• English
Friday, May 23, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

ယူကရိန်းနှင့် မြန်မာ တူသည်များ၊ မတူသည်များနှင့် လုပ်နိုင်သည့် အလုပ်များ

by အီဂေါ ဗလာဇီဗစ်
15 March 2022
in သူ့အတွေး သူ့အမြင်
A A
ယူကရိန်းကို ရုရှ၏ ကျူးကျော်စစ်အား ဆန့်ကျင်ဆန္ဒပြသူများ

ယူကရိန်းကို ရုရှ၏ ကျူးကျော်စစ်အား ဆန့်ကျင်ဆန္ဒပြသူများ

12.1k
VIEWS
Share on FacebookShare on Twitter

ယူကရိန်းနှင့် မြန်မာကြား တူညီမှုများသည် သိသာလွန်းသကဲ့သို့ ကြေကွဲဖွယ်ရာလည်း ဖြစ်ပါသည်။ အောက်တွင် ဖော်ပြထားသော ဓာတ်ပုံများကိုကြည့်ပါ။ များစွာသော တူညီမှုများကြားမှသင့်သလို ဆွဲထုတ်ဖော်ပြထားသော ယူကရိန်းမှ ဓာတ်ပုံအချို့နှင့် မြန်မာပြည်မှ ဓာတ်ပုံအချို့တို့ ဖြစ်ပါသည်။

ဗုံးကြဲဖျက်ဆီးခံထားရသော မြို့များ၊ ရွာများ၊ ဗုံးဒဏ်နှင့် အဖျက်အစီးဒဏ်မှ လွတ်မြောက်ရာ ရှာကြရသည့် အမျိုးသမီးနှင့် ကလေးငယ် အများစု ပါဝင်သော သေရေးရှင်ရေး ဖြစ်နေသည့် ဒုက္ခသည်များကို တွေ့ကြရမည်။

RelatedPosts

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၂)

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၂)

22 May 2025
1.7k
စာနာမှုများ ကင်းမဲ့သွားသော ကမ္ဘာ

စာနာမှုများ ကင်းမဲ့သွားသော ကမ္ဘာ

21 May 2025
436
LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

20 May 2025
2.7k

ရုရှားနှင့် မြန်မာစစ်တပ်သည် မြေလှန်မီးရှို့စနစ်ကို ကျင့်သုံးပုံခြင်း တူညီကြသည်။ အပျက်အဆီး မည်မျှရှိရှိ အာဏာမြဲဖို့သာ အဓိကဗျူဟာဖြင့် ဆီးရီးယားမှ သမ္မတ ဘာရှား အာဆတ် အာဏာမြဲအောင် ရုရှားက ကူညီခဲ့သည်။

ရုရှားနှင့် မြန်မာစစ်တပ်သည် မြေလှန်မီးရှို့စနစ်ကို ကျင့်သုံးပုံခြင်း တူညီကြသည်။ အပျက်အဆီး မည်မျှရှိရှိ အာဏာမြဲဖို့သာ အဓိကဗျူဟာဖြင့် ဆီးရီးယားမှ သမ္မတ ဘာရှား အာဆတ် အာဏာမြဲအောင် ရုရှားက ကူညီခဲ့သည်။

ထိုမတိုင်မီက မြေလှန်စနစ်ဖြင့် ချေချင်းတို့ကို ရုရှားက ချေမှုန်းခဲ့သည်။ နာမည်ဆိုးလှသော မြန်မာ့တပ်မတော် သည်လည်း ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုနှင့် လူမျိုးစုဒေသများတွင် ဆယ်စုနှစ်များစွာ မြေလှန်မီးရှို့စနစ်ကို ကျင့်သုံးခဲ့ပါသည်။

ယူကရိန်းက စစ်ဘေးဒဏ်ခံနေရသော အမျိုးသမီးကြီးတဦး

သမ္မတ ပူတင်သည် ယူကရိန်းတွင် အဆိုပါနည်းများကို ယခုအခါ အသုံးပြုနေသည်။ သူ၏ လျှပ်တပြက် အနိုင်ယူအောင်ပွဲရရေး ကြိုးပမ်းမှုမှာ ယူကရိန်းပြည်သူများ၏ ဇွဲသန်သော ခုခံမှုကြောင့် မရှုမလှ အရေးနိမ့်သွားခဲ့ရသည်။ သားသတ်သမား မင်းအောင်လှိုင်သည်လည်း မြန်မာပြည်တွင် မြေလှန်မီးရှို့စနစ်ဖြင့် အာဏာချုပ်ကိုင်ရန် ကြိုးပမ်းနေသည်မှာ တနှစ်ကျော်ပါပြီ။ မြန်မာပြည်သူတို့၏ ရဲဝံ့ဇွဲသန်သော ခုခံမှုကြောင့် သူ၏အာဏာသိမ်းပွဲမှာလည်း ရှင်းလင်းမြင်သာစွာပင် မအောင်မြင်ခဲ့ပါ။

သမ္မတ ပူတင်နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှစ်ဦးစလုံး၏ ရည်မှန်းချက်မှာ တူညီပါသည်။ အရပ်သားပြည်သူ များများသတ်၊ အရပ်ဘက်အိုးအိမ် အဆောက်အအုံများ ရသလောက် ဖျက်ဆီးရေး ဖြစ်ပါသည်။ ထိုသို့အားဖြင့် ရုရှားကျူးကျော်မှုကို ဆန့်ကျင်သူများနှင့် မြန်မာပြည်တွင် စစ်အာရှင်စနစ်ကို ဆန့်ကျင်သူများ ဒူးထောက် အရှုံးပေးလာကြရန် ဖြစ်ပါသည်။

မြန်မာစစ်အာဏာရှင်များကို လက်နက်ထောက်ပံ့နေသူမှာ ရုရှားဖြစ်နေပြီး ရုရှား၏ ယူကရိန်းကျူးကျော်မှုကို ထောက်ခံသည့် လက်တဆုပ်စာထဲတွင် မြန်မာစစ်ဗိုလ်ချုပ်များ ပါဝင်သည်မှာ အံ့အားသင့်စရာ မရှိပါ။ သူတို့သည် ရာဇဝတ်ဂိုဏ်းသား ညီအစ်ကိုများ ဖြစ်ကြပါသည်။ သို့ရာတွင် ယူကရိန်းအရေး၌ ဥရောပ၏ တုံ့ပြန်ပုံနှင့် မြန်မာအရေးတွင် တနှစ်ကျော်ကြာသည်အထိ အာဆီယံ၏ မတုံ့ပြန်ပုံမှာ ကွဲပြားခြားနားလွန်းလှပါသည်။

ဥရောပ၏ တုံ့ပြန်ပုံ

ယူကရိန်းသို့ ရုရှားကျူးကျော်မှု စစချင်းတွင် ဥရောပအိမ်နီးချင်းများက နယ်စပ်ဒေသများကို ဖွင့်ပေး၍ ကလေးနှင့် အမျိုးသမီး အများစုဖြစ်သော ဒုက္ခသည်များကို ကူညီခဲ့ကြပါသည်။

မြန်မာစစ်တပ်က အမြောက်ကြီးများဖြင့် ပစ်ခတ်သောကြောင့် ထန်တလန်မြို့ မီးလောင်နေစဉ်

မတ်လ ၇ ရက်နေ့အထိတွင် ပိုလန်က ယူကရိန်းဒုက္ခသည် ၁,၂၀၄,၄၀၃၊ ဆလိုဗက်ကီးယားက ၁၄၀,၇၄၅၊ မိုဒိုဘာက ၈၂,၇၆၂၊ ရိုမေးနီးယားက ၈၂,၀၆၂ လက်ခံခဲ့ပြီးကြပြီ။ ဥရောပနိုင်ငံများသည် စစ်ဘေးသင့်သူ ၅ သန်းအထိ လက်ခံနိုင်ရန် အလျင်အမြန်ပြင်ဆင်ခဲ့ကြသည်။ ထို့အပြင် တန်ပေါင်းများစွာသော လူသားချင်းစာနာမှု အကူအညီများနှင့် အရေအတွက်များလှစွာသော အကူအညီပေးရေး လုပ်ငန်းများကို ဥရောပအစိုးရများ၊ အဖွဲ့အစည်းများ၊ ပြည်သူများက ဆောင်ကျဉ်းပေးကြသည်။ ရထား၊ ကုန်တင်ကား၊ ဘတ်စကား၊ မီနီဗန်၊ ကိုယ်ပိုင်ကား လမ်းကြောင်းမျိုးစုံဖြင့် စီးဝင်ကူညီကြသည်။

ဥရောပနိုင်ငံများသည် ယူကရိန်းအစိုးရကို စစ်ရေးအကူအညီများလည်း ပေးကြသည်။ ယူကရိန်းသို့ စစ်လက်နက် အမေရိကန်ဒေါ်လာ သန်း ၄၅၀ ဖိုးခန့် ဝယ်ယူထောက်ပံ့ရန် ဥရောပကော်မရှင်က ကြေငြာခဲ့သည်။ ထိုဆုံးဖြတ်ချက်မျိုး ယခင်က မရှိဖူးခဲ့ပါ။

ဥရောပနိုင်ငံများသည် ယူကရိန်းအစိုးရကို စစ်ရေးအကူအညီများလည်း ပေးကြသည်။ ယူကရိန်းသို့ စစ်လက်နက် အမေရိကန်ဒေါ်လာ သန်း ၄၅၀ ဖိုးခန့် ဝယ်ယူထောက်ပံ့ရန် ဥရောပကော်မရှင်က ကြေငြာခဲ့သည်။ ထိုဆုံးဖြတ်ချက်မျိုး ယခင်က မရှိဖူးခဲ့ပါ။

အခြားသော အပြောင်းအလဲကြီး တခုအနေနှင့် ဂျာမနီသည် သူနှစ်ပေါင်းများစွာ စွဲကိုင်လာသော ပဠိပက္ခဒေသများသို့ လက်နက် မတင်ပို့ရေးဟူသော နိုင်ငံခြားရေးမူဝါဒ ရပ်တည်ချက်ကို ဖျက်လိုက်သည်။ တင့်ကားဖျက် ဒုံး ၁,၀၀၀၊ မြေပြင်မှ ဝေဟင်ပစ် ဒုံး ၅၀၀၊ ဟောင်ဝစ်ဇာ အမြောက် ၉ လက်၊ သံချပ်ကာကား ၁၄ စီးနှင့် လောင်စာတန် ၁၀,၀၀၀ ကျော်ကို ပို့ပေးခဲ့သည်။

ဆွီဒင်သည်လည်း သူ၏ကြားနေမူဝါဒကို ဖျက်၍ ယူကရိန်းအစိုးရသို့ တင့်ကားဖျက်လက်နက်များ ပေးပို့ခဲ့သည်။ ဘယ်လ်ဂျီယံအစိုးရက စက်သေနတ် ၂,၀၀၀၊ လောင်စာဆီ တန် ၃, ၈၀၀၊ ရိုင်ဖယ် အလက် ၃,၀၀၀ နှင့် တင့်ဖျက်လက်နက် ၂၀၀ ထောက်ပံ့ရန် ကတိပေးထားသည်။ နယ်သာလန်ကလည်း လေယဉ်ပစ် စတင်ဂါဒုံး ၂၀၀ ထောက်ပံ့သည်။

ပေါ်တူဂီကလည်း ကျည်ကာအဝတ်အစားများ၊ ညကြည့်မှန်ပြောင်းများ၊ လက်ပစ်ဗုံးများ၊ အခြားလက်နက် အမျိုးမျိုး ထောက်ပံ့ပေးမည်။ ချက်နိုင်ငံကလည်း ပစ်စတို ၃၀,၀၀၀၊ တိုက်ခိုက်ရေးရိုင်ဖယ် ၇,၀၀၀၊ စက်သေနတ် ၃,၀၀၀၊ စနိုက်ပါများ၊ ကျည်တန်ချိန် ၁ သန်း ပေးပို့သည်။ ရိုမေးနီးယားနိုင်ငံကလည်း ကျဉ်ကာ၊ သံခမောက်၊ ကျည်များ၊ စစ်ရေးပစ္စည်းများ ထောက်ပံ့နေသည်။

ရုရှ၏ ဒုံးကျည်များကြောင့် ပျက်စီးနေသော ကိယက်ဖ်မြို့ တနေရာ

ဥရောပအဖွဲ့ဝင်ဖြစ်သော်လည်း နေတိုးမဟာမိတ် မဟုတ်သည့် ဖင်လန်ကလည်း သမိုင်းဝင် မူဝါဒ အရွေ့အပြောင်းတွင် ယူကရိန်းသို့ လက်နက်ထောက်ပံ့ရန် ကြေညာသည်။ တိုက်ခိုက်ရေးရိုင်ဖယ် ၂,၅၀၀၊ ကျည် ၁၅၀,၀၀၀၊ ရော့ကတ် ၁,၅၀၀၊ စစ်မြေပြင် အထောက်အပံ့ ရိက္ခာရာရှင် ၇၀,၀၀၀ ပေးရန် ကတိပြုသည်။

ဒိန်းမတ်ကလည်း တင့်ဖျက်လက်နက် ၂,၇၀၀၊ နော်ဝေမှ ကျဉ်ကာဝတ်စုံ ခမောက်များနှင့် M72 တင့်ကားဖျက်လက်နက် ၂,၀၀၀၊ ခရိုအေးရှားမှ ဒေါ်လာ ၁၆ သန်းတန်ဖိုးရှိ လက်နက်ငယ်နှင့် အကာအကွယ် ပစ္စည်းများ၊ စလိုဗေးနီးယားမှလည်း ရိုင်ဖယ်၊ ကျည်၊ သံခမောက်များ ပေးပို့ရန် ကတိပြုထားသည်။

ပိုလန်၊ လစ်သူယေးနီးယား၊ အက်စတိုးနီးယား၊ လတ်ဗီးယားတို့သည် အခြား ဥရောပနိုင်ငံများထက် စစ်ရေးအကူအညီ ပိုမိုလျင်မြန်ရက်ရောစွာ ပေးကြသည်။ တခြားနိုင်ငံများ ပေးလာအောင် စံနမူနာနှင့် တွန်းအားဖြစ်စေခဲ့သည်။

မြန်မာ့အိမ်နီးချင်းများ တုံ့ပြန်ပုံ

မြန်မာ့အိမ်နီးချင်းများ၏ တုံ့ပြန်ပုံမှာ ရှက်စရာ၊ ရွံစရာပင်ဖြစ်သည်။ ထိုင်း၊ တရုတ်နှင့် အိန္ဒိယနိုင်ငံတို့သည် နယ်စပ်များ ဖွင့်ပေး၍ လူသားချင်း စာနာထောက်ထားကူညီရေး နေရာများဖြင့် ဒုက္ခသည်များကို ကူညီရန် လုပ်မပေးခဲ့ကြပါ။ ဒုက္ခသည် ၃ သိန်းခန့်သည် မြိုများ၊ ရွာများ မီးရှို့ ဗုံးကြဲခံရသည့်အတွက် နေရပ်စွန့်ခွာ ထွက်ပြေးရသည့် သာမန်ပြည်သူများဖြစ်ပါသည်။

မြန်မာ့အိမ်နီးချင်းများသည် နိုင်ငံတဝှမ်းမှ အရပ်သားပစ်မှတ်များကို တိုက်ခိုက်နေသည့် စစ်လေယဉ်များအတွက် လေကြောင်းလောင်စာဆီ မတင်ပို့နိုင်ရန် တားဆီးပေးခြင်း မရှိခဲ့ကြပါ။ တရုတ်နှင့် အိန္ဒိယသည် စစ်အာဏာရှင်များနှင့် မိတ်ဘက်ပြုကြသည်။

မြန်မာ့အိမ်နီးချင်းများသည် နိုင်ငံတဝှမ်းမှ အရပ်သားပစ်မှတ်များကို တိုက်ခိုက်နေသည့် စစ်လေယဉ်များအတွက် လေကြောင်းလောင်စာဆီ မတင်ပို့နိုင်ရန် တားဆီးပေးခြင်း မရှိခဲ့ကြပါ။ တရုတ်နှင့် အိန္ဒိယသည် စစ်အာဏာရှင်များနှင့် မိတ်ဘက်ပြုကြသည်။ တရုတ်ဆိုလျှင် တပ်မတော်အတွက် လက်နက်များ ဆက်လက် ထောက်ပံ့ပေးနေသည်။ တရုတ်သာမကပါ။ လက်နက်ကုန်စည် တင်ပို့မှုများ၊ စစ်လက်နက် အရောင်းအဝယ် ကိုယ်စားလှယ်များ၊ လက်နက်ကုန်သေတ္တာများက ရုရှား၊ ဘယ်လာရုစ်၊ ဆာဘီးယား၊ ပါကစ္စတန်၊ အီရန်တို့မှ ရောက်လာနေသည်။

မြန်မာစစ်အာဏာရှင်များသည် အစပိုင်းတွင် လူထုဆန့်ကျင်မှုကို ဖိနှိပ်ရန်ကြိုးပမ်းသည်။ ထို့နောက် ငြိမ်းချမ်းစွာဆန္ဒပြသူများကို ကျည်အစစ်များဖြင့် ပစ်ခတ်ဖြိုခွင်း၍ လူ ၁၂,၅၀၀ ကျော်ကို ဖမ်းဆီးခဲ့သည်။ သူတို့သည် အကျဉ်းစခန်းများတွင် ဆိုးဆိုးဝါးဝါး ရိုက်နှက် နှိပ်စက်ခံကြရသည်။

မြန်မာစစ်တပ်က မီးရှို့၍ ပြာကျခဲ့ရသော စစ်ကိုင်းတိုင်းတွင်းက ရွာတရွ

ပြည်ပမှ မည်သူမျှ ကူညီကြမည် မဟုတ်မှန်း သိသောအခါ မြန်မာပြည်သူတို့သည် မိမိဖာသာ ခုခံကာကွယ်လာကြရသည်။ လက်လုပ်လက်နက်များဖြင့် ရင်ဆိုင်ဆန့်ကျင်လာကြရသည်။ ထိုအခါ စစ်တပ်က “နယ်မြေရှင်းလင်း သုတ်သင်သည့် စစ်ဆင်ရေး” များဖြင့် အရပ်သားပြည်သူတို့ မခံရပ်နိုင်လောက်သည့် ဆင်းရဲဒုက္ခများ ဖန်တီးကြသည်။ ထိုသို့အားဖြင့် လူထုခုခံဆန့်ကျင်မှု၏ စိတ်ဓာတ်ရေးရာ ပြိုလဲရန် ရည်ရွယ်ခြင်းဖြစ်သည်။ ဤနည်းလမ်းကို ကျင့်သုံးလာခဲ့သည်မှာ တနှစ်ကျော်ပြီ။

သို့ရာတွင် မည်သည့် မြန်မာ အိမ်နီးချင်းကမှ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုဘက်၊ ဒုက္ခခံစားနေရသော ပြည်သူများဘက်မှ တစုံတရာ ထိရောက်စွာ ပါဝင်ဆောင်ရွက်ပေးရန် အဆင်သင့် ရှိမနေကြပါ။ ဤနေရာတွင် ဒေသတွင်းရော နိုင်ငံတကာ အင်အားစုများပါ အတူတူဖြစ်ပါသည်။ သက်ဆိုင်ရာ ပြည်ပ အင်အားစု အားလုံးတို့သည် ပြဿနာကို ဖြေရှင်းပေးရန်ထက် (ကိုယ့်ဆီရောက်မလာရေး) ကန့်သတ်ထားရန်သာ လုပ်နေကြပါသည်။

သို့ရာတွင် မည်သူကမျှ စစ်အာဏာရှင်ဘက်မှ ထင်ထင်လင်းလင်း မရပ်တည်လိုကြသေးပါ။ ရှက်စရာ ကောင်းလွန်းသောကြောင့် ဖြစ်ပါသည်။ ခြွင်းချက်မှာ သမ္မတ ပူတင်နှင့် ဘယ်လာရုစ် အာဏာရှင် လူကာရှန်ကာတို့ ဖြစ်ပါသည်။ သူတို့ကမူ လက်နက်ထောက်ပံ့၍ မြန်မာစစ်အာဏာရှင်တို့၏ ရက်စက်မှု၊ ရာဇဝတ်မှုများနှင့် လူသိရှင်ကြား ချိတ်ဆက်ကြပါသည်။

ယခုအထိတော့ မည်သည့်အိမ်နီးချင်းနှင့် ဒေသတွင်း အဓိကနိုင်ငံများကမှ စစ်အာဏာသိမ်းမှုက ဖယ်ရှားလိုက်သည့် ရွေးကောက်ခံအစိုးရ ဦးဆောင်သော လူထုလှုပ်ရှားမှုဘက်မှ ပွင့်ပွင့်လင်းလင်း တက်တက်ကြွကြွ ရပ်တည်မပေးကြသေးပါ။

ဖြေရှင်းပေးရန်မဟုတ်၊ ကန့်သတ်ထားရန်သာဟု ဆိုရာတွင် မြန်မာ့ပြဿနာများ နယ်နိမိတ်များကို ကျော်လွန်ရောက်ရှိ မလာရန် အတားအဆီးပြုရေးမျှသာ ဖြစ်ပါသည်။ ထို့ကြောင့်ပင် မြန်မာ့အိမ်နီးချင်းတို့က နယ်ခြားများကို အတော်အတန် တင်းကြပ်စွာ ပိတ်ထားကြခြင်း ဖြစ်ပါသည်။ ကိုဗစ်သည် ဆင်ခြေမျှသာ ဖြစ်ပါသည်။ အမှန်တကယ်က မဟာဗျူဟာ အတွက်အချက် ဖြစ်ပါသည်။

သူ့ဖာသာ လောင်ကျွမ်းပြာကျ၍ မီးငြိမ်းသွားသည်အထိ ထိုင်စောင့်ရန်လည်း ကန့်သတ်ရေးပေါ်လစီက ရည်ရွယ်ပါသည်။ မီးဝင်ငြှိမ်းဖို့ ကြိုးစားလျင် လက်အပူလောင်နိုင်သည်။

တဘက်တွင်လည်း ဘာမှ မလုပ်ဘူး၊ နည်းနည်းပဲလုပ်တယ်ဟု ပြစ်တင် ဝေဖန် ဖိအားပေး မခံရရန် အာဆီယံကိုယ်စားလှယ်၊ ကုလသမဂ္ဂကိုယ်စားလှယ်များကို တာဝန်လွှဲပေးထားလိုက်သည်။ တာဝန်လွှဲပေးထားခြင်းအားဖြင့် မအောင်မြင်သည့် အတွက် အပြစ်တင်ခံရမည်ကိုလည်း လွှဲချထားပြီးဖြစ်သည်။

အထက်ပါအခြေအနေမှာ မြန်မာ့အရေးတွင် ဒေသတွင်းနှင့် နိင်ငံတကာ ဆက်နွယ်သူများ၏ ရပ်တည်ချက်ကို စိတ်မသက်သာစရာ ကောင်းသော်လည်း အမှန်အတိုင်း သုံးသပ်ခြင်းဖြစ်ပါသည်။

ယခုကာလတွင် မြန်မာမိတ်ဆွေများ အကြိမ်များစွာ မေးကြသည့် မေးခွန်းမှာ “ယူကရိန်းကို ငါတို့ အပြည့်အဝ ထောက်ခံနေတယ်။ သူတို့ဒုက္ခနဲ့ ရုန်းကန်နေရမှုကို ငါတို့သိတယ်။ ငါတို့လည်း အတူတူပဲလေ။ EU တို့ အမေရိကန်တို့က ယူကရိန်းကျ ကူညီပြီး ငါတို့ကျ ဘာ့ကြောင့် မကူညီကြတာလဲ။ ဘာကြောင့်လဲ” ဟူ၍ ဖြစ်သည်။

ယခုကာလတွင် မြန်မာမိတ်ဆွေများ အကြိမ်များစွာ မေးကြသည့် မေးခွန်းမှာ “ယူကရိန်းကို ငါတို့ အပြည့်အဝ ထောက်ခံနေတယ်။ သူတို့ဒုက္ခနဲ့ ရုန်းကန်နေရမှုကို ငါတို့သိတယ်။ ငါတို့လည်း အတူတူပဲလေ။ EU တို့ အမေရိကန်တို့က ယူကရိန်းကျ ကူညီပြီး ငါတို့ကျ ဘာ့ကြောင့် မကူညီကြတာလဲ။ ဘာကြောင့်လဲ” ဟူ၍ ဖြစ်သည်။

ယူကရိန်းစစ်ပြေးဒုက္ခသည်များ

ယူကရိန်းနှင့် မြန်မာကြားမှ ပထဝီနိုင်ငံရေး ခြားနားချက်ကို ကျွန်တော် တတ်နိုင်သလောက် ရှင်းပြပါသည်။ ထို့ထက်ပို၍ အောက်ပါအတိုင်း အကြံဉာဏ်ပေးရန် ကြိုးစားပါသည်။

အထောက်အကူ မပြုသည့် ပထဝီနိုင်ငံရေး အနေအထားကြောင့် စိတ်မပျက်သင့်ကြပါ။ ထိုအရှိတရားကြားမှပင် ကျနော်တို့ အလုပ်လုပ်ရမည်။ ငိုကြွေးမြည်တမ်းရုံမျှဖြင့် အလုပ်ဖြစ်မည်မဟုတ်။ ဆန္ဒသက်သက် ဆုတောင်းရုံမျှဖြင့်လည်း အလုပ်ဖြစ်မည် မဟုတ်။ အရေးကြီးသည့် အောင်ပွဲများ ရနိုင်ကြသည်။ ထိုအလုပ်တို့ကို အာရုံစိုက်ရမည်။

တဘက်တွင် နိုင်ငံတကာနှင့် ဒေသတွင်းနိုင်ငံများမှ မကူညီ မထောက်ပံ့၍ စိတ်ပျက်စရာ ရှိသော်လည်း အခြားတဘက်တွင် စစ်တပ်သည် တဘက်သပ် စစ်လက်နက် အင်အားအသာ၊ ရက်စက်ယုတ်မာမှု အပြည့်ဖြင့်ပင် ကျယ်ပြန့်သည့် လူထုလှုပ်ရှားမှုကို မဖိနှိပ်နိုင်သေးပါ။ ထိုအခြေအနေကို ဂုဏ်ယူကြရမည်။ ကျွန်ုပ်တို့၏ သန္နိဌာန် ဆက်လက်ခိုင်မာရမည်။

ယခုအထိတွင် စစ်တပ်မှ အာဏာမချုပ်ကိုင်နိုင်အောင် လုပ်ဆောင်နိုင်ခဲ့သည်။ သက်ဆိုင်ရာ ပြည်ပ အင်အားစုနိုင်ငံများ စစ်တပ်ကို တက်တက်ကြကြွ မထောက်ခံအောင်၊ စစ်အာဏာရှင်တို့ နိုင်ငံတကာတွင် အထီးကျန်အောင် လုပ်ထားနိုင်ပြီး ဖြစ်သည်။ ထိုအောင်မြင်မှုတို့မှာ မြန်မာ့တော်လှန်ရေးအတွက် ကြီးမားအရေးပါလှသည်။

ထို့ထက်ပို၍လည်း အောင်မြင်နိုင်သေးသည်။ အောင်ပွဲသေးသေးလေးများက ချိန်ခွင်လျှာ အပြောင်းအလဲဆီသို့ ဖြည်းဖြည်းချင်း နီးကပ်လာစေလိမ့်မည်။ အသေအချာ ဗျူဟာချ လှုပ်ရှားကြပါကလည်း နိုင်ငံတကာ အထောက်အကူရရေး တိုက်ပွဲတွင် အောင်မြင်မှုများ ရနိုင်ပါသည်။

ဥပမာအားဖြင့် ကမ္ဘာတလွှားမှ နေ၍ ရုရှားပြည်သူများထံသို့ ကျူးကျော်စစ် ဆန့်ကျင်လှုပ်ရှားမှုများတွင် ပါဝင်ရန်၊ ယူကရိန်းတွင် သတ်ဖြတ်ဖျက်ဆီးမှုများ ရပ်တန့်ရန် ဆိုရှယ်မီဒီယာ သတင်းစကားပါးခြင်း၊ ဖုန်းခေါ်ခြင်းများ လုပ်ကြပါသည်။ လာမည့်သီတင်းပတ်များတွင် ရုရှားပြည်သူ သန်းပေါင်းများစွာဆီ သတင်းစကား ရောက်ရှိရန် ဖြစ်ပါသည်။

မြန်မာနိုင်ငံသားများ၊ ပြည်ပရောက်မြန်မာများ၊ နိုင်ငံတကာ မြန်မာမိတ်ဆွေများလည်း အလားတူ အလုပ်များ လုပ်နိုင်ကြပါသည်။ အမေရိကန်သမ္မတ မစ္စတာ ဂျိုး ဘိုင်ဒန် ကျင်းပမည့် အမေရိကန်-အာဆီယံ ထိပ်သီးဆွေးနွေးပွဲ (မတ် ၂၈- ၂၉) သည် အခွင့်အရေးကောင်း ဖြစ်ပါသည်။

ကရင်ပြည်နယ်က စစ်ပြေးဒုက္ခသည်များ

ဆိုရှယ်မီဒီယာ အချိတ်အဆက်ကို အသုံးပြု၍ စစ်အာဏာရှင်တို့၏ ရက်စက်ယုတ်မာမှု ဓာတ်ပုံများ၊ ကိုယ်တွေ့စကားများကို အာဆီယံနိုင်ငံခေါင်းဆောင်များ၊ နိုင်ငံခြားရေးဝန်ကြီးများနှင့် ထိပ်ပိုင်းအမေရိကန် မူဝါဒသမားများထံ တိုက်ရိုက်ပေးပို့နိုင်ကြပါသည်။

မြန်မာစစ်အာဏာရှင်တို့ လူထုအပေါ် အကြမ်းဖက်နေသည့် အခြေအနေ ရပ်တန့်ရေးတွင် ပါဝင်ပေးပါရန် ဆော်ဩနိုင်ပါသည်။ တရားဝင် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) အစိုးရကိုယ်စားလှယ်ကို အမေရိကန်-အာဆီယံ ထိပ်သီးညီလာခံသို့ ဖိတ်ခေါ်ရန် ဆော်ဩနိုင်ပါသည်။

မြန်မာစစ်အာဏာရှင်တို့ လူထုအပေါ် အကြမ်းဖက်နေသည့် အခြေအနေ ရပ်တန့်ရေးတွင် ပါဝင်ပေးပါရန် ဆော်ဩနိုင်ပါသည်။ တရားဝင် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) အစိုးရကိုယ်စားလှယ်ကို အမေရိကန်-အာဆီယံ ထိပ်သီးညီလာခံသို့ ဖိတ်ခေါ်ရန် ဆော်ဩနိုင်ပါသည်။

ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် အခြား သဘာဝရင်းမြစ်များမှနေ၍ ပြည်သူကို ဖိနှိပ်ရာတွင် သုံးသည့် သွေးစွန်းငွေကြေးစီးဝင်မှု ဖြတ်တောက်ရေးအတွက် ဆော်ဩနိုင်ကြပါသည်။ လေယာဉ်ဆီ ရောင်းဝယ်သယ်ဆောင်မှု ယာယီတားမြစ်ရန် ပြောနိုင်ပါသည်။ ထိုမှသာ စစ်တပ်၏ ဂျက်လေယာဉ်နှင့် ရဟတ်ယာဉ်များ မပျံနိုင်ဘဲ အာဏာရှင်တို့၏ စစ်ရေးအသာရမှု ဆုံးရှုံးပါမည်။

နေရပ်ရွေ့ပြောင်းရသူများထံသို့ အရေးပေါ်အကူများ မြန်မြန်ရောက်ရှိရေး ကူညီရန်လည်း ဆော်ဩနိုင်ကြပါသည်။ လက်ရှိတွင် ထိုင်း- မြန်မာနယ်စပ်မှ စတင်နိုင်ပြီး နောင်တွင် တရုတ်၊ အန္ဒိယနယ်စပ်မှလည်း အလားတူ လူသားချင်း စာနာထောက်ထားကူညီရေး နေရာဒေသများ လုပ်နိုင်ပါသည်။

အာဆီယံနှင့် အ မေရိကန်တို့ ဦးဆောင်၍ ဗြိတိန်၊ အိန္ဒိယ၊ တရုတ်၊ ဂျပန်တို့ပါလာလျှင် ထိရောက်လွယ်ကူသည့် အလုပ်များစွာ လုပ်၍ရပါသည်။ ဘာမှ မလုပ်ပေးနေသည့် လက်ရှိအခြေအနေမှလည်း ယုံယုံကြည်ကြည် ပြတ်ပြတ်သားသား ပြောင်းလဲနိုင်ပါသည်။

(အီဂေါဗလာဇီဗစ်သည် ချက်နိုင်ငံ ပရာ့ဂ်ဟာမြို့တွင် အခြေစိုက်သော နိုင်ငံရေးသုတေသီတဦး ဖြစ်သည်။ ၎င်းဇာတိ ဘော့စနီးယား ဟာဇီဂိုဗီးနားတွင် စစ်ပွဲကာလ ကြမ်းကြုတ်ရက်စက်မှုများကို ကြုံတွေ့ခဲ့ရသူဖြစ်ပြီး မြန်မာအပါအဝင် ပဋိပက္ခဒေသ အများအပြားသို့ သွားရောက်၍ နိုင်ငံရေးသိပ္ပံနှင့် လူအခွင့်အရေးဆိုင်ရာ သင်တန်းများလည်း ပို့ချခဲ့ဖူးသည်။)

You may also like these stories:

ရုရှားထောက်လှမ်းရေး နိုင်ငံခြားဌာန အကြီးအကဲကို ပူတင်ဖမ်းထား

ယူကရိန်းစစ်ပွဲ ရုရှားက တရုတ်ကို အကူအညီတောင်းကြောင်း အမေရိကန်ပြော

ရှုံးနေပြီးသော ပူတင်၏ ကျူးကျော်စစ်

မြန်မာတွင် မင်းအောင်လှိုင်၊ ရုရှားတွင် ပူတင်လို လူမျိုးတွေ ကျဆုံးရမည်

ယူကရိန်းကို အာရုံစိုက်လာသောကြောင့် မြန်မာအပေါ် အာရုံစိုက်မှုနည်းလာ

Your Thoughts …
Tags: ကုလသမဂ္ဂကျူးကျော်စစ်စစ်ဘေးဒုက္ခသည်စစ်ရေးအကူအညီပြည်တွင်းစစ်မြန်မာမြေလှန်မီးရှို့စနစ်ယူကရိန်းအာဆီယံဥရောပသမဂ္ဂ
အီဂေါ ဗလာဇီဗစ်

အီဂေါ ဗလာဇီဗစ်

Contributor

Similar Picks:

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
55.3k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

by ဝေမင်းထွန်း
28 February 2024
27.4k

မြန်မာစစ်တပ်၏ "ခေါင်း"ကို မုချပြောင်းရမည် ဖြစ်၏။ မည်သို့အစားထိုးမည်နည်း။

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

by ဇော်တူးဆိုင်း
3 November 2023
27k

NCA ကို ခိုင်မာစေရန် တိုင်းရင်းသားလက်နက်ကိုင် အချို့နှင့် စစ်ကောင်စီတို့ ၂၀၂၃ ခုနှစ်အတွင်း အားထုတ်မှုသည် မအောင်မြင်ဘဲ အဆုံးသတ်သွားသည်။

နွေဦးတော်လှန်ရေး လုံးပါးပါးသွားနိုင်သည့် အန္တရာယ် ရှိသည်

နွေဦးတော်လှန်ရေး လုံးပါးပါးသွားနိုင်သည့် အန္တရာယ် ရှိသည်

by ဇုန်းရိန်
27 July 2023
22.8k

စစ်ကောင်စီတွင် နွေဦးတော်လှန်ရေးကို အင်အားချိနဲ့သွားစေနိုင်လောက်သော လှည့်ကွက်ဗျူဟာ ရှိနေသည်ကို သတိထားသင့်ပါသည်။

သတိပြုစရာ သေးဆူလဲတိုက်ပွဲ

သတိပြုစရာ သေးဆူလဲတိုက်ပွဲ

by မိုးစက်ငြိမ်းချမ်း
16 September 2023
22.4k

သေးဆူလဲတိုက်ပွဲနှင့် ပတ်သက်၍ KNDF ၏ ထုတ်ပြန်ချက်တွင် မီဒီယာနှင့်ပတ်သက်၍ အထူးအလေးထား ဖော်ပြထားသည်ကို တွေ့ရ၏။

စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

by ဝေမင်းထွန်း
28 November 2023
22.3k

စစ်ကောင်စီတပ်၏ အခြေအနေမှန်မှာ အင်နှင့်အားနှင့် ခပ်ပြင်းပြင်း ဆောင့်လိုက်ပါ ပြိုဆင်းသည်၊ တောင့်ခံနိုင်စွမ်းမရှိဟူသည့် အချက်ကို ရှမ်းပြည်နယ် မြောက်ပိုင်းစစ်ပွဲတွင် ထင်ထင်ရှားရှား တွေ့လိုက်ရသည်။

Next Post
မင်္ဂလာတောင်ညွန့်သပိတ်ကို ဖြိုခွဲမခံရခင်အချိန်က တွေ့ရစဉ် / CJ

ရန်ကုန်သပိတ် အကြမ်းဖက်ဖြိုခွင်းမှု မိန်းကလေးငယ်များ ပြင်းထန်စွာ ဒဏ်ရာရသွား

ဖေဖော်ဝါရီလ အတွင်းကလည်း စစ်ကောင်စီသည် တန့်ဆည်မြို့နယ်၊ ကပေါင်းကျရွာရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ / CJ

ရေဦး-တန့်ဆည်လမ်းပေါ်ရှိ ရွာများ စစ်ကောင်စီမီးရှို့ ဒေသခံ ၁၀ ဦး အသတ်ခံရ

No Result
View All Result

Recommended

LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

2 days ago
2.7k
တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

1 day ago
2.4k

Most Read

  • KIA ပစ်ချသည့် စစ်ရဟတ်ယာဉ်မှ ၁၉ ဦး သေဆုံး

    KIA ပစ်ချသည့် စစ်ရဟတ်ယာဉ်မှ ၁၉ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၂)

    shares
    Share 0 Tweet 0
  • တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • ရဟတ်ယာဉ်နှစ်စီး ပစ်ချခံရလို့ ပြည်သူအများစု ဝမ်းသာ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate