နှစ်ပေါင်း ၆၀ ဆိုသည်မှာ အရှေ့အာရှမှ နိုင်ငံအများအပြားတွင် မင်္ဂလာရှိသော ဘဝစက်ဝိုင်းအဖြစ် သတ်မှတ်ကြသည်။ ၁၂ ရာသီခွင် ၅ ခုကို ကြံ့ကြံ့ခံပြီးနောက် ထိုသို့သော နှစ်များက ပေးအပ်လိုက်မည့် လူမှုလေးစားမှုနှင့် ဉာဏ်ပညာတို့နှင့်အတူ ကြည်ညိုခံရသော အရွယ်သို့ ရောက်လာသည်။ နှစ် ၆၀ ပြည့်ခြင်းသည် ပျော်ရွှင်စရာ အခါသမယဖြစ်သည်။
မတ်လ ၂ ရက်နေ့တွင် မြန်မာနိုင်ငံသည် အထိမ်းအမှတ်တခု ပြုလုပ်ကောင်းပြုလုပ်မည် ဆိုပါက စစ်တပ်အား မည်သည့်အခါမျှ စွန့်လွှတ်မည်မဟုတ်သည့် အာဏာကို ယူဆောင်ပေးသည့် ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းမှုအတွက် အခမ်းအနား ကျင်းပမည် မဟုတ်ပေ။
နှစ်ပေါင်း ၆၀ ဆိုသည့် ဘဝစက်ဝိုင်း တပတ်ပြည့်ခြင်း တခမ်းအနား ကျင်းပရမည့် အခါသယမ ဖြစ်သော်လည်း ယခုတကြိမ်တွင်မူ ထိုသို့ မဟုတ်ပေ။ အမိန့်ဖြင့် တိုက်ရိုက်အုပ်ချုပ်ခြင်း၊ ၎င်းတို့သြဇာအောက်တွင် နိုင်ငံရေး ပါတီ ၃ ခုကို တည်ထောင်ခြင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲခြင်းနှင့် အတင်းအကျပ် လက်ခံခိုင်းခြင်း၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအောက်မှ ဥပဒေ လုပ်ထုံးလုပ်နည်းများဖြင့် ၎င်းတို့ကိုယ် ၎င်းတို့ အာဏာရှိစေခြင်းနှင့် ရွေးကောက်ပွဲရလဒ်ကို လက်တလုံးခြား အသုံးပြုခြင်းတို့ဖြင့် မြန်မာစစ်တပ်သည် ၎င်းတို့အကျိုးစီးပွားအတွက် အဓိကကျသည်ဟု ယူဆသည့် လူအဖွဲ့အစည်း၏ အစိတ်အပိုင်းများအပေါ် ထိထိရောက်ရောက် ထိန်းချုပ်ထားခြင်းတို့သာ ကြုံတွေ့ခဲ့ရသည်။
နှစ် ၆၀ အထွဋ်အထိပ်ကာလ ရောက်လာသောအခါ စစ်အုပ်စုသည် ၎င်းတို့၏ လွှမ်းမိုးမှုကို လွန်ခဲ့သောနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့က ဆိုးရွားလှသော စစ်အာဏာသိမ်းမှုဖြင့် တိုးချဲ့လိုက်သည်။ သာမန်ပြည်သူများက မည်မျှပင် ငြင်းဆန်သည်ဖြစ်စေ ၎င်းတို့၏ အာဏာနှင့်သြဇာက သက်ဆိုး ဆက်ရှည်နေပြီး နိုင်ငံကို ပိုမိုကျဆုံးနေစေသည်။
စစ်အုပ်ချုပ်ရေး ဆယ်စုနှစ် ၆ ခု သို့မဟုတ် မျိုးဆက် ၃ ခုအတွက် စစ်တပ်ထိန်းချုပ်သော အုပ်ချုပ်ရေးက ဝမ်းနည်းစရာ ဒေသတွင်း သို့မဟုတ် ကမ္ဘာ့စံချိန် တမျိုးမျိုးကို တင်စေမည်ဖြစ်သည်။ ၎င်းတို့ကိုယ် ၎င်းတို့ပေးထားသည့် အခွင့်အာဏာကို တိုက်ရိုက်မကျင့်သုံးသောအခါ မြန်မာစစ်တပ်သည် နိုင်ငံရေးပါတီ ၃ ခုကို တည်ထောင်ခဲ့သည်။
နှစ် ၆၀ အထွဋ်အထိပ်ကာလ ရောက်လာသောအခါ စစ်အုပ်စုသည် ၎င်းတို့၏ လွှမ်းမိုးမှုကို လွန်ခဲ့သောနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့က ဆိုးရွားလှသော စစ်အာဏာသိမ်းမှုဖြင့် တိုးချဲ့လိုက်သည်။ သာမန်ပြည်သူများက မည်မျှပင် ငြင်းဆန်သည်ဖြစ်စေ ၎င်းတို့၏ အာဏာနှင့်သြဇာက သက်ဆိုး ဆက်ရှည်နေပြီး နိုင်ငံကို ပိုမိုကျဆုံးနေစေသည်။
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၊ တိုင်းရင်းသားစည်လုံးညီညွတ်ရေး ပါတီနှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတို့ ဖြစ်သည်။ ထိုပါတီများတွင် မည်သည့်ဒီမိုကရေစီ အရိပ်လက္ခဏာမျှ မရှိပေ။ ထိုပါတီ အားလုံးတွင် တာဝန်ထမ်းဆောင်ဆဲ သို့မဟုတ် အငြိမ်းစား စစ်သားများသည် ခေါင်းဆောင်ပိုင်းတွင်သာမက သာမန်အဆင့်တွင်ပါ ရှိနေသည်။
သို့သော် ၁၉၆၂ ခုနှစ်သည် မြန်မာနိုင်ငံတွင် စစ်တပ် အာဏာ၏ မူလအစ မဟုတ်ပေ။ ထိုမူလအစသည် ၁၉၄၈ ခုနှစ် လွတ်လပ်ရေး၊ တိုင်းရင်းသားနှင့် နိုင်ငံရေး ပုန်ကန်မှုများနှင့်အတူ လာသည်။
ပထမဆုံး ဖွဲ့စည်ပုံအခြေခံ ဥပဒေအရ အာဏာသိမ်းခြင်းသည် ၁၉၅၈ ခုနှစ်တွင် ဖြစ်ပွားခဲ့သည်။ ထိုအာဏာသိမ်းမှုတွင် စစ်တပ်သည် အာဏာရပါတီတွင်း အကွဲအပြဲနှင့် ရင်ဆိုင်နေရသော အရပ်သား အစိုးရကို အတင်းအကျပ် သဘောတူစေခြင်းဖြင့် အာဏာသိမ်းခဲ့ပြီး ၁၈ လ ကြာသည်။
ထိုအုပ်ချုပ်ရေးသည် ပဒေသရာဇ်ဆန်သော်လည်း နိုင်ငံရေးနှင့် စီးပွားရေး ကျဆင်းနေမှုကို တားဆီးနိုင်သောကြောင့် ယေဘုယျအားဖြင့် အမြင်ကောင်းကြသည်။
ထိုကာလအကုန်တွင် စစ်တပ်က နုတ်ထွက်ပြီး လွတ်လပ်သော ရွေးကောက်ပွဲများ ကျင်းပပေးသော်လည်း စစ်တပ်က လိုလားသောပါတီသည် ရွေးကောက်ပွဲရှုံးကာ ဝန်ကြီးချုပ်ဦးနုက ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းမှုအထိ ၂ နှစ်ခန့် အုပ်ချုပ်ရသည်။ ထိုရွေးကောက်ပွဲသည် စစ်တပ်က ဝင်ရောက်စီမံခြင်းမရှိသည့် ရွေးကောက်ပွဲ၏ ထူးခြားသော ဥပမာတခုဖြစ်သည်။
သို့သော် စစ်အုပ်ချုပ်ရေးက အားလုံးကောင်းသွားပါပြီဟု ဖြစ်မလာပေ။ ၁၉၆၂ ခုနှစ် အာဏာသိမ်းပြီး မကြာမီ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ကျဆုံးသောအခါ နိုင်ငံတော်အခြေအနေ တစတစ ယိုယွင်းလာပြီး ၁၉၈၈ ခုနှစ် စစ်တပ်ကို ဆန့်ကျင်သည့် ပြည်သူ့တော်လှန်ရေး ဖြစ်လာခဲ့တော့သည်။
စစ်အုပ်စုသည် နိုင်ငံကို ဆက်လက်ထိန်းချုပ်ခဲ့ပြီး အပြောင်းအလဲနှင့် ပြုပြင်ပြောင်းလဲရေး လိုအပ်ကြောင်း ၂၀၁၀ ပြည့်နှစ်ခန့်တွင် စတင်သဘောပေါက်လာပြီး ဗိုလ်ချုပ်ကြီးဟောင်း သမ္မတ ဦးသိန်းစိန်၏ အားထုတ်မှုများကို ပြည်တွင်းပြည်ပမှ ကောင်းစွာကြိုဆိုကြသည်။
သို့သော် သူသည် တိုင်းရင်းသားလူနည်းစုများ ကျေနပ်စေရန် အနည်းငယ်မျှသာ လုပ်နိုင်ပြီး ဖက်ဒရယ်အုပ်ချုပ်ရေးစနစ်ကို တောင်းဆိုသည်။ သို့သော် ပိုမိုကျယ်ပြန့်လာသော နိုင်ငံသားအခွင့်အရေးများနှင့် ၂၀၁၆ ခုနှစ်တွင် ရွေးကောက်ခံ အတိုက်အခံများဖြစ်သည့် အရပ်သား ဦးဆောင်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နှင့် အာဏာအချို့ ခွဲဝေခြင်းအပါအဝင် အခွင့်အရေးများ တိုးတက်မှုမှာ ထင်ရှားသည်။
နိုင်ငံတကာ မီဒီယာသည် မကြာသေးမီက ကမ္ဘာတဝှမ်း ပေါ်ပေါက်လာသည့် စစ်အာဏာသိမ်းမှုများ အထူးသဖြင့် အာဖရိကမှ အာဏာသိမ်းမှုများကို အာရုံစိုက်စေခဲ့ပြီး မြန်မာသည် ယင်းအုပ်စုမှ နိုင်ငံတနိုင်ငံသာ ဖြစ်သည်ဟု ဆိုသည်။
၁၉၅၈၊ ၁၉၆၂ နှင့် ၁၉၈၈ ခုနှစ် စစ်အာဏာသိမ်းမှုများ နောက်ပိုင်း ၂၀၂၁ ခုနှစ်က မြန်မာ၏ စတုတ္ထအကြိမ် စစ်အာဏာသိမ်းမှုကို ကမ္ဘာတဝှမ်းဖြစ်နေသည့် လမ်းကြောင်း၏ ဥပမာ တခုအဖြစ် ရိုးရှင်းစွာ ယူဆခြင်းသည် မြန်မာနိုင်ငံ ရင်ဆိုင်နေရသည့် အတွင်းရေး ပြဿနာများ၏ သဘောသဘာဝကို နားလည်မှု လွဲမှားစေသည်။
စစ်အုပ်ချုပ်ရေးက အားလုံးကောင်းသွားပါပြီဟု ဖြစ်မလာပေ။ ၁၉၆၂ ခုနှစ် အာဏာသိမ်းပြီး မကြာမီ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ကျဆုံးသောအခါ နိုင်ငံတော်အခြေအနေ တစတစ ယိုယွင်းလာပြီး ၁၉၈၈ ခုနှစ် စစ်တပ်ကို ဆန့်ကျင်သည့် ပြည်သူ့တော်လှန်ရေး ဖြစ်လာခဲ့တော့သည်။
သမိုင်းသည် လက်ရှိ အကျပ်အတည်းကို ပုံဖော်ပေးနေပြီး သရုပ်ခွဲလေ့လာရန် လိုအပ်သည်။ မြန်မာနိုင်ငံတွင် ကိုင်တွယ်ဖြေရှင်းရမည့် ထူးခြားသော ပြဿနာများ ရှိနေသည်။
လူမျိုးစုအရ ကွဲပြားသော မြန်မာနိုင်ငံကို ကြမ်းတမ်းစွာနှင့် စဉ်းစားဆင်ခြင်ခြင်းမရှိဘဲ စစ်တပ်၏ချုပ်ကိုင်မှုဖြင့် စုစည်းထားသည်။ ဗမာအများစု အစိုးရက ၎င်းတို့ကို နှိမ်သည်၊ ဖိနှိပ်သည်ဆိုသော ယုံကြည်ချက်ရှိသည့် အမျိုးမျိုးသော တိုင်းရင်းသားများ၏ ပြင်းထန်သော သဘောသဘာဝကို ဆန့်ကျင်ပြီး နိုင်ငံကို ထိန်းချုပ်ရန် ကြိုးစားသည်။
စစ်တပ်၏ လုပ်ကြံဆက်စပ်ထားသည့် အခြေခံ ဦးတည်ချက်တခုမှာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ဖြစ်သည်။ သို့သော် ၎င်းတို့၏ မကျွမ်းကျင်မှုသည် နိုင်ငံအတွက် ၎င်းတို့ချမှတ်ထားသည့် အဓိက ရည်မှန်းချက် အောင်မြင်ရေး အလားအလာကို ချည့်နဲ့သွားစေသည်။ ၎င်းတို့သည် သဘောထားပြောင်းသည့် လက္ခဏာ မရှိသေးပေ။
လူမျိုးစုအရ ကွဲပြားသော မြန်မာနိုင်ငံကို ကြမ်းတမ်းစွာနှင့် စဉ်းစားဆင်ခြင်ခြင်းမရှိဘဲ စစ်တပ်၏ချုပ်ကိုင်မှုဖြင့် စုစည်းထားသည်။ ဗမာအများစု အစိုးရက ၎င်းတို့ကို နှိမ်သည်၊ ဖိနှိပ်သည်ဆိုသော ယုံကြည်ချက်ရှိသည့် အမျိုးမျိုးသော တိုင်းရင်းသားများ၏ ပြင်းထန်သော သဘောသဘာဝကို ဆန့်ကျင်ပြီး နိုင်ငံကို ထိန်းချုပ်ရန် ကြိုးစားသည်။
ရှေ့နောက်မညီသည်မှာ ဖက်ဒရယ် လူနည်းစု အာဏာကို အကောင်အထည်ဖော်ရေး စိတ်မပါ ဟု လေ့လာသုံးသပ်သူများက ဆိုသည့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အနိုင်ရသည့် NLD အရပ်သား အတိုက်အခံများအား လက်ရှိ စစ်အာဏာသိမ်းမှုက တွန်းအားပေးလာခြင်း ဖြစ်သည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သည် ၎င်းတို့၏ အစမ်းသဘော အတိုက်အခံ အဖွဲ့အစည်းအတွင်း တိုင်းရင်းသားကိုယ်စားပြုမှု ပိုမိုထည့်သွင်းလာရသည်။ သို့သော် ၎င်းတို့အာဏာရလျှင်ပင် ထိုကိုယ်စားပြုမှုများ မည်မျှကျန်ရစ်မည်ကို မေးခွန်းထုတ်စရာ လိုနေသေးသည်။
စစ်ကောင်စီက ၂၀၂၃ ခုနှစ်တွင် ပါတီစုံ နိုင်ငံရေးသို့ ပြန်သွားမည်ဟု ကတိပေးထားသော်လည်း မည်သည့် ရွေးကောက်ပွဲစနစ် ပေါ်လာသည်ဖြစ်စေ ထိုစနစ်ကို လက်တလုံးခြား အသုံးချမည်ဖြစ်ပြီး မည်သည့်ပါတီများကို ရွေးကောက်ပွဲ ဝင်ခွင့်ပေးသည်ဖြစ်စေ စစ်မှန်သော ဒီမိုကရေစီနိုင်ငံ ပေါ်ပေါက်လာမည် မဟုတ်ကြောင်း လေ့လာသူအများစုက ပြောသည်။
၎င်းတို့၏ ထိန်းချုပ်မှုသည် ၎င်းတို့၏ အကျိုးစီးပွားများကို ဆက်လက်ကာကွယ်မည်ဟု ယူဆသည်။ သို့သော် ၎င်းတို့က ထိုအကျိုးစီးပွားများသည် နိုင်ငံတော်၏ အကျိုးစီးပွားများဟု သတ်မှတ်သည်။ ရွေးကောက်ပွဲသက်သက်ဖြင့် ဒီမိုကရေစီကို မတည်ထောင်နိုင်ပေ။
မြန်မာနိုင်ငံ အုပ်ချုပ်ရေး ပြဿနာများ ပိုမိုကောင်းမွန်ရေး သို့မဟုတ် ဖြေရှင်းရေးသည် ပြင်ပ ဝင်ရောက်စွက်ဖက်မှုမှ လာမည်မဟုတ်ကြောင်း ပြည်ပလေ့လာသူများက သိသည်။ လူသားချင်းစာနာမှု အကူအညီများကမူ ယခုကဲ့သို့ ဆိုးရွာလှသော အခြေအနေတွင် ရောက်လာသင့်သည်။
သို့သော် ယခု စစ်အာဏာသိမ်းမှုသည် ၎င်း၏အနာဂတ်အပေါ် သက်ရောက်စေသည့် သမိုင်းဆိုင်ရာ အရင်းအမြစ်များ ရှိနေသည်။ ထိုအနာဂတ်သည် မည်သို့သော အနာဂတ်မျိုးဖြစ်စေကာမူ စစ်တပ်သည် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်မည်ဖြစ်သည်။
မြန်မာနိုင်ငံ အုပ်ချုပ်ရေး ပြဿနာများ ပိုမိုကောင်းမွန်ရေး သို့မဟုတ် ဖြေရှင်းရေးသည် ပြင်ပ ဝင်ရောက်စွက်ဖက်မှုမှ လာမည်မဟုတ်ကြောင်း ပြည်ပလေ့လာသူများက သိသည်။ လူသားချင်းစာနာမှု အကူအညီများကမူ ယခုကဲ့သို့ ဆိုးရွာလှသော အခြေအနေတွင် ရောက်လာသင့်သည်။
စစ်တပ်အပါအဝင် မြန်မာပြည်သူများအနေဖြင့် ထိုအခန်းကဏ္ဍသည် ခေတ်သစ်နိုင်ငံတော်နှင့် သင့်လျော်သော အခန်းကဏ္ဍဖြစ်အောင် လုပ်ဆောင်ရေးသာ ဖြစ်သည်။ ခေတ်သစ် နိုင်ငံတော်တွင် ပြည်သူများနှင့် ၎င်းတို့၏ အခွင့်အရေးများသည်သာ အစိုးရနှင့်အာဏာကို တည်ဆောက်ရမည့် အခြေခံဖြစ်သည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ David I. Steinberg ၏ The 60th Anniversary of the Myanmar Military’s First Coup is a Sad and Singular Occasion ကို ဘာသာပြန်ဆိုသည်။ David I. Steinberg သည် ဂျော့ဂျ်တောင်း တက္ကသိုလ် အာရှလေ့လာရေးဌာန ဂုဏ်ထူးဆောင် ပါမောက္ခ ဖြစ်သည်။ ပထမနှင့် ဒုတိယအကြိမ် အာဏာသိမ်းမှုများအတွင်း သူသည် မြန်မာနိုင်ငံတွင် နေထိုင်ခဲ့သူဖြစ်သည်။)
You may also like these stories:
အာဏာသိမ်းမျိုးစေ့ ချခဲ့သည်မှာ ယနေ့ဆိုလျှင် နှစ်ပေါင်း ၆၀ ရှိပြီ
အာဏာသိမ်းအလွန် မြန်မာစစ်ပွဲ ‘ဝ’ ကနဦး အနိုင်ရနေ
မြန်မာပြည်ပညာရေးနှင့် ဖက်ဒရယ်စနစ်
စစ်ကောင်စီက တရုတ်အကာအကွယ်ဖြင့် ပြဿနာကို ပိုဆိုးစေသည်
မေးစရာတွေ ဗလပွနဲ့ ဦးသိန်းစိုး အစီရင်ခံစာ
မြန်မာ့ အတိုက်အခံများ စစ်ရေးအကူအညီ လိုသည်