လွန်ခဲ့သောနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ရွေးကောက်ခံ အရပ်သားအစိုးရထံမှ အာဏာသိမ်းခဲ့ပြီးနောက် မြန်မာစစ်ကောင်စီသည် အချုပ်အခြာအာဏာပိုင် နိုင်ငံဆိုသည့် အဓိပ္ပာယ်ကို ဖွင့်ဆိုသော အပိုင်းကဏ္ဍ ၄ ခုတွင် အရည်အချင်း ပြည့်မီခြင်း မရှိတော့ပေ။
အရပ်သားများ ဦးဆောင်သည့်တပ်များနှင့် စစ်ကောင်စီအကြား ဖြစ်ပွားသည့် ဗြောင်ကျသော ပြောက်ကျားပုံစံ ပြည်တွင်းစစ်အတွင်းသို့ မြန်မာနိုင်ငံ ကျရောက်သွားသောကြောင့် နေပြည်တော် စစ်ကောင်စီ၏ တရားဝင်မှုနှင့် ယုံကြည်အားထားခံရမှုသည် မရေမရာဖြစ်သွားသည်။
စစ်ကောင်စီအနေဖြင့် အချုပ်အခြာအာဏာပိုင် နိုင်ငံတခုကို ကိုယ်စားပြုနိုင်သည့် အရည်အချင်းရှိကြောင်း မပြသနိုင်လျှင် ၎င်း၏ ဒေသတွင်း အိမ်နီးချင်းများနှင့် ပိုမိုကျယ်ပြန့်သော နိုင်ငံတကာအသိုက်အဝန်းသည် ပြန်လည် အကဲဖြတ်ရန်လိုပြီး ထိတွေ့ဆက်ဆံရမည့် အခြားအာဏာပိုင်ကို ရှာဖွေရန်လိုသည်။
အဓိပ္ပာယ်ဖွင့်ဆိုချက်အရ ဆိုပါက အချုပ်အခြာအာဏာပိုင် နိုင်ငံများတွင် ပြည်သူလူထု၊ ပိုင်နက်နယ်မြေ၊ အစိုးရနှင့် အခြားနိုင်ငံများမှ အချုပ်အခြာအာဏာပိုင် နိုင်ငံများနှင့် ထိတွေ့ဆက်ဆံနိုင်သည့် စွမ်းရည်ရှိရမည် ဖြစ်သည်။ စစ်ကောင်စီသည် ထိုကဏ္ဍ ၄ ခုလုံးတွင် ချို့ယွင်းချက်များဖြင့် ပြည့်နေသည်။
အဓိပ္ပာယ်ဖွင့်ဆိုချက်အရ ဆိုပါက အချုပ်အခြာအာဏာပိုင် နိုင်ငံများတွင် ပြည်သူလူထု၊ ပိုင်နက်နယ်မြေ၊ အစိုးရနှင့် အခြားနိုင်ငံများမှ အချုပ်အခြာအာဏာပိုင် နိုင်ငံများနှင့် ထိတွေ့ဆက်ဆံနိုင်သည့် စွမ်းရည်ရှိရမည် ဖြစ်သည်။ စစ်ကောင်စီသည် ထိုကဏ္ဍ ၄ ခုလုံးတွင် ချို့ယွင်းချက်များဖြင့် ပြည့်နေသည်။
ပထမဆုံးအချက်မှာ စစ်ကောင်စီသည် စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်သော တနိုင်ငံလုံးကျယ်ပြန့်သည့် လက်နက်ကိုင် ပုန်ကန်သောလူထုကို အုပ်ချုပ်နေရသည်။ တနည်းအားဖြင့်ဆိုရပါက စစ်အုပ်စုသည် ၎င်းတို့ အုပ်ချုပ်ရန် ကြိုးစားနေသော လူထုသဘောတူ လက်ခံမှုကို မရရှိပေ။
၎င်းတို့အား လူထုက လက်မခံခြင်းကို နောက်ဆုံး ရွေးကောက်ပွဲ ၂ ခု၏ ရလဒ်များတွင်တွေ့နိုင်သည်။ ထိုရွေးကောက်ပွဲရလဒ် ၂ ခုလုံးက စစ်အုပ်စု ကျောထောက်နောက်ခံပြု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို အပြတ်အသတ်အနိုင်ရပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အရပ်သားအစိုးရကိုသာ အာဏာပြန်လည်ပေးအပ်သည်။
ထို့ကြောင့် အရပ်သားအများစုက ပြန်လည် တိုက်ခိုက်နေခြင်းသည် အံ့သြစရာ မဟုတ်တော့ပေ။ ၎င်းတို့၏ ဆန္ဒကို ငြင်းပယ်ခံရပြီး ဒီမိုကရေစီအခွင့်အရေးများ လုယူခံရသောကြောင့် ၎င်းတို့သည် အခွင့်အရေးများ ပြန်လည်ရရှိရေးအတွက် တိုက်ပွဲဝင်နေခြင်းဖြစ်သည်။
ဒုတိယအချက်မှာ စစ်ကောင်စီသည် ပြည်ပရန်လိုမှုနှင့် ပိုင်နက် တည်တံ့ခိုင်မြဲမှုကို ပြင်ပခြိမ်းခြောက်မှု မခံရနိုင်ပေ။ သို့သော် စစ်ကောင်စီသည် နိုင်ငံတွင်းတွင် နယ်မြေအများစုကို ထိန်းချုပ်နိုင်ခြင်း မရှိပေ။ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH)၊ လူမှုအာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM)၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ (EAOs) နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDFs) များ အပါအဝင် အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ထီးရိပ်အောက်မှ စစ်အုပ်စုဆန့်ကျင်ရေး မဟာမိတ်များက နေရာဒေသအများအပြားကို ထိန်းချုပ်ထားသည်။
လက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် EAOs များနှင့် PDFs များသည် ပြန်လည်တိုက်ခိုက်နေပြီး သိသာသော စစ်မြေပြင်အောင်ပွဲများ၊ စစ်ကောင်စီနှင့်အဆက်အသွယ်ရှိသည့်အစိုးရအရာရှိများ၊ စစ်အရာရှိများကို လုပ်ကြံသတ်ဖြတ်ခြင်း အပါအဝင် နယ်မြေများကိုပင် ပိုမိုသိမ်းပိုက်လာနိုင်သည်။
လက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် EAOs များနှင့် PDFs များသည် ပြန်လည်တိုက်ခိုက်နေပြီး သိသာသော စစ်မြေပြင်အောင်ပွဲများ၊ စစ်ကောင်စီနှင့်အဆက်အသွယ်ရှိသည့်အစိုးရအရာရှိများ၊ စစ်အရာရှိများကို လုပ်ကြံသတ်ဖြတ်ခြင်း အပါအဝင် နယ်မြေများကိုပင် ပိုမိုသိမ်းပိုက်လာနိုင်သည်။
တတိယအချက်အနေဖြင့် စစ်ကောင်စီသည် နိုင်ငံတကာ အသိအမှတ်ပြုမှုနှင့် ပတ်သက်လျှင် မေးခွန်းထုတ်ခံနေရသည်။ ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ်မှာ NLD ဦးဆောင်သည့် အစိုးရမှခန့်အပ်ခဲ့သော သံအမတ်ကြီး ဦးကျော်မိုးထွန်း ဖြစ်သည်။
ကုလသမဂ္ဂသည် အာဏာသိမ်း စစ်ကောင်စီကို အစိုးရအဖြစ် အသိအမှတ်ပြုခြင်း မရှိပေ။ ယခုအခါ ဥက္ကဋ္ဌအဖြစ် ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဟွန်ဆန်က ဦးဆောင်သော အရှေ့တောင် အာရှနိုင်ငံများ အသင်း (အာဆီယံ) ကလည်း စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ယမန်နှစ်က အာဆီယံ ထိပ်သီးဆွေးနွေးပွဲမှ ထုတ်ပယ်ထားသည်။
ဝန်ကြီးချုပ် ဟွန်ဆန်သည် လွန်ခဲ့သောလက နေပြည်တော်သို့ သွားရောက်လည်ပတ်ခြင်းဖြင့် အခြေအနေကို ထိမ်းသိမ်းရန် ကြိုးစားခဲ့သော်လည်း စစ်ကောင်စီကို အာဆီယံက ထောက်ခံမှုမှာ မရေမရာ ဖြစ်နေသည်။ အခြားတဘက်တွင်လည်း NUG သည် ပြည်ပအစိုးရများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများကို ထိုးဖောက်ဆက်သွယ်မှုအချို့ လုပ်နိုင်ခဲ့သည်။
နောက်ဆုံးအချက်မှာ စစ်ကောင်စီသည် ကမ္ဘာတဝှမ်းမှ အခြားအစိုးရများနှင့် ဆက်ဆံရေး တိုးမြှင့်ရန် ခက်ခဲလာနိုင်ခြင်း ဖြစ်သည်။ အမေရိကန်ပြည်ထောင်စုနှင့် ဥရောပနိုင်ငံများက မြန်မာစစ်ကောင်စီနှင့် တစားပွဲတည်းထိုင်ကာ ဆက်ဆံမည့် အလားအလာ မရှိပေ။
ပိုမိုဆိုးရွားသည်မှာ အမေရိကန်ပြည်ထောင်စုကဲ့သို့သော နိုင်ငံများသည် နေပြည်တော် စစ်ကောင်စီကို အရေးယူပိတ်ဆို့မှုများပင် ပြုလုပ်နေခြင်းဖြစ်သည်။ ထို့ကြောင့် စစ်ကောင်စီသည် ၎င်းတို့လိုသလို သုံးနိုင်သည့် သံတမန်များ ရှိကောင်းရှိနိုင်သော်လည်း နိုင်ငံတကာအစည်းအဝေးများတွင် နေရာတခု အမြဲရနေမည် မဟုတ်ပေ။
ထိုချို့ယွင်းချက်များ အားလုံးသည် မြန်မာနိုင်ငံတွင် နောက်ဆုံးဖြစ်ခဲ့သည့် စစ်အာဏာသိမ်းမှု၏ သဘောသဘာဝအရ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ စစ်အုပ်စုသည် အင်အားသုံးပြီး အာဏာသိမ်းသော်လည်း နိုင်ငံကိုထိန်းချုပ်ပြီး အာဏာကို ခိုင်မာအောင် လုပ်နိုင်ခြင်း မရှိပေ။
စစ်ကောင်စီသည် နေပြည်တော်တွင် အာဏာကို ချုပ်ကိုင်နိုင်သော်လည်း အခြားနေရာအားလုံးတွင် ထိန်းချုပ်မှုများ ဆုံးရှုံးနေသည်။ မြန်မာနိုင်ငံ ကံကြမ္မာနှင့် နိုင်ငံရေးအနာဂတ်ကို တနိုင်ငံလုံးအား ဝါးမြိုနေသည့် ပြည်တွင်းစစ်၏ စစ်မြေပြင်များက ဆုံးဖြတ်မည်ဖြစ်သည်။
စစ်ကောင်စီသည် နေပြည်တော်တွင် အာဏာကို ချုပ်ကိုင်နိုင်သော်လည်း အခြားနေရာအားလုံးတွင် ထိန်းချုပ်မှုများ ဆုံးရှုံးနေသည်။ မြန်မာနိုင်ငံ ကံကြမ္မာနှင့် နိုင်ငံရေးအနာဂတ်ကို တနိုင်ငံလုံးအား ဝါးမြိုနေသည့် ပြည်တွင်းစစ်၏ စစ်မြေပြင်များက ဆုံးဖြတ်မည်ဖြစ်သည်။
အာဏာနိုင်ငံရေးသမားများနှင့် စစ်ကောင်စီသည် လက်ရှိအာဏာရနေပြီး ၎င်းတို့နှင့် ထိတွေ့ ဆက်ဆံရမည်ဆိုသည့် စစ်အာဏာသိမ်းမှုကို အညံ့ခံသူများ၏ အယူအဆနှင့် ဆန့်ကျင်နေသည့် အချက်မှာ လွန်ခဲ့သောတနှစ်က မြန်မာတွင် စစ်အာဏာသိမ်းမှုသည် ပြီးမြောက်အောင်မြင်သည့် ကိစ္စမဟုတ်ကြောင်း ထင်ရှားနေခြင်းပင် ဖြစ်သည်။
ယခုတကြိမ် စစ်အာဏာသိမ်းမှုသည် နိုင်ငံကို စစ်အာဏာရှင်စနစ်အောက် ဆယ်စုနှစ် ၅ ခုကြာ ကျရောက်စေသည့် ၁၉၆၂ အာဏာသိမ်းမှုနှင့် နှိုင်းယှဉ်ချက်အားဖြင့် အလားတူဖြစ်သော ဒီမိုကရေစီ အရေးတော်ပုံကို နှိမ်နင်းသည့် ၁၉၈၈ ခုနှစ် အာဏာသိမ်းမှုများနှင့် မတူပေ။
စစ်တပ်သည် ၂၀၁၁ ခုနှစ်တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ၊ စီးပွားရေးတိုးတက်မှုမှ အကျိုးခံစားမှုရရန်နှင့် နိုင်ငံရေးလွတ်လပ်ခွင့်ပေးပြီး စီးပွားရေး ပြုပြင်ပြောင်းလဲမှုများလုပ်ရန် အာဏာချုပ်ကိုင်မှုကို လျှော့ချလိုက်သောအခါ နောက်ဆယ်စုနှစ် တခုအတွင်းတွင် လေးနက်ပြီး ဖျောက်ဖျက်မရသည့် အပြောင်းအလဲများကို ဖြစ်စေခဲ့သည်။
ပြည်သူများ မျှော်မှန်းချက်မြင့်မားလာပြီး အခွင့်အလမ်းများ ကျယ်ပြန့်လာကာ ပြင်ပကမ္ဘာနှင့် ဆက်သွယ်မှု လမ်းပွင့်လာပြီး မည်သည့် စစ်တပ်ကမျှ ပြန်လည်တားဆီးမရသည့် အင်အားကြီးမားသော ပြည်သူလူထု နိုးကြားမှု ဖြစ်လာသည်။
မြန်မာနိုင်ငံ ဒီမိုကရေစီတံခါး ဖွင့်ထားသည့် ဆယ်စုနှစ်သည် အပြစ်ကင်းစင်ကာ စိန်ခေါ်မှုမရှိသည် မဟုတ်ပေ။ အရပ်သားအစိုးရသည် မူဝါဒပြောင်းလဲမှု မရှိခြင်း၊ ဗျူရိုကရေစီ ကြိုးနီစနစ်၊ ဗဟိုချုပ်ကိုင်မှု လျှော့ချသည့်စနစ်နှင့် ဝေးကွာသည့် အထက်အောက်စနစ်များကြောင့် ရှင်းလင်းပြတ်သားမှု မရှိသော ရလဒ်များကို ဖြစ်စေခဲ့သည်မှာ သေချာသည်။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း အများအပြားသည် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်ထိုးထားသော်လည်း အချို့က ပိုမိုကျယ်ပြန်သည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် စစ်တပ်ကို လက်နက်ကိုင် ခုခံမှု ဆက်လက် ထိန်းသိမ်းထားသည်။ မြန်မာနိုင်ငံသည် ထွန်းသစ်စငြိမ်းချမ်းရေးနှင့် ပြည်တွင်းပဋိပက္ခ ရောထွေးနေသော နိုင်ငံတခုသာဖြစ်သည်။
ပြဿနာများ ရှိနေသော်လည်း တံခါးဖွင့်ပြီး ပြုပြင်ပြောင်းလဲရေးလုပ်သည့် ဆယ်စုနှစ်တခုသည် မြန်မာပြည်သူများ၏ အမြင်တွင်၊ အထူးသဖြင့် လူငယ်မျိုးဆက်များ၏ အမြင်တွင် ယခင်ဆယ်စုနှစ်များက ကံဆိုးမိုးမှောင်ကျမှုများနှင့် အခက်အခဲများထက် ပိုမိုကောင်းမွန်နေသည်။
ထိုသို့သော ပြဿနာများ ရှိနေသော်လည်း တံခါးဖွင့်ပြီး ပြုပြင်ပြောင်းလဲရေးလုပ်သည့် ဆယ်စုနှစ်တခုသည် မြန်မာပြည်သူများ၏ အမြင်တွင်၊ အထူးသဖြင့် လူငယ်မျိုးဆက်များ၏ အမြင်တွင် ယခင်ဆယ်စုနှစ်များက ကံဆိုးမိုးမှောင်ကျမှုများနှင့် အခက်အခဲများထက် ပိုမိုကောင်းမွန်နေသည်။
မြန်မာလူငယ်များအမြင်တွင် ဟိုတစ ဒီတစ ပြုပြင်ပြောင်းလဲမှုများ၊ သတင်းနည်းပညာနှင့် အခွင့်အလမ်းသစ်များကြောင့် ရရှိလာသော အကန့်အသတ်ရှိသည့် တိုးတက်မှု ဆယ်စုနှစ်တခုသည် အတိတ်က အမှောင်ခေတ်သို့ ပြန်မသွားရန် လုံလောက်သော အကြောင်းရင်းများပင်ဖြစ်သည်။
မြန်မာမှ ပြည်သူ့စစ်ပွဲတွင် စစ်မြေပြင် ချိန်ခွင်လျှာသည် ပြောင်းလဲနေသည်။ စစ်ကောင်စီ ထိပ်တန်း အရာရှိများက ရေရှည်အတွက် ပြင်ဆင်နေသော်လည်း ၎င်းတို့တပ်များသည် ပြန့်ကျဲနေပြီး စစ်ကောင်စီ ဆန့်ကျင် တိုက်ခိုက်ရေးသမားများက အင်အားသာလွန်နေကာ တပ်စွန့်ခွာထွက်ပြေးမှု၊ ဘက်ပြောင်းမှုများအရ ကြည့်ပါက အောက်ခြေအရာရှိ စစ်သားများ၏ စိတ်ဓာတ်အခြေအနေမှာ မေးခွန်းထုတ်စရာ ဖြစ်နေသည်။
စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ တိုးလာခြင်းကြောင့် စစ်တပ်သည် မြေပြင်စစ်ပွဲတွင် ခံစစ်ဖြင့် နောက်ဆုတ်နေရကြောင်း ပြသနေသည်။ အခြားတဘက်တွင်မူ လက်နက်ကိုင် ခုခံမှုသည် အရှိန်အဟုန်ရနေပြီး ၂၀၂၀ ရွေးကောက်ပွဲမှ ၎င်းတို့၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို လုယူခဲ့သော ဗိုလ်ချုပ်များကို ဖြုတ်ချရေးအတွက် အပြင်းအထန် လက်စားခြေရန် ရေရှည်ဆုံးဖြတ်ချက်ဖြင့် လေ့ကျင့်နေကြသည်။
အတိုက်အခံများအတွက် ကြီးမားသော စိန်ခေါ်မှုမှာ စစ်ကောင်စီက ထိန်းချုပ်နိုင်မှု လျော့ကျချိန်တွင် ညီညွတ်ရေးကို မည်သို့ ထိန်းသိမ်းမည်ဆိုသည့် ကိစ္စသာဖြစ်သည်။
အာဏာသိမ်းအလွန် မြန်မာစစ်ကောင်စီသည် အချုပ်အခြာအာဏာပိုင် နိုင်ငံဖြစ်သည်ဟု ပြောရန် ခက်ခဲနေချိန်တွင် ဒီမိုကရေစီလိုလားသော အာဆီယံအစိုးရများနှင့် ပိုမိုရှေ့တန်းရောက်နေသည့် စိတ်တူကိုယ်တူ နိုင်ငံများသည် အတိုက်အခံမဟာမိတ်များ၊ NUG နှင့် PDF မှပေါ်ပေါက်လာနေသော ခေါင်းဆောင်များ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းအချို့နှင့် ထိတွေ့ဆက်ဆံမှုကို တိုးချဲ့သင့်သည်။
အတိုက်အခံများအတွက် ကြီးမားသော စိန်ခေါ်မှုမှာ စစ်ကောင်စီက ထိန်းချုပ်နိုင်မှု လျော့ကျချိန်တွင် ညီညွတ်ရေးကို မည်သို့ ထိန်းသိမ်းမည်ဆိုသည့် ကိစ္စသာဖြစ်သည်။ ထို့အပြင် အနာဂတ်တွင် လက်တွေ့ကျသည့် ရည်မှန်းချက်အတွက် အကောင်အထည် ဖော်နိုင်သည့် အစီအစဉ်ကို ၎င်းတို့ထံမှ လွန်ခဲ့သောနှစ်က လုယူခံရသော ပြုပြင်ပြောင်းလဲရေး ဆယ်စုနှစ်ကို စံအဖြစ်သတ်မှတ်ကာ ဖော်ထုတ်ရန် လိုသည်။
(ဘန်ကောက်ပို့စ် သတင်းစာပါ Thitinan Pongsudhirak ၏ Myanmar Junta Fails the Sovereignty Test ကို ဘာသာပြန်ဆိုသည်။ Thitinan Pongsudhirak သည် ချူလာလောင်ကွန်းတက္ကသိုလ် နိုင်ငံရေးသိပ္ပံမဟာဌာန၏ လုံခြုံရေးနှင့် နိုင်ငံတကာလေ့လာရေးဌာန ညွှန်ကြားရေးမှူးနှင့် ပါမောက္ခတဦးဖြစ်သည်)
You may also like these stories:
အင်အားသုံးဖို့သာ နားလည်သည့် မြန်မာစစ်တပ်
မြန်မာ့ အတိုက်အခံများ စစ်ရေးအကူအညီ လိုသည်
နိုင်ငံတကာ အဖွဲ့အစည်းများ တာဝန်ခံမှု ရှိစေလို