င်းတို့သည် နိုင်ငံရေးုလုပ်ငန်းစဉ်ကို ရက်စက်စွာသတ်ဖြတ်ပြီး နိုင်ငံရေးနယ်ပယ်ကို ပြန်လည် ရုတ်သိမ်းလိုက်သည်။

ရွေးကောက်ပွဲ နိုင်ငံရေးနှင့် လက်နက်ကိုင် နိုင်ငံရေး

၂၀၂၀ ရွေးကောက်ပွဲအပြီး တနှစ်ကြာသောအခါ စစ်ကောင်စီခန့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) သည် ရွေးကောက်ပွဲစနစ်ကို လက်ရှိကျင့်သုံးနေသည့် မဲအများဆုံးရသူ တဦးတည်းနိုင်သော စနစ် (FPTP) အစား အချိုးကျကိုယ်စားပြုမှုစနစ် (PR) ကို ကျင့်သုံးရန် ၃ ရက်ကြာ အစည်းအဝေးကျင်းပသည်။ စစ်ကောင်စီခန့် UEC ၏ တရားဝင်မှုကင်းမဲ့သောကြောင့် နိုင်ငံရေးပါတီ ၉၀ ခန့်အနက် ၅၃ ပါတီသာ တက်ရောက်ကြပြီး အများစုမှာလည်း စစ်တပ်လိုလားသော ပါတီများနှင့် ပါတီငယ်များသာဖြစ်ပြီး NLD ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်နှင့် ရခိုင်အမျိုးသားပါတီတို့ကဲ့သို့ အဓိကကျသည့် ပါတီများ တက်ရောက်ခြင်းမရှိပေ။

ကယားပြည်နယ် လွိုင်ကော် ပီဒီအက်ဖ်တပ်ဖွဲ့ဝင်များ

ထိုအစည်းအဝေးတွင် UEC ခေါင်းဆောင်က FPTP စနစ်သည် ခေတ်မမီဘဲ မညီမျှကြောင်းနှ်င့ PR စနစ်သည် လူနည်းစုပါတီများ၊ လူမျိုးစုပါတီများ၊ အမျိုးသမီးများနှင့် တသီးပုဂ္ဂလ က်ိုယ်စားလှယ်များအတွက် အကျိုးကျေးဇူးများ ဆောင်ယူပေးနိုင်ကြောင်း ပြောသည်။ FPTP စနစ်ကို PR စနစ်ဖြင့် အစားထိုးမည့် အဆိုပြုချက်ကို USDP ထိန်းချုပ်ထားသော လွှတ်တော်က ၂၀၁၄ ခုနှစ်တွင် ပယ်ချခဲ့ပြီး ထိုစဉ်က ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးကလည်း ရွေးကောက်ပွဲစနစ်ကို PR စနစ်သို့ ပြောင်းလဲခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မညီကြောင်း ပြောကြားခဲ့သည်။ သို့သော် အာဏာသိမ်းပြီးနောက် စစ်ကောင်စီသည် ရွေးကောက်ပွဲစနစ်ပြောင်းလဲရန် စတင်အားထုတ်တော့သည်။ အာဏာသိမ်းပြီးနောက် ၃ ပတ်မျှအကြာ ဖေဖေါ်ဝါရီလ ၂၆ ရက်နေ့တွင်နိုင်ငံရေးပါတီများနှင့် တွေ့ဆုံဆွေးနွေးပြီးနောက် UEC သည် PR စနစ်နှင့် ပတ်သက်သည့် နိုင်ငံရေးပါတီများ၏ အကြံပြုချက်များကို တောင်းခံသည်။ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲ အနိုင်ရပါတီ NLD က ရွေးကောက်ပွဲစနစ်ပြောင်းသည့် အကြံအစည်ကို ကန့်ကွက်ပြီး အဓိက တိုင်းရင်းသား ပါတီများကလည်း NLD နှင့် သဘောတူသည်။ သြဂုတ်လ နှောင်းပိုင်းသို့ရောက်သောအခါ အာဏာသိမ်းခေါင်း ဆောင်က PR စနစ်ကို သုံးမည့် စစ်ကောင်စီ၏ အစီအစဉ်ကို ထုတ်ဖေါ်ပြောဆိုလာပြီး UEC ကလည်း ၎င်းတို့၏ ရွေးကောက်ပွဲစနစ်ကို ပြောင်းလဲရန် အားထုတ်မှုကို အရှိန်မြှင့် လုပ်ဆောင်လာသည်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ PR စနစ်သည် ပြည်ထောင်စု လွှတ်တော်တွင် နေရာအားလုံး၏ ၂၅ ရာခိုင်နှုန်း ရရှိထားပြီးဖြစ်သော စစ်တပ်အတွက် အကျိုးပြုပြီး ၎င်းတို့၏ အာဏာထိန်းချုပ်မှုကို ဆက်ထိန်းရန် စစ်တပ်၏ အဓိက အစီအစဉ်များအနက် တခုဖြစ်သည်မှာ သေချာသည်။

NLD အာဏာရသည့် ၅ နှစ်ကာလအတွင်းတွင် အရပ်သားအစိုးရသည် နိုင်ငံတော်ကို စီမံအုပ်ချုပ်ရာတွင် အပြစ်အနာအဆာနှင့် ကြိုမမြင်နိုင်သော ပြဿနာများစွာရှိသည် ဆိုသည့်အချက်ကို မငြင်းပယ်နိုင်ပေ။ သို့သော် ရွေးကောက်ပွဲကပေးသော တည်ငြိမ်မှုနှင့် တရားဝင်မှုဖြင့် နိုင်ငံရေးလမ်းစဉ်သည် တခါတရံ နာကျင်ရစေကာမူ တဖြည်းဖြည်း တိုးတက်လာနိုင်သည်။

မည်သို့ဆိုစေကာမူ PR စနစ်ကို အသုံးပြုလျှင်ပင် စစ်ကောင်စီက ကတိပေးထားသည့် အချိန်မူဘောင်အတွင်း ရွေးကောက်ပွဲကျင်းပရေးမှာ ဖြစ်နိုင်စရာ အလားအလာမရှိပေ။ မူလက အရေးပေါ်ကာလ တနှစ်ကြေညာခဲ့သော်လည်း နောက်ပိုင်းတွင် စစ်ကောင်စီခေါင်းဆောင်က အရေးပေါ်အခြေအနေ ပြဋ္ဌာန်းချက်များကို ပြီးစီးအောင် လုပ်မည်ဖြစ်ကြောင်းနှင့် ရွေးကောက်ပွဲကို ၂၀၂၃ ခုနှစ် သြဂုတ်လတွင် ကျင်းပမည်ဖြစ်ကြောင်း ပြောသည်။ အာဏာသိမ်းပြီးနောက် ၆ လမျှအတွင်းတွင် စစ်ကောင်စီသည် ၎င်းတို့၏ အုပ်ချုပ်ရေးကို နောက်ထပ် တနှစ်ခွဲတိုးချဲ့လိုက်သည်။ ထို့အပြင် ၎င်းတို့၏ သမိုင်းတလျှောက်လုံးကို ကြည့်ပါက စစ်တပ်သည် ၎င်းတို့အင်အားနည်းပြီး ထိခိုက်လွယ်သည့် အနေအထားတွင် အာဏာချုပ်ကိုင်မှုကို လျှော့ချပေးခြင်း မရှိကြောင်း တွေ့ရသည်။ တိုင်းပြည်ကို ပုံမှန်အခြေအနေပြန်ရောက်အောင် ၎င်းတို့ကသာ လုပ်ပေးနိုင်ပြီး မတည်ငြိမ်သော အခြေအနေတွင် စစ်ဝတ်စုံမှ အရပ်သားဝတ်စုံပြောင်းဝတ်သူများ အပါအဝင် အရပ်သားများသို့ အာဏာပြန်လွှဲပေးခြင်းသည် စစ်အုပ်စုအား မြှုပ်နှံမည့် ခေါင်းတလားအတွက် သံတချောင်းဖြစ်သည်ဟု စစ်ဗိုလ်ချုပ်များက ယူဆကြသည်။ ထို့ကြောင့် ပြောကြားထားသည့် အချိန်အတွင်း ရွေးကောက်ပွဲကျင်းပမည့် ကတိကို စစ်တပ်က စောင့်ထိန်းနိုင်ပါက လွန်စွာအံ့သြစရာဖြစ်နေပေမည်။

ရွေးကောက်ပွဲကို ကျင်းပသည်ဆိုလျှင်ပင် ပြည်သူလူထုက ပါဝင်ရန် စိတ်အားထက်သန်ကြမည် မဟုတ်ပေ။ စစ်တပ်က ကျင်းပသည့် ရွေးကောက်ပွဲကို တရားဝင်မှု မပေးလိုကြပေ။ နောက်ကျင်းပသည့် ရွေးကောက်ပွဲ၏ ရလဒ်ကို စစ်တပ်က လေးစားလိုက်နာမည်ဆိုသည့် အာမခံချက်လည်း မရှိပေ။ ၂၀၀၈ ဖွဲ့စည်းပုံ၏ ပုံစံနှင့် ၎င်းတွင်ပါဝင်သော အခွင့်ထူးများသည် စစ်တပ်က အာဏာသိမ်းမှု မဖြစ်ပေါ်ရေးအတွက် အာမခံချက်ဖြစ်ကြောင်း ယခင်က ဗိုလ်ချုပ်များ အကြိမ်ကြိမ် ပြောခဲ့ကြသည်။ သို့သော် စစ်တပ်သည် မည်သည့်ရွေးကောက်ပွဲရလဒ်ကိုမဆို ၎င်းတို့မကြိုက်ပါက သုညအခြေအနေသို့ ပြန်သွားခြင်းအား အပြစ်ဟု မမြင်ပေ။

သမိုင်းတလျှောက်လုံးကို ကြည့်ပါက စစ်တပ်သည် ၎င်းတို့အင်အားနည်းပြီး ထိခိုက်လွယ်သည့် အနေအထားတွင် အာဏာချုပ်ကိုင်မှုကို လျှော့ချပေးခြင်း မရှိကြောင်း တွေ့ရသည်။ တိုင်းပြည်ကို ပုံမှန်အခြေအနေပြန်ရောက်အောင် ၎င်းတို့ကသာ လုပ်ပေးနိုင်ပြီး မတည်ငြိမ်သော အခြေအနေတွင် စစ်ဝတ်စုံမှ အရပ်သားဝတ်စုံပြောင်းဝတ်သူများ အပါအဝင် အရပ်သားများသို့ အာဏာပြန်လွှဲပေးခြင်းသည် စစ်အုပ်စုအား မြှုပ်နှံမည့် ခေါင်းတလားအတွက် သံတချောင်းဖြစ်သည်ဟု စစ်ဗိုလ်ချုပ်များက ယူဆကြသည်

စစ်တပ်သည် အာဏာသိမ်းပြီး ၎င်းတို့၏ ရွေးကောက်ပွဲကို ခိုးယူခဲ့သည်ဟု ပြည်သူများက ပြတ်ပြတ်သားသား ယုံကြည်နေသည်။ အာဏာသိမ်းပြီးနောက်ဖြစ်ပွားသည့် ကန့်ကွက်ဆန္ဒပြပွဲများတွင် ပြည်သူများက “ပြည်သူ့မဲကို လေးစားပါ” ဆိုသည့် ကြွေးကြော်သံ ဆိုင်းဘုတ်များဖြင့် စစ်ကောင်စီကို ပြတ်ပြတ်သားသား ပြောကြားပြီးဖြစ်သည်။ သို့သော် ၎င်းတို့၏ ဆန္ဒမဲများကို လေးစားရန် စစ်ကောင်စီကို တောင်းဆိုသော ပြည်သူများသည် ကျည်ဆံများဖြင့် ရင်ဆိုင်နေရပြီး နောက်ဆုံးတွင် ပြည်သူများသည် ၎င်းတို့၏ ရွေးကောက်ပွဲဆိုင်ရာ အခွင့်အရေးများ ပြန်လည်ရရှိရေး ၎င်းတို့သည်လည်း လက်နက်ကိုင်ရမည် ဆိုသည့် ကောက်ချက်မျိုးကို မလွှဲရှောင်သာဘဲ ချလာခဲ့ရသည်။ ထိုသို့သော နည်းလမ်းဖြင့် စစ်ကောင်စီအာဏာသိမ်းမှုသည် ရွေးကောက်ပွဲနိုင်ငံရေးကို ကန့်လန်ကာချလိုက်သည်။ ၂၀၂၀ ရွေးကောက်ပွဲ အပြီး တနှစ်ကြာသော လက်နက်ကိုင်နိုင်ငံရေးသည် မြန်မာနိုင်ငံမှ တခုတည်းသော အသုံးပြုနိုင်သည့် ကစားနည်းဖြစ်သွားတော့သည်။

(ရဲမျိုးဟိန်းသည် Tagaung Institute of Political Studies ၏ အမှုဆောင်ဒါရိုက်တာနှင့် Woodrow Wilson International Center for Scholars ၏ အာရှအစီအစဉ်မှ သုတေသီတဦးဖြစ်သည်။ ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Myanmar’s Transition From Electoral Politics to Gun Politics ကို ဘာသာပြန်ဆိုသည်။)

You may also like these stories:

ရွေးကောက်ပွဲသစ် မလို

စစ်ကောင်စီက ပြည်သူ့ကျန်းမာရေးကို လက်နက်အဖြစ် သုံးနေသည်

စီးပွားရေးမျှော်လင့်ချက်များ အားလုံး စစ်ကောင်စီ ဖျက်ဆီး

ရွေးကောက်ပွဲရလဒ် ဖျောက်ဖျက်လျှင် ဒီမိုကရေစီ မဟုတ်

Your Thoughts …
Tags: မြန်မာ့အကူးအပြောင်းရွေးကောက်ပွဲနိုင်ငံရေးလက်နက်ကိုင်နိုင်ငံရေးသေနတ်ထောက် ရွေးကောက်ပွဲများအာဏာသိမ်း စစ်ကောင်စီ
ရဲမျိုးဟိန်း

ရဲမျိုးဟိန်း

ရဲမျိုးဟိန်းသည် ဝါရှင်တန် ဒီစီအခြေစိုက် ဝီလ်ဆင်စင်တာမှ သုတေသီဖြစ်သည်။ ယခုဆောင်းပါးသည် ၎င်း၏အမြင်သာဖြစ်ပြီး စင်တာနှင့် အမေရိကန် အစိုးရကို ကိုယ်စားမပြုပါ။

Similar Picks:

အဖွဲ့အစည်းတခု၏ ပုံရိပ်သည် ယင်းအဖွဲ့အစည်း၏ ခေါင်းဆောင်မှု ပုံရိပ်လည်း ဖြစ်သည် 

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဖုံးဝှက်ထားသော ရုပ်ပုံလွှာ

by ပေါ်ထွန်း
26 March 2022
51.3k

အဖွဲ့အစည်းတခု၏ ပုံရိပ်သည် ယင်းအဖွဲ့အစည်း၏ ခေါင်းဆောင်မှု ပုံရိပ်လည်း ဖြစ်သည်။

ဇွန်လ ၈ ရက် ချုံချင့်မြို့တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် စစ်ကောင်စီခန့် မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့ တွေ့ဆုံစဉ်

တရုတ်က မြန်မာကို ဝင်မစွက်ဖက်ဘူးတဲ့လား

by Bertil Lintner
12 June 2021
34.3k

မြန်မာနိုင်ငံသည် တရုတ်၏ အရှင်းလင်းဆုံးနှင့် အပြင်းထန်ဆုံး အခြားနိုင်ငံပြည်တွင်းရေး ဝင်ရောက်စွက်ဖက်မှု ဥပမာတခုဖြစ်နိုင်သည်။

အာဏာသိမ်း စစ်ကောင်စီ အတွင်းရေးမှူးတာဝန် ထမ်းဆောင်နေသော ဒုတိယ ဗိုလ်ချုပ်ကြီးအောင်လင်းဒွေး 

စစ်ကောင်စီအတွင်းရေးမှူး အောင်လင်းဒွေး အရန်အင်အား အပို့ခံရ

by ဧရာဝတီ
10 January 2022
22.1k

ဒုတိယ ဗိုလ်ချုပ်ကြီးအောင်လင်းဒွေးအား တပ်မတော်အရန်အင်အားအဖြစ်သို့ ပြောင်းရွှေ့လိုက်ကြောင်း သိရသည်။

ကုန်ချင်း တိုက်ရိုက်ဖလှယ်သည့် စနစ် စစ်ကောင်စီ ပြန်ကျင့်သုံးမည်

ကုန်ချင်း တိုက်ရိုက်ဖလှယ်သည့် စနစ် စစ်ကောင်စီ ပြန်ကျင့်သုံးမည်

by ဧရာဝတီ
30 May 2024
1.5k

အာဏာသိမ်း စစ်ကောင်စီက နိုင်ငံခြားငွေ လိုအပ်ချက်ကို လျှော့ချရန် ကုန်သွယ်ဖက် နှစ်နိုင်ငံခြား ကုန်ပစ္စည်းချင်း အပြန်အလှန်ဖလှယ်သည့် ကုန်သွယ်မှုစနစ် (Barter Transaction Arrangement-BAT) ကို ပြန်ကျင့်သုံးမည်။

ဆန္ဒပြ စာတန်းတခု ဘေးတွင် အကာအကွယ် ယူနေသည့် အိန်ဂျယ် / Facebook

ကြယ်စင်ကြွေသွားသည့်တိုင်

by ဧရာဝတီ
4 March 2021
182.7k

သူ အသက်ကို စွန့်စားနေခြင်းဖြစ်ကြောင်း အိန်ဂျယ် သိခဲ့ပါသည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီက အမျိုးသမီး ၁၁၃၂ ဦးကို သတ်ဖြတ်ခဲ့

အာဏာသိမ်းပြီးနောက် စစ်ကောင်စီက အမျိုးသမီး ၁၁၃၂ ဦးကို သတ်ဖြတ်ခဲ့

by ဧရာဝတီ
3 September 2024
640

၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီသည် အမျိုးသမီး ၁၁၃၂ ဦးကို သတ်ဖြတ်ပြီး ၅၆၄၉ ဦးကို ဖမ်းဆီးထားကြောင်း AAPP အစီရင်ခံစာသစ်အရ သိရသည်။

Next Post
ဦးဖြိုးဇေယျာသော်သည် ၂၀၁၂ ခုနှစ် ရွေးကောက်ပွဲမှစတင်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရခဲ့ကာ ၂၀၂၀ ခုနှစ်အထိ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်ခဲ့သည် / ဧရာဝတီ

ဦးဖြိုးဇေယျာသော်အား ဖမ်းမိကြောင်း စစ်ကောင်စီထုတ်ပြန်

ဧပြီလ အာဆီယံနိုင်ငံခေါင်းဆောင်များ အစည်းအဝေးသို့ တက်ရောက်ရန် ဂျကာတာမြို့သို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဆိုက်ရောက်လာစဉ်

တရုတ်က မြန်မာကို ထိပ်သီးဆွေးနွေးပွဲ ဖိတ်လိုသော်လည်း ASEAN နိုင်ငံများ လက်မခံ

No Result
View All Result

Recommended

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

6 days ago
5.4k
အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

2 days ago
5.3k

Most Read

  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

    shares
    Share 0 Tweet 0
  • အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0
  • တလကျော်သည့်တိုင် နေပြည်တော်ဝန်ထမ်းတို့ နာလန်မထူနိုင်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate