ရှည်ကြာသော မြန်မာပြည်တွင်းစစ်အတွင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲ၊ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲဆိုသည်များကို များပြားစွာ တွေ့ခဲ့ရ၏။
စစ်ပွဲဆိုသည်က သွေးထွက်သည့် နိုင်ငံရေးဟုဆိုကြပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲဆိုသည်မှာ စားပွဲဝိုင်းပေါ်က သွေးမထွက်သည့် စစ်ပွဲဖြစ်သည်။ ငြိမ်းချမ်းရေးအတွက် ရိုးသားကြပါဟု ဆိုကြသည်။ ပြီးလျှင် တဖက်နှင့်တဖက် မရိုးသားကြဟု အပြန်အလှန် လက်ညိုးထိုးကြ၏။ ဤအချက်သည် ထူးဆန်းလှသည်တော့ မဟုတ်ပေ။
မြန်မာပြည်တွင် ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲများသည် ပရိယာယ်ဝေဝုစ် များလွန်းလှ၏။ အရပ်စကားနှင့်ဆိုရလျှင် အ’တဲ့သူခံရ၏။ ဆွေးနွေးပွဲတက်သူ နှစ်ဖက်လုံးက မိမိအတွက် အကျိုးရှိသည့် ရလဒ်ထွက်ပေါ်အောင် ကြိုးစားကြသည် ဆိုသော်လည်း မြန်မာပြည် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် အင်အားအပေါ် အခြေပြု၍ ရလဒ်ထွက်သည်သာ
မွန်-ဗမာ အနှစ် ၄၀ စစ်ပွဲကာလကတည်းက စစ်ပွဲအတွင်းက ဆွေးနွေးပွဲများသည် မရိုးသားကြောင်း တွေ့ခဲ့ရဖူးပြီဖြစ်၏။ မည်သို့ပင်ဖြစ်စေ မြန်မာပြည်တွင် ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲများသည် ပရိယာယ်ဝေဝုစ် များလွန်းလှ၏။ အရပ်စကားနှင့်ဆိုရလျှင် အ’တဲ့သူခံရ၏။ ဆွေးနွေးပွဲတက်သူ နှစ်ဖက်လုံးက မိမိအတွက် အကျိုးရှိသည့် ရလဒ်ထွက်ပေါ်အောင် ကြိုးစားကြသည် ဆိုသော်လည်း မြန်မာပြည် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် အင်အားအပေါ် အခြေပြု၍ ရလဒ်ထွက်သည်သာ။
ဖဆပလ အစိုးရခေတ်မှာရော မဆလ အစိုးရခေတ်မှာပါ ငြိမ်းချမ်းရေးခေါင်းစဉ်နှင့် ဆွေးနွေးပွဲများ ပြုလုပ်ခဲ့သည်။ အောင်မြင်မှုမရခဲ့ပေ။ မအောင်မြင်သည့် အဓိကအချက်မှာ ဆွေးနွေးပွဲတိုင်းတွင် တိုင်းရင်းသားများ၏ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ပယ်ချပြီး တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များ၏ တည်ရှိမှုကိုပါ ငြင်းပယ်ခဲ့၍ဖြစ်၏။
လက်နက်နှင့်ငြိမ်းချမ်းရေး လဲလှယ်မည်ဆိုသည့် ခေါင်းစဉ်အောက်တွင် အစိုးရအုပ်ချုပ်မှုအောက်ဝင်ရေး၊ တိုင်းရင်းသားတပ်များ တပ်ဖျက်၊ လက်နက်အပ်ရေး၊ လက်နက်ချရေးကိုသာ ဖဆပလ၊ မဆလ အစိုးရများက ရပ်ခံခဲ့၍ ဖြစ်၏။ သို့ဖြစ်၍ ၁၉၄၈ မှ ၁၉၈၈ အထိ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများသည် မအောင်မြင်ခဲ့ပေ။
၁၉၈၈ နောက်ပိုင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲများက ယခင်ခေတ်များနှင့်မတူဘဲ ပို၍ပရိယာယ်များလာသည်။ ဤသည်မှာလည်း ပြည်တွင်း၌ နိုင်ငံရေးအခြေအနေ အပြောင်းအလဲနှင့် သက်ဆိုင်၏။ တဖက်က ပြည်တွင်းတွင် လူထုအုံကြွမှုကြောင့် နိုင်ငံရေးအကျပ်အတည်း ရှိသည့်အပြင် မဆလခေတ်၏ ဒဏ်ရာဒဏ်ချက်ကြောင့် စီးပွားရေး အကျပ်အတည်းဆိုက်နေ၏။
တဖက်ကလည်း မြန်မာစစ်တပ် စစ်ရေးအရ အဓိကရင်ဆိုင်နေရသည့် ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) ပြိုကွဲသည်။ တိုင်းရင်းသားအဖွဲ့ကွဲများ ပေါ်လာသည်။ ကွဲထွက်လာသော အဖွဲ့များသည်လည်း ဘဏ္ဍာရေး၊ လက်နက်ခဲယမ်း အကျပ်အတည်းရှိသည်။ ထို့အပြင် နှစ်ပေါင်းများစွာ စစ်တိုက်လာကြသည့်အတွက် တပ်ရော ဒေသခံလူထုပါ စစ်ပမ်းနေသည်။
ဤသို့ နှစ်ဖက်အကြောင်းအချက် ဆုံခိုက်တွင် စစ်အစိုးရက တိုင်းရင်းသားလက်နက်ကိုင် တပ်များနှင့် ပေါ်လစီ ပြောင်းသည်။ တလျှောက်လုံး တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များ တပ်ဖျက်၊ လက်နက်အပ်ရန် တောင်းဆိုသည့် စစ်အစိုးရက တိုင်းရင်းသားပါတီ၊ လက်နက်ကိုင်တပ်ဖွဲ့နှင့် ၎င်းတို့ ထိန်းချုပ်ရာဒေသတို့ကို အထူးဒေသများအဖြစ် အသိအမှတ်ပြုပေးပြီး ငြိမ်းချမ်းရေးဟုဆိုသည့် အပစ်အခတ်ရပ်စဲရေးကို ပြုလုပ်ခဲ့၏။ ၁၉၈၉ ခုနှစ်မှ စသည့် လုပ်ငန်းစဉ်သည် ၁၉၉၅ ခုနှစ် ရောက်သောအခါ ကရင်အမျိုးသား အစည်းအရုံး (KNU) နှင့် မုံတိုင်းတပ်မတော် (MTA) တို့မှအပ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အားလုံး အပစ်ရပ်သွားတော့၏။
ဤအပစ်ရပ်ရေးတွင် တိုင်းရင်းသားလူမျိုး/ပြည်နယ်တို့၏ အခွင့်အရေးနှင့်ပတ်သက်၍ အရပ်သားအစိုးရတက်မှ ဆွေးနွေးမည်။ သို့သော် တိုင်းရင်းသားအဖွဲ့များ တည်ရှိမှုနှင့် ထိန်းချုပ်နယ်မြေများ အသိအမှတ်ပြုမှု အခြေခံပေါ်တွင် ပေါ်လာခြင်းဖြစ်၏။
တချိန်တည်းတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအား ဘာသာရေးအရ ဖြိုခွဲခြင်း၊ စီးပွားရေးအခွင့်အလမ်းများပေး၍ ဖြိုခွဲခြင်း၊ သိမ်းသွင်းခြင်းများ ပြုလုပ်ပြီး ထိုအဖွဲ့များ အင်အားချိနဲ့စေရန်၊ မိမိလက်အောက်သို့ ရောက်ရှိစေရန် ၁၉၈၉ ခုနှစ်မှ ၂၀၀၉ ခုနှစ်အထိ အနှစ် ၂၀ ကာလအတွင်း တစိုက်မတ်မတ် ပြုလုပ်ခဲ့သည်။
တချိန်တည်းတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအား ဘာသာရေးအရ ဖြိုခွဲခြင်း၊ စီးပွားရေးအခွင့်အလမ်းများပေး၍ ဖြိုခွဲခြင်း၊ သိမ်းသွင်းခြင်းများ ပြုလုပ်ပြီး ထိုအဖွဲ့များ အင်အားချိနဲ့စေရန်၊ မိမိလက်အောက်သို့ ရောက်ရှိစေရန် ၁၉၈၉ ခုနှစ်မှ ၂၀၀၉ ခုနှစ်အထိ အနှစ် ၂၀ ကာလအတွင်း တစိုက်မတ်မတ် ပြုလုပ်ခဲ့သည်။ အာရုံစိုက်၍လည်း ပြုလုပ်နိုင်ခဲ့၏။
ဤသို့ပြုလုပ်နိုင်ခဲ့ခြင်းမှာ ပြည်မရှိ အဓိက အတိုက်အခံခေါင်းဆောင်နှင့် အဓိက အတိုက်အခံပါတီက လက်နက်ကိုင်တိုက်ပွဲ လမ်းကြောင်းကို ရွေးချယ်ခြင်းမပြုဘဲ ဥပဒေတွင်း လမ်းကြောင်းကိုသာ ရွေးထားခဲ့၍ ပြည်မဒေသအများစုတွင် လက်နက်ကိုင်တိုက်ပွဲ မရှိသဖြင့် စိတ်ကြိုက်လုပ်နိုင်ခဲ့သည်။
တဖက်ကလည်း KNU နှင့် MTA ကို အင်အားအလုံးအရင်းသုံးပြီး ထိုးစစ်ဆင်ခဲ့သည်။ စစ်အစိုးရ၏ ဘက်ပေါင်းစုံ ထိုးနှက်မှုများအောက်တွင် MTA လက်နက်ချခဲ့ပြီး တချိန်က တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကြား အင်အားအကြီးဆုံး KNU ပြိုကွဲကာ အင်အားချိနဲ့ခဲ့ရသည်။ ဤသည်မှာ အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေး အနှစ် ၂၀ အတွင်း စစ်အစိုးရ၏ လုပ်ဆောင်ချက်များဖြစ်၏။
၂၀၀၉ တွင် စစ်အစိုးရက တဆင့်တက်လှမ်းပြီး အပစ်ရပ်ထားသော တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များအား နယ်ခြားစောင့်တပ် (BGF)၊ ပြည်သူ့စစ် (ပသစ) များအဖြစ် ပြောင်းလဲဖွဲ့စည်းစေပြီး စစ်တပ်၏ လက်အောက်သို့ သွတ်သွင်းရန် ကြိုးစားလာသည်။ စစ်တပ်အနေနှင့် ၎င်းတို့သည် ပြည်တွင်း၌ အခြေခိုင်လာပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကို ကောင်းစွာထိန်းချုပ်လာနိုင်ပြီဟု ယူဆပုံရ၏။
ရွေးကောက်ပွဲမှ တက်လာသည့် အရပ်သားအစိုးရ လက်ထက်တွင် တိုင်းရင်းသားအရေးကို နိုင်ငံရေးအရ ဆွေးနွေးပြီး ဖြေရှင်းမည်ဆိုသည့် ကတိကဝတ်ကို စစ်တပ်က ဖောက်ဖျက်ခဲ့၏။ ဤသို့ လုပ်ဆောင်နိုင်ရန်အတွက် ၂၀၀၅ ခုနှစ်တွင် ပလောင်ပြည် လွတ်မြောက်ရေးအဖွဲ့ (PSLO) နှင့် ရှမ်းနီ အမျိုးသားများ တပ်မတော် (SNA) အဖွဲ့များကို အတင်းအကျပ် လက်နက်စွန့်စေခဲ့သည်။
အနှစ် ၂၀ အပစ်ရပ်ကာလတွင် အင်အားချိနဲ့သွားသော၊ အကျိုးစီးပွားပေါ် အလေးထားသွားသော၊ လက်နက်ကိုင်တိုက်ပွဲအပေါ် ယုံကြည်မှုနည်းသွားသော အဖွဲ့များသည် စစ်အစိုးရ၏ လမ်းကြောင်းအတိုင်း ပါသွားသည်။
အနှစ် ၂၀ အပစ်ရပ်ကာလတွင် အင်အားချိနဲ့သွားသော၊ အကျိုးစီးပွားပေါ် အလေးထားသွားသော၊ လက်နက်ကိုင်တိုက်ပွဲအပေါ် ယုံကြည်မှုနည်းသွားသော အဖွဲ့များသည် စစ်အစိုးရ၏ လမ်းကြောင်းအတိုင်း ပါသွားသည်။
ကချင်မှ ဇခုန်တိန်ယိင်း ခေါင်းဆောင်သော ကချင် ဒီမိုကရေစီသစ် တပ်မတော် (NDAK)၊ ကိုးကန့်ခွဲထွက် ပယ်ဆောက်ချိန်အဖွဲ့၊ ထွန်းကျော် ခေါင်းဆောင်သည့် ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ)၊ ဒီမိုကရက်တစ် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်တပ်မတော် (DKBA) နှင့် KNU ခွဲထွက်အဖွဲ့အချို့တို့သည် BGF များအဖြစ် အသွင်ပြောင်းခဲ့၏။
မထုနော်၏ ကချင်ကာကွယ်ရေးတပ်ဖွဲ့ (KDA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တပ်မဟာ (၃) နှင့် (၇)၊ အောင်ခမ်းထီ၏ ပအို့ဝ်အမျိုးသားအဖွဲ့ချုပ် (PNO)၊ သန်းစိုးနိုင် ဦးစီးသည့် ကယန်းပြည်သစ်ပါတီနှင့် KNPP/KNU ခွဲထွက်အဖွဲ့အချို့သည် ပသစ များအဖြစ် အသွင်ပြောင်းသွားခဲ့၏။
BGF ရော ပသစ ပါ စစ်တပ်၏ ကွပ်ကဲမှုအောက် ရောက်သွားခဲ့သည်။ ထိုအထဲမှ ကိုးကန့်ခွဲထွက် ပယ်ဆောက်ချိန် အဖွဲ့နှင့် အောင်ခမ်းထီ ဦးစီးသည့် PNO အဖွဲ့သာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အောက်တွင် ဒေသအုပ်ချုပ်ရေးအာဏာ ရရှိခဲ့သည်။ ရှမ်းပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ (ရလလဖ) ကဲ့သို့သောအဖွဲ့ ပျက်သွား၏။ ဤသည်မှာ အနှစ် ၂၀ အပစ်ရပ် ငြိမ်းချမ်းရေးကာလတွင် စစ်တပ်က ရရှိသွားသော အကျိုးအမြတ်ဖြစ်၏။
ထိုအပစ်ရပ် သဘောတူညီချက်များမှတဆင့် စစ်အစိုးရ ရရှိသွားသည့်အချက်များမှာ တိုင်းရင်းသားများကို စစ်ရေး၊ ဘာသာရေး နည်းလမ်းများနှင့်သာမက စီးပွားရေး အခွင့်အလမ်းများနှင့်ပါ ဖြိုခွဲ၍ရ၏။ အချို့အဖွဲ့ကို အချို့အပစ်ရပ်၍ အချို့ကို ဖိတိုက်၍ရ၏။
စစ်တပ်က သတိပြုမိသွားသည့်အချက်မှာ တိုင်းရင်းသားအဖွဲ့များသည် ကိုယ့်နယ်မြေ၊ ကိုယ့်ဒေသကိုသာ အာရုံစိုက်သည်။ ပြည်မအစိုးရအာဏာကို ထိပါးခြင်းမရှိ ဆိုခြင်းဖြစ်၏။
ထို့အပြင် စစ်တပ်က သတိပြုမိသွားသည့်အချက်မှာ တိုင်းရင်းသားအဖွဲ့များသည် ကိုယ့်နယ်မြေ၊ ကိုယ့်ဒေသကိုသာ အာရုံစိုက်သည်။ ပြည်မအစိုးရအာဏာကို ထိပါးခြင်းမရှိ ဆိုခြင်းဖြစ်၏။ စစ်အစိုးရသည် တိုင်းရင်းသားအဖွဲ့များအား သူ့နယ်မြေနှင့်သူ အခွင့်အရေး ပေးထားပါက ပြည်မအစိုးရအာဏာကို ထိပါးနိုင်သည့်၊ ပြည်မက အတိုက်အခံများကို အာရုံစိုက်ဖြိုခွဲနိုင်သည့် အခွင့်အလမ်းရသည်ကို ကောင်းစွာ သဘောပေါက်သွားခဲ့သည်။
အပစ်ရပ်ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် ပြိုကွဲ၊ အင်အားချိနဲ့သွားသည့်အဖွဲ့ များ၊ အသွင်ပြောင်းသွားသော အဖွဲ့များရှိသကဲ့သို့ မိမိအခွင့်အလမ်းကို အမိအရယူနိုင်သည့် အဖွဲ့များလည်းရှိ၏။ ဝ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)၊ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (NDAA)၊ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တို့သည် ထိုအပစ်ရပ်ကာလအတွင်း မိမိ၏ ဘဏ္ဍာတောင့်တင်းအောင်၊ စစ်အင်အားကြီးမားအောင် တည်ဆောက်နိုင်ခဲ့သည်။
KNU သည် နောက်ပိုင်း အပစ်ရပ်ထားသည့်ကာလတွင် သူ့အင်အားကို ပြန်လည် စုစည်းနိုင်အောင်၊ ညီညွတ်မှုပြိုကွဲသွားသော ကရင်အင်အားစုများ ပြန်လည် ပေါင်းစည်းနိုင်အောင် ဆောင်ရွက်လာနိုင်သည်။ SSPP, MNDAA, RCSS တို့သည်လည်း မိမိအင်အားကို ပြန်လည်ဆောက်လာနိုင်၏။ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ မွန်ပြည်သစ်ပါတီ (NMSP) တို့ကမူ ၁၉၉၅ ခုနှစ် အပစ်ရပ် စတင်စဉ်ကာလထက် အင်အားများစွာ ယုတ်လျော့သွားသော်လည်း အစဉ်အလာရှိသည့် တိုင်းရင်းသားအဖွဲ့များဖြစ်သဖြင့် မူအရ ရပ်တည်သွားနိုင်သည်။ ထို့အပြင် တိုင်းရင်းသားပြဿနာနှင့် ပတ်သက်၍ စစ်တပ်သည် အခြေခံအားဖြင့် မှန်ကန်စွာ မဖြေရှင်းနိုင်ဟု ယူဆသဖြင့် ရက္ခိုင့်တပ်တော် (AA) နှင့် တအာင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) တို့ကဲ့သို့ အဖွဲ့သစ်များ အားကောင်းမောင်းသန် ပေါ်ပေါက်လာ၏။
သို့ဖြင့် အနှစ် ၂၀ ကျော် အပစ်ရပ် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဖြတ်သန်းပြီးနောက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအနေနှင့် မိမိအင်အားကို ကောင်းစွာ တည်ဆောက်ရန်လိုသည်။ အင်အားမရှိပါက အဖွဲ့အစည်း ပျက်သွားနိုင်သည်ကိုလည်းကောင်း၊ မိမိတို့အား နည်းမျိုးစုံနှင့် စစ်တပ်က ဖြိုခွဲရန်ကြိုးစားသည်ကိုလည်းကောင်း၊ ပြည်မတွင် အကြပ်အတည်းရှိချိန်၌ တိုင်းရင်းသားအဖွဲ့များအား အလျှော့ပေး ဆက်ဆံသော်လည်း ပြည်မတွင် အခြေအနေကောင်းပါက တိုင်းရင်းသားအဖွဲ့များအား ပြန်လည်ချုပ်ကိုင် နှိပ်ကွပ်ရန် ကြံစည်လုပ်ဆောင်သည်ကို တိုင်းရင်းသားအဖွဲ့များက ကောင်းစွာသဘောပေါက်ခဲ့၏။
၂၀၁၁ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ ၁၀ နှစ်တာကာလအတွင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် ရွေးကောက်ခံအစိုးရ သဘောထားထက် မြန်မာစစ်တပ်၏ သဘောထားက ပို၍အချက်ခြာကျသည်ကို တိုင်းရင်းသားအဖွဲ့များ မြင်တွေ့ခဲ့ရ၏။ ထို့အပြင် မြန်မာစစ်တပ်သည် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် တိုင်းရင်းသားအဖွဲ့များပါဝင်မှုကို ကန့်သတ်မှု ပြုသည့်အပြင် အင်အားမရှိသည့် တိုင်းရင်းသားအဖွဲ့များအား မောက်မာစွာ ဆက်ဆံသည်ကို တွေ့ခဲ့ရသည်။
မြန်မာစစ်တပ်သည် တိုင်းရင်းသားတို့ လိုလားသည့် ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို အသိအမှတ်မပြုသည့်အပြင် တိုင်းရင်းသားတပ်ဖွဲ့များ တပ်ဖျက်၊ လက်နက်အပ်ရေး၊ ၂၀၀၈ အခြေခံဥပဒေအောက် ဝင်ရေးနှင့် နိုင်ငံရေး ဆွေးနွေးပွဲများအား တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) အတိုင်း သွားရမည်ဟု ခေါင်းမာမာနှင့် ရပ်ခံခဲ့ကြ၏။
ထို့အပြင် ငြိမ်းချမ်းရေးအတွက် နိုင်ငံရေးဆွေးနွေးပွဲ ၁၀ နှစ်ကာလတွင် မြန်မာစစ်တပ်သည် တိုင်းရင်းသားတို့ လိုလားသည့် ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို အသိအမှတ်မပြုသည့်အပြင် တိုင်းရင်းသားတပ်ဖွဲ့များ တပ်ဖျက်၊ လက်နက်အပ်ရေး၊ ၂၀၀၈ အခြေခံဥပဒေအောက် ဝင်ရေးနှင့် နိုင်ငံရေး ဆွေးနွေးပွဲများအား တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) အတိုင်း သွားရမည်ဟု ခေါင်းမာမာနှင့် ရပ်ခံခဲ့ကြ၏။ ပါဝင်သင့်ပါဝင်ထိုက်သူ အားလုံးပါဝင်နိုင်ရေးကို လက်မခံဘဲ “ပါချင်တိုင်းပါရအောင် တောင်ပြုံးပွဲ မဟုတ်” ဟုပင် ဆိုခဲ့ကြ၏။
ယခု ၂၀၂၂ ခုနှစ်၊ ဧပြီလတွင် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင် တိုင်းရင်းသားအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးရန် ကမ်းလှမ်းလာ၏။ မေလဆန်းတွင် တွေ့ဆုံမည်ဟုဆို၏။ အားလုံးနှင့် တွေ့ပါမည်ဟုဆိုသည်။
ဤအကြိမ် ကမ်းလှမ်းချက်သည် ယခင်ကဲ့သို့ တိုင်းရင်းသားအဖွဲ့အချို့ကို မချန်တော့သဖြင့် တောင်ပြုံးပွဲ ဆွေးနွေးပွဲဟု ဆိုရပေတော့မည်။ တကယ်တွင် အာဏာသိမ်းပြီးကတည်းက တိုင်းရင်းသားအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးရန်သော်လည်းကောင်း၊ နေပြည်တော်သို့ လာရောက်ရန်သော်လည်းကောင်း စစ်ကောင်စီမှ တာဝန်ပေးထားသော ဗိုလ်ချုပ်များ အကြိမ်ပေါင်းများစွာ ကြိုးပမ်းသော်လည်း မအောင်မြင်သဖြင့် ဆိုင်းမဆင့်ဗုံမပါ သူကိုယ်တိုင်ထွက်၍ ပြောဆိုလာသည်ကိုတွေ့ရ၏။
မြန်မာစစ်တပ်အနေနှင့် တပြည်လုံး၌ စစ်ရေးအကျပ်အတည်း ရင်ဆိုင်နေရချိန်တွင် ထိုအကျပ်အတည်းမှ ထွက်ပေါက်ရရန်၊ တိုင်းရင်းသားအဖွဲ့များအား ဖယ်ထုတ်ရန် ကြိုးစားနေသည်ဟု အများက လွယ်ကူစွာ ကြည့်မြင်နိုင်ခဲ့ကြ၏။
ယခုအကြိမ် ဆွေးနွေးပွဲတွင် တိုင်းရင်းသားအဖွဲ့များ နယ်မြေထိန်းချုပ်ခွင့်နှင့် ပတ်သက်၍ တိုးပေးဖွယ်ရှိသည်၊ လက်နက်ကိုင်တပ် ရှိခွင့်ကိုလည်း အလျှော့ပေးဖွယ်ရှိသည်ဟု သုံးသပ်ရ၏။ မည်၍မည်မျှအထိ ပေးမည်ဆိုသည်ကတော့ စိတ်ဝင်စားဖွယ်ဖြစ်သည်။
စစ်တပ်အဖို့ ပြောလျှင် သူတို့အတွေ့အကြုံအရ တိုင်းရင်းသားအဖွဲ့များကို ၎င်းတို့နယ်မြေဒေသအား အုပ်ချုပ်ခွင့်ပေးလိုက်လျှင် ပြည်မဗဟိုအစိုးရ အာဏာအား ထိပါးမှုမရှိဟု နားလည်ထားကြသည်။ သို့ဖြစ်ရာ ယခုအကြိမ် ဆွေးနွေးပွဲတွင် တိုင်းရင်းသားအဖွဲ့များ နယ်မြေထိန်းချုပ်ခွင့်နှင့် ပတ်သက်၍ တိုးပေးဖွယ်ရှိသည်၊ လက်နက်ကိုင်တပ် ရှိခွင့်ကိုလည်း အလျှော့ပေးဖွယ်ရှိသည်ဟု သုံးသပ်ရ၏။ မည်၍မည်မျှအထိ ပေးမည်ဆိုသည်ကတော့ စိတ်ဝင်စားဖွယ်ဖြစ်သည်။
သို့သော်လည်း လက်တွေ့တွင် UWSA နှင့် NDAA တို့ကဲ့သို့ ထိန်းချုပ်နယ်မြေရှိသည့် အဖွဲ့များအဖို့ သူတို့၏ အခွင့်အရေးကို သူတို့ဖာသာ ရယူထားနိုင်ပြီးဖြစ်၏။ သူတို့လိုအပ်သည်မှာ ဥပဒေအရ တရားဝင်မှုဖြစ်သည်။
လက်ရှိ ၂၀၀၈ အခြေခံဥပဒေကို ဆုပ်ကိုင်ထားသည့် စစ်တပ်အဖို့ ၂၀၀၈ အခြေခံဥပဒေအောက်တွင် ဥပဒေကြောင်းအရ တရားဝင်ဖြစ်ရန် အကန့်အသတ်ရှိနေ၏။
ထို့အပြင် KIA, AA, TNLA, MNDAA, SSPP, KNPP, KNU, NMSP, CNF စသည့် ၎င်းတို့ပြည်နယ်တခုလုံးနှင့် ပတ်သက်သည့် နိုင်ငံရေးရည်မှန်းချက်ထားသော တိုင်းရင်းသားအဖွဲ့များအား ၎င်းတို့တပ် ထိန်းချုပ်ထားနိုင်သည့် နေရာများတွင်သာ ထိန်းချုပ်ခွင့်ပေးပါက လက်ခံနိုင်ဖွယ်မရှိပေ။
ကချင်၊ ချင်း၊ ကရင်၊ ကယားပြည်နယ်များတွင် တိုင်းရင်းသားအဖွဲ့များနှင့် ခုခံကာကွယ်ရေးတပ် PDF များသည် တယောက်အားကို တယောက်ယူ၍ ရပ်တည်နေကြသည့်အပြင် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း PDF များသည်လည်း တိုင်းရင်းသားအဖွဲ့များနှင့် နီးနီးကပ်ကပ် ဆက်ဆံရပ်တည်နေကြသဖြင့် ခွဲထုတ်ရန် မဖြစ်နိုင်တော့ပေ။
အရေးကြီးဆုံးအချက်မှာ မြန်မာစစ်ခေါင်းဆောင်များသည် ပြည်မတွင် အကျပ်အတည်းတွေ့လျှင် တိုင်းရင်းသားများကို လိုက်လျောမှုပေးပြီး ပြည်မတွင် အခြေအနေကောင်းပါက တိုင်းရင်းသားအဖွဲ့များအား ပြန်လည် နှိပ်ကွပ်သည်ကိုလည်းကောင်း၊ မြန်မာစစ်ခေါင်းဆောင် အဆက်ဆက်က လိမ်ညာခဲ့သည်ကိုလည်းကောင်း၊ တိုင်းရင်းသားတို့တွင် လက်နက်ကိုင်အင်အား မရှိပါက စစ်တပ်က ဖိနှိပ်သည်ကိုလည်းကောင်း ကောင်းစွာသဘော ပေါက်ထားသည်ဖြစ်ရာ စစ်ခေါင်းဆောင်၏ ပြောစကားကို တိုင်းရင်းသားအဖွဲ့များ ယုံကြည်ဖို့ ခဲယဉ်းပေသည်။
အရေးကြီးဆုံးအချက်မှာ မြန်မာစစ်ခေါင်းဆောင်များသည် ပြည်မတွင် အကျပ်အတည်းတွေ့လျှင် တိုင်းရင်းသားများကို လိုက်လျောမှုပေးပြီး ပြည်မတွင် အခြေအနေကောင်းပါက တိုင်းရင်းသားအဖွဲ့များအား ပြန်လည် နှိပ်ကွပ်သည်ကိုလည်းကောင်း၊ မြန်မာစစ်ခေါင်းဆောင် အဆက်ဆက်က လိမ်ညာခဲ့သည်ကိုလည်းကောင်း၊ တိုင်းရင်းသားတို့တွင် လက်နက်ကိုင်အင်အား မရှိပါက စစ်တပ်က ဖိနှိပ်သည်ကိုလည်းကောင်း ကောင်းစွာသဘော ပေါက်ထားသည်ဖြစ်ရာ စစ်ခေါင်းဆောင်၏ ပြောစကားကို တိုင်းရင်းသားအဖွဲ့များ ယုံကြည်ဖို့ ခဲယဉ်းပေသည်။ ထို့အတူ PDF များ ရှိနေခြင်းသည် စစ်တပ်ကို နှစ်ပေါင်းများစွာ ရင်ဆိုင်ခဲ့သည့် တိုင်းရင်းသားအဖွဲ့များအတွက် တအားဖြစ်ရာ တိုင်းရင်းသားအဖွဲ့အများစုက PDF များကို ကူညီမှု လျော့ကျမသွားနိုင်ပေ။
ခြွင်းချက်အနေနှင့် လက်နက်ကိုင်အင်အား မကောင်းသော သို့မဟုတ် မရှိသလောက်ဖြစ်သော အဖွဲ့များနှင့် မူဝါဒအားနည်းသော အဖွဲ့အချို့သည် မြန်မာစစ်တပ် အားပျော့ကာ လိုက်လျောမှုအချို့ ပေးနေချိန်တွင် မြန်မာစစ်တပ်နှင့် ညှိနှိုင်းပြီး ၎င်းတို့၏ အခွင့်အလမ်းအချို့ ရရှိရေး၊ ရပ်တည်ရေးအတွက် အပေးအယူ လုပ်ကောင်းလုပ်နိုင်ပါသည်။ သို့သော် မူဝါဒရှိသော၊ အင်အားတောင့်တင်းသော တိုင်းရင်းသားအဖွဲ့များ အနေနှင့် ဤအပေးအယူတွင် ပါဝင်ဖွယ်မရှိပါ။
ယခု အငြင်းပွားသည့် အချက်တခုမှာ ထိုဆွေးနွေးပွဲအား တက်သင့်၊ မတက်သင့်ဖြစ်နေသည်ကို တွေ့ရ၏။ မည်သို့သော အငြင်းပွားမှုရှိသည်ဖြစ်စေ ပါဝင်သင့် ပါဝင်ထိုက်သူများမပါ၍ မတက်နိုင်သေးဟူသော အဖွဲ့များလည်းရှိမည်။ ဆွေးနွေးပွဲစားပွဲဝိုင်းသည် သွေးမထွက်သောစစ်ပွဲဟု သဘောထားသူ သို့မဟုတ် စစ်ကောင်စီက ငြိမ်းချမ်းရေးအား နိုင်ငံရေးကစားပွဲအဖြစ် သဘောထားသည်ကို ပြန်လည် ကစားမည်ဟု သဘောထားသူများလည်းရှိနိုင်၏။ အင်အား သို့မဟုတ် မူဝါဒပျော့၍၊ ရွေးစရာလမ်း အခြားမရှိတော့၍ တက်သူလည်း ရှိနိုင်သည်။
တိုင်းရင်းသားအဖွဲ့များသည် PDF များကဲ့သို့ အကြမ်းဖက်လုပ်ရပ်များ မလုပ်ဟုဆိုသော စစ်ကောင်စီသည် လွန်ခဲ့သောနှစ်များက တိုင်းရင်းသားအဖွဲ့များအား အကြမ်းဖက်သောင်းကျန်းသူများဟု ဆိုခဲ့သူဖြစ်၏။ အကြမ်းဖက်အဖွဲ့ ကြေညာခံထားရသူများနှင့် မဆွေးနွေးဟုဆိုသော စစ်ကောင်စီသည် ၂၀၂၀ ပြည့်နှစ်အကုန်တွင် အကြမ်းဖက်အဖွဲ့ဟု သတ်မှတ်ထားသော AA နှင့် ဆွေးနွေးခဲ့သူများဖြစ်၏။
ယနေ့ တိုင်းရင်းသားအဖွဲ့အားလုံးနှင့် ဆွေးနွေးမည်ဟု ဆိုနေသည့် စစ်ကောင်စီသည် လွန်ခဲ့သောနှစ်များက မြောက်ပိုင်းသုံးဖွဲ့နှင့် မဆွေးနွေးနိုင်ဟု ဆိုခဲ့သူများဖြစ်၏။ စစ်ကောင်စီ၏ ငြိမ်းချမ်းရေးအပေါ် သဘောထား မမှန်ကန်ခဲ့သည်ကို တလျှောက်လုံး မြင်တွေ့ခဲ့ရပြီးဖြစ်သည်။
အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရာတွင်လည်း တိုင်းရင်းသား အဖွဲ့များနှင့်သာမက PDF များအပါအဝင် လက်နက်ကိုင် ခုခံစစ်ပွဲ ဆင်နွှဲနေသူအားလုံး၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) စသူအားလုံး ပါဝင်မှသာ ဖြေရှင်းနိုင်လိမ့်မည်။
ယနေ့ တကယ်တမ်း မြန်မာပြည်တွင်း၌ ငြိမ်းချမ်းရေး တကယ်လိုလားပါက ဦးစွာအားဖြင့် မတရား ဖမ်းဆီးခံထားရသူ အားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးရန်လို၏။ အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရာတွင်လည်း တိုင်းရင်းသား အဖွဲ့များနှင့်သာမက PDF များအပါအဝင် လက်နက်ကိုင် ခုခံစစ်ပွဲ ဆင်နွှဲနေသူအားလုံး၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) စသူအားလုံး ပါဝင်မှသာ ဖြေရှင်းနိုင်လိမ့်မည်။
၂၀၂၂ ခုနှစ်အတွင်း ဖြစ်ပွားသည့် တိုက်ခိုက်မှုအားလုံး၏ ၇၀ ရာခိုင်နှုန်းသည် PDF အပါအဝင် နွေဦးတော်လှန်ရေးတွင် ပါဝင်သော ခုခံတော်လှန်သည့် တပ်ဖွဲ့များနှင့် ဖြစ်ပွားခြင်းဖြစ်ပြီး တိုင်းရင်းသားအဖွဲ့များနှင့် ဖြစ်ပွါးမှု ၃၀ ရာခိုင်နှုန်းသာရှိ၏။ ထိုသူများ မပါဝင်ဘဲ မြန်မာပြည်ငြိမ်းချမ်းရေး မရနိုင်ပေ။
မြန်မာပြည်တွင် ငြိမ်းချမ်းရေး မရသည်မှာ မြန်မာစစ်တပ်က တလျှောက်လုံး သဘောထား မမှန်ခဲ့ဘဲ ပါဝင်သင့်သူများကို ချန်ထားခဲ့၍ဖြစ်၏။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲဆိုသည်မှာ ပါဝင်သင့်ပါဝင်ထိုက်သူများ မပါဝင်ဘဲ အဖြေမထွက်နိုင်၊ မအောင်မြင်နိုင်ပေ။
တိုင်းရင်းသား အဖွဲ့များကို အချိုသပ်ပြီး PDF များအား အပြတ်တိုက်မည်ဟု ကြံရွယ်သည့် ငြိမ်းချမ်းရေး ဖိတ်ခေါ်မှုသည် နိုင်ငံရေးအရ ကစားကွက်တခုမျှသာ ဖြစ်၏။ အထူးသဖြင့် အာဆီယံနှင့် နိုင်ငံတကာက တောင်းဆိုနေသည်မှာ မြန်မာပြည်တွင်း ပဋိပက္ခများအား ဖြေရှင်းရန်အတွက် ပါဝင်သင့် ပါဝင်ထိုက်သူများ အားလုံး ပါဝင်ဆွေးနွေးရန်ဖြစ်၏။
လက်ရှိ စစ်ကောင်စီ၏ ငြိမ်းချမ်းရေး ကမ်းလှမ်းချက်ဆိုသည်မှာ ထိုတောင်းဆိုချက်အား တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် ဆွေးနွေးနေသည်၊ NUG နှင့် PDF များက အကြမ်းဖက်များဖြစ်၍ မဆွေးနွေးဟူ၍ အာဆီယံနှင့် နိုင်ငံတကာအား လှည့်စားရန် ပြုလုပ်သည့် နိုင်ငံရေးကစားကွက် တခုမျှသာဖြစ်သည်ကို တွေ့နေရပေ၏။
You may also like these stories:
အသွင်သစ် နွေဦးတော်လှန်ရေး၏ ထူးခြားချက် ၁၀ ချက်
အကျင့်ပျက် စစ်ဗိုလ်ချုပ်တွေက ဒေါ်အောင်ဆန်းစုကြည်ကို လာဘ်စားသတဲ့လား
“1 Billion ဆိုရင် လုံလောက်ပါတယ်”
အာဏာသိမ်းခေါင်းဆောင်၏ ဖိတ်ခေါ်ချက် ဘယ်သူတွေတက်မှာလဲ