၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှု တနှစ်ပြည့်ချိန်၌ နိုင်ငံတကာ သတင်းမီဒီယာတွင် ပြည်သူလူထု ခုခံမှုနှင့် ထိုခုခံစစ် အနိုင်ရနိုင်ခြေ၊ ဆုံးရှုံးနိုင်ခြေများအား အကြီးအကျယ်ဖော်ပြသည့် သတင်းများက အာရုံကို ခေတ္တဖမ်းစားခဲ့သည်။
ထိုသို့သော ပင်မဇာတ်လမ်း၏ အရိပ်ထိုးခံနေရသည့် တချိန်တည်းတွင် အခြားအဓိကကျသည့် အာဏာအပြောင်းအလဲသည် ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်းမှ ဝေးကွာသော တောင်တန်းဒေသများတွင် ဖြစ်ပေါ်နေပြီး အလားတူသော ရိုက်ခတ်မှုများ ရှိနိုင်သည်။
စစ်တပ်သည် နိုင်ငံ၏ အလယ်ဗဟိုဒေသများတွင် ပျံ့နှံ့နေသော ပုန်ကန်မှုကို အာရုံစိုက်နေရပြီး မနိုင်ဝန်ကို ထမ်းနေရချိန်တွင် မြန်မာနိုင်ငံ၏ အကြီးမားဆုံးနှင့် အကောင်းဆုံး ဖွဲ့စည်းထားသည့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ဖြစ်ပြီး တရုတ်နိုင်ငံဘက်ယိမ်းသော ‘ဝ’ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) သည် ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) ကို ပြတ်ပြတ်သားသား အသာစီးရနေပြီး အားအင်ချည့်နဲ့သွားစေရန် လုပ်ဆောင်နေသည်။ RCSS သည် ရှမ်းပြည်နယ်၏ ရှုပ်ထွေးလှသော သူပုန်နိုင်ငံရေးတွင် UWSA နှင့် သြဇာပြိုင်အဖွဲ့အစည်းဖြစ်သည်။
စစ်တပ်သည် နိုင်ငံ၏ အလယ်ဗဟိုဒေသများတွင် ပျံ့နှံ့နေသော ပုန်ကန်မှုကို အာရုံစိုက်နေရပြီး မနိုင်ဝန်ကို ထမ်းနေရချိန်တွင် မြန်မာနိုင်ငံ၏ အကြီးမားဆုံးနှင့် အကောင်းဆုံး ဖွဲ့စည်းထားသည့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ဖြစ်ပြီး တရုတ်နိုင်ငံဘက်ယိမ်းသော ‘ဝ’ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) သည် ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) ကို ပြတ်ပြတ်သားသား အသာစီးရနေပြီး အားအင်ချည့်နဲ့သွားစေရန် လုပ်ဆောင်နေသည်။
RCSS ကို ထိခိုက်ဆုံးရှုံးမှု အများအပြားဖြစ်စေပြီးနောက် UWSA သည် ယခုအခါ မြန်မာနိုင်ငံအလယ်ပိုင်းတွင် စစ်ရေးနှင့် နိုင်ငံရေးသြဇာ ကြီးထွားလာအောင် လုပ်ရန်နှင့် ဒေသတွင်းမှ ကြီးထွားနေသော မူးယစ်ဆေးဝါး လုပ်ငန်းတွင် လွှမ်းမိုးချုပ်ကိုင်သည့် အခန်းကဏ္ဍကို ကျစ်လစ်သိပ်သည်းအောင် လုပ်ရန် ရည်ရွယ်နေပုံရပြီး သစ်လွင်ကာ ပထဝီအရ တဆက်တစပ်တည်းရှိသော ‘ဝ’ ပြည်နယ်ကို ထူထောင်ရန် အလားအလာ ကောင်းနေပုံရသည်။
နောက်ဆုံးတွင် တစုတစည်းတည်းရှိသော ‘ဝ’ အုပ်ချုပ်သည့်ဒေသတခု ပေါ်ပေါက်လာသော ပထဝီနိုင်ငံရေး သက်ရောက်မှုများသည် လွန်စွာပြင်းထန်လိမ့်မည် ဖြစ်သည်။ ချက်ခြင်း ဖြစ်ပေါ်လာမည့် သက်ရောက်မှုမှာ ထိုင်းနိုင်ငံနယ်စပ်သို့ တရုတ်သြဇာနှင့် တိုက်ရိုက် သယ်ယူပို့ဆောင်ရေး အဆက်အသွယ်ကို ဖြစ်ပေါ်လာစေမည် ဖြစ်သည်။
အလားတူ အကျိုးဆက် ကြီးမားသော ကိစ္စတခုမှာ အသစ်ပေါ်ပေါက်လာသည့် တိုင်းရင်းသား လက်နက်ကိုင် အုပ်စုများသည် ၎င်းတို့၏ အတွင်းရေးရာများတွင် ပိုမိုကျယ်ပြန့်သော ကိုယ်ပိုင်အုပ်ချုပ်ရေးကို ထူထောင်ရန် ကြိုးစားလာသောကြောင့် ဖက်ဒရယ်ထက် ပိုမိုလျော့နည်းသည့် မြန်မာ၏ ကွန်ဖက်ဒရိတ်အနာဂတ်ကို ပုံပေါ်လာစေမည်ဖြစ်သည်။
တစထက်တစ အင်အားကြီးထွားနေသော ‘ဝ’
ပြောင်းလဲနေသည့် တိုင်းရင်သား လက်နက်ကိုင်အဖွဲ့များသည် နယ်မြေ၊ ကုန်သွယ်ရေးလမ်းကြောင်း၊ စစ်အင်အားနှင့် နိုင်ငံရေးသြဇာကိုကြီးထွားစေသည့် မူးယစ်ဆေးဝါးမှောင်ခိုမှုတို့ကို ထိန်းချုပ်ခွင့်အတွက် ၎င်းတို့ အချင်းချင်းသာမက မြန်မာစစ်တပ်နှင့်ပါ တိုက်ခိုက်နေသောကြောင့် ၁၉၆၀ ပြည့်နှစ်များမှ စတင်ပြီး ရှမ်းပြည်နယ်သည် မင်းမဲ့စနစ်အတွင်း တဖြည်ဖြည်း ကျဆင်းနေသည်။
သို့သော် လွန်ခဲ့သော ဆယ်စုနှစ်များအတွင်း၌ ဒေသတွင်း အာဏာတွင် ပြိုင်ဘက်ဖြစ်နေသော လမ်းကြောင်းနှစ်ခု ပေါ်ပေါက်လာခြင်းကို ကြုံတွေ့ရပြီး ဖရိုဖရဲရောနှော ရှုပ်ထွေးသောနေရာတွင် လိုက်လျောညီထွေသော အစီအမံတခု ဖြစ်ပေါ်လာသည်။
အတွေးအခေါ် ဒေဝါလီခံရသည့် ကွန်မြူနစ်ပါတီ ပြိုကွဲပြီး ၎င်းတို့အုပ်စု စတင်ပေါ်ပေါက်လာသည့် စစ်တပ်နှင့် အပစ်အခတ်ရပ်စဲမှုကို စခဲ့သည့် ၁၉၈၉ ခုနှစ်ကတည်းက ပြည်နယ်တခုလုံးမှ လူဦးရေ ၆ သန်းအနက် ၇ သိန်း မကျော်သော တောင်ပေါ်တိုင်းရင်းသား ‘ဝ’ တို့သည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဇုန်နှစ်ခုတွင် လုံခြုံရေးဒေသများ တည်ဆောက်ကြသည်။
ပိုမိုအရေးပါသော လမ်းကြောင်းသည် UWSA ၏ လမ်းကြောင်းဖြစ်သည်။ အတွေးအခေါ် ဒေဝါလီခံရသည့် ကွန်မြူနစ်ပါတီ ပြိုကွဲပြီး ၎င်းတို့အုပ်စု စတင်ပေါ်ပေါက်လာသည့် စစ်တပ်နှင့် အပစ်အခတ်ရပ်စဲမှုကို စခဲ့သည့် ၁၉၈၉ ခုနှစ်ကတည်းက ပြည်နယ်တခုလုံးမှ လူဦးရေ ၆ သန်းအနက် ၇ သိန်း မကျော်သော တောင်ပေါ်တိုင်းရင်းသား ‘ဝ’ တို့သည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဇုန်နှစ်ခုတွင် လုံခြုံရေးဒေသများ တည်ဆောက်ကြသည်။
သံလွင်မြစ်အရှေ့ဘက်ခြမ်း တရုတ်နယ်စပ်တလျှောက်ရှိ ကြမ်းတမ်းသော ဒေသဖြစ်သည့် တရားဝင် အသိအမှတ်ပြုထားသော အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း (SAD) သည် ပိုမိုကျယ်ပြန့်သည်။ တောင်ဘက် ကီလိုမီတာ ၂၀၀ ခန့်အကွာ ထိုင်းနယ်စပ်မှ ပိုမိုသေးငယ်သောဒေသသည် မြောက်ပိုင်းမှ ‘ဝ’ စစ်သားများနှင့် အရပ်သားအခြေချသူများက လွန်ခဲ့သော ဆယ်စုနှစ် နှစ်ခုက သိမ်းပိုက်ထားသောဒေသ ဖြစ်သည်။
ဘိန်းဖြူနှင့် မက်သာဖက်တမင်း ထုတ်လုပ်မှုအပေါ် အခြေခံသော ကျယ်ပြန့်လှသည့် စီးပွားရေး အင်ပါယာကြီးမှ ဘဏ္ဍာရေး စီးဆင်းမှုသည် စီးပွားရေးတိုးတက်မှု အတွက်သာမက စစ်ရေးအင်အားအတွက်လည်း အရေးပါသည်။
၂၀၁၄ ခုနှစ်ခန့်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ခဲယမ်းများဖြင့် ‘ဝ’ တို့သည် မြန်မာစစ်တပ်၏ ရည်မှန်းချက်ကြီးစွာဖြင့် တချိန်က အဆင်ပြေသလို ချုပ်ဆိုခဲ့သော အပစ်အခတ်ရပ်စဲရေး အစီအစဉ်များကို ပြန်လည် ရုတ်သိမ်းပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအားလုံးကို ၎င်းတို့၏ ဗဟို ထိန်းချုပ်မှုအောက်တွင် ထားရှိရန်ကြိုးစားမှုအား စစ်အင်အားဖြင့် ထိထိရောက်ရောက် တားဆီးနိုင်ခဲ့သည်။
ခေတ်မီအောင်ပြုလုပ်ထားပြီး လက်နက်ပြန်လည် တပ်ဆင်ထားသော UWSA သည် ကောင်းစွာ လေ့ကျင့်ထားပြီး တရုတ်ခေတ်သစ်လက်နက်များ တပ်ဆင်ထားသည့် အမြဲတမ်း စစ်သား ၃၀,၀၀၀ ခန့်ကို ဖြန့်ကျက်ထားကာ ရှေ့တန်းကာကွယ်ရေး မူဝါဒဖြင့် မြန်မာစစ်တပ် ရှေ့တက်မလာနိုင်အောင် ကြိုးစားသည်။
ရှေ့တန်းကာကွယ်ရေး မူဝါဒဆိုသည်မှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း နယ်စပ်များ၏ သံလွင်မြစ် အနောက်ဘက်တွင် မြန်မာစစ်တပ်နှင့် တိုက်ပွဲများ ဖြစ်ပွားနေသည့် မဟာမိတ် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များကို လက်နက်ခဲယမ်းနှင့် သင်တန်းများ ပေးခြင်းကို ဆိုလိုသည်။
၂၀၂၁ ခုနှစ်တွင် စစ်တပ်က အကဲဖြတ် မှားယွင်းစွာ အာဏာသိမ်းပြီးနောက် UWSA ရှေ့တန်း ကာကွယ်ရေးသည် ရှေ့တန်းထိုးစစ်ဆင် တိုက်ခိုက်ရေးများ ပိုမိုဖြစ်လာကြသည်။
အဓိက မဟာမိတ် ၃ ဖွဲ့
မကြာသေးမီလများအတွင်း အဓိကကျသည့် ‘ဝ’ မဟာမိတ် ၃ ဖွဲ့သည် အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ SAD ထဲမှ သယ်ယူပို့ဆောင်ရေး လမ်းကြောင်းများကို သုံးကာ မြန်မာစစ်တပ်ကို စစ်ဆင်ရေးများ အရှိန်မြှင့်တင်လာသည်။
ပြည်နယ်၏ အရှေ့မြောက်ဘက်စွန်း ကိုးကန့်ဒေသအနီးတွင် ဗမာပြည်ကွန်မြူနစ်ပါတီ (CPB) ၁၉၈၉ ခုနှစ်တွင် ပြိုကွဲစဉ်က ကွဲထွက်လာသည့် အုပ်စုခွဲတခုဖြစ်သော မြန်မာတိုင်းရင်းသားများ ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) သည် ‘ဝ’ ကဲ့သို့ တရုတ်ယိမ်း တိုင်းရင်းသားအုပ်စုများ ကိုးကန့်အမိမြေတွင် ထိန်းချုပ်မှု ပြန်လည်ထူထောင်ခြင်းမှ တားဆီးရန် ကြိုးစားနေသော စစ်ကောင်စီတပ်များနှင့် ပြင်းထန်ရှည်ကြာသော တိုက်ပွဲများ ဖြစ်ပွားနေသည်။
‘ဝ’ ဦးဆောင်သည့် မဟာမိတ်စနစ်တွင် ပိုမိုအရေးကြီးသည်မှာ ၎င်းတို့သည် ယခင်က CPB ၏ အစိတ်အပိုင်း မဟုတ်သည့် အဖွဲ့နှစ်ဖွဲ့ဖြစ်သည်။ ယနေ့တွင် ၎င်းတို့၏ ရည်မှန်းချက်များသည် ကိုးကန့်-တရုတ် MNDAA ထက် များစွာ ပိုမိုကျယ်ပြန့်သည်။ ထို ၂ ဖွဲ့မှာ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) နှင့် တအာန်း အမျိုးသား လွတ်မြောက်ရေးတပ်ဦး (TNLF) တို့ဖြစ်ပြီး ၎င်းတို့သည် RCSS နှင့် စာရင်းရှင်းရန် ရှိနေသေးသော အဖွဲ့အစည်းများ ဖြစ်သည်။
‘ဝ’ ဦးဆောင်သည့် မဟာမိတ်စနစ်တွင် ပိုမိုအရေးကြီးသည်မှာ ၎င်းတို့သည် ယခင်က CPB ၏ အစိတ်အပိုင်း မဟုတ်သည့် အဖွဲ့နှစ်ဖွဲ့ဖြစ်သည်။ ယနေ့တွင် ၎င်းတို့၏ ရည်မှန်းချက်များသည် ကိုးကန့်-တရုတ် MNDAA ထက် များစွာ ပိုမိုကျယ်ပြန့်သည်။ ထို ၂ ဖွဲ့မှာ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) နှင့် တအာန်း အမျိုးသား လွတ်မြောက်ရေးတပ်ဦး (TNLF) တို့ဖြစ်ပြီး ၎င်းတို့သည် RCSS နှင့် စာရင်းရှင်းရန် ရှိနေသေးသော အဖွဲ့အစည်းများ ဖြစ်သည်။
ရှမ်းပြည်နယ် အလယ်ပိုင်းနှင့် အနောက်မြောက်ပိုင်းတွင် လှုပ်ရှားသည့် SSPP သည် ရှမ်းတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတခုဖြစ်ပြီး (၁၉၇၀ နှစ်များကပင်) CPB ၏ မဟာမိတ်ဟောင်းဖြစ်ကာ ကွန်မြူနစ် အာဏာကို ရုတ်တရုတ် အဆုံးသတ်ပစ်လိုက်သည့် ‘ဝ’ တို့နှင့် အဆက်အသွယ်ရှိသော အဖွဲ့ဖြစ်သည်။ အင်အားလျော့နည်းလာသော SSPP သည် သံလွင်မြစ်အနောက်ဘက်ကမ်းမှ ၎င်းတို့ စခန်းများကို ဆက်လက်ထိန်းသိမ်းရန်နှင့် ယခင်က ရှေ့သို့တက်လာသည့် မြန်မာစစ်တပ်များနှင့် ယခုပြိုင်ဘက် RCSS ကို မောင်းထုတ်ရန် ‘ဝ’ တို့ထံမှ အကူအညီ တောင်းနေရသည်။
‘ဝ’ တို့နှင့် ဘာသာဗေဒအရနှင့် ယဉ်ကျေးမှုအရ ပိုမိုနီးစပ်သည့် တောင်ပေါ်လူမျိုးဖြစ်သော တအာန်းများသည်လည်း မဟာမိတ်အတွင်းတွင် မကြာသေးမီကမှ ရောက်လာသည့် အဖွဲ့ဝင်ဖြစ်သည်။
၂၀၀၉ ခုနှစ်တွင် တည်ထောင်ခဲ့သော တအာန်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) သည် ရှမ်းပြည်နယ် အနောက်မြောက်ပိုင်း လက်ဖက်စိုက်ပျိုးသော တောင်ကုန်းများတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၏ အားပေး ထောက်ခံမှုဖြင့် ပေါ်ပေါက်လာပြီးနောက် မြန်မာစစ်တပ်က အကြီးအကျယ် တိုက်ခိုက်မှုခံရသော အဖွဲ့အစည်းဖြစ်သည်။ သို့သော် ‘ဝ’ တို့ထံမှ စစ်လက်နက်ပစ္စည်းနှင့် သင်တန်းပေးမှု များလာလေလေ တအာန်းတို့ အင်အား ကြီးမားလာလေလေပင် ဖြစ်သည်။ ယခုအခါ ရှမ်းပြည်နယ် မြောက်ပိုင်း အနှံ့အပြားတွင် လှုပ်ရှားနေသည့် တပ်အင်အား အနည်းဆုံး ၈,၀၀၀ အထိ အင်အားတိုးလာသည်။
ရည်မှန်းချက်ကြီးမားသည့် စစ်ဘုရင်
ပြည်နယ်အတွင်း ဒုတိယ အဓိက အာဏာသည် ရှမ်းအမျိုးသားရေးဝါဒနှင့် ယင်းကို အသုံးပြုမည့် RCSS ခေါင်းဆောင် စဝ်ယွက်စစ်၏ ရည်မှန်းချက်ဖြစ်သည်။
စစ်ဘုရင်တပိုင်း၊ စီးပွားရေးသမား တပိုင်းဖြစ်သော ယွက်စစ်သည် ရှမ်းပြည်တောင်ပိုင်းတွင် ၁၉၉၀ ပြည့်နှစ်များ နှောင်းပိုင်းက ဖြစ်ပွားသည့် ဖရိုဖရဲအခြေအနေများမှ သြဇာကြီးမားလာခြင်းဖြစ်သည်။ ထိုစဉ်က ရှမ်းပြည်မြောက်ပိုင်းမှ ‘ဝ’ တို့ တောင်ပိုင်းသို့ ဆင်းလာပြီး ဘိန်းဘုရင် ခွန်ဆာ၏ တပ်များမှာ ဖိအားကြောင့် ပြိုကွဲရချိန်ဖြစ်သည်။
ထိုင်းနိုင်ငံ မဲဟောင်ဆောင် နယ်စပ် တောင်ထိပ်တခုရှိ ဌာနချုပ်မှတဆင့် ယွက်စစ်သည် ထိုအချိန်မှ စတင်ပြီး ပြည်နယ်အတွင်း အကြီးမားဆုံး တိုင်းရင်းသား လူမှုအသိုက်အဝန်းတွင် ပြန်လည် အင်အားကောင်းလာသည့် အမျိုးသားရေးဝါဒကို ရှေ့တန်းမှ ဆောင်ရွက်ပြီး RCSS ကို ထူထောင်ရန် ကြိုးစားသည်။
ပိုမိုသက်တမ်းရင့်သော အဖွဲ့အစည်းဖြစ်သည့် SSPP တွင် တပ်မှ ထွက်ပြေးခြင်းနှင့် လက်နက်ချခြင်းများကြောင့် အင်အားချည့်နဲ့လာသောအခါ သူသည် မြောက်ပိုင်းကို မျက်စိကျလာသည်။ ထိုဒေသတွင် သူ့ကို လက်ခံနိုင်သော ရှမ်းတိုင်းရင်းသားများ၊ လက်နက်ကိုင် ပုန်ကန်မှုနှင့် ကြီးထွားလာနေသော တရုတ်-မြန်မာ စီးပွားရေး စင်္ကြံအတွက် တရုတ်စီမံကိန်းများ၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး အကျိုးစီးပွားတို့၏ ဆွဲဆောင်မှု စသည်တို့ ရှိနေသည်။ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံသည် ဘေဂျင်း၏ ရပ်ဝန်းနှင့်လမ်းမ အစီအစဉ်အတွက် အရေးပါသည့် အစိတ်အပိုင်းဖြစ်နေသည်။
ထိုင်းနယ်စပ်မှတဆင့် ကီလိုမီတာ ၃၅၀ ခန့်ကွာဝေးသော တရုတ်နယ်စပ်မြို့နယ်များသို့ စစ်အင်အားဖြန့်ကျက်မည့် ယွက်စစ်၏ အာဏာကစားကွက်သည် ဖြစ်နိုင်ခြေနည်းသော်လည်း ကြိုးစားကြည့်သင့်သောကိစ္စ ဖြစ်သည်။
ယွက်စစ်၏တပ်များသည် မည်သူမျှ မရှိသည့်ဒေသသို့ ပြောင်းရွှေ့ခြင်းလည်း မဟုတ်ပေ။ ပြည်နယ်မြောက်ပိုင်းသည် တအာန်း၊ ကချင်၊ ရှမ်းနှင့် ကိုးကန့်တရုတ် စသည့် တိုင်းရင်းသားတပ်များ အမြစ်တွယ် ပြည့်ကျပ်နေသည့် မင်းမဲ့ဒေသဖြစ်နေပြီးဖြစ်သည်။ ဒေသခံပြည်သူ့စစ်များ ဖွဲ့စည်းပြီး သြဇာထိန်းချုပ်ရန် ကြိုးစားနေသည့် မြန်မာစစ်တပ်ကို ထည့်မပြောသေးပေ။
သူ၏တပ်များသည် မည်သူမျှ မရှိသည့်ဒေသသို့ ပြောင်းရွှေ့ခြင်းလည်း မဟုတ်ပေ။ ပြည်နယ်မြောက်ပိုင်းသည် တအာန်း၊ ကချင်၊ ရှမ်းနှင့် ကိုးကန့်တရုတ် စသည့် တိုင်းရင်းသားတပ်များ အမြစ်တွယ် ပြည့်ကျပ်နေသည့် မင်းမဲ့ဒေသဖြစ်နေပြီးဖြစ်သည်။ ဒေသခံပြည်သူ့စစ်များ ဖွဲ့စည်းပြီး သြဇာထိန်းချုပ်ရန် ကြိုးစားနေသည့် မြန်မာစစ်တပ်ကို ထည့်မပြောသေးပေ။
မည်သို့ဆိုစေကာမူ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလတွင် နေပြည်တော်နှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးပြီးနောက် ထိုရှမ်းစစ်ဘုရင်က သူ၏မြောက်ပိုင်း နယ်ပယ်ချဲ့ထွင်မှုသည် အနည်းဆုံး မြန်မာစစ်တပ် တပ်မှူးများ၏ သဘောတူညီမှု ရမည်ဖြစ်ကြောင်း ယုံကြည်နေသည်ကို အထင်အရှားတွေ့ရသည်။
မြန်မာစစ်အုပ်စု တပ်မှူးများအမြင်တွင် အင်အားကြီးမားလာသော TNLA သြဇာကို ၎င်းတို့တပ်များ မသုံးဘဲ RCSS တိုက်ခိုက်ရေးသမားများကို သုံးကာ တိုက်ခိုက်ခြင်းသည် အကုန်အကျသက်သာသော နည်းလမ်းဖြစ်သည်။
ထိုတွက်ကိန်းသည် ခိုင်မာသည်။ သို့သော် ဒေသတွင်း မည်သည့် အငြင်းပွားမှုကိုမဆို ပစ်အားနှင့် သာမန် ရှမ်းပြည်သူများ၏ ထောက်ခံမှုဖြင့် ဖြေရှင်းနိုင်မည်ဟု မျှော်လင့်ခြင်းသည် သူ့ကိုယ်သူ ဗိုလ်ချုပ်ကြီး ခန့်ထားသော ယွက်စစ်၏ အကြီးအကျယ် အတွက်မှားမှု ဖြစ်သည်။ သူ၏ စီးပွားရေးဗီဇနှင့် နိုင်ငံရေး ရည်မှန်းချက်သည် သူ၏ သေနင်္ဂဗျူဟာအမြင်ထက် များစွာသာလွန်နေသည်။
ပထမဆုံး RCSS တပ်များသည် ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလတွင် ထရပ်ကားများဖြင့် မြောက်ပိုင်းသို့ ဝင်ရောက်လာသောကြောင့် TNLA နှင့် တိုက်ပွဲများ ဖြစ်ပွားရသည်။ ၂၀၁၆ ခုနှစ်နှင့် ၂၀၁၈ ခုနှစ်များအတွင်း ထောင်နှင့်ချီသော RCSS တပ်များသည် အနောက်မြောက်ပိုင်းတခွင်တွင် ပျံ့နှံ့သွားသည်။ တိုက်ပွဲငယ်များမှ စစ်ပွဲကြီးများဖြစ်လာပြီး ဒေသတခုလုံးကို ပိုမိုမတည်မငြိမ်ဖြစ်စေကာ RCSS ၏ လူအင်အားနှင့် လက်နက်ခဲယမ်း လိုအပ်ချက် ပိုမိုကြီးမားလာသည်။
သမားရိုးကျ အကဲဖြတ်ချက်များက RCSS တွင် တိုက်ခိုက်ရေးသမား ၁၀,၀၀၀ ခန့်ရှိသည်ဟု ဆိုသည်။ သူ၏ လွယ်တိုင်းလျံဌာနချုပ်တွင် ယူနီဖောင်းသစ်များ ဝတ်ဆင်ထားသည့် တပ်များဖြင့် ရှမ်းအမျိုးသားနေ့ စစ်ရေးပြပွဲကို ကြီးကျယ်ခမ်းနားစေရန် အနောက်နိုင်ငံများမှ သံတမန်များနှင့် ပြည်နယ်တဝှမ်းမှ ဧည်သည်တော်များကို ဖိတ်ကြားပြီး စစ်ရေး ပုံရိပ်ကို ယွက်စစ်က ထူထောင်ရန် ကြိုးစားနေခဲ့သည်။
သို့သော် အခမ်းအနားဆန်ဆန် စစ်ရေးပြပွဲသည် ပြဿနာတခုကို ဖုံးကွယ်ထားသည်။ ယွက်စစ်သည် လူငယ်လူသစ်များကို အခြေခံစစ်သင်တန်းဖြင့် တွန်းအားပေးနေသော်လည်း ဘန်ကောက်နှင့် နေပြည်တော်မှ ဗိုလ်ချုပ်များအကြား ဆက်ဆံရေး လွန်စွာအဆင်ပြေသောအခါ ထိုဒေသတွင် စစ်သားများကို လက်နက် တပ်ဆင်ပေးဖို့က ခက်ခဲလာသည်။
အတွင်းလူတဦး၏ ခန့်မှန်းချက်အရ RCSS တွင် လေ့ကျင့် လက်နက်တပ်ဆင်ပြီးသည့် တိုက်ခိုက်ရေးသမား အရေအတွက်မှာ ၅,၀၀၀ ထက် မကျော်နိုင်ပေ။ ထိုအရေအတွက်သည် မြန်မာနိုင်ငံမှ အကြီးမားဆုံး ပြည်နယ်တခုတွင် ရည်မှန်းချက်ကြီးသော ဗိုလ်ချုပ်တဦးအတွက် မလုံလောက်သော အရေအတွက် ဖြစ်သည်။
အတွင်းလူတဦး၏ ခန့်မှန်းချက်အရ RCSS တွင် လေ့ကျင့် လက်နက်တပ်ဆင်ပြီးသည့် တိုက်ခိုက်ရေးသမား အရေအတွက်မှာ ၅,၀၀၀ ထက် မကျော်နိုင်ပေ။ ထိုအရေအတွက်သည် မြန်မာနိုင်ငံမှ အကြီးမားဆုံး ပြည်နယ်တခုတွင် ရည်မှန်းချက်ကြီးသော ဗိုလ်ချုပ်တဦးအတွက် မလုံလောက်သော အရေအတွက် ဖြစ်သည်။
အလားတူ အန္တရာယ်ကြီးမားသော ကိစ္စမှာ ၎င်း၏ နယ်စပ်နှင့် ကပ်လျက် ရှမ်းမြောက်ပိုင်းတွင် RCSS ရုတ်တရက် အင်အားကြီးထွားလာခြင်းသည် တရုတ်နိုင်ငံအတွက် သတိပေးခေါင်းလောင်း တီးလိုက်သည့်သဘော ဖြစ်နေခြင်းပင်။ တရုတ်လုံခြုံရေး ခွဲခြမ်းစိတ်ဖြာ လေ့လာသူများက ထိုရှမ်းအဖွဲ့သည် ထိုင်းစစ်တပ်၏ လက်ဝေခံအဖြစ် မြင်နေသည်မှာ ကြာမြင့်ပြီဖြစ်ပြီး ထိုင်းစစ်တပ်သည် အမေရိကန် ပြည်ထောင်စုနှင့် ဆက်ဆံရေးလည်း ရှိနေသောကြောင့် စစ်အေးတိုက်ပွဲအတွင်း အမေရိကန် ပြည်ထောင်စုက တရုတ်အမျိုးသားရေးဝါဒီ ကူမင်တန် (KMT) များကို ထောက်ပံ့ခဲ့ခြင်းက တရုတ်နိုင်ငံ၏ အမြင်တွင် အသစ်တဖန် ပြည်လည်ပေါ်ပေါက်လာသည်။
KMT ကို ရှမ်းတို့က ပြန်လည် အသက်သွင်းပေးမည့်ကိစ္စမှာ မဖြစ်နိုင်ဘဲ RCSS သည် အမေရိကန် အကျိုးစီးပွားအတွက် သူလျှိုလုပ်ခဲ့သည့် အထောက်အထားလည်း မရှိပေ။ သို့သော် ထိုင်းစစ်တပ်နှင့် ၂၀၀၀ ပြည့်နှစ်များ အစောပိုင်းတွင် ပိုမိုနီးကပ်လာသည်။ ထိုစဉ်က အသစ် ဝင်ရောက်အခြေချလာသော ‘ဝ’ စစ်သားများသည် ထိုင်းနိုင်ငံမြောက်ပိုင်း နယ်စပ်အနီးတွင် မက် မူးယစ်ဆေးဝါး ဓာတ်ခွဲခန်းများကို ပေါ်ပေါ်ထင်ထင် ထူထောင်လာသောအခါ ဘန်ကောက်တွင် စိုးရိမ်ပူပန်မှုများနှင့် ဒေါသများကို ဖြစ်ပေါ်စေခဲ့သည်။
သို့သော် ၂၀၁၅ ခုနှစ်သို့ ရောက်လာသောအခါ ထိုဆက်ဆံရေးများသည် မလိုအပ်တော့သည့် အဆင့်အထိပင် ဖြစ်သွားသည်။ ရှမ်းပြည်နယ်အတွက် စစ်ပွဲတွင် ယွက်စစ်သည် ‘ဝ’ ကဲ့သို့ မဟုတ်ဘဲ သူ၏နောက်မှ ထောက်ခံအားပေးနေသည့် အစ်ကိုကြီး ထိုင်းမရှိဘဲ စစ်တိုက်မည်မဟုတ်ပေ။
ရှမ်းပြည်မြောက်ပိုင်းမှ ခါးသီးသော ပြောက်ကျားတိုက်ပွဲသည် RCSS နယ်မြေစူးစမ်းရှာဖွေရေးတပ်၊ ၎င်းတို့ စုဆောင်းထားသည့်လူသစ်များနှင့် TNLA တပ်များအကြား ဖြစ်ပွားခြင်းဖြစ်သည်။ ထို့နောက် ထိုစစ်ပွဲသည် ပိုမိုကျယ်ပြန့်လာပြီး SSPP လည်း ပါဝင်လာသည်။ SSPP သည် ကျောက်မဲ၊ နောင်ချိုနှင့် သီပေါမြို့နယ်များမှ ရှမ်းပြည်သူများ၏ အကျိုးစီးပွားများကို ကိုယ်စားပြုသည်ဟု ပြောသည်။ ထိုဒေသများတွင် ၎င်းတို့ကို ထောက်ခံမှုများလည်း ရှိနေသည်။
နောက်ဆုံးအချက်မှာ မဖြစ်နိုင်ဟုထင်ရသော TNLA-SSPP မဟာမိတ်ကို ခိုင်မာစေသည်။ ထိုမဟာမိတ်အဖွဲ့သည် တအာန်း တောင်ပေါ်နေ လူမျိုးစုများနှင့် တောင်အောက် မြေပြန့်နေ ရှမ်းများအကြား အစဉ်အလာ မုန်းတီးမှုများကို ပေါင်းစပ်ထားသည့် မဟာမိတ်ဖြစ်နေသည်။ ထိုဆက်ဆံရေးသစ်ကို ကြားဝင်ဆောင်ရွက်ပေးသူမှာ UWSA ဖြစ်သည်မှာ သေချာသလောက်ပင်ဖြစ်ပြီး ‘ဝ’ တို့က လက်နက်ခဲယမ်းများ ပို့ပေးသောကြောင့် ပိုမို အဆင်ပြေသည်။ နှစ်ဖွဲ့လုံးသို့ ထိုသို့ပေးပို့သောလက်နက်များတွင် ၁၂၀ မမ မော်တာကဲ့သို့သော လက်နက်ကြီးများပင် ပါဝင်သည်။
သူပုန်စစ်တပ်တခု ကျဆုံးခြင်း
ဘေးအန္တရာယ်များလှပြီး မဖြစ်နိုင်သည့် စစ်ရေးချဲ့ထွင်မှုတခုဖြစ်သော RCSS စစ်ရေးလှုပ်ရှားမှုသည် ရှမ်းပြည်နယ် အနောက်မြောက်ဒေသ တောင်တန်းများတွင် တဖြည်းဖြည်း ကျဆုံးသွားသည်။ လက်နက်အင်အား၊ လူအင်အားအရ သာလွန်ခဲ့ပြီး ထောက်ပံ့ရေးလမ်းကြောင်း၏ အခြားတဘက်ဆုံးတွင် ရှိနေသော ယွက်စစ်၏ တပ်များသည် ဒေသတွင်း ပြဿနာအများအပြားကို ခံစားကြရပြီး ၂၀၂၁ ခုနှစ်တွင် စစ်တပ်က တွက်ချက်မှု လွဲမှားသော အာဏာသိမ်းခြင်းက အခြေအနေကို ပိုမိုဆိုးရွားသွားစေသည်။
RCSS ကျဆုံးမှုများကို ကျောက်မဲမြို့နယ်တွင် ဖေဖော်ဝါရီလ ၁၅ ရက်နေ့၌ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုက ပြသနေသည်။ ထိုသတ်ဖြတ်မှုတွင် ထောက်ပို့တပ်မှ စစ်သား ၁၈ ဦးသည် အင်အားပိုမိုကြီးမားသည့် TNLA တပ်ဖွဲ့တွင် လက်နက်ချပြီးနောက် အကျဉ်းရုံး သတ်ဖြတ်ခံရသည်။
ထိုသို့သော ကျဆုံးမှုများကို ကျောက်မဲမြို့နယ်တွင် ဖေဖော်ဝါရီလ ၁၅ ရက်နေ့၌ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုက ပြသနေသည်။ ထိုသတ်ဖြတ်မှုတွင် ထောက်ပို့တပ်မှ စစ်သား ၁၈ ဦးသည် အင်အားပိုမိုကြီးမားသည့် TNLA တပ်ဖွဲ့တွင် လက်နက်ချပြီးနောက် အကျဉ်းရုံး သတ်ဖြတ်ခံရသည်။
အောက်တိုဘာလတွင် ရှမ်းတို့သည် ရက်သတ္တပတ်ပေါင်းများစွာ တိုက်ပွဲများ ဖြစ်ပွားပြီးနောက် ကျောက်မဲမြို့နယ်၊ ဟူဆန်ကျေးရွာရှိ ၎င်းတို့၏ မြောက်ပိုင်းဌာနချုပ်ကို ဆုံးရှုံးသွားခဲ့သည်။ သို့သော် ထိုကာလမတိုင်မီကပင် UWSA တပ်များ၏ ပြည်နယ်ဗဟိုချက်တွင် တိုက်ရိုက် ကြားဝင်စွက်ဖက်မှုကြောင့် ‘ဝ’ ဦးဆောင်သည့် မဟာမိတ်အဖွဲ့သည် RCSS ကို အခက်အခဲများ ရင်ဆိုင်ရအောင် လုပ်ကိုင်ပြီး မြန်မာစစ်တပ်ကိုမူ အခြားတနည်းနည်းဖြင့် ကိုင်တွယ်နေကြောင်း ပြသနေသည်။
ဒေသဆိုင်ရာ သတင်းများအရ ဇွန်နှင့် ဇူလိုင်လများတွင်လည်း ရာနှင့်ချီသော UWSA တပ်များသည် ကျေးသီးမြို့နယ်ရှိ သေနင်္ဂဗျူဟာကျသော လွယ်ဟန်းတောင်ကုန်းများမှ SSPP ၏ ဝမ်ဟိုင်းဌာနချုပ်ကို သိမ်းထားသော RCSS တပ်များကို မောင်းထုတ်ရန် ကူညီခဲ့သည်။ SSPP တဖွဲ့တည်းက ထိုသို့လုပ်ရန် ကြိုးစားသည်မှာ RCSS တို့ စတင် ဝင်ရောက်လာသည့် ၂၀၁၇ ခုနှစ်ကပင် ဖြစ်သော်လည်း အောင်မြင်ခြင်းမရှိပေ။
ယွက်စစ်၏ တပ်များသည် တောင်ပိုင်းနှင့် မြောက်ပိုင်းနယ်စပ်ဖြစ်သော နမ္မတူမြစ်တဘက် တောင်ပိုင်းမျဉ်းသို့ ပြန်လည် ဆုတ်ခွာရန် သဘောတူသောကြောင့် RCSS တို့၏ ညံ့ဖျင်းလှသော ရှမ်းပြည်မြောက်ပိုင်း လွှမ်းမိုးရေး အစီအစဉ်သည် နောက်ဆုံးတွင် ဇန်နဝါရီလ ရောက်သောအခါ ပြိုလဲသွားသည်။ ထိုမြစ်သည် မန္တလေး၊ လားရှိုးနှင့်တရုတ် နယ်စပ်ကို ဆက်သွယ်ထားသည် အဝေးပြေးလမ်းနှင့် အကြမ်းဖျဉ်းအားဖြင့် အပြိုင်တည်ရှိသည်။
ပြည်နယ်၏ ဗဟိုချက်တွင် ၎င်းတို့စခန်းများကို ထိန်းသိမ်းထားနိုင်မည်ဟု RCSS တို့ ထင်ခဲ့ကြသော မျှော်လင့်ချက် အကြွင်းအကျန်များသည် ရုတ်ချည်း ပျောက်ကွယ်သွားခဲ့သည်။ ဇန်နဝါရီလ နှောင်းပိုင်းတွင် UWSA-SSPP-TNLA သုံးပွင့်ဆိုင် အထူးတပ်ဖွဲ့သည် ၁၂၀ မမ မော်တာများ၏ အကူအညီဖြင့် မိုင်းကိုင်မြို့နယ်ရှိ လွယ်ဆန်း သေနင်္ဂဗျူဟာ တောင်ကုန်းများကို ထန်းချုပ်လိုက်သောကြောင့် RCSS တပ်များကို တောင်ဘက်သို့ မောင်းထုတ်လိုက်သည်။ ထိုတောင်ကုန်းများသည် ပြည်နယ် အနောက်ပိုင်းတွင် တောင်နှင့်မြောက် ဆက်သွယ်ရေးကို လွှမ်းမိုးထားသော တောင်ကုန်းများဖြစ်သည်။
ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် လက်နက်ခဲယမ်း အများအပြား တင်ဆောင်ပြီး မြောက်ပိုင်းမှ ပြန်လည် ဆုတ်ခွာလာသော RCSS ယာဉ်တန်းတခုကို SSPP တပ်များက ရပ်စောက်မြို့နယ်၊ ကျောက်ဂူဒေသ တောင်ပိုင်းသို့ သွားနေသောလမ်းတွင် ကြားဖြတ်ဟန့်တားသည်။ မြန်မာစစ်တပ်က ယွက်စစ်ကို ကူညီရန် လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ပေးသော်လည်း ယွက်စစ်၏တပ်များသည် အတန်ကြာ တိုက်ခိုက်ပြီးနောက် လက်နက်ချခဲ့သည်။
တချိန်တည်းတွင် ထိုင်းနယ်စပ်တွင်လည်း UWSA က ထိန်းချုပ်ထားနိုင်သည့် အခြေအနေသို့ ရောက်လာနေသည်။ ဇန်နဝါရီလ ၁၉ ရက်နေ့နှင့် ၂၂ ရက်နေ့အတွင်း ‘ဝ’ တောင်ပိုင်းဒေသ သို့မဟုတ် ‘ဝ’ တပ်မဟာ ၉ ခုအနက်မှ ၅ ခုကို ဖြန့်ချထားရာ ၁၇၁ စစ်ဒေသမှ တပ်များသည် ၎င်းတို့ ယခင်တခါမျှ မလှုပ်ရှားဘူးလောက်အောင် ကြီးမားသည့် လှုပ်ရှားမှုတခုကို ပြုလုပ်ခဲ့သည်။ ‘ဝ’ ရုပ်သံလိုင်းနှင့် လူမှုကွန်ရက်မီဒီယာတွင် ကျယ်ကျယ်ပြန့်ပြန့် ထုတ်လွှင့်သော စစ်ရေးလေ့ကျင့်မှု ဖြစ်သည်။
၁၇၁ စစ်ဒေသကို တိုက်ခိုက်ရန် RCSS ခြိမ်းခြောက်မှုကို တုံ့ပြန်သည့်အနေဖြင့် များပြားလှသော ၁၂၀ မမ မော်တာများ တပ်ဆင်ထားသည့် ‘ဝ’ တပ်မဟာနှစ်ခုသည် RCSS လွယ်တိုင်းလျံဌာနချုပ်နှင့် ကပ်လျက် မျက်နှာချင်းဆိုင်တွင် နယ်စပ်အနောက်ဘက်၌ တိုက်ပွဲဝင်ရန် အသင့်အနေအထား ယူလိုက်သည်။
၁၇၁ စစ်ဒေသကို တိုက်ခိုက်ရန် RCSS ခြိမ်းခြောက်မှုကို တုံ့ပြန်သည့်အနေဖြင့် များပြားလှသော ၁၂၀ မမ မော်တာများ တပ်ဆင်ထားသည့် ‘ဝ’ တပ်မဟာနှစ်ခုသည် RCSS လွယ်တိုင်းလျံဌာနချုပ်နှင့် ကပ်လျက် မျက်နှာချင်းဆိုင်တွင် နယ်စပ်အနောက်ဘက်၌ တိုက်ပွဲဝင်ရန် အသင့်အနေအထား ယူလိုက်သည်။
ထိုသို့ ထိုင်းနယ်စပ်တွင် မျက်နှာချင်းဆိုင် ထိပ်တိုက်တွေ့မှုသည် လာမည့် ရက်သတ္တပတ်များအတွင်း မီးကုန်ယမ်းကုန်ဖြစ်လာမည်၊ မဖြစ်လာမည်ကို ရှင်းရှင်းလင်းလင်း မသိနိုင်သေးပေ။ ထိုနေရာတွင်ပင် ၂၀၀၅ ခုနှစ်က နောက်ဆုံးဖြစ်ပွားသည့် ပဋိပက္ခတွင် ရှမ်းတို့သိမ်းထားသည့် တောင်ကုန်းများကို သိမ်းပိုက်ရန် မအောင်မြင်သော အားထုတ်မှုများတွင် ‘ဝ’ တို့သည် လူသားလှိုင်းများကို သုံးစွဲသောကြောင့် ထိခိုက်သေဆုံးမှု ရာချီ ရှိခဲ့သည်။
ယခု ၁၆ နှစ်ကြာသောအခါ UWSA သည် လက်နက်ပိုမိုကောင်းမွန်စွာ တပ်ဆင်လာပြီး နည်းပရိယာယ်အရလည်း ပိုမိုနားလည်လာသောအခါ ယခင်ကနှင့် တူညီသော ရလဒ်မျိုးဖြစ်လာတော့မည် မဟုတ်ပေ။ ‘ဝ’ တို့ ၂၀၀၅ ခုနှစ်က မသုံးခဲ့သည့် ကြီးမားသော အမြောက်များဖြင့် ရင်ဆိုင်ခြင်းသည် ရှမ်းဌာနချုပ်ကို အောင်မြင်စွာ ထိုးစစ်ဆင်ရန် အပျက်အစီးများသော ကြိုတင်ပစ်ခတ်မှုကို ပေးနိုင်သည်။
‘ဝ’ ၏ အခြားဗျူဟာတခုမှာ ချောင်ပိတ်မိနေသော ရန်သူကို ပြည်နယ် အတွင်းပိုင်းထောက်ပံ့ရေး လမ်းကြောင်းများနှင့် အခွန်စီးဆင်းမှုကို ဖြတ်တောက်ပြီး ယခုအခါ အသက် ၆၅ နှစ်ရှိပြီဖြစ်သော ယွက်စစ် ထိုင်းနိုင်ငံမြောက်ပိုင်း မြို့ကြီးဖြစ်သော ချင်းမိုင်တွင် သက်သောင့်သက်သာ အငြိမ်းစားယူချိန်ကို စောင့်နေနိုင်သည်။ သူ၏ တပ်များကို လက်နက်ခဲယမ်း ပြန်လည်ဖြည့်တင်းပေးရန် ထိုင်းစစ်ဘက်၏ (အလားအလာ အလွန်နည်းသော) ကြားဝင် စွက်ဖက်မှု မရှိသောကြောင့် ရှမ်း စစ်ဘုရင်အတွက် ရွေးချယ်စရာ မရှိသလောက်ဖြစ်နေသည်။
‘ဝ’ ပြည်နယ်ဆီသို့
အခြားတဘက်တွင်လည်း တနိုင်ငံလုံးတွင် ခုခံမှုများနှင့် ရင်ဆိုင်နေရသောကြောင့် နည်းနည်းနှင့် ကျဲကျဲ ဝိုင်းနေရသော စစ်ကောင်စီအတွက် ၂၀၂၂ ခုနှစ် ပွင့်လင်းရာသီတွင် နိုင်ငံအရှေ့မြောက်ပိုင်း၌ UWSA သည် အဓိက လွှမ်းမိုးသော အင်အားစုအဖြစ် ရင်ဆိုင်ရမည်ကို အတည်ပြုပေးလိုက်သည်။ ‘ဝ’ ထောက်ပံ့သော လက်နက်ခဲယမ်းများကို မှီခိုနေရသော ပိုမိုသေးငယ်သည့် မဟာမိတ်များ၏ ထောက်ခံမှုက ထိုအုပ်ချုပ်ပိုင်ခွင့်တွင် အကျိုးဆက်များဖြစ်လာမည်။
ပထမဆုံးအချက်မှာ ထိုအခြေအနေသည် တန်ဖိုးမြင့် ဈေးကွက်တွင် ‘ဝ’ တို့၏ သန့်စင်မှုအဆင့်မြင့်မားသည့် မက် ပုံဆောင်ခဲနှင့် အဆင့်မြင့် မူးယစ်ဆေးသုံး ဓာတုပစ္စည်းများ ထုတ်လုပ်မှုအပေါ် မှီခိုနေရသော ဒေါ်လာ ၁ ဘီလီယံကျော်တန် မူးယစ်ဆေးဝါးလုပ်ငန်း၌ ‘ဝ’ တို့ သြဇာခိုင်မာအောင် လုပ်ဆောင်နိုင်မည်ဖြစ်သည်။
၂၀၂၁ ခုနှစ်၊ မေလမှ စတင်ပြီး ထိုင်းနှင့် လာအိုအတွင်းသို့ အလုံးအရင်းဖြင့် စီးဝင်လာခြင်း (ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုရုံး UNODC က ယခင် မကြုံဖူးသည့် ပမာဏဖြစ်ကြောင်းပြောသည်) ကို ကြည့်လျှင် ဈေးသက်သာသော ယာဘ ဆေးဝါးထုတ်လုပ်မှုသည် ‘ဝ’ သာမက လက်နက်ကိုင်အဖွဲအစည်းသစ်များနှင့် ပြည်သူ့စစ်များအတွက် ကုန်ကြမ်းရရှိသောနေရာများအဖြစ် ဆက်လက်တည်ရှိနေမည်ဖြစ်ကြောင်း ပြသနေသည်။
ရှမ်းပြည်နယ်တွင် စိုးမိုးနိုင်ခြင်းကြောင့် UWSA သည် ၎င်း၏ နိုင်ငံရေးနှင့် စစ်ရေးသြဇာကို ရှမ်းပြည်နယ်မှကျော်လွန်ပြီး မြန်မာနိုင်ငံ အလယ်ပိုင်းသို့ ချဲ့ထွင်နိုင်မည်ဖြစ်သည်။ ထိုလုပ်ငန်းစဉ် စတင်ဖြစ်ပေါ်နေပြီးဖြစ်သည်။ ရှမ်းပြည်နယ်ပုံစံကို ပုံတူကူးပြီးနောက် UWSA သည် ၂၀၂၁ ခုနှစ် နှစ်လယ်မှ စတင်ပြီး လက်နက်များကို အိမ်နီးချင်း ကယားပြည်နယ်မှ စစ်အုပ်စု ဆန့်ကျင်ရေး တပ်ဖွဲ့များထံ တင်ပို့နေသည်။
ဒုတိယအချက်မှာ ရှမ်းပြည်နယ်တွင် စိုးမိုးနိုင်ခြင်းကြောင့် UWSA သည် ၎င်း၏ နိုင်ငံရေးနှင့် စစ်ရေးသြဇာကို ရှမ်းပြည်နယ်မှကျော်လွန်ပြီး မြန်မာနိုင်ငံ အလယ်ပိုင်းသို့ ချဲ့ထွင်နိုင်မည်ဖြစ်သည်။ ထိုလုပ်ငန်းစဉ် စတင်ဖြစ်ပေါ်နေပြီးဖြစ်သည်။ ရှမ်းပြည်နယ်ပုံစံကို ပုံတူကူးပြီးနောက် UWSA သည် ၂၀၂၁ ခုနှစ် နှစ်လယ်မှ စတင်ပြီး လက်နက်များကို အိမ်နီးချင်း ကယားပြည်နယ်မှ စစ်အုပ်စု ဆန့်ကျင်ရေး တပ်ဖွဲ့များထံ တင်ပို့နေသည်။
ထိုလက်နက်များကို အဓိက ရရှိသည့်အဖွဲ့မှာ ကရင်နီအမျိုးသား ပြည်သူ့လွတ်မြောက်ရေး တပ်ဦး (KNPLF) ဖြစ်သည်။ ထိုအဖွဲ့သည် CPB နှင့် (ထို့ကြောင့် ‘ဝ’ နှင့်) သမိုင်းဝင် အချိတ်အဆက်ရှိသော ကွန်မြူနစ်ဟောင်းများဖြစ်ပြီး ထိုင်းနိုင်ငံနယ်စပ်တလျှောက်တွင် ၎င်းတို့ကို “ကြယ်နီ” များဟု ခေါ်ကြသည်။ ၂၀၀၉ ခုနှစ်တွင် KNPLF သည် စစ်အုပ်စု လက်အောက်ခံ နယ်ခြားစောင့်တပ် ဖြစ်လာရန် ရွေးချယ်ခဲ့သည်။ သို့သော် စစ်အာဏာသိမ်းပြီးချိန်မှ စတင်ပြီး သေနတ်ပြောင်းကို စစ်ကောင်စီဘက်သို့ ပြန်လှည့်ခဲ့သည်။
ကြယ်နီအဖွဲ့နှင့် ၎င်း၏မဟာမိတ် ကရင်နီအဖွဲ့ခွဲသို့ ရောက်ရှိလာသည့် UWSA လက်နက်များတွင် အော်တိုမက်တစ် လက်နက်ငယ်များ၊ RPG လောင်ချာများ၊ UWSA သုံးခဲ့သည့် ၁၉၈၀ ပြည့်နှစ်များက တရုတ်သံခမောက်များ ဖြစ်သည်မှာ သေချာသည်။
ထိုစစ်လက်နက်ပစ္စည်းများသည် ကယားပြည်နယ် ခုခံမှု၌ အံ့သြစရာ ကောင်းလောက်အောင် ထိရောက်ခြင်းနှင့် စစ်ကောင်စီတပ်များ အကြီးအကျယ် အထိနာမှုကို ဖော်ပြနေသောကြောင့် ဇန်နဝါရီလ တလတည်းတွင်ပင် ကယားပြည်နယ်၊ လွိုင်ကော်မြို့တော် အစိတ်အပိုင်းများသို့ လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ရန် လိုအပ်ခဲ့သည်။
တတိယနှင့် အရေးပါသောအချက်မှာ ရှမ်းပြည်နယ်တွင် သေနင်္ဂဗျူဟာအရ သြဇာကြီးမားလာသောကြောင့် ‘ဝ’ တို့သည် လက်ရှိအချိန်အထိ မအောင်မြင်သေးသည့် ၎င်းတို့၏ ရည်မှန်းချက်ဖြစ်သော မြောက်ပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် တောင်ပိုင်းရှိ ၁၇၁ စစ်ဒေသကို ပေါင်းစည်းပြီး တခုတည်းနှင့် တဆက်တစပ်တည်းရှိသော ‘ဝ’ ပြည်နယ်ထူထောင်ရေး အောင်မြင်ရန် ပိုမိုနီးစပ်လာသည်။
ရှမ်းပြည်နယ် အရှေ့ပိုင်းမှ မြန်မာစစ်တပ်၏ စစ်စခန်းများ ထိခိုက်လွယ်မှုကို ထပ်ပြီး အဆင့်မြှင့်သည့်အနေဖြင့် ထိုကဲ့သို့သော မဟာမိတ်များ ဖွဲ့စည်းခြင်းသည် မြန်မာနိုင်ငံ၏ သံလွင်မြစ်အရှေ့ပိုင်းဒေသများတွင် ‘ဝ’ အုပ်ချုပ်ရေး ဖြစ်ပေါ်လာမည့် သဘော ဆောင်စေသည်။ ပိုမိုသေးငယ်သော ဒေသများရှိ အုပ်ချုပ်သူများ အထူးသဖြင့် မြောက်ပိုင်းတွင် ကိုးကန့်အခြေစိုက် MNDAA၊ လာအိုနှင့် နယ်စပ်တွင် အမျိုးသားဒီမိုကရက်တစ် မဟာမိတ် တပ်မတော် သို့မဟုတ် မိုင်းလားအဖွဲ့ တို့သည်လည်း ထိုလမ်းကြောင်းသို့ လိုက်လာမည်ဟု မျှော်လင့်ရသည်။
မည်ကဲ့သို့သော ဖြစ်ပေါ်တိုးတက်မှုမဆိုသည် ရှမ်းပြည်နယ်မှ တရုတ် အခြေခံ အဆောက်အအုံ စီမံကိန်းများ လုံခြုံရေးကို အထောက်အကူပြုစေမည်ဖြစ်ပြီ သံလွင်မြစ် အရှေ့ခြမ်း ‘ဝ’ ဒေသသစ်မှတဆင့် တရုတ်နှင့် ထိုင်း ကုန်းလမ်း ဆက်သွယ်ရေးကို အဆင်ပြေစေမည်ဖြစ်သည်။
မည်ကဲ့သို့သော ဖြစ်ပေါ်တိုးတက်မှုမဆိုသည် ရှမ်းပြည်နယ်မှ တရုတ် အခြေခံ အဆောက်အအုံ စီမံကိန်းများ လုံခြုံရေးကို အထောက်အကူပြုစေမည်ဖြစ်ပြီ သံလွင်မြစ် အရှေ့ခြမ်း ‘ဝ’ ဒေသသစ်မှတဆင့် တရုတ်နှင့် ထိုင်း ကုန်းလမ်း ဆက်သွယ်ရေးကို အဆင်ပြေစေမည်ဖြစ်သည်။
သို့သော် ထိုသို့ဖြစ်လာသောကြောင့် ပိုမို နိမိတ်မကောင်းသော မေးခွန်းတခုကိုလည်း မေးစရာဖြစ်လာသည်။ ထိုင်းနိုင်ငံသည် ကူးသန်းရောင်းဝယ်ရေး၊ နိုင်ငံရေးနှင့် တရားဥပဒေစိုးမိုးရေးတို့အပေါ် ၎င်း၏ မြောက်ဘက်နယ်စပ်မှ အသစ်ပေါ်ပေါက်လာသည့် သူတို့ကိုယ် သူတို့ယုံကြည်ပြီး ငွေကြေးချမ်းသာသော မူးယစ်ပြည်နယ်၏ ထိပါးသော ရိုက်ခတ်မှုကို ကိုင်တွယ်ရန် အသင့်ပြင်ထားပါသလားဆိုသည့် မေးခွန်းဖြစ်သည်။
နောက်ဆုံးအချက်ဖြစ်သော်လည်း အရေးပါသည့်အချက်မှာ သြဇာပိုမိုကြီးထွားလာသော တိုင်းရင်းသား အုပ်စုများသည် ‘ဝ’ ပုံစံကို နမူနာအဖြစ်ယူကာ ၎င်းတို့ပြည်နယ်တွင်း ရေးရာများတွင် လုံးဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့် တောင်းလာမည်ဖြစ်သောကြောင့် ‘ဝ’ ကျစ်လစ်ခိုင်မာလာခြင်းသည် မြန်မာကို ဖက်ဒရယ် စနစ်ထက် ပိုမိုလွတ်လပ်သည့် ကွန်ဖက်ဒရိတ်စနစ်သို့ တွန်းအားပေးခြင်းဖြစ်သည်။
မြန်မာနိုင်ငံအနောက်ဘက် ပင်လယ်ကမ်းခြေ ရခိုင်ပြည်နယ်မှ ဖြစ်ပေါ်တိုးတက်မှုများသည်လည်း ထိုလမ်းကြောင်းသို့ပင် ဦးတည်နေသည်။ ရခိုင်ပြည်နယ်တွင် သြဇာကြီးမားလှသော ရက္ခိုင့်တပ်တော်မှ ခေါင်းဆောင်က ‘ဝ’ ပုံစံ အပြည့်အဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို လိုလားကြောင်း ပြောကြားထားပြီး ဖြစ်သည်။
ထိုဖြစ်စဉ်သည် မုန်းတီးမှုများဆီသို့ ကျဆင်းသွားပါက ထိခိုက်ပျက်စီးလွယ်ပြီး ဖြစ်နေသော နိုင်ငံသည် ဘောလ်ကန်ဒေသ ပုံစံကဲ့သို့ဖြစ်လာရန် ဝေးကွာတော့မည် မဟုတ်ပေ။
(Asia Times မှ Anthony Davis ၏ Wa an early winner of Myanmar’s post-coup war ကို ဘာသာပြန် ဖော်ပြသည်။ ဆောင်းပါးပါ အာဘော်သည် စာရေးသူ၏ အာဘော်သာ ဖြစ်သည်။)
You may also like these stories:
မြန်မာပြည်ပညာရေးနှင့် ဖက်ဒရယ်စနစ်
ကရင်နီစစ်ရှောင်များ ရိက္ခာနှင့် အမိုးအကာများ အရေးပေါ်လိုအပ်နေ
ဖုန်ကြားရှင် သို့မဟုတ် မြန်မာစစ်တပ်အတွက် မြင်းကောင်းတစီး ဖြစ်ခဲ့သူ
AA ဘာကြောင့် ပြည်ထောင်စုနေ့အခမ်းအနား တက်သနည်း
ပြည်ထောင်စုနေ့ကို တကိုယ်တော် မကျင်းပနိုင်