• English
Friday, May 16, 2025
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

စစ်တပ်က ရခိုင်နဲ့ ဗမာကို ရန်တိုက်ပေးသလား

by ပေါ်ထွန်း
8 January 2022
in သူ့အတွေး သူ့အမြင်
A A
၂၀၁၉ ဇန်နဝါရီလ နေပြည်တော် သတင်းစာရှင်းလင်းပွဲတွင် တွေ့ရသော ဗိုလ်ချုပ်ထွန်းထွန်းညီ (အလယ်လူ) / ဧရာဝတီ

၂၀၁၉ ဇန်နဝါရီလ နေပြည်တော် သတင်းစာရှင်းလင်းပွဲတွင် တွေ့ရသော ဗိုလ်ချုပ်ထွန်းထွန်းညီ (အလယ်လူ) / ဧရာဝတီ

12.8k
VIEWS
Share on FacebookShare on Twitter

သယံဇာတပေါကြွယ်ဝသော ရခိုင်ပြည်နယ်တွင် ဆယ်စုနှစ်များစွာ စစ်မက်ဖြစ်ပွားမှု မရှိသော်လည်း ခေတ်အဆက်ဆက်အစိုးရများက ဖွံဖြိုးအောင် မလုပ်ဆောင်ခဲ့ကြသဖြင့် ဒုတိယအဆင်းရဲဆုံး ပြည်နယ်ဖြစ်ခဲ့ရသည်။ ရခိုင်လူငယ်များစွာအနေဖြင့် မွေးရပ်မြေကိုစွန့်ခွာကာ တခြားဒေသများတွင် အလုပ်သွားရောက်လုပ်ကိုင်ကြရသည်။

ထိုကဲ့သို့သော အခြေအနေကြောင့် ရခိုင်လူမျိုးများစိတ်ထဲတွင် နာကျည်းမှု၊ မကျေနပ်မှုများ ကိန်းအောင်းနေခဲ့ကြသည်။

RelatedPosts

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

14 May 2025
6.6k
ကရင်မလင်မှာ ရှီကျင့်ဖျင်နှင့် မင်းအောင်လှိုင် တွေ့ဆုံမှုနောက်ကွယ်

ကရင်မလင်မှာ ရှီကျင့်ဖျင်နှင့် မင်းအောင်လှိုင် တွေ့ဆုံမှုနောက်ကွယ်

14 May 2025
1.4k
အရိုင်းအစိုင်းများအတွက် မေးခွန်းများ

အရိုင်းအစိုင်းများအတွက် မေးခွန်းများ

13 May 2025
1.9k

ထိုကဲ့သို့သော အခြေအနေရှိသည့် လူမျိုးများနှင့် ပြည်နယ်အား နိုင်ငံရေးအရ လူထုကိုလှည့်စားရန် လိုအပ်လာသည့်အခါ အာဏာပိုင်များနှင့် စစ်ခေါင်းဆောင်များက အသုံးချလာခဲ့သည်။

ရခိုင်ပြည်နယ်တွင် နေထိုင်ကြသော ရခိုင်လူမျိုးများနှင့် မွတ်ဆလင်များအကြား ပဋိပက္ခဖြစ်စေရန် လှုံ့ဆော် ဆောင်ရွက်ခဲ့ကြသလို၊ နှစ်ပေါင်းများစွာ ခင်မင်ရင်းနှီးခဲ့ကြသော ရခိုင်လူမျိုးများနှင့် ဗမာလူမျိုးများအကြား ပြဿနာ ဖြစ်စေရန် ဖန်တီးကြိုးစားခဲ့ကြသည်။

ရက္ခိုင့်တပ်တော် AA ကို ချေမှုန်းရန် ဒေါ်အောင်ဆန်းစုကြည်က ညွှန်ကြားကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ခေါင်းဆောင်ဗိုလ်ချုပ်ထွန်းထွန်းညီက ၂၀၁၉ ခုနှစ်ဇန်နဝါရီလ ၉ ရက်နေ့တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ရက္ခိုင့်တပ်တော် AA အနေဖြင့် ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ဘူးသီးတောင်မြို့နယ်ရှိ နယ်ခြားစောင့် ရဲစခန်း လေးခုကို တိုက်ခိုက်ခဲ့သည်။ ထိုတိုက်ခိုက်မူနှင့် ပတ်သက်၍ ဇန်နဝါရီလ ၇ ရက်နေ့တွင် သမ္မတ အိမ်တော်၌ နိုင်ငံတော်သမ္မတ ဦးဆောင်သော လုံခြုံရေးအစည်းအဝေး ကျင်းပခဲ့သည်။ ထိုအစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည်က AA အဖွဲ့ကို ချေမှုန်းဖို့ ညွှန်ကြားခဲ့သည်ဟု ဗိုလ်ချုပ်ထွန်းထွန်းညီက ပြောဆိုခဲ့ပါသည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ထိုကဲ့သိုပြောဆိုခဲ့ခြင်း ရှိမရှိကို မည်သူကမျှ အတည်မပြုနိုင်သလို၊ ပုံမှန်အားဖြင့် သမ္မတအိမ်တော်တွင် ကျင်းပသည့် အစည်းအဝေးများတွင် ပြောဆိုဆွေးနွေးမှုများအား ထုတ်ဖော်ပြောကြားခြင်း လုံးဝ မရှိခဲ့ပေ။
ထို့အပြင် ၂၀၀၈ ဖွဲ့စည်းပုံအရလည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် တပ်မတော်နှင့် ဆိုင်သောလုပ်ငန်းများအား ဝင်ရောက်စွက်ဖက်ခွင့်မရှိပေ။ ၂၀၀၈ ဖွဲ့စည်းပုံတွင် လက်နက်ကိုင် တပ်ဖွဲ့အားလုံး၏ အကြီးအကဲမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖြစ်သည်ဟု ဖော်ပြထားပါသည်။

ထိုသို့ ပြဌာန်းထားသောကြောင့် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် တပ်မတော်နှင့်ဆိုင်သော လုပ်ငန်းများအား ညွှန်ကြားခွင့်၊ တားဆီးခွင့်မရှိပေ။ စစ်တပ်က ထောက်ခံသော ဗိုလ်ချုပ်ကြီးဟောင်း သမ္မတ ဦးသိန်းစိန်အစိုးရ လက်ထက်တွင် ကချင်ပြည်နယ်တွင် ဖြစ်ပွားသော တိုက်ပွဲများအား ရပ်တန့်ရန် သမ္မတဦးသိန်းစိန်က တပ်မတော်ကို ညွှန်ကြားခဲ့သော်လည်း တပ်မတော်က မလိုက်နာသည့်အတွက် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားခဲ့သည့် သာဓကများရှိခဲ့သည်။

အလားတူ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အစိုးရလက်ထက်တွင် တပ်မတော်နှင့် KIA တို့ ဖြစ်ပွားသော ဂီဒေါင်တိုက်ပွဲ ဖြစ်ပွားမှုနှင့် ပတ်သက်၍ KIO နှင့် တပ်မတော် ဆွေးနွေးရန် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့သော်လည်း တပ်မတော်ခေါင်းဆောင်များက လက်မခံသဖြင့် ဆွေးနွေးပွဲမဖြစ်ခဲ့ပါ။

သမ္မတဦးသိန်းစိန်အစိုးရ လက်ထက်တွင် ကျင်းပသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် တပ်မတော်အနေဖြင့် အစိုးရအဖွဲ့၏ ဦးဆောင်မှုအောက်တွင် ပါဝင်ဆွေးနွေးခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်အစိုးရ လက်ထက်တွင် အစိုးရအစုအဖွဲ့တွင် မပါဝင်ဘဲ သီးခြားအစုအဖွဲ့အနေဖြင့် ပါဝင်ခဲ့ပါသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေအရ စစ်တပ်နှင့် ပတ်သက်သော လုပ်ငန်းများကို အစိုးရဘက်က ဝင်ရောက်စွက်ဖက်ခွင့် မရှိသလို၊ အဖွဲ့အစည်းနှစ်ခုအကြား ဆက်ဆံရေးကလည်း ကောင်းမွန်မှု မရှိသည့်အခြေအနေတွင် ဒေါ်အောင်ဆန်းစုကြည်က AA အဖွဲ့ကို တိုက်ရန် ညွှန်ကြားသည်ဟု စစ်တပ်ခေါင်းဆောင်များ၏ ပြောဆိုခြင်းသည် ရည်ရွယ်ချက် တခုခု ရှိနိုင်သည်ဟု ထိုအချိန်က နိုင်ငံရေး လေ့လာသူများအကြား အတွေးပွားခဲ့ကြသည်။

ထိုကဲ့သို့ ပြောဆိုခြင်းနှင့် ပတ်သက်ပြီး ထိုအချိန်က တပ်မတော်ခေါင်းဆောင် တချို့ အနေဖြင့် ၎င်းတို့နှင့် ခင်မင်ရင်းနှီးသူများကို ပြောပြခဲ့သည်များ ရှိခဲ့သည်။ ရခိုင်နှင့်ဗမာ အကြား လူမျိုးရေး အဓိကရုဏ်းများ ဖြစ်ပေါ်လာပါက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပြန်လည်ထွက်ခွာသွားခြင်း သို့မဟုတ် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုအသစ်များ ဝင်ရောက်မလာခြင်းတို့ ဖြစ်လာစေပြီး စီးပွားရေး၊ နိုင်ငံရေးအရ NLD အစိုးရကို ထိုးနှက်ရန် ဖြစ်သည်ဟု ဗိုလ်ချုပ်တချို့က ၎င်းတို့နှင့် ခင်မင်သူများကို ပြောကြသည်။ ထို့အပြင် NLD အစိုးရ လက်ထက်တွင် မည်သည့်တိုးတက်မှုမှ မရှိ၊ တည်ငြိမ်မှုမရှိ ဆိုသည့် အမြင်မျိုး ပြည်သူလူထုက မြင်သွားစေရန်အချက်လည်း ပါသည်ဟု ပြောဆိုကြသည်။

စစ်ခေါင်းဆောင်များဘက်က ထိုကဲ့သို့ ရည်ရွယ်ချက်ရှိသည်ကို ANP ပါတီမှ လွှတ်တော်ကိုယ်စားလှယ် တချို့က ထိုနေ့ကပင်သိရှိခဲ့ရသည်။ ၎င်းတို့နှင့် ခင်မင်သော တပ်မတော်ခေါင်းဆောင်တချို့က ၎င်းတို့ကို ပြောပြခဲ့ကြသည်။

အမှန်တကယ်လည်း ဗိုလ်ချုပ်ထွန်းထွန်းညီ ထုတ်ပြောသည့်နေ့ ညပိုင်းက မြန်မာနိုင်ငံ၏ လူဦးရေ အများဆုံး နေထိုင်သော ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်တွင် ရခိုင်လူငယ်တချို့က ဗမာလူငယ်များနေထိုင်ရာ အဆောင်များသို့ သွားရောက် ရန်စခြင်းများ ရှိခဲ့သည်ဟု ANP ပါတီက ခေါင်းဆောင်တချို့က ပြောသည်။

ရခိုင်နိုင်ငံရေးခေါင်းဆောင်တချို့က ညတွင်းချင်း လှိုင်သာယာအထိ သွားရောက်ပြီး ဒေါသဖြစ်နေသော ရခိုင်လူငယ်များကို ရှင်းပြကာ အခြေအနေကို ထိန်းနိုင်ခဲ့သည်။ ထိုအခြေအနေကို AA အဖွဲ့က ခေါင်းဆောင်တချို့လည်း သိခဲ့သည်။ ထိုသို့ သိရှိသည့်အတွက်လည်း ဒေါ်အောင်ဆန်းစုကြည်က AA ကို ချေမှုန်းရန် ညွှန်ကြားသည်ဟု စစ်တပ်ဘက်က ပြောဆိုခြင်းကို အယုံအကြည်မရှိခဲ့ကြပေ။ ဒေါ်အောင်ဆန်းစုကြည်အသံနှင့် ပြောဆိုထားသည်ကို ကြားရမှသာ ယုံကြည်မည်ဟု ရက္ခိုင့်တပ်တော် AA ၏ ပြောခွင့်ရသူ ခိုင်သုခက မီဒီယာတချို့ကို ပြောကြားခဲ့သည်။

ထို့အပြင် ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းတွင် AA တပ်ဖွဲ့ဝင်များက ဖမ်းဆီးထိမ်းသိမ်းထားခဲ့သော NLD ပါတီ ချင်းပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ ချင်းတိုင်းရင်းသား ဦးဝှေ့တင်း သေဆုံးပြီဆိုသော သတင်းအမှားကိုလည်း စစ်တပ်ကို ထောက်ခံရေးသားသော Facebook အကောင့်များက ဖြန့်ဝေခဲ့သည်။

ထိုသတင်းဖြန့်မှု ထွက်ပေါ်လာပြီးနောက် စစ်ကိုင်းတိုင်းအတွင်း ရခိုင်လူမျိုးများနှင့် ချင်းလူမျိုးများ အတူနေထိုင်သော ဒေသတချို့တွင် ချင်းလူမျိုးများနှင့် ရခိုင်လူမျိုးများအကြား လူမျိုးရေး ပဋိပက္ခဖြစ်လာမည်ကို စိုးရိမ်သည်အထိ ဖြစ်လာသည့်အတွက် ချင်းတိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်း သေဆုံးမှု ရှိ မရှိ ဆိုသည်ကို စစ်ကိုင်းတိုင်းဝန်ကြီးချုပ် တပည့်တဦးက ရခိုင်တပ်မတော် ခေါင်းဆောင်များထံ ဖုန်းဆက် အတည်ပြု မေးခဲ့ရသည်။

AA ခေါင်းဆောင်များထံမှ ရရှိသည့် ချင်းလူမျိုး လွှတ်တော်ကိုယ်စားလှယ် သေဆုံးမှုမရှိဆိုသည့် သတင်းကို ချက်ခြင်းအချိန်မီ ဖြန့်နိုင်၍သာ ချင်းနှင့် ရခိုင်လူမျိုးများ ပြဿနာမဖြစ်ခဲ့ဘဲ အခြေအနေကို ထိန်းသိမ်းနိုင်ခဲ့သည်။

ထိုအချိန်က ရက္ခိုင့်တပ်တော်နှင့် မြန်မာစပ်တပ်တို့ စစ်ရေးအရ အရေးပါသော ပလက်ဝဒေသ စိုးမိုးရေးတိုက်ပွဲ ပြင်းထန်နေချိန်ဖြစ်သည်။ အကယ်၍ ရခိုင်နှင့်ချင်းလူမျိုးများအကြား မတည့်ဖြစ်ပါက ချင်းလူမျိုးများစွာ နေထိုင်သော ပလက်ဝဒေသတွင် အခြေချရန်ခက်ခဲသွားနိုင်သည့်အတွက် ချင်းနှင့်ရခိုင် လူမျိုးများ ပြဿနာ ဖြစ်ရန် ဖန်တီးခဲ့ခြင်းဖြစ်သည်ဟု စစ်ရေးလေ့လာသူများက သုံးသပ်ခဲ့ကြသည်။

ထိုကဲ့သို့ အတွေ့အကြုံရှိခဲ့သော ရက္ခိုင့်တပ်တော် AA ခေါင်းဆောင်များနှင့် ANP ပါတီမှ ခေါင်းဆောင်များသည် ရခိုင်ပြည်နယ်နှင့် ရခိုင်လူမျိုးအများစု နေထိုင်သော မြို့ရွာများ၌ မဟုတ်မမှန် သတင်း ဖန်တီးသူများကြောင့် လူမျိုးရေး ဘာသာရေး ပဋိပက္ခများ မဖြစ်ရန် သတိထားခဲ့ကြသည်။

၂၀၂၁ ခုနှစ် ဒီဇင်ဘာလအတွင်း ရခိုင်ပြည်နယ်ရှိ မြို့နယ်တချို့တွင် ဖြစ်ပွားသော စပါးခြွေလှေ့စက်များ၊ စပါးပုံများ၊ စာသင်ကျောင်းတချို့ မီးရှို့ဖျက်ဆီးခံရမှု၊ နွားငါးကောင်မီးရှို့ ခံရမှုများ ဖြစ်ခဲ့သည်။ အဆိုပါဖြစ်စဉ်များမှာ အဖွဲ့အစည်းတခုက မကောင်းသောရည်ရွယ်ချက်ဖြင့် နိုင်ငံရေးလှုံ့ဆော်မှု တခုဟု သံသယဖြစ်မိသည့်အတွက် ပြည်သူများအနေဖြင့် သတိရှိရန် AA က ထုတ်ပြန်ခဲ့သည်။

လက်ရှိအချိန်တွင် ရခိုင်ပြည်နယ်တွင်း အများဆုံးနေထိုင်ကြသည့် ရခိုင်လူမျိုးများနှင့် မွတ်ဆလင်များမှာလည်း ပြန်လည်သင့်မြတ်စပြုလာပြီ ဖြစ်သည်။ တပ်မတော်အနေဖြင့် ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်တော် AA ကို ကြည်းရေလေ ပူးပေါင်းစစ်ဆင်ရေး လုပ်ခဲ့သော်လည်း အသာစီးမရခဲ့ပေ။ ထိုကဲ့သို့ အသာစီးမရခဲ့သည်မှာလည်း ရခိုင်ပြည်နယ်အတွင်း နေထိုင်ကြသူများက စစ်တပ်နှင့် မပူးပေါင်းခဲ့ခြင်းက အဓိကကျသည့်အချက် ဖြစ်ခဲ့သည်။ ထို့ကြောင့်လည်း ရခိုင်ပြည်နယ်တွင်း အများဆုံးနေထိုင်ကြသော လူမျိုးစုနှစ်စုအကြား ပြဿနာ ဖန်တီးပြီး သွေးခွဲမည်ကို AA ခေါင်းဆောင်များနှင့် ရခိုင်နိုင်ငံရေး အင်အားစုများက သတိကြီးစွာ စောင့်ကြည့် နေကြရသည်။

ထို့အပြင် စစ်ကောင်စီအနေဖြင့်လည်း ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီကို မြန်မာနိုင်ငံ အနှံ့အပြားတွင် ပုံစံမျိုးစုံဖြင့် ဆန့်ကျင်နေကြသည်။ ထိုအခြေအနေကို အာရုံလွှဲရန် အမျိုးသားရေး စိတ်ဓာတ်ပြင်းထန်သော ရခိုင်လူမျိုးများနှင့် သမိုင်းကြောင်းအရ ရှုပ်ထွေးသော အကြောင်းအရာများကို အကြောင်းပြုကာ အဖွဲ့အစည်းတခုက လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများဖန်တီးကာ အာရုံလွှဲမှုများ ရှိလာနိုင်သည်ကို အားလုံးက သတိထားရန် လိုအပ်ပေသည်။

(ပေါ်ထွန်းသည် မြန်မာသတင်းစာဆရာတဦး ဖြစ်သည်)

You may also like these stories:

ဆန္ဒပြပွဲနှင့် PDF အား ဖြိုခွင်းတိုက်ခိုက်သူများကို စစ်ကောင်စီ ဂုဏ်ပြုဆုပေး

အာဏာသိမ်းစစ်ကောင်စီ၏ အဆိုးရွားဆုံး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ

တနိုင်ငံလုံးက မြန်မာစစ်တပ်ကို မုန်းနေကြတာ

လူမျိုးရေး ပဋိပက္ခ ရခိုင်မှာ ပြန်ဖြစ်မလား

Your Thoughts …
Tags: AAANPစစ်တပ်ဗမာဗိုလ်ချုပ်ထွန်းထွန်းညီရခိုင်ရန်တိုက်ပေးသလား
ပေါ်ထွန်း

ပေါ်ထွန်း

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.2k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.3k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
44.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.3k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတွေ့ဆုံမှု သဘောတူညီချက် ဘာမှမရ

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတွေ့ဆုံမှု သဘောတူညီချက် ဘာမှမရ

by ဧရာဝတီ
12 December 2023
30.5k

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် အာဏာသိမ်းစစ်ကောင်စီအကြား ယမန်နေ့က တွေ့ဆုံဆွေးနွေးမှုတွင် မည်သည့်သဘောတူညီချက်မှ မရရှိခဲ့ကြောင်း နီးစပ်သူတဦးကပြောသည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.1k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

Next Post
ကရင်နီအမျိုးသား တိုးတက်ရေးပါတီ၏ စစ်တောင်ပံဖြစ်သော ကရင်နီတပ်မတော် အဖွဲ့ဝင်များ ကယားပြည်နယ် စစ်ပွဲတခုအတွင်း လှုပ်ရှားမှု / KnAC

နှစ်သစ်၊ စစ်နှင့် မြန်မာပြည်သူများ

ထိုင်းနိုင်ငံရောက် မြန်မာ ရွှေ့ပြောင်းလုပ်သားများ / ကျော်ခ / ဧရာဝတီ

ဘတ် ၃၀ တန် ဆေးရုံကတ်ကို ထိုင်းအစိုးရဆေးရုံတိုင်းတွင် ဆေးကုသခွင့်ပြု

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

4 days ago
7k
တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

2 days ago
6.6k

Most Read

  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate