• English
Tuesday, November 28, 2023
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
    ရခိုင်တွင် လက်နက်ကြီးမှန်၍ အရပ်သား ၄ ဦး ပွဲချင်းပြီးသေဆုံး

    ရခိုင်တွင် လက်နက်ကြီးမှန်၍ အရပ်သား ၄ ဦး ပွဲချင်းပြီးသေဆုံး

    မတ္တရာနယ်မှ စစ်စခန်း TNLA နှင့် မန္တလေး PDF သိမ်းပိုက်

    မတ္တရာနယ်မှ စစ်စခန်း TNLA နှင့် မန္တလေး PDF သိမ်းပိုက်

    ရာဇဝတ်ကွန်ရက် KK-Park တွင် KNU ခေါင်းဆောင်များ ပါဝင်ပတ်သက်နေ အပိုင်း (၂)

    ရာဇဝတ်ကွန်ရက် KK-Park တွင် KNU ခေါင်းဆောင်များ ပါဝင်ပတ်သက်နေ အပိုင်း (၂)

    ရန်ကုန်၊ မန္တလေးတို့၌ စစ်ကောင်စီ လုံခြုံရေးတိုးမြှင့်

    ရန်ကုန်၊ မန္တလေးတို့၌ စစ်ကောင်စီ လုံခြုံရေးတိုးမြှင့်

    စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

    စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

    စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

    စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

    စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

    စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

    ရာဇဝတ်ကွန်ရက် KK-Park တွင် KNU ခေါင်းဆောင်များ ပါဝင်ပတ်သက်နေ အပိုင်း (၁)

    ရာဇဝတ်ကွန်ရက် KK-Park တွင် KNU ခေါင်းဆောင်များ ပါဝင်ပတ်သက်နေ အပိုင်း (၁)

    မြန်မာ့တော်လှန်ရေးထိုးစစ် နယ်စပ်ရောက်လာသော်လည်း အိန္ဒိယ သဘောထားမပြောင်း

    မြန်မာ့တော်လှန်ရေးထိုးစစ် နယ်စပ်ရောက်လာသော်လည်း အိန္ဒိယ သဘောထားမပြောင်း

    Trending Tags

      • All
      • Crime
      • Development
      • Environment
      • Ethnic Issues
      • Human Rights
      • Military
      • Obituary
      • Politics
      • Religion
      • Women
      • သတင်းတို
    • ဆောင်းပါး
    • စီးပွားရေး
    • အာဘော်
      • All
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
      • အယ်ဒီတာ့အာဘော်
      စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

      စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

      စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

      စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

      တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

      တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

      စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

      စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

      ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

      ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

      တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

      တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

      တော်လှန်ရေးနှင့် အရှိန်မြင့်လာသည့် စစ်ကောင်စီ ပြိုကွဲမှု

      ယုံကြည်မှု လွန်ကဲသူများနှင့် ဒဿနိကဗေဒ

      ယုံကြည်မှု လွန်ကဲသူများနှင့် ဒဿနိကဗေဒ

      “အကြမ်းဖက်စစ်ကောင်စီရဲ့ နိဂုံးဟာ စပြီ”

      “အကြမ်းဖက်စစ်ကောင်စီရဲ့ နိဂုံးဟာ စပြီ”

      • All
      • အယ်ဒီတာ့အာဘော်
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
    • Lifestyle
      • All
      • Automobile
      • Coronavirus Update
      • Culture
      • Education
      • Entertainment
      • Event
      • Food
      • Health
      • Travel
      • Trend
      • အားကစား
      စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

      စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

      ထရဂျဒီ၊ ကွန်မီဒီ

      ထရဂျဒီ၊ ကွန်မီဒီ

      စုပေါင်း ဘုံဗိမာန်သို့ ခရီး

      စုပေါင်း ဘုံဗိမာန်သို့ ခရီး

      ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

      ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

      အမျိုးသမီး သတင်းစာဆရာ

      အမျိုးသမီး သတင်းစာဆရာ

      လောင်စာ

      လောင်စာ

      ခေတ် နှင့် မိန်းမ

      ခေတ် နှင့် မိန်းမ

      တနှစ်တခါ …

      တနှစ်တခါ …

      ရှမ်းမြောက်သို့သွားရောက် ဖျော်ဖြေရန် ဖိတ်ခေါ်မှု အနုပညာရှင်များ နှုတ်ဆိတ်နေ

      ရှမ်းမြောက်သို့သွားရောက် ဖျော်ဖြေရန် ဖိတ်ခေါ်မှု အနုပညာရှင်များ နှုတ်ဆိတ်နေ

      Trending Tags

        • All
        • Entertainment
        • Event
        • Travel
        • Food
        • Trend
        • Culture
        • Health
        • Coronavirus Update
        • Automobile
        • အားကစား
      • Cartoon
      • Photo Essay
      • Women & Gender
      • Labor Rights
      • Election
      • Organized Crime Guide
      • Donate
      • Home
      • သတင်း
        • All
        • Crime
        • Development
        • Environment
        • Ethnic Issues
        • Human Rights
        • Military
        • Obituary
        • Politics
        • Religion
        • Women
        • သတင်းတို
        ရခိုင်တွင် လက်နက်ကြီးမှန်၍ အရပ်သား ၄ ဦး ပွဲချင်းပြီးသေဆုံး

        ရခိုင်တွင် လက်နက်ကြီးမှန်၍ အရပ်သား ၄ ဦး ပွဲချင်းပြီးသေဆုံး

        မတ္တရာနယ်မှ စစ်စခန်း TNLA နှင့် မန္တလေး PDF သိမ်းပိုက်

        မတ္တရာနယ်မှ စစ်စခန်း TNLA နှင့် မန္တလေး PDF သိမ်းပိုက်

        ရာဇဝတ်ကွန်ရက် KK-Park တွင် KNU ခေါင်းဆောင်များ ပါဝင်ပတ်သက်နေ အပိုင်း (၂)

        ရာဇဝတ်ကွန်ရက် KK-Park တွင် KNU ခေါင်းဆောင်များ ပါဝင်ပတ်သက်နေ အပိုင်း (၂)

        ရန်ကုန်၊ မန္တလေးတို့၌ စစ်ကောင်စီ လုံခြုံရေးတိုးမြှင့်

        ရန်ကုန်၊ မန္တလေးတို့၌ စစ်ကောင်စီ လုံခြုံရေးတိုးမြှင့်

        စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

        စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

        စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

        စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

        စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

        စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

        ရာဇဝတ်ကွန်ရက် KK-Park တွင် KNU ခေါင်းဆောင်များ ပါဝင်ပတ်သက်နေ အပိုင်း (၁)

        ရာဇဝတ်ကွန်ရက် KK-Park တွင် KNU ခေါင်းဆောင်များ ပါဝင်ပတ်သက်နေ အပိုင်း (၁)

        မြန်မာ့တော်လှန်ရေးထိုးစစ် နယ်စပ်ရောက်လာသော်လည်း အိန္ဒိယ သဘောထားမပြောင်း

        မြန်မာ့တော်လှန်ရေးထိုးစစ် နယ်စပ်ရောက်လာသော်လည်း အိန္ဒိယ သဘောထားမပြောင်း

        Trending Tags

          • All
          • Crime
          • Development
          • Environment
          • Ethnic Issues
          • Human Rights
          • Military
          • Obituary
          • Politics
          • Religion
          • Women
          • သတင်းတို
        • ဆောင်းပါး
        • စီးပွားရေး
        • အာဘော်
          • All
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
          • အယ်ဒီတာ့အာဘော်
          စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

          စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

          စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

          စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

          တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

          တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

          စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

          စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

          ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

          ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

          တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

          တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

          တော်လှန်ရေးနှင့် အရှိန်မြင့်လာသည့် စစ်ကောင်စီ ပြိုကွဲမှု

          ယုံကြည်မှု လွန်ကဲသူများနှင့် ဒဿနိကဗေဒ

          ယုံကြည်မှု လွန်ကဲသူများနှင့် ဒဿနိကဗေဒ

          “အကြမ်းဖက်စစ်ကောင်စီရဲ့ နိဂုံးဟာ စပြီ”

          “အကြမ်းဖက်စစ်ကောင်စီရဲ့ နိဂုံးဟာ စပြီ”

          • All
          • အယ်ဒီတာ့အာဘော်
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
        • Lifestyle
          • All
          • Automobile
          • Coronavirus Update
          • Culture
          • Education
          • Entertainment
          • Event
          • Food
          • Health
          • Travel
          • Trend
          • အားကစား
          စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

          စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

          ထရဂျဒီ၊ ကွန်မီဒီ

          ထရဂျဒီ၊ ကွန်မီဒီ

          စုပေါင်း ဘုံဗိမာန်သို့ ခရီး

          စုပေါင်း ဘုံဗိမာန်သို့ ခရီး

          ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

          ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

          အမျိုးသမီး သတင်းစာဆရာ

          အမျိုးသမီး သတင်းစာဆရာ

          လောင်စာ

          လောင်စာ

          ခေတ် နှင့် မိန်းမ

          ခေတ် နှင့် မိန်းမ

          တနှစ်တခါ …

          တနှစ်တခါ …

          ရှမ်းမြောက်သို့သွားရောက် ဖျော်ဖြေရန် ဖိတ်ခေါ်မှု အနုပညာရှင်များ နှုတ်ဆိတ်နေ

          ရှမ်းမြောက်သို့သွားရောက် ဖျော်ဖြေရန် ဖိတ်ခေါ်မှု အနုပညာရှင်များ နှုတ်ဆိတ်နေ

          Trending Tags

            • All
            • Entertainment
            • Event
            • Travel
            • Food
            • Trend
            • Culture
            • Health
            • Coronavirus Update
            • Automobile
            • အားကစား
          • Cartoon
          • Photo Essay
          • Women & Gender
          • Labor Rights
          • Election
          • Organized Crime Guide
          • Donate
          No Result
          View All Result
          
          No Result
          View All Result
          Home အာဘော် သူ့အတွေး သူ့အမြင်

          အကျင့်ပျက် စစ်ဗိုလ်ချုပ်တွေက ဒေါ်အောင်ဆန်းစုကြည်ကို လာဘ်စားသတဲ့လား

          by ပေါ်ထွန်း
          5 May 2022
          in သူ့အတွေး သူ့အမြင်
          Reading Time: 1 min read
          A A
          ဒေါ်အောင်ဆန်းစုကြည်တွင် သူ့မိဘများနေထိုင်ခဲ့သည့် အိမ်တလုံးသာ ရှိသည်။ သမ္မတ ဦးဝင်းမြင့်ထံတွင် ကိုယ်ပိုင်အိမ်ပင် မရှိပေ / ဧရာဝတီ

          ဒေါ်အောင်ဆန်းစုကြည်တွင် သူ့မိဘများနေထိုင်ခဲ့သည့် အိမ်တလုံးသာ ရှိသည်။ သမ္မတ ဦးဝင်းမြင့်ထံတွင် ကိုယ်ပိုင်အိမ်ပင် မရှိပေ / ဧရာဝတီ

          11.3k
          VIEWS
          Share on FacebookShare on Twitter

          စစ်ခေါင်းဆောင်အချို့နှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ခေါင်းဆောင်အချို့သည် လွန်ခဲ့သည့် ခြောက်နှစ်က စီမံကိန်း တခုကို စတင်ခဲ့သည်။

          သို့သော် အဆိုပါစီမံကိန်းမှာ မအောင်မြင်ခဲ့ပေ။ ထိုကဲ့သို့ မအောင်မြင်ခဲ့သော စီမံကိန်းအား အာဏာသိမ်းပြီး နောက်ပိုင်း အကောင်အထည် ဖော်လာခဲ့သည်။ အဆိုပါ စီမံကိန်းမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ခေါင်းဆောင်များ၏ ဂုဏ်သိက္ခာကို ချရန်ဖြစ်သည်။

          RelatedPosts

          စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

          စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

          28 November 2023
          5.1k
          မြန်မာ့တော်လှန်ရေးထိုးစစ် နယ်စပ်ရောက်လာသော်လည်း အိန္ဒိယ သဘောထားမပြောင်း

          မြန်မာ့တော်လှန်ရေးထိုးစစ် နယ်စပ်ရောက်လာသော်လည်း အိန္ဒိယ သဘောထားမပြောင်း

          27 November 2023
          6.4k
          တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

          တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

          24 November 2023
          3.8k

          တိတိကျကျဆိုရလျှင် အဆိုပါ စီမံကိန်းကို၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါတီ အနိုင်ရရှိခဲ့သည့် အချိန်က စတင်ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

          စစ်ခေါင်းဆောင်အချို့နှင့် ကြံ့ခိုင်ရေးပါတီမှ ခေါင်းဆောင်အချို့သည် ၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါတီ အနိုင်မရရန် လူမျိုးရေး ဘာသာရေးဖြင့် ထိုးနှက်ခဲ့သည်။ NLD ပါတီ အာဏာရလာလျှင် မြန်မာနိုင်ငံ၌ ဗုဒ္ဓဘာသာဝင် မဟုတ်သည့် တခြားဘာသာခြားများ နေရာရလာမည်ဟု ပြည်သူလူထုအား ဝါဒဖြန့်ခဲ့သည်။

          စစ်ခေါင်းဆောင်အချို့နှင့် ကြံ့ခိုင်ရေးပါတီမှ ခေါင်းဆောင်အချို့သည် ၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါတီ အနိုင်မရရန် လူမျိုးရေး ဘာသာရေးဖြင့် ထိုးနှက်ခဲ့သည်။ NLD ပါတီ အာဏာရလာလျှင် မြန်မာနိုင်ငံ၌ ဗုဒ္ဓဘာသာဝင် မဟုတ်သည့် တခြားဘာသာခြားများ နေရာရလာမည်ဟု ပြည်သူလူထုအား ဝါဒဖြန့်ခဲ့သည်။ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) ကဲ့သို့ အဖွဲ့များ ထူထောင်ကာ ဆောင်ရွက်ခဲ့သည်။ သို့သော် မအောင်မြင်ခဲ့ပေ။

          ထိုကဲ့သို့ ဆောင်ရွက်ခဲ့မူကြောင့် ၂၀၁၅ ရွေးကောက်ပွဲကာလတွင် NLD ပါတီအပေါ် တစုံတရာ သက်ရောက်မူ ရှိခဲ့သည်။ ရွေးကောက်ပွဲရှုံးသည်အထိ မဖြစ်ခဲ့ပေ။ ဒေါ်အောင်ဆန်းစုကြည်၏ ဘဝတလျှောက်လုံး တည်ဆောက်ခဲ့သော ဂုဏ်သိက္ခာကြောင့် ပြည်သူများက ဒေါ်အောင်ဆန်းစုကြည်အပေါ် ယုံကြည်ကြသည်။ ချစ်ခင်လေးစားကြသည်။ ထို့ကြောင့် အပြောင်းအလဲကို လိုလားသော ပြည်သူများက သူတို့ယုံကြည်သော ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့်ပါတီကို မဲပေးခဲ့ကြသည်။

          စစ်ခေါင်းဆောင်အချို့နှင့် ကြံ့ခိုင်ရေးပါတီခေါင်းဆောင်အချို့ တိုက်ခဲ့သော လူမျိုးရေး၊ ဘာသာရေးမှိုင်းသည် ‌ဒေါ်အောင်ဆန်းစုကြည်၏ ဂုဏ်သိက္ခာကို တိုးမပေါက်ဖြစ်ခဲ့ရပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါတီ အနိုင်ရခဲ့သည်။ ရွေးကောက်ပွဲ အနိုင်ရသွားသည့် NLD ပါတီအား မလွှဲသာမရှောင်သာသည့်အဆုံး အာဏာလွှဲပေးခဲ့ရသည်။

          ၂၀၁၅ ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီ ရှုံးနိမ့်မူနှင့် ပတ်သက်၍ စစ်ခေါင်းဆောင်အချို့နှင့် ကြံ့ခိုင်ရေးပါတီ ခေါင်းဆောင်အချို့က ပြည်လည် သုံးသပ်ခဲ့သည်။ ပြည်သူအများစုအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီခေါင်းဆောင်များ၏ ဂုဏ်သိက္ခာကို ယုံကြည်၍ NLD ပါတီကို မဲပေးခဲ့ရသည်ဆိုသည့်အချက်ကို သိရှိခဲ့သည်။ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ ဂုဏ်သိက္ခာကြောင့် ပြည်သူများက NLD ပါတီကို ထောက်ခံရသည်ဆိုသော အချက်ကို လေ့လာသိရှိခဲ့သည်။

          ထိုအခြေအနေကို သိရှိလာသော စစ်ခေါင်းဆောင် အချို့နှင့် ပါတီခေါင်းဆောင်အချို့သည် ဒေါ်အောင်ဆန်းစုကြည် နှင့် NLD ပါတီခေါင်းဆောင်များအား ဂုဏ်သိက္ခာချရန် စနစ်တကျ ပြင်ဆင်လာခဲ့သည်။ နိုင်ငံရေးသမားများ၏ ဂုဏ်သိက္ခာကို ကျဆင်းအောင် ဆောင်ရွက်နိုင်ပါက ပြည်သူလူထုသည် နိုင်ငံရေးသမားများအပေါ် ယုံကြည်မှုမရှိ ဖြစ်လာမည်ဟု ထင်ခဲ့ကြသည်။

          ထို့အတွက် စစ်ဖက်ရေးရာလုံခြုံရေး အရာရှိချုပ် (စရခ) လက်အောက်ခံ စရဖများနှင့် ရဲသတင်း တပ်ဖွဲ့ (SB) များအား NLD ပါတီ၏ လွှတ်တော်ကိုယ်စားလှယ်များကို စောင့်ကြည့်သတင်းပို့ရန်နှင့် NLD အစိုးရအဖွဲ့ဝင်များ၏ လှုပ်ရှားမှုများအား စောင့်ကြည့်သတင်းပို့ရန် စေခိုင်းခဲ့သည်။

          စစ်ဖက်ရေးရာလုံခြုံရေး အရာရှိချုပ် ရုံးအောက်တွင်ရှိသော ကွန်ပျူတာဌာနမှ အရာရှိစစ်သည်များကို NLD ခေါင်းဆောင်များ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် အစိုးရအဖွဲ့ဝင်များ၏ မမှန်သတင်းများ၊ အမှားတဝက် အမှန်တဝက် ဖန်တီးထားသော သတင်းများအား ဆိုရှယ်မီဒီယာများမှတဆင့် လူထုကြားထဲ ပျံ့နှံရောက်ရှိရန် တာဝန်ပေးခဲ့သည်။

          ထို့အပြင် စစ်ဖက်ရေးရာလုံခြုံရေး အရာရှိချုပ် ရုံးအောက်တွင်ရှိသော ကွန်ပျူတာဌာနမှ အရာရှိစစ်သည်များကို NLD ခေါင်းဆောင်များ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် အစိုးရအဖွဲ့ဝင်များ၏ မမှန်သတင်းများ၊ အမှားတဝက် အမှန်တဝက် ဖန်တီးထားသော သတင်းများအား ဆိုရှယ်မီဒီယာများမှတဆင့် လူထုကြားထဲ ပျံ့နှံရောက်ရှိရန် တာဝန်ပေးခဲ့သည်။

          ထို့ကြောင့် NLD အစိုးရ တာဝန်ယူသောကာလတွင် သတင်းတု သတင်းမှားများ မကြာခဏ ထွက်လာခဲ့သည်။ ပြည်တော်ပြန် မြန်မာအချို့နှင့် ချိတ်ဆက်ကာ ပြည်ပရောက် မြန်မာလူထုကြား ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီခေါင်းဆောင်များ၏ သတင်းအမှားများ ပျံ့နှံ့အောင် ဆောင်ရွက်ခဲ့သည်။

          ထို့အပြင် စစ်တပ်ကို ထောက်ခံသူများနှင့် ကြံ့ခိုင်ရေးပါတီဝင်အချို့အား မီဒီယာများ ထူထောင်ပေးခဲ့သည်။ စစ်ထောက်လှမ်းရေးပြုတ် ရဲမိုးဦးဆောင်သော Silent Talk မီဒီယာကို စစ်တပ်နှင့် ဆက်နွယ်နေသူတဦးက ထောက်ပံ့ပေးထားခဲ့သည်။ ရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မိုးအောင်မှ The Fifth Wave (ပဉ္စမလှိုင်း) မီဒီယာနှင့် သနင်္ဂဗျူဟာအဖွဲ့ကို ထောက်ပံ့ပေးထားသည်ဟု အဆိုပါမီဒီယာများတွင် အလုပ်လုပ်ခဲ့သူများက ဆိုသည်။

          ကြံ့ခိုင်ရေးပါတီ အကြီးအကဲအချို့၏ ထောက်ပံ့မှုဖြင့် People Media နှင့် ဦးလှဆွေ (ဘူးလက်) ဦးဆောင်သည့် ဘူးလက်ဂျာနယ်တို့မှာ လူသိများသည့် မီဒီယာများ ဖြစ်သည်။ ထိုမီဒီယာများမှတဆင့် NLD ခေါင်းဆောင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၏ ဂုဏ်သိက္ခာကို ထိပါးစေမည့် အကြောင်းအရာများ ဦးစားပေး ရေးသားဖော်ပြခဲ့ကြသည်။ အချို့ဖြစ်ရပ်မှန် သတင်းများရှိသကဲ့သို့ သတင်းအမှားများကိုလည်း ဖော်ပြခဲ့ကြသည်။

          ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ခေါင်းဆောင်များကို ထိုးနှက်ရန် စစ်တပ်နှင့် ကြံ့ခိုင်ရေးပါတီများက တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်သောနည်းဖြင့် ထောက်ပံ့ထားသော မီဒီယာများမှာ NLD အစိုးရ လက်ထက်တွင် လူသိထင်ရှား မရပ်တည်ရဲသော်လည်း စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း သတင်းစာရှင်းလင်းပွဲများတွင် လူသိထင်ရှား ရပ်တည်လာခြင်းကို မြင်ရမည်ဖြစ်သည်။

          ထိုနည်းဖြင့် NLD အစိုးရ၏ ငါးနှစ်တာအတွင်း ပြည်သူလူထုထောက်ခံမှု လျော့နည်းသွားရန် NLD ပါတီ၏ ခေါင်းဆောင်များနှင့် လွှတ်တော်ကိုယ်စားလှယ်များကို အဓိကစောင့်ကြည့်ကာ ဂုဏ်သိက္ခာကျရန် လုပ်ဆောင်ခဲ့သည်။ NLD အစိုးရလက်ထက်တွင် စီးပွားရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းများ မတိုးတက်ဘူးဟူ၍ ဝါဒဖြန့်ခဲ့ကြသည်။

          စရဖနှင့် SB တပ်ဖွဲ့များ ပေးပို့လာသော သတင်းဓာတ်ပုံများထဲမှ NLD ပါတီခေါင်းဆောင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရအဖွဲ့ဝင်များ၏ ဂုဏ်သိက္ခာကို ထိခိုက်စေမည့် အချက်အလက်များအား စစ်ခေါင်းဆောင်များက စစ်တပ်ကျောထောက်နောက်ခံပြုထားသော မီဒီယာများအား ပေးပို့ခဲ့ကြသည်။ အဆိုပါ မီဒီယာများနှင့် လူမှုကွန်ရက်များကလည်း ဖော်ပြခဲ့ကြသည်။

          ထို့အပြင် စရဖနှင့် SB တပ်ဖွဲ့များ ပေးပို့လာသော သတင်းဓာတ်ပုံများထဲမှ NLD ပါတီခေါင်းဆောင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရအဖွဲ့ဝင်များ၏ ဂုဏ်သိက္ခာကို ထိခိုက်စေမည့် အချက်အလက်များအား စစ်ခေါင်းဆောင်များက စစ်တပ်ကျောထောက်နောက်ခံပြုထားသော မီဒီယာများအား ပေးပို့ခဲ့ကြသည်။ အဆိုပါ မီဒီယာများနှင့် လူမှုကွန်ရက်များကလည်း ဖော်ပြခဲ့ကြသည်။

          သို့သော်လည်း ဆိုရှယ်မီဒီယာ အားကောင်းသော ခေတ်ကာလတွင် အမှန်ကိုသိသော ပြည်သူအချို့က သတင်း အမှားများကို ပြန်လည် ချေဖျက်ပေးခဲ့ကြသည်။

          ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီခေါင်းဆောင်များသည် အစိုးရအဖွဲ့တာဝန်ယူသည့် ကာလအတွင်း သူတို့၏ ဂုဏ်သိက္ခာနှင့်ပတ်သက်၍ မထိခိုက်ရန် နေထိုင်ခဲ့သည်။ သမ္မတ ဦးထင်ကျော် အနေဖြင့် သမ္မတ ရာထူးတာဝန် စတင်ယူသည့်အချိန်က ပြည်ထောင်စုလွှတ်တော်သို့ အပ်နှံထားသော သူ၏ပိုင်ဆိုင်မှုများအား ရေးသားဖော်ပြထားသည့် စာအိတ်ကို တာဝန်ပြီးဆုံးချိန်တွင် ပြန်မယူဘဲ ထားခဲ့သည်။ အချိန်မရွေး စစ်ဆေးနိုင်ရန်အတွက် ဖြစ်သည်။

          သို့သော် ဗိုလ်ချုပ်ကြီးဟောင်း သမ္မတ ဦးသိန်းစိန်အနေဖြင့် သမ္မတဖြစ်သည့်အချိန်က ပြည်ထောင်စုလွှတ်တော် ဥက္ကဋ္ဌထံတွင် အပ်နှံထားသော သူ၏ပိုင်ဆိုင်မှုစာရင်း ရေးထားသည့်စာအိတ်ကို သမ္မတ တာဝန်ပြီးခါနီးတွင် ပြန်လည် တောင်းယူခဲ့သည်။

          ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့သည် ပြည်ပနိုင်ငံသို့ သွားရောက်သည့်အခါ နိုင်ငံတော်က ထုတ်ယူသွားသည့်ငွေများကို ကိုယ်ကျိုးအတွက် လုံးဝမသုံးသည့်အပြင် ထုတ်သွားသည့်ငွေထဲမှ လုပ်ငန်းတာဝန်အတွက် သုံးစွဲခဲ့သည့်ငွေများနှင့် ပိုလျှံသောငွေများကို စာရင်းရှင်းတမ်းနှင့် ပြန်လည် အပ်နှံခဲ့သည်။

          ယခင်အစိုးရလက်ထက်များက နိုင်ငံအကြီးအကဲ ခရီးစဉ်များတွင် လိုက်ပါလေ့ရှိသော စီးပွားရေး လုပ်ငန်းရှင်များကို ဒေါ်အောင်ဆန်းစုကြည် လက်ထက်တွင် လိုက်ပါခွင့် မပြုတော့ပေ။

          ထို့အပြင် လူကြီးများ၏ မော်တော်ကားများအတွက် ထုတ်ယူသုံးစွဲခွင့်ပြုထားသော စက်သုံးဆီများကို လကုန်သည့်အခါ မကုန်သည့် စက်သုံးဆီများအား ပြန်လည် အပ်နှံခဲ့သည်။

          ဒေါ်အောင်ဆန်းစုကြည် အနေဖြင့်လည်း NLD ပါတီဝင်များနှင့် အစိုးရအဖွဲ့ဝင် လူကြီးများအား လုံးဝ ခွင့်မလွှတ်သည့် စည်းကမ်းချက် နှစ်ခုရှိခဲ့သည်။ အဂတိလိုက် စားသူနှင့် လူမှုရေးဖောက်ပြန်သူများအား လုံးဝ ခွင့်မလွှတ်ခဲ့ပေ။

          ဒေါ်အောင်ဆန်းစုကြည် အနေဖြင့်လည်း NLD ပါတီဝင်များနှင့် အစိုးရအဖွဲ့ဝင် လူကြီးများအား လုံးဝ ခွင့်မလွှတ်သည့် စည်းကမ်းချက် နှစ်ခုရှိခဲ့သည်။ အဂတိလိုက် စားသူနှင့် လူမှုရေးဖောက်ပြန်သူများအား လုံးဝ ခွင့်မလွှတ်ခဲ့ပေ။

          ၂၀၂၀ ရွေးကောက်ပွဲအတွက် လွှတ်တော်ကိုယ် စားလှယ်များ ရွေးချယ်ရာတွင် လူမှုရေးပြဿနာ ရှိခဲ့သူများနှင့် လူမှုရေးပြဿနာ ဖြစ်ခဲ့သည်ဟု သတင်းထွက်ခဲ့သူများကို ကိုယ်စားလှယ်အဖြစ် ပြန်လည် ရွေးချယ်ခြင်း မပြုတော့ဘဲ ချန်ထားခဲ့သည်။

          ထို့အပြင် NLD အစိုးရလက်ထက်တွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို ပြန်လည် ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေး ပိုမိုလုပ်ဆောင်နိုင်ရန် ဥပဒေ ပြင်ဆင်ခြင်း လုပ်ငန်းများကို လုပ်ဆောင်ခဲ့သည်။

          အငြိမ်းစား ဗိုလ်ချုပ် ဦးအောင်ကြည်ကို ကော်မရှင်ဥက္ကဋ္ဌအဖြစ် ခန့်အပ်တာဝန်ပေးခဲ့ပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းများကို ပိုမို လုပ်ဆောင်လာခဲ့သည်။

          NLD အစိုးရ၏ ငါးနှစ်တာကာလအတွင်း အစိုးရအဖွဲ့ အကြီးအကဲကိုယ်တိုင် အဂတိတရားနှင့် ကင်းရှင်းအောင် နေထိုင်ခဲ့သည်။ အဂတိလိုက်စားသူ မည်သူကိုမဆို ခွင့်မလွှတ်သည့်အတွက် အဂတိလိုက်စားမှု လျော့နည်းခဲ့ပြီး အစိုးရအတွက် ဘတ်ဂျက်ဝင်ငွေများ တိုးပွားစွာ ရရှိခဲ့သည်။

          ပြည်နယ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့များ၏ အဓိကဝင်ငွေဖြစ်သော စည်ပင်သာယာလုပ်ငန်းမှ ဝင်ငွေများသည် သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်က ဝင်ငွေနှင့်နှိုင်းယှဉ်ပါက သုံးဆနီးပါး တိုးလာခဲ့သည်။

          ထို့ကြောင့် မြန်မာနိုင်ငံ အနှံ့အပြားတွင် လမ်းတံတားတည်ဆောက်ခြင်း၊ စားသင်ကျောင်း၊ ဆေးပေးခန်း၊ ဆေးရုံနှင့် ရုံးဝန်ထမ်းအဆောက်အဦများ ပြင်ဆင်တည်ဆောက်သည့် လုပ်ငန်းများကို ယခင်ကထက် ပိုမို လုပ်ဆောင်လာနိုင်ခဲ့သည်။ ထို့ကြောင့်လည်း ၂၀၂၀ ရွေးကောက်ပွဲတွင် NLD ပါတီ ပြန်လည် အနိုင်ရရှိလာခဲ့သည်။

          သို့သော် မဲမသမာမှုရှိသည်ဟု စစ်တပ်က စွပ်စွဲကာ အာဏာသိမ်းခဲ့သည်။ အာဏာသိမ်းပြီးနောက် NLD ပါတီကို လူထုထောက်ခံမှု လျော့သွားစေရန်၊ ဒေါ်အောင်ဆန်းစုကြည်၏ အဓိကအင်အားကို ဖျက်ဆီးရန် အကောင်အထည် ဖော်လာခဲ့သည်။

          ဒေါ်အောင်ဆန်းစုကြည်၏ အင်အားသည် လက်နက်မဟုတ်၊ ဒေါ်အောင်ဆန်းစုကြည်၏ ချမ်းသာမှုသည် ငွေကြေးမဟုတ်၊ ဒေါ်အောင်ဆန်းစုကြည်၏ အချမ်းသာဆုံးမှာ ဂုဏ်သိက္ခာ ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်၏ အင်အားမှာ လူထုထောက်ခံမှု ဖြစ်သည်။

          ဒေါ်အောင်ဆန်းစုကြည်၏ အင်အားသည် လက်နက်မဟုတ်၊ ဒေါ်အောင်ဆန်းစုကြည်၏ ချမ်းသာမှုသည် ငွေကြေးမဟုတ်၊ ဒေါ်အောင်ဆန်းစုကြည်၏ အချမ်းသာဆုံးမှာ ဂုဏ်သိက္ခာ ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်၏ အင်အားမှာ လူထုထောက်ခံမှု ဖြစ်သည်။

          ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်၏ ဂုဏ်သိက္ခာကို ရိုက်ချိုးရန်အတွက် အဂတိလိုက်စားသည်ဟု စွပ်စွဲကာ အမှုဆင်တရားစွဲပြီး ထောင်ဒဏ်ချမှတ်ခဲ့သည်။ ထို့အပြင် NLD ပါတီမှ အကြီးအကဲများနှင့် လူသိများသော အစိုးရအဖွဲ့ဝင်အချို့အား အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေများဖြင့် တရားစွဲဆိုကာ ထောင်ဒဏ်များ ချမှတ်လာခဲ့သည်။

          ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားသည့် အဂတိလိုက်စားသည်ဆိုသော အမှုတွင် သက်သေပြစရာ မရှိဘဲ ထောင်ဒဏ် ငါးနှစ် အမိန့်ချခဲ့သည်။ ကျန်းမာရေးအခြေအနေအရ ထောင်ထဲတွင် နေရလျှင် သေဆုံးသွားနိုင်သော ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို အတင်းအကျပ် သက်သေထွက်ခိုင်းခဲ့သည်။ ဦးဖြိုးမင်းသိန်း၏ ဇနီးသည် မဟုတ်မမှန် ထွက်ဆိုရမည်ကို မပြုလုပ်လိုသဖြင့် လက်ရှိ ထိန်းသိမ်းထားသော နေရာတွင် အဆိပ်သောက်ခဲ့သည်။ သို့သော်လည်း အသက်မသေပဲ ဆေးကုသမှုခံခဲ့ရသည်။

          ဒေါ်အောင်ဆန်းစုကြည်ကို အဂတိလိုက်စားသည်ဟု စွပ်စွဲသော စစ်ခေါင်းဆောင်များသည် မြန်မာနိုင်ငံတွင် အလွန်ချမ်းသာသူများ ဖြစ်ကြသည်။ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ သားနှင့်သမီးသည် လက်ရှိ မြန်မာနိုင်ငံအတွင် အချမ်းသာဆုံးသူများထဲတွင် ပါဝင်လာနေပြီ ဖြစ်သည်။

          စစ်ဗိုလ်ချုပ်များ၏ သားသမီးများနှင့် ကြံ့ခိုင်ရေးပါတီ ခေါင်းဆောင်များသည်လည်း အလွန် ချမ်းသာကြသည်။ သူတို့၏ လစာဝင်ငွေဖြင့် သူတို့စီးနေသော ဇိမ်ခံကားတစီးဝယ်ဖို့ပင် ခက်ခဲမည်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်တွင် သူ့မိဘများနေထိုင်ခဲ့သည့် အိမ်တလုံးသာ ရှိသည်။ သမ္မတ ဦးဝင်းမြင့်ထံတွင် ကိုယ်ပိုင်အိမ်ပင် မရှိပေ။

          တခြားသော စစ်ဗိုလ်ချုပ်များ၏ သားသမီးများနှင့် ကြံ့ခိုင်ရေးပါတီ ခေါင်းဆောင်များသည်လည်း အလွန် ချမ်းသာကြသည်။ သူတို့၏ လစာဝင်ငွေဖြင့် သူတို့စီးနေသော ဇိမ်ခံကားတစီးဝယ်ဖို့ပင် ခက်ခဲမည်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်တွင် သူ့မိဘများနေထိုင်ခဲ့သည့် အိမ်တလုံးသာ ရှိသည်။ သမ္မတ ဦးဝင်းမြင့်ထံတွင် ကိုယ်ပိုင်အိမ်ပင် မရှိပေ။

          သို့သော် စစ်ခေါင်းဆောင်များနှင့် ကြံ့ခိုင်ရေးခေါင်းဆောင်များတွင် သိန်းထောင်ချီတန်သော အိမ်များ ရန်ကုန်၊ နေပြည်တော်နှင့် ပြင်ဦးလွင်မြို့တို့တွင် ရှိနေကြသည်။ ဇိမ်ခံကား အစီးရေပေါင်း များစွာ ပိုင်ဆိုင်ကြသည်။

          မမှန်ကန်သောနည်းဖြင့် ကြီးပွားချမ်းသာနေသူများက အရာအားလုံးကို စွန့်လွှတ်ထားသော ဒေါ်အောင်ဆန်းစုကြည်ကို အဂတိလိုက်စားသည်ဟု စွပ်စွဲကာ တရားစွဲဆို ထောင်ချခဲ့သည်။ ပြည်သူလူထု၏ ယုံကြည်မှု ကျဆင်းစေရန် ဒေါ်အောင်ဆန်းစုကြည်၏ အချမ်းသာဆုံး ဂုဏ်သိက္ခာကို ရိုက်ချိုးရန် လုပ်ဆောင်ကြသည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည် လာဘ်စားသည်ဆိုသော စွပ်စွဲမှုကို မြန်မာပြည်သူများက မယုံကြည်ကြပေ။

          You may also like these stories:

          ဒေါ်အောင်ဆန်းစုကြည်အား အာဆီယံ အထူးကိုယ်စားလှယ် တွေ့ခွင့်မရနိုင် ဟု NLD ဆို

          စစ်ကောင်စီနှင့် ညှိနှိုင်းဆောင်ရွက်မှုများ ပါတီကိုယ်စားမပြုဟု NLD ဗဟိုအလုပ်ကော်မတီကြေညာ

          ဒေါ်အောင်ဆန်းစုကြည် အဂတိမှုဖြင့် ထောင် ၅ နှစ်ချခံရ

          ဒေါက်တာ ဇော်မြင့်မောင်၏ အဂတိမှု ဒေါ်အောင်ဆန်းစုကြည် သက်သေထွက်ဆိုရန် အခက်ကြုံနေ

          Your Thoughts …
          Tags: NLDSBSilent TalkThe Fifth Waveစရခဒေါ်အောင်ဆန်းစုကြည်ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မဘသရွေးကောက်ပွဲလာဘ်စားမှုအဂတိ တိုက်ဖျက်ရေး ကော်မရှင်အဂတိလိုက်စားမှုဦးထင်ကျော်ဦးလှဆွေဦးဝင်းမြင့်ဦးသိန်းစိန်ဦးအောင်ကြည်
          ပေါ်ထွန်း

          ပေါ်ထွန်း

          Similar Picks:

          မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

          မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

          by ဧရာဝတီ
          6 November 2023
          46.1k

          ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

          စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

          စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

          by အုန်းညို
          25 September 2023
          34.6k

          စစ်ခေါင်းဆောင်ရဲ့ အာဏာ အင်ပါယာနဲ့ ယခင်စစ်ခေါင်းဆောင်ရဲ့ လျာထားခံ စစ်ဗိုလ်ချုပ်ကြီးတွေကြား အာဏာချိန်ခွင်လျှာ အားပြိုင်ပွဲပါ။

          ဦးရဲထွဋ်၏ ကံကြမ္မာနှင့် စစ်ကောင်စီအတွင်း အာဏာလှည့်ကွက်

          ဦးရဲထွဋ်၏ ကံကြမ္မာနှင့် စစ်ကောင်စီအတွင်း အာဏာလှည့်ကွက်

          by ဧရာဝတီ
          16 November 2023
          33.6k

          ဦးရဲထွဋ် ဖမ်းဆီးခံရသည့်လသည် စစ်ခုံရုံးက ထိပ်တန်း ဗိုလ်ချုပ် နှစ်ဦးကို ပုန်ကန်မှု၊ လာဘ်စားမှု၊ နိုင်ငံခြားငွေ တရားမဝင် ပိုင်ဆိုင်မှုနှင့် စစ်စည်းကမ်း ချိုးဖောက်မှုတို့ဖြင့် ထောင်ဒဏ် တသက်တကျွန်းချသည့်လပင် ဖြစ်သည်။

          စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

          စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

          by ဇော်တူးဆိုင်း
          3 November 2023
          25.6k

          NCA ကို ခိုင်မာစေရန် တိုင်းရင်းသားလက်နက်ကိုင် အချို့နှင့် စစ်ကောင်စီတို့ ၂၀၂၃ ခုနှစ်အတွင်း အားထုတ်မှုသည် မအောင်မြင်ဘဲ အဆုံးသတ်သွားသည်။

          အဂတိ တိုက်ဖျက်ရေး ပြောနေသော မင်းအောင်လှိုင်၏ မိသားစု စီးပွားရေးအင်ပါယာ

          အဂတိ တိုက်ဖျက်ရေး ပြောနေသော မင်းအောင်လှိုင်၏ မိသားစု စီးပွားရေးအင်ပါယာ

          by ဧရာဝတီ
          6 October 2023
          23.8k

          မင်းအောင်လှိုင်သည် စစ်သားအားလုံးကို သူ့သား အောင်ပြည်စုံပိုင်သည့် အောင်မြင့်မိုမင်း အာမခံကုမ္ပဏီတွင် အသက်အာမခံ မထားမနေရ လုပ်ထားသည်။

          နွေဦးတော်လှန်ရေး လုံးပါးပါးသွားနိုင်သည့် အန္တရာယ် ရှိသည်

          နွေဦးတော်လှန်ရေး လုံးပါးပါးသွားနိုင်သည့် အန္တရာယ် ရှိသည်

          by ဇုန်းရိန်
          27 July 2023
          20.7k

          စစ်ကောင်စီတွင် နွေဦးတော်လှန်ရေးကို အင်အားချိနဲ့သွားစေနိုင်လောက်သော လှည့်ကွက်ဗျူဟာ ရှိနေသည်ကို သတိထားသင့်ပါသည်။

          Next Post
          စစ်အာဏာသိမ်းမှုများကို ဆန့်ကျင်သည့် လူထုဆန္ဒပြပွဲများသည် တပြည်လုံး အနှံ့အပြား မြို့ရောတောပါ၊ ပြည်မရော တောင်တန်းဒေသပါ တပြည်လုံး အနှံ့အပြား အရှိန်အဟုန်ပြင်းစွာ ဖြစ်ခဲ့သည် / ဧရာဝတီ

          အသွင်သစ် နွေဦးတော်လှန်ရေး၏ ထူးခြားချက် ၁၀ ချက်

          ဧပြီ ၂၀ ရက်က လေပြင်းတိုက်ခတ်၍ ပြိုပျက်သွားသော မြောက်ဦးမြို့ရှိ မြို့ဦးဂေါင်းစစ်ရှောင်စခန်း  / CJ

          ရခိုင်ပြည်နယ်မှ စစ်ဘေးရှောင်များ ရိက္ခာပြတ်နေ

          No Result
          View All Result

          Recommended

          ရာဇဝတ်ကွန်ရက် KK-Park တွင် KNU ခေါင်းဆောင်များ ပါဝင်ပတ်သက်နေ အပိုင်း (၁)

          ရာဇဝတ်ကွန်ရက် KK-Park တွင် KNU ခေါင်းဆောင်များ ပါဝင်ပတ်သက်နေ အပိုင်း (၁)

          1 day ago
          11.5k
          ကိုးကန့် ငွေလိမ်ဂိုဏ်းများကို တရုတ် ဘယ်လိုနှိမ်နင်းသလဲ

          ကိုးကန့် ငွေလိမ်ဂိုဏ်းများကို တရုတ် ဘယ်လိုနှိမ်နင်းသလဲ

          3 days ago
          7.9k

          Most Read

          • စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

            စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

            shares
            Share 0 Tweet 0
          • ရာဇဝတ်ကွန်ရက် KK-Park တွင် KNU ခေါင်းဆောင်များ ပါဝင်ပတ်သက်နေ အပိုင်း (၁)

            shares
            Share 0 Tweet 0
          • ရန်ကုန်၊ မန္တလေးတို့၌ စစ်ကောင်စီ လုံခြုံရေးတိုးမြှင့်

            shares
            Share 0 Tweet 0
          • စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

            shares
            Share 0 Tweet 0
          • ရာဇဝတ်ကွန်ရက် KK-Park တွင် KNU ခေါင်းဆောင်များ ပါဝင်ပတ်သက်နေ အပိုင်း (၂)

            shares
            Share 0 Tweet 0

          Contents

          • သတင်း
          • ဆောင်းပါး
          • စီးပွားရေး
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
          • Cartoon
          • Women & Gender
          • Ethnic Issues
          • Organized Crime Guide
          • Lifestyle
          • Human Rights

          About The Irrawaddy

          Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

          • Copyright
          • Code of Ethics
          • Privacy Policy
          • Team
          • About Us
          • Careers
          • Contact
          • English

          © 2023 Irrawaddy Publishing Group. All Rights Reserved

          No Result
          View All Result
          • Home
          • သတင်း
          • Politics
          • ဆောင်းပါး
          • စီးပွားရေး
          • အာဘော်
          • Women & Gender
          • Election
          • Photo Essay
          • On This Day
          • Organized Crime Guide

          © 2023 Irrawaddy Publishing Group. All Rights Reserved