• English
Wednesday, May 21, 2025
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

ရှုံးနေပြီးသော ပူတင်၏ ကျူးကျော်စစ်

by Yuval Noah Harari
5 March 2022
in သူ့အတွေး သူ့အမြင်
A A
မက္ကဆီကိုနိုင်ငံရှိ ရုရှသံရုံးရှေ့ ဆန္ဒပြပွဲ / AFP

မက္ကဆီကိုနိုင်ငံရှိ ရုရှသံရုံးရှေ့ ဆန္ဒပြပွဲ / AFP

15k
VIEWS
Share on FacebookShare on Twitter

စစ်ပွဲစတင်ဖြစ်ပွားပြီးနောက် တပတ်ပင်မပြည့်မီ ရုရှားသမ္မတ ဗလာဒီမာပူတင်သည် သမိုင်းဝင် ရှုံးနိမ့်ခြင်းသို့ ဦးတည်နေသည့်သဘော ပိုမိုသက်ရောက်လာနေသည်။

သူသည် တိုက်ပွဲအားလုံးကို နိုင်ကောင်း နိုင်နိုင်သော်လည်း စစ်ပွဲတွင်မူ ရှုံးနိမ့်နေသည်။

RelatedPosts

ကာတာ လေယာဉ်လက်ဆောင် ထရမ့်ကို  အမေရိကန်ဥပဒေ ခွင့်ပြု မပြု

ကာတာ လေယာဉ်လက်ဆောင် ထရမ့်ကို အမေရိကန်ဥပဒေ ခွင့်ပြု မပြု

21 May 2025
342
ကလေးငယ်များကို စစ်ကောင်စီ အစုလိုက် သတ်ဖြတ်မှုတွင် နှုတ်ဆိတ်နေခြင်းက ကြံရာပါမှုမြောက်သည်

ကလေးငယ်များကို စစ်ကောင်စီ အစုလိုက် သတ်ဖြတ်မှုတွင် နှုတ်ဆိတ်နေခြင်းက ကြံရာပါမှုမြောက်သည်

21 May 2025
201
စာနာမှုများ ကင်းမဲ့သွားသော ကမ္ဘာ

စာနာမှုများ ကင်းမဲ့သွားသော ကမ္ဘာ

21 May 2025
337

ရုရှားအင်ပါယာ ပြန်လည်ထူထောင်ရေးဆိုသည့် သမ္မတ ပူတင်၏ အိပ်မက်မှာ ယူကရိန်းသည် စစ်မှန်သော နိုင်ငံတခုမဟုတ်၊ ယူကရိန်းသားတို့သည် လူမျိုးတခုမဟုတ်နှင့် ကီယက်ဗ်၊ ခါကစ်ဗ်နှင့် အယ်လ်ဗစ်မှ ဒေသခံများသည် ရုရှားအုပ်ချုပ်ရေးကို တမ်းတနေကြသည် ဆိုသည့် အချက်များပေါ်တွင် မူတည်နေသည်။

ယူကရိန်းသည် နှစ်ပေါင်း ၁၀၀၀ ကျော် ရှည်လျားသည့် သမိုင်းရှိသော နိုင်ငံတခုဖြစ်ပြီး မော်စကိုသည် ဇနပုဒ်သာသာ ဖြစ်နေသည့်အချိန်တွင် ကိယက်ဗ်သည် မြို့ကြီးပြကြီး ဖြစ်နေပြီးဖြစ်သည်။ သို့သော် ရုရှားအာဏာရှင် မစ္စတာ ပူတင်သည် အလိမ်အညာများကို အကြိမ်ကြိမ်ပြောပြီး ယခုအခါ သူ၏အလိမ်အညာကိုပင် သူကိုယ်တိုင် ယုံကြည်နေမိပြီ ဖြစ်သည်။

ထိုအချက်များသည် လုံးဝ လိမ်ညာမှုများဖြစ်သည်။ ယူကရိန်းသည် နှစ်ပေါင်း ၁၀၀၀ ကျော် ရှည်လျားသည့် သမိုင်းရှိသော နိုင်ငံတခုဖြစ်ပြီး မော်စကိုသည် ဇနပုဒ်သာသာ ဖြစ်နေသည့်အချိန်တွင် ကိယက်ဗ်သည် မြို့ကြီးပြကြီး ဖြစ်နေပြီးဖြစ်သည်။ သို့သော် ရုရှားအာဏာရှင် မစ္စတာ ပူတင်သည် အလိမ်အညာများကို အကြိမ်ကြိမ်ပြောပြီး ယခုအခါ သူ၏အလိမ်အညာကိုပင် သူကိုယ်တိုင် ယုံကြည်နေမိပြီ ဖြစ်သည်။

ယူကရိန်းနိုင်ငံ ခါခစ်မြို့တွင် ရုရှစစ်ယာဉ်တစီး မီးလောင်ပေါက်ကွဲနေစဉ်/ AFP

ယူကရိန်းကို ကျူးကျော်ရန် ကြံစည်စဉ်က သမ္မတ ပူတင်သည် အားလုံးသိပြီးဖြစ်သည့် အချက်အလက် အများအပြားကို အားထားနိုင်သည်။

ရုရှားသည် ယူကရိန်းထက် စစ်အင်အားများစွာ သာလွန်သည်ကို သူသိသည်။ ယူကရိန်းကို ကူညီရန် မြောက်အတ္တလန်တိတ် စာချုပ်အဖွဲ့ (NATO) တပ်များ စေလွှတ်မည် မဟုတ်ကြောင်း သူသိသည်။ ရုရှားရေနံအပေါ် ဥရောပနိုင်ငံများက မှီခိုနေရသောကြောင့် ဂျာမနီ ကဲ့သို့သော နိုင်ငံများသည် ပြင်းထန်သော အရေးယူပိတ်ဆို့မှုများ ပြုလုပ်ရန် တုံ့ဆိုင်းနေမည်ကို သူသိသည်။

ထိုသို့အားလုံးသိပြီးသော အချက်အလက်များကို အခြေခံပြီးနောက် သူ၏ အကြံအစည်မှာ ယူကရိန်းကို အပြင်းအထန်ထိုးနှက်ပြီး ယူကရိန်းအစိုးရကို ခေါင်းဆောင်မှု မဲ့သွားစေကာ ကိယက်ဗ်တွင် ရုပ်သေးအစိုးရ ထူထောင်ပြီး အနောက်တိုင်းအရေးယူမှုများကို ကျော်ဖြတ်ရန် ဖြစ်သည်။

သို့သော် ထိုစီမံကိန်းနှင့်ပတ်သက်ပြီး မသိနိုင်သည့် ကြီးမားသောအချက် ရှိနေသည်။ အမေရိကန်တို့ အီရတ်တွင် လေ့လာခဲ့ပြီး ရုရှားတို့ အာဖဂန်တွင် လေ့လာခဲ့သည့်အတိုင်း နိုင်ငံတနိုင်ငံကို သိမ်းပိုက်ခြင်းသည် ထိုနိုင်ငံကို ထိန်းချုပ်ထားခြင်းထက် များစွာလွယ်ကူလှသည်။

ကီယက်ဖ်မြို့သူမြို့သားများ စစ်သင်တန်းတက်နေကြစဉ်/ Getty Images

ယူကရိန်း ပြည်သူများသည် မော်စကို၏ ရုပ်သေးအစိုးရကို လက်ခံကြမည်လား။ သူတို့လက်ခံမည်ဟု သမ္မတ ပူတင်က လောင်းကြေးထပ်သည်။ နောက်ဆုံးတွင် သူသည် သူ့စကားကို နားထောင်သူများအား အကြိမ်ကြိမ် ရှင်းပြလေ့ရှိသည့်အတိုင်း ယူကရိန်းသည် စစ်မှန်သော နိုင်ငံမဟုတ်၊ ယူကရိန်းသားတို့သည် စစ်မှန်သော လူမျိုးတခုမဟုတ်ဟုသာ သူက ပြောသည်။

၂၀၁၄ ခုနှစ်တွင် ခရိုင်းမီးယားမှ ပြည်သူများသည် ရုရှားကျူးကျော်သူများကို ခုခံမှု မရှိသလောက်ပင် ဖြစ်သည်။ ထို့ကြောင့် ၂၀၂၂ ခုနှစ်တွင် မည်သည့် ကွဲပြားခြားနာမှု ရှိမည်နည်း။

တနေ့ပြီးတနေ့ ကုန်ဆုံးသွားသောအခါ သမ္မတ ပူတင်၏ အလောင်းအစားသည် ကျဆုံးနေကြောင်း ထင်ရှားလာသည်။ ယူကရိန်းပြည်သူများက ၎င်းတို့၏ နှလုံးသားများဖြင့် ခုခံကြပြီး တကမ္ဘာလုံး၏ လေးစားမှုကို ခံရကာ စစ်အောင်နိုင်သည်။

ရှေ့တွင် မှောင်မိုက်သော နေ့ရက်များ ရှိနေသည်။ ရုရှားသည် ယူကရိန်း တနိုင်ငံလုံးကို သိမ်းပိုက်နိုင်ကောင်း သိမ်းပိုက်နိုင်သည်။ သို့သော် စစ်နိုင်ရန်မှာမူ ရုရှားသည် ယူကရိန်းကို ထိန်းချုပ်နိုင်ရမည်ဖြစ်ပြီး ထိုသို့ လုပ်နိုင်ရန်မှာ ယူကရိန်းပြည်သူများက ခွင့်ပြုမှသာ လုပ်နိုင်မည်ဖြစ်သည်။

ရှေ့တွင် မှောင်မိုက်သော နေ့ရက်များ ရှိနေသည်။ ရုရှားသည် ယူကရိန်း တနိုင်ငံလုံးကို သိမ်းပိုက်နိုင်ကောင်း သိမ်းပိုက်နိုင်သည်။ သို့သော် စစ်နိုင်ရန်မှာမူ ရုရှားသည် ယူကရိန်းကို ထိန်းချုပ်နိုင်ရမည်ဖြစ်ပြီး ထိုသို့ လုပ်နိုင်ရန်မှာ ယူကရိန်းပြည်သူများက ခွင့်ပြုမှသာ လုပ်နိုင်မည်ဖြစ်သည်။ ထိုသို့အဆင့်ရောက်ရန် အတော်အတန် မဖြစ်နိုင်ပေ။

ရုရှားတင့်ကားတစီး ဖျက်ဆီးခံရတိုင်း၊ ရုရှားစစ်သားတယောက် သေဆုံးတိုင်း ယူကရိန်းနိုင်ငံသားတို့၏ ခုခံရေးသတ္တိ တိုးလာသည်။ ယူကရိန်းနိုင်ငံသာတဦး သေဆုံးတိုင်း ကျူးကျော်သူများအပေါ် ယူကရိန်း နိုင်ငံသားတို့၏ အမုန်းသည် ပိုမိုနက်ရှိုင်းလာသည်။ အမုန်းသည် စိတ်ခံစားမှုများတွင် အကျည်းတန်ဆုံး ဖြစ်သည်။

သို့သော် ဖိနှိပ်ခံနိုင်ငံများအတွက်မူ အမုန်းသည် သိုဝှက်ထားသည့် ရတနာဖြစ်သည်။ နှလုံးတွင် နက်ရှိုင်းစွာ မြှုပ်နှံထားသောအခါ အမုန်းသည် ခုခံမှုကို မျိုးဆက်ပေါင်းများစွာ ထိန်းသိမ်းပေးနိုင်သည်။ ရုရှားအင်ပါယာကို ပြန်လည် ထူထောင်ရန်အတွက် သမ္မတ ပူတင်သည် နှိုင်းယှဉ်ချက်အားဖြင့် အမုန်းနည်းသည့် သိမ်းပိုက်မှုဖြစ်စေမည့် သွေးထွက်သံယိုနည်းသော အောင်ပွဲလိုအပ်သည်။

ယူကရိန်းသွေးများ ပိုမိုချောင်းစီးပါက သမ္မတ ပူတင်သည် သူ၏ အိပ်မက်ကို မည်သည့်အခါမျှ အကောင်အထည်မပေါ်အောင် လုပ်နေခြင်းသာ။ ရုရှားအင်ပါယာ၏ သေစာရင်းတွင် ရေးသားမည်မှာ ယခင်ဆိုဗီယက်ခေတ် ခေါင်းဆောင်ဟောင်း ဂေါ်ဘာချော့ဗ် မဟုတ်ဘဲ ပူတင်၏ အမည်သာ ဖြစ်လိမ့်မည်။

ယူကရိန်းသမ္မတ ဗိုလောဒီမဲ ဇလန်းစကီး၏ သတင်းစာရှင်းလင်းပွဲတခု / AFP

ဂေါ်ဘာချော့ဗ်သည် ရုရှားပြည်သူများနှင့် ယူကရိန်းပြည်သူများကို မွေးချင်းများသဖွယ် ထားခဲ့သည်။ သမ္မတ ပူတင်က သူတို့ကို ရန်သူများဖြစ်အောင် ပြောင်းလဲလိုက်ပြီး ယခုအချိန်မှစတင်ပြီး ယူကရိန်းနိုင်ငံသည် ၎င်းတို့ကိုယ် ၎င်းတို့ရုရှားဆန့်ကျင်ရေးဖြင့် ဖွင့်ဆိုအောင်လုပ်လိုက်သည်။

နိုင်ငံများကို ဇာတ်လမ်းများဖြင့် တည်ဆောက်ထားခြင်းဖြစ်သည်။ တနေ့တာ ကုန်ဆုံးတိုင်း ယူကရိန်း နိုင်ငံသားများသည် ရှေ့လာမည့် မှောက်မိုက်သော နေ့ရက်များတွင်သာမက နောက်ဆယ်စုနှစ်ပေါင်းများစွာ၊ မျိုးဆက်ပေါင်းများစွာ ပြောနေမည့် ဇာတ်လမ်းများ ထပ်မံပေါင်းစပ်လာကြသည်။

လေယာဉ်စီးဖို့ မလိုဘူး၊ လက်နက်ခဲယမ်းပဲ လိုတယ်ဟု ပြောကာ မြို့တော်မှ ထွက်ပြေးရန် ငြင်းဆန်သော ယူကရိန်းသမ္မတ၊ “go fuck yourself” ဟု ရုရှားစစ်သင်္ဘောကို ပြောခဲ့သည့် မြွေကျွန်းမှ ယူကရိန်း စစ်သားများ၊ ရုရှားတင့်ကားများ လာသည့်လမ်းတွင် ထိုင်နေသည့် ယူကရိန်း အရပ်သားများ။ ထိုကဲ့သို့သော ဇာတ်လမ်းများသည် နိုင်ငံများကို တည်ဆောက်ထားသော အရာများ ဖြစ်သည်။

လေယာဉ်စီးဖို့ မလိုဘူး၊ လက်နက်ခဲယမ်းပဲ လိုတယ်ဟု ပြောကာ မြို့တော်မှ ထွက်ပြေးရန် ငြင်းဆန်သော ယူကရိန်းသမ္မတ၊ “go fuck yourself” ဟု ရုရှားစစ်သင်္ဘောကို ပြောခဲ့သည့် မြွေကျွန်းမှ ယူကရိန်း စစ်သားများ၊ ရုရှားတင့်ကားများ လာသည့်လမ်းတွင် ထိုင်နေသည့် ယူကရိန်း အရပ်သားများ။ ထိုကဲ့သို့သော ဇာတ်လမ်းများသည် နိုင်ငံများကို တည်ဆောက်ထားသော အရာများ ဖြစ်သည်။ ရေရှည်တွင် ထိုသို့သော ဇာတ်လမ်းများသည် တင့်ကားများထက် ပိုမိုအရေးပါသည်။

ထိုသို့သော အကြောင်းအရာများကို လူတိုင်းသိသလို ရုရှားအာဏာရှင်လည်း သိသင့်သည်။ သူသည် ကလေးတယောက်အနေဖြင့် ဂျာမန်တို့၏ ရက်စက်ကြမ်းကြုတ်သည့် ဇာတ်လမ်းများ၊ လီနင်ဂရက်ကို ဝိုင်းရံပိတ်ဆို့ထားသောအခါ ရုရှားတို့၏ ရဲရင့်မှုဇာတ်လမ်းများဖြင့် လူလားမြောက်လာခဲ့သည်။ ယခုအခါ သူသည် အလားတူဇာတ်လမ်းများကိုပင် ထုတ်လုပ်နေပြီး သူ့ကိုယ်သူ ဟစ်တလာ အခန်းကဏ္ဍမှ ပါဝင်စေသည်။

ယူကရိန်းတို့၏ ရဲရင့်သည့် ဇာတ်လမ်းများက ယူကရိန်းနိုင်ငံသားများကိုသာမက တကမ္ဘာလုံးကိုလည်း ဆုံးဖြတ်ချက် ပြတ်သားစေသည်။ ထိုဇာတ်လမ်းများသည် ဥရောပမှ အစိုးရများအတွက်၊ အမေရိကန် အစိုးရအတွက်နှင့် အဖိနှိပ်ခံ ရုရှားပြည်သူများအတွက်ပင် သတ္တိကို ပေးသည်။

မြေအောက်ရထားဘူတာရုံများတွင် စစ်ရှောင်နေကြသော ကီယက်ဖ်မြို့သားများ/ AFP

ယူကရိန်းများက လက်ချည်းဗလာဖြင့် တင့်ကားများကို ရပ်တန့်သွားအောင် လုပ်ရဲလျှင် ဂျာမန်အစိုးရသည် ၎င်းတို့ကို တင့်ဖျက်ဒုံးကျည်များ ပေးရဲနိုင်သည်။ အမေရိကန် အစိုးရက ရုရှားကို SWIFT ဘဏ္ဍာရေးစနစ်မှ ဖြတ်တောက်ရဲစေနိုင်သည်။ ရုရှားနိုင်ငံသားများက ထိုအဓိပ္ပာယ် ကင်းမဲ့သောစစ်ကို ဆန့်ကျင်ကြောင်း ဆန္ဒ ဖော်ထုတ်ရဲမည် ဖြစ်သည်။

အလှူငွေထည့်ဝင်ခြင်း၊ ဒုက္ခသည်များကို ကြိုဆိုခြင်း သို့မဟုတ် အွန်လိုင်းမှ ကူညီတိုက်ပွဲဝင်ခြင်း စသည့် တစုံတခုကို လုပ်ရဲစေရန် မိမိတို့အားလုံးကို စိတ်ဓာတ်လှုံ့ဆော်ပေးသည်။ ယူကရိန်းမှ စစ်ပွဲသည် ကမ္ဘာတခုလုံး၏ အနာဂတ်ကို ပုံဖော်ပေးမည်ဖြစ်သည်။ နိုင်လိုမင်းထက် ပြုလုပ်မှုနှင့် ကျူးကျော်ရန်လိုမှုကို အောင်ပွဲခံခွင့် ပေးလိုက်ပါက ထိုအကျိုးဆက်များ အားလုံးကို မိမိတို့ ခံစားရမည် ဖြစ်သည်။ လေ့လာသူအဖြစ် ဘေးမှရပ်ကြည့်နေစရာ အကြောင်းမရှိပေ။ ရင်ဆိုင်ရပ်တည်ပြီး တတပ်တအား ပါဝင်ရမည့်အချိန် ဖြစ်သည်။

ယူကရိန်းသည် စစ်မှန်သော နိုင်ငံတခု ဖြစ်ကြောင်း၊ ယူကရိန်းသားတို့သည် စစ်မှန်သော ယူကရိန်းလူမျိုးများ ဖြစ်ကြောင်းနှင့် ၎င်းတို့သည် ရုရှားအင်ပါယာသစ်အောက်တွင် မနေလိုကြောင်း လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ကမ္ဘာတခုလုံးကို သက်သေပြလိုက်ပြီးဖြစ်သည်။

ကံမကောင်းအကြောင်းမလှစွာပင် ယခုစစ်ပွဲသည် ရေရှည်သည့် စစ်ဖြစ်မည့် အလားအလာရှိနေသည်။ ပုံသဏ္ဍန်အမျိုးမျိုးဖြင့် နှစ်ပေါင်းများစွာ ဆက်လက် ဖြစ်ပွားနေနိုင်သည်။ သို့သော် အရေးအကြီးဆုံး ပြဿနာနှင့် ပတ်သက်ပြီး ဆုံးဖြတ်ချက်ချထားပြီး ဖြစ်သည်။

ယူကရိန်းသည် စစ်မှန်သော နိုင်ငံတခု ဖြစ်ကြောင်း၊ ယူကရိန်းသားတို့သည် စစ်မှန်သော ယူကရိန်းလူမျိုးများ ဖြစ်ကြောင်းနှင့် ၎င်းတို့သည် ရုရှားအင်ပါယာသစ်အောက်တွင် မနေလိုကြောင်း လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ကမ္ဘာတခုလုံးကို သက်သေပြလိုက်ပြီးဖြစ်သည်။

ကျန်ရှိနေသည့် အဓိကမေးခွန်းမှာ ထိုသတင်းစကားသည် ကရင်မလင်၏ ထူထဲလှသော နံရံများကို ဖြတ်သန်းရောက်ရှိရန် မည်မျှကြာမည်နည်းဆိုသည့် မေးခွန်းသာဖြစ်သည်။

(The Guardian ပါ Yuval Noah Harari ၏ Why Vladimir Putin has already lost this war ကို ဘာသာပြန်ဆိုသည်။ Yuval Noah Harari သည် Sapiens: A Brief History of Humankind ကိုရေးသားသည့် သမိုင်းပညာရှင်နှင့် စာရေးဆရာဖြစ်သည်။)

You may also like these stories:

မြန်မာတွင် မင်းအောင်လှိုင်၊ ရုရှားတွင် ပူတင်လို လူမျိုးတွေ ကျဆုံးရမည်

စစ်ကောင်စီ နိုင်ငံခြားရေး ဘက်မလိုက်မူဝါဒကို ပစ်ပယ်

ယူကရိန်းကို ထောက်ခံကြောင်း မြန်မာဒီမိုကရေစီ တက်ကြွလှုပ်ရှားသူများ ဆန္ဒထုတ်ဖော်

ယူကရိန်းကို ရုရှားကျူးကျော်မှု ဂယက် အာဆီယံလည်း မလွတ်

ယူကရိန်း-ရုရှား စစ်ပွဲဆိုင်ရာ စစ်ကောင်စီ အရေးပေါ်စည်းဝေး

Your Thoughts …
Tags: NATOကျူးကျော်စစ်ယူကရိန်းရုရှားသမ္မတ ပူတင်
Yuval Noah Harari

Yuval Noah Harari

Similar Picks:

PDF များအတွက် အခွင့်အလမ်း တံခါးပေါက် ကျဉ်းလာနေသည်

PDF များအတွက် အခွင့်အလမ်း တံခါးပေါက် ကျဉ်းလာနေသည်

by Anthony Davis
11 November 2024
15.8k

၂၀၂၅ ခုနှစ် တော်လှန်ရေးအင်အားစု၏ အဓိကအကျပ်အတည်းမှာ လူအင်အားပေါ်ထက် ကွပ်ကဲ-ထိန်းချုပ်မှုအပေါ် မူတည်သည်။

မင်းအောင်လှိုင် ရုရှားခရီးမှာ ခရိုနီတွေ လေယာဉ်အပြည့်လိုက်ပါသွား

မင်းအောင်လှိုင် ရုရှားခရီးမှာ ခရိုနီတွေ လေယာဉ်အပြည့်လိုက်ပါသွား

by ဟိန်းထူးဈာန်
8 March 2025
15.2k

၂၀ နီးပါးရှိသည့် ခရိုနီကိုယ်စားလှယ်အဖွဲ့မှ စီးပွားရေးသမားများတွင် ကိုးဦးကို ဧရာဝတီသတင်းဌာနက ထိုခရီးစဉ်ကိုသိသည့် သတင်းရင်းမြစ်များနှင့် သတင်းများကို အခြေခံပြီး ဖော်ထုတ်နိုင်ခဲ့သည်။

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

by စံရိပ်ငြိမ်
14 May 2025
14.1k

မင်းအောင်လှိုင်ဟာ အသေထွက်လား၊ အရှုင်ထွက်လား ဆိုတဲ့ မေးခွန်းကတော့ တပ်ထဲမှာ မေးနေတဲ့ မေးခွန်းပဲ…

စစ်ကောင်စီ ပြန်ဖွဲ့ချိန် ဗိုလ်ချုပ်ကြီး မြထွန်းဦး တရုတ်တွင် ရှိနေ

စစ်ကောင်စီ ပြန်ဖွဲ့ချိန် ဗိုလ်ချုပ်ကြီး မြထွန်းဦး တရုတ်တွင် ရှိနေ

by ဧရာဝတီ
26 September 2023
14.1k

စစ်ကောင်စီဝန်ကြီးများ တရုတ်သို့ ခပ်စိပ်စိပ် သွားရောက်ခြင်းသည် ရပ်ဝန်းနှင့်လမ်းအစီအစဉ် ၁၀ နှစ်မြောက် အခမ်းအနား လာမည့်လတွင် ကျင်းပမည့်အချိန်နှင့် တိုက်ဆိုင်နေသည်။

နျူကလီးယား စွမ်းအင်နှင့် လမ်းပျောက်နေသော  စစ်ကောင်စီ

နျူကလီးယား စွမ်းအင်နှင့် လမ်းပျောက်နေသော စစ်ကောင်စီ

by လျှပ်စီး
18 October 2023
14k

စစ်ကောင်စီက နျူကလီးယားစွမ်းအင်အတွက် ရုရှားနဲ့ MOU သဘောတူစာချုပ် လက်မှတ်ထိုးခြင်း၊ ဆွေးနွေးပွဲများ ကျင်းပခြင်းများသည် ဘာမှနားမလည်တဲ့ စစ်တပ်ထောက်ခံသူတွေအကြား မစားရဝခမန်း လေလည်ပြခြင်းထက် မပိုပါ

ကရင်နီထိုးစစ်မှာ စစ်တပ်ကို ရုရှားပညာရှင်တွေ ကူနေသလား

ကရင်နီထိုးစစ်မှာ စစ်တပ်ကို ရုရှားပညာရှင်တွေ ကူနေသလား

by စောလွင်
21 November 2024
13.7k

ရှမ်းပြည်နယ်တောင်ပိုင်းမှ ကရင်နီပြည်နယ်အတွင်း စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် စစ်ကြောင်း ထိုးရာတွင် ရုရှားပညာရှင်များကူညီနေသည့် သတင်းများကြားနေရကြောင်း

Next Post
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်အတွင်း ၂၀၂၁ ဒီဇင်ဘာလက အာဏာသိမ်းတပ် မီးရှို့သွားသည့် ရိတ်သိမ်းပြီး စပါးများ  / အရာတော်မြို့နယ် သတင်းပြန်ကြားရေး

ဆုံးရှုံးမှုများ ခါးစည်း ရင်ဆိုင်နေကြရသော တောင်သူများ

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလအတွင်း စစ်အာဏာသိမ်းဆန့်ကျင်ရေး ဆန္ဒပြပွဲတွင် မြန်မာ့မီးရထားဝန်ထမ်းများ ပူးပေါင်းပါဝင်လာခဲ့ကြစဉ် / ဧရာဝတီ 

Non CDM လုပ်ရတဲ့ ဒုက္ခ

No Result
View All Result

Recommended

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

2 days ago
3.5k
ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

3 days ago
2.4k

Most Read

  • မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

    shares
    Share 0 Tweet 0
  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate