အထီးကျန်ခေါင်းဆောင်များ အလွန်မှားယွင်းစွာ ဆုံးဖြတ်တတ်ကြောင်း ရုရှားနှင့် မြန်မာက သက်သေ

Adam Simpson
သမ္မတ ပူတင် အစည်းအဝေး ကျင်းပသည့် လွန်စွာကြီးမားလှသည့် စားပွဲကြီးက ပြသနေသော ပိုမို စိတ္တဇဆန်လာခြင်းတို့ကြောင့် မကြာသေးမီက ရုရှားတွင်၊ အထူးသဖြင့် ယူကရိန်းတွင် ဖြစ်ပေါ်နေသည့် လူမှုအပြောင်းအလဲများကို မသိသလောက်ပင် ဖြစ်နေသည် / AFP / Getty Images

ယူကရိန်းကို ရုရှားက ကျူးကျော်တိုက်ခိုက်ခြင်းနှင့် လွန်ခဲ့သော ၁၂ လက မြန်မာတွင် အာဏာသိမ်းခြင်းသည် လွန်စွာ ကွဲပြားခြားနားသော ဖြစ်ရပ်များ ဖြစ်သည်။ ဖြစ်ရပ်တခုတွင် နျူကလီးယား အင်းအားကြီး နိုင်ငံတခုက ပြည်ပနိုင်ငံတခုကို ကျူးကျော်ခြင်းဖြစ်ပြီး အခြားဖြစ်ရပ်တွင်မူ စစ်အာဏာသိမ်းမှုနှင့်မစိမ်းသည့် ဖွံ့ဖြိုးဆဲ နိုင်ငံတခုတွင် ပြည်တွင်းအာဏာသိမ်းခြင်း ဖြစ်သော်လည်း ၎င်းတို့တွင် လွန်စွာတူညီသည့် အချက်တခု ရှိနေသည်။

ထိုလုပ်ရပ်နှစ်ခုလုံးသည် ကမ္ဘာတခုလုံး ပြောင်းလဲနေချိန်တွင် အထီးကျန်ဖြစ်လာပြီး ၎င်းတို့ပြောသမျှ ခေါင်းညိတ်မည့်သူများသာ ဝိုင်းဝိုင်းလည်နေသည့် ခေါင်းဆောင်များက ချမှတ်လိုက်သည့် ကြမ္မာငင်သော သေနင်္ဂဗျူဟာ အမှားများဖြစ်သည်။ ယူကရိန်းသည် ၁၉၉၁ ခုနှစ်မှ စတင်ပြောင်းလဲလာပြီး မြန်မာသည် ၂၀၁၁ ခုနှစ်မှ စတင်ပြောင်းလဲလာခဲ့သည်။

ချောင်ပိတ်ခံထားရသည့် ၎င်းတို့၏ စိတ်နေစိတ်ထားအရ ရုရှားမှ သမ္မတ ပူတင်နှင့် မြန်မာမှ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့သည် ပေါ်ပေါက်နေသည့် ကြီးမားသော အပြောင်းအလဲများကို သတိမမူမိဘဲ စစ်ရေးလှုပ်ရှားမှုများ မည်သို့အဆုံးသတ်မည်ကို ထင်ယောင်ထင်မှား ဖြစ်ကြသည်။

ထိုသူနှစ်ဦးစလုံးသည် အလျင်အမြန်ရမည့် အောင်ပွဲကို မျှော်လင့်ထားကြပြီး အာဏာနှင့်ထိန်းချုပ်မှုကို အလျင်အမြန် ခိုင်မာအောင် လုပ်နိုင်မည်ဟု ထင်ကြသော်လည်း ဖြစ်ရပ်နှစ်ခုလုံးတွင် ၎င်းတို့၏ စီမံကိန်းများကို ဆန့်ကျင်မှုသည် ထင်ထားသည်ထက် များစွာ ပိုမိုပြင်းထန် ခိုင်မာပြီး ပျံ့နှံကြောင်းတွေ့ရသည်။

ထိုသူနှစ်ဦးစလုံးသည် အလျင်အမြန်ရမည့် အောင်ပွဲကို မျှော်လင့်ထားကြပြီး အာဏာနှင့်ထိန်းချုပ်မှုကို အလျင်အမြန် ခိုင်မာအောင် လုပ်နိုင်မည်ဟု ထင်ကြသော်လည်း ဖြစ်ရပ်နှစ်ခုလုံးတွင် ၎င်းတို့၏ စီမံကိန်းများကို ဆန့်ကျင်မှုသည် ထင်ထားသည်ထက် များစွာ ပိုမိုပြင်းထန် ခိုင်မာပြီး ပျံ့နှံကြောင်းတွေ့ရသည်။

မြန်မာနိုင်ငံတွင် ရာစုနှစ်ဝက်ကြာ စစ်အုပ်ချုပ်ရေးပြီးနောက် နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှု ဆယ်စုနှစ်တခု ပေါ်ပေါက်လာသည်။ ဖိနှိပ်သော ဆင်ဆာတည်းဖြတ်မှု နှစ်ပေါင်းများစွာ ကြာပြီးနောက် လွတ်လပ်သော မီဒီယာများ ထွန်းကားလာသည်။ အလုပ်သမားသမဂ္ဂများ တရားဝင်ပေါ်ပေါက်လာပြီး အနိမ့်ဆုံး လုပ်အားခကို ပြဋ္ဌာန်းကာ နိုင်ငံအနှံ့အပြားတွင် လူနေမှုအဆင့်အတန်းများ မြင့်မားလာသည်။

၂၀၁၄ ခုနှစ် စက်တင်ဘာလတွင် ပုဂ္ဂလိက ဆက်သွယ်ရေး ကုမ္ပဏီ ၂ ခု မြန်မာဈေးကွက်သို့ ဝင်ရောက်လာပြီး ဆင်းကတ်ဈေးနှုန်းများ အမေရိကန်ဒေါ်လာ ၁,၀၀၀ ဝန်းကျင်မှ ၁ ဒေါ်လာခွဲသို့ နေ့ချင်းညချင်း ကျဆင်းသွားသည်။ အင်တာနက် ထိုးဖောက်မှုနှုန်းသည် နိုင်ငံလူဦးရေ၏ ၂ ရာခိုင်နှုန်းသာ ရှိရာမှ ၆၀ ရာခိုင်နှုန်းကျော်သို့ ရောက်လာပြီး Facebook သည် နိုင်ငံတွင်းမီဒီယာနှင့် ဆက်သွယ်ရေးတွင် အဓိကလွှမ်းမိုးသည့် ပလက်ဖောင်း ဖြစ်လာသည်။

ကံမကောင်း အကြောင်းမလှသည့်အချက်မှာ လူမှုကွန်ရက်အသုံးပြုမှု ပေါက်ကွဲလာခြင်းနှင့်အတူ မွတ်ဆလင် ရိုဟင်ဂျာ လူနည်းစုနှင့်ပတ်သက်သည့် ကြီးမားသည့် အမုန်းတရားနှင့် သတင်းတုလှုပ်ရှားမှု ပူးတွဲပါလာခြင်း ဖြစ်သည်။ ၂၀၁၇ ခုနှစ်တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ခေါင်းဆောင်သည့် စစ်တပ်က ဦးဆောင်သော အစီအစဉ်တခုသည် ဒုက္ခသည်ပေါင်း ၇၄၀,၀၀၀ ခန့်ကို အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ပြေးစေခဲ့သည်။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း အမျိုးမျိုးနှင့် ပြည်တွင်းစစ် ဖြစ်နေသည်မှာ ဆယ်စုနှစ်များစွာ ကြာပြီဖြစ်သော ထိုစစ်တပ်သည် ၂၀၂၀ နိုဝင်ဘာ ရွေးကောက်ပွဲတွင် တောင်ပြိုကမ်းပြို အနိုင်ရသည့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အစိုးရကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် ဖြုတ်ချရန် ရွေးကောက်ပွဲ မသမာမှု ရှိသည်ဆိုသည့် အခြေအမြစ်မရှိသည့် စွပ်စွဲမှုကို ပြုလုပ်သည်။

မြန်မာစစ်အုပ်စုသည် အထီးကျန်ပြီး စိတ္တဇဆန်သည့် လောကတွင် ရှင်သန်ပြီး အရပ်သားများနှင့် ထိတွေ့ ဆက်ဆံမှု မရှိသလောက်ဖြစ်ကာ ၎င်းတို့ ဖြန့်ချိထားသည် ဝါဒဖြန့်ချိမှုများအား ခွဲခြားသိမြင်ရန် ပြင်ပ ဗဟုသုတ မရှိသလောက်ပင် ဖြစ်သည်။

မြန်မာစစ်အုပ်စုသည် အထီးကျန်ပြီး စိတ္တဇဆန်သည့် လောကတွင် ရှင်သန်ပြီး အရပ်သားများနှင့် ထိတွေ့ ဆက်ဆံမှု မရှိသလောက်ဖြစ်ကာ ၎င်းတို့ ဖြန့်ချိထားသည် ဝါဒဖြန့်ချိမှုများအား ခွဲခြားသိမြင်ရန် ပြင်ပ ဗဟုသုတ မရှိသလောက်ပင် ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ကျန်စစ်ခေါင်းဆောင်များသည် စစ်အုပ်စုပိုင် စီးပွားရေး လုပ်ငန်းများမှ ချမ်းသာကြွယ်ဝမှုများစွာ စုဆောင်းထားပြီး နိုင်ငံ၏ ကျန်အစိတ်အပိုင်းများမှ ရိုက်ခတ်မှုများကို မခံရနိုင်အောင် လုပ်ထားသည့် ထူးဆန်းသော မြို့တော် နေပြည်တော်ရှိ သီးခြားနေရာတွင် ခမ်းနားသော်လည်း အထီးကျန်စွာ နေထိုင်ကြသည်။

စစ်အုပ်စုတခုသည် မြန်မာနိုင်ငံကို ၂၀၁၁ ခုနှစ်အထိ အုပ်ချုပ်ခဲ့ဖူးပြီး အလွန် အမိန့်နာခံသည့် လက်အောက်ငယ်သားများ ဝန်းရံနေသည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာပြည်သူများသည် စစ်အုပ်ချုပ်ရေး အောက်တွင် နှစ်ပေါင်းများစွာ နေဖူးသောကြောင့် ထိုအခြေအနေသို့ အေးအေးဆေးဆေး ပြန်သွားလိမ့်မည်ဟု ထင်ထားသည်။

သူ့အတွက် ကံဆိုးသည်မှာ မြန်မာပြည်သူများက ကမ္ဘာတဝှမ်း အခြားနေရာ အများစုတွင် ခံစားနေသည့် လွတ်လပ်မှုများကို မြည်းစမ်းခဲ့ဖူးပြီး နောက်ကြောင်းပြန် အလျှော့ပေးမည့် စိတ်ဆန္ဒ မရှိကြောင်း ပြသလိုက်ခြင်း ဖြစ်သည်။

လူငယ်များသည် ၎င်းတို့မိဘများ အိပ်မက်သာ မက်နိုင်သည့် လွတ်လပ်မှု ဆယ်စုနှစ်တခုကို ခံစားခဲ့ကြသည်။ ထိုလွတ်လပ်မှုများနှင့် အနာဂတ် ပညာရေးနှင့် အခွင့်အလမ်းအိပ်မက်များ ဆုံးရှုံးမည့် အလားအလာကြောင့် စစ်ကောင်စီအပေါ် ငြိမ်းသတ်မရအောင် ပြင်းထန်သည့် ဒေါသများကို ဖြစ်စေခဲ့သည်။

အခြေအနေကို ပိုမိုဆိုးရွားစေသည်မှာ ထိုအုပ်စုများသည် စစ်ကောင်စီကို စစ်ရေးအရ ဆန့်ကျင်မည့် အလားအလာ အရှိဆုံးသူများ ဖြစ်နေသည်။ ထို့ကြောင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) များကို ဖွဲ့စည်းကြပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများထံတွင် သင်တန်းများ တက်ရောက်ကြသည်။ ဆက်လက် ဖြစ်ပေါ်နေသည့် စစ်ကောင်စီကို လုပ်ကြံသတ်ဖြတ်မှုများနှင့် ချောင်းမြောင်း တိုက်ခိုက်မှုများက စစ်ကောင်စီသည် နိုင်ငံ၏ ဒေသအများအပြားကို ထိထိရောက်ရောက် ထိန်းချုပ်နိုင်ခြင်း မရှိကြောင်း ပြသနေသည်။

သူ၏ ချမ်းသာကြွယ်ဝမှုများနှင့် သူ အစည်းအဝေး ကျင်းပသည့် လွန်စွာကြီးမားလှသည့် စားပွဲကြီးက ပြသနေသော ပိုမို စိတ္တဇဆန်လာခြင်းတို့ကြောင့် မကြာသေးမီက ရုရှားတွင်၊ အထူးသဖြင့် ယူကရိန်းတွင် ဖြစ်ပေါ်နေသည့် လူမှုအပြောင်းအလဲများကို ပူတင် မသိသလောက်ပင်။

ရုရှားတွင် ပူတင်သည် အလားတူ လူ့အဖွဲ့အစည်း အပြောင်းအလဲများနှင့် အဆက်ပြတ်နေသည်။ သူသည် မယုံနိုင်လောက်အောင် ချမ်းသာကြောင်း ထင်ရှားသော်လည်း မည်သည်တို့ကို သူ ပိုင်ဆိုင် ထိန်းချုပ်ထားသည်ကို တိတိကျကျပြောရန် ခက်သည်။ မည်သို့ဆိုစေကာမူ သူ၏ ချမ်းသာကြွယ်ဝမှုများနှင့် သူ အစည်းအဝေး ကျင်းပသည့် လွန်စွာကြီးမားလှသည့် စားပွဲကြီးက ပြသနေသော ပိုမို စိတ္တဇဆန်လာခြင်းတို့ကြောင့် မကြာသေးမီက ရုရှားတွင်၊ အထူးသဖြင့် ယူကရိန်းတွင် ဖြစ်ပေါ်နေသည့် လူမှုအပြောင်းအလဲများကို မသိသလောက်ပင်ဖြစ်သည်။

သူနှင့် သူ့အတွင်းစည်းမှ လုံခြုံရေး အကြံပေးများသည် အများအားဖြင့် ဆိုဗီယက်ခေတ် နိုင်ငံရေး၏ ထုတ်ကုန်များ ဖြစ်ကြပြီး အစဉ်အလာ လူမှုနှင့် န်ိုင်ငံရေးတန်ဖိုးများ ပြန်လည် ခေါင်းထောင်လာခြင်းကို တမ်းတနေသူများသာ ဖြစ်သည်။

၎င်းတို့သည် ယူကရိန်းနှင့်ပတ်သက်ပြီး ပြန်လည်သိမ်းယူရေးမူကို အထင်အရှားကျင့်သုံးကာ ဆိုဗီယက်နှင့် ရုရှားနယ်ချဲ့ခေတ်များကို တသသဖြစ်နေပြီး ရည်မှန်းချက်မှာ ယူကရိန်းကို လက်အောက်ခံ နိုင်ငံအဖြစ်သာ ထားရေးဖြစ်ကြောင်း ခရိုင်မီးယားကို နယ်ချဲ့ခြင်းနှင့် လက်ရှိ ယူကရိန်း တိုက်ပွဲက ပြသနေသည်။

၂၀၂၁ ခုနှစ် ဇွန်လအတွင်း ရုရှကာကွယ်ရေးဝန်ကြီးဌာန တက္ကသိုလ်က မြန်မာစစ်အာဏာသိမ်းခေါင်းဆောင်ကို ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ပေးခဲ့စဉ်

သို့သော် သူ၏ အတွင်းစည်းအတွင်းမှာပင် သမ္မတ ပူတင်သည် အနီးကပ်ဆုံး မဟာမိတ်များအနက် အချို့ကို နောင်တရအောင်လုပ်ရန် လိုသည်ဟု ထင်နေသည်။ မကြာသေးမီက ရုရှ နိုင်ငံတော် လုံခြုံရေးကောင်စီ အစည်းအဝေးတွင် သစ္စာခံမှုနှင့် ကျိုးနွံမှုကို ရုပ်သံမှ ပြသခြင်းသည် သူက ထိပ်ဆုံးသူဖြစ်ကြောင်း အထင်အရှား ပြသနေသည်။

သို့သော် ပူတင်အတွက် ကံဆိုးသည်မှာ သူ၏ အထီးကျန်ခြင်းနှင့် သဘောထားကွဲလွဲသည့် အကြံပေး မရှိခြင်းကြောင့် ကြီးမားသည့် သေနင်္ဂဗျူဟာ အမှားကို ကျူးလွန်စေခြင်းဖြစ်သည်။ ၁၉၉၁ ခုနှစ်မှ စတင်ပြီး ယူကရိန်းသည် ပြောင်းလဲသွားသည်။ လွန်ခဲ့သော ဆယ်စုနှစ် ၂ ခုအတွင်း ၂၀၀၅ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်များတွင် လူထုလှုပ်ရှားမှုများက မဲလိမ်ရန်ကြိုးစားသည့် ရုရှား ကျောထောက်နောက်ခံပြု ခေါင်းဆောင်များကို နှစ်ကြိမ်တိုင် ဖယ်ရှားခဲ့သည်။

၂၀၁၉ ခုနှစ်တွင် ဗိုလိုဒီမာ ဇလန်းစကီးကို သမ္မတအဖြစ် ရွေးချယ် တင်မြောက်လိုက်ခြင်းသည် အကျင့်ပျက် ခြစားပြီး ပဒေသရာဇ်ဆန်သည့် ခေါင်းဆောင်များ ရာထူးဆက်ခံခြင်းကို ကန့်လန့်ကာ ချလိုက်ခြင်းပင်ဖြစ်သည်။ ယခုအခါ သူသည် စစ်အတွင်းခေါင်းဆောင်တဦးအဖြစ် သူ၏ စွမ်းရည်နှင့် ပြတ်သားမှုကို ပြသနေပြီး ယူကရိန်း နိုင်ငံတဝှမ်း သတ္တိနှင့် ညီညွတ်မှုကို ဖြစ်ပေါ်စေသည်။

စစ်က မည်သည့်လမ်းကြောင်းသို့ ဦးတည်နေသည်ဖြစ်စေ သမ္မတ ပူတင် အနိုင်မရနိုင်ပေ။ အနည်းဆုံး မြောက်ပိုင်း ဒေသများတွင် စစ်ပွဲသည် ရုရှားက စီစဉ်ထားသည့်အတိုင်း လုံးဝမဖြစ်ပေ။

သမ္မတ ပူတင်နှင့် ရုရှားသည် ခုခံမှုများကို အပြင်းအထန်ချေမှုန်းပြီး အရပ်သားများကို အကြီးအကျယ် သေဆုံးစေကာ စစ်ရေးအရ တစိတ်တပိုင်းအားဖြင့် နိုင်ကောင်း နိုင်နိုင်သော်လည်း နိုင်ငံရေးနှင့် စီးပွားရေးအရ ဘဝပျက်အောင် ရှုံးနိမ့်မည်ဖြစ်သည်။

၎င်းတို့နှစ်ဦးစလုံးသည် ယခုအခါ အကြီးအကျယ် အတွက်အချက်မှားခြင်း၏ ကြီးမားလှသော တန်ဖိုးကို ပေးဆပ်နေရသည်။ သို့သော် အမှန်တကယ်တွင် ထိုသို့သောတန်ဖိုးကို ပေးဆပ်ရသူများမှာ သာမန် ပြည်သူများသာ ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် သမ္မတ ပူတင်အတွက် ကောင်းမွန်သော ရွေးချယ်စရာ မရှိပေ။ နှစ်ဦးစလုံးသည် ၎င်းတို့ မလေးစားသလို နားလည်း မလည်နိုင်သော အတိုက်အခံများနှင့် ပဋိပက္ခအတွင်းသို့ မှားယွင်း ရောက်ရှိလာကြသည်။ ၎င်းတို့နှစ်ဦးစလုံးသည် ယခုအခါ အကြီးအကျယ် အတွက်အချက်မှားခြင်း၏ ကြီးမားလှသော တန်ဖိုးကို ပေးဆပ်နေရသည်။ သို့သော် အမှန်တကယ်တွင် ထိုသို့သောတန်ဖိုးကို ပေးဆပ်ရသူများမှာ သာမန် ပြည်သူများသာ ဖြစ်သည်။

ကမ္ဘာတဝှမ်းမှ ခေါင်းဆောင်များအတွက် သင်ခန်းစာမှာ ရှင်းလင်းလှသည်။ သဘောထားကွဲလွဲသော အကြံဉာဏ်ကို ဖိနှိပ်ခြင်းသည် ရေတိုအကျိုးသာရှိပြီး ရေရှည်တွင် ကပ်ဆိုးကျရောက်မည့် အမှားများကို ဖြစ်စေနိုင်သည်ဆိုသည့် သင်ခန်းစာသာ ဖြစ်သည်။

(The Strategist ပါ Adam Simpson ၏ Isolated leaders make terrible decisions: lessons from Russia and Myanmar ကို ဘာသာပြန် ဖော်ပြသည်။ Adam Simpson သည် တောင်ပိုင်း သြစတြေးလျ တက္ကသိုလ်၊ နိုင်ငံတကာ လေ့လာရေးဌာန ဝါရင့် ကထိကဖြစ်သည်။)

You may also like these stories:

ယူကရိန်း စစ်ပွဲမှ အမြတ်ထွက်ရန် တရုတ် မူချ

ယူကရိန်းကို အာရုံစိုက်လာသောကြောင့် မြန်မာအပေါ် အာရုံစိုက်မှုနည်းလာ

ရှုံးနေပြီးသော ပူတင်၏ ကျူးကျော်စစ်

မြန်မာတွင် မင်းအောင်လှိုင်၊ ရုရှားတွင် ပူတင်လို လူမျိုးတွေ ကျဆုံးရမည်

စစ်ကောင်စီ နိုင်ငံခြားရေး ဘက်မလိုက်မူဝါဒကို ပစ်ပယ်

Loading