ICJ တွင် စစ်ကောင်စီကို ခုခံခွင့်ပေးခြင်းက အစဉ်အလာဆိုးကို ဖြစ်စေနိုင်

Parvej Siddique Bhuiyan
၂၀၁၉ ဒီဇင်ဘာတွင် ICJ တရားရုံးတွင် ပြုလုပ်ကြားနာသော ဂမ်ဘီယာ-မြန်မာအမှု / CJ

ရိုဟင်ဂျာ ၇၅၀,၀၀၀ ကျော်ကို အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးစေသည့် ၂၀၁၇ ခုနှစ်က မြန်မာစစ်တပ်၏ နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးအပြီး ၂၀၁၉ ခုနှစ် နိုဝင်ဘာလတွင် အနောက် အာဖရိက နိုင်ငံတခုဖြစ်သော ဂမ်ဘီယာက ထိုအမှုကို နိုင်ငံတကာ တရားရုံး (ICJ) တွင် စွဲဆိုကာ မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ် လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ နိုင်ငံတကာ သဘောတူစာချုပ်ကို ချိုးဖေါက်ကြောင်း စွပ်စွဲသည်။

ထို့နောက် ရိုဟင်ဂျာများအပေါ် နောက်ထပ် ရက်စက်ကြမ်းကြုပ်မှုများမှ အကာအကွယ်ပေးရန် ယာယီအစီအမံ လုပ်ဆောင်ပေးရမည့် ဥပဒေကြောင်း တာဝန်ကို ချမှတ်ခဲ့သည့် တရားရုံးကို တုန့်ပြန်သည့်အနေဖြင့် ၂၀၂၁ ခုနှစ် ဇန်နဝါရီလတွင် ထိုစဉ်က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရက ICJ ၏ စီရင်ပိုင်ခွင့်နှင့် လျှောက်ထားမှုကို ခွင့်ပြုခြင်းအား ကန့်ကွက်သည်။

ICJ က စစ်ကောင်စီခေါင်းဆောင်များအား ခုခံချေပသူအဖြစ် တရားရုံးတွင် ကြားနာမှုသစ် ကျင်းပလျှင် ICJ သည် ဖြစ်ပွားနေဆဲပြည်တွင်းစစ်တွင် သွယ်ဝိုက် ဘက်လိုက်ပြီး မည်သူမျှ အသိအမှတ်မပြုသည့် စစ်ကောင်စီကို တရားဝင်အသိအမှတ်ပြုသလို ဖြစ်မည်

ထိုအခြေအနေတွင် ICJ က စစ်ကောင်စီခေါင်းဆောင်များ ခုခံချေပသူ ဖြစ်လာနိုင်သည့် တရားရုံးကို ဖေဖေါ်ဝါရီလ ၂၁ ရက်နေ့မှ ၂၈ ရက်နေ့အထိ ကြားနာမှုသစ် ကျင်းပမည်ဖြစ်ကြောင်း မကြာသေးမီက ကြေညာခဲ့သောကြောင့် ICJ သည် ဖြစ်ပွားနေဆဲပြည်တွင်းစစ်တွင် သွယ်ဝိုက် ဘက်လိုက်ပြီး မည်သူမျှ အသိအမှတ်မပြုသည့် စစ်ကောင်စီကို တရားဝင်စေမည်ဆိုသည့် ခန့်မှန်းပြောဆိုမှုများကို ဖြစ်စေခဲ့သည်။

၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ စစ်အာဏာသိမ်းမှုမှ စတင်ပြီး စစ်ကောင်စီ (SAC) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့သည် နိုင်ငံတကာအသိုက်အဝန်း၏ အသိအမှတ်ပြုမှုရရန် ရုန်းကန်ကြိုးစားနေသည် ဆိုသည့်အချက်သည် မှတ်သားသင့်သော အချက်ဖြစ်သည်။

၂၀၁၇ ခုနှစ်တွင် စစ်တပ်က ရိုဟင်ဂျာ မွတ်ဆလင်များအပေါ် ကျူးလွန်သော ရာဇဝတ်မှုများသည် လူမျိုးတုံးသတ်ဖြတ်ရန် ရည်ရွယ်ချက်ရှိကြောင်း ကုလသမဂ္ဂ စုံစမ်းစစ်ဆေးသူများက ကောက်ချက်ချခဲ့သောအခါ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အရပ်သားအစိုးရနှင့် စစ်တပ်ခေါင်းဆောင်များက ထိုစွပ်စွဲချက်ကို ငြင်းဆန်ကြသည်။

၂၀၁၉ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်သည် စစ်တပ်ကို လူမျိုးတုံးသတ်ဖြတ်မှုနှင့် လူသားမျိးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှု စွပ်စွဲချက်များမှ ကာကွယ်ပေးရန် ထိုကြားနာစစ်ဆေးမှုသို့ လူကိုယ်တိုင်တက်ရောက်သည်။

သို့သော် ၂၀၂၁ ခုနှစ်ဖေဖေါ်ဝါရီလ ၁ ရက်နေ့တွင် စစ်အာဏာသိမ်းမှုသည် မြန်မာနိုင်ငံ၏ အတုအယောင် ဒီမိုကရေစီလမ်းစဉ်ကို အဆုံးသတ်ပစ်လိုက်ပြီး ကုလသမဂ္ဂ၏ ထိပ်တန်းတရားရေးအဖွဲ့အစည်းဖြစ်သော ICJ တွင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် နိုင်ငံကို ကိုယ်စားပြုနိုင်ခြင်း မရှိတော့ပေ။ ထိုအချိန်တွင် စစ်ကောင်စီသည် လူမျိုးတုံးသတ်ဖြတ်မှု စွဲချက်ကို ချေပရန် ၎င်း၏နိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင် ဦးဆောင်သည့် ဥပဒေအဖွဲ့ကို ဖွဲ့စည်းလိုက်သည်။

ကုလသမဂ္ဂစနစ်နှင့် နိုင်ငံတကာဥပဒေအရ တရားမဝင် စစ်ကောင်စီ၏ ကိုယ်စားပြုမှုကို လက်ခံခြင်းသည် စစ်ကောင်စီကို တရားဝင် အသိအမှတ်ပြုမှု မပေးဘဲ NUG အစိုးရ မဟာမိတ် လက်ရှိသံအမတ် ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် ဆက်လက်အသိအမှတ်ပြုသည့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလက ဆုံးဖြတ်ချက်နှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်။

မည်သည့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ၊ ကုလသမဂ္ဂအေဂျင်စီနှင့် အခြားနိုင်ငံတကာအဖွဲ့အစည်းများကမျှ စစ်ကောင်စီကို တရားဝင် အသိအမှတ်ပြုထားခြင်း မရှိသော်လည်း ထိုသို့လုပ်ပါက စစ်ကောင်စီသည် မြန်မာနိုင်ငံ ကိုယ်စားပြုခွင့်ရှိသူအဖြစ် လက်ခံလိုက်သကဲ့သို့ သဘောသက်ရောက်သွားသည်။

မည်သည့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ၊ ကုလသမဂ္ဂအေဂျင်စီနှင့် အခြားနိုင်ငံတကာအဖွဲ့အစည်းများကမျှ စစ်ကောင်စီကို တရားဝင် အသိအမှတ်ပြုထားခြင်း မရှိသော်လည်း ထိုသို့လုပ်ပါက စစ်ကောင်စီသည် မြန်မာနိုင်ငံ ကိုယ်စားပြုခွင့်ရှိသူအဖြစ် လက်ခံလိုက်သကဲ့သို့ သဘောသက်ရောက်သွားသည်။

မည်သူက မြန်မာနိုင်ငံကို ကိုယ်စားပြုခွင့်ရှိသည်ကို ICJ အနေဖြင့် ဆုံးဖြတ်နိုင်ခြင်း မရှိသော်လည်း အဖွဲ့ဝင်နိုင်ငံများ၏ ကိုယ်စားပြုမှုကို ဆုံးဖြတ်ရာတွင် အခြားကုလသမဂ္ဂ အဖွဲ့အစည်းများသည် အရည်အချင်းစိစစ်ရေးကော်မတီကို ထည့်သွင်းစဉ်းစားသင့်သည်ဟု ကုလသမဂ္ဂအထွေထွေညီလာခံ ဆုံးဖြတ်ချက်အမှတ် ၃၉၆(V) (၁၉၅၀) တွင် ဖေါ်ပြထားသည်။

ထို့အပြင် ICJ သည် စစ်အာဏာသိမ်းမှုကို အပြင်းထန်ဆုံး ရှုတ်ချပြီး အားလုံးပါဝင်သော အရပ်သား အစိုးရပြန်လည်ထူထေင်ရန်တောင်းဆိုသည့် ၂၀၂၁ ခုနှစ်ဇွန်လက ချမှတ်ခဲ့သည့် ကုလသမဂ္ဂဆုံးဖြတ်ချက်ကိုလည်း လျစ်လျူရှု မထားနိုင်ပေ။ ထိုဆုံးဖြတ်ချက်ကို အဖွဲ့ဝင် နိုင်ငံပေါင်း ၁၁၆ နိုင်ငံက ထောက်ခံပြီး ဆန့်ကျင်သောနိုင်ငံမှာ ဘယ်လာရုစ် တနိုင်ငံသာ ရှိသည်။

မြန်မာကို မည်သူကိုယ်စားပြုသည်ဖြစ်စေ ပြည်သူများကို ကိုယ်စားပြုရမည်ဖြစ်သည်။ သို့သော် စစ်ကောင်စီသည် ရခိုင်၊ ချင်း၊ ကချင်၊ ရှမ်းနှင့် ကရင်ပြည်နယ်များတွင် လူအစုလိုက် အပြုံလိုက်သတ်ဖြတ် ရက်စက်ကြမ်းကြုတ်မှုများ ကျူးလွန်ခဲ့ပြီး အာဏာသိမ်းပြီးနောက်ပိုင်းတွင် မြန်မာများကိုပါ သတ်ဖြတ်သောကြောင့် မြန်မာပြည်သူများက စစ်ကောင်စီကို အတိအလင်း ပယ်ချထားပြီး စစ်ကောင်စီကို နိုင်ငံတကာရာဇဝတ် တရားရုံး (ICC) တွင်ပင် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုဖြင့် စွဲဆိုနိုင်သည်။

ထို့ကြောင့် အရပ်သားအစိုးရကို ဖြုတ်ချခဲ့သည့် တရားမဝင်သော အရာရှိများကို ခွင့်ပြုခြင်းသည် ကုလသမဂ္ဂ ပဋိညာဉ်ကို ထိပါးပြီး တရားဥပဒေစိုးမိုးရေးကို အားပေးရန် ICJ ၏ အခန်းကဏ္ဍနှင့်ပတ်သက်ပြီး မေးခွန်းထုတ်စရာ ဖြစ်လာသည်။

NUG အစိုးရက မကြာသေးမီက ထုတ်ပြန်သည့် ကြေညာချက်တစောင်အရ ICJ သည် မြန်မာနှင့် ရိုဟင်ဂျာများအပါအဝင် မြန်မာပြည်သူများအတွက် အနှောက်အယှက်ဖြစ်စေမည့် အန္တရာယ်များလှသော ဥပမာတခုကို ချမှတ်မည့် အန္တရာယ် ရှိနေကြာင်း သိရသည်။

စစ်ကောင်စီသည် ကုလသမဂ္ဂနှင့် အခြားအဖွဲ့အစည်းများတွင် ဥပဒေအရ တရားဝင်အသိအမှတ်ပြု အကြီးအကျယ်ရရှိရေး ယခုကြားနာစစ်ဆေးမှုကို အသုံးချရန် ကြိုးစားမည်ကို သဘောပေါက် ထားပြီးဖြစ်သည်။ ထို့ကြောင့် လူအစုလိုက်အပြုံလိုက်သတ်သည့် စစ်ကောင်စီကို လက်မခံနိုင်သော အပြည်ပြည်ဆိုင်ရာရှိ နိုင်ငံများ၏ ကျင့်ဝတ်နှင့် သေနင်္ဂဗျူဟာကို တစုံတရာ ထိခိုက် စေမည်ဖြစ်သည်။

စစ်ကောင်စီသည် ကုလသမဂ္ဂနှင့် အခြားအဖွဲ့အစည်းများတွင် ဥပဒေအရ တရားဝင်အသိအမှတ်ပြု အကြီးအကျယ်ရရှိရေး ယခုကြားနာစစ်ဆေးမှုကို အသုံးချရန် ကြိုးစားမည်ကို သဘောပေါက် ထားပြီးဖြစ်သည်။ ထို့ကြောင့် လူအစုလိုက်အပြုံလိုက်သတ်သည့် စစ်ကောင်စီကို လက်မခံနိုင်သော အပြည်ပြည်ဆိုင်ရာရှိ နိုင်ငံများ၏ ကျင့်ဝတ်နှင့် သေနင်္ဂဗျူဟာကို တစုံတရာ ထိခိုက် စေမည်ဖြစ်သည်။

အလားတူစွာပင် ထိုလုပ်ရပ်သည် မြန်မာနိုင်ငံတွင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ပြန်လည်ထိန်းသိမ်းရေးအတွက် တောင်းဆိုနေသည့် လူမှုအခြေပြုအဖွဲ့အစည်းများသို့သော ဆိုးရွားလှသော သတင်းစကားကို ပေးပို့လိုက်ခြင်းဖြစ်သည်။ ICJ ဥက္ကဋ္ဌသို့ ပူးတွဲပေးပို့သောစာတွင် Legal Action Worldwide (LAW), Fortify Rights နှင့် Myanmar Accountability Project (MAP) အဖွဲ့တို့က စစ်ကောင်စီက မြန်မာနိုင်ငံကို ကိုယ်စားပြုသည်ကို ရုံးတော်က လက်ခံခြင်းသည် စစ်ကောင်စီ၏ တရားမဝင် အာဏာသိမ်းမှုကို တရားဝင်အောင် လုပ်ဆောင်လိုက်သည့် အန္တရာယ် ရှိသည် ဟုဖေါ်ပြထားပြီး ပိုမိုအရေးကြီးသော ကိစ္စမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဗဇားဒုက္ခသည်စခန်းမှ ရိုဟင်ဂျာ ၈၀၇ ဦးတို့က ICJ ဥက္ကဋ္ဌထံသို့ ရေးသားသော စာတစောင်တွင် စစ်ကောင်စီကို တရားဝင် ခွင့်ပေးသည့် မည်သည့် လုပ်ရပ်ကို မဆိုနှင့် အရေးပါသည့် ထိုအမှုကြားနာမှုကို ဆက်လက်ပြုလုပ်မည် လုပ်ရပ်များကို ပြန်လည်သုံးသပ်ရန် တိုက်တွန်းထားခြင်းပင်။

ထို့အပြင် စစ်ကောင်စီသည် ရခိုင်ပြည်နယ်မှ အဓိကအုပ်ချုပ်ရေးလုပ်ငန်းများဖြစ်သည့် အခွန်ကောက်ခံခြင်းနှင့် နယ်မြေတည်ငြိမ်ရေး စသည်တို့ကို ထိရောက်စွာ လုပ်ကိုင်နိုင်ခြင်း မရှိတော့သောကြောင့် တရားခွင်တွင် စစ်ကောင်စီက ကိုယ်စားပြုခြင်းသည် ICJ ဆုံးဖြတ်ချက်ကို အကောင်အထည်ဖေါ်ရာတွင်လည်း ပိုမိုရှုပ်ထွေးစေနိုင်သည်။ ရခိုင်ပြည်နယ်အခြေစ်ိုက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတခုဖြစ်သော ရက္ခိုင့်တပ်တော် (AA) က ရခိုင်ပြည်နယ် ၆၀ ရာခိုင်နှုန်းကို ထိန်းချုပ်ထားပြီး ရိုဟင်ဂျာများ အခြား ဒေသခံများထံမှ အခွန်ကောက်နေသည်။

စစ်ကောင်စီက အကာအကွယ်ပေးရေးဆိုင်ရာ ယာယီအစီအမံများကို အကောင်အထည်ဖေါ်ရန် ပျက်ကွက်နေခြင်းကိုလည်း ICJ အနေဖြင့် မှတ်သားသင့်သည်။ ICJ ၏ ဆုံးဖြတ်ချက်များကို အတိအလင်း ချိုးဖေါက်သည့် အနေဖြင့် စစ်ကောင်စီက စီမံသည့် ဘူးသီးတောင်မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက ရိုဟင်ဂျာများ လွတ်လပ်စွာသွားလာခွင့်ကို ပိတ်ပင်ထားပြီး အသက်မွေးဝမ်းကြောင်း၊ ကျန်းမာရေး စောင့်ရှောက်မှုနှင့် အသက်ရှင်သန်ရန် အခြားအခြေခံလိုအပ်ချက်များကို ဖိနှိပ်ပိတ်ပင်ထားသည်။

သို့သော် NUG သို့မဟုတ် စစ်ကောင်စီက ကိုယ်စားပြုမှုသည် ရုံးတော်၏ ကြားနာစစ်ဆေးမှုများကို မည်သည့်လက်တွေ့ကျသည့် တိုက်ရိုက်သက်ရောက်မှုမျှ ရှိမည်မဟုတ်ပေ။ မြန်မာ၏ တရားဝင် အခွင့်အာဏာကို ဖွင့်ဆိုခြင်းသည် ယခု မြန်မာ-ဂမ်ဘီယာအမှုနှင့် မသက်ဆိုင်ပေ။

တဘက်တွင်မူ NUG က ထိုအကျပ်အတည်း ပြေလည်စေရန်ရေရှည်အဖြေအတွက် လက်တွေ့ကျသည် အဆိုပြုချက် ၂ ခုကို အဆိုပြုထားသည်။ ပထမအချက်မှာ ရိုဟင်ဂျာများအားလုံးကို နိုင်ငံသားဖြစ်ခွင့် အပြည့်အ၀ပေးရေး ဖြစ်ပြီး ဒုတိယ အချက်မှာ ရိုဟင်ဂျာ ပြည်သူများအပေါ် ကျူးလွန်ခဲ့သည့် ယခင် ရက်စက်ကြမ်းကြုတ်မှုများကို ဝန်ခံကာ ယခင် ပဏာမ ကန့်ကွက်ချက်များကို ရုတ်သိမ်းလိုက်ခြင်းဖြစ်သည်။

သို့သော် NUG သို့မဟုတ် စစ်ကောင်စီက ကိုယ်စားပြုမှုသည် ရုံးတော်၏ ကြားနာစစ်ဆေးမှုများကို မည်သည့်လက်တွေ့ကျသည့် တိုက်ရိုက်သက်ရောက်မှုမျှ ရှိမည်မဟုတ်ပေ။ မြန်မာ၏ တရားဝင် အခွင့်အာဏာကို ဖွင့်ဆိုခြင်းသည် ယခု မြန်မာ-ဂမ်ဘီယာအမှုနှင့် မသက်ဆိုင်ပေ။ ထို့ကြောင့် မြန်မာနိုင်ငံကို မည်သူက်ိုယ်စားပြုသည်ဖြစ်စေ ICJ အနေဖြင့် ရခိုင်ပြည်နယ်တွင် စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ်ကျူးလွန်သော ရာဇဝတ်မှုများ နှင့်/ သို့မဟုတ် လူမျိုးတုံးသတ်ဖြတ်မှုများ ဖြစ်ပွားခဲ့သည်ဆိုသည့် ခိုင်မာသော အခြေခံပေါ်တွင်သာ ဆက်လက် ကြားနာစစ်ဆေးရမည်ဖြစ်ပေသည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Letting Junta Defend Myanmar in Rohingya Genocide Case Sets Troubling Precedent ကို ဘာသာပြန်သည်။ ပါဗက်ဂျ် ဆစ်ဒစ် ဘူရီယန်သည် တောင်အာရှ အထူးပြုသော လုံခြုံရေးနှင့် သေနင်္ဂဗျူဟာ သုတေသီ ဖြစ်သည်။)

You may also like these stories:

လူမျိုးတုန်းသတ်ဖြတ်မှု ဥပဒေပုဒ်မ စစ်ကောင်စီ ဖြည့်စွက်ပြဋ္ဌာန်း

မောင်တောနယ်စပ်မှာ တကျော့ပြန် လှုပ်ရှားလာသည့် မွတ်ဆလင် လက်နက်ကိုင်များ

AA သွားနေတဲ့ လမ်း

မြန်မာ့ လူသတ်ဂိုဏ်းချုပ်နှင့် ကြံရာပါများ

နိုင်ငံတကာ အဖွဲ့အစည်းများ တာဝန်ခံမှု ရှိစေလို

Loading