၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းမှု၏ နောက်ဆက်တွဲ လက်နက်ကိုင် ပဋိပက္ခပြီးဆုံးသွားလျှင် မည်သူက အနိုင်ရသည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ ပဋိပက္ခအတွင်း နှစ်ဖက်စလုံးမှ ကျူးလွန်ခဲ့သော လူ့အခွင့်အရေး ချိုးဖောက်မှုများကို သေချာပေါက် တမျိုးတဖုံ ဖြေရှင်းရမည်ဖြစ်သည်။
မည်သို့မည်ပုံ ဖြေရှင်းမည်ကို တိကျစွာ မသိနိုင်သေးသော်လည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ဖြေရှင်းပုံနှင့် စစ်ကောင်စီ၏ ဖြေရှင်းပုံသည် လုံးဝ ကွာခြားလိမ့်မည်ဟု ယူဆနိုင်မည်။
အမျိုးသားညီညွတ်ရေးအစိုးရ (သို့မဟုတ်) နွေဦးတော်လှန်ရေး အောင်ပွဲအပြီး လူထုဆန္ဒနှင့်အညီ အသစ်ဖွဲ့စည်းသော အစိုးရသည် လူထုအစိုးရဖြစ်သည်နှင့်အညီ ပဋိပက္ခအတွင်း ကျူးလွန်ခဲ့ကြသော လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကိုင်တွယ်ဖြေရှင်းရာတွင် စစ်ကောင်စီထက် တရားမျှတမှုနှင့် ပွင့်လင်းမြင်သာမှု ပို၍ရှိမည်ဟု အခြေခံအားဖြင့် ယူဆနိုင်ပါသည်။
အမျိုးသားညီညွတ်ရေးအစိုးရ (သို့မဟုတ်) နွေဦးတော်လှန်ရေး အောင်ပွဲအပြီး လူထုဆန္ဒနှင့်အညီ အသစ်ဖွဲ့စည်းသော အစိုးရသည် လူထုအစိုးရဖြစ်သည်နှင့်အညီ ပဋိပက္ခအတွင်း ကျူးလွန်ခဲ့ကြသော လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကိုင်တွယ်ဖြေရှင်းရာတွင် စစ်ကောင်စီထက် တရားမျှတမှုနှင့် ပွင့်လင်းမြင်သာမှု ပို၍ရှိမည်ဟု အခြေခံအားဖြင့် ယူဆနိုင်ပါသည်။
ဤကိစ္စကို ဖြေရှင်းရာတွင် အမျိုးသားညီညွတ်ရေးအစိုးရသည် တောင်အာဖရိကနိုင်ငံတွင် ကျင့်သုံးခဲ့သည့် “Truth and Reconciliation” ခေါ် အမှန်တရားနှင့် ပြန်လည်သင့်မြတ်ရေး အစီအစဉ်ကဲ့သို့သော နည်းလမ်းတခုခုကို ဖန်တီးပြီး လူ့အခွင့်အရေးနှင့် စစ်ရာဇဝတ်မှုများ ကျူးလွန်မှုတွင် ပါဝင်ပတ်သက်ကြသည့် သက်ဆိုင်ရာ ပုဂ္ဂိုလ်များကိုယ်တိုင် အများပြည်သူ ရှေ့မှောက်တွင် လာရောက်အစစ်ဆေးခံကာ အပြစ်ကို ဝန်ချတောင်းပန်လျှင် လွတ်ငြိမ်းချမ်းသာခွင့်၊ သက်ညှာခွင့် ရရှိနိုင်ခြင်းနှင့် လာရောက်အစစ်ဆေး မခံလျှင် ထိုက်တန်သည့် အပြစ်ပေးမှုကို ခံရနိုင်မည့် အစီအစဉ်မျိုး ရှိလာနိုင်ပါသည်။
သို့သော် နွေဦးတော်လှန်ရေး အရေးနိမ့်ပြီး စစ်ကောင်စီက ဆက်လက် အုပ်ချုပ်ခွင့်ရရှိခဲ့မည်ဆိုလျှင် ပဋိပက္ခအတွင်း ကျူးလွန်ခဲ့သော လူ့အခွင့်အရေး ချိုးဖောက်မှုနှင့် စစ်ရာဇဝတ်မှုများအတွက် ကိုင်တွယ်ဖြေရှင်းရာတွင် တရားမျှတမှုနှင့် ပွင့်လင်းမြင်သာမှု ရှိမည်ဟု မျှော်လင့်၍မရနိုင်ပါ။
ဤနေရာတွင် စစ်ကောင်စီကို ထောက်ခံသူများက “မိမိတို့နိုင်ပြီပဲ၊ ဘာဖြေရှင်းစရာ လိုသလဲ” ဆိုပြီး မေးခွန်းထုတ်စရာ ရှိနိုင်ပါသည်။ အတိုချုံးဖြေရလျှင် ဖြေရှင်းဖို့ လိုပါသည်။ ဘာကြောင့်လဲဆိုလျှင် စစ်ကောင်စီသည် ပြည်သူ့ရှေ့မှောက်တွင် သော်လည်းကောင်း၊ နိုင်ငံတကာတွင် သော်လည်းကောင်း နိုင်ငံရေးအရ တရားဝင်မှု (political legitimacy) မရှိခြင်းကြောင့် ဖြစ်သည်။
ထို့အပြင် အနောက်နိုင်ငံများ၏ စီးပွားရေးနှင့် နိုင်ငံရေးအရ စစ်ကောင်စီခေါင်းဆောင်များကို ပိတ်ဆို့ထားသည့်အတွက် ဖြစ်သည်။ ထို့ကြောင့် ပြည်တွင်းနှင့် ပြည်ပတွင် နိုင်ငံရေးအရ တရားဝင်မှု တစုံတရာ ရရှိနိုင်ရန်နှင့် စီးပွားရေး ပိတ်ဆို့မှုများကို ပြန်လည် ဖြေလျှော့ပေးရန်မျှော်ကိုးပြီး ပဋိပက္ခအတွင်း ကျူးလွန်ခဲ့သော လူ့အခွင့်အရေး ချိုးဖောက်မှုနှင့် စစ်ရာဇဝတ်မှုများကို ကိုင်တွယ်ဖြေရှင်းကြောင်း (အနိမ့်ဆုံး/အနည်းဆုံး) ပြသရန် ကြိုးစားလာနိုင်ပါသည်။
အများအမြင်တွင် ကြည့်ကောင်းအောင် စစ်ကောင်စီအနေဖြင့် လူပုဂ္ဂိုလ်အချို့ကို စတေးရမည်ဖြစ်သည်။ တနည်းအားဖြင့် စစ်ကောင်စီခေါင်းဆောင်ကြီးများ ကောင်းစားရေးအတွက် လက်အောက် ငယ်သားများအချို့သည် ပူဇော်သက္ကာရ (offering) အဖြစ် ယစ်ပူဇော် (Sacrifice) ပြုခြင်းခံရမည် ဖြစ်သည်။
ဤပြဿနာကို ဖြေရှင်းမည်ဆိုလျှင် အများအမြင်တွင် ကြည့်ကောင်းအောင် စစ်ကောင်စီအနေဖြင့် လူပုဂ္ဂိုလ်အချို့ကို စတေးရမည်ဖြစ်သည်။ တနည်းအားဖြင့် စစ်ကောင်စီခေါင်းဆောင်ကြီးများ ကောင်းစားရေးအတွက် လက်အောက် ငယ်သားများအချို့သည် ပူဇော်သက္ကာရ (offering) အဖြစ် ယစ်ပူဇော် (Sacrifice) ပြုခြင်းခံရမည် ဖြစ်သည်။ အရေးကြီး မေးခွန်းတခုမှာ စစ်ကောင်စီသည် မည်သူများကို ထိုးကြွေးလာနိုင်သလဲ ဆိုခြင်းဖြစ်သည်။
အဖြည့်ခံ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် ပျူစောထီး အင်အားစုများ
လူပုဂ္ဂိုလ်တဦးဦးကို ထိုးကြွေးစတေးနိုင်ရန် အပြစ်ရှိကြောင်း ဦးစွာအကြောင်းပြနိုင်ရမည် ဖြစ်သည်။ စစ်ကောင်စီ ခေါင်းဆောင်များသည် ပဋိပက္ခအတွင်း ကျူးလွန်ခဲ့သော လူ့အခွင့်အရေး ချိုးဖောက်မှုနှင့် စစ်ရာဇဝတ်မှုများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ပျူစောထီး အင်အားစုများကို စတေးခြင်းဖြင့် ဖြေရှင်းလာနိုင်သည်ကို အရိပ်အယောင်ပြသ နေပါပြီ။
သာဓကအားဖြင့် ၂၀၂၁ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့တွင် ကျင်းပသည့် “နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၆/၂၀၂၁)” တွင် ပြောကြားသည့် စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အမှာစကားတွင် အောက်ပါအတိုင်း ထည့်သွင်း ပြောကြားခဲ့သည်။

“ဒီမိုကရေစီကျင့်စဉ်နှင့်အညီ တတ်နိုင်သမျှ လူအင်အားအနည်းဆုံးဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို တာဝန်ပေး ဆောင်ရွက်ခဲ့ပြီး တပ်မတော်အနေဖြင့် လိုအပ်ချက်ရှိသည့် နေရာများတွင် ‘ရဲတပ်ဖွဲ့ဝင်များ၏ အနောက်မှနေ’ ၍ ကူညီဆောင်ရွက်ပေးခြင်းနှင့် အခက်အခဲ အတားအဆီးများအား ကူညီဖြေရှင်းဆောင်ရွက်ခြင်းများ ပြုလုပ်ပေးလျက်ရှိကြောင်း” ဟူ၍ဖြစ်သည်။
ဆိုလိုသည်မှာ ဆန္ဒပြပြည်သူများကို ပစ်သတ်ခြင်း၊ ဖမ်းဆီးညှဉ်းပမ်းနှိပ်စက်ခြင်း စသော လူ့အခွင့်အရေး ချိုးဖောက်မှုများသည် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ လုပ်ရပ်သာဖြစ်ကြောင်း၊ တပ်မတော်သည် ရဲတပ်ဖွဲ့ဝင်များ၏ အနောက်မှနေ၍ ကူညီဆောင်ရွက်ပေးသည့် အနေအထားမှာသာ ရှိသည့်အတွက် တပ်မတော်သည် အဓိကတာဝန်ရှိသူ မဟုတ်ကြောင်း ရည်ညွှန်းလိုသည့် သဘောသက်ရောက်နေသည်။
တနည်းအားဖြင့် တပ်မတော်တွင် အဓိက တာဝန်မရှိကြောင်း ခုခံငြင်းဆန်နိုင်အောင် ကြိုတင်၍ စကားလမ်းခင်းထားသည့် သဘောဖြစ်ပါသည်။
တနည်းအားဖြင့် တပ်မတော်တွင် အဓိက တာဝန်မရှိကြောင်း ခုခံငြင်းဆန်နိုင်အောင် ကြိုတင်၍ စကားလမ်းခင်းထားသည့် သဘောဖြစ်ပါသည်။
ထို့အပြင် ၂၀၂၂ ခုနှစ်၊ မတ်လ ၂၅ ရက်နေ့က အသစ်ပြဋ္ဌာန်းလိုက်သည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဥပဒေ၏ ပုဒ်မ ၁၇ (ဃ) အရ ရဲချုပ်၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များတွင် “ရဲတပ်ဖွဲ့အား တာဝန်ခံ ကြီးကြပ်အုပ်ချုပ်ခြင်း” ဟူ၍ ပါရှိသောကြောင့် ရဲတပ်ဖွဲ့ဝင်များ ကျူးလွန်သည့် တရားဥပဒေ ချိုးဖောက်မှုအားလုံးသည် ရဲချုပ်တွင် တာဝန်အရှိဆုံးဖြစ်နေသည်။
ဤဥပဒေပုဒ်မသည် ရဲတပ်ဖွဲ့ဝင်များကို လိုအပ်လျှင် ထိုးကြွေးနိုင်ရန် လမ်းခင်းပေးသော ပုဒ်မ တခုအဖြစ်လည်း ယူဆနိုင်ပါသည်။ (ဤနေတွင် တရားနည်းလမ်းအရ မှန်သည်၊ မှားသည် အဓိက မဟုတ်ပါ၊ စစ်ခေါင်းဆောင်များက “တည်ဆဲဥပဒေအရ” ဟူ၍ ခေါင်းစဉ်တပ်ကာ အပြစ်ပေး၊ ထိုးကြွေးနိုင်ဖို့သာ အဓိကဖြစ်သည်။)
ထို့အပြင် ၂၀၂၁ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့တွင် ကျင်းပသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၈/၂၀၂၁) တွင် အမှာစကား ပြောကြားစဉ် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အောက်ပါအတိုင်း ထည့်သွင်း ပြောကြားခဲ့ပါသည်။
“ပြည်သူများ ရွေးချယ်ထားသည့် ဒီမိုကရေစီစနစ် မယိမ်းမယိုင် လျှောက်လှမ်းနိုင်ရန်အတွက် ယခုအခါတွင်လည်း ‘စုပေါင်းဦးဆောင်မှုဖြင့်သာ’ ဆောင်ရွက်လျက်ရှိပြီး အရပ်ဘက် အုပ်ချုပ်ရေး အဖွဲ့အစည်းများဖြင့်သာ ဆောင်ရွက်လျက်ရှိ၍ တပ်မတော်မှ ‘ဝန်းရံပေးနေခြင်းသာ’ ဖြစ်ကြောင်း” ဟူ၍ ဖြစ်သည်။
“စုပေါင်းဦးဆောင်မှု” ဆိုသည့်အတွက် (စစ်ကောင်စီဝင်) အားလုံးတွင် တာဝန်ရှိသည် ဆိုသည့်သဘောဖြစ်ပါသည်။ ထို့ကြောင့် ကိုယ်ကျိုးအတွက် အကျိုးရှိမည်ဆိုလျှင် စစ်ကောင်စီ ခေါင်းဆောင်များသည် ၎င်းတို့၏ အဖွဲ့ဝင်နှင့် အဆင့်ဆင့်သော အောက်ခြေအရာရှိကြီး/ငယ်အားလုံးကို စတေးရန် စကားပလ္လင်ခံထားသည့် သဘောအဖြစ်လည်း မှတ်ယူနိုင်ပါသည်။
“စုပေါင်းဦးဆောင်မှု” ဆိုသည့်အတွက် (စစ်ကောင်စီဝင်) အားလုံးတွင် တာဝန်ရှိသည် ဆိုသည့်သဘောဖြစ်ပါသည်။ ထို့ကြောင့် ကိုယ်ကျိုးအတွက် အကျိုးရှိမည်ဆိုလျှင် စစ်ကောင်စီ ခေါင်းဆောင်များသည် ၎င်းတို့၏ အဖွဲ့ဝင်နှင့် အဆင့်ဆင့်သော အောက်ခြေအရာရှိကြီး/ငယ်အားလုံးကို စတေးရန် စကားပလ္လင်ခံထားသည့် သဘောအဖြစ်လည်း မှတ်ယူနိုင်ပါသည်။
မည်သူမဆို စတေးခံရနိုင်
ထို့အပြင် တိုက်ပွဲပြင်းထန်သည့် နေရာများတွင် မြို့လုံးကျွတ်၊ ရွာလုံးကျွတ် နေအိမ်များ မီးရှို့ဖျက်ဆီးခံရမှုများ အတွက်လည်း စစ်ကောင်စီက ငြင်းဆိုနေခြင်းကို သုံးသပ်ကြည့်လျှင် နောင်တချိန်တွင် မဆိုင်သည့်သူများကို အကြောင်း အမျိုးမျိုးပြပြီး ဖမ်းဆီးအရေးယူလာနိုင်ပါသည်။ မည်သူ့ကိုမဆို ပူဇော်သက္ကာရအဖြစ် စတေးနိုင်ရန် စစ်ကောင်စီသည် မည်သည့်အပြစ်မျှ မရှိကြောင်း မျက်စိမှိတ် ဇွတ်ငြင်းလျက်ရှိနေပါသည်။
သာဓကအားဖြင့် ချင်းပြည်နယ် ထန်တလန်မြို့ မီးရှို့ဖျက်ဆီးမှုသည် ဒေသခံ PDF တပ်သားများ ရှို့သည့်မီးက အစပြုပြီး လောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်း၊ စစ်တပ်က ရှို့ခြင်း မဟုတ်ကြောင်း စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက ငြင်းဆိုခဲ့ပါသည်။
ထို့ကြောင့် နွေဦးတော်လှန်ရေးသာ အရေးနိမ့်ခဲ့မည်ဆိုလျှင် စစ်ကောင်စီ၏ ကျူးလွန်မှုများအတွက်လည်း မဆိုင်သည့် ပုဂ္ဂိုလ်အချို့ကို ထိုးကြွေးနိုင်အောင် အခြေအနေကို ကြိုတင်ပြီး အကွက်ဆင်နေသည်ဟု ယူဆနိုင်သည်။
စစ်တပ်က အကြောင်းမရှိ အကြောင်းရှာပြီး ဖမ်းဆီးအရေးယူလေ့ရှိသည့် အစဉ်အလာများစွာ ရှိပါသည်။ ဥပမာတခု ကိုပြောရလျှင် ယတြာကို ယုံကြည်သောကြောင့် စစ်ဆင်ရေး ရှေ့တန်းထွက်သည့်အခါ ဝက်သားမစားရန်အထိ အမိန့် ထုတ်လေ့ရှိသည့် စစ်ခေါင်းဆောင်များက စစ်မြေပြင်တွင် ထိခိုက်ကျဆုံးမှု များသည့်အခါ အောက်ခြေစစ်ဗိုလ်များကို စည်းဖောက်၍ သူတို့၏ ယတြာ အစွမ်းမထက်ဟုဆိုကာ ရှာကြံ၍ အပြစ်ပေးလေ့ရှိကြောင်း CDM အရှာရှိများက ပြောသည်။
တနည်းအားဖြင့် စစ်ခေါင်းဆောင်များသည် သူတို့ကိုယ်ကျိုးအတွက် လိုအပ်လျှင် လက်အောက်ငယ်သားများကို စတေးဖို့ လုံးဝ ဝန်မလေးကြသည်ကို လက်ရှိဖြစ်ရပ်များက သက်သေပြသနေပါသည်။
တနည်းအားဖြင့် စစ်ခေါင်းဆောင်များသည် သူတို့ကိုယ်ကျိုးအတွက် လိုအပ်လျှင် လက်အောက်ငယ်သားများကို စတေးဖို့ လုံးဝ ဝန်မလေးကြသည်ကို လက်ရှိဖြစ်ရပ်များက သက်သေပြသနေပါသည်။
လမ်းမှန် လျှောက်ပါ
စစ်ကောင်စီ ခေါင်းဆောင်များ၏ အာဏာတည်မြဲရေးအတွက် မိမိ၏ မိသားစုကို စွန့်ခွာ၍ မိမိတို့ အသက်ကိုပင် ပေါင်နှံလျက် ရှေ့တန်းတွင် ပင်ပန်းဆင်းရဲများစွာကိုခံပြီး ကြိုးစားနေသော်လည်း ချီးမြောက်ခြင်းခံရမည့်အစား စတေးခံရ၊ အပြစ်ပေး ထိုးကြွေးခံရနိုင်သည်ကို စဉ်းစားဆင်ခြင်ရန် အရေးကြီးပါသည်။
မိမိတို့၏ ပင်ပန်း ဆင်းရဲခံခြင်းသည် တိုင်းပြည်အတွက် အမှန်တကယ် ဟုတ်ရဲ့လား ဆိုသည်ကို ဆင်ခြင်ပြီး အချိန်မနှောင်းခင် မှန်ကန်သည့် ဆုံးဖြတ်ချက်ချလျက် လမ်းမှန်ပေါ်သို့ လျှောက်လှမ်းနိုင်ရန် တင်ပြအပ်ပါသည်။
(ဇုန်းရိန်သည် နေပြည်တော်အခြေစိုက် အလွတ်တန်း နိုင်ငံရေး သုတေသီတဦး၏ အမည်လွဲဖြစ်သည်။)
You may also like these stories:
ရဲတပ်ဖွဲ့ ဥပဒေသစ်ကို အလွဲသုံးပြီး အနိုင်အထက် ပြုလာရင် တော်တော် အန္တရာယ်ကြီးပါတယ်
စစ်ခေါင်းဆောင်က ညီညွတ်ရေးပြောဆိုခြင်းသည် တပ်တွင်းအကွဲအပြဲကို မီးမောင်းထိုးပြနေ
တပ်ကို စွန့်ခွာချိန်တန်ပြီ သို့မဟုတ် CDM ဗိုလ်ကြီးတဦး၏ အိတ်ဖွင့်ပေးစာ
တပ်အင်အား ကျဆင်းလာမှု ထိန်းဖို့ အငြိမ်းစားယူရမည့် သက်တမ်းတိုးမြှင့်ခြင်းဟုဆို
ခုခံတော်လှန်သူများ၏ ဗဟိုအမိန့်ပေးစနစ် တည်ဆောက်ရေး ပြဿနာ