လေတပ်ကို အားထားပြီး စစ်တိုက်နေရချိန်တွင် လေတပ်ဦးစီးချုပ်တယောက်ကို အနားပေးလိုက်သည်ဆိုသော သတင်းသည် စိတ်ဝင်စားစရာဖြစ်သည်။
လုပ်သက်ပြည့်သောကြောင့် အနားပေးသည်ဟု ပြောဆိုနေသူများ ရှိသလို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မကြိုက်၍ နားလိုက်တာဟု ပြောဆိုသူများစွာ ရှိနေသည်။
အနား ပေးခံလိုက်ရသော လေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်သည် လေတပ်ဦးစီးချုပ်ရာထူးအား ၂၀၁၈ ခုနှစ် ဆန်းက စတင်တာဝန်ထမ်းဆောင်သည့်အတွက် ၂၀၂၂ ခုနှစ်တွင် လုပ်သက်လေးနှစ်ပြည့်လာခဲ့သည်။
သို့သော် စစ်တပ်တွင် တာဝန်ထမ်းဆောင်သော ဗိုလ်ချုပ်ကြီးတိုင်း လုပ်သက် လေးနှစ်ပြည့်သည်နှင့် မဖြစ်မနေ အနားယူရတာ မဟုတ်ပေ။
စစ်တပ်တွင် တာဝန်ထမ်းဆောင်သော ဗိုလ်ချုပ်ကြီးတိုင်း လုပ်သက် လေးနှစ်ပြည့်သည်နှင့် မဖြစ်မနေ အနားယူရတာ မဟုတ်ပေ။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဆက်ဆံရေးကောင်းသော ဗိုလ်ချုပ်ကြီး အချို့ဆိုလျှင် ၆ နှစ်ထိ တာဝန်ထမ်းဆောင်ခဲ့ကြသည်။ မင်းအောင်လှိုင် မကြိုက်သော ဗိုလ်ချုပ်ကြီးများကို လေးနှစ်နှင့် အငြိမ်းစားပေးခံရသူများလည်း ရှိသည်။
ကာကွယ်ရေးဝန်ကြီးဌာနတွင် ဗိုလ်ချုပ်ကြီးရာထူးဖြင့် လုပ်သက်လေးနှစ်ပြည့်ပါက အနားယူရမည်ဟုဖော်ပြထားသလို လိုအပ်ပါက ၂ နှစ် ထက်မပိုသော သက်တမ်းတိုးခွင့်ရှိသည်ဟု ပြဌာန်းချက်ရှိသည်။
အဆိုပါ ပြဌာန်းချက်ကြောင့် တပ်ချုပ်သည် သူနှင့်အဆင်ပြေသော ဗိုလ်ချုပ်ကြီးများအား လေးနှစ်ကျော် တာဝန်ထမ်း ခွင့်ပြုခဲ့ပြီး သူနှင့် အဆင်မပြေသောသူများကိုတော့ လေးနှစ်သာ တာဝန်ထမ်းဆောင်ခွင့်ပေးသည်။
စစ်တပ်တွင် ဗိုလ်ချုပ်ကြီးရာထူးဖြင့် စစ်ဖက်တာဝန်ထမ်းဆောင်နေသူ သုံးဦးရှိသည်။ တပ်မတော်ရဲ့ တတိယခေါင်းဆောင်လို့ခေါ်ကြသော ညှိကွပ် ခေါ် ညှိနှိုင်းကွပ်ကဲရေးမှူး ( ကြည်းရေလေ ) ရေတပ်ဦးစီးချုပ်နှင့် လေတပ်ဦးစီးချုပ်တို့ဖြစ်သည်။
ထိုသုံးဦးထဲက လေတပ်ဦးစီးချုပ်တာဝန်ယူခဲ့သူ ဗိုလ်ချုပ်ကြီးခင်အောင်မြင့်သည် ဗိုလ်ချုပ်ကြီးရာထူးဖြင့် ၅ နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့သည်။ ဗိုလ်ချုပ်ကြီးခင်အောင်မြင့်သည် ၂၀၁၃ မှ ၂၀၁၈ ခုနှစ်ထိ လေတပ် ဦးစီးချုပ်တာဝန်ကို ထမ်းဆောင်ခဲ့သည်။ ထို့အပြင် ဗိုလ်ချုပ်ကြီးခင်အောင်မြင့်သည် လေတပ်ဦးစီးချုပ်တာဝန်အပြင် ညှိနှိုင်းကွပ်ကဲရေးမှူး ( ကြည်းရေလေ) တာဝန်ကိုပါ တနှစ်ကျော် ပူးတွဲတာဝန်ယူခဲ့သည်။ လေချုပ်အား ညှိကွပ်တာဝန်ပေးသည်မှာ တပ်မတော်သမိုင်းတွင် ပထမဆုံးဖြစ်သည်။
ထို့အပြင် ရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးတင်အောင်ဆန်းအား ဗိုလ်ချုပ်ကြီးရာထူးဖြင့် စစ်ဖက်တာဝန်ကို ၆ နှစ် ကြာတာဝန်ထမ်းဆောင်ခဲ့သည်။ ရေချုပ် ဗိုလ်ချုပ်ကြီးတင်အောင်ဆန်းသည် ၂၀၁၅ ခုနှစ်သြဂုတ်လမှ ၂၀၂၁ ခုနှစ်ဇန်နဝါရီလကုန်ထိ တာဝန်ကို ထမ်းဆောင်ခဲ့သည်။ စစ်ဖက်ရာထူးမှ အနားယူသွားသည့်တိုင် အာဏာသိမ်းပြီးနောက်ပိုင်း ဖွဲ့စည်းသည့်အစိုးရအဖွဲ့တွင် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးတာဝန်ကို ပေးခဲ့သည်။
အဆိုပါ ဗိုလ်ချုပ်ကြီးနှစ်ဦးစလုံးသည် တပ်ချုပ် မင်း အောင်လှိုင်၏ အကျိုးစီးပွါးကိုဆောင်ရွက်ပေးသူများ ဖြစ်သည့်အတွက် လေးနှစ်ကျော် တာဝန်ထမ်း ဆောင်ခွင့်ပေးခဲ့ခြင်းဖြစ်သည်ဟု ဒုတိယဗိုလ်ချုပ်ကြီး ( ငြိမ်း) တဦးက သုံးသပ်ပြောဆိုသည်။
အဆိုပါ ဗိုလ်ချုပ်ကြီးနှစ်ဦးစလုံးသည် တပ်ချုပ် မင်း အောင်လှိုင်၏ အကျိုးစီးပွါးကိုဆောင်ရွက်ပေးသူများ ဖြစ်သည့်အတွက် လေးနှစ်ကျော် တာဝန်ထမ်း ဆောင်ခွင့်ပေးခဲ့ခြင်းဖြစ်သည်ဟု ဒုတိယဗိုလ်ချုပ်ကြီး ( ငြိမ်း) တဦးက သုံးသပ်ပြောဆိုသည်။
နောက်ထပ် ဗိုလ်ချုပ်ကြီးရာထူးဖြင့် စစ်ဖက်တာဝန်ကို ငါးနှစ် ထမ်းဆောင်ခဲ့သူမှာ ညှိနှိုင်းကွပ်ကဲမှူး ( ကြည်းရေ လေ) ဗိုလ်ချုပ်ကြီးမြထွန်းဦးဖြစ်သည်။ ဗိုလ်ချုပ်ကြီးမြထွန်းဦးသည် ၂၀၁၆ ခုနှစ် သြဂုတ်လမှ ၂၀၂၁ ခုနှစ် ဇန်နဝါရီလကုန်အထိ ဗိုလ်ချုပ်ကြီးရာထူးဖြင့် ညှိကွပ်တာဝန်ကို ထမ်းဆောင်ခဲ့သည်။
သို့သော် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဆက်ဆံရေးမကောင်းသော ဗိုလ်ချုပ်ကြီး လှဌေးဝင်းမှာမူ ဗိုလ်ချုပ်ကြီးရာထူးဖြင့် ညှိကွပ်တာဝန်ကို ၄ နှစ်သာ ထမ်းဆောင်ခဲ့ရသည်။ ဗိုလ်ချုပ်ကြီးလှဌေးဝင်းသည် ၂၀၁၁ ခု ဧပြီလမှ ၂၀၁၅ ခုနှစ်သြဂုတ်လအထိ ဗိုလ်ချုပ်ကြီးရာထူးဖြင့် ညှိကွပ်တာဝန်ကို ထမ်းဆောင်ခဲ့သည်။
ရေချုပ် ဗိုလ်ချုပ်ကြီးသူရသက်ဆွေသည်လည်း ဗိုလ်ချုပ်ကြီးရာထူးဖြင့် တာဝန်ကို သုံးနှစ်ကျော်သာ ထမ်းဆောင်ခဲ့ရပြီး အသက် ၆၀ မပြည့်ခင် အငြိမ်းစားယူခဲ့ရသည်။ ဗိုလ်ချုပ်ကြီး သူရသက်ဆွေသည် ရေတပ်ဦးစီးချုပ်အဖြစ် ၂၀၁၂ ခုနှစ်မှာ ၂၀၁၅ ခုနှစ်သြဂုတ်လအထိသာ တာဝန် ထမ်းဆောင်ခွင့်ရခဲ့သည်။ စစ်တက္ကသိုလ် ၂၂ သင်တန်းဆင်း ဗိုလ်ချုပ်ကြီးသူရသက်ဆွေမှာ အငြိမ်းစားယူသည့်အချိန်တွင် အသက် ၅၈ နှစ်ဝန်းကျင်သာရှိခဲ့သည်။
ထိုကဲ့သို့ လုပ်သက်မပြည့်ခင်နှင့် အသက်မပြည့်ခင် ဗိုလ်ချုပ်ကြီးသူရသက်ဆွေအား အနားပေးလိုက်သည်မှာ ဗိုလ်ချုပ်ကြီးသူရသက်ဆွေ ဇနီး၏ ဆက်ဆံရေးပုံစံကို မနှစ်သက်ခြင်းကြောင့်ဖြစ်သည်ဟု ထိုအချိန်က တီးတိုးပြောဆိုတာတွေ ရှိခဲ့သည်။
အထူးကုဆရာဝန်တယောက်ဖြစ်သော ဗိုလ်ချုပ်ကြီးသူရသက်ဆွေ၏ ဇနီးသည် တပ်မတော်နှင့်ဆိုင်သော အခန်းအနားများအား ပုံမှန်မတက်ရောက်ခြင်း နှင့် တပ်မတော်ခေါင်းဆောင်များအပေါ်ပုံမှန်ထက်မပိုသော ဆက်ဆံရေးသာရှိသည်ကို မင်းအောင်လှိုင်က မနှစ်သက်ဟု တပ် ခေါင်းဆောင် အချို့က ပြောဆိုခြင်း ရှိခဲ့သည်။
အထူးကုဆရာဝန်တယောက်ဖြစ်သော ဗိုလ်ချုပ်ကြီးသူရသက်ဆွေ၏ ဇနီးသည် တပ်မတော်နှင့်ဆိုင်သော အခန်းအနားများအား ပုံမှန်မတက်ရောက်ခြင်း နှင့် တပ်မတော်ခေါင်းဆောင်များအပေါ်ပုံမှန်ထက်မပိုသော ဆက်ဆံရေးသာရှိသည်ကို မင်းအောင်လှိုင်က မနှစ်သက်ဟု တပ် ခေါင်းဆောင် အချို့က ပြောဆိုခြင်း ရှိခဲ့သည်။
အထက်ပါ အချက်အလက်များအရ လေတပ်အားကိုးဖြင့် စစ်တိုက်နေရချိန် လေချုပ်ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်အား ရာထူးမှ အနားပေးလိုက်သည်မှာ တပ်ချုပ် မင်းအောင်လှိုင်မကြိုက်၍ ဟူသော သုံးသပ်ချက်ကို ခိုင်မာစေခဲ့သည်။
ထို့အပြင် တပ်မတော်လေ၏ ဒုတိယခေါင်းဆောင်တဦးဖြစ်ခဲ့သူ အရာရှိချုပ် (Chief of staff ) လေ တာဝန်ယူခဲ့သော ဗိုလ်ချုပ်လွင်ဦးအား အသက်မပြည့်ခင် အနားပေးခဲ့သည့်ဖြစ်ရပ် ရှိခဲ့သည်။၂၀၁၅ ခုနှစ်ဆန်းပိုင်းက ဖြစ်ပွါးခဲ့သော ဦးဖုန်ကြားရှင်၏ ကိုးကန့်တပ်ဖွဲ့နှင့် ဖြစ်ပွားသော တိုက်ပွဲများတွင် စွမ်းဆောင်ရည် အားနည်းသည်ဟုဆိုကာ လေတပ်အရာရှိချုပ် ဗိုလ်ချုပ်လွင်ဦးအား ဗိုလ်ချုပ်ရာထူးမှ အနားပေးကာ သံအမတ်ကြီးအဖြစ် ပြောင်းလဲခန့်အပ်ခဲ့သည်။
သူနှစ်သက်သူ သို့မဟုတ် သူရဲ့အကျိုးစီးပွါးကို ဆောင်ရွက်ပေးသူများဖြစ်ပါက တပ်မတော်တွင် အစဉ်အလာမရှိခဲ့သည့် လက်ရုံးတပ်မှ ညွန်ကြားရေးမှူးများအား စစ်တိုင်းမှူးများထဲမှ ရာထူးတိုးသူများကိုသာပေးသည့် ဒုတိယဗိုလ်ချုပ်ကြီးရာထူးများကိုပင် တိုးပေး နေသည်။
ထိုတိုက်ပွဲများအတွင်း လေတပ်မှကြဲချသော ဗုံးသီးများသည် ပစ်မှတ်ကို ထိခိုက်မူ နည်းခြင်းနှင့် တရုတ်နိုင်ငံထဲသို့ ကျရောက်ခဲ့ခြင်းတို့ကို အကြောင်းပြကာ အနားပေးလိုက်ခြင်းဖြစ်သည်ဟု ဒုတိယဗိုလ်ချုပ်ကြီး (ငြိမ်း) တဦးက ဆိုသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကာကွယ်ရေးဦးစီးချုပ်တာဝန် စယူသည့်အချိန်ကစ၍ စစ်တပ်ထိပ်ပိုင်း ခေါင်းဆောင်များအား ရာထူးတိုးပေးခြင်းနှင့် အနားပေးခြင်းတို့ဆောင်ရွက်ရာတွင် မူဝါဒမရှိပဲ လုပ်ဆောင် နေသည်ဟု စစ်ဘက်အရာရှိကြီးများ အသိုင်းအဝိုင်းတွင် ပြောဆိုနေကြသည်။ သူနှစ်သက်သူ သို့မဟုတ် သူရဲ့အကျိုးစီးပွါးကို ဆောင်ရွက်ပေးသူများဖြစ်ပါက တပ်မတော်တွင် အစဉ်အလာမရှိခဲ့သည့် လက်ရုံးတပ်မှ ညွန်ကြားရေးမှူးများအား စစ်တိုင်းမှူးများထဲမှ ရာထူးတိုးသူများကိုသာပေးသည့် ဒုတိယဗိုလ်ချုပ်ကြီးရာထူးများကိုပင် တိုးပေး နေသည်။
မကြာသေးမီက အာဏာသိမ်း စစ်ကောင်စီ အတွင်းရေးမှူးတာဝန် ထမ်းဆောင်နေသော ဒုတိယ ဗိုလ်ချုပ်ကြီးအောင်လင်းဒွေးအား စစ်ဖက်ရာထူးဖြစ်သော စစ်ဥပဒေချုပ် ရာထူးမှ အနားပေးလိုက်ပြီး တပ်မတော်အရန်အင်အားအဖြစ်သို့ ပြောင်းရွှေ့လိုက်ပြီး ၎င်းရာထူးကို တပ်မတော်အင်အားဖြည့်တင်းရေး ညွှန်ကြားရေးမှူးရုံး (ကကအင်) မှ ညွှန်ကြားရေးမှူး ဗိုလ်ချုပ် မျိုးသန့်နိုင်အား ဒုတိယ ဗိုလ်ချုပ်ကြီး အဖြစ် ခန့်အပ်ကာ တာဝန်ပေးလိုက်ခြင်းအား ဝေဖန်နေကြခြင်း ဖြစ်သည်။
အထက်ပါဖြစ်စဉ်များရှိခဲ့သည့်အတွက် လေချုပ် ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်အား အနားပေးလိုက်ခြင်းသည် လုပ်သက်ပြည့်၍ အနားပေးလိုက်ခြင်းထက် စစ်ခေါင်းဆောင်မကြိုက်၍ အနားပေးခြင်းက ပိုမိုဖြစ်နိုင်ပါသည်။
(ပေါ်ထွန်းသည် မြန်မာသတင်းစာဆရာတဦး ဖြစ်သည်။)
You may also like these stories:
အင်းလျားဘေးက စစ်အာဏာသိမ်းခေါင်းဆောင်၏ အိမ်ကြီးများ
စစ်ကောင်စီခေါင်းဆောင် ဗိုလ်ရှုသဘင်ကျင်းပရန် ပြင်ဆင်နေ
လေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မောင်မောင်ကျော် ရာထူးမှ အနားပေးခံရ
စစ်ကောင်စီအတွင်းရေးမှူး အောင်လင်းဒွေး အရန်အင်အား အပို့ခံရ