လတ်တလော မြန်မာပြည်၏ စီးပွားရေးအကျပ်အတည်းသည် ဦးစွာအားဖြင့် ၂၀၂၀ ကိုဗစ်ကာလက အစပြုသည်။ ကိုဗစ်ကူးစက်ရောဂါကြောင့် တိုင်းပြည်အသီးသီးသည် ကူးစက်ရောဂါ မပြန့်ပွားရေး တနိုင်ငံနှင့်တနိုင်ငံ အသွားအလာ၊ အကူးအသန်းကို ကန့်သတ်ဖြတ်တောက်မှုများ ပြုလုပ်ကြရာမှ စီးပွားရေးကို လာရောက်ထိခိုက်ရာ အခြားနိုင်ငံများနည်းတူ မြန်မာပြည်စီးပွားရေးလည်း ထိခိုက်တော့၏။
နိုင်ငံရပ်ခြား ကုန်သွယ်ရေးလုပ်ငန်းများ စတင်ထိခိုက်သည်။ နိုင်ငံရပ်ခြားမှ ကုန်ကြမ်းတင်သွင်း၍ ထုတ်လုပ်ပြီး ပြည်ပသို့ တင်ပို့သည့် စက်ရုံ၊ အလုပ်ရုံများ စတင်ထိခိုက်၏။ ပြည်ပခရီးသွားများ ဝင်ရောက်မှု ကန့်သတ်ရသဖြင့် ဟိုတယ်ခရီးသွားလာရေး လုပ်ငန်းများ စတင်ထိခိုက်သည်။ ပြည်တွင်းတွင်လည်း ကိုဗစ်ကာလ စည်းကမ်း သတ်မှတ်ချက်များ ပြုလုပ်ရသဖြင့် စားသောက်ဆိုင်လုပ်ငန်းများ၊ သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ ထိခိုက်၏။ ကျောင်းများပိတ်ရသဖြင့် ပညာရေးနှင့် ပတ်သက်သည့် ဝန်ဆောင်မှုလုပ်ငန်းများ ထိခိုက်လာ၏။ တိုင်းပြည်၏ ထုတ်လုပ်မှုတန်ဖိုး လျော့ကျလာသည်။ တဦးချင်း ဝင်ငွေလျော့ကျလာသည်။ တဖက်တွင် ကိုဗစ်ကြောင့် ကာကွယ်၊ ကုသစရိတ်များ တိုးလာသည်။
၂၀၂၀ ကိုဗစ်ကာလအတွင်း ကျဆင်းနေသော မြန်မာ့စီးပွားရေးကို ပြန်လည်ဆွဲမတင်နိုင်မီ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်တပ်အာဏာသိမ်းမှု ပေါ်လာ၏။ အာဏာသိမ်းမှုသည် ကိုဗစ်ကာလအလွန် စီးပွားရေး ဦးမော့ရန် အားယူ ပြင်ဆင်နေသော အခြေအနေအား ပြင်းထန်စွာ ထိုးနှက်ခဲ့သည်။ စစ်အာဏာသိမ်းမှု၏ အကျိုးဆက်အဖြစ် နိုင်ငံတကာမှ ပိတ်ဆို့မှုများ ချမှတ်လာသည်။ နိုင်ငံတကာအရင်းအနှီးများ ပြန်လည်ထွက်ခွာသွားကြ၏။ ပေါ်လစီအရ စွန့်ခွာသူများ ရှိသကဲ့သို့ မြန်မာပြည် နိုင်ငံရေးအခြေအနေ မတည်ငြိမ်မှုမှသည် လူ့အဖွဲ့အစည်း မတည်ငြိမ်မှု၊ မလုံခြုံမှုတို့ကြောင့် နိုင်ငံတကာ အရင်းအနှီးများ ထွက်ခွာကြသည်။
အာဏာသိမ်းမှုသည် ကိုဗစ်ကာလအလွန် စီးပွားရေး ဦးမော့ရန် အားယူ ပြင်ဆင်နေသော အခြေအနေအား ပြင်းထန်စွာ ထိုးနှက်ခဲ့သည်။ စစ်အာဏာသိမ်းမှု၏ အကျိုးဆက်အဖြစ် နိုင်ငံတကာမှ ပိတ်ဆို့မှုများ ချမှတ်လာသည်။ နိုင်ငံတကာအရင်းအနှီးများ ပြန်လည်ထွက်ခွာသွားကြ၏။
မြန်မာနိုင်ငံ စက်မှုဇုန်အသီးသီးမှ စက်ရုံပေါင်း ၄၀၀ ကျော် ပိတ်သိမ်းရပြီး အလုပ်လက်မဲ့လူဦးရေ သိန်းချီ ထွက်ပေါ်လာသည်။ ထို့အပြင် နိုင်ငံရပ်ခြားအရင်းအနှီးများ အလုံးအရင်းနှင့် ဝင်လာမည့် အခြေအနေလည်း ရပ်တန့်သွားတော့၏။ ၂၀၂၁ ခုနှစ်အတွင်း စစ်ကောင်စီမှ မီးလင်းချိုင်စီမံကိန်းအပါ ပြည်ပရင်းနှီးမြှုုပ်နှံမှုများ တက်သုတ်ရိုက်ခွင့်ပြုပေးခြင်း၊ ကျောက်ဖြူ အထူးစီးပွားရေးဇုန်ကို ဆက်လက်အကောင်အထည်ဖော်ရန် ပြင်ဆင်ခြင်း၊ ရန်ကုန်မြို့သစ်စီမံကိန်းအား ဆက်လက် အကောင်အထည်ဖော်ရန် လုပ်ဆောင်ခြင်းများ ပြုလုပ်ခဲ့သော်လည်း လက်တွေ့တွင် သိသာသည့် ရင်းနှီးမြှုုပ်နှံမှုများ ဝင်မလာဘဲ၊ နေရာဦး၍ ဖျာခင်းထားသည့် အဆင့်တွင်သာ ရှိနေသည်ကို တွေ့ရ၏။ တရုတ်၊ စင်ကာပူ ရင်းနှီးမြှုုပ်နှံမှုများပင် ဝင်မလာသည့် အခြေအနေတွင် ပိတ်ဆို့ဒဏ်ခတ်မှုများ ပြုထားသည့် အနောက်တိုင်း ရင်းနှီးမြှုုပ်နှံမှုများက ဝင်လာစရာ အခြေအနေမရှိပေ။ ထို့အပြင် မြန်မာစစ်ကောင်စီနှင့် ဆက်ဆံရေးကောင်းနေသော ရုရှားသည်လည်း ယူကရိန်းစစ်ပွဲတွင် စီးပွားရေးအရ ကြီးစွာ ကန့်သတ်ပိတ်ဆို့ခံရပြီး ထိခိုက်နေရာ မြန်မာပြည်တွင် ရင်းနှီးမြှုုပ်နှံမှု ကြီးကြီးမားမား လုပ်နိုင်ဖွယ်မရှိပေ။

စစ်တပ်အာဏာသိမ်းပြီးသည်မှ စ၍ ဖြစ်ပေါ်လာသော အကျပ်အတည်းတခုမှာ ဘဏ်စနစ်အားပျော့သွားခြင်း ဖြစ်သည်။ အပ်နှံငွေများ ထုတ်ယူမရတော့။ အေတီအမ် ငွေထုတ်စက်များလည်း တဖြည်းဖြည်း လုံးဝရပ်တန့်သွားသည်။ ရာခိုင်နှုန်းဖြင့် ငွေထုတ်ရသည့် အခြေအနေပေါ်လာသည်။ ဘဏ်စနစ်နှင့် မြန်မာကျပ်ငွေအပေါ် လူထု ယုံကြည်မှုကျဆင်းပြီး အာဏာသိမ်းပြီး တနှစ်မပြည့်မီပင် မြန်မာကျပ်ငွေတန်ဖိုး ၅၀ ရာခိုင်နှုန်း ကျဆင်းသွားသည်။ ကုန်ဈေးနှုန်းများလည်း တက်လာသည်။ မြန်မာ ငွေကြေးဖောင်းပွမှုသည် စီးပွားရေးကို လာရောက်ထိခိုက်လာသည်။ ကုန်ဈေးနှုန်းများ တက်လာ၏။
ဆောက်လုပ်ရေး ပစ္စည်းများဖြစ်သည့် ဘိလပ်မြေ၊ သံချောင်းတို့ ဈေး နှစ်ဆသုံးဆခန့် တက်လာရာ ကိုဗစ်အလွန် ပြန်လည်နလံထူမည့် ဆောက်လုပ်ရေး နယ်ပယ်အားလည်း ထိခိုက်သည်။ ဆောက်လုပ်ရေး လုပ်ငန်းရှင်အသင်းမှ တာဝန်ရှိသူတဦး၏ အဆိုအရ လက်ရှိတွင် ဆောက်လုပ်ရေး လုပ်ငန်းအားလုံး၏ ၆၀ ရာခိုင်နှုန်းသာ ပြန်လည်ပတ်နိုင်သေး၏။ ထိုလည်ပတ်နိုင်သည့် လုပ်ငန်းများလည်း ယခင်ကဲ့သို့ အပြည့်အဝ မလည်ပတ်နိုင်သေးဘဲ၊ ၁၀ ရာခိုင်နှုန်းခန့်သာ ပြန်လည်လည်ပတ်နိုင်သည်ဟု ဆိုပါသည်။ ဆောက်လုပ်ရေး လုပ်ငန်းခွင်အများစု ရပ်တန့်ထားရရာ အလုပ်အကိုင်အခွင့်အလမ်း တသန်းကျော်နှင့် လည်ပတ်နေသည့် မြန်မာ့ ဆောက်လုပ်ရေး လုပ်ငန်းခွင်မှလည်း အလုပ်လက်မဲ့များ ထွက်ပေါ်လာနေ၏။
သဘာဝဓာတ်ငွေ့ရည်ဈေး မြင့်လာသဖြင့် ၎င်းအား အသုံးပြု၍ လျှပ်စစ်ထုတ်လုပ်ခြင်းကို ရပ်တန့်လိုက်ရရာ မြန်မာနိုင်ငံတဝှမ်းလုံး လျှပ်စစ်ဓာတ်အား မလုံလောက်မှုနှင့် ရင်ဆိုင်ရတော့သည်။ အလှည့်ကျ မီးပေးစနစ်ဖြစ်လာ၏။
၂၀၂၂ တွင် ရုရှား – ယူကရိန်းစစ်ပွဲကြောင့် ကမ္ဘာ့ဈေးကွက် လှုပ်ခတ်ရာ ရွှေဈေး၊ ရေနံစိမ်းဈေးများ တက်လာသည်။ ထို့ကြောင့် မြန်မာငွေကြေးဖောင်းပွမှုကို လျှော့ချရန် ကြိုးစားမှုများ အရာမထင်နိုင်တော့ပေ။ သဘာဝဓာတ်ငွေ့ရည်ဈေး မြင့်လာသဖြင့် ၎င်းအား အသုံးပြု၍ လျှပ်စစ်ထုတ်လုပ်ခြင်းကို ရပ်တန့်လိုက်ရရာ မြန်မာနိုင်ငံတဝှမ်းလုံး လျှပ်စစ်ဓာတ်အား မလုံလောက်မှုနှင့် ရင်ဆိုင်ရတော့သည်။ အလှည့်ကျ မီးပေးစနစ်ဖြစ်လာ၏။

လျှပ်စစ်မီးအသုံးပြုရသည့် စီးပွားရေးလုပ်ငန်းများ ထိခိုက်သည်။ မီးစက်ဖြင့် အသုံးပြုပါကလည်း လောင်စာဆီဈေး မြင့်သောကြောင့် တွက်ချေမကိုက်၍ တချို့လုပ်ငန်းများ ရပ်တန့်ရ၏။ မဖြစ်မနေ မီးစက်အသုံးပြုသည့် လုပ်ငန်းများမှာလည်း ကုန်ဈေးနှုန်းတက်လာသည်။ လောင်စာဆီဈေးနှုန်း မြင့်တက်မှုကြောင့် သယ်ယူပို့ဆောင် စရိတ်များတက်လာပြီး ကုန်ဈေးနှုန်းများလည်း မြင့်တက်လာသည်။ ရုရှား-ယူကရိန်း စစ်ပွဲသည် အချိန်တိုတွင်းမပြီးနိုင်သကဲ့သို့ စစ်ပွဲ၏သက်ရောက်မှုသည် အချိန်ကာလ တခုအထိ သက်ရောက်မှုရှိမည် ဖြစ်ရာ ထိုဒဏ်ကို အတန်ကြာ ခံစားရနိုင်သည်။ လောင်စာဆီ ဈေးတက်မှုကို တိုင်းပြည်ဘက်ဂျက်ဖြင့် ဖာထေးနိုင်သည့် အခြေအနေလည်းမရှိရာ ကုန်ဈေးနှုန်း မြင့်တက်မှုနှင့် အလုပ်လက်မဲ့ ပြဿနာသည် မရှောင်မလွှဲသာသည့် အခြေအနေဖြစ်နေသည်။
ထို့အပြင် မြန်မာ့ကုန်သွယ်ရေးတွင် အရေးပါသည့် နှစ်စဉ် ဒေါ်လာ သန်း ၅၀၀၀ အထက် ကုန်သွယ်မှုရှိသည့် မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှုကို ဖွင့်လှစ်နိုင်ရန် ၂၀၂၁/၂၀၂၂ ခုနှစ်များတွင် ကြိုးစားနေခဲ့ကြသော်လည်း ယနေ့တိုင် ပုံမှန်အခြေအနေသို့ ပြန်မရောက်နိုင်သေး။ အချိန်ကြာမြင့်ခြင်း၊ ကုန်သွယ်မှုစရိတ်များ မြင့်မားခြင်း၊ ကုန်စိမ်းများ ပုတ်သိုး၍ ဆုံးရှုံးခြင်းများ ကြုံတွေ့နေရသည်။
တိုင်းပြည်ဘဏ္ဍာငွေကြေးများကို စစ်စရိတ်ထဲ နှစ်ဖက် ထည့်နေရ၏။ သို့ဖြစ်ရာ စစ်စရိတ်ကြောင့် တိုင်းပြည် ဘဏ္ဍာရေးအခြေအနေ ပို၍ ကျပ်တည်းလာနေသည်။ ထို့အပြင် စစ်ပွဲကြောင့် အိုးအိမ်နှင့် ပိုင်ဆိုင်မှု ဆုံးရှုံးခြင်းများ တစတစ များပြားလာရာ တိုင်းပြည် ဘဏ္ဍာရေး အရင်းအမြစ်များကို ထိခိုက်လာစေ၏။
မြန်မာပြည်စီးပွားရေးကို ထပ်မံအကျပ်ရိုက်စေသည်က စစ်စရိတ်ဝန်ထုပ်ဝန်ပိုးဖြစ်သည်။ ၂၀၂၁ စစ်တပ်အာဏာ သိမ်းပြီးနောက် တကျော့ပြန် ပြန်လည်အားကောင်းလာသော ပြည်တွင်းစစ်သည် အရှိန်အဟုန်မြင့်လာ၏။ စစ်သည် ၅ သိန်းခန့်ရှိသည်ဆိုသည့် မြန်မာစစ်တပ်သည် နိုင်ငံအနှံ့တွင် စစ်ဆင်ရေးများ ပြုလုပ်နေရသည်။ လက်နက်ကြီးပစ်ကူများကို တလဟောသုံးနေရ၏။ လေကြောင်းပစ်ကူ၊ လေကြောင်းထောက်ပို့၊ လေ ကြောင်းချီ စစ်ဆင်ရေးများ ပြုလုပ်နေသည်။ သံချပ်ကာ ကားများကို စစ်ဆင်ရေးတွင် အသုံးပြုလာ၏။ သို့ဖြစ်ရာ မြန်မာစစ်တပ်၏ စစ်ဆင်ရေး အသုံးစရိတ် များပြားမြင့်တက်လာသည်။
တဖက်ကလည်း မူလက တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့များ၏ အင်အားမှာ တသိန်းကျော်ရှိရာမှ ယခု PDF အပါ ခုခံကာကွယ်သည့် အင်အားစုများ တိုးပွားလာပြီးနောက် ၂ သိန်းကျော်အထိ အင်အားတိုးလာသည်။ သူတို့၏ စစ်အသုံးစရိတ်သည်လည်း မနည်းလှပေ။ တိုင်းပြည်ဘဏ္ဍာငွေကြေးများကို စစ်စရိတ်ထဲ နှစ်ဖက် ထည့်နေရ၏။ သို့ဖြစ်ရာ စစ်စရိတ်ကြောင့် တိုင်းပြည် ဘဏ္ဍာရေးအခြေအနေ ပို၍ ကျပ်တည်းလာနေသည်။ ထို့အပြင် စစ်ပွဲကြောင့် အိုးအိမ်နှင့် ပိုင်ဆိုင်မှု ဆုံးရှုံးခြင်းများ တစတစ များပြားလာရာ တိုင်းပြည် ဘဏ္ဍာရေး အရင်းအမြစ်များကို ထိခိုက်လာစေ၏။ စစ်စရိတ်နှင့်ပိနေသော တိုင်းပြည်တပြည်အဖို့ စီးပွားရေး ဆိုးဆိုးရွားရွား ထိခိုက်လာသည်ကို ရှောင်လွှဲနိုင်မည်မဟုတ်ပေ။
ဤသို့ မြန်မာပြည်တွင်း၌ တည်ငြိမ်မှုမရှိခြင်း၊ ငွေကြေးဖောင်းပွခြင်း၊ ဘဏ်စနစ်မှန်တမ်းကျသည့် အခြေအနေတွင် မရှိခြင်း၊ လျှပ်စစ်စွမ်းအင် မလုံလောက်ခြင်း၊ လောင်စာဆီဈေး မြင့်တက်ခြင်း၊ သွင်းကုန်ပစ္စည်းများ ကန့်သတ်ခံရခြင်း၊ နယ်စပ်ကုန်သွယ်ရေးများ ပုံမှန်ပြန်လည် မလည်ပတ်နိုင်ခြင်းတို့ အောက်တွင် မြန်မာပြည်ရှိ အလယ်အလတ်လုပ်ငန်းရှင်များ၊ ပညာရှင်များသည် တိုင်းပြည်ကို စွန့်ခွာ၍ ပြည်ပသို့ပြောင်းရွှေ့ ရင်းနှီးမြှုုပ်နှံရန် စဉ်းစားလာကြသည်။ ဒေသတွင်း ထိုင်းနိုင်ငံ၊ စင်ကာပူနိုင်ငံများမှသည် အနောက်နိုင်ငံများဆီသို့ပင် ခြေဆန့်နေကြ၏။

အိမ်နီးချင်းထိုင်းနိုင်ငံသည် ဤအခြေအနေကို ကောင်းစွာ သဘောပေါက်သည့် နိုင်ငံဖြစ်ရာ မြန်မာပြည်မှ ငွေကြေးတစုံတရာ ချမ်းသာကြွယ်ဝသူများကို ဆွဲဆောင်ရန် ထိုင်းနိုင်ငံ နေထိုင်ခွင့် ဗီဇာများကို လွယ်ကူအောင်ပြင်ဆင်ခြင်း၊ ပြည်ပလုပ်ငန်းရှင်များ ထိုင်းနိုင်ငံတွင်း ကုမ္ပဏီ ထူထောင်ခွင့်ပေးခြင်း၊ ဘဏ်ငွေစာရင်း ဖွင့်ခွင့်ပေးခြင်း၊ ကွန်ဒိုတိုက်ခန်းများကို အရစ်ကျဖြင့် ဝယ်ယူခွင့်ပေးခြင်း၊ မူကြိုမှသည် တက္ကသိုလ်အထိ ကျောင်းနေခွင့်ပေးခြင်း၊ ကလေးငယ်များ ကျောင်းထားပါက မိဘတဦး နေထိုင်ခွင့်ပေးခြင်း စသဖြင့် ခွင့်ပြုပေးနေသည်။ ထို့အပြင် ပညာတတ်များအားလည်း ဖိတ်ခေါ်နေ၏။ သို့ဖြစ်ရာ ယခင်အခါက ထိုင်းနိုင်ငံသို့ မြန်မာနိုင်ငံမှ အောက်ခြေအလုပ်သမားများ ဝင်ရောက်လာသည့် အခြေအနေမှ ယခုအခါ မြန်မာပြည်မှ လူဂုဏ်တန် ကြေးရေတတ်များ ဝင်ရောက်လာသည့်ကာလ ဖြစ်လာသည်။
မြန်မာစစ်တပ်၏ စီးပွားရေးလုပ်ငန်းအဖြစ် တည်ဆောက်ခဲ့ပြီး အရှုံးပေါ်သဖြင့် အစိုးရ စက်မှုဝန်ကြီးဌာနသို့ လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်သည်။ ထိုစက်ရုံများကို ပြန်လည်လည်ပတ်ပါက အရှုံးပေါ်ဦးမည်ဖြစ်ရာ တိုင်းပြည်စီးပွားရေး ထိခိုက်ဦးမည်ဖြစ်သည်။
အဆိုပါ နိုင်ငံရပ်ခြားသို့ ပြောင်းရွှေ့ရင်းနှီးမြှုုပ်နှံကြမှုနှင့်အတူ တိုင်းပြည်၏ ဘဏ္ဍာအရင်းအမြစ်များ ပြည်ပသို့ စီးမျောသွားသည်။ မြန်မာပြည်အား စွန့်ခွာသွားသော အဆိုပါ လုပ်ငန်းရှင် ကြေးရေတတ်များသည် ပြည်တွင်း၌ အလုပ်သမား ၅၀၊ ၁၀၀ မှသည် အလုပ်သမားများစွာ ခန့်ထား၍ အလုပ်အကိုင် ပေးနိုင်သူများဖြစ်ရာ သူတို့ထွက်ခွာသည်နှင့် ပြည်တွင်း၌ အလုပ်လက်မဲ့ဦးရေ ပိုတိုးလာတော့၏။ ဤသည်မှာလည်း မြန်မာ့စီးပွားရေးအတွက် ထိုးနှက်ချက်တခု ဖြစ်တော့သည်။
ထို့အပြင် လက်ရှိစစ်ကောင်စီ၏ စီးပွားရေးဆိုင်ရာ စီမံခန့်ခွဲမှုအလွဲများကို တွေ့နေရသည်။ ၎င်းမှာ ယခင် နအဖ ခေတ်က တည်ဆောက်ထားပြီးခဲ့ပြီး လည်ပတ်ပါက အရှုံးပေါ်နေသည့် စက်ရုံများကို ပြန်လည်လည်ပတ်ရန် စီစဉ်နေခြင်း ဖြစ်၏။ မြင်းခြံ သံမဏိစက်ရုံ၊ ပင်းပက်သံမဏိစက်ရုံ၊ တောင်သာ စွပ်ကျယ်စက်၊ သာပေါင်း စက္ကူစက်ရုံ စသည့် စက်ရုံများကို နအဖ ခေတ်က သေချာစွာတွက်ချက်ခြင်းမပြုဘဲ၊ တည်ဆောက် လည်ပတ်ခဲ့ကြသည်။ ထိုစက်ရုံများ လည်ပတ်ပါက အရှုံးပေါ်နေ၍ နောက်အစိုးရများ ခေတ်တွင် ရပ်တန့်ထားခဲ့ ရသည်။ မြင်းခြံသံမဏိစက်ရုံဆိုလျှင် ဦးစွာအားဖြင့် မြန်မာစစ်တပ်၏ စီးပွားရေးလုပ်ငန်းအဖြစ် တည်ဆောက်ခဲ့ပြီး အရှုံးပေါ်သဖြင့် အစိုးရ စက်မှုဝန်ကြီးဌာနသို့ လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်သည်။ ထိုစက်ရုံများကို ပြန်လည်လည်ပတ်ပါက အရှုံးပေါ်ဦးမည်ဖြစ်ရာ တိုင်းပြည်စီးပွားရေး ထိခိုက်ဦးမည်ဖြစ်သည်။

၂၀၂၂ မတ်လ ၂၇ ရက်နေ့ စစ်တပ်အခမ်းအနားတွင် မြန်မာစစ်ခေါင်းဆောင်က မြန်မာပြည်တွင်းရှိ အကြမ်းဖက် အဖွဲ့အစည်းများနှင့် ၎င်းတို့ကို ထောက်ခံနေသည့် အဖွဲ့အစည်းများအား တွေ့ဆုံဆွေးနွေးမည် မဟုတ်ဘဲ၊ နှိမ်နင်းသွားမည်ဟု ဆိုခဲ့၏။ သို့ဖြစ်ရာ မြန်မာပြည်တွင်း၌ ပြည်တွင်းစစ်သည် ဆက်လက်ပြင်းထန်ပြီး မတည်မငြိမ် ဆက်လက်ဖြစ်ပွားနေမည် ဖြစ်သကဲ့သို့ စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်မှုများမှာလည်း ဆက်လက် မြင့်နေဦးမည်ဖြစ်၏။ မြန်မာပြည်တွင်း ကုန်ဈေးနှုန်းကြီးမြင့်မှု၊ အလုပ်လက်မဲ့ တိုးပွားမှုစသည့် စီးပွားရေး အကြပ်အတည်းများ ဆက်လက်ဖြစ်ပွားနေမည် ဖြစ်သကဲ့သို့ ရာဇဝတ်မှုများလည်း ဆက်လက်တိုးပွားနေမည် ဖြစ်သည်။ သို့ဖြစ်ရာ လုပ်ငန်းရှင်များ၊ စီးပွားရေး ကျွမ်းကျင်သူများက မြန်မာပြည်စီးပွားရေးသည် ၂၀၂၂ နှစ်ကုန်ခန့်တွင် ဆိုးဆိုးရွားရွား ထိခိုက်လာဖွယ်ရှိသည်ဟု သုံးသပ်ကြ၏။
လုပ်ငန်းရှင်များ၊ စီးပွားရေး ကျွမ်းကျင်သူများက မြန်မာပြည်စီးပွားရေးသည် ၂၀၂၂ နှစ်ကုန်ခန့်တွင် ဆိုးဆိုးရွားရွား ထိခိုက်လာဖွယ်ရှိသည်ဟု သုံးသပ်ကြ၏။
နိုင်ငံတနိုင်ငံ၏ အခြေခံအုတ်မြစ်သည် စီးပွားရေးအုတ်မြစ်ဖြစ်သည်။ နိုင်ငံရေးဆိုသည်က အပေါ်ယံ အဆောက်အအုံ ဖြစ်သည်။ စီးပွားရေး အကျပ်အတည်းနှင့် ပြိုလဲမှုသည် နိုင်ငံရေး အဆောက်အအုံအပေါ် ပြင်းထန်သည့် သက်ရောက်မှုရှိသည်။ ၂၆ နှစ်သက်တမ်းရှိခဲ့သော မဆလ နိုင်ငံရေးအဆောက်အအုံ ပြိုလဲသွားခြင်းသည် စစ်ရှုံး၍မဟုတ်၊ လူထုအုံကြွမှုကြောင့်သာမက၊ စီးပွားရေး အကျပ်အတည်းတွေ့ကြုံပြီး စီးပွားရေး ပြိုလဲသွား၍ ဖြစ်၏။ ထို့အတူ ၁၉၉၂ ခုနှစ်၌ သက်တမ်း နှစ် ၇၀ ရှိ ဆိုဗီယက်ယူနီယံ ပြိုကွဲခြင်းသည်လည်း စစ်ရှုံး၍မဟုတ်၊ စီးပွားရေး အကျပ်အတည်းကြုံရပြီး စီးပွားရေး ပြိုလဲသွား၍ ဖြစ်သည်။
သို့ဖြစ်ရာ ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းတွင် တစတစ ပိုမိုဆိုးရွားလာဖွယ်ရှိသည့် မြန်မာ့စီးပွားရေး အကျပ်အတည်းသည် မြန်မာ့နိုင်ငံရေးကို ပြင်းထန်စွာ သက်ရောက်မည်ဆိုသည်ကတော့ ရှောင်လွှဲ၍မရသည့် အချက်ဖြစ်၏။
(ဗညားအောင်သည် နိုင်ငံရေးနှင့် တိုင်းရင်းသားရေးရာများဆိုင်ရာ သုတေသီတဦးဖြစ်သည်။)
You may also like these stories:
တကျော့ပြန် ပြည်တွင်းစစ်နှင့် မြန်မာစစ်တပ်
စစ်ကောင်စီကို နိုင်ငံရေးနည်းလမ်းနဲ့ တွေ့ဆုံဆွေးနွေးရေးတဲ့လား
ရုရှားစစ်ပွဲက စစ်ကောင်စီ လက်နက်ရှာရ ခက်အောင်ဖန်
မြန်မာစစ်တပ် ဖျက်အားပြင်း ပဲ့ထိန်းဒုံး ထုတ်ဖို့ ကြိုးစားခဲ့သလား
မြန်မာစစ်တပ် တိုက်ခိုက်ရေးစွမ်းရည် ကျနေပြီ