နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်း (INGO) တချို့ဟာ စစ်ကောင်စီထံမှာ လုပ်ငန်းလိုင်စင် (MoU သို့မဟုတ် Registration) လျှောက်ကြတဲ့အတွက် ပြင်းပြင်းထန်ထန် ဝေဖန်ခံနေရပါတယ်။ INGO တွေရဲ့ အဓိက အကြောင်းပြချက်ကတော့ ပြည်တွင်းမှာ ဆက်လက်ရပ်တည်ဖို့အတွက် လုပ်ငန်းလိုင်စင် လိုအပ်တယ်၊ ဒီလို ဆက်လက် ရပ်တည်နိုင်မှသာ ပြည်တွင်းက အကူအညီလိုအပ်သူတွေကို လူသားချင်း စာနာထောက်ထားတဲ့ အကူအညီတွေ ပေးနိုင်မယ်လို့ ဆိုကြပါတယ်။
ဒီထက် ပိုဆိုးတဲ့ နောက်ထပ် ကိစ္စရပ်တစ်ခုကတော့ အခွန်နှစ် ကုန်လာတဲ့အချိန်မှာ INGO က ဝန်ထမ်းတွေရဲ့ ဝင်ငွေခွန်ကို စစ်ကောင်စီထံ ပေးဆောင်ဖို့ ကြိုးပမ်းလာတာ ဖြစ်ပါတယ်။ ပြည်တွင်း ဝန်ထမ်းတွေကြားထဲမှာ မကျေနပ်သံတွေ ပွက်လောရိုက်လာပါတော့တယ်။
လူသားချင်းစာနာထောက်ထားမှု လုပ်ငန်းတွေ၊ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်ကြတဲ့ နိုင်ငံတကာ အလှူရှင်တွေ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းတွေ၊ ပြည်တွင်းရှိ အစိုးရမဟုတ်သော အဖွဲ့အစည်းတွေနဲ့ အရပ်ဘက် အဖွဲ့အစည်းတွေရဲ့ လုပ်ငန်းလုပ်ဆောင်ပုံတွေ၊ ရှောင်ရန်ဆောင်ရန်နဲ့ လိုက်နာကျင့်သုံးရမယ့် စည်းမျဉ်းစည်းကမ်းတွေက စီးပွားရေးလုပ်ငန်းစုတွေ၊ အစိုးရအဖွဲ့အစည်းတွေနဲ့ အနည်းနဲ့အများဆိုသလို ကွဲပြားခြားနားပါတယ်။ ပိုပြီးတော့ “ကျင့်ဝတ်” ထိန်းဖို့ လိုအပ်ပါတယ်။
လူသားချင်းစာနာထောက်ထားမှု လုပ်ငန်းတွေ၊ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်ကြတဲ့ နိုင်ငံတကာ အလှူရှင်တွေ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းတွေ၊ ပြည်တွင်းရှိ အစိုးရမဟုတ်သော အဖွဲ့အစည်းတွေနဲ့ အရပ်ဘက် အဖွဲ့အစည်းတွေရဲ့ လုပ်ငန်းလုပ်ဆောင်ပုံတွေ၊ ရှောင်ရန်ဆောင်ရန်နဲ့ လိုက်နာကျင့်သုံးရမယ့် စည်းမျဉ်းစည်းကမ်းတွေက စီးပွားရေးလုပ်ငန်းစုတွေ၊ အစိုးရအဖွဲ့အစည်းတွေနဲ့ အနည်းနဲ့အများဆိုသလို ကွဲပြားခြားနားပါတယ်။ ပိုပြီးတော့ “ကျင့်ဝတ်” ထိန်းဖို့ လိုအပ်ပါတယ်။
နိုင်ငံတကာစီးပွားရေး လုပ်ငန်းတွေတောင်မှ လက်ရှိအချိန်မှာ အကြမ်းဖက်တဲ့ စစ်ကောင်စီရဲ့ လူအခွင့်အရေး ဆိုးရွာစွာ ချိုးဖောက်မှုတွေကို ငွေကြေးထောက်ပံ့မှု မဖြစ်စေဖို့ မြန်မာပြည်ကနေ လုပ်ငန်းများ ရပ်စဲထွက်ခွာလျက် ရှိကြပါတယ်။
နိုင်ငံတကာအလှူရှင်တွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ အရပ်ဘက် အဖွဲ့အစည်းတွေမှာ အရေးကြီးတဲ့ ကိုင်စွဲထားရမယ့် မူတခုကတော့ “အကြမ်းဖက်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှု (Crime Against Humanity)၊ စစ်ရာဇဝတ်မှုတွေ၊ အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ လုပ်ငန်းသဘောအရ ပတ်သက်မှု၊ လက်တွဲလုပ်ဆောင်မှုတွေကို တားမြစ်ထားပြီး ခွင့်မပြုဘူး” ဆိုတာပါပဲ။ ဆိုလိုတာက အကြမ်းဖက်သမားတွေနဲ့ လုံးဝ မပတ်သက်ရပါဘူး။
နိုင်ငံတကာ အဖွဲ့အစည်းတွေ အနေနဲ့ ပြည်တွင်းမှာရှိတဲ့ အဖွဲ့အစည်းတခုခုနဲ့ အလုပ်မလုပ်ခင် အဲဒီ အဖွဲ့အစည်းရဲ့ နောက်ကြောင်း၊ ဦးဆောင်သူတွေရဲ့ ကိုယ်ရေးရာဇဝင်၊ လူအခွင့်အရေး ချိုးဖောက်ထားခြင်း ရှိ မရှိ၊ အမေရိကန်၊ ဗြိတိန်တို့လို အလှူရှင်နိုင်ငံတွေနဲ့ ကုလသမဂ္ဂမှာ အမည်ပျက်စာရင်း ဝင်၊ မဝင် အားလုံးစစ်ဆေးပြီး ကင်းလွတ်မှသာ အလုပ်လုပ်လို့ ရပါတယ်။ နမူနာအားဖြင့် အမေရိကန်ရဲ့ အလှူငွေနဲ့လုပ်တဲ့ အစည်းအဝေးတွေမှာ စစ်တပ်က လာတဲ့သူဆိုရင် ခရီးစရိတ်ပေးဖို့ ခွင့်မပြုပါ။ ဝန်ထမ်းတွေ ခရီးသွားလို့ ဟိုတယ်တည်းရင်တောင်မှ အမည်ပျက်စာရင်းဝင်သူ ပိုင်တဲ့ဟိုတယ်မှာ တည်းလို့မရပါ။
ဗြိတိန်အစိုးရဟာ အကြမ်းဖက် စစ်ကောင်စီအဖွဲ့ဝင် ၂၄ ယောက်နဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်တိုက်ပြုလုပ်နေတဲ့ စစ်တပ်ကို ငွေကြေးထောက်ပံ့မှု ပြုလုပ်နေတဲ့ စစ်အုပ်စုပိုင်လုပ်ငန်း ၅ ခုကို အရေးယူပိတ်ဆို့ကာ ဗြိတိန်နဲ့ပတ်သက်တဲ့ အဖွဲ့အစည်းတွေကို အတူလက်တွဲလုပ်ဆောင်ခြင်း မလုပ်ဖို့ တားမြစ်ထားပါတယ်။ ကနေဒါ၊ အမေရိကန်အစိုးရနဲ့ အခြားသော နိုင်ငံတကာအဖွဲ့အစည်းတွေက အလားတူ အရေးယူ ပိတ်ဆို့တာတွေလုပ်ခဲ့ကြတာ အားလုံးအသိပါပဲ။
လူ့အခွင့်အရေး ချိုးဖောက်နေတဲ့၊ အပြစ်မဲ့ အရပ်သားတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်နေတဲ့၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ အကြမ်းဖက် စစ်တပ်ဆီကို မိမိတို့ အဖွဲ့အစည်းကနေ ငွေကြေးစီးဆင်းမှု မဖြစ်စေဖို့ နိုင်ငံတကာ အဖွဲ့အစည်းတွေ (နိုင်ငံတကာအလှူရှင်တွေရဲ့ ငွေကြေးကို လက်ခံပြီး စီမံချက်ဖော်ဆောင်နေတဲ့ အဖွဲ့အစည်းတွေ) မှာ အထူးတာဝန်ရှိပါတယ်။
ဒါကြောင့် လူ့အခွင့်အရေး ချိုးဖောက်နေတဲ့၊ အပြစ်မဲ့ အရပ်သားတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်နေတဲ့၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ အကြမ်းဖက် စစ်တပ်ဆီကို မိမိတို့ အဖွဲ့အစည်းကနေ ငွေကြေးစီးဆင်းမှု မဖြစ်စေဖို့ နိုင်ငံတကာ အဖွဲ့အစည်းတွေ (နိုင်ငံတကာအလှူရှင်တွေရဲ့ ငွေကြေးကို လက်ခံပြီး စီမံချက်ဖော်ဆောင်နေတဲ့ အဖွဲ့အစည်းတွေ) မှာ အထူးတာဝန်ရှိပါတယ်။
နောက်ထပ် အရေးကြီးတဲ့တချက်က ဒီအခွန်ဆောင်ဖို့ ဆုံးဖြတ်တဲ့အခါမှာ ဒီအခွန်ငွေတွေဟာ ဝန်ထမ်းတွေရဲ့ လစာထဲကနေ ဖြတ်တောက်ထားတာကြောင့် ဒီငွေတွေ ဘယ်ကို စီးဆင်းသွားသင့်တယ်ဆိုတာ ဆုံးဖြတ်ဖို့အတွက် ဝန်ထမ်းတွေရဲ့ သဘောဆန္ဒသည် အင်မတန်အရေးကြီးပါတယ်။ ဝန်ထမ်းတွေ သဘောမတူရင် ဆိုတာကို အလေးပေးရပါမယ်။
တချို့သော အဖွဲ့အစည်းတွေကတော့ ဝင်ငွေခွန်မဆောင်လို့ ဝန်ထမ်းတွေရဲ့ လုံခြုံရေးအတွက် စဉ်းစားစရာ ရှိတယ်လို့ အကြောင်းပြပါတယ်။ သို့သော်လည်း အခုလက်ရှိအချိန် ပကတိ အနေအထားမှာ မြန်မာပြည်တွင်းမှာရှိသူ မည်သူတစ်ဦးတစ်ယောက်မျှ မလုံခြုံပါ။
လက်တွေ့ဖြစ်ရပ်အဖြစ် ကယားပြည်နယ်မှာ လူသားချင်းစာနာတဲ့ အကူအညီတွေ ပေးနေတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတခုက ဝန်ထမ်းနှစ်ယောက်ဟာ မတရား မီးရှို့သတ်ဖြတ်ခံခဲ့ရပါတယ်။ အလားတူ လူသားချင်းစာနာ ထောက်ထားမှုလုပ်ငန်း၊ ဖွံ့ဖြိုးရေးလုပ်ငန်းက ဝန်ထမ်းတွေကို ပစ်မှတ်ထားတိုက်ခိုက်တဲ့ အဖြစ်အပျက်တွေ ရှိနေဆဲပဲ ဖြစ်တယ်။ အခြေအနေ မပေးတဲ့အတွက်ကြောင့်သာ စာရင်း မပြုစုထားနိုင်တာ ဖြစ်ပါတယ်။
နောက်ထပ် ထည့်သွင်းစဉ်းစားသင့်တဲ့ အစီရင်ခံစာတခုလည်း ရှိပါသေးတယ်။ ကုလသမဂ္ဂရဲ့ နိုင်ငံတကာ အချက်အလက် ရှာဖွေရေး မစ်ရှင် (Independent International Fact Finding Mission – IIFFMM) ရဲ့ ၂၀၁၉ ခုနှစ်၊ ဩဂုတ်လမှာ ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာဆိုရင် နိုင်ငံတကာ အဖွဲ့အစည်းတွေဟာ သူတို့ကိုယ်တိုင်နဲ့ သူတို့နဲ့ ဆက်စပ်လုပ်ကိုင်နေတဲ့ အဖွဲ့အစည်းတွေရဲ့ လုပ်ငန်းတွေ လုပ်ဆောင်တဲ့အခါမှာ စစ်ကောင်စီနဲ့ ဆက်စပ်တဲ့လုပ်ငန်း ၁၃၅ ခုကျော်နဲ့ မပတ်သက်ဖို့၊ ငွေးကြေးစီးဆင်းမှု မဖြစ်စေဖို့ သတိထား လုပ်ဆောင်ရမှာ ဖြစ်ကြောင်း အတိအလင်း ထုတ်ဖော် တိုက်တွန်းထားပါတယ်။
ဒါတွေဟာ နိုင်ငံတကာ အဖွဲ့အစည်းတွေ လိုက်နာရတဲ့ စည်မျဉ်းစည်းကမ်းတချို့နဲ့ ကျင့်ဝတ်တချို့ကို မြင်သာအောင် ဖော်ပြခဲ့တာ ဖြစ်ပါတယ်။
ပြည်သူတွေကို သတ်ဖြတ်နေတဲ့ အကြမ်းဖက်စစ်တပ်ကို အခွန်ပေးဆောင်ပြီး လူအခွင့်အရေး ချိုးဖောက်မှုတွေအတွက် ငွေးကြေးထောက်ပံ့ပေးမယ်ဆိုရင် ကိုယ်တိုင်ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို ကိုယ်တိုင်ချိုးဖောက်ရာ ရောက်နေပါတယ်။
ပြည်သူတွေကို သတ်ဖြတ်နေတဲ့ အကြမ်းဖက်စစ်တပ်ကို အခွန်ပေးဆောင်ပြီး လူအခွင့်အရေး ချိုးဖောက်မှုတွေအတွက် ငွေးကြေးထောက်ပံ့ပေးမယ်ဆိုရင် ကိုယ်တိုင်ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို ကိုယ်တိုင်ချိုးဖောက်ရာ ရောက်နေပါတယ်။
အဖွဲ့အစည်းတွေ အကြောင်းပြတတ်ကြတဲ့၊ နိုင်ငံတကာ ဥပဒေ အကြံပေးအဖွဲ့တွေ ရှာတတ်ကြတဲ့ အကြောင်းပြချက် တခုကတော့ ဝင်ငွေခွန် ဥပဒေအရ အဖွဲ့အစည်းက ဝန်ထမ်းကိုယ်စား အခွန်ဆောင်ပေးရန် တာဝန်ရှိတာကြောင့် ဥပဒေအတိုင်း လုပ်ရပါတယ်လို့ ပြောလေ့ရှိပါတယ်။ အဖွဲ့အစည်းတွေ ပြောသလို ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၁၆၊ ပုဒ်မခွဲ (ဂ) မှာ ဝန်ထမ်းဆီက ဖြတ်တောက်ထားတဲ့ ဝင်ငွေခွန်ကို ပြည်ထောင်စုအစိုးရထံ ပေးသွင်းရန် တာဝန်ရှိကြောင်း ဖော်ပြပါရှိပါတယ်။
သို့သော် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်တိုက်ကျူးလွန်နေတဲ့ စစ်အုပ်စု ခေါင်းဆောင်နေတဲ့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီကို အခွန်ပေးဆောင်ရမယ်လို့ ဖော်ပြမထားပါ။ ဒါ့အပြင် အခွန်ပေးဆောင်ခြင်း မရှိပါက တရက် နောက်ကျသည်ဖြစ်စေ၊ တနှစ် နောက်ကျသည်ဖြစ်စေ၊ ၁၀ နှစ် နောက်ကျသည်ဖြစ်စေ အခွန်ဆိုင်ရာ စီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၇၄၊ ပုဒ်မခွဲ (ဃ) အရ အချိန်မီ မပေးသွင်းပါက ဒဏ်ကြေးငွေ ၁၀ ရာခိုင်နှုန်းသာ ကျသင့်မှာ ဖြစ်ပါတယ်။ ဒါတောင်မှ အခွန်ဆိုင်ရာ စီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၄၅၊ ပုဒ်မခွဲ (ဂ) အရ ညွှန်ကြားရေးမှူးချုပ်က အခွန်ပေးဆောင်ဖို့တောင်းပြီး မပေးသောအခါမှ ပျက်ကွက်သူဖြစ်ပါမယ်။
ဒါကြောင့် အဖွဲ့အစည်းများ အနေနဲ့ မိမိတို့ဝန်ထမ်းများရဲ့ ဝင်ငွေခွန်များကို ပေးဆောင်ရာမှာ အများပြည်သူ ရွေးကောက်တင်မြှောက်ထားတဲ့ ရွေးကောက်ခံ ပြည်ထောင်စုအစိုးရဖြစ်သော အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ကိုသာ အခွန်ဆောင်သင့်ပါတယ်။ မိမိတို့ အဖွဲ့အစည်းက ချမှတ်ထားတဲ့ စည်းမျဉ်းစည်ကမ်း မူဝါဒများကို ဖောက်ဖျက်ကာ အာဏာသိမ်းခဲ့တဲ့ စစ်အုပ်စုကို အခွန်ဆောင်ခြင်းဖြင့် အသိအမှတ်ပြုခြင်း မလုပ်သင့်ပါ။ မဟုတ်ပါက လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် ငွေးကြေးစီးဆင်းရန် ထောက်ပံ့သူအဖြစ် သမိုင်းတွင် နာမည်ကျန်ရစ်ကာ ကိုယ်တိုင်တန်ဖိုးထား လိုက်နာရမယ့် စံတန်ဖိုးများကို ချိုးဖောက်ရာကျမှာ ဖြစ်ပါတယ်။
နောက်ထပ်တမျိုး စဉ်းစားကြည့်ပါက စစ်ကောင်စီထံမှာ အခွန်ဆောင်လိုက်ရင်၊ လုပ်ငန်းလိုင်စင် ရယူလိုက်ရင် အမှန်တကယ် လိုအပ်တဲ့ ပြည်သူတွေဆီ လူသားချင်းစာနာတဲ့ အကူအညီတွေ ပေးဖို့ အခွင့်ရလာနိုင်မလား။ လက်တွေ့အခြေအနေကတော့ ပြောင်းပြန်ဖြစ်နေပါတယ်။
နောက်ထပ်တမျိုး စဉ်းစားကြည့်ပါက စစ်ကောင်စီထံမှာ အခွန်ဆောင်လိုက်ရင်၊ လုပ်ငန်းလိုင်စင် ရယူလိုက်ရင် အမှန်တကယ် လိုအပ်တဲ့ ပြည်သူတွေဆီ လူသားချင်းစာနာတဲ့ အကူအညီတွေ ပေးဖို့ အခွင့်ရလာနိုင်မလား။ လက်တွေ့အခြေအနေကတော့ ပြောင်းပြန်ဖြစ်နေပါတယ်။
အာဏာသိမ်းမှုကြောင့် ယမန်နှစ် ဖေဖော်ဝါရီလကနေစပြီး မြန်မာနိုင်ငံရဲ့ စီးပွားရေးနဲ့ ဘဏ်စနစ်ကလည်း စိုးရိမ်စရာ အခြေအနေကို ကျရောက်ခဲ့ပါတယ်။ ကမ္ဘာ့ဘဏ်က နောက်ဆုံးထုတ်ပြန်ထားတဲ့ စီးပွားရေး စောင့်ကြည့်အစီရင်ခံစာအရ မြန်မာ့စီးပွားရေးဟာ ၂၀၂၁ ခုနှစ်မှာ ၃၀ ရာခိုင်နှုန်းလောက် ကျုံ့သွားမှာဖြစ်ပြီး GDP (ပြည်တွင်းအသားတင် ကုန်ထုတ်လုပ်မှု) ဟာလည်း ၁၈ ရာခိုင်နှုန်းလောက် ကျဆင်းမယ်လို့ ခန့်မှန်းထားပါတယ်။ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့ (ILO) အစီရင်ခံစာအရ ၂၀၂၁ ခုနှစ်ရဲ့ ဒုတိယနှစ်ဝက်မှာ လူဦးရေ ၁ ဒသမ ၆ သန်းဟာ အလုပ်လက်မဲ့ဖြစ်မယ်လို့ ဆိုထားပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၂၃ ခုဟာလည်း လူအခွင့်အရေး ချိုးဖောက်ခံရမှုကြောင့် မြန်မာပြည်ကနေ ထွက်ခွာ ဒါမှမဟုတ် ရပ်ဆိုင်းခဲ့ပါတယ်။
အာဏာသိမ်းစစ်အုပ်စုက အာဏာတည်မြဲဖို့ တခုတည်းကိုသာ ကြည့်ပြီး အကြမ်းဖက်မှုတွေနဲ့အတူ ထင်ရာမြင်ရာ တုံ့ပြန်လုပ်ဆောင်မှုတွေကြောင့် လွှဲပေးရမယ့် နိုင်ငံတကာထောက်အပံ့ငွေများ မလွှဲနိုင်ခြင်း၊ ဖွံ့ဖြိုးရေး အကူအညီတွေ၊ ထောက်ပံ့ရေး အစီအစဉ်တွေအတွက် လိုအပ်တဲ့ ငွေးကြေး စီးဆင်းမှု ရပ်တန့်သွားခြင်းတို့ကြောင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ လူသားချင်း စာနာထောက်ထားမှု လုပ်ငန်းများနဲ့အတူ စီးပွားရေးလုပ်ငန်းတွေ ဆက်လက်ရပ်တည်ဖို့အတွက် ခက်ခဲတဲ့အခြေအနေကို ရောက်ကုန်ပါတယ်။
အရေးပေါ် လူသားချင်းစာနာတဲ့ နယ်ပယ်မှာဆိုရင်လည်း တနိုင်ငံလုံး လိုအပ်ချက်တွေ မြင့်တက်လျက် ရှိနေပါတယ်။ ဥပမာ ကယားပြည်နယ်မှာ လတ်တလော ဖြစ်ပျက်နေတဲ့ တိုက်ပွဲတွေကြောင့် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး လုပ်ငန်းတွေ များစွာလုပ်ဆောင်ရန် လိုအပ်နေပေမယ့်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အရပ်သားပြည်သူများပါမချန် အကြမ်းဖက် သတ်ဖြတ်မှုလုပ်ရပ်တွေကြောင့် နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ လိုအပ်တဲ့အကူအညီပေးရေး လုပ်ငန်းတွေကို ထိထိရောက်ရောက် လုပ်ဆောင်နိုင်ခြင်းမရှိ ဖြစ်နေရပါတယ်။
ဒီအခြေအနေတွေဟာ ဘာကို ညွှန်ပြနေသလဲဆိုရင် မြန်မာပြည်သူတွေဟာ ပိုပြီး ကြပ်တည်းလာမယ်၊ လူသားချင်းစာနာတဲ့ အကူအညီတွေကို ပိုပြီးလိုအပ်လာမယ်။ အကြမ်းဖက် စစ်တပ်ဟာလည်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ရပ်တန့်မယ့်ပုံ မပေါ်သေးပါဘူး။ ဒီအနေအထားမှာ လိုအပ်တဲ့ ပြည်သူတွေကိုလည်း မကူညီနိုင်တဲ့အပြင် အကြမ်းဖက် အဖွဲ့အစည်းကို အခွန်ဆောင်ဖို့ ကြိုးပမ်းနေမှုဟာ မြန်မာပြည်သူတွေ အတွက်တော့ နူရာဝဲစွဲ လဲရာသူခိုးထောင်း အဖြစ်နဲ့သာ တူပါတော့တယ်။
နိုင်ငံတကာ အဖွဲ့အစည်းတွေအနေနဲ့ အကြမ်းဖက် အဖွဲ့အစည်းဆီကနေ ခွင့်ပြုချက်ရနိုး၊ အလုပ်လုပ်ခွင့်ရနိုး တမျှော်မျှော် လုပ်နေမယ့်အစား ပိုပြီး လက်တွေ့ကျတဲ့ နည်းလမ်းတွေကို စုစုစည်းစည်း ညီညီညွတ်ညွတ် ရှာဖွေဖို့ လိုပြီလို့ ဆိုချင်ပါတယ်။
နိုင်ငံတကာ အဖွဲ့အစည်းတွေအနေနဲ့ အကြမ်းဖက် အဖွဲ့အစည်းဆီကနေ ခွင့်ပြုချက်ရနိုး၊ အလုပ်လုပ်ခွင့်ရနိုး တမျှော်မျှော် လုပ်နေမယ့်အစား ပိုပြီး လက်တွေ့ကျတဲ့ နည်းလမ်းတွေကို စုစုစည်းစည်း ညီညီညွတ်ညွတ် ရှာဖွေဖို့ လိုပြီလို့ ဆိုချင်ပါတယ်။
နေ့စဉ်နဲ့အမျှ အသတ်ဖြတ်ခံနေရတဲ့ မြန်မာပြည်သူတွေကို အားနာသောအားဖြင့် လူသားစိတ် အပြည့်ဖြင့်လည်း ဆောင်ရွက်ကြဖို့ လေးလေးနက်နက် တောင်းဆိုလိုပါတယ်။ ဒီလိုမှ မလုပ်နိုင်ရင်တော့ “သူတော်ကောင်းဇာတ်” ခင်းနေမယ့်အစား ပတ်စာခွာ ဖျာလိပ်ပြီး ဒီနိုင်ငံ ထွက်သွားကြဖို့၊ ရိုးသားရဲရင့်ကြဖို့ တိုက်တွန်းလိုက်ပါရစေ။
(မောင်လင်းထက်သည် နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခုမှ ဝန်ထမ်းဖြစ်ပြီး လူသားချင်း စာနာထောက်ထား ကူညီသည့်လုပ်ငန်းများကို ဆောင်ရွက်နေသူဖြစ်သည်)
You may also like these stories:
ကုလသမဂ္ဂနှင့် INGO တွေ စစ်ကောင်စီမှာ လုပ်ငန်းလိုင်စင် လျှောက်တဲ့အခါ
စစ်ကောင်စီက မြသွဲ့သွဲ့ခိုင်ကို ပစ်သတ်ခဲ့တာ ၁ နှစ်ပြည့်ပြီ
စစ်ကိုင်းမှာ အရပ်သားတွေ ဖမ်းဆီးသတ်ဖြတ်ခံနေရ ၂ ရက်အတွင်း ၃၀ ကျော်သေဆုံး
စစ်ကောင်စီ၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု သေဆုံးသူ ၁၈၄ ဦးရှိကြောင်း NUG ထုတ်ပြန်