ခုခံတော်လှန်စစ်ပွဲ ဆင်နွှဲနေသည့်တပ်ဖွဲ့များအတွက် ဒုတိယအရေးကြီးသည့် ပြဿနာမှာ ဘဏ္ဍာရေးပြဿနာ၊ လက်နက်ခဲယမ်း ပြဿနာဖြစ်သည်။ ၂၀၂၁ အာဏာသိမ်းမှုနောက်ပိုင်း လက်နက်ကိုင်စွဲလာကြသည့် NUG/PDF များ အပါအဝင် တခြား ခုခံတော်လှန်ကြသည့် လက်နက်ကိုင်တပ်ဖွဲ့များအားလုံး ဖြေရှင်းရမည့် ပြဿနာလည်း ဖြစ်လာ၏။
ဘဏ္ဍာရေးပြဿနာဆိုသည်မှာ လက်နက်ကိုင်တပ်ဖွဲ့ တခု တည်ဆောက်ရာတွင် အရေးပါသော ကိစ္စ တရပ်ဖြစ်သည်။ တပ်ဖွဲ့ဝင်များ၏ လက်နက်ခဲယမ်းမီးကျောက်၊ စစ်အသုံးအဆောင်၊ စစ်ဝတ်စစ်စား၊ ရိက္ခာ၊ ဆေးဝါး၊ ဆက်သွယ်ရေးပစ္စည်း စသည့်တို့ကို ဝယ်ယူရန် လုံလောက်သည့် ဘတ်ဂျက်ရှိရမည် ဖြစ်၏။ ဤစစ်သုံးဘတ်ဂျက်တွင် အခြေခံ တလုံးတခဲတည်း ကုန်ကျမည့် ဘတ်ဂျက်နှင့် လစဉ်ကုန်ကျမည့် ဘတ်ဂျက်ကို ခွဲခြားရန်လိုသည်။
လက်နက်၊ စစ်အသုံးအဆောင်၊ စစ်ဝတ်စစ်စား၊ ဆေးရုံသုံးကိရိယာ၊ ဆက်သွယ်ရေးပစ္စည်းများ စသည်တို့က တလုံးတခဲတည်း ကုန်ကျမည့်ငွေဖြစ်ပြီး အဓိက ခဲယမ်းမီးကျောက်၊ ရိက္ခာ၊ ဆေးဝါးနှင့် အခြားကုန်ကျမှုတို့မှာ လစဉ်ကုန်ကျမည့်ငွေများဖြစ်၏။
၂၀၂၁ နွေဦးတော်လှန်ရေးတွင် ခုခံစစ်ပွဲ ဆင်နွှဲသူများ၏ ဘဏ္ဍာရေးသည် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး တပ်ဖွဲ့များနှင့်ခြားနား၏။ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ ဘတ်ဂျက်ရှာနိုင်သလောက် တပ်ဖွဲ့ကို တည်ဆောက်သည်။ ဘတ်ဂျက်အပေါ်မူတည်ပြီး တပ်ဖွဲ့တိုးချဲ့ရေးကို ဆောင်ရွက်သည်။ ၂၀၂၁ တွင် ပေါ်ပေါက်လာသည့် လက်နက်ကိုင်ခုခံစစ်ဆင်သူများသည် တိုင်းရင်းသား တပ်ဖွဲ့များနှင့် ပြောင်းပြန်ဖြစ်၏။
လက်နက်၊ စစ်အသုံးအဆောင်၊ စစ်ဝတ်စစ်စား၊ ဆေးရုံသုံးကိရိယာ၊ ဆက်သွယ်ရေးပစ္စည်းများ စသည်တို့က တလုံးတခဲတည်း ကုန်ကျမည့်ငွေဖြစ်ပြီး အဓိက ခဲယမ်းမီးကျောက်၊ ရိက္ခာ၊ ဆေးဝါးနှင့် အခြားကုန်ကျမှုတို့မှာ လစဉ်ကုန်ကျမည့်ငွေများဖြစ်၏။
ဝုန်းဒိုင်းကြဲ ထွက်ပေါ်လာသော လက်နက်ကိုင်အင်အားစုများအတွက် ဘတ်ဂျက်အလျင်မီအောင်ရှာရေး ဖြစ်နေ၏။ ခုခံစစ်ဆင်သူများ အားသာသည့်အချက်မှာ ဝိုင်းဝန်းလှူဒါန်းသူ၊ ကူညီသူ များ၍ ခံသာသည်။ ရိက္ခာပြဿနာ၊ စစ်ဝတ်စစ်စားပြဿနာ၊ ဆေးဝါးပြဿနာများကို တစုံတရာ ဖြေရှင်းနိုင်ခဲ့ကြ၏။ သို့သော် လက်နက်ခဲယမ်း ပြဿနာ ဖြေရှင်းရေးအတွက် ကြီးမားသော အခက်အခဲကိုရင်ဆိုင်ရသည်။
အဖွဲ့ငယ်တဖွဲ့ချင်း ရင်ဆိုင်ရသကဲ့သို့ PDF အားလုံးကို ခေါင်းဆောင်မှုရယူထားသည့် NUG အတွက် ကြီးမားသော စိန်ခေါ်မှုတခု ဖြစ်လာ၏။ NUG ကို ပြစ်တင်ဝေဖန်မှု များစွာတွေ့ရသည်။ NUG တာဝန်ရှိသူများ၏ ပြောကြားချက်ကို ကြည့်ပါက အောက်ပါအတိုင်းတွေ့ရ၏။ NUG ယာယီ သမ္မတ၏ ပြောကြားချက်အရ PDF အင်အား သောင်းကြီးပိုင်းအထိရှိသည်ဟု သိရသည်။ အင်အား ၅၀၀၀၀ အထက်ဟု ဆိုလိုပုံရ၏။ NUG ကာကွယ်ရေးဝန်ကြီး၏ ရှင်းလင်းချက်အရ တနှစ်တာ ကာလအတွင်း ရံပုံငွေ ဒေါ်လာ သန်း ၃၀ ခန့် ရှာဖွေရရှိပြီး လက်နက်ခဲယမ်း ဝယ်ယူရေးအတွက် ၈၅ ရာခိုင်နှုန်း၊ ဒေါ်လာ ၂၅ သန်းခန့်အသုံးပြုခဲ့သည်ဟု သိရသည်။
ဦးစွာအားဖြင့် NUG ၏ ဘဏ္ဍာရှာဖွေပုံတွင် ဆန်းသစ်မှုများ ရှိသည်ကတော့ အမှန်ပင်ဖြစ်၏။ နွေဦး တော်လှန်ရေးရံပုံငွေ အလှူခံခြင်းအပြင် ရာဖယ်လက်မှတ်ရောင်းခြင်း၊ နွေဦးထီဖွင့်ခြင်း၊ ငွေတိုက်စာချုပ် ရောင်းချခြင်း စသည်တို့သည် ဆန်းသစ်မှုများဟုဆိုရမည်။ ဒေါ်လာသန်းဆယ်ဂဏန်းတချို့ ရှာဖွေနိုင်ခဲ့သည်ကို တွေ့ရသည်။ NUG ၏ ဘဏ္ဍာရေး ရံပုံငွေရှာဖွေမှုသည် ဆန်းသစ်မှုရှိသည့်အပြင် အတိုင်းအတာ ပမာဏ မနည်းလှဟု ဆိုနိုင်ပါ၏။
NUG ယာယီ သမ္မတ၏ ပြောကြားချက်အရ PDF အင်အား သောင်းကြီးပိုင်းအထိရှိသည်ဟု သိရသည်။ အင်အား ၅၀၀၀၀ အထက်ဟု ဆိုလိုပုံရ၏။
NUG သည် လုပ်ဆောင်နိုင်စွမ်း ရှိသည်ဟု ဆို၍ရ၏။ သို့သော် အချိန်တိုအတွင်း ပမာဏကြီးမားလာနေသော အင်အားစုများကို အလျင်မီအောင် ထောက်ပံ့နိုင်ရန်အတွက် တခြားနည်းလမ်းများကို ထပ်ဖြည့် စဉ်းစားသင့်ပါသည်။ ထို့အတူ ခုခံတော်လှန်တိုက်ပွဲဝင်နေသည့် တပ်ဖွဲ့တိုင်း စဉ်းစားဆောင်ရွက်ရမည့် ပြဿနာလည်း ဖြစ်သည်။
NUG ၏ လက်ရှိ ရံပုံငွေရှာဖွေမှုသည် မိမိအား ထောက်ခံသော လူထုအပေါ် အခြေခံသည်ကို တွေ့ရ၏။ နောက်ပိုင်းတွင် ဒေသခံ PDF များအား နယ်မြေအလိုက်အခွန်ကောက်မှု ခွင့်ပြုလာသည်ကို တွေ့ရသည်။ လက်နက်ကိုင် ခုခံစစ်ကာလအတွင်း PDF တပ်ဖွဲ့များ ဘဏ္ဍာရေး တောင့်တင်းစေရန်အတွက် NUG ကိုယ်တိုင် ပြည်တွင်းရှိ လုပ်ငန်းရှင်များကို အခွန်ကောက်ခံသည့် စနစ်တရပ်ထူထောင်နိုင်ရန် လိုသည်။
တိုင်းရင်းသားတော်လှန်ရေး တပ်ဖွဲ့များလည်း ၎င်းတို့ ရပ်တည်ရေးအတွက် ၎င်းတို့ဒေသတွင်းရှိ လုပ်ငန်းရှင်များအား အခွန်ကောက်သည်သာ ဖြစ်၏။ NUG အပါ ခုခံတိုက်ပွဲဝင်နေသူများသည်လည်း ပြည်တွင်းရှိ ရန်ကုန်၊ မန္တလေးမြို့ကြီးများပါ လှုပ်ရှားနိုင်သည်ဖြစ်ရာ ပြည်တွင်းလုပ်ငန်းရှင်များအား အခွန်ကောက်ခံနိုင်သည့် အခွင့်အလမ်းရှိသည်။ နည်းနာနှင့် စနစ်တရပ်ထူထောင်နိုင်ရန်သာ လိုသည်။
ထို့အပြင် NUG သို့မဟုတ် PDF နှင့် ခုခံတိုက်ပွဲနေသူများအား ထောက်ခံသူများထံမှ အလှူငွေ ကောက်ခံရာတွင်လည်း လစဉ် တတ်နိုင်သည့် ပမာဏ (ဝါ) အပမ်းမကြီးသည့် ပမာဏ ထည့်ဝင်သည့် ကွန်ရက်ငယ်များ စုစည်းခြင်းသည်လည်း နည်းလမ်းတခုဖြစ်၏။ တိုင်းရင်းသားတော်လှန်ရေး တပ်ဖွဲ့တခု၏ ရံပုံငွေ ရှာသည့်နည်းလမ်း ဖြစ်သည်။ ဥပမာ လူတယောက်လျှင် မြန်မာကျပ်ငွေ တသောင်း လစဉ်ထည့်ဝင်ပါက လူတသိန်းထည့်ဝင်အောင် စည်းရုံးနိုင်လျှင် လစဉ် သိန်းတသောင်းရမည်ဖြစ်ပြီး လစဉ်ကုန်ကျမည့် ခဲယမ်း၊ ရိက္ခာနှင့် ဆေးဝါးပြဿနာကို ဖြေရှင်းနိုင်မည်ဖြစ်၏။
ခုခံစစ်ကာလအတွင်း PDF တပ်ဖွဲ့များ ဘဏ္ဍာရေး တောင့်တင်းစေရန်အတွက် NUG ကိုယ်တိုင် ပြည်တွင်းရှိ လုပ်ငန်းရှင်များကို အခွန်ကောက်ခံသည့် စနစ်တရပ်ထူထောင်နိုင်ရန်လိုသည်။
တချို့လူများအနေနှင့် တလုံးတခဲတည်း ထည့်ဝင်ရန် ခက်ခဲသော်လည်း လစဉ်ဝင်ငွေမှ ၅၀၀၀ သို့မဟုတ် တသောင်းကျပ် ထည့်ဝင်ခြင်းသည် လူတဦးချင်းအနေဖြင့် ဝန်မပိစေသည့်နည်းလမ်းဖြစ်သည်။ လက်ရှိလည်း ထိုစနစ်ကို ကျင့်သုံးနေသည်ဖြစ်ရာ ပို၍အားကောင်းလာစေရန်နှင့် ပုံမှန်စနစ်တကျ လည်ပတ်နိုင်ရေးအတွက် စည်းရုံး ဖွဲ့စည်းရန်သာ လိုအပ်၏။
ထို့အပြင် ခုခံတော်လှန်ရေးတပ်ဖွဲ့များ ဖွဲ့စည်းရာတွင် လက်ရှိ၌ ဘဏ္ဍာရိက္ခာပြဿနာများ ကြုံနေရချိန်တွင် စဉ်းစားသင့်သည်မှာ ဒေသအလိုက် ၆ လ ခန့်မှန်းဘတ်ဂျက် (ဝါ) ရေတိုစီမံချက် ရေးဆွဲ၍ ဆောင်ရွက်ရန်လိုအပ်၏။ ဘတ်ဂျက်အင်အားအပေါ် အခြေပြု၍၊ လက်နက်ရရှိမှုအပေါ် အခြေပြု၍ တပ်ဖွဲ့အင်အားကို တိုးချဲ့ ဖွဲ့စည်းရန်လိုသည်။
တိုင်းရင်းသားတပ်ဖွဲ့တခု၏ အတွေ့အကြုံအရ လူသစ်များကို ပုံမှန်လေ့ကျင့်ထားသော်လည်း လိုအပ်မှ ခေါ်ယူတာဝန်ထမ်းဆောင်စေခြင်းဖြင့် ဖြေရှင်းသည်။ လေ့ကျင့်ပြီးသော ရဲဘော်များအား မိမိရပ်ရွာတွင်ပင် ပြန်၍ အရပ်သားအသွင်ဖြင့် နေထိုင်စေကာ ဘတ်ဂျက်ပြဿနာကို ဖြေရှင်းနိုင်မှ ခေါ်ယူသည်ကို တွေ့ရ၏။ ဤသည်မှာ ဘတ်ဂျက်မလုံလောက်သည့် ပြဿနာဖြေရှင်းသည့် နည်းလမ်းများထဲက တခုသာဖြစ်ပါသည်။
အဆိုပါနည်းလမ်းကို လက်ရှိ စစ်ကောင်စီက လိုက်လံဖမ်းဆီး၍ ထွက်ပြေးနေရသော ခုခံတိုက်ပွဲဝင်သူများ၊ စစ်ဖြစ်ပွားနေသော ဒေသများ၊ ကျေးရွာများတွင် လူငယ်မှန်သမျှကို ခုခံတိုက်ပွဲဝင်သူများဟု စွပ်စွဲကာ ဖမ်းဆီးနှိပ်စက် ပစ်သတ်ခံနေရသော ဒေသများတွင် ကျင့်သုံးရန် မဖြစ်နိုင်ပါ။ ဖြစ်နိုင်သည့်နည်းလမ်းများကို စဉ်းစားနိုင်ရန်သာ ဖော်ပြခြင်းဖြစ်၏။
ဘဏ္ဍာရေး နှင့်တွဲ၍ တွေ့ရသည့် ပြဿနာမှာ လက်နက်ခဲယမ်းမီးကျောက် ရရှိရေး ပြဿနာဖြစ်သည်။ NUG ကာကွယ်ရေးဝန်ကြီး၏ ပြောကြားချက်အရ လက်နက်ခဲယမ်း ဝယ်ယူရေးအတွက် ဒေါ်လာ ၂၅ သန်းခန့် သုံးပြီးဖြစ်ကြောင်း သိရသည်။ ထိုပမာဏနှင့်ဆိုပါက ပျမ်းမျှ သေနတ်တလက် ဒေါ်လာ ၂၀၀၀ ခန့်နှင့်တွက်လျှင် သေနတ်အလက် တသောင်းခန့်သာ ဝယ်ယူရရှိဖြန့်ဝေနိုင်သည်ဟု တွက်ချက်ရ၏။
တချို့လူများအနေနှင့် တလုံးတခဲတည်း ထည့်ဝင်ရန်ခက်ခဲသော်လည်း လစဉ်ဝင်ငွေမှ ၅၀၀၀ သို့မဟုတ် တသောင်းကျပ် ထည့်ဝင်ခြင်းသည် လူတဦးချင်းအနေဖြင့် ဝန်မပိစေသည့်နည်းလမ်းဖြစ်သည်။
အမှန်ပြောရလျှင် တနှစ်အတွင်း ဤပမာဏ ရရှိခြင်းသည် ကျေနပ်လက်သင့်ခံနိုင်လောက်သည့် ပမာဏဖြစ်သည်။ သို့သော် တဖက်ကလည်း အင်အား ၅၀၀၀၀ အထက်ရှိပြီဆိုသည့် PDF အရေအတွက်နှင့်ဆိုလျှင် လက်နက်တပ်ဆင်ရန် များစွာ လိုအပ်နေသေး၏။
တကယ်တမ်း NUG/PDF တို့အား နိုင်ငံတကာ ထောက်ခံအားပေးမှု ရှိသည်ဆိုသော်လည်း လက်နက် ထောက်ပံ့သည့် နိုင်ငံမရှိပါ။ ထို့အပြင် တရားဝင် လက်နက်ဝယ်ယူ၍လည်း မရသည်ဖြစ်ရာ ဝယ်ယူရန်လည်း ခက်ခဲ၏။ PDF သောင်းကြီးပိုင်း အင်အားကို လက်နက်တပ်ဆင်ရန် ရံပုံငွေ ဒေါ်လာသန်း ရာဂဏန်း လိုအပ်မည်ဖြစ်သည်။ လေယာဉ်ပစ်ဒုံးကျည်အပါအဝင် လက်နက်ကြီးများ ဝယ်ယူတပ်ဆင်ရပါက ထို့ထက်မက ပို၍ ကုန်ကျမည်ဖြစ်၏။
ထို့အပြင် ငွေရှိတိုင်း အလွယ်တကူ ဝယ်၍ရသည် မဟုတ်ပေရာ အချိန်လည်း လိုအပ်သည်။ ရရှိပါက ပြည်တွင်း၌ ဖြန့်ခွဲပို့ဆောင်ရန် လိုအပ်သည်။ သို့ဖြစ်ရာ လက်ရှိ NUG ၏ လက်နက်ခဲယမ်း ဝယ်ယူရရှိမှုသည် ကျေနပ်လောက်ဖွယ်ဖြစ်သည်ဟု ဆိုနိုင်သော်လည်း လက်နက်အရေအတွက် လေးငါးခြောက်ဆမက များနေသော ခုခံတိုက်ပွဲဝင်နေသည့် PDF အင်အားများ အတွက် ဆင့်ပါးစပ် နှမ်းပက်သလို ဖြစ်နေသည်ကတော့ အမှန်ပင်ဖြစ်၏။
တဖက်က လက်နက်ခဲယမ်း ရရှိရေးကြိုးပမ်းနေစဉ်တွင် တဖက်ကလည်း လက်ရှိ နွေဦးတော်လှန်ရေးတွင် လက်လုပ်သေနတ်များ၊ လက်လုပ်မိုင်းများ၊ ရံပုံခွင်းဟု ခေါ်ဆိုသည့် စိန်ပြောင်းများ၊ ဒုံးများကို စစ်ပွဲဖြစ်ပွားရာ ဒေသများတွင် တည်ထွင်ထုတ်လုပ်နေသည်ကို တွေ့ရသည်။ နွေဦးတော်လှန်ရေးအတွင်း လူထု၏ ဖန်တီးနိုင်စွမ်းအား ဖြစ်၏။ လက်နက်အလွယ်တကူမရ၍ စိတ်ပျက်မနေဘဲ၊ ရသည့်နည်းလမ်းဖြင့် ကြံဆသည့် လူထု၏ ဖန်တီးမှုဖြစ်သည်။
တိုင်းရင်းသားတပ်ဖွဲ့တခု၏ အတွေ့အကြုံအရ လူသစ်များကို ပုံမှန်လေ့ကျင့်ထားသော်လည်း လိုအပ်မှ ခေါ်ယူတာဝန်ထမ်းဆောင်စေခြင်းဖြင့် ဖြေရှင်းသည်။
ထိုလုပ်ငန်းများ ဖွံ့ဖြိုးလာရေးအတွက် အားပေးရန် လိုအပ်သည်။ ထိုလုပ်ငန်းများ လုံခြုံစိတ်ချသည့် နေရာများတွင် ထုတ်လုပ်နိုင်ရန်၊ စီစဉ်မှုရှိရန် လို၏။ ထိုစစ်လက်နက်ထုတ်လုပ်ရေး လုပ်ငန်းများ ဖွံ့ဖြိုးလာပါက လတ်တလော လက်နက်လိုအပ်မှုကို ဖြေရှင်းနိုင်မည်ဖြစ်၏။ ခုခံ တော်လှန်သူများ အတွက် လက်နက်ခဲယမ်း လိုအပ်နေချိန်တွင် လူထု၏ တည်ထွင်ဖန်တီးမှုများကို အားပေးရန်၊ ပံ့ပိုးရန်၊ ချီးမြှောက်ရန်လိုပေသည်။
တဖက်ကလည်း မိမိတို့ လက်ထဲတွင် ရှိသည့် လက်နက်ခဲယမ်းနှင့် ရရှိနိုင်သည့် လက်နက်ခဲယမ်း မီးကျောက်များကို တွက်ဆ၍ စစ်ရေးစီမံကိန်း၊ အစီအမံများ ရေးဆွဲရန် လို၏။ ခုခံစစ်ပွဲတွင် လက်ထဲ ရှိသမျှကို အကုန်သုံး၍ တိုက်ခိုက်ပြီး ခဲယမ်းမရှိတော့လျှင် ငုတ်တုတ် ထိုင်နေ၍ မရပေ။ မိမိလက်ထဲရှိသည့် ခဲယမ်း၊ ရလာမည့် ခဲယမ်းများကို တွက်ချက်သုံးစွဲပြီး တိုက်ပွဲများကို ဖန်တီးမှ ကြံ့ကြံ့ခံ တိုက်ပွဲဝင်နိုင်လိမ့်မည် ဖြစ်သည်။
ခုခံ တော်လှန်သူများ အတွက် လက်နက်ခဲယမ်း လိုအပ်နေချိန်တွင် လူထု၏ တည်ထွင်ဖန်တီးမှုများကို အားပေးရန်၊ ပံ့ပိုးရန်၊ ချီးမြှောက်ရန်လိုပေသည်။
ပြီးခဲ့သော ဆယ်စုနှစ်တခုအတွင်း လူအင်အား ၂၆ ယောက်၊ သေနတ်တလက်ဖြင့် စတင်ခဲ့သော AA တပ်ဖွဲ့၊ လူအင်အား ၄၀ ကျော်၊ သေနတ် ၂၀ ကျော်ဖြင့် စတင်ခဲ့သော TNLA တို့သည်ပင် ယနေ့အချိန်၌ အားကောင်း မောင်းသန် ရပ်တည်နိုင်နေသည်ကို တွေ့ရ၏။ တပြည်လုံးအနှံ့အပြား ပုန်ကန်တော်လှန်နေသော ခုခံ တော်လှန်နေသူတို့ အဖို့ တိုက်စိတ်ခိုက်စိတ် မြင့်မားပြီးသား ဖြစ်ရာ အထူးတလည် လူအင်အား စုဆောင်းစရာမလိုသည့် အခြေအနေတွင် ရှိနေသည်။
ထို့အပြင် အချိန်တိုအတွင်း တိုက်ပွဲအတွေ့အကြုံနှင့် စစ်ပွဲအတွင်း တည်ထွင်ဖန်တီးမှုများ ရှိနေသည်ဖြစ်ရာ မိမိရရှိသည့်၊ ရနိုင်သည့် ဘဏ္ဍာအင်အား၊ လက်နက်ခဲယမ်း စသည့် အချက်အလက်များအား စနစ်တကျစီမံခန့်ခွဲပြီး ရေတိုစီမံချက်များ တပ်ဖွဲ့အလိုက် ဒေသအလိုက် ရေးဆွဲချမှတ်ကာ တိုက်ပွဲဝင်ရန်လည်းကောင်း၊ တပ်အားတည်ဆောက်ရန်လည်းကောင်း လိုအပ်ပေလိမ့်မည်။
ခုခံတော်လှန်သူများအနေနှင့် လက်တွေ့အခြေအနေများအပေါ် အခြေပြု၍ တိုက်ပွဲဝင်ရန်လိုအပ်သကဲ့သို့ မိမိတပ်ဖွဲ့ကို စနစ်တကျ တည်ဆောက်ရန်လည်း အရေးကြီး၏။ အကောင်အထည်မဲ့ မျှော်လင့်ချက်အမှားများနှင့် စိတ်ကူးယဉ်နေ၍ မရပေ။
အကောင်အထည်မဲ့ မျှော်လင့်ချက်အမှားများနှင့် စိတ်ကူးယဉ်နေ၍မရပေ။
ထို့အပြင် လက်ရှိအောင်မြင်မှု အတော်အတန်ရနေသည့် တပ်ဖြိုခွဲရေးကို ဆက်လက်အားစိုက်ပြီး ကူးပြောင်းလာသည့် မြန်မာစစ်တပ်မှ လက်နက်ခဲယမ်း ရယူခြင်းကို ဆက်လက်အားထည့် လုပ်ဆောင်ရလိမ့်မည်။ စစ်ရေးအရလည်း စစ်မြေပြင်ကို ရှင်းလင်းပြီး ချေမှုန်းရေးတိုက်ပွဲများမှ ရန်သူလက်နက် ရယူတပ်ဆင်ခြင်းသည်လည်း လက်နက်ခဲယမ်း ဖြည့်တင်းရေး နည်းလမ်းတခုဖြစ်ပေသည်။
(အေးချမ်းဆုသည် နိုင်ငံရေး၊ စစ်ရေးလေ့လာသူတဦး ဖြစ်သည်။)
You may also like these stories:
ခုခံတော်လှန်သူများ၏ ဗဟိုအမိန့်ပေးစနစ် တည်ဆောက်ရေး ပြဿနာ
တာဝန်ခံမှု ရှိသော တော်လှန်ရေးဖြစ်ရန် လိုသည်
မြန်မာ့ဒီမိုကရေစီ ခုခံရေးလှုပ်ရှားမှု အောင်ပွဲခံနိုင်သည်
အာဏာသိမ်းအလွန် မြန်မာစစ်ပွဲ ‘ဝ’ ကနဦး အနိုင်ရနေ
မြန်မာ့ အတိုက်အခံများ စစ်ရေးအကူအညီ လိုသည်