ဖက်ဒရယ်စနစ်များတွင် ပညာရေးသည် နိုင်ငံတော်အဆင့် တာဝန်ဝတ္တရားဖြစ်သည်။ ထို့ကြောင့် ဒေသခံများက ပိုင်ဆိုင်ပြီး ဒေသတွင်းမှာပင် ပို့ချသည့် ပညာရေးသည် မြန်မာဖက်ဒရယ်စနစ်တွင် စံနမူနာပုံစံ ဖြစ်နိုင်သည်။
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် တိုင်းရင်းသား အခြေခံပညာရေး ပံ့ပိုးသူများ (Ethnic Basic Education Providers-EBEP) ဟုခေါ်သည့် ၎င်းတို့၏ ပညာရေးအဖွဲ့အစည်းများက စီမံသော မိခင်ဘာသာစကားအခြေပြု ဘာသာစုံသုံး ပညာရေးစနစ်ကို လေ့ကျင့်သင်ကြားပေးနေသော ကျောင်း ဒါဇင်ဝက်ခန့် အပါအဝင် အားရစရာကောင်းသည့် အစီအစဉ်များကို ဆောင်ရွက်နေကြပြီး ဖြစ်သည်။
ယခုအခါ မိမိတို့သည် မြန်မာ့သမိုင်းတွင် အလွန်ထူးခြားသော အချိန်ကို ဖြတ်သန်းနေပြီး အဓိကကျသော ပါဝင်ပတ်သက်သူများသည် ပြည်ထောင်စုနှင့် ၎င်း၏ အင်စတီကျူးရှင်းများကို ပြန်လည်ပုံဖော်ရန် ကြောက်မက်ဖွယ် အကျပ်အတည်းနောက်ခံတွင် အချိန်နှင့်တပြေးညီ ဆောင်ရွက်နေရသည်။
အမျိုးသားညီညွတ်ရေး အစိုးရ (NUG)၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ (EAOs)၊ ပြည်သူ့ကာကွယ်ရေးတပ်များနှင့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ၊ လူမှုအခြေပြုအဖွဲ့အစည်းများ (CSO) နှင့် အခြားသူများအတွက် နိုင်ငံတော်နှင့် လူ့အဖွဲ့အစည်းဆက်ဆံရေး၊ နိုင်ငံတော်နှင့် ၎င်း၏ အင်စတီကျူးရှင်းများ၏ အခန်းကဏ္ဍနှင့် သဘောသဘာဝကို ပြန်လည်ညှိနိုင်းရန် အရေးပေါ် လိုအပ်နေသည်။
အမျိုးသားညီညွတ်ရေး အစိုးရ (NUG)၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ (EAOs)၊ ပြည်သူ့ကာကွယ်ရေးတပ်များနှင့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ၊ လူမှုအခြေပြုအဖွဲ့အစည်းများ (CSO) နှင့် အခြားသူများအတွက် နိုင်ငံတော်နှင့် လူ့အဖွဲ့အစည်းဆက်ဆံရေး၊ နိုင်ငံတော်နှင့် ၎င်း၏ အင်စတီကျူးရှင်းများ၏ အခန်းကဏ္ဍနှင့် သဘောသဘာဝကို ပြန်လည်ညှိနိုင်းရန် အရေးပေါ် လိုအပ်နေသည်။
မြန်မာ့အကျပ်အတည်းမှ အခွင့်အလမ်းများအနက်တခုမှာ ယခင် နိုင်ငံရေးပြုပြင်ပြောင်းလဲရေးမှ၊ သို့မဟုတ် ထိုပြုပြင်ပြောင်းလဲရေးတွင် ပါဝင်ခဲ့သင့်သော၊ သို့မဟုတ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်သင့်သော်လည်း လျစ်လျူရှုခံခဲ့ရသော၊ သို့မဟုတ် သက်ဆိုင်ရာ အဓိက ပါဝင်ပတ်သူများနှင့် သဘောထားများကို ဖယ်ထုတ် ကိုင်တွယ်ခဲ့သည့် ပြဿနာများကို ဖြေရှင်းရန် ဖြစ်သည်။
ယခုအခါတွင် မြန်မာစစ်အုပ်စုကို ထိုသို့သော ဆွေးနွေးပွဲများတွင် တရားဝင်ပါဝင်ပတ်သက်သူ အဖြစ်မှ ဖယ်ရှားလိုက်သောကြောင့် ယခုအချိန်သည် ထိုကဲ့သို့သော အဖျက်သမားများ၏ နှောက်ယှက်မှုမပါဘဲ ပြဿနာများကို စဉ်းစားသုံးသပ်ရမည့်အချိန် ဖြစ်သည်။ ထိုအဖျက်သမားများသည် စစ်ကောင်စီ လူယုတ်မာများ၏ မတရားမှု၊ ရူးသွပ်မှုများအတွက် တရားမျှတအောင် လုပ်ပေးနိုင်သူများ မဟုတ်ပေ။
ကျယ်ပြန့်စွာ ပါဝင်ပတ်သက်သူများအတွက် စိုးရိမ်စရာကိစ္စတခုမှာ ပညာရေးဖြစ်ပြီး ထိုပညာရေးသည် ဖက်ဒရယ်စနစ်နှင့် တိုင်းရင်းသား လူမှုအသိုက်အဝန်းများ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် မည်သို့ ဆက်စပ်မည်ဆိုသည့် အချက်ဖြစ်သည်။ နိုင်ငံတော်ပညာရေးစနစ် လည်ပတ်ခြင်း မရှိသလောက်ဖြစ်နေပြီး တရားမဝင်ဟု ကျယ်ကျယ်ပြန့်ပြန့် သတ်မှတ်နေသည့် ယခုကဲ့သို့သောကာလတွင် စတင်စူးစမ်းကြည့်သင့်သည့်နေရာမှာ EAO ပညာရေး ပံ့ပိုးမှုများ ဖြစ်သည်။
EAO ပညာရေးဌာနများ (EBEPs)
ဝေါဟာရအသုံးအနှုန်း မတူကြသော်လည်း EAO ပညာရေးစနစ်များကို များသောအားဖြင့် တိုင်းရင်းသား အခြေခံပညာရေး ပံ့ပိုးသူများ (EBEP) ဟု ခေါ်ကြသည်။ ၎င်းတို့သည် ကလေးငယ် ၃ သိန်းခန့်အတွက် ပညာရေးဝန်ဆောင်မှု ပေးနေပြီး ထိုပညာရေးမှူးများသည် EAO ပညာရေးဌာနများကဖြစ်စေ၊ အစိုးရပညာရေးဝန်ကြီးဌာန (စစ်အာဏာမသိမ်းမီက) နှင့် EBEP များဖြစ်စေ ပူးတွဲစီမံသည့် ရပ်ရွာအခြေပြု ပေါင်းစပ်ကျောင်းများ ဖြစ်သည်။
လွန်ခဲ့သောနှစ်က အာဏာသိမ်းပြီးနောက်တွင်မူ လူထုအာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) သည် လွန်စွာထိရောက်လာပြီး စစ်ကောင်စီ ထိန်းချုပ်မှုအောက်မှ ကျောင်းအများအပြားမှာ ထိရောက်စွာ လည်ပတ်နိုင်ခြင်း မရှိတော့ပေ။ ထို့ကြောင့် ၂၀၂၁ ခုနှစ်မှ စတင်ပြီး ထိုကဲ့သို့သော ပေါင်းစပ်ကျောင်းအရေအတွက် လွန်စွာ ကျဆင်းသွားသည်။
ကရင်၊ မွန်၊ ကချင်၊ ရှမ်းပြည်နယ်များနှင့် ပဲခူး၊ တနင်္သာရီတိုင်းများမှ ပဋိပက္ခဒေသများတွင် EAO က စီမံသည့် သို့မဟုတ် တွဲဖက်အုပ်ချုပ်သည့် ကျောင်းများလည်း ရှိသည်။ သင်ရိုးညွှန်းတမ်းများသည် အလယ်တန်းနှင့် အထက်တန်းအဆင့်တွင် ပညာရေးဝန်ကြီးဌာနနှင့် အများအားဖြင့် တူညီကြသော်လည်း တိုင်းရင်းသား ဘာသာစကားကို သုံးသည့် သင်ရိုးညွှန်းတမ်းမှ အစိုးရသင်ရိုးညွှန်းတမ်းနှင့် မတူသည့် အစိတ်အပိုင်းများစွာပါသည့် သင်ရိုးညွှန်းတမ်း အထိ ရှိသည်။
ကရင်၊ မွန်၊ ကချင်၊ ရှမ်းပြည်နယ်များနှင့် ပဲခူး၊ တနင်္သာရီတိုင်းများမှ ပဋိပက္ခဒေသများတွင် EAO က စီမံသည့် သို့မဟုတ် တွဲဖက်အုပ်ချုပ်သည့် ကျောင်းများလည်း ရှိသည်။ သင်ရိုးညွှန်းတမ်းများသည် အလယ်တန်းနှင့် အထက်တန်းအဆင့်တွင် ပညာရေးဝန်ကြီးဌာနနှင့် အများအားဖြင့် တူညီကြသော်လည်း တိုင်းရင်းသား ဘာသာစကားကို သုံးသည့် သင်ရိုးညွှန်းတမ်း (ဥပမာ – မွန်ပုံစံ) မှ အစိုးရသင်ရိုးညွှန်းတမ်းနှင့် မတူသည့် အစိတ်အပိုင်းများစွာပါသည့် သင်ရိုးညွှန်းတမ်း (ဥပမာ – ကရင်ပုံစံ) အထိ ရှိသည်။ တိုင်းရင်းသား ပညာရေး စနစ်အများအပြားတွင် သင်ရိုးညွှန်းတမ်းနှင့် အခြားအခြေခံများကို ပြန်လည်သုံးသပ် ပြုပြင်ပြောင်းလဲနေသည်။
အဓိကကျသည့် EBEPs များတွင် ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာနနှင့် ကျောင်းသာပေါင်း ၉ သောင်းကျော်ရှိ ကျောင်းပေါင်း ၁,၀၉၃ ကျောင်း၊ မွန်ပြည်သစ်ပါတီ၏ မွန်အမျိုးသား ပညာရေးကော်မတီနှင့် ကျောင်းသားပေါင်း ၁၀,၃၂၄ ရှိသော မွန်အမျိုးသားကျောင်းပေါင်း ၁၃၄ ကျောင်း၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ ပညာရေးကော်မရှင်နှင့် ရှမ်းပြည်တောင်ပိုင်းတွင် ကျောင်း ၃၅၀ ခန့်နှင့် ကျောင်းသားပေါင်း ၁,၁၀၀၀ (CSOs များက စီမံအုပ်ချုပ်သည့် နောက်ထပ် ရှမ်းကျောင်းများ)၊ ကချင်လွတ်လပ်ရေးအဖွဲ့ချုပ် ပညာရေးဌာနနှင့် ကျောင်းပေါင်း ၂၅၀ ကျော် (အစိုးရထိန်းချုပ်ထားသည့် ဒေသများတွင် ကချင်ပညာရေး CSO များက စီမံသည့် နောက်ထပ် ကချင်ကျောင်းများ)၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ၏ ကရင်နီ ပညာရေးဌာနနှင့် ကျောင်းပေါင်း ၆၀ ကျော် (စီမံသူအများစုမှာ CSO များနှင့် ပူးပေါင်း) တို့ ဖြစ်သည်။
ထို့အပြင် ထိုအဖွဲ့များသည် ထိုင်း-မြန်မာနယ်စပ်တလျှောက်ရှိ ဒုက္ခသည်စခန်းများမှ ကလေးများအတွက်လည်း ပညာရေး ဝန်ဆောင်မှုများ ပေးကြသည်။
ထို EBEPs များသည် မိခင်ဘာသာစကားအခြေပြု သို့မဟုတ် ဘာသာစကားစုံ ပညာရေး (Mother Tongue Based Multilingual Education MTB-MLE) သင်ကြားပို့ချနည်းများကို ကလေးသူငယ်ဗဟိုပြု သင်ကြားပို့ချနည်းနှင့်တကွ အသုံးပြုကြသည်။ ကြီးမား များပြားသော ငွေကြေးနှင့် နည်းပညာအကူအညီများကို နိုင်ငံတကာအလှူရှင်များက ပေးကြပြီး လူမှု အသိုက်အဝန်းများကလည်း အကူအညီအများအပြားပေးသည်။ ဆရာများသည် တခါတရံ ထောက်ပံ့ကြေးများ ရရှိကြသော်လည်း အများစုသည် စေတနာ့ဝန်ထမ်းများသာ ဖြစ်သည်။ လက်ရှိအချိန်တွင် EBEP ကျောင်းများသည် နိုင်ငံတွင် လည်ပတ်နေသည့် တခုတည်းသော အခြေခံပညာရေး ပံ့ပိုးပေးနေသူများ ဖြစ်နေသည်။
မိခင်ဘာသာစကားအခြေပြု ပညာရေး၏ အကျိုးကျေးဇူးများ
မြန်မာနိုင်ငံတွင် MTB-MLE ကိုအားပေးထောက်ခံရခြင်းနှင့် ပတ်သက်သည့် အဓိက အကြောင်းရင်းနှစ်ခု ရှိပြီး တခုသည် သင်ကြားမှုနည်းလမ်းဖြစ်ကာ အခြားတခုသည် နိုင်ငံရေးဖြစ်သည်။ နိုင်ငံရေးကို ထည့်သွင်းစဉ်းစားခြင်း မပြုလျှင်ပင် တိုင်းရင်းသား အသိုက်အဝန်းများမှ ကလေးငယ်များသည် ကျောင်းစနေချိန်တွင် မိခင်ဘာသာစကားဖြင့် စတင်ရခြင်းက ပိုမိုကောင်းမွန်သော လေ့လာသင်ယူမှု ရလဒ်များကို ရရှိကြသည်။
မိမိတို့၏ နေအိမ်တွင် မသုံးသည့် ဘာသာစကားဖြင့် စတင်လေ့လာသင်ယူရန် ဖိအားပေးခံနေရသော ကလေးများသည် ပညာရေးအရ ဆိုးကျိုးများခံစားရသည်။ စာသင်ခန်းထဲတွင် ဖြစ်ပျက်နေသည်များကို ပိုမိုလွယ်ကူစွာ ပိုမိုနားလည်နိုင်ကြသည့် လူများစုအသိုက်အဝန်းမှ သက်တူရွယ်တူ ကလေးငယ်များကို အမီလိုက်နိုင်ခြင်း မရှိကြပေ။ MTB-MLE သည် အမျိုးသားဘာသာစကား မပြောသော ကလေးငယ်များအတွက် မျှတသော လေ့လာသင်ယူမှု ရလဒ်ကောင်း ရရှိစေရန် အထိရောက်ဆုံးနည်းလမ်းအဖြစ် နိုင်ငံတကာတွင် အသိအမှတ်ပြုခံထားရသည်။
လူနည်းစု ဘာသာစကား အသိုက်အဝန်းများမှ ကလေးငယ်များကို သင်ကြားပေးရာတွင် ထိုနည်းသည် အကောင်းဆုံးဖြစ်ကြောင်း တကမ္ဘာလုံးမှ အထောက်အထားများကလည်း ပြသနေသည်။ အမျိုးသား ဘာသာစကားသို့ ကူးပြောင်းခြင်းကို မူလတန်းတွင်ဖြစ်စေ၊ အလယ်တန်းတွင်ဖြစ်စေ အသုံးပြုသည့် နည်းလမ်းအပေါ်မူတည်ပြီး ပြောင်းလဲနိုင်မည်ဖြစ်သည်။
တိုင်းရင်းသားပညာရေးကို ထောက်ခံပံ့ပိုးခြင်းသည် ငြိမ်းရေးတည်ဆောက်ရာတွင်လည်း အရေးပါသည်။ မြန်မာနိုင်ငံမှ တိုင်းရင်းသာ ပဋိပက္ခများကို မီးထိုးပေးနေသည့် နစ်နာမှုတခုမှာ တိုင်းရင်းသား လူနည်းစု/ တိုင်းရင်းသား လူမှုအသိုက်အဝန်းများ၏ ဘာသာစကားများနှင့် အမျိုးသားရေးလက္ခဏာများကို နိုင်ငံတော် ပညာရေးနှင့် အုပ်ချုပ်ရေးစနစ်များတွင် ပစ်ပယ်ထားခြင်းနှင့် ဗမာလွှမ်းမိုသည့် ယဉ်ကျေးမှုနှင့် ဘာသာစကား အခြေအနေတွင် ခွဲခြားဆက်ဆံခံရခြင်း (ဗမာဇာတ်သွင်းခြင်း) ဖြစ်သည်။
တိုင်းရင်းသားပညာရေးကို ထောက်ခံပံ့ပိုးခြင်းသည် ငြိမ်းရေးတည်ဆောက်ရာတွင်လည်း အရေးပါသည်။ မြန်မာနိုင်ငံမှ တိုင်းရင်းသာ ပဋိပက္ခများကို မီးထိုးပေးနေသည့် နစ်နာမှုတခုမှာ တိုင်းရင်းသား လူနည်းစု/ တိုင်းရင်းသား လူမှုအသိုက်အဝန်းများ၏ ဘာသာစကားများနှင့် အမျိုးသားရေးလက္ခဏာများကို နိုင်ငံတော် ပညာရေးနှင့် အုပ်ချုပ်ရေးစနစ်များတွင် ပစ်ပယ်ထားခြင်းနှင့် ဗမာလွှမ်းမိုသည့် ယဉ်ကျေးမှုနှင့် ဘာသာစကား အခြေအနေတွင် ခွဲခြားဆက်ဆံခံရခြင်း (ဗမာဇာတ်သွင်းခြင်း) ဖြစ်သည်။
ထိုအကြောင်းများကြောင့် တိုင်းရင်းသား လူမျိုးစုအသိုက်အဝန်း အများအပြားက အမျိုးသားပညာရေးစနစ်သည် ဝါးမြိုရေး ကိရိယာသာ ဖြစ်သည်ဟု သတ်မှတ်ပြီး နိုင်ငံတော်ပညာရေးသည် ပဋိပက္ခကို မောင်းနှင်သူဖြစ်သည်ဟု မြင်သည်။ EAO များနှင့် CSO များက ၎င်းတို့ကိုယ်ပိုင် MTB-MLE စနစ်များကို ထူထောင်ကြသည်။ ထိုသို့ ၎င်းပိုင်ဖြစ်ပြီး ဒေသခံများက ပို့ချသည့် ပညာရေး အစီးအစဉ်များသည် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် တရားမျှတပြီး အားလုံးအကျုံးဝင်သော ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရာတွင်အဓိက အစိတ်အပိုင်းများ ဖြစ်သည်။
လူမှုအခြေပြုအဖွဲ့အစည်းမှ ပညာရေးလုပ်ဆောင်သူများ
တရားဝင် EBEP ပညာရေး စနစ်များအပြင် CSO အဖွဲ့အစည်း အများအပြားသည် ဒေသခံဘာသာစကားများဖြင့် အလွတ်သဘော ကျောင်းချိန်ပြင်ပနှင့် သို့မဟုတ် အချိန်ပိုင်း အပါအဝင် ပညာရေးများ ပံ့ပိုးပေးကြသည်။ အချို့ CSOs များသည် လွတ်လပ်အမှီအခိုကင်းစွာ လုပ်ကိုင်ကြပြီး အချို့မှာ EAOs/EBEP များ သို့မဟုတ် ပညာရေးဝန်ကြီးဌာနနှင့် အတူလုပ်ကိုင်ကြသည်။ အများအပြားသည် ဘာသာရေးယုံကြည်မှု အပေါ်အခြေခံသော အဖွဲ့အစည်းများ ဖြစ်ကြသည်။
မြန်မာမှု အဓိကကျသည့် ပညာရေးဆိုင်ရာ CSO များ၊ အများအားဖြင့် အစိုးရထိန်းချုပ်ဒေသများတွင် လုပ်ကိုင်သည့် စာပေနှင့် ယဉ်ကျေးမှုကော်မတီများ ပါဝင်သည်။ ထို့အပြင် အချို့ CSO များသည် ပဋိပက္ခ ဒေသများတွင် (တခါတရံ EBEPs များနှင့်လက်တွဲပြီး) သာမက အုပ်ချုပ်ရေး ရောထွေးနေသော နေရာများနှင့် အစိုးရက အပြည့်အဝ ထိန်းချုပ်ထားသည့် ဒေသများတွင်လည်း လုပ်ကိုင်ကြသည်။
များသောအားဖြင့် ဘာသာရေး ယုံကြည်မှုကို အခြေခံသည့် ပုဂ္ဂလိကကျောင်း (ဥပမာ – ဘုန်းတော်ကြီးသင် ပညာရေးကျောင်း) များသည် အစိုးရ ပညာရေးဝန်ကြီးဌာန သင်ရိုးညွှန်းတမ်းကို သုံးကြသည်။ သို့သော် အာဏာသိမ်းမှုနောက်ပိုင်းတွင် ထိုသို့သော လှုပ်ရှားမှုများ ဆက်လက်လုပ်နိုင်ခြင်း မရှိတော့ပေ။
မေးခွန်းနှင့် ပြဿနာအချို့
ဖက်ဒရယ် နိုင်ငံရေး/ဖွဲ့စည်းပုံ စနစ်များတွင် ပညာရေး၊ အဓိကအားဖြင့် အခြေခံပညာရေးသည် ထုံးစံအားဖြင့် နိုင်ငံတော်တာဝန်ဝတ္တရား ဖြစ်သည်။ ထို့ကြောင့် ပညာသင်ကြားပေးခြင်းသည် မြန်မာတွင် ဖက်ဒရယ်စနစ်အတွက် စံနမူနာပုံစံတခု ဖြစ်နိုင်သည်။
အခြေခံကျသော ပြဿနာတခုမှာ ပြည်နယ်အဆင့် (တိုင်းရင်းသားပြည်နယ် သို့မဟုတ် EBEP/EAO) နှင့် ပြည်ထောင်စုအဆင့်အကြား ဆက်ဆံရေးပြဿနာကို ဖြေရှင်းရေး ဖြစ်သည်။
ဖက်ဒရယ်အစိုးရ ပညာရေးဝန်ကြီးဌာနအတွက် ပြည်ထောင်စုအဆင့် အခန်းကဏ္ဍများတွင် ညှိနှိုင်းပေးခြင်း- လေ့ကျင့်ပေးခြင်း၊ သင်ကြားမှု ရင်းမြစ် ဖော်ထုတ်မှု၊ ဘဏ္ဍာငွေထောက်ပံ့ခြင်း (ရန်ပုံငွေရှာပေးခြင်းနှင့် ဖြန့်ချိခြင်း) နှင့် ဖြစ်နိုင်လျှင် အငြင်းပွားမှု ဝင်ရောက်ဖြန်ဖြေပေးခြင်း၊ အရည်အသွေးထိန်းချုပ်ရေးနှင့် သက်ဆိုင်သည့်ကိစ္စများ ပါဝင်နိုင်သည်။ ထိုကိစ္စများကို ဆွေးနွေးရမည်ဖြစ်ပြီး အကောင်းဆုံးမှာ တွေ့ဆုံညှိနှိုင်းဆွေးနွေးသည့် စနစ်ကျသောလုပ်ငန်းစဉ်ဖြင့် ဆွေးနွေးရမည်ဖြစ်သည်။
ဖက်ဒရယ်အစိုးရ ပညာရေးဝန်ကြီးဌာနအတွက် ပြည်ထောင်စုအဆင့် အခန်းကဏ္ဍများတွင် ညှိနှိုင်းပေးခြင်း- လေ့ကျင့်ပေးခြင်း၊ သင်ကြားမှု ရင်းမြစ် ဖော်ထုတ်မှု၊ ဘဏ္ဍာငွေထောက်ပံ့ခြင်း (ရန်ပုံငွေရှာပေးခြင်းနှင့် ဖြန့်ချိခြင်း) နှင့် ဖြစ်နိုင်လျှင် အငြင်းပွားမှု ဝင်ရောက်ဖြန်ဖြေပေးခြင်း၊ အရည်အသွေးထိန်းချုပ်ရေးနှင့် သက်ဆိုင်သည့်ကိစ္စများ ပါဝင်နိုင်သည်။ ထိုကိစ္စများကို ဆွေးနွေးရမည်ဖြစ်ပြီး အကောင်းဆုံးမှာ တွေ့ဆုံညှိနှိုင်းဆွေးနွေးသည့် စနစ်ကျသောလုပ်ငန်းစဉ်ဖြင့် ဆွေးနွေးရမည်ဖြစ်သည်။
အခြေခံအကျဆုံးမှာ EBEP ဆရာ၊ ဆရာမများကို ပြည်ထောင်စုအဆင့် အသိအမှတ်ပြုခြင်းနှင့် ကျောင်းသားများ၏ အသိအမှတ်ပြုခြင်း ဖြစ်သည်။ လက်ရှိအချိန်တွင် EBEP စနစ်များကို မြန်မာတွင် နိုင်ငံက အများအားဖြင့် အသိအမှတ်ပြုခြင်း မရှိသောကြောင့် ကျောင်းသားအများအပြားတို့ ပညာအရည်အချင်းကို အသိအမှတ် မပြုသကဲ့သို့ဖြစ်နေပြီး အထက်တန်းအောင်ပြီးနောက်တွင် ရွေးချယ်ပိုင်ခွင့်ကို များစွာ လျော့နည်း သွားစေသည်။ (EBEP စနစ်မှ ပညာရေးဝန်ကြီးဌာန၏ စနစ်များသို့ ပြောင်းရွှေ့ရာတွင်လည်း ကျောင်းသား၏ အခွင့်အလမ်းများကို ကန့်သတ်လိုက်သည်။)
ထိုအချက်သည် EBEP များနှင့် ပညာရေးဝန်ကြီးဌာန (NUG ၏ ‘ဒီမိုကရက်တစ် ပညာရေးဝန်ကြီးဌာန’ ကို ဆိုလိုသည်) တို့အကြား အသင့်လျော်ဆုံး ဆက်ဆံရေးသည် မည်သို့ဖြစ်သင့်သနည်း ဆိုသည့် ပိုမိုနက်ရှိုင်းသော မေးခွန်းကို ဖြစ်စေသည်။
အသုံးအဝင်ဆုံးနည်းလမ်းမှာ EBEP နှင့် ပညာရေးဝန်ကြီးဌာန စနစ်များကို အပြိုင်အသုံးပြုခြင်းနှင့် ဘုံစံနှုန်း၊ ဘုံလေ့လာသင်ယူမှုရလဒ် သတ်မှတ်ချက်များကို ရှင်းလင်းမှုများပေါ် အခြေခံပြီး အပြန်အလှန် အသိအမှတ်ပြုခြင်းဖြစ်သည်။ အမျိုးမျိုးသော သင်ရိုးညွှန်းတမ်းများနှင့် ပညာရေး စီမံခန့်ခွဲမှုများဖြင့် ဖြည့်ပေးနိုင်သည်။
အခြားအရေးကြီးသော မေးခွန်းများတွင် EBEP များနှင့် နိုင်ငံတော်အဆင့် ညှိနှိုင်းမှု အဖွဲ့အစည်းများအကြား အပြုသဘော ဆက်ဆံရေးကို မည်သို့ မွေးဖွား ထောက်ကူမည်ဆိုသည့် ကိစ္စဖြစ်သည်။ ထိုမေးခွန်းသည် အာဏာသိမ်းပြီးနောက် နယ်ပယ်အများအပြားတွင် ထွက်ပေါ်လာနေပြီး ဖြစ်သည်။
NUG ၏ ဒီမိုကရက်တစ် ပညာရေးဝန်ကြီးဌာနအပေါ် အာရုံစိုက်ရပါက ကျောင်းများတွင် MTB-MLE သင်ကြားမှုကို တိုးတက်ချဲ့ထွင်ရန် လိုအပ်ချက်တခု ရှိနေသည်။ လွန်စွာလိုအပ်နေသော ထိုပြုပြင်ပြောင်းလဲမှုကို ဖြုတ်ချခံ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရက သင်ရိုးညွှန်းတန်း အပြောင်းအလဲ အစီအစဉ်ဖြင့် ပြုလုပ်ထားသည့် ကိစ္စများအပေါ် အခြေခံနိုင်သည်။
NLD ဦးဆောင်သည့် အစိုးရအောက်တွင် ပညာရေးဝန်ကြီးဌာနသည် တိုင်းရင်းသားဘာသာစကား သင်ကြားခြင်းကို ပြည်နယ် ၃ ခုတွင် Grade 3 အတန်းအထိ သင်ကြားခြင်းဖြင့် စတင်မိတ်ဆက်ခဲ့သည်။ ထိုအတွေ့အကြုံများမှ သင်ယူတည်ဆောက်ခြင်းဖြင့် MTB-MLE နည်းလမ်းသည် နိုင်ငံတော်စနစ်တခုလုံးတွင် ပင်မဖြစ်သင့်သည်။
NLD ဦးဆောင်သည့် အစိုးရအောက်တွင် ပညာရေးဝန်ကြီးဌာနသည် တိုင်းရင်းသားဘာသာစကား သင်ကြားခြင်းကို ပြည်နယ် ၃ ခုတွင် Grade 3 အတန်းအထိ သင်ကြားခြင်းဖြင့် စတင်မိတ်ဆက်ခဲ့သည်။ ထိုအတွေ့အကြုံများမှ သင်ယူတည်ဆောက်ခြင်းဖြင့် MTB-MLE နည်းလမ်းသည် နိုင်ငံတော်စနစ်တခုလုံးတွင် ပင်မဖြစ်သင့်သည်။
ထိုပြဿနာများကို မြန်မာမှ သက်ဆိုင်သူများကသာ ဆုံးဖြတ်ရမည်ဖြစ်သည်။ သို့သော် နိုင်ငံတကာမှ ထောက်ခံသူများ အနေဖြင့်လည်း ပါဝင်နိုင်သည့် အခန်းကဏ္ဍတခု ရှိနေသည်။ ယေဘုယျအားဖြင့် ဆိုရပါက အထူးသဖြင့် မြန်မာနိုင်ငံမှ လွန်ခဲ့သော ဆယ်စုနှစ်အတွင်းက ပြုပြင်ပြောင်းလဲရေးများအတွင်း ပညာရေးနှင့် အခြားအစီအစဉ်များကို ပြင်ပအလှူရှင်များ၏ အစီအစဉ်များကသာ မောင်းနှင်ခဲ့ကြသည်။
ယခုအခါ ထိုသို့ ချဉ်းကပ်ခြင်းကို ပြန်လည်သုံးသပ်ရမည်ဖြစ်ပြီး လိုအပ်ချက် အခြေခံသည့် ချဉ်းကပ်မှု အစီအစဉ်များဆီသို့ ပြောင်းလဲရမည်ဖြစ်သည်။ အလှူရှင်များသည် EBEPs စနစ်များ ပိုပိုတောင့်တင်းစေရန် လိုအပ်သော အကြံဉာဏ်နှင့် အကူအညီများပေးပြီး အလှူရှင် ဦးစားပေးချက်များကို အတင်းချမှတ်ခြင်းထက် EBEPS ကို ပံ့ပိုး ပြီး ချိန်ခွင်လျှာကို ညီမျှအောင် လုပ်နိုင်ပါမည်လား။
နောက်ဆုံးအချက်မှာ ဘာသာစကားအသုံးပြုမှု လမ်းပြမြေပုံဖော်ထုတ်ခြင်း၊ သင်ထောက်ကူပစ္စည်းများ စီစဉ်ခြင်း၊ လူမျိုးစုအတွင်းမှ လူမျိုးစုကွဲများအပါ ပိုမိုသေးငယ်သော လူမျိုးစု ဘာသာစကားအုပ်စုများကို လေ့ကျင့်ရေး အထောက်အကူပေးရေး အပါအဝင် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးများ ပိုမိုလုပ်ဆောင်ရန် လိုအပ်နေသေးသည်။
ပြည်ထောင်စုတလွှားတွင် လူနည်းစုအုပ်စု ပါဝင်နေသော ဒေသခံလူများစုအုပ်စုရှိ နေရာများ၌ လူမှုအသိုက်အဝန်းများမှ ကလေးငယ်များကို ပညာရေးနှင့် လူမှု-နိုင်ငံရေးအခွင့်အရေး မည်သို့အကောင်းဆုံး အထောက်အကူပြုမည်နည်း။ ထိုသို့သော စဉ်းစားသုံးသပ်ချက်များသည် တင်းကျပ်သော လူမျိုးစုပိုင်နက်ကို အခြေမပြုရဘဲ အခွင့်အရေးအခြေပြုသော ဖက်ဒရယ်အယူအဆနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အခြေပြုရမည် ဖြစ်သည်။
ဖက်ဒရယ်စနစ်တွင် သွင်ပြင်လက္ခဏာများစွာ ရှိနေသေးပြီး အထူးသဖြင့် ရှုပ်ထွေးကာ ပဋိပက္ခဖြစ်ပွားနေသည့် မြန်မာနိုင်ငံကဲ့သို့သော နိုင်ငံများတွင် အခြေအနေ ပိုမိုဆိုးရွားသည်။ လွယ်ကူမည် မဟုတ်သော်လည်း ဒေသခံများ ကိုယ်ပိုင်ဖြစ်မှုကို စူးစမ်းလေ့လာထောက်ခံခြင်းနှင့် ပညာရေးကို ဖြည့်ဆည်းပေးခြင်းသည် မြန်မာနိုင်ငံတွင် ဒီမိုကရက်တစ် ဖက်ဒရယ်စနစ် တိုးတက်ရေးနှင့် သင်ခန်းစာများ လေ့လာရေးအတွက် အရေးပါသော အကျိုးဆောင်မှု ဖြစ်နိုင်သည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Ashley South ၏ Education and Federalism in Myanmar ကို ဘာသာပြန်ဆိုသည်။ Ashley South သည် လွတ်လပ်သော သုတေသီတဦးဖြစ်ပြီး ထိုင်းနိုင်ငံ၊ ချင်းမိုင်တက္ကသိုလ်တွင် မြန်မာနှင့် အရှေ့တောင်အာရှ နိုင်ငံရေးနှင့် လူသားချင်းစာမှု ပြဿနာများကို အထူးပြုသူ ဖြစ်သည်။ အထက်ပါ အမြင်များသည် သူ၏ အမြင်များသာ ဖြစ်သည်။)
You may also like these stories:
ပင်လုံစာချုပ်ကို NUG က ဦးဆောင်တာဝန်ယူရန် အရေးကြီးဟု KIA စစ်ဦးစီးချုပ်ပြော
စစ်ကိုင်းတွင် CDM ဆရာ၊ ဆရာမများ၏ ကိုယ်ထူကိုယ်ထကျောင်းများ စတင်
လူငယ်များ ပညာရေးနှင့် အဆက်မပြတ်စေရန် KSCC က ကော်မတီဖွဲ့လုပ်ဆောင်
ကျောင်းမတက်ဘဲ ပညာတတ်အောင် ဘယ်လိုသင်မလဲ