လွန်ခဲ့သောနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုနောက်ပိုင်းမှ စတင်ပြီး ကမ္ဘာတွင် မြန်မာသည် တရုတ်ပြီးလျှင် သတင်းသမားများကို အများပြားဆုံး ထောင်ချသည့်နိုင်ငံဆိုသည့် ဆိုးရွားသော ဂုဏ်ထူးကို ရရှိထားသည်။
သတင်းသမားများ ကာကွယ်ရေးကော်မတီ (CPJ) က ဒီဇင်ဘာလတွင် ထုတ်ပြန်သည့် အစီရင်ခံစာတွင် မြန်မာနိုင်ငံသည် စစ်အာဏာသိမ်းပြီးနောက် သတင်းသမား အနည်းဆုံး ၂၆ ဦးကို ထောင်ချထားကြောင်းနှင့် ၂၀၂၀ ပြည့်နှစ်က သံတိုင်များ နောက်ကွယ်ရောက်နေသည့် သတင်းသမား တဦးမျှမရှိကြောင်း နှိုင်းယှဉ်ဖော်ပြသည်။
သတင်းအဖွဲ့အစည်း အများအပြားသည် သတင်း၊ ဓာတ်ပုံနှင့် ဗီဒီယိုအတွက် ၎င်းတို့မှီခိုနေသည့် အလွတ်သတင်းထောက်များ၊ အချိန်ပိုင်း သတင်းထောက်များနှင့် ဝန်ထမ်းဟုတ်သော အခြားသတင်းထောက်များ အမည်ကို ထုတ်ဖော်ပြောဆိုရန် စိတ်အားထက်သန်ခြင်း မရှိဘဲ ထိုသို့ ဖော်ပြောလိုစိတ် မရှိခြင်းမှာ ထိုသတင်းသမားများသည် ၎င်းတို့နှင့် ပတ်သက်သူများဖြစ်ကြောင်း သိပါက ပိုမိုပြင်းထန်သည့် ဒဏ်ခတ်မှုများ ခံရမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။
ထို့အပြင် မြန်မာနိုင်ငံတွင် အမှန်တကယ် ထောင်ချခံရသည့် သတင်းသမား အမှန်တကယ် အရေအတွက်မှာ CPJ စာရင်းထက် လွန်စွာ ပိုမိုများနိုင်ကြောင်းလည်း ထောက်ပြထားသည်။ သတင်းအဖွဲ့အစည်း အများအပြားသည် သတင်း၊ ဓာတ်ပုံနှင့် ဗီဒီယိုအတွက် ၎င်းတို့မှီခိုနေသည့် အလွတ်သတင်းထောက်များ၊ အချိန်ပိုင်း သတင်းထောက်များနှင့် ဝန်ထမ်းဟုတ်သော အခြားသတင်းထောက်များ အမည်ကို ထုတ်ဖော်ပြောဆိုရန် စိတ်အားထက်သန်ခြင်း မရှိကြောင်း၊ ထိုသို့ ဖော်ပြောလိုစိတ် မရှိခြင်းမှာ ထိုသတင်းသမားများသည် ၎င်းတို့နှင့် ပတ်သက်သူများဖြစ်ကြောင်း သိပါက ပိုမိုပြင်းထန်သည့် ဒဏ်ခတ်မှုများ ခံရမည်ကို စိုးရိမ်သောကြောင့် ဖြစ်ကြောင်း ဖော်ပြထားသည်။
နယ်စည်းမခြား သတင်းထောက်များအဖွဲ့က ဖေဖော်ဝါရီလတွင် ထုတ်ပြန်သည့် အစီရင်စံစာအရ လက်ရှိ မြန်မာနိုင်ငံတွင် ဖမ်းဆီးခံနေရသော မီဒီယာလုပ်သား အရေအတွက်သည် ၆၀ အထိ များနိုင်သည်။ ဖမ်းဆီးခံရသူ သတင်းသမား အများအပြားသည် အချုပ်အနှောင်အတွင်း နှိပ်စက်ညှဉ်းပမ်းခံကြရပြီး ၎င်းတို့အနက် အနည်းဆုံး ၃ ဦးကို စစ်ကောင်စီ စစ်သားများက သတ်ဖြတ်ခဲ့သည်။
တရုတ်ဘက်သို့ လှည့်ရခြင်း
ထိုသို့ ရက်စက်ကြမ်းကြုတ်သော အစီအစဉ်များသည် ပြည်တွင်းပြည်ပမှ ပြည်သူများထံသို့ သတင်းအချက်အလက် စီးဆင်းမှုကို ရပ်တန့်အောင် မလုပ်နိုင်သောအခါ စစ်ကောင်စီသည် ဆင်ဆာဖြတ်တောက်ရေးနှင့် ထောက်လှမ်းရေးအတွက် ယုတ္တိယုတ္တာရှိပြီး အတွေ့အကြုံရင့်သော မိတ်ဘက်နိုင်ငံဖြစ်သည့် တရုတ်နိုင်ငံကို အားကိုးရသည်။
တရုတ် အင်အာနက် ကျွမ်းကျင်သူများသည် မြန်မာနိုင်ငံ၌ ပိတ်ဆို့ရေးနှင့် စောင့်ကြည့်ရေး စွမ်းရည်များ မြှင့်တင်ပေးရန် လုပ်ဆောင်သည်ကို လွန်ခဲ့သောနှစ်ကုန်က ဒေသတွင်း နိုင်ငံများမှ လုံခြုံရေးအရာရှိများ တွေ့ခဲ့ရသည်။

ရည်ရွယ်ချက်မှာ တရုတ်နိုင်ငံမှ အမည်ဆိုးကျော်ကြားလှသော Great Firewall of China ကဲ့သို့ပင် မြန်မာတွင်လည်း အင်တာနက်တွင် မည်သည်ကို ကြည့်နိုင်ပြီး မည်သည်ကို မကြည့်နိုင်အောင် လုပ်ရန် ဖြစ်ကြောင်း ၎င်းတို့က ပြောသည်။ အမည်မသိ အတိုက်အခံများ၏ အွန်လိုင်းလှုပ်ရှားမှုများကို ကြီးကြပ်ရန်နှင့် ဖော်ထုတ်ရန်အတွက်ပင် Great Firewall of China ကို တရုတ်အရာရှိများ အသုံးပြုနေသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သည်။
အနှစ်သာရ အားဖြင့်ဆိုရပါက အာဏာပိုင်များသည် ၎င်းတို့ ရွေးချယ်ထားသည့် ပြည်ပအင်တာနက် စာမျက်နှာများအား ကြည့်ရှုခွင့် ပိတ်ပင်နိုင်ပြီး နိုင်ငံတွင်းသို့ အဝင်နှင့်အထွက် အင်တာနက် အမြန်နှုန်းကို လျှော့ချနိုင်သည်။
တရုတ်နိုင်ငံတွင် အဓိကအားဖြင့် ပိတ်ပင်ထားသည့် ပြည်ပအင်တာနက် ကိရိယာများမှာ Google Search, Facebook, Twitter နှင့် Wikipedia တို့ဖြစ်ပြီး ထိုသို့သော လုပ်ငန်းများကို တရုတ်နိုင်ငံမှ အဓိက ဝန်ဆောင်မှုပေးသည့် လုပ်ငန်းကြီး ၂ ခုဖြစ်သည့် Huawei နှင့် Semptian တို့ထံမှ စက်ပစ္စည်းများကို အသုံးပြုနေခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင်လည်း အလားတူ စက်ကိရိယာများကို အသုံးပြုခြင်း ရှိ၊ မရှိ ရှင်းရှင်းလင်းလင်း မသိရသေးသော်လည်း ထိုသို့ အသုံးပြုနေပါက တရုတ်လုံခြုံရေး အဖွဲ့အစည်းများသည် မြန်မာစစ်တပ် ကွန်ပျူတာများအတွင်း ထိုးဖောက်ဝင်ရောက်နိုင်မည်ဖြစ်ပြီး လူသားအသိဉာဏ်ဖြင့် သိနိုင်ရန် ခက်ခဲသည့် အရေးပါသော လျှို့ဝှက်သတင်းများကို စုဆောင်းသွားမည် ဖြစ်သည်။
တရုတ်နိုင်ငံသည် မြန်မာမှ အတိုက်အခံများကို စောင့်ကြည့်ရန်သာမက ၎င်းတို့ လုံးဝ အယုံအကြည်ကင်းမဲ့သည့် ခန့်မှန်းရခက်သော ဗိုလ်ချုပ်များကိုလည်း စောင့်ကြည့်နေရမည့် အကြောင်းရင်းများစွာ ရှိနေပြီး ယခုသုံးသော နည်းလမ်းသည် အသစ်အဆန်းမဟုတ်ပေ။
တရုတ်နိုင်ငံသည် မြန်မာမှ အတိုက်အခံများကို စောင့်ကြည့်ရန်သာမက ၎င်းတို့ လုံးဝ အယုံအကြည်ကင်းမဲ့သည့် ခန့်မှန်းရခက်သော ဗိုလ်ချုပ်များကိုလည်း စောင့်ကြည့်နေရမည့် အကြောင်းရင်းများစွာ ရှိနေပြီး ယခုသုံးသော နည်းလမ်းသည် အသစ်အဆန်းမဟုတ်ပေ။
တရုတ်နိုင်ငံ၏ အဓိက ထောက်လှမ်းရေးဌာနဖြစ်သော တရုတ် နိုင်ငံတော်လုံခြုံရေး ဝန်ကြီးဌာန (MSS) နှင့် နီးကပ်သော ကုမ္ပဏီများမှ ဝန်ထမ်းများသည် စစ်တပ်ကပါ အသုံးပြုသည့် အဓိက အင်တာနက်ဝန်ဆောင်မှုနှင့် မိုဘိုင်းဖုန်း ဝန်ဆောင်မှုပေးသည့် နိုင်ငံပိုင် မြန်မာစာတိုက်နှင့် ဆက်သွယ်ရေးလုပ်ငန်းမှ ကွန်ပျူတာများအတွင်း ခိုးဝင်ကာ အချက်အလက်များ ရယူကြောင်း၊ ထိုသို့လုပ်ဆောင်နေသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်ကြောင်း သိရသည်။
အမေရိကန်ပြည်ထောင်စု အခြေစိုက် ဟက်ကာများဖြစ်သော လီရှောင်ယုနှင့် ဒုံကျာကျီတို့ကို ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၇ ရက်နေ့က ဝါရှင်တန်ရှိ စပိုကိန်းတွင် စွဲချက်တင်သောအခါ တရုတ်ဟက်ကာများနှင့် MSS အကြား နီးကပ်သော ဆက်ဆံရေးကို သိလာရသည်။
တရားရုံးတင်သော စာရွက်စာတမ်းများအရ ၎င်းတို့သည် တရုတ်အစိုးရကိုယ်စား ကမ္ဘာတဝှမ်းမှ ကွန်ပျူတာများသို့ ခွင့်ပြုချက်မဲ့ ဝင်ရောက်ကြပြီး အချက်အလက် တာရာဘိုက် (terabytes) ပေါင်း များစွာကို ခိုးယူကြောင်း သိရသည်။
အမေရိကန်ပြည်ထောင်စု၊ သြစတြေးလျ၊ ဂျာမနီ၊ နယ်သာလန်၊ ဆွီဒင်၊ ဗြိတိန်အပါအဝင် အိမ်ရှင်အနောက်နိုင်ငံများမှ အချက်အလက်များကို ခိုးယူခြင်းအပြင် ၎င်းတို့သည် ဟောင်ကောင် လူမှုလှုပ်ရှားသူ တရုတ် ခရစ်ယာန်ဘုရားကျောင်း တရာဟောဆရာ ရှီအန်းနှင့် ဘုန်းတော်ကြီး ဒလိုင်လားမား၏ ရုံးတို့မှ အီးမေးလ်အကောင့်နှင့် စကားဝှက်ကိုလည်း MSS သို့ ပေးခဲ့ကြောင်း သိရသည်။

ရှီအန်သည် အစိုးရနှင့် သဘောထားကွဲလွဲသူနှင့် တီယန်အန်မင် ရင်ပြင်ဆန္ဒပြသူတဦး ဖြစ်သည်။
အံ့သြစရာကောင်းသည်မှာ တရားရုံးစာရွက်စာတမ်းများအရ MSS သည် မြန်မာလူ့အခွင့်အရေး အုပ်စုတခု၏ မေးလ်ဆာဗာကို ဝင်ရောက်ရန် malware တခု ပေးလိုက်ခြင်း ဖြစ်သည်။ ထိုလူ့အခွင့်အရေးအဖွဲ့သည် မည်သည့်အဖွဲ့အစည်းဖြစ်သည်ကို တရားရုံးကြားနာမှုအတွင်း ထုတ်ဖော်ပြောဆိုခြင်း မရှိသော်လည်း တရုတ်ဟက်ကာများသည် ကမ္ဘာတဝှမ်းမှ အစိုးရများကိုသာမက သာမန်အရပ်သားများကိုပါ စောင့်ကြည့်နေသည် ဆိုသည့်အချက် ဖြစ်သည်။
တုန်လှုပ်စရာဖြစ်ရပ်များ
ထိုဖြစ်ရပ်များတွင် မြန်မာပြည်သူများအနေဖြင့် တုန်လှုပ်စရာ အကောင်းဆုံးမှာ တရုတ်ပညာရှင်များက နိုင်ငံရေးသဘောထား ကွဲလွဲသူများနှင့် ဆန့်ကျင်ဆန္ဒပြသူများထံမှ သတင်းအချက်အလက်များ မည်သို့ရယူမည်၊ စစ်ကောင်စီ ထောက်လှမ်းရေးများ၊ VPN များကို မည်သို့ ဖြတ်ကျော်မည်၊ SMS နှင့် မိုဘိုင်းဖုန်းများကို မည်သို့ စောင့်ကြည့်မည်ကို လေ့ကျင့်သင်ကြားပေးနေခြင်း ဖြစ်သည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၂၄ ရက်နေ့ ဧရာဝတီ သတင်းအရ စစ်ကောင်စီသည် လွန်ခဲ့သောနှစ်က စစ်အာဏာသိမ်းပြီးနောက် Twitter, Instagram နှင့် Facebook အပါအဝင် လူမှုကွန်ရက်များကို ပိတ်ပင်ခဲ့သော်လည်း ပြည်သူလူထုသည် VPN များကို အသုံးပြုပြီး လူမှုကွန်ရက်ကို ဆက်လက်အသုံးပြုကြသည်။
ထို့နောက် စစ်ကောင်စီသည် ဆိုက်ဘာလုံခြုံရေး ဥပဒေသစ် တင်သွင်းလာပြီး ပိတ်ပင်ထားသော ဆိုက်များကို VPN အသုံးပြု ဝင်ရောက်ကြည့်ရှုသူ မည်သူမဆိုကို ထောင်ချနိုင်အောင် လုပ်ဆောင်သည်။
ဖေဖော်ဝါရီလ ၁၁ ရက်နေ့ Al Jazeera သတင်းအရ စစ်ကောင်စီသည် ဆက်သွယ်ရေးကဏ္ဍအတွက် အခွန်များကို တိုးမြှင့်လိုက်သောကြောင့် လွန်ခဲ့သော ၂ လအတွင်း အင်တာနက်ဈေးနှုန်းများ နှစ်ဆတက်ကာ သာမန်ပြည်သူများ အင်တာနက်သုံးရန် ပိုမိုကုန်ကျ ခက်ခဲစေသည်။
ဥပဒေမူကြမ်းသည် စစ်ကောင်စီကို သုံးစွဲသူအချက်အလက်များ ကြည့်ရှုရန်၊ စစ်ကောင်စီ မကြိုက်သော အကြောင်းအရာများကို ပိတ်ပင်ရန်၊ အင်တာနက် ဝန်ဆောင်မှုပေးသူများကို ကန့်သတ်ရန်၊ အချက်အလက်များကို ကြားဖြတ်ရယူရန်နှင့် စစ်ကောင်စီကို အွန်လိုင်းမှ ဝေဖန်သူများနှင့် ဥပဒေကို မလိုက်နာသည့် ကုမ္ပဏီဝန်ထမ်းများကို ထောင်ချရန် အကန့်အသတ်မရှိသော အာဏာများပေးထားသည်။
ဧရာဝတီ သတင်းအရ ထိုဥပဒေမူကြမ်းသည် စစ်ကောင်စီကို သုံးစွဲသူအချက်အလက်များ ကြည့်ရှုရန်၊ စစ်ကောင်စီ မကြိုက်သော အကြောင်းအရာများကို ပိတ်ပင်ရန်၊ အင်တာနက် ဝန်ဆောင်မှုပေးသူများကို ကန့်သတ်ရန်၊ အချက်အလက်များကို ကြားဖြတ်ရယူရန်နှင့် စစ်ကောင်စီကို အွန်လိုင်းမှ ဝေဖန်သူများနှင့် ဥပဒေကို မလိုက်နာသည့် ကုမ္ပဏီဝန်ထမ်းများကို ထောင်ချရန် အကန့်အသတ်မရှိသော အာဏာများပေးထားကြောင်း သိရသည်။
VPN အသုံးပြုသူ ပြည်သူများကို မကြာသေးမီက ရန်ကုန်နှင့် မန္တလေးမြို့တွင် ရမ်းသမ်းဖမ်းဆီးမှုများအတွင်း တရုတ်က တပ်ဆင်ပေးထားသည့် Firewall သည် အလုပ်ဖြစ်ကြောင်း တွေ့ရသည်။ VPN အသုံးပြုသူတဦး မည်သည်တို့ကို အသုံးပြုသည်ကို အတိအကျ သိရန်ခက်ခဲသော်လည်း မည်သူ VPN အသုံးပြုနေသည်၊ ဥပဒေ ချိုးဖောက်ခြင်း ရှိ၊ မရှိနှင့် ထိုသူကို ဖမ်းနိုင်သည်၊ မဖမ်းနိုင်သည်တို့ကို firewall က ပြသနေသည်။
တရုတ်နိုင်ငံအတွေ့အကြုံကို အသုံးပြုမည်ဆိုပါက ထိုဖိနှိပ်သော အစီအမံများကို ကျော်လွှားနိုင်သည့် နည်းလမ်းများ ရှိသည်။ အသုံးပြုသူများသည် ထိုစည်းမျဉ်းများကို ကျော်လွှားနိုင်သော နည်းလမ်းများ ရှိနေသည်။ ခွင့်ပြုချက်မရသော VPN အသုံးပြုမှုအားလုံးသည် ဥပဒေနှင့်ဆန့်ကျင်ကြောင်း ၂၀၁၇ ခုနှစ်တွင် တရုတ်အစိုးရက ကြေညာပြီး တရုတ်တွင်လည်း မြန်မာကဲ့သို့ပင် VPN အသုံးပြုသောကြောင့် အဖမ်းခံရသူများ ရှိသည်။

၂၀၁၂ ခုနှစ် အစောပိုင်းက ACM Queue နည်းပညာစာစောင်တွင် စာရေးဆရာ ဒယ်နီယယ်လ် အန်ဒါဆင် ထောက်ပြသည့်အတိုင်း ဆိုပါက အခြေခံ ဆင်ဆာဖြတ်တောက်မှု ကျော်လွှားရေး သေနင်္ဂဗျူဟာမှာ မိမိ၏အချက်အလက်ကို မပေးဘဲ မိမိလိုအပ်သည်များကို တောင်းဆိုနိုင်သော proxy nodes များ အသုံးပြုရေးနှင့် အချက်အလက်များကို လျှို့ဝှက်သင်္ကေတ လုပ်ရန်ဖြစ်ကြောင်း သိရသည်။
Firewall ကို ဖြတ်ကျော်ခြင်းကို တရုတ်နိုင်ငံတွင် fanqiang သို့မဟုတ် “တံတိုင်း ကျော်တက်ခြင်း” ဟု ခေါ်သည်။ Freegate, Ultrasurf, Psiphon နှင့် Lantern တို့သည် encryption protocols နှင့် ပေါင်းစပ်ထားသည့် HTTP proxy server ကို အသုံးပြုပြီး အင်တာနက် ဆင်ဆာကို ကျော်လွှားသည့် အခမဲ့ ဆော့ဖ်ဝဲလ်များဖြစ်သည်။ အချို့သူများသည် VPN အသုံးပြုရန် ပြည်ပမှ ဆင်းကတ်များကို အသုံးပြုပြီး အချို့သော VPN များကို တရုတ်နိုင်ငံတွင် အသုံးပြုနိုင်ဆဲဖြစ်သည်။
နယ်စည်းမခြား သတင်းထောက်များအဖွဲ့၏ အဆိုအရ တရုတ်နိုင်ငံသည် အင်တာနက်ထောက်လှမ်းရေး နည်းပညာများကို မြန်မာသို့သာမက ကျူးဘား၊ အီရန်၊ ဗီယက်နမ်၊ ဇင်ဘာဘွေနှင့် ဘယ်လာရုစ်တို့သို့လည်း ရောင်းချထားကြောင်း သိရသည်။
ရုရုားအစိုးရ လူမှုကွန်ရက် စောင့်ကြည့်ထိန်းချုပ် ဆင်ဆာဖြတ်တောက်ရေးဌာနဖြစ်သော Roskomnadzor Agency သည်လည်း တရုတ် firewall အရှိများနှင့် ဆက်သွယ်ခဲ့ကြောင်း သိရသည်။ သို့သော် ထိုနိုင်ငံများအနက် မည်သည့်နိုင်ငံတွင်မျှ firewall သည် ၁၀၀ ရာခိုင်နှုန်း ထိရောက်မှု မရှိပေ။ ထိုအချက်က နည်းပညာသည် မည်သည့်အခါမျှ ပြီးပြည့်စုံခြင်းမရှိဘဲ လွတ်ကွက်ဟာကွက်များ ရှိနေကြောင်း ပြသနေသည်။
သို့သော် မြန်မာနိုင်ငံတွင် ဖော်ထုတ်စောင့်ကြည့်ရမည့် VPN အသုံးပြုသူ များလွန်းပြီး စစ်ကောင်စီ၏ ပညာရှင်များသည်လည်း နည်းပညာကို အကန့်အသတ်ဖြင့်သာ သိသောကြောင့် နည်းပညာကျွမ်းကျင်သော လူငယ်များသည် တံတိုင်းကို ကျော်မတက်နိုင်ဟု မယူဆနိုင်ပေ
မြန်မာစစ်ကောင်စီသည် firewall နှင့် ထိုဥပဒေသစ်များကို မည်သို့ အသုံးပြုမည်ဆိုသည့် အတိအကျများကို ဆက်လက် စောင့်ကြည့်ရဦးမည်ဖြစ်သည်။ သို့သော် မြန်မာနိုင်ငံတွင် ဖော်ထုတ်စောင့်ကြည့်ရမည့် VPN အသုံးပြုသူ များလွန်းပြီး စစ်ကောင်စီ၏ ပညာရှင်များသည်လည်း နည်းပညာကို အကန့်အသတ်ဖြင့်သာ သိသောကြောင့် နည်းပညာကျွမ်းကျင်သော လူငယ်များသည် တံတိုင်းကို ကျော်မတက်နိုင်ဟု မယူဆနိုင်ပေ။
မကြာသေးမီက ဖမ်းဆီးမှုများသည် ကံမကောင်းအကြောင်းမလှသူ အနည်းငယ်ကို ဖမ်းဆီးပြီး ပြည်သူလူထုကို ခြိမ်းခြောက်ခြင်းသာ ဖြစ်သည်။ နိုင်ငံတနိုင်ငံသည် ဆိုက်ဘာနယ်ပယ်မှတဆင့် ပြင်ပကမ္ဘာသို့ တံခါးများကို ဖွင့်လိုက်သောအခါ ထိုတံခါးများကို ပြန်လည် မပိတ်ပင်နိုင်တော့ပေ။
မြန်မာစစ်ကောင်စီသည် တရုတ် firewall ကဲ့သို့ ပြည်ပနည်းပညာများကို တင်သွင်းလိုက်သောအခါ မီးနှင့်ကစားနေခြင်း ဖြစ်နိုင်သည်။ သိကြသည့်အတိုင်း တရုတ်လုံခြုံရေး အေဂျင်စီများသည် ၎င်းတို့ကိုလည်း ထောက်လှမ်းမည်ဖြစ်သည်။
(Bertil Lintner ၏ Myanmar Junta Turns to China for Help Policing Internet Use ကို ဘာသာပြန် ဖော်ပြသည်။ Bertil Lintner သည် အာရှအကြောင်း ဆယ်စုနှစ် ၄ ခုကြာ ရေးသားခဲ့သည့် ဆွီဒင် သတင်းစာဆရာ၊ စာရေးဆရာနှင့် သေနင်္ဂဗျူဟာ အတိုင်ပင်ခံဖြစ်သည်။)
You may also like these stories:
သတင်းထောက်တဦး၏ စွန့်စားခန်းများ
စစ်ကောင်စီ ဆိုက်ဘာဥပဒေကို စီးပွားရေးလုပ်ငန်းများ ဆန့်ကျင်