၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီး ပေါ်ထွက်လာသော နွေဦးတော်လှန်ရေးနှင့် ပတ်သက်ပြီး ကြည့်မြင်သုံးသပ်ကြရာတွင် ယခင်အတွေ့အကြုံများနှင့်ယှဉ်၍ သုံးသပ်ကြည့်မြင်လေ့ရှိကြသည်။
၁၉၄၈ ခုနှစ် ပြည်တွင်းစစ် စတင်ပြီး ရန်ကုန်အစိုးရဟု အခေါ်ခံရသော အခြေအနေ၊ ၁၉၆၂ ခုနှစ် စစ်တပ် အာဏာသိမ်းမှု အခြေအနေ၊ ၁၉၇၄/၇၅/၇၆ လူထုလှုပ်ရှားမှု အခြေအနေ၊ ၁၉၈၈ လူထုလှုပ်ရှားမှုနှင့် စစ်တပ် အာဏာသိမ်းမှု အခြေအနေ၊ ၁၉၈၈ ခုနှစ် ကျောင်းသား တပ်မတော်အခြေအနေ၊ ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPP) နှင့် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရ (NCGUB) အစိုးရ အခြေအနေ၊ ၁၉၈၉ မှစပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အပစ်ရပ် ငြိမ်းချမ်းရေးယူသည့် အခြေအနေ စသည့် အခြေအနေများနှင့် နှိုင်းယှဉ်သုံးသပ်လေ့ရှိကြ၏။
အတိတ်မှ သင်ခန်းစာများကို ရယူသည်က မမှားသော်လည်း နွေဦးတော်လှန်ရေးနှင့် ပတ်သက်လျှင် ယခင်နှင့်မတူသည့် ထူးခြားချက်များရှိနေသည်ကို အသိမှတ်ပြုရန် လိုသည်။ နွေဦးတော်လှန်ရေး၏ အသွင်သစ် သို့မဟုတ် ထူးခြားချက်များကို မှန်ကန်စွာ ကြည့်မြင်ရန်လိုသည်။
အတိတ်မှ သင်ခန်းစာများကို ရယူသည်က မမှားသော်လည်း နွေဦးတော်လှန်ရေးနှင့် ပတ်သက်လျှင် ယခင်နှင့်မတူသည့် ထူးခြားချက်များရှိနေသည်ကို အသိမှတ်ပြုရန် လိုသည်။ နွေဦးတော်လှန်ရေး၏ အသွင်သစ် သို့မဟုတ် ထူးခြားချက်များကို မှန်ကန်စွာ ကြည့်မြင်ရန်လိုသည်။ သို့မှသာ နွေဦးတော်လှန်ရေးနှင့် ပတ်သက်၍ မှန်ကန်စွာသုံး သပ်နိုင်ပေလိမ့်မည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းမှုသည် မြန်မာပြည်၏ နိုင်ငံရေးအား ကြီးမားသော အပြောင်းအလဲတခု ဖြစ်စေပြီး အသွင်အပြင်သစ်တခု ပေါ်ထွက်လာစေခဲ့၏။ စစ်တပ် အာဏာသိမ်းမှုသည် ၂၀၁၁ ခုနှစ်မှ စတင်သည့် ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်အား ဖျက်ဆီးပစ်လိုက်သည်ဖြစ်ရာ မြန်မာ့သမိုင်းတွင် မကြုံဘူးသည့် မည်သူကမျှလည်း မျှော်လင့်မထားသည့် လူထု၏ အမျက်ဒေါသကို ကြုံတွေ့ခဲ့ရတော့သည်။
ဤသည်မှာ မြန်မာနိုင်ငံ၏ အပြောင်းအလဲကို လိုလားသော၊ စစ်ဗိုလ်များ၏ ဗိုလ်ကျအုပ်ချုပ်မှုကို စိတ်ကုန်နေသော လူထု၏ ဆန္ဒအစစ်အမှန်ပေါ် ထွက်လာခြင်းဖြစ်၏။ စစ်တပ်၏ အာဏာသိမ်းမှုနှင့် ရက်စက်ကြမ်းကြုတ်မှုကို တုန့်ပြန်သည့် ၂၀၂၁ နွေဦးတော်လှန်ရေးသည် ယခင်ကာလများနှင့် မတူသည့် အသွင်သစ် ပုံစံသစ်နှင့်ပေါ်ထွက်လာသည်ကို တွေ့ရ၏။
ပထမအချက်အနေနှင့် စစ်အာဏာသိမ်းမှုများကို ဆန့်ကျင်သည့် လူထုဆန္ဒပြပွဲများသည် တပြည်လုံး အနှံ့အပြား မြို့ရောတောပါ၊ ပြည်မရော တောင်တန်းဒေသပါ တပြည်လုံး အနှံ့အပြား အရှိန်အဟုန်ပြင်းစွာ ဖြစ်ခဲ့သည်ကို တွေ့ရသည်။ ဆန္ဒပြပွဲကြီးများတွင် လူသန်းချီ ပါဝင်ဝင်ခဲ့သည်။
လမ်းပေါ် ဆန္ဒပြပွဲများနှင့်အတူ လူထုအာဏာဖီဆန်ရေး CDM လှုပ်ရှားမှု၊ သံပုံးတီးသပိတ်၊ စစ်တပ်ထုတ်ကုန် သပိတ်မှောက်ခြင်း၊ စစ်အစိုးရ အခွန်အခ မရရေးအတွက် အစိုးရထီ မထိုးရေး၊ မီတာခ မဆောင်ရေး လှုပ်ရှားမှုများ စသည်ဖြင့် အသွင်သဏ္ဍာန်မျိုးစုံဖြင့် ပြုလုပ်ခဲ့သည်ကိုတွေ့ရ၏။
CDM လှုပ်ရှားမှုတွင် ကျန်းမာရေး၊ ပညာရေး၊ မီးရထား စသည့် နယ်ပယ်ပေါင်းစုံမှ ပါဝင်ခဲ့သည့်အပြင် စစ်ခေါင်းဆောင်များ၏ အဓိကကျောရိုးဖြစ်သည့် စစ်တပ်နှင့် ရဲတပ်ဖွဲ့မှပါ CDM ထောင်သောင်းချီ၍ ထွက်ပေါ်လာခဲ့သည်ကို တွေ့ရ၏။
CDM လှုပ်ရှားမှုတွင် ကျန်းမာရေး၊ ပညာရေး၊ မီးရထား စသည့် နယ်ပယ်ပေါင်းစုံမှ ပါဝင်ခဲ့သည့်အပြင် စစ်ခေါင်းဆောင်များ၏ အဓိကကျောရိုးဖြစ်သည့် စစ်တပ်နှင့် ရဲတပ်ဖွဲ့မှပါ CDM ထောင်သောင်းချီ၍ ထွက်ပေါ်လာခဲ့သည်ကို တွေ့ရ၏။
ထိုမြို့ပေါ် လှုပ်ရှားမှုကြီးကို ခပ်ကြမ်းကြမ်း ပစ်သတ်ပြလိုက်လျှင် ငြိမ်သက်သွားလိမ့်မည်ဟု စစ်ခေါင်းဆောင်များက ယူဆထားခဲ့ကြသော်လည်း အကြမ်းဖက် နှိပ်ကွပ်မှုများကြားက ဆန္ဒပြပွဲများသည် သုံးလခန့်ကြာမြင့်ခဲ့သည်။
လက်ရှိကာလ စစ်တပ်လုံခြုံရေး တင်းကြပ်စွာချထားသည့်အပြင် ရက်ရက်စက်စက် ကားနှင့်တိုက်၍ ဖြိုခွဲသည့်ကြားမှ ပြောက်ကျားဆန္ဒပြပွဲများသည် ယနေ့တိုင် ဖြစ်ပွားနေဆဲဖြစ်သည်ကို တွေ့ရ၏။ ထို့အပြင် စစ်တပ်အာဏာသိမ်းမှု တနှစ်ခန့် ကြာမြင့်လာသော်လည်း အသံတိတ်သပိတ်များကို မြန်မာပြည် မြို့ကြီးအများစုတွင် အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ရာ လူထု၏ သွေးမအေးသော ရဲရဲတောက် စိတ်ဓာတ်သည် နွေဦးတော်လှန်ရေး၏ အသွင်သဏ္ဍာန်သစ်ပင် ဖြစ်ပေသည်။
လွတ်လပ်ရေးရပြီးနောက်ပိုင်း အကျယ်ပြန့်ဆုံး၊ အားအကောင်းဆုံး၊ အချိန်အကြာဆုံး၊ နည်းလမ်းပေါင်းစုံ အသုံးပြု၍ တိုက်ပွဲဝင်သော လူထုလှုပ်ရှားမှုဖြစ်၏။ ဤသည်မှာ နွေဦးတော်လှန်ရေး၏ ပထမဆုံး ထူးခြားချက်ဖြစ်သည်။
ဒုတိယအချက်မှာ တနိုင်ငံလုံးအနှံ့ ရရာလက်နက်ဖြင့် လက်နက်ကိုင် တိုက်ပွဲဝင်ခြင်း ဖြစ်၏။ ခေတ်မီ လက်နက်မျိုးစုံ တပ်ဆင်ထားသည့် မြန်မာစစ်တပ်ကို နိုင်ငံအနှံ့ရှိ ပြည်သူများက တူမီးမှသည် ရရာလက်နက်ကိုင်စွဲ၍ ခုခံတိုက်ခိုက်ခြင်းသည်လည်းကောင်း၊ ကိုယ်ပိုင်ဆိုင်မှုများ ရောင်းချ၍ လက်နက်ခဲယမ်း ဝယ်ယူ၍ ခုခံတိုက်ခိုက်ခြင်းသည်လည်းကောင်း နွေဦးတော်လှန်ရေး၏ အသွင်သစ်ဖြစ်သည်။
ထိုသို့ ရရာလက်နက်စွဲကိုင်ပြီး တပြည်လုံးအနှံ့အပြားတွင် တိုက်ပွဲဝင်သည့် အခြေအနေသည် ပြည်တွင်းစစ်နှစ် ၇၀ အတွင်း အကြီးမား အကျယ်ပြန့်ဆုံး ဖြစ်သည်။ ဤအခြေအနေသည် ၁၉၄၈ ထက်လည်းကောင်း၊ ၁၉၈၈ ထက်လည်းကောင်း ပိုမိုကြီးမားကျယ်ပြန့်သည်ကို ရှင်းလင်းစွာ မြင်နိုင်၏။
တနှစ်ကျော် ကြာမြင့်ပြီဖြစ်ပြီးဖြစ်သည့် တော်လှန်စစ်ပွဲအတွင်း ဘဏ္ဏာရေးအပါ လူထု၏ အဆက်မပြတ် ကူညီပါဝင်မှုသည် နွေဦးတော်လှန်ရေး၏ ထူးခြားချက်ဖြစ်၏။
ထို့အပြင် တနှစ်ကျော် ကြာမြင့်ပြီဖြစ်ပြီးဖြစ်သည့် တော်လှန်စစ်ပွဲအတွင်း ဘဏ္ဏာရေးအပါ လူထု၏ အဆက်မပြတ် ကူညီပါဝင်မှုသည် နွေဦးတော်လှန်ရေး၏ ထူးခြားချက်ဖြစ်၏။ ထို့အပြင် ၁၉၈၈ ခုနှစ် ကာလနှင့် ကွာခြားသည်မှာ ခုခံတော်လှန်ရေးအဖွဲ့ PDF အပါ ခုခံတော်လှန်သူများသည် တပြည်လုံးအနှံ့အပြား ဖြစ်နေသည့်အပြင် တိုင်းရင်းသား လက်နက်ကိုင် ဒေသများတွင်သာမက လူထု၏ ထောက်ခံမှုကြောင့် ပြည်မဒေသများတွင်ပါ အမှီခိုကင်းစွာ ရပ်တည်တိုက်ခိုက်နိုင်ခြင်းသည် နွေဦးတော်လှန်ရေး၏ ထူးခြားချက်ဖြစ်၏။
တတိယအချက်မှာ ပြည်တွင်းရှိ လက်နက်ကိုင် ခုခံတော်လှန်သည့် တပ်ဖွဲ့များသည် ကိုယ်ပိုင်လက်နက် အလုပ်ရုံများ တည်ထောင်လာခြင်း ဖြစ်၏။ လက်လုပ်မိုင်းများ၊ ဆွဲမိုင်းများ၊ အဝေးထိမ်းမိုင်းများ၊ လက်လုပ် တတောင့်ထိုးသေနတ်များ၊ ပစ္စတိုများ၊ အဝေးပြေး စိန်ပြောင်းများ၊ ရှော့တိုက်ဒုံးများ၊ ပုခုံးထမ်းဒုံးများ၊ ဗုံးတပ်ဆင်ထားသည့် တိုက်ခိုက်ရေးဒရုံးများကို ထုတ်လုပ်သည့် စစ်လက်နက် ထုတ်လုပ်ရေး လုပ်ငန်းများကို တစတစ အောင်မြင်စွာ ထုတ်လုပ်လာခြင်းသည်လည်းကောင်း၊ အဆိုပါ စစ်လက်နက် ထုတ်လုပ်ရေးလုပ်ငန်း ထွန်းကားလာခြင်းသည်လည်းကောင်း နွေဦးတော်လှန်ရေး၏ အသွင်သစ်ဖြစ်ဖြစ်သည်။
ပြည်တွင်းစစ်သမိုင်းတွင် ပြည်ပမှ လက်နက်ဝယ်ယူခြင်း၊ လက်နက်အထောက်အပံ့ ရယူခြင်း၊ ဘဏ္ဏာအင်အား တောင့်တင်းသည့် အဖွဲ့အချို့က လက်နက်စက်ရုံ ဝယ်ယူနိုင်ခြင်းသာ ရှိခဲ့ရာမှ မိမိ၏ ကိုယ်စွမ်းကိုယ်စ တီထွင်ဖန်တီးမှုဖြင့် အနှံ့အပြား လက်နက်ထုတ်လုပ်လာခြင်းသည် နွေဦးတော်လှန်ရေး၏ ထူးခြားချက်ဖြစ်၏။
စတုတ္ထအချက်မှာ မိုင်းစစ်ပွဲဖြစ်၏။ အစောပိုင်းကာလက မိုင်းထုတ်လုပ် စမ်းသပ်မှုကြောင့် ထိခိုက်နစ်နာမှုများ ရှိသော်လည်း နောက်ပိုင်းတွင် အောင်မြင်များရလာပြီး ပဒေသာမိုင်းများ၊ မိုင်းကွင်းများအား ကျယ်ကျယ်ပြန့်ပြန့် သုံးကာ မြန်မာစစ်တပ်ကို ထိတ်လန့်ကြောက်ရွံ့စေခဲ့ခြင်းသည်လည်း နွေဦးတော်လှန်ရေး၏ အသွင်သစ်ဖြစ်၏။ မြန်မာပြည်ပြည်တွင်း စစ်သမိုင်းတွင် လူထုလက္ခဏာဆောင်သည့် မိုင်းစစ်ပွဲဟုဆိုရမည်။
ထို့အပြင် ရန်ကုန်၊ မန္တလေးအပါ မြို့ကြီးများတွင် ဆင်နွှဲသည့် မြို့ပြပြောက်ကျားစစ်ပွဲ ဖြစ်သည်။ အနှစ် ၇၀ ကျော် ပြည်တွင်းစစ်တွင် မြို့ပြပြောက်ကျားတိုက်ပွဲ ဆင်နွှဲခြင်းသည် ထူးခြားသည့် ပုံသဏ္ဍာန်သစ်ဖြစ်ပြီး စစ်တပ်အာဏာသိမ်းပြီး တနှစ်ကျော်ကြာသည်အထိ မြို့ပြများတွင် ဆုံးရှုံးမှုများရှိနေသော် လည်း မြို့ပြပြောက်ကျားစစ်ကို ဆက်လက်ဆင်နွှဲနေနိုင်သည်ကို တွေ့နေရသည်။ မိုင်းစစ်ပွဲနှင့် မြို့ပြပြောက်ကျားစစ်ပွဲသည် မည်သည့်အချိန်၊ မည်သည့်နေရာတွင် ထွက်ပေါ်လာမည်ကို မသိရသည့် တိုက်ခိုက်မှုများဖြစ်ရာ မြန်မာစစ်တပ်ကို တုန်လှုပ်ခြောက်ခြားစေသည့် နွေဦးတော်လှန်ရေး၏ ထူးခြားချက်ဖြစ်၏။
ရက်ရက်စက်စက် ပြုလုပ်ခြင်းများကြောင့် လူထုအတွက် နာကျင်ထိခိုက်မှုများစွာ ရှိသော်လည်း လူထုက နောက်တွန့်မသွားဘဲ နာကျည်းစိတ် မြင့်မားပြီး ပို၍ပို၍ ပြင်းပြင်းထန်ထန် ဆန့်ကျင်လာခြင်းသည်လည်း နွေဦးတော်လှန်ရေး၏ ထူးခြားချက်ဖြစ်၏။
ပဉ္စမအချက်မှာ PDF များအပါ ခုခံတော်လှန်သူများကို မြန်မာစစ်တပ်က ရက်စက်ကြမ်းကြုတ်စွာ ဖမ်းဆီးခြင်း၊ နှိပ်စက်ခြင်း၊ ရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ ဗုံးကြဲခြင်း၊ ရွာများမြို့များကို မီးရှို့ဖျက်ဆီးခြင်းကို ရက်ရက်စက်စက် ပြုလုပ်ခြင်းများကြောင့် လူထုအတွက် နာကျင်ထိခိုက်မှုများစွာ ရှိသော်လည်း လူထုက နောက်တွန့်မသွားဘဲ နာကျည်းစိတ် မြင့်မားပြီး ပို၍ပို၍ ပြင်းပြင်းထန်ထန် ဆန့်ကျင်လာခြင်းသည်လည်း နွေဦးတော်လှန်ရေး၏ ထူးခြားချက်ဖြစ်၏။ ခပ်ကြမ်းကြမ်း နှိပ်ကွပ်လိုက်လျှင် ကြောက်ရွံ့ ငြိမ်သက်သွားလိမ့်မည်ဟု မြန်မာစစ်ခေါင်းဆောင်များ ယူဆချက် မှားယွင်းသွားစေခဲ့သည်။
ဆဋ္ဌမအချက်အနေနှင့် ယနေ့ခေတ် မျိုးဆက်သစ်လူငယ်များ၏ တိုက်ရဲသေရဲသော၊ စွန့်လွှတ် အနစ်နာခံရဲသော စိတ်ဓာတ်နှင့် တီထွင်ဖန်တီးနိုင်စွမ်းသည် ခေတ်အဆက်ဆက် အမြင့်မားဆုံးဖြစ်သည်။
သတင်းကွန်ရက် မြန်ဆန်ကျယ်ပြန့်ခြင်း၊ နိုင်ငံတကာ နည်းပညာများကို အင်တာနက်မှလေ့ လာခွင့်ရခြင်း၊ နိုင်ငံတကာနှင့် ထိတွေ့ခွင့်ရခြင်း စသည့်ခေတ်နှင့်အညီ ဖွံ့ဖြိုးလာသည့် အခြေအနေများကို ယနေ့ တိုက်ပွဲဝင်လူငယ်များ ကောင်းစွာ အသုံးချနိုင်ကြသည်။
ခေတ်နှင့်လျော်ညီစွာပင် Generation Z ဟုခေါ်သော မျိုးဆက်သစ်လူငယ်များ၏ စဉ်းစားတွေးခေါ်ပုံ၊ လုပ်ပုံကိုင်ပုံများနှင့် တီထွင်ကြံဆမှုများသည် ခေတ်နှင့်အညီ ဆန်းသစ်နေသည်။ ယခင် သမားရိုးကျ တော်လှန်ရေးသမားများ၏ လမ်းဟောင်းမှ ခွဲထွက်နေသည်။ သမားရိုးကျသမားများ နားမလည်နိုင်သည့် အခြေဆိုက်နေသည်။ ဤသည် ပင်လျင် နွေဦးတော်လှန်ရေး၏ ထူးခြားချက်ဖြစ်၏။
သတ္တမ အချက်အနေနှင့် တောင်တန်းဒေသမှ ဖက်ဒရယ်ရေးတိုက်ပွဲ ဝင်နေသူများနှင့် ပြည်မမှ ဒီမိုကရေစီရေး တိုက်ပွဲဝင်နေသူများ နှစ် ၇၀ ပြည်တွင်းစစ် ကာလအတွင်း ပထမဆုံးအကြိမ် နားလည်မှု တည်ဆောက်နိုင်ခြင်း ဖြစ်၏။
ပြီးခဲ့သော ကာလများအတွင်း စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြရာတွင် တောင်တန်းနှင့် ပြည်မသည် ချိန်သားမကိုက်ခဲ့ကြသည့်အပြင် တိုက်ပွဲပုံစံလည်းမတူခဲ့ကြရာ အင်အားစုများကြား အပြန်အလှန် နားလည်မှု၊ ယုံကြည်မှု တည်ဆောက်ရန်သောလည်းကောင်း၊ အပြန်အလှန်ပေါင်းစည်း၍ အင်အားစုဖွဲ့ရန်သော်လည်းကောင်း ခက်ခဲခဲ့၏။
သို့သော် စစ်အစိုးရအား လက်နက် ကိုင်ခုခံတော်လှန်သည့်စစ်ပွဲအတွင်း တူညီသည့်တိုက်ပွဲပုံသဏ္ဍာန်အောက် ရောက်သွားကြသည်ဖြစ်၍ ပြီးခဲ့သည့်တနှစ်အတွင်း အပြန်အလှန်နားလည်မှု၊ ယုံကြည်မှုကို မြန်မြန်ဆန်ဆန် စတင် တည်ဆောက်နိုင်ခဲ့ကြသည်။
အပြည့်အဝ ပေါင်းစည်းနိုင်ရန်အတွက် အဖုအထစ်များစွာကို အချိန်ယူ၍ ကျော်လွှားရဦးမည် ဖြစ်သော်လည်း တောင်တန်းနှင့်ပြည်မ အင်အားစုများသည် နွေဦးတော်လှန်ရေးတွင် စတင်ပေါင်းစည်းနိုင်ခဲ့ကြသည့် စမှတ်တခုကို ရခဲ့ကြ၏။
အပြည့်အဝ ပေါင်းစည်းနိုင်ရန်အတွက် အဖုအထစ်များစွာကို အချိန်ယူ၍ ကျော်လွှားရဦးမည် ဖြစ်သော်လည်း တောင်တန်းနှင့်ပြည်မ အင်အားစုများသည် နွေဦးတော်လှန်ရေးတွင် စတင်ပေါင်းစည်းနိုင်ခဲ့ကြသည့် စမှတ်တခုကို ရခဲ့ကြ၏။ စစ်အစိုးရ ဆန့်ကျင်သည့် အင်အားများ စုစည်းနိုင်ခဲ့သည်။ တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့များ၏ ဇွဲနဘဲ၊ တော်လှန်စစ်ပွဲ အတွေ့အကြုံများနှင့် ပြည်မမှ ခုခံတော်လှန်သူများ၏ တက်ကြွသည့်၊ စွန့်လွှတ်စွန့်စားရဲသည့် စိတ်ဓာတ်တို့ ပေါင်းစပ်နိုင်ခဲ့ခြင်းသည် နွေဦးတော်လှန်ရေး၏ ထူး ခြားချက်ဖြစ်၏။
အဋ္ဌမအချက်အနေနှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ၏ အခြေအနေသည် ၁၉၈၈ ကာလနှင့် များစွာခြားနားခြင်း ဖြစ်၏။ ၁၉၈၈ ခုနှစ်ဝန်းကျင်က တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ အများစုသည် စစ်ပမ်းနေသည်။ ဘဏ္ဏာလက်နက်ခဲယမ်းအားနည်းနေသည်။ ထိုစဉ်က လက်နက်ကိုင် တိုက်ပွဲဝင်လိုသည့် စိတ်ဓာတ်တက်ကြွနေသည့် ကျောင်းသားများနှင့် တထပ်တည်း မဖြစ်ခဲ့ပေ။ ၂၀၂၁ စစ်တပ် အာဏာသိမ်းကာလတွင် တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့ အများစုသည် အင်အားတောင့်တင်းနေ၏။ ဘဏ္ဏာ၊ လက်နက်ခဲယမ်း တောင့်တင်းနေ၏။
ထို့အပြင် ဤသို့သော အကြပ်အတည်း ကာလတွင် ၎င်းတို့ တိုင်းရင်းသားလူမျိုး အခွင့်အရေး၊ ပြည်နယ်အခွင့်အရေးကို အမိအရ ရယူမှဖြစ်မည်ဟု စိတ်ပိုင်းဖြတ်ထားသည့်အပြင် စစ်တပ်နှင့် ဆွေးနွေးခြင်း သက်သက်ဖြင့် သူတို့လိုလားချက်များ မရနိုင်ဆိုသည်ကို ပြီးခဲ့သော ငြိမ်းချမ်းရေး ၁၀ နှစ် အတွေ့အကြုံများအရ ကောင်းစွာ သဘောပေါက်ထားကြသည်။ သူတို့သည် စားပွဲဝိုင်းနိုင်ငံရေးကို ရင်ဆိုင်ရန် အသင့်ရှိသကဲ့သို့ စစ်တိုက်ရန်လည်း အသင့်ဖြစ်နေကြ၏။ ဤသည်မှာ နွေဦးတော်လှန်ရေး၏ ထူးခြားချက်ဖြစ်သည်။
နဝမ အချက်အနေနှင့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH)၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)၊ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) တို့ ဖွဲ့စည်းမှု ဖြစ်၏။
၁၉၈၈ ခုနှစ်ကလည်း CRPP နှင့် NCGUB ခေါ်သည့် အဝေးရောက်အစိုးရတို့ ဖွဲ့စည်းထားခဲ့ဖူးသည်။ သို့သော်လည်း မတူကွဲပြားသည်မှာ NCGUB နှင့် CRPP သည် အချိတ်အဆက် မရှိကြပေ။ CRPP နှင့် CRPH အခြေခံကွဲပြားမှုမှာ CRPP မှာ မြေပေါ်အဖွဲ့အစည်း သက်သက်ဖြစ်ပြီး NCGUB နှင့်လည်းကောင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့်လည်းကောင်း အချိတ်အဆက် မရှိပေ။
CRPH ကမူ လက်နက်ကိုင် ခုခံစစ်ပွဲတွင် ပါဝင်နေပြီး NUCC တွင်လည်းကောင်း၊ NUG တွင်လည်းကောင်း တိုင်းရင်းသားနိုင်ငံရေးအဖွဲ့အစည်းများသာမက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များပါ အတိအလင်း ချိတ်ဆက်မှုရှိ၏။
NUG သည်လည်း NCGUB ကဲ့သို့ အဝေးရောက်အစိုးရ၊ လေထဲကအစိုးရဟု မြန်မာစစ်တပ်နှင့် ဝေဖန်သူအချို့က ယူဆကြ၏။ NUG တွင် မည်ကဲ့သို့သော အားနည်းချက်များ ရှိသည်ဖြစ်စေ NCGUB နှင့် မတူကွဲပြားသည့် အချက်များ ရှိသည်။
NUG အား ရွေးကောက်ခံ လွှတ်တော်အမတ်များ သက်သက်ဖြင့် ဖွဲ့စည်းထားခြင်း မဟုတ်ဘဲ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတချို့အပါ တိုင်းရင်းသား အဖွဲ့အစည်းကိုယ်စားလှယ်များနှင့် ပေါင်းစပ်ဖွဲ့စည်းထားခြင်းဖြစ်၏။
NUG အား ရွေးကောက်ခံ လွှတ်တော်အမတ်များ သက်သက်ဖြင့် ဖွဲ့စည်းထားခြင်း မဟုတ်ဘဲ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတချို့အပါ တိုင်းရင်းသား အဖွဲ့အစည်းကိုယ်စားလှယ်များနှင့် ပေါင်းစပ်ဖွဲ့စည်းထားခြင်းဖြစ်၏။
NUG လက်အောက်တွင် CDM ဝန်ထမ်းများရှိသကဲ့သို့ PDF တပ်ဖွဲ့များရှိသည်။ NUG သည် လူထု၏ ဝိုင်းဝန်းမှုကြောင့်ဖြစ်စေ၊ ဘဏ္ဍာရေးဘတ်ဂျက်ကို ရှာဖွေနိုင်ပြီး သူ့လက်အောက်ခံ တပ်ဖွဲ့များကို လုံလောက်မှု မရှိသေးစေခါမူ ပံ့ပိုးမှုပြုနိုင်၏။
NUG တွင် အားနည်းချက် ရှိနေသေးသော်လည်း တပြည်လုံးရှိ နယ်အသီးသီးမှ ခုခံတော်လှန်နေသူများ အထူးသဖြင့် ပြည်မမှ ခုခံတော်လှန်နေသူများ၊ NLD ထောက်ခံသူများသည် တစုတစည်းတည်း ခေါင်းဆောင်ရှိရန် လိုအပ်သည်ကို အသိအမှတ်ပြုပြီး NUG ကို ဝိုင်းရံထားကြ၏။
သို့ဖြစ်ရာ NUG သည် မည်သို့သော အားနည်းချက်များ ရှိသည်ဖြစ်စေ ပြည်မရှိ ခုခံတော်လှန်ရေး တပ်များအားလည်းကောင်း၊ ဒေသအုပ်ချုပ်ရေး အဖွဲ့များအားလည်းကောင်း အပြည့်အဝ မဟုတ်သည့်တိုင် ကွပ်ကဲခေါင်းဆောင်နိုင်မှု ရှိသည်။
သို့ဖြစ်ရာ CDM ဝန်ထမ်းများ၊ PDF တပ်ဖွဲ့များ၊ ဘဏ္ဍာရေးရှာဖွေပံ့ပိုးမှု၊ လက်နက်ခဲယမ်း ပံ့ပိုးမှု၊ အုပ်ချုပ်ရေးယန္တယား ထူထောင်နိုင်မှု စသည်တို့သည် NUG ၏ အားသာချက်ဖြစ်ပြီး NCGUB နှင့်အခြေခံမှစပြီး မတူသည့် ကွဲလွဲချက်လည်း ဖြစ်၏။
ဤသို့ဆို၍ CRPH၊ NUCC နှင့် NUG တို့သည် ပြီးပြည့်စုံသည်ဟု ဆိုလိုသည် မဟုတ်ပေ။ သူတို့တွင် အားနည်းချက်များ ပြုပြင်ရန်များ ရှိနေသေးသော်လည်း NUG ကဲ့သို့ ခေါင်းဆောင်မှု အဖွဲ့အစည်းတခု ထူထောင်ထားနိုင်ခြင်းသည်လည်း နွေဦးတော်လှန်ရေး၏ ထူးခြားချက်ဖြစ်သည်။
ဒသမအချက်အနေနှင့် နွေဦးတော်လှန်ရေးကာလ မြန်မာစစ်တပ်အခြေအနေ ဖြစ်၏။ နွေဦးတော်လှန်ရေးကာလ မြန်မာစစ်တပ်၏ အခြေအနေသည် လွတ်လပ်ရေးပြီး အနှစ် ၇၀ အတွင်း အဆိုးဆုံးဖြစ်သည်။
မြန်မာစစ်တပ်သည် လွတ်လပ်ရေးရပြီးကတည်းက တိုင်းပြည်ဘဏ္ဍာနှင့် တည်ဆောက်ထားသည့်အပြင် တိုင်းပြည်အာဏာကိုလည်း နှစ်ပေါင်း ၅၀ ကျော်ချုပ်ကိုင်ထားနိုင်ခဲ့သဖြင့် စစ်တပ်သည် မြန်မာပြည်တွင် အတောင့်တင်းဆုံး အင်စတီကျူးရှင်းအဖြစ် သဘောထားကြသည်။ သို့သော် လက်တွေ့တွင် တောင့်တင်းသည်ဟု ယူဆခံရထားသည့် မြန်မာစစ်တပ်အခြေအနေသည် အဆိုးဝါးဆုံးအခြေအနေသို့ ရောက်နေ၏။
မြန်မာစစ်တပ်သည် လွတ်လပ်ရေးရပြီးကတည်းက တိုင်းပြည်ဘဏ္ဍာနှင့် တည်ဆောက်ထားသည့်အပြင် တိုင်းပြည်အာဏာကိုလည်း နှစ်ပေါင်း ၅၀ ကျော်ချုပ်ကိုင်ထားနိုင်ခဲ့သဖြင့် စစ်တပ်သည် မြန်မာပြည်တွင် အတောင့်တင်းဆုံး အင်စတီကျူးရှင်းအဖြစ် သဘောထားကြသည်။ သို့သော် လက်တွေ့တွင် တောင့်တင်းသည်ဟု ယူဆခံရထားသည့် မြန်မာစစ်တပ်အခြေအနေသည် အဆိုးဝါးဆုံးအခြေအနေသို့ ရောက်နေ၏။
တပ်ရင်းတပ်ဖွဲ့များ၏ ဖွဲ့စည်းပုံလူအင်အားသည် ဆိုးဆိုးဝါးဝါးကျဆင်းနေသည်။ တပ်များ၏ တိုက်ရည်ခိုက်ရည်မှာလည်း ကျဆင်းနေသည်။ တူမီးကိုင် PDF များအား လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူနှင့် တိုက်နေရသည်။
ကာကွယ်ရေးပစ္စည်း စက်ရုံ (ကပစ) များရှိ၍ စစ်လက်နက်ခဲယမ်း တောင့်တင်းသည်ဟု ယူခံရသော မြန်မာစစ်တပ်သည် တနှစ်ကျော် စစ်တိုက်ပြီးနောက် ၂၀၂၂ အတွင်း တိုက်ပွဲမှ သိမ်းဆည်းရသော ကျည်ဆံများသည် ၂၀၂၂ ခုနှစ်ထုတ်များ ဖြစ်နေသည်ကိုတွေ့ရပြီး ခဲယမ်းလုံလောက်စွာ သိုလှောင်ထားနိုင်ခြင်း မရှိသည်ကို တွေ့ရ၏။
အင်အားတောင့်ပါသည်ဆိုသည့် မြန်မာစစ်တပ်သည် တပြည်လုံးအနှံ့ စစ်တိုက်ရသည့် တနှစ်အတွင်း စစ်အင်အား မလုံလောက်သဖြင့် လက်ရုံးတပ်ဖွဲ့များမှ စစ်သည်များကိုပါ ထုတ်နှုတ်သုံးစွဲနေရသည်။ ပြီးခဲ့သည့်တနှစ်အတွင်း စစ်တပ်ကို စွန့်ခွာထွက်ပြေးသူ ၃,၀၀၀ ကျော်နှင့် ရဲတပ်ဖွဲ့ကို စွန့်ခွာသူ ၆,၀၀၀ ကျော်ရှိသည်ကို တွေ့ရ၏။
စစ်သားသစ်စုဆောင်းရန် အခက်တွေ့နေပြီး ဗိုလ်သင်တန်းများပင်လျှင် တက်မည့်သူ မရှိသလောက် နည်းပါးနေသည်ကို တွေ့ရသည်။ စစ်ဗိုလ်ချုပ်များက ကြီးစွာ ချမ်းသာကြွယ်ဝပြီး အောက်ခြေစစ်သားများက မွဲတေနေသဖြင့် တပ်တွင်းစည်းလုံးညီညွတ်ရေးပြိုကွဲနေ၏။
ခုခံတော်လှန်သူများဘက်မှ စစ်တပ်ဖြိုခွဲရေးကို အောင်အောင်မြင်မြင် ပြုလုပ်နိုင်သဖြင့် တပ်တွင်း၌ သံသယ၊ အပြန်အလှန် စောင့်ကြည့်ခံရမှုများရှိနေပြီး မကျေနပ်မှုများ တိုးပွားလာ၏။ ပြီးခဲ့သော တနှစ်အတွင်း စစ်တပ်၏ ရမ်းစက်ကြမ်းကြုတ်မှု၊ အရပ်သားပိုင်ပစ္စည်းများ လုယက်ဖျက်ဆီးမှု၊ မြို့ရွာများကို မီးရှို့ဖျက်ဆီးမှု၊ အရပ်သားများကို သတ်ဖြတ်မှုများကြောင့် တောင်တန်းပြည်မ မကျန် တပြည်လုံးတွင် စစ်တပ်အား ခါးသည်းမုန်းတီးမှု ထိပ်ဆုံးရောက်နေ၏။
လုယက်ရမ်းကားနေသော စစ်တပ်သည် ဥပဒေကို ထိမ်းသိမ်းစောင့်ရှောက်နိုင်သည့်အဆင့်အတန်းရှိသော စည်းကမ်းရှိသည့် တပ်ဖွဲ့မဟုတ်တော့ဘဲ လုယက်ရမ်းကားနေသော လူဆိုးလူသွမ်းများဖြစ်နေပြီ ဖြစ်၏။
ထို့ပြင် လုယက်ရမ်းကားနေသော စစ်တပ်သည် ဥပဒေကို ထိမ်းသိမ်းစောင့်ရှောက်နိုင်သည့်အဆင့်အတန်းရှိသော စည်းကမ်းရှိသည့် တပ်ဖွဲ့မဟုတ်တော့ဘဲ လုယက်ရမ်းကားနေသော လူဆိုးလူသွမ်းများဖြစ်နေပြီ ဖြစ်၏။
စစ်တပ်က တာဝန်ယူထားသည့် အုပ်ချုပ်ရေးကာလတွင်လည်း ဘဏ်စနစ်များ တနှစ်ကျော်ကြာသည်အထိ ပုံမှန်မလည်ပတ်နိုင်၊ နိုင်ငံခြား ငွေကြေးသုံးစွဲမှုလွတ်လပ်ခွင့်ပျက်စီးပြီး မှောင်ခိုဈေးကွက် ပေါ်လာသည်။ ကျန်းမာရေး၊ ပညာရေး၊ မီးရထား စသည့် အစိုးရလုပ်ငန်းများလည်း တနှစ်ကြာသည့်တိုင် အပြည့်အဝ မလည်ပတ်နိုင်သေးသည်ကိုတွေ့ရ၏။
ပြည်ပရင်းနှီးမြှုပ်နှံမှုများ ထွက်ခွာခြင်း၊ အသစ်ဝင်မလာခြင်းတို့ကြောင့် ကျဆင်းနေသည်။ စီးပွါးရေးလုပ်ငန်း အများစု မလည်ပတ်နိုင်သည့်အပြင် လုပ်ငန်းရှင် အများအပြား ပြည်ပသို့ ထွက်ခွာနေကြသည်။
လျှပ်စစ်မီး လုံလောက်အောင် မပေးနိုင်တော့ဘဲ အခြေခံအဆောက်အအုံများ ကျဆင်းနေ၏။ အစိုးရတရပ်အနေနှင့်လည်း ဒေသတွင်း အာဆီယံတွင်လည်းကောင်း၊ ကမ္ဘာ့ကုလသမဂ္ဂတွင်လည်းကောင်း ပါဝင်ခွင့်မရဘဲ ဖယ်ကျဉ်ခံထားရသည်။
ချုပ်၍ဆိုရင် စစ်ရေးရော အုပ်ချုပ်ရေးရော၌ပါ မြန်မာပြည်၏ အတောင့်တင်းဆုံးဟု သဘောထားခြင်း ခံရသည့် စစ်တပ်အင်စတီကျူးရှင်း၏ အခြေအနေသည် မည်သည့် ခေတ်ကာလနှင့်မတူဘဲ အဆိုးဝါးဆုံး အခြေအနေသို့ ဆိုက်ရောက်နေခြင်းသည် နွေဦးတော်လှန်ရေး၏ ထူးခြားချက်တရပ် ဖြစ်၏။
သို့ဖြစ်ရာ လက်ရှိနွေဦးတော်လှန်ရေးနှင့် ပတ်သက်၍ သုံးသပ်ကောက်ချက်ချမည်ဆိုလျှင် နွေဦးတော်လှန်ရေး၏ ထူးခြားချက်ဆယ်ချက်အား ထည့်သွင်း စဉ်းစားခြင်းပြုမှသာ မှန်ကန်သော သုံးသပ်ချက်၊ ကောက်ချက်များ ထွက်ပေါ်နိုင်ပေလိမ့်မည်။ အစဉ်အလာ သီအိုရီများ တစစီကျိုးပဲ့နေသည်ကို သတိပြုရန်လိုပါသည်။
You may also like these stories:
လောင်းကြေးကြီးသော မြန်မာ့နွေဦးတော်လှန်ရေး
တာဝန်ခံမှု ရှိသော တော်လှန်ရေးဖြစ်ရန် လိုသည်
နိုင်ငံသားအဖြစ်မှ ရပ်စဲခြင်းဖြင့် တော်လှန်စိတ်ကို ရပ်၍မရ
နွေဦးတော်လှန်ရေးထဲက အကျဉ်းစံ ပန်ဒါ
အာဏာရှင်ကို အမြစ်ဖြတ်ချင်တဲ့ အမျိုးသမီး PDF ကွန်မန်ဒိုများ