အာဏာသိမ်းပြီး တိုင်းပြည်ကို အချိန်တိုအတွင်း ဖျက်ဆီးပစ်သူအဖြစ် ပြည်တွင်းပြည်ပက သတ်မှတ်ထားသော်ငြား တိုင်းပြည်အတွက် ထူးကဲစွာ အမှုထမ်း၊ အကျိုးဆောင်သူအဖြစ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သူ့ကိုယ်သူ ဘွဲ့ထူးဂုဏ်ထူးများဖြင့် သိဒ္ဓိတင်နေသည်။
မြန်မာတို့၏ နေ့ထူးနေ့မြတ် နှစ်ဆန်း ၁ ရက်နေ့၌ အာဏာရှင် အဟောင်း၊ အသစ်တို့ကို တိုင်းပြည်အတွက် ထူးကဲစွာ အမှုထမ်း၊ အကျိုးဆောင်သူတွေအဖြစ် သမုတ်ပြီး ဘွဲ့ထူး ဂုဏ်ထူးများပေးလိုက်ရာ ဝေဖန် အငြင်းပွားစရာများ ဖြစ်ခဲ့သည်။
ဘွဲ့၊ တံဆိပ် အမည်စာရင်းတွင် အာဏာသိမ်း စစ်ခေါင်းဆောင် အမည်ပါလာတော့မှ ဝေဖန်စရာ ကိစ္စသည် လှောင်ပြောင် ရယ်မောစရာအဖြစ်သို့ တမုဟုတ်ချင်း ပြောင်းလဲသွားခဲ့သည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တဆုတင်မဟုတ် နှစ်ဆုပင် ယူလိုက်သေးသည်။နိုင်ငံတော်တွင် ဒုတိယ အမြင့်ဆုံး ဂုဏ်ထူးဆောင်ဘွဲ့ဖြစ်သည့် သတိုးသီရိသုဓမ္မဘွဲ့ အပြင် သတိုးမဟာသရေစည်သူဘွဲ့ကိုပါ ယူလိုက်ခြင်း ဖြစ်သည်။
သို့သော် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အတွက်တော့ အတော်အရေးကြီးပုံပေါ်ပြီး တဆုတင်မဟုတ် နှစ်ဆုပင် ယူလိုက်သေးသည်။
နိုင်ငံတော်တွင် ဒုတိယ အမြင့်ဆုံး ဂုဏ်ထူးဆောင်ဘွဲ့ဖြစ်သည့် သတိုးသီရိသုဓမ္မဘွဲ့ အပြင် သတိုးမဟာသရေစည်သူဘွဲ့ကိုပါ ယူလိုက်ခြင်း ဖြစ်သည်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို အကာအကွယ်ယူသည့် အာဏာသိမ်းပွဲတွင် သူ့ကို အာဏာလွှဲပေးခဲ့သည့် စစ်ဗိုလ်ချုပ်ဟောင်း ဒုတိယသမ္မတ ဦးမြင့်ဆွေကိုလည်း သူနှင့်အဆင့်တူ ဘွဲ့ခံစေသည်။
မြန်မာနိုင်ငံ၏ အမြင့်ဆုံး ဂုဏ်ထူးဆောင်ဘွဲ့များကို သုဓမ္မသင်္ဂဟနှင့် ပြည်ထောင်စု စည်သူသင်္ဂဟ ဟူ၍ နှစ်မျိုးခွဲထားသည်။
သုဓမ္မသင်္ဂဟတွင် အဂ္ဂမဟာသီရိသုဓမ္မက အမြင့်ဆုံးဖြစ်၍ ပြည်ထောင်စု စည်သူသင်္ဂဟတွင် အဂ္ဂမဟာသရေစည်သူက အမြင့်ဆုံးဖြစ်သည်။
ထိုအမြင့်ဆုံးဘွဲ့ နှစ်ဘွဲ့လုံးကို အာဏာသိမ်းခံရဖူးသည့် ဝန်ကြီးချုပ် ဦးနု၊ ဗိုလ်ချုပ်ကြီး နေဝင်း၏ ရုပ်သေးသမ္မတ ဦးစန်းယုနှင့် ၁၉၈၈ အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး စောမောင်တို့ကို ပေးအပ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နှစ်ဆန်း ၁ ရက်နေ့က အမိန့်စာထုတ် ကြေညာသည်။
အဆိုပါ အမိန့်စာထဲ၌ မြန်မာပြည်မှာ စစ်တပ်က အာဏာသိမ်းသည့် ဓလေ့ဆိုးကို မွေးထုတ်ပေးခဲ့သည့် ဗိုလ်ချုပ်ကြီး နေဝင်းနှင့် အာဏာရှင်သက် အနှစ် ၂၀ ဝန်းကျင်ရှိသူ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို အဂ္ဂမဟာသရေစည်သူဘွဲ့ ပေးအပ်ခဲ့သည်။
မြန်မာ့သမိုင်းထဲ ရောက်သွားသည့် ကွယ်လွန်သူခေါင်းဆောင်ဟောင်းများ အပါအဝင် အသက်ရှင်လျက် ရှိနေသေးသည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို ဆုပေးလိုက်ခြင်းက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနေဖြင့် သူ့ပါဝါကို တင်ခြင်းဟု နေပြည်တော် အဝန်းအဝိုင်းက ရှုမြင်သည်။
“တပ်မှာ ဗိုလ်ချုပ်မှူးကြီး (သန်းရွှေ) ခေတ်ကုန်သွားတာ ကြာပြီ။ သူ့ခေတ်ရောက်နေပြီ ဆိုတာကို ပြချင်တာ’’ ဟု အငြိမ်းစား တပ်မတော်အရာရှိကြီးတဦးက ကောက်ချက်ချသည်။
“တပ်မှာ ဗိုလ်ချုပ်မှူးကြီး (သန်းရွှေ) ခေတ်ကုန်သွားတာ ကြာပြီ။ သူ့ခေတ်ရောက်နေပြီ ဆိုတာကို ပြချင်တာ’’ ဟု အငြိမ်းစား တပ်မတော်အရာရှိကြီးတဦးက ကောက်ချက်ချသည်။
အဆိုပါ ကောက်ချက်ထက် ပိုမိုသည့် အချက်တခုကို ဘွဲ့၊ တံဆိပ် အမိန့်ကြေညာစာတွင် တွေ့ရသည်။
ထိုဖြစ်စဉ်က အာဏာသိမ်းပြီးနောက် ဘက်ပေါင်းစုံ အခြေမလှဖြစ်နေသည့်တိုင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် သူ့ဆရာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထက် သူက သာသည်ဟု အထင်ရောက်နေခြင်း ဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို ပြည်ထောင်စု စည်သူသင်္ဂဟ ထဲမှ အဂ္ဂမဟာသရေစည်သူဘွဲ့ကို ပေးပြီး သူက သုဓမ္မသင်္ဂဟထဲက သတိုးသီရိသုဓမ္မဘွဲ့ကို ယူထား၍ဖြစ်သည်။
ပုံမှန်အားဖြင့် သုဓမ္မသင်္ဂဟနှင့် ပြည်ထောင်စု စည်သူသင်္ဂဟမှာ အရည်အချင်း သတ်မှတ်ချက်လည်း တူညီပြီး မည်သည့်သင်္ဂဟက သာသည် ဆိုသည်ကို စာဖြင့်ရေးသား ဖော်ပြချက် မရှိချေ။
သို့သော် အဆောင်အယောင်များ၏ တန်ဖိုးတွင် သုဓမ္မသင်္ဂဟဘွဲ့များက ပြည်ထောင်စု စည်သူသင်္ဂဟထက် သာလွန်နေသည်ကို တွေ့ရသည်။
မြင်သာအောင်ပြောရလျှင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရယူလိုက်သည့် သတိုးသီရိသုဓမ္မဘွဲ့မှာ ဘွဲ့တံဆိပ်ကို ရွှေ ၉ ကျပ်သားဖြင့်ပြုလုပ်ထားပြီး ရွှေစလွယ်ကိုလည်း ရွှေ ၃၁ ကျပ်သားဖြင့် ပြုလုပ်ထားသည်။ ထို့အပြင် တံဆိပ်မှာ အချင်း ၈ ဒသမ ၈ မီလီမီတာ ပတ္တမြားလုံးချော အကြီးတလုံးကို အချင်း ၅ ဒဿမ ၈ မီလီမီတာ စီရှိသော ပတ္တမြား ၈ လုံးက ဝန်းရံထားသည်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို ပေးသည့် အဂ္ဂမဟာသရေစည်သူဘွဲ့၏ ဘွဲ့တံဆိပ်ကို ရွှေ ၈ ကျပ်သားဖြင့် ပြုလုပ်ထားပြီး ရွှေစလွယ် အဆောင်အယောင် မပါရှိပေ။ ဘွဲ့တံဆိပ်မှာလည်း ပတ္တမြားမပါဘဲ ကျောက်စိမ်းသာ ဖြစ်သည်။
သို့သော် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို ပေးသည့် အဂ္ဂမဟာသရေစည်သူဘွဲ့၏ ဘွဲ့တံဆိပ်ကို ရွှေ ၈ ကျပ်သားဖြင့် ပြုလုပ်ထားပြီး ရွှေစလွယ် အဆောင်အယောင် မပါရှိပေ။ ဘွဲ့တံဆိပ်မှာလည်း ပတ္တမြားမပါဘဲ ကျောက်စိမ်းသာ ဖြစ်သည်။
သို့ဖြစ်ရာ လာမည့် နိုင်ငံတော်အဆင့် အခမ်းအနားများနှင့် သံတမန်ပေးအပ်ပွဲများတွင် အာဏာသိမ်း စစ်ခေါင်းဆောင်ကို ၃၁ ကျပ်သား ရွှေစလွယ်ဖြင့် တွေ့ရဖို့ ရှိနေသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဘွဲ့ထူးဂုဏ်ထူးချီးမြှင့်ပွဲ လူစာရင်းကို ကြည့်လျှင် မူအပေါ် အခြေမခံသည်ကို တွေ့ရပြီး နားလည်ရခက်ခဲသည်။
အနီးဆုံးပြရလျှင် စစ်အစိုးရခေတ်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေပြီးလျှင် အမြင့်ဆုံးဖြစ်သည့် ဒုတိယ ဗိုလ်ချုပ်မှူးကြီးမောင်အေးမှာ ဘွဲ့တံဆိပ် စာရင်းထဲပါ မလာချေ။
ပို၍ တိတိကျကျပြောရလျှင် နအဖခေတ်က အကြီးအကဲ ၆ ယောက်နေထိုင်သည့် နေပြည်တော် ၆ လုံးတန်းတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေမှ လွဲ၍ မည်သူ့ကိုမှ ဘွဲ့ထူးဂုဏ်ထူးစာရင်းမှာ မတွေ့ရပေ။
ဦးသိန်းစိန်မှာ သမ္မတဟောင်းဖြစ်၍ သင်္ဂဟနှစ်ဘွဲ့လုံး ရှိလို့ဟု မှတ်ယူနိုင်သော်လည်း ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး၊ ဒုတိယ သမ္မတဟောင်း သီဟသူရ တင်အောင်မြင့်ဦး၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဟောင်း သူရဦးရွှေမန်းနှင့် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဟောင်း ဦးတင်အေး တို့ကိုပါ ချီးမြှင့်သည့် စာရင်းတွင် မတွေ့ရခြင်း ဖြစ်သည်။
တပ်ချုပ်ဟောင်းတချို့ကို ဘွဲ့ပေးထားသော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ ဦးတင်ဦးကို မပေးပြန်ချေ။
တပ်မတော် ထောက်လှမ်းရေး အကြီးအကဲဟောင်း ဦးခင်ညွန့်လည်း ဘွဲ့ထူးဂုဏ်ထူးစာရင်းတွင် ပါမလာချေ။
ကာကွယ်ရေးဦးစီးချုပ် (ရေ) ဟောင်း ၄ ဦးကို စည်သူ ဘွဲ့ပေးခဲ့သော်လည်း နာမည်ကြီးရေချုပ်များဖြစ်သည့် ဦးစိုးသိန်း၊ သူရဦးသက်ဆွေနှင့် ဦးဉာဏ်ထွန်းတို့ ပါမလာပေ။
ကာကွယ်ရေးဦးစီးချုပ် (ရေ) ဟောင်း ၄ ဦးကို စည်သူ ဘွဲ့ပေးခဲ့သော်လည်း နာမည်ကြီးရေချုပ်များဖြစ်သည့် ဦးစိုးသိန်း၊ သူရဦးသက်ဆွေနှင့် ဦးဉာဏ်ထွန်းတို့ ပါမလာပေ။
ကာကွယ်ရေးဦးစီးချုပ် (လေ) ဟောင်း ၅ ဦးကိုလည်း စည်သူဘွဲ့ပေးခဲ့ပြီး ဦးမြတ်ဟိန်းနှင့် ဦးခင်အောင်မြင့်တို့ကဲ့သို့ ဦးသန်းရွှေခေတ်နှင့် ဦးသိန်းစိန်ခေတ်က လေချုပ်ဟောင်းများကို မတွေ့ရပြန်ချေ။
အံ့သြစရာကောင်းသည်က ၂၀၁၅ ခုနှစ် လောက်ကိုင်တိုက်ပွဲတွင် တရုတ်နိုင်ငံထဲ ဗုံးကျသဖြင့် စစ်ဦးစီးအရာရှိချုပ် (လေ) မှ သံအမတ်အဖြစ် ရွှေ့ပြောင်းခံခဲ့ရသည့် ဗိုလ်ချုပ်ဟောင်း လွင်ဦး ကိုမူ စည်သူဘွဲ့ ပေးထားပြန်သည်။
ဦးလွင်ဦးသည် အာဏာသိမ်းပြီးမှ ခန့်အပ်ခံရသည့် ရုရှားသံအမတ်ကြီး ဖြစ်သောကြောင့် ဤကိစ္စမှာ ရုရှားနှင့် ဆက်ဆံရေးကြောင့်ရသည့် စည်သူဘွဲ့ဟု နေပြည်တော် အသိုင်းအဝိုင်းက သုံးသပ်သည်။
အာဏာသိမ်းစစ်ခေါင်းဆောင်က စစ်တပ်သြဇာခံခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင်များနှင့် အပစ်အခတ်ရပ်စဲရေးစာချုပ် NCA ထိုးခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင် ၂၅ ယောက်လည်း ငြိမ်းချမ်းရေးခေါင်းစဉ် အောက်မှ ဝဏ္ဏကျော်ထင်ဘွဲ့ ပေးသည်။
ကချင်ပြည်နယ်အထူးဒေသ (၁) မှ ပြည်သူ့စစ်ခေါင်းဆောင် ဦးစခုန်တိန့်ယိန်းက “ဝဏ္ဏကျော်ထင် စခုန်တိန့်ယိန်း” ဖြစ်လာသည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် အထူးရင်းနှီးသည့် ရှမ်းပြည်တောင်ပိုင်း အထူးဒေသ (၆) မှ ဦးအောင်ခမ်းထီလည်း ဝဏ္ဏကျော်ထင်ဘွဲ့ ရသည်။ ပလောင်အဖွဲ့က ဦးအိုက်မုန်း၊ ကယားက ဦးကေဘရယ်ပျံ တို့လည်း အလားတူပင် ဖြစ်သည်။
NCA လက်မှတ်ထိုးခဲ့ကြသည့် ကရင်အမျိုးသားအစည်းအရုံး (KNU) က ဗိုလ်ချုပ်ကြီး စောမူတူးဆေးဖိုး၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) မှ ဗိုလ်ချုပ်ကြီး ယွက်ဆစ်၊ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ (PNLO) မှ ဦးခွန်ဥက္ကာ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) က ဦးခိုင်စိုးနိုင်အောင်နှင့် မွန်ပြည်သစ်ပါတီမှ နိုင်ရွှေကျင်တို့လည်း ဆုရသည်။
လက်ရှိ KNU နှင့် တိုက်ပွဲတွေဖြစ်နေသည့်ကြားက KNU ဥက္ကဋ္ဌ စောမူတူးစေးဖိုးကို ဝဏ္ဏကျော်ထင်ဘွဲ့ ပေးလိုက်ခြင်းက သွေးကွဲအောင်လုပ်ခြင်းဟု သုံးသပ်မှုများ ရှိနေသည်။
လက်ရှိ KNU နှင့် တိုက်ပွဲတွေဖြစ်နေသည့်ကြားက KNU ဥက္ကဋ္ဌ စောမူတူးစေးဖိုးကို ဝဏ္ဏကျော်ထင်ဘွဲ့ ပေးလိုက်ခြင်းက သွေးကွဲအောင်လုပ်ခြင်းဟု သုံးသပ်မှုများ ရှိနေသည်။
ဝဏ္ဏကျော်ထင်ဘွဲ့ရသည်ကို ကြိတ်ဝမ်းသာနေကြသည့် တိုင်းရင်းသား ခေါင်းဆောင်တချို့လည်း ရှိနေနိုင်သည်။ သို့သော် စစ်တပ်က သူတို့ကိုထားသည့် အင်္ဂါစဉ်ကို သိလျှင် အပြည့်အဝပျော်နိုင်မည်လား မပြောတတ်ချေ။
ဝဏ္ဏကျော်ထင်ဘွဲ့သည် သုဓမ္မသင်္ဂဟနှင့် ပြည်ထောင်စု စည်သူသင်္ဂဟတို့ ထက်နိမ့်သည့် စွမ်းဆောင်မှုဆိုင်ရာ ဘွဲ့ဖြစ်သည်။ စွမ်းဆောင်မှုဆိုင်ရာ ဘွဲ့များထဲတွင်ပင် ဝဏ္ဏကျော်ထင်ဘွဲ့ရှေ့တွင် သီရိပျံချီဘွဲ့နှင့် ဇေယျကျော်ထင်ဘွဲ့တို့ ရှိနေသေးသည်။
ပို၍မြင်သာအောင်ပြရလျှင် ပြီးခဲ့သည့် တပ်မတော်နေ့က ဒုဝန်ကြီးများကို ဝဏ္ဏကျော်ထင်ဘွဲ့ပေးခဲ့ရာ တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များအပေါ် ထားသည့် အဆင့်အတန်းကို မှန်းဆနိုင်သည်။
စစ်တပ်သည် အင်္ဂါစဉ်ကို အမြဲအလေးထားလေ့ရှိသည့် အဖွဲ့အစည်းဖြစ်ရာ ဤကိစ္စသည် အမှုမဲ့ အမှတ်မဲ့ မဖြစ်နိုင်ပေ။
စစ်ကောင်စီလက်ထက် ဂုဏ်ထူးဆောင်ဘွဲ့နှင့်တံဆိပ်များ ချီးမြှင့်ရန် စိစစ်ရေး အဓိကတာဝန်ရှိသူမှာ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဖြစ်ပြီး အတွင်းရေးမှူးက ပြည်ထဲရေးဒုဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင် ဖြစ်သည်။
သူတို့၏ တင်ပြချက်များကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြန်လည်စိစစ်ကာ လက်မှတ်ရေးထိုး ထုတ်ပြန်ခြင်း ဖြစ်သည်။
အာဏာသိမ်း စစ်ခေါင်းဆောင်ကို မိမိကိုယ်မိမိ ဆုပြန်ပေးသည်ဟု ပြောကြေးဆိုလျှင် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းကိုလည်း ချန်ထား၍ မဖြစ်ပေ။
အာဏာသိမ်း စစ်ခေါင်းဆောင်ကို မိမိကိုယ်မိမိ ဆုပြန်ပေးသည်ဟု ပြောကြေးဆိုလျှင် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းကိုလည်း ချန်ထား၍ မဖြစ်ပေ။
သူသည်လည်း ပြီးခဲ့သည့် လွတ်လပ်ရေးနေ့က သရေစည်သူဘွဲ့ရရှိခဲ့ရာ ကိုယ့်အမည်စာရင်း ကိုယ်ပြန်သွင်းသည့်သဘော သက်ရောက်သည်။
ထိုစဉ်က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မဟာသရေစည်သူဘွဲ့ ခံထားရာမှ ယခုတွင် ရွှေစလွယ်ရဘွဲ့ခံ ဖြစ်နေချေပြီ။
သူ၏ မဟာသရေစည်သူဘွဲ့ကို ဦးသိန်းစိန် မဆင်းခင်က ချီးမြှင့်ခဲ့ခြင်းဖြစ်ရာ NLD အစိုးရ လက်ထက်တွင် မည်သည့်ဘွဲ့မှ ချီးမြှင့်ခြင်းမခံခဲ့ရရာမှ အာဏာသိမ်းထားစဉ် ကိုယ့်ကိုကိုယ် ဘွဲ့ပြန်ချီးမြှင့်ခြင်းဖြစ်သည်။
နှစ်ဆန်း ၁ ရက်နေ့ ဘွဲ့ထူးဂုဏ်ထူး ပေးမှုသတင်းကို ဖတ်မိသည့် ရှေ့မီနောက်မီ တပ်မတော်အရာရှိကြီး တဦးသည် ပြောစရာစကားပင် ရှာမရတော့ဘဲ ဟားတိုက်သာ ရယ်မောနေမိကြောင်း ဖွင့်ဟသည်။
အာဏာသိမ်းထားသည်မှာ ၁ နှစ်ခွဲပင် မပြည့်တတ်သေးသော်လည်း စစ်ကောင်စီသည် ဘွဲ့ထူးဂုဏ်ထူးများကို မကြာခဏ ပေးနေသည်။
ပေးသည့်အခါ မူအရပေးသည်လား ကိုယ်ကြိုက်သည့်သူ ပေးသည်လား မေးခွန်းထုတ်စရာ ဖြစ်သည်။
ပြီးခဲ့သည့် တပ်မတော်နေ့က သရုပ်ဆောင်မင်းသမီး ခိုင်သင်းကြည်ကို ပေးခဲ့သည့် လူမှုထူးချွန်တံဆိပ် (ဒုတိယအဆင့်) ကို တလပင် မပြည့်တတ်သေးခင် ပြန်ရုပ်သိမ်းသည်။
တပ်မတော်နေ့ကပင် လူမှုထူးချွန်တံဆိပ် (တတိယအဆင့်) ပေးခဲ့သည့် သရုပ်ဆောင် စိုးမြတ်သူဇာကို တလပင် မပြည့်တတ်သေး ဒုတိယအဆင့်ကို တိုးမြှင့်ပေးလိုက်ပြန်သည်။
အာဏာသိမ်း စစ်ဗိုလ်ချုပ်များ၏ စိတ်ကြီးဝင် ရူးသွပ်မှုသည် တိုင်းပြည်၏ ဘဏ္ဍာကို ဖြုန်းတီးရာရောက်သည်။
အာဏာသိမ်း စစ်ဗိုလ်ချုပ်များ၏ စိတ်ကြီးဝင် ရူးသွပ်မှုသည် တိုင်းပြည်၏ ဘဏ္ဍာကို ဖြုန်းတီးရာရောက်သည်။
လွတ်လပ်ရေးနေ့ တရက်ထဲတွင် လူ ၁,၂၀၀ ကျော်ကို စစ်ကောင်စီက ဂုဏ်ထူးဆောင် ဘွဲ့တံဆိပ်များ ချီးမြှင့်ခဲ့သည်။ ဤစာရင်းထဲမှ လူအများစုမှာ စစ်ကောင်စီအတွက် အသက်ပေးခဲ့ရသူများဖြစ်ပြီး ဆုရသည်ကို မသိသွားကြပေ။
တပ်မတော်နေ့နှင့် နှစ်ဆန်းတရက်နေ့ နှစ်ရက်မှာတင် လူတထောင်ကျော် (၁,၀၀၉) ဦးကို ဘွဲ့၊ တံဆိပ်များ ပေးခဲ့ပြန်ပြီး ယာယီသမ္မတမှသည် ဆယ်အိမ်မှူးအထိ ပါဝင်သည်။
စစ်ကောင်စီရေးဆွဲသည့် ယခုနှစ် အရအသုံးစာရင်းတွင် ပင်စင်လစာငွေ နှင့် ဂုဏ်ထူးဆောင် ဘွဲ့တံဆိပ်များ ချီးမြှင့်ရန် ကျပ်ဘီလီယံ ၈၅၀ နီးပါး သုံးမည်ဟု ထည့်ထားသည်။
လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍမှာ စစ်ကောင်စီသုံးမည့် ငွေက ကျပ်ဘီလီယံ ၇၀၀ ပင် မပြည့်ပေ။
အဆိုပါ ကိန်းဂဏန်းနှစ်ခုက ပြောပြနေသည်မှာ အာဏာသိမ်း စစ်ဗိုလ်ချုပ်များ၏ ဘွဲ့ရူးဂုဏ်ရူးမှုသည် မီးမှန်မှန် မလာသည့် တိုင်းပြည်တွင် မီးပုံမှန်လင်းနိုင်ရေးထက်ပင် အရေးကြီးနေသည် ဟူ၍ပင်ဖြစ်သည်။
You may also like these stories :
နှလုံးရည် လက်ရုံးရည် နိမ့်ပါးလွန်းသော မြန်မာစစ်ခေါင်းဆောင်များ
အာဏာသိမ်း စစ်ခေါင်းဆောင် ကိုယ့်ကိုယ်ကိုယ် ဆု ပြန်ပေး
တပ်တွင်းမပြိုကွဲရေး အာရုံစိုက်နေရသည့် စစ်ခေါင်းဆောင်များ
နေပြည်တော် စစ်ရေးပြပွဲ ဗိုလ်ချုပ်ဟောင်းများ ပြန်ပေါ်လာ
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဖုံးဝှက်ထားသော ရုပ်ပုံလွှာ