အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား အနီးကပ်လေ့လာသူများ ၏အဆိုအရ အာဏာသိမ်းစစ်ခေါင်းဆောင်တွင် ဖိအားများစွာရှိနေပြီဟု ဆိုကြသည်။ ထို့အပြင် အာဏာသိမ်းပြီး ရယူထားသော ရာထူးနေရာ ပျောက်သွားမည်ကို စတင်စိုးရိမ်လာနေပြီဟု ပြောဆိုလာကြသည်။
ဧပြီလ ၂၂ ရက်နေ့တွင် အာဏာသိမ်းစစ်ခေါင်းဆောင်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအား သူကိုယ်တိုင်တွေ့မည်ဟု ရုတ်တရက်ပြောကြားလိုက်သည့် ဗီဒီယိုဖိုင်ကိုကြည့်ကာ အနီးကပ်လေ့လာသူများက ပြောဆိုကြခြင်းဖြစ်သည်။
ခေတ်အဆက်ဆက် တပ်မတော်ခေါင်းဆောင်များသည် သူတို့ပြောမည့် မိန့်ခွန်းများနှင့်သတင်းစကားများအား စနစ်တကျပြင်ဆင်ပြီး ပြောလေ့ရှိကြသည်။ စစ်ခေါင်းဆောင်ပြောကြားချင်သော သတင်းစကားများအား စိတ်ဓာတ်စစ်ဆင်ရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာန မှ ညွှန်ကြားရေးမှူး ဗိုလ်ချုပ်တဦး သို့မဟုတ် စစ်ဖက်ရေးရာ လုံခြုံရေးအရာရှိချုပ် (စရဖ ချုပ်) က ရေးသားတည်းဖြတ်ပေးရသည်။ ထိုကဲ့သိုပြင်ဆင်ပြီးနောက် နေ့ကြီးရက်ကြီးများ သို့မဟုတ် အထိမ်းအမှတ်နေ့မျိုးတွင်သာ စနစ်တကျပြင်ဆင်ပြီး ပြောလေ့ရှိသည်။
ဧပြီလ ၂၂ ရက်နေ့တွင် တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များအား ဖိတ်ခေါ်သည့် ရုပ်သံဖိုင်မှာ စနစ်တကျရေးသားပြီး ပြောဆိုခြင်းမျိုးမဟုတ်ပဲ အလျင်စလို ထ၍ ပြောဆိုခဲ့ခြင်းဖြစ်သည်ဟု အနီးကပ်လေ့လာသူများက ဆိုသည်။ ရုတ်တရက် ကောက်ကာငင်ကာ ထပြောခြင်းဖြစ်သည်။
သို့သော် ဧပြီလ ၂၂ ရက်နေ့တွင် တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များအား ဖိတ်ခေါ်သည့် ရုပ်သံဖိုင်မှာ စနစ်တကျရေးသားပြီး ပြောဆိုခြင်းမျိုးမဟုတ်ပဲ အလျင်စလို ထ၍ ပြောဆိုခဲ့ခြင်းဖြစ်သည်ဟု အနီးကပ်လေ့လာသူများက ဆိုသည်။ ရုတ်တရက် ကောက်ကာငင်ကာ ထပြောခြင်းဖြစ်သည်။
ထို့အပြင် လက်ရှိနိုင်ငံရေးအခြေအနေအရ အင်အားရှိသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် လာရောက်တွေ့ဆုံမှာ မဟုတ်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တပ်ချုပ်ဖြစ်လာသည့်အချိန်ကစလို့ အပြောတမျိုး အလုပ်တမျိုးဖြစ်နေသည်ကို အားလုံးကသိရှိထား ပြီး ဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေဖြင့် သူတပ်ချုပ်ဖြစ်သည့်အချိန်က စ၍ မြန်မာနိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းစေလိုသော ဆန္ဒမရှိခဲ့ပါ။ စစ်တပ်ကထောက်ခံသော သမ္မတဦးသိန်းစိန်လက်ထက် ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် တောက်လျှောက်ပါဝင်ခဲ့သော ရခိုင်တပ်မတော် AA၊ တအာင်း ပလောင်အဖွဲ့ TNLA နှင့် ကိုးကန့်အဖွဲ့ MNDAA အား NCA လက်မှတ်ထိုးခါနီးအချိန် အဆိုပါသုံးဖွဲ့အား NCA တွင် မပါဝင်ရန် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကန့်သတ်ခဲ့သည်။ သမ္မတ ဦးသိန်းစိန်အစိုးရအနေဖြင့် အဆိုပါသုံးဖွဲ့အား NCA တွင် ပါဝင်စေလိုခဲ့သည်။
သို့သော် သမ္မတဦးသိန်းစိန်ကိုယ်တိုင် စစ်တပ်အကြီးအကဲ၏ သဘောထားကို မလွန်ဆန်နိုင်ခဲ့ပေ။ အဆိုပါလက်နက်ကိုင်သုံးဖွဲ့အား NCA စာချုပ်တွင် မပါဝင်ရန် ကန့်သတ်ခဲ့သည့်အတွက် မူလက NCA စာချုပ်တွင် လက်မှတ်ထိုးနိုင်ချေရှိနေသော KIA အဖွဲ့သည်လည်း NCA စာချုပ်တွင် လက်မှတ်မထိုးတော့သည့်အထိဖြစ်ခဲ့ရသည်။
အဆိုပါဖြစ်စဉ်၏ အကျိုးဆက်အနေဖြင့် ပြီးခဲ့သည့် NLD အစိုးရ ငါးနှစ်တာကာလအတွင်း ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် တိုက်ပွဲများဖြစ်ပွါးခဲ့ပြီး စစ်မီးတောက်ခဲ့ရသည်။ တပ်မ တော်ဖက်မှာလည်း သေကြေပျက်စီးသူ များခဲ့ရသည်။
စစ်ခေါင်းဆောင်၏ ဖိတ်ခေါ်မှှုတွင် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ PDF များ မပါဝင်သည်ကိုတွေ့ရသည်။မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော လက်နက်ကိုင်ပဋိပက္ခများကို စိတ်စေတနာအရင်းခံဖြင့် ဖြေရှင်းလိုပါလျင် PDF များအား ချန်လှပ်ထား၍ မရတော့သည့်အခြေအနေ ဖြစ်နေပါသည်။
အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီအား လက်နက်စွဲကိုင်တော်လှန်နေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ PDF များပေါ်ပေါက်လာခဲ့သည်။ လက်ရှိအနေအထားအရ အင်အားတသိန်းခန့်ရှိနေပြီး စစ်ကိုင်းတိုင်းဒေသကြီး နယ်မြေအများစုကို စိုးမိုးထားနိုင်နေသည်။
သို့သော် ဧပြီလ ၂၂ ရက်နေ့က ငြိမ်းချမ်းရေးဆွေးနွေးရန် စစ်ခေါင်းဆောင်၏ ဖိတ်ခေါ်မှှုတွင် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ PDF များ မပါဝင်သည်ကိုတွေ့ရသည်။မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော လက်နက်ကိုင်ပဋိပက္ခများကို စိတ်စေတနာအရင်းခံဖြင့် ဖြေရှင်းလိုပါလျင် PDF များအား ချန်လှပ်ထား၍ မရတော့သည့်အခြေအနေ ဖြစ်နေပါသည်။
သို့သော် အာဏာသိမ်းစစ်ခေါင်းဆောင်အနေဖြင့် ငြိမ်းချမ်းရေးဆွေးနွေးမည်ဟု ဖိတ်ခေါ်နေသော်လည်း မြေပြင်တွင်စစ်ရေးလှုပ်ရှားမှုများ ဆက်တိုက်လုပ်ဆောင်နေသည်။ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ နယ်စပ်ဒေသများတွင် စစ်ကြောင်းထိုးခြင်းများ ဆက်တိုက်လုပ်ဆောင်နေသည်ဟု တိုင်းရင်းသားခေါင်းဆောင်များက ဆိုသည်။ အမှန်တကယ် လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းစေလိုလျှင် ဆွေးနွေးဖို့ ဖိတ်ခေါ်သည့် အချိန်ကစ စစ်ရေးလှုပ်ရှားမှုများကို ရပ်တန့်ထားရန် ညွန်ကြားဖို့လိုအပ်သည်ဟု တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်အချို့ကဆိုသည်။
လက်ရှိမြေပြင်အခြေအနေများကို အခြေခံ၍ သုံးသပ်ကြည့်ပါက စစ်ခေါင်းဆောင်၏ ငြိမ်းချမ်းရေးဆွေးနွေးမည်ဟု ဖိတ်ခေါ်မှုသည် သူကြုံနေရသည့်ဖိအားများအား လျော့ချရန်အတွက်သာဖြစ်သည်ဟု တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်အချို့က ယုံကြည်နေကြသည်။
စစ်ခေါင်းဆောင်အနေဖြင့် အာဏာသိမ်းပြီးနောက်ပိုင်း တတိုင်းပြည်လုံးနီးပါး ဆန့်ကျင်မှုနှင့်ရင်ဆိုင်ခဲ့သည်။ အာဏာသိမ်းမှုကို ဆန့်ကျင်သော ငြိမ်းချမ်းစွာဆန္ဒပြသူများအား စစ်ကောင်စီက အကြမ်းဖက်ဖြိုခွဲပြီးနောက် လူငယ်အများစုသည် လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကိုရွေးချယ်ခဲ့ကြပြီး PDF တပ် တွေကို ဖွဲ့စည်းခဲ့ကြသည်။
စစ်တပ်အတွက် အရာရှိစစ်သည် အများဆုံးထွက်သည့် စစ်ကိုင်းနှင့် မကွေးတိုင်းဒေသကြီးလိုနေရာများတွင် PDF များပေါ်ပေါက်လာခဲ့ပြီး စစ်ကောင်စီအား ပြန်လည်တိုက်ခိုက်လာခဲ့သည်။ ပြည်နယ်နှင့် တိုင်း ၁၄ ခုတွင် နေပြည်တော်နှင့် ဧရာဝတီတိုင်းမှလွဲ၍ ကျန်ဒေသများသည် စစ်ဆင်ရေးနယ်မြေလိုဖြစ်လာခဲ့သည်။
အာဏာသိမ်းပြီး လေးလအကြာမှစ၍ စစ်ကောင်စီ လက်အောက်ခံ တိုက်ခိုက်ရေးတပ်မ ၃၀ လုံး စစ်ဆင်ရေးနှင့် နယ်မြေလုံခြုံရေးကို မရပ်မနား လုပ်နေရသည်မှာ တနှစ်နီးပါးရှိလာခဲ့ပြီ။မြန်မာစစ်တပ်သမိုင်းတွင် အခုလိုအခြေအနေမျိုး တကြိမ်မှ မရှိခဲ့ပေ။
အာဏာသိမ်းပြီး လေးလအကြာမှစ၍ စစ်ကောင်စီ လက်အောက်ခံ တိုက်ခိုက်ရေးတပ်မ ၃၀ လုံး စစ်ဆင်ရေးနှင့် နယ်မြေလုံခြုံရေးကို မရပ်မနား လုပ်နေရသည်မှာ တနှစ်နီးပါးရှိလာခဲ့ပြီ။မြန်မာစစ်တပ်သမိုင်းတွင် အခုလိုအခြေအနေမျိုး တကြိမ်မှ မရှိခဲ့ပေ။
စစ်တိုက်ထွက်ရသည့် တပ်မတခုတွင် တပ်ရင်း ၁၀ ရင်းရှိပြီး ရှေ့တန်းထွက်သည့်အခါ တပ်ရင်း ၇ ရင်းဖြင့် ထွက်ကြသည်။ရှေ့တန်းထွက်သည့် တပ်ရင်းတရင်းသည် ၄ လကြာသည့်အခါ နောက်ကျန်ခဲ့သည့် တပ်ရင်း ၃ ရင်းဖြင့် အလဲအလှယ် လုပ်ပြီး နားရသည်။ သို့သော်အာဏာသိမ်းပြီးနောက်ပိုင်း စစ်မျက်နှာများလာသည့်အတွက် မနားရပဲ ရှေ့တန်းတွင် နှစ်ပေါက်အောင် နေလာရပြီး စစ်ပန်းလာနေသည်။
ထို့အပြင် တိုက်ပွဲများတွင် အကျအဆုံးများခြင်း၊ CDM ပြုလုပ်သူ များနေခြင်းတို့ကြောင့် စစ်တပ်အင်အားမှာ သိသိသာသာလျော့ကျသွားခဲ့သည်။လျော့နည်းကျဆင်းလာသော စစ်သည်အင်အားကို ဖြည့်တင်းရင်း ပင်စင်သက်တမ်းကို ၆၂နှစ် အထိ တိုးမြှင့်ခဲ့ရသည်။
စစ်သည်အင်အားလိုအပ်ချက်ကြောင့် အငြိမ်းစားစစ်သည်များအား ပြန်လည်ခန့်အပ် တာဝန်ပေးလာရသလို ပြူစောထီးလို အဖွဲ့များဖွဲ့ပြီးလည်း လုံခြုံရေးဆောင်ရွက်လာရသည်။ အခုလို တာဝန်ပေးသူအတွက် ထောက်ပံ့ကြေးကို နိုင်ငံတော်မှ မထောက်ပံ့ပဲ တပ်မှူးများက ရှာဖွေထောက်ပံ့နေရသည်။
ထို့အပြင် အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူလူထုက စစ်တပ်ထုတ်ကုန်များအား ကန့်ကွက် သပိတ်မှောက် ထားသည့်အတွက် ဦးပိုင်ဝင်ငွေမှာ သိသိသာသာ ကျဆင်းသွားခဲ့သည်။ ထို့ကြောင့် ဦးပိုင်အမြတ်ငွေအား လက်ရှိ စစ်သည်များနှင့် အငြိမ်းစားများအား ခွဲဝေမပေးနိုင်သည်မှာ ၆ လကျော်ရှိလာနေပြီ။ ထို့ကြောင့် နှစ်စဉ် တပ်ရင်းတရင်းအတွက် ရရှိသော ဦးပိုင်အမြတ်ငွေသိန်း ၁၅၀ မရရှိပဲဖြစ်နေသည်။ တပ်ရင်း သက်သာချောင်ချိရေးလုပ်ငန်းများလည်း မလုပ်နိုင်တော့ပေ။
ထိုကဲ့သို့ စစ်ရေးဖိအားနှင့် နိုင်ငံရေးဖိအားများ ဆက်တိုက်ခံလာရသောကြောင့် စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်နေသော အရာရှိစစ်သည်များထဲမှ တပ်ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ပြန်လည်ဝေဖန်ပြောဆိုမှုများ ရှိလာနေသည်။ အာဏာသိမ်းပြီးနောက်ပိုင်းကြုံလာရသော စစ်ရေး၊ နိုင်ငံရေးနှင့် စီးပွားရေးဖိအားများကြောင့် လက်ရှိတာဝန်ထမ်းဆောင်ဆဲ အရာရှိစစ်သည်များနှင့် အငြိမ်းစားစစ်သည်များက စစ်ခေါင်းဆောင်၏ ဦးဆောင်မှုကို မေးခွန်းထုတ်လာကြ ဝေဖန်လာကြသည်။ အမိန့်မနာခံမှုတွေ ရှိလာကြသည်။ တပ်တွင်း အရေးကြီးသည့်သတင်းများအား တော်လှန်ရေးအင်းအားစုများထံ အခမဲ့ပေးနေသည့် ဖရဲသီး စစ်သည်များစွာပေါ်ထွက်လာခဲ့သည်။
စစ်ရေးဖိအားနှင့် နိုင်ငံရေးဖိအားများ ဆက်တိုက်ခံလာရသောကြောင့် စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်နေသော အရာရှိစစ်သည်များထဲမှ တပ်ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ပြန်လည်ဝေဖန်ပြောဆိုမှုများ ရှိလာနေသည်။
ထိုသို့ တိုက်စားမှု အရှိန်တက်လာလျှင် တချိန်ချိန် တပ်ကွဲတော့မည်။ တပ်အကွဲခံမလား၊ မင်းအောင်လှိုင်ကို အစားထိုးပြီး ထိုးကျွေးလိုက်မလားက တပ်မှူးများကြား တွေးကြံစရာတခု ခိုင်ခိုင်မာမာ ဖြစ်လာနေသည်။ အာဏာသိမ်းစစ်ခေါင်းဆောင်၏ လက်ရှိထိုင်ခုံနေရာအတွက် စိုးရိမ်စရာ စဖြစ်လာနေပြီဟု ဆိုနိုင်သည်။
စစ်ကောင်စီလက်အောက်ခံတပ်များတွင် စစ်ပန်းလူပန်း ငွေမရှိသည့်အခြေအနေဖြစ်လာနေသော်လည်း တိုင်းရင်းသားလက်နက်ကိုင်များနှင့် ပြည်သူ့ကာကွယ်ရေး PDF တပ်ဖွဲ့များမှာ လူအင်အား လက်နက်အင်အားမှာ လျော့မသွားပဲ တိုးလာနေသည်။ တချိန်က တူမီးဖြင့်တိုက်ခိုက်သောအဖွဲ့များမှာ ချေမှုန်းရေး ရိုင်ဖယ်တွေ ကိုင်လာနိုင်ကြသည်။ ပဒေသာမိုင်းမှသည် ဒရုန်းဖြင့်တိုက်ခိုက်သောစနစ်ကို ကောင်းမွန်စွာ လုပ်ဆောင်လာနိုင်သည်။ ပွင့်လင်းရာသီတရာသီလုံး စစ်ကောင်စီ၏ ထိုးစစ်ကို ခုခံရင်း စစ်ရေးအတွေ့အကြုံ များလာခဲ့သည်။
မကြာခင် မိုးရာသီရောက်ရှိလာတော့မည်။ အချိန်ကာလအားဖြင့် တလသာ ကျန်တော့သည်။ မိုးရာသီ ရောက်လာလျင် စစ်ကောင်စီခြေလျင်တပ်က လိုအပ်သည့်အခါတိုင်း လေကြောင်းပစ်ကူမပေးနိုင်တော့။ မိုးတွင်းကာလရောက်လာသည်နှင့်အမျှ လူထုထောက်ခံမှုရရှိထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် PDF များအတွက် ရှေ့တန်းစစ်မျက်နှာတွင် အသာစီး ပိုရလာမည်ဖြစ်သည်။
နောက် ၆ လအထိ တိုင်းရင်းသားလက်နက်ကိုင်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ယခုထက် မလျော့နည်းသော စစ်ရေး စီးပွားရေးနှင့် နိုင်ငံရေးဖိအားများ ဆက်လက်ပေးထားနိုင်ပါက အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တယောက် အရူးမီးဝိုင်းပေတော့မည်။
ထို့ကြောင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေဖြင့် စစ်ပန်း၍ အမိန့်နာခံမှု အားနည်းလာသော သူ့လက်အောက်ခံစစ်သည်များအား အနားပေးရန် လိုအပ်လာနေပြီဖြစ်သည်။လေကြောင်းပစ်ကူမပါလျှင် စစ်မတိုက်တတ်သော စစ်တပ်အတွက် မိုးတွင်းကာလတွင် ဆွေးနွေးရေးဆိုသောခေါင်းစဉ်အောက်တွင် တိုင်းရင်းသားလက်နက်ကိုင်များအား ထိန်းချုပ်ထားချင်သည်။ထို့ကြောင့် ရုတ်တရက် ငြိမ်းချမ်းရေးဆွေးနွေးမည်၊ သူကိုယ်တိုင်တွေ့ဆုံမည်ဟု ကောက်ကာငင်ကာ ထပြောရခြင်းဖြစ်သည်။
နောက် ၆ လအထိ တိုင်းရင်းသားလက်နက်ကိုင်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ယခုထက် မလျော့နည်းသော စစ်ရေး စီးပွားရေးနှင့် နိုင်ငံရေးဖိအားများ ဆက်လက်ပေးထားနိုင်ပါက အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တယောက် အရူးမီးဝိုင်းပေတော့မည်။
(ပေါ်ထွန်းသည် အကြီးတန်းမြန်မာသတင်းစာဆရာတဦး ဖြစ်သည်။)
You may also like these stories:
ဘွဲ့တံဆိပ်များနှင့် မင်းအောင်လှိုင် သိဒ္ဓိတင်နေသည်
တပ်တွင်းမပြိုကွဲရေး အာရုံစိုက်နေရသည့် စစ်ခေါင်းဆောင်များ
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဖုံးဝှက်ထားသော ရုပ်ပုံလွှာ
အာဏာသိမ်း စစ်ခေါင်းဆောင် ကိုယ့်ကိုယ်ကိုယ် ဆု ပြန်ပေး
နှလုံးရည် လက်ရုံးရည် နိမ့်ပါးလွန်းသော မြန်မာစစ်ခေါင်းဆောင်များ