ကမ္ဘောဒီးယာဝန်ကြီးချုပ် မစ္စတာ ဟွန်ဆန်၏ မြန်မာနိုင်ငံခရီးစဉ်သည် အငြင်းပွားမှု ဖြစ်စေခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံ၏ အမြင်မှာ စစ်ကောင်စီနှင့် ဆွေးနွေးရေးကို ဖြစ်စေနိုင်သော ပတ်ဝန်းကျင်ကို ပြုစုပျိုးထောင်ခြင်းသည် အရှေ့တောင်အာရှ နိုင်ငံများအသင်း (ASEAN) ၏ ဘုံသဘောတူညီချက် ၅ ချက် အကောင်အထည်ဖော်ရေး လမ်းပွင့်သွားစေမည်ဆိုသော အမြင်ဖြစ်သည်။
လွန်ခဲ့သော သီတင်းပတ်အကုန်က ဝန်ကြီးချုပ် မစ္စတာ ဟွန်ဆန်၏ မြန်မာနိုင်ငံသို့ အဆင့်မြင့်ခရီးစဉ် မတိုင်မီ တုံ့ပြန်မှု အမျိုးမျိုး ဖြစ်နေကြသည်။ လေ့လာသူအချို့က ထိုခရီးစဉ်ကို ဝေဖန်ကြပြီး ခရီးစဉ်သည် စစ်ကောင်စီကို တရားဝင်စေမည်ဟု ပြောသည်။ တဘက်တွင်လည်း ထိုခရီးစဉ်သည် အာဆီယံ၏ မြန်မာနှင့် ထိရောက်သော ထိတွေ့ဆက်ဆံရေး၊ အထူးသဖြင့် ယမန်နှစ် ဧပြီလက ချမှတ်ထားသည့် မြန်မာနှင့် ပတ်သက်သော ဘုံသဘောတူညီချက် ၅ ချက် အကောင်အထည်ဖော်ရေးကို အထောက်အကူပြုစေမည်ဟု အခြားသူများက ယူဆသည်။
ကမ္ဘောဒီးယားနိုင်ငံ၏ ရည်ရွယ်ချက်မှာ ရှင်းလင်းလှသည်။ တွေ့ဆုံဆွေးနွေးရေးအတွက် ပတ်ဝန်းကျင် ဖန်တီးပေးရန်နှင့် ဘုံသဘောတူညီချက် ၅ ချက် အကောင်အထည်ဖော်ရေး လမ်းဖွင့်ပေးရန် ဖြစ်သည်။
ကမ္ဘောဒီးယားနိုင်ငံ၏ အမြင်မှာ ဒုတိယအမြင်ဘက်သို့ ယိမ်းသည်။ ထိုခရီးစဉ်၏ ရည်ရွယ်ချက်မှာ ရှင်းလင်းလှသည်။ တွေ့ဆုံဆွေးနွေးရေးအတွက် ပတ်ဝန်းကျင် ဖန်တီးပေးရန်နှင့် ဘုံသဘောတူညီချက် ၅ ချက် အကောင်အထည်ဖော်ရေး လမ်းဖွင့်ပေးရန် ဖြစ်သည်။
ဘုံသဘောတူညီချက် ၅ ချက် အကောင်အထည်ဖော်ရေး တိုးတက်မှု မရှိသည်ကို အငြင်းပွားစရာ မလိုပေ။ အခြေခံအားဖြင့် ဆိုရပါက မြန်မာနိုင်ငံတွင် အကြမ်းဖက်မှု မရပ်သေးပေ။ စစ်ကောင်စီကလည်း အာဆီယံ အထူးသံတမန်ကို ဒေါ်အောင်ဆန်းစုကြည် အပါအဝင် သက်ဆိုင်သူအားလုံးနှင့် တွေ့ခွင့်မပေးသေးပေ။
ထိုသူများသည် အမှုရင်ဆိုင်နေရသည်ဟု စစ်ကောင်စီက ပြောသည်။ ထို့ကြောင့် မြန်မာသည် လွန်ခဲ့သော ၂၀၂၁ အာဆီယံ ထိပ်သီးဆွေးနွေးပွဲများနှင့် ဆက်စပ်စည်းဝေးပွဲများတွင် နိုင်ငံရေးအရ ကိုယ်စားမပြုသင့်ကြောင်း ဆုံးဖြတ်သည်။ စစ်ကောင်စီကလည်း နိုင်ငံရေးအရ ကိုယ်စားမပြုသူကို မစေလွှတ်ဘဲ အာဆီယံ အစည်းအဝေးများကို သပိတ်မှောက်သည်။
မြန်မာသည် အာဆီယံ-တရုတ် ဆက်ဆံရေးတွင် ညှိနှိုင်းပေးရေးတာဝန်ကို လက်ရှိယူထားသော်လည်း အာဆီယံ-တရုတ် ဆွေးနွေးဖက် နှစ် ၃၀ ပြည့် အထိမ်းအမှတ် အာဆီယံ-တရုတ် ထိပ်သီးဆွေးနွေးပွဲသို့လည်း နိုင်ငံရေးကိုယ်စားလှယ် စေလွှတ်ခြင်းမရှိပေ။
အာဆီယံ အတွင်းတွင် ကိုယ်စားပြုမှုပြဿနာနှင့် ပတ်သက်ပြီး သဘောထားကွဲလွဲမှုများ ရှိနေသည်။ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်နှင့် စင်ကာပူတို့က ထိုပြဿနာတွင် သဘောထားတင်းမာပြီး ကျန်နိုင်ငံများသည် နှိုင်းယှဉ်ချက်အားဖြင့် သဘောထား ပျော့ပြောင်းကြသည်။ ထို့ကြောင့် အာဆီယံ ထိပ်သီးဆွေးနွေးပွဲများတွင် မြန်မာ၏ အနာဂတ် ကိုယ်စားပြုမှုသည် စစ်ကောင်စီ၏ ရိုးသားမှုနှင့် ဘုံသဘောတူညီချက် ၅ ချက် အကောင်အထည်ဖော်မှု အပေါ်သာ မူတည်နေသည်။
ယခုနှစ် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌအနေဖြင့် ကမ္ဘောဒီးယားအစိုးရ၏ အမြင်မှာ ထိပ်သီးဆွေးနွေးပွဲများတွင် မြန်မာက ဝန်ကြီးအဆင့် ကိုယ်စားပြုမှု ကင်းမဲ့ခြင်းသည် အဖွဲ့အတွက်ကောင်းသော လက္ခဏာ မဟုတ်ပေ။
ယခုနှစ် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌအနေဖြင့် ကမ္ဘောဒီးယားအစိုးရ၏ အမြင်မှာ ထိပ်သီးဆွေးနွေးပွဲများတွင် မြန်မာက ဝန်ကြီးအဆင့် ကိုယ်စားပြုမှု ကင်းမဲ့ခြင်းသည် အဖွဲ့အတွက်ကောင်းသော လက္ခဏာ မဟုတ်ပေ။ မြန်မာ၏ အာဆီယံ အဖွဲ့ဝင်ဖြစ်ခွင့်ကို ရုတ်သိမ်းနိုင်သည့် ယန္တရား မရှိသောကြောင့် ဝန်ကြီးအဆင့် ကိုယ်စားပြုမှု ပြဿနာသည် အခြားအဖွဲ့ဝင် နိုင်ငံ ၉ နိုင်ငံအပေါ် မူတည်နေသည်။
ထိုသို့သော အနေအထားဖြင့်ကြည့်ပါက မစ္စတာ ဟွန်ဆန်၏ မြန်မာခရီးစဉ် ရလဒ်သည် ဘုံသဘောတူညီချက် ၅ ချက် အကောင်အထည်ဖော်ရေးအတွက် ပြဿနာကို အကောင်းဆုံး မဖြေရှင်းနိုင်လျှင်ပင် အပြုသဘောဆောင်သည့် စမှတ်အဖြစ် သတ်မှတ်နိုင်သည်။ (စစ်ကောင်စီသည် ထိုဘုံသဘောတူညီချက် အကောင်အထည်ဖော်ရေးကို စစ်ကောင်စီ၏ အချက် ၅ ချက်ပါ လမ်းပြမြေပုံနှင့် ချိတ်ဆက်ထားသဖြင့် အနှစ်သာရမှာ အာဆီယံ ရည်မှန်းချက်ထက် စစ်ကောင်စီ၏ ရည်မှန်းချက်များကို ဦးစားပေးသည်။)
ပူးတွဲသတင်းထုတ်ပြန်ချက်တွင် စစ်ကောင်စီက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများကို ၂၀၂၂ ကုန်အထိ အပစ်အခတ်ရပ်စဲထားရန် ကတိပြုပြီး သက်ဆိုင်သူ အားလုံးအနေဖြင့် အကြမ်းဖက်မှု ရပ်စဲရန် တောင်းဆိုသည်။ (သို့သော် စစ်ကောင်စီက ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များနှင့် အမျိုးသားညီညွတ်ရေးအစိုးရ စသည့် အဖွဲ့အစည်းများအား ဖော်ပြခြင်းမရှိသည်ကို မှတ်သားသင့်သည်။)
ကမ္ဘောဒီးယား၏ ရှည်ကြာသော ပြည်တွင်းစစ်အတွေ့အကြုံမှ သင်ခန်းစာယူကပါ စစ်သည် စစ်ကို အဆုံးမသတ်နိုင်ပေ။ နှစ်ဘက်အကျိုးရှိသော ညှိနှိုင်းမှုများကသာ အဆုံးသတ်နိုင်သည်။ မြန်မာအနေဖြင့် တင်းမာမှုများ လျှော့ချရန်နှင့် သက်ဆိုင်ရာ ပါဝင်ပတ်သက်သူများအကြား အပြုသဘောဆောင်သည့် ဆွေးနွေးပွဲများအတွက် အရှိန်အဟုန် တည်ဆောက်ရန် မစ္စတာ ဟွန်ဆန်က အားပေးသည်။
စေ့စပ်ညှိနှိုင်းမှုများနှင့် သဘောတူညီမှုများတွင် အားလုံး ပါဝင်ခြင်းမရှိလျှင် ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး အကောင်အထည် မပေါ်နိုင်ကြောင်း ပြောသည်။ ထိုအချက်သည် အခြား အာဆီယံအဖွဲ့ဝင်များ သဘောတူရန် ပြဿနာမရှိသော အချက်ဖြစ်သည်။
သူသည် အားလုံးအကျုံးဝင်သော နိုင်ငံရေးဆွေးနွေးပွဲများ၏ အရေးပါမှုကို အလေးအနက်ထားပြီး ကမ္ဘောဒီးယား နိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အတွေ့အကြုံကို မျှဝေသည်။ စေ့စပ်ညှိနှိုင်းမှုများနှင့် သဘောတူညီမှုများတွင် အားလုံး ပါဝင်ခြင်းမရှိလျှင် ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး အကောင်အထည် မပေါ်နိုင်ကြောင်း ပြောသည်။ ထိုအချက်သည် အခြား အာဆီယံအဖွဲ့ဝင်များ သဘောတူရန် ပြဿနာမရှိသော အချက်ဖြစ်သည်။
သူ၏ခရီးစဉ်တွင် အခြားအလေးပေးသော အချက်တခုမှာ အာဆီယံ အထူးသံတမန်၊ အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ်၊ အာဆီယံ လူသားချင်းစာနာမှု အကူအညီနှင့် သဘာ၀ ဘေးအန္တရာယ် စီမံခန့်ခွဲမှု ဌာန (AHA Centre)၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် ကုလသမဂ္ဂ အေဂျင်စီများမှ ကိုယ်စားလှယ်များအကြား ဘက်စုံပါဝင်ပတ်သက်သူတို့ကို စုရုံးပြီး မြန်မာပြည်သူများသို့ လူသားချင်းစာနာမှု အကူအညီများပေးရေး အဆင်ပြေစေရန် ကတိကဝတ် ဖြစ်သည်။
မြန်မာကလည်း အထူးသံတမန်ခရီးစဉ် အဆင်ပြေစေရန်နှင့်၊ သက်ဆိုင်သူအားလုံးနှင့် အထူးသံတမန်ကို တွေ့ဆုံခွင့်ပေးရန် ကတိပြုသည်။ ဤနေရာတွင် သက်ဆိုင်သူများအားလုံးဆိုသည့် စကားကို အမျိုးမျိုး ကောက်ယူနိုင်သည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အဓိကပါဝင်ပတ်သက်သူဖြစ်သော အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) ကို ထည့်သွင်းရမည် ဖြစ်သည်။ စကားထက် အလုပ်က အရေးကြီးသည်။ အာဆီယံ၏ သံတမန်နယ်ပယ်ကို ၎င်းတို့၏ နိုင်ငံရေး ရည်မှန်းချက်များအတွက် အသုံးမချနိုင်အောင် အာဆီယံက စစ်ကောင်စီကို တားဆီးနိုင်ရမည်ဖြစ်သည်။
ယခုခရီးစဉ်၏ ရလဒ်ကို အခြေခံပြီး ကမ္ဘောဒီးယားအနေဖြင့် ဇန်နဝါရီလ ၁၈ ရက်မှ ၁၉ ရက်အထိ ဆီယမ်ရိတွင် ကျင်းပမည့် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးတွင် မြန်မာမှ နိုင်ငံရေး ကိုယ်စားလှယ် တက်ရောက်နိုင်ရေးအတွက် အခြားအဖွဲ့ဝင်နိုင်ငံများ လက်ခံလာအောင် လုပ်နိုင်သည်။ ထိုသို့လုပ်နိုင်ခြင်းသည် အာဆီယံအနေဖြင့် စစ်ကောင်စီက ဘုံသဘောတူညီချက် ၅ ချက်ကို အကောင်းအထည်ဖော်ရန် တာဝန်ရှိကြောင်း ပြောနိုင်မည်ဖြစ်သည်။ (ယခုအခါ နိုင်ငံခြားရေးဝန်ကြီးများ ခရီးသွားရန် ခက်ခဲသည်ဟု အကြောင်းပြချက်ဖြင့် အဆိုပါအစည်းအဝေးကို ရွှေ့ဆိုင်းလိုက်သည်။)
မြန်မာနိုင်ငံမှ နိုင်ငံရေး ကိုယ်စားလှယ်ကို ထိုအစည်းအဝေးမှ တားမြစ်မည်ဟု ယုံကြည်ရန် အကြောင်းမရှိပေ။ အတိအကျဆိုရပါက စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် ထိုအစည်းအဝေး တက်မည်ဟု မျှော်လင့်ရသည်။ ထို့အပြင် အာဆီယံသည် ၂၀၂၁ ခုနှစ်တလျှောက်လုံးတွင် ၎င်း၏ကဏ္ဍအလိုက် အစည်းအဝေးများ၌ မြန်မာမှ စစ်ကောင်စီခန့် ဝန်ကြီးအဆင့် ကိုယ်စားပြုမှုကို လက်ခံခဲ့သည်။ သို့သော် အချို့ အာဆီယံအဖွဲ့ဝင်များသည် အာဆီယံအစည်းအဝေးများတွင် မြန်မာမှ နိုင်ငံရေးကိုယ်စားပြုမှုနှင့်ဆိုင်သည့် မေးခွန်း ဆက်ထုတ်နေကြသည်။
ဝိုင်းကျဉ်ထားခြင်းသည် အဖြေမဟုတ်ဟု ဟွန်ဆန်က အခိုင်အမာယုံကြည်သည်။ ဘုံသဘောတူညီချက် ၅ ချက် နှင့် အာဆီယံပဋိညာဉ်ကို တင်းကျပ်စွာ ဆုပ်ကိုင်ပြီး တိကျသော ရည်ရွယ်ချက်ဖြင့် ပျော့ပျောင်းသော ထိတွေ့ဆက်ဆံမှုသည် ပြဿနာကို ဖြေရှင်းပေးနိုင်သည်။
ဝိုင်းကျဉ်ထားခြင်းသည် အဖြေမဟုတ်ဟု မစ္စတ ဟွန်ဆန်က အခိုင်အမာယုံကြည်သည်။ ဘုံသဘောတူညီချက် ၅ ချက် နှင့် အာဆီယံပဋိညာဉ်ကို တင်းကျပ်စွာ ဆုပ်ကိုင်ပြီး တိကျသော ရည်ရွယ်ချက်ဖြင့် ပျော့ပျောင်းသော ထိတွေ့ဆက်ဆံမှုသည် ပြဿနာကို ဖြေရှင်းပေးနိုင်သည်။ သို့သော် ဘုံသဘောတူညီချက် ၅ ချက် အကောင်အထည်ဖော်ရေးအတွက် မစ္စတာ ဟွန်ဆန်က မည်သည်တို့ကို လုပ်နိုင်မည် ပြောရန် စောလွန်းနေသေးသည်။
အာဆီယံက လုပ်ဆောင်ပေးနိုင်သည့်အချက်မှာ သက်ဆိုင်သူများအားလုံး ပါဝင်သော နိုင်ငံရေး ဆွေးနွေးပွဲအတွက် ကောင်းမွန်သည့် ပတ်ဝန်းကျင်ကို ဖန်တီးပေးရန်ဖြစ်သည်။ အကြမ်းဖက်မှုများ အဆုံးသတ်ခြင်းသည် အရေးအပါဆုံး ခြေလှမ်းဖြစ်သည်။ ရန်လိုမှု၊ အကြမ်းဖက်မှုများ မရပ်လျှင် အဓိပ္ပာယ် ပြည့်ဝသည့် ဆွေးနွေးပွဲ မဖြစ်နိုင်ပေ။
စစ်ကောင်စီက ကတိတည်စေရန်၊ သက်ဆိုင်သူအားလုံး အကြမ်းဖက်မှု ရပ်ဆိုင်းရေးအတွက် အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) နှင့် အခြားအဖွဲ့အစည်းများ အပါအဝင် သက်ဆိုင်သူအားလုံး ပါဝင်စေရန် အာဆီယံအထူးသံတမန်က လုပ်ဆောင်ရမည်။ စိတ်ဝင်စားသော အဖွဲ့အစည်းအားလုံးအကြား နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်စေရန်လည်း အထူးသံတမန်က လုပ်ဆောင်ရမည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏ အခြားအစိတ်အပိုင်းများမှာ သက်ဆိုင်သူအားလုံး၏ ဘေးကင်းလုံခြုံမှုကို အာမခံရေးနှင့် လူသားချင်းစာနာမှု အကူအညီပေးရေး ဖြစ်သည်။ နောက်ဆုံးတွင် ကမ္ဘောဒီးယားနှင့် အာဆီယံသည် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ထိန်းသိမ်းရေးတွင် မြန်မာမှ သက်ဆိုင်သူ အားလုံးပါဝင်အောင် လုပ်ဆောင်ရန် လိုအပ်သည်။ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး ပရက်ဆိုခွန်း အကြိမ်ကြိမ်ပြောခဲ့သည့်အတိုင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို မြန်မာက ဦးဆောင်ပြီး မြန်မာက ပိုင်ဆိုင်ရမည်။
(fulcrum.sg ပါ Chheang Vannarith ၏ Hun Sen’s Visit to Myanmar: A Cambodian View ကို ဘာသာပြန်ဆိုသည်။ Chheang Vannarith သည် စင်ကာပူရှိ ISEAS–Yusof Ishak Institute မှ ဧည့်သုတေသီ ဖြစ်သည်။)
You may also like these stories :
“သွေးသောက်ညီအကို”အဖြစ် သဘောထားရန် စစ်ကောင်စီခေါင်းဆောင်က ဟွန်ဆန်ကို ပြော
ဟွန်ဆန်၏ “ကောင်းဘွိုင်ဒီပလိုမေစီ” အာဆီယံအဖွဲ့ကို ဖျက်ဆီးနေသလား
ဒေါ်အောင်ဆန်းစုကြည်ကို ဟွန်ဆန်နှင့် တွေ့ခွင့်မပေးနိုင်ဟု စစ်ကောင်စီ ပြော
မြန်မာ ပြည်တွင်းစစ် ဖြစ်နေဟု ကမ္ဘောဒီးယား ပြော