အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာ သံတမန်တွေနဲ့ ပေးတွေ့နိုင်ပါသလား။
ဒီမေးခွန်းကို ပိုပြီး ပြည့်စုံအောင် ပြန်ရေးရမယ်ဆိုရင် “အင်အားကြီးမားတဲ့ စစ်တပ်ကြီးရဲ့ခေါင်းဆောင်က သူဖမ်းဆီးချုပ်နှောင်ထားတဲ့ ၇၆ နှစ်အရွယ် အကျဉ်းသူ အမျိုးသမီးကြီးကို ပြည်ပသံတမန်တွေနဲ့ ပေးတွေ့ရဲတဲ့ သတ္တိရှိရဲ့လား” ဆိုပြီး ဖြစ်ပါလိမ့်မယ်။
ရှင်းရှင်းဖြေရရင်တော့ မရှိပါဘူး။ သူ့မှာ အဲဒီလို သတ္တိမျိုး မရှိပါဘူး။
ဒီလကုန် မြန်မာပြည်ကို လာဖို့ရှိတဲ့ အာဆီယံ အထူးသံတမန် ပရက်ဆိုခွန်းနဲ့ စစ်ကောင်စီ ဖမ်းဆီး ချုပ်နှောင်ခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ကို ပေးတွေ့ဖို့ ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟွန်ဆန်က အာဏာသိမ်း စစ်ခေါင်းဆောင်ကို မကြာသေးခင်က ဗီဒီယိုဆွေးနွေးပွဲမှာ တိုက်တွန်းခဲ့ပါတယ်။
ဒီလကုန် မြန်မာပြည်ကို လာဖို့ရှိတဲ့ အာဆီယံ အထူးသံတမန် ပရက်ဆိုခွန်းနဲ့ စစ်ကောင်စီ ဖမ်းဆီး ချုပ်နှောင်ခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ကို ပေးတွေ့ဖို့ ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟွန်ဆန်က အာဏာသိမ်း စစ်ခေါင်းဆောင်ကို မကြာသေးခင်က ဗီဒီယိုဆွေးနွေးပွဲမှာ တိုက်တွန်းခဲ့ပါတယ်။
အာဆီယံ ဥက္ကဋ္ဌအနေနဲ့ ဟွန်ဆန်က သူ့အလုပ်သူလုပ်တာ ဖြစ်ပါတယ်။ ASEAN ရဲ့ ဘုံသဘောတူညီချက် ၅ ချက်အရ အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်နိုင်ဖို့ အားထုတ်တဲ့သဘောပါ။ ဒါပေမယ့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကတော့ အခြားသူများနဲ့သာ တွေ့ဖို့စီစဉ်ပေးမယ်လို့ ချက်ချင်းငြင်းခဲ့ပါတယ်။
သူအဲဒီလို ငြင်းတာ အံ့ဩစရာတော့ မဟုတ်ပါဘူး။ အာဆီယံ၊ ကုလသမဂ္ဂနဲ့ အနောက်နိုင်ငံတွေရဲ့ တွေ့ခွင့်တောင်းတာတွေကိုသာမက၊ တရုတ်နိုင်ငံက အလားတူ တောင်းဆိုခဲ့တာကိုပါ ငြင်းခဲ့ပြီးသား ဖြစ်ပါတယ်။ မနှစ်က တရုတ်အထူးသံတမန် မြန်မာနိုင်ငံကို လာတဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ပေးဖို့ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ စစ်ခေါင်းဆောင်အနေနဲ့ကတော့ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် သူ့ရဲ့ အဓိကအကျဉ်းသားတွေကို သံတမန်တွေနဲ့ပေးတွေ့ဖို့ ဆက်ငြင်းနေမှာ သေချာပါတယ်။
ဘာလို့လဲလို့ မေးရင်တော့ အကြောင်းက တချက်မကရှိပါတယ်။ ဒေါ်အောင်ဆန်းစုအကြည်အပေါ် သူ့ရဲ့ ပုဂ္ဂလိက အာဃာတနဲ့ နိုင်ငံရေးအရ မနာလိုမှုတွေထက်ပိုတဲ့ အကြောင်းအရင်းတွေ ရှိနေတာ သေချာပါတယ်။ အဲဒီအထဲက အဓိကအကြောင်းရင်းတခုကို ပြောရမယ်ဆိုရင်တော့ မင်းအောင်လှိုင်က ဒေါ်အောင်ဆန်းစုကြည်ကို ကြောက်လို့ပဲဖြစ်ပါတယ်။ သူ့ရဲ့ အကြောက်တရားကို သူကိုယ်တိုင် သိချင်မှတော့ သိပါလိမ့်မယ်။ ဒါပေမယ့် သူ့အကြောက်တရားက ပုံမှန်ထက်ပိုပါတယ်။ အလွန်အမင်းကြောက်တဲ့ သဘောပေါ့။
တကယ်တော့ သူ့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ရဲ့အစိုးရအဖွဲ့ဝင်တွေကို ဖမ်းဆီးထိန်းသိမ်းတာ၊ ရွေးကောက်ခံ အစိုးရကိုဖြုတ်ချတာနဲ့ အခြေအမြစ်မရှိတဲ့ တရားစွဲဆိုမှုတွေ အားလုံးဟာ စစ်ခေါင်းဆောင် အကြောက်ကြီးတာကို ပြတာပါပဲ။ သံတမန်တွေနဲ့ တွေ့ခွင့်မပေးတာလည်း တွေ့ခွင့်မပေးရဲလောက်အောင် ကြောက်လို့ပါပဲ။
မင်းအောင်လှိုင်ဟာ သူ့အနေနဲ့ “ကျနော် မလုပ်ရဲတာ ဘာမှမရှိဘူး” ဆိုပြီး အာဏာမသိမ်းခင်ကတည်းက တတိုင်းပြည်လုံးကို လူသိရှင်ကြား ခြိမ်းခြောက်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အာဏာသိမ်းတာ၊ အပြစ်မဲ့ ပြည်သူတွေကို သတ်တာ အပါအဝင် လူစိတ်ရှိတဲ့သူမှန်ရင် ဘယ်လိုမှ လက်မခံနိုင်တဲ့ တရားမဲ့ပြုကျင့်မှု မှန်သမျှကို မင်းအောင်လှိုင် အနေနဲ့ သူပြောတဲ့အတိုင်း လုပ်နေခဲ့တာပါပဲ။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ရွေးကောက်ခံ အစိုးရဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ လွှတ်တော်သစ်ကို ခေါ်ယူပြီးရင် စစ်တပ်ရဲ့ နိုင်ငံရေးမှာ ပါဝင်ပတ်သတ်မှုတွေကို လျှော့ချမယ်၊ ဒါမှမဟုတ်လည်း ဖယ်ရှားမယ်။ ပြီးရင် အငြိမ်းစား ယူချိန်တန်လို့ ကျော်တောင်ကျော်နေပြီ ဖြစ်တဲ့ သူ့ကို ရာထူးက ဖယ်ပစ်တော့မယ်ဆိုပြီး အကြောက်ကြီး ကြောက်နေလို့ပဲ ဖြစ်ပါတယ်။
ဘာလို့ အဲဒီလိုလုပ်သလဲလို့ မေးရင် အဖြေက ရှင်းပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ရွေးကောက်ခံ အစိုးရဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ လွှတ်တော်သစ်ကို ခေါ်ယူပြီးရင် စစ်တပ်ရဲ့ နိုင်ငံရေးမှာ ပါဝင်ပတ်သတ်မှုတွေကို လျှော့ချမယ်၊ ဒါမှမဟုတ်လည်း ဖယ်ရှားမယ်။ ပြီးရင် အငြိမ်းစား ယူချိန်တန်လို့ ကျော်တောင်ကျော်နေပြီ ဖြစ်တဲ့ သူ့ကို ရာထူးက ဖယ်ပစ်တော့မယ်ဆိုပြီး အကြောက်ကြီး ကြောက်နေလို့ပဲ ဖြစ်ပါတယ်။
အဲဒီတော့ သူအခုလုပ်ခဲ့တဲ့ လုပ်ရပ်တွေအားလုံးရဲ့ အကြောင်းတရားကို ရှာဖွေရင် ကြောက်လို့ပဲ ဖြစ်ပါတယ်။
အကြောက်တရားအပြင်၊ သူ့ရဲ့ နိုင်ငံရေးအာဏာ ငမ်းငမ်းတက်နေတာ၊ သူ့မိသားစု အကျိုးစီးပွား စည်းစိမ်တွေကို ကာကွယ်လိုမှုတွေကလည်း တခြားသော တွန်းအားတွေ ဖြစ်နေပြန်တယ်။
ပြောရမယ်ဆိုရင် မင်းအောင်လှိုင် အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အဲဒီလောက် အကြောက် ကြီးရလောက်အောင် ခိုင်လုံတဲ့ အချက်တွေကလည်း ရှိပါတယ်။
ပြည်သူ့တခဲနက် ထောက်ခံမှု
အာဏာရှင် အုပ်စိုးတဲ့ မြန်မာပြည်မှာ ဒီမိုကရေစီထူထောင်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံ ကာလကတည်းက နိုင်ငံရေးလောကကို ဝင်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အခုထိ တတိုင်းပြည်လုံး နီးပါးက ထောက်ခံတာမျိုး ဘယ်နိုင်ငံရေးသမားမှ မကြုံဖူးပါဘူး။ ခေတ်သစ် မြန်မာ့သမိုင်းမှာ လူထုထောက်ခံမှုအရ သူ့ကို ယှဉ်နိုင်တာဆိုလို့ သူ့အဖေ ဗိုလ်ချုပ်အောင်ဆန်းပဲ ရှိပါတယ်။
ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်အပေါ်ထားတဲ့ လူထုထောက်ခံမှုကလည်း အပေါ်ယံ မဟုတ်ပါဘူး။ ဒီမိုကရေစီ လှုပ်ရှားမှုအတွက် နှစ်ပေါင်းများစွာ သူ့ရဲ့ခေါင်းဆောင်မှု၊ ပြတ်သားမှုနဲ့ စွန့်လွှတ်အနစ်နာခံမှု တွေကြောင့် ရရှိထားတဲ့ လူထုထောက်ခံမှု ဖြစ်ပါတယ်။ ပြည်သူတွေကလည်း နိုင်ငံနဲ့ သူတို့အတွက် ပေးဆပ်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုပ်ရပ်တွေကို ဘယ်တော့မှ မေ့လိမ့်မယ် မဟုတ်ပါဘူး။
ယခင်စစ်အစိုးရ လက်ထက်တုန်းက ၁၅ နှစ်ကြာ အဖမ်းခံရတာကလည်း သူ့ပေးဆပ်မှုတွေရဲ့ အစသာ ဖြစ်ပါတယ်။ အခုသူဟာ ထပ်မံထိန်းသိမ်းခံထားရပြန်ပါပြီ။ သူ ဘယ်နေရာရောက်နေတယ် ဆိုတာကို သူကိုယ်တိုင် သေချာမသိသလို၊ ပြည်သူတွေကလည်း သူတို့ ခေါင်းဆောင်ကို ဘယ်နေရာမှာ ဖမ်းဆီး ချုပ်နှောင်ထားတယ် ဆိုတာ မသိကြရပါဘူး။
ဘယ်လိုပဲ စစ်အာဏာရှင်အဆက်ဆက်က သူ့ကိုဒုက္ခပေးပါစေ သူ့ရဲ့ ကြံ့ကြံ့ခံ ရပ်တည်ဦးဆောင်မှုတွေနဲ့ စိတ်စေတနာမှန်တွေကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူက သူတို့ရဲ့ ခေါင်းဆောင်စစ်စစ်အဖြစ် သတ်မှတ်ထားတာ ဖြစ်ပါတယ်။
ဘယ်လိုပဲ စစ်အာဏာရှင်အဆက်ဆက်က သူ့ကိုဒုက္ခပေးပါစေ သူ့ရဲ့ ကြံ့ကြံ့ခံ ရပ်တည်ဦးဆောင်မှုတွေနဲ့ စိတ်စေတနာမှန်တွေကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူက သူတို့ရဲ့ ခေါင်းဆောင်စစ်စစ်အဖြစ် သတ်မှတ်ထားတာ ဖြစ်ပါတယ်။
အခု အာဏာသိမ်းပြီးတဲ့နောက် ဒေါ်အောင်ဆန်းစုကြည်အပေါ် ပြည်သူ့ ထောက်ခံမှုက အရင်ကထက် ပိုနိုင်ပါသေးတယ်။ “အမေစု ကျန်းမာပါစေ” ဆိုတဲ့ ကြွေးကြော်သံဟာ စစ်အာဏာသိမ်းမှုကို တခဲနက် ဆန့်ကျင်သူတွေအကြား ရေပမ်းစားတဲ့ ကြွေးကြော်သံ ဖြစ်ပါတယ်။ အဲဒါကို ကြွေးကြော်ခဲ့တဲ့ သူတွေကပဲ ပြီးခဲ့တဲ့နှစ် ဇူလိုင်လ၊ မင်းအောင်လှိုင် မွေးနေ့ရောက်တော့ “မင်းအောင်လှိုင် အသေဆိုးနဲ့ သေပါစေ” ဆိုပြီးကို ကျိန်စာ တိုက်ခဲ့ကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အပေါ် ဒီလိုကြီးမားတဲ့ ပြည်သူ့ထောက်ခံမှုတွေဟာ မင်းအောင်လှိုင်အတွက်တော့ ကြောက်စရာ အကြောင်းရင်းတွေထဲက တခုပါပဲ။
ပြည်သူအပ်နှင်းတဲ့ အာဏာ
ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) တို့ဟာ အဲဒီ ကြီးမားလှတဲ့ လူထုထောက်ခံမှုကို ရွေးကောက်ပွဲတွေကနေ တဆင့် ပြည်သူအပ်နှင်းတဲ့အာဏာ (Mandate) အဖြစ် တောက်လျှောက် ပြောင်းလဲနိုင်ခဲ့ပါတယ်။
၁၉၉၀၊ ၂၀၁၅ နဲ့ ၂၀၂၂ ခုနှစ် အထွေထွေရွေးကောက်ပွဲတွေနဲ့ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲတွေမှာ လူထုထောက်ခံမှုအရှိဆုံး NLD ဟာ အပြတ်အသတ် အနိုင်ရခဲ့ပါတယ်။ ရွေးကောက်ပွဲတိုင်းမှာ အနိုင်ရခဲ့တဲ့ မဲ အရေအတွက်ကလည်း အမြဲတမ်း ၈၀ ရာခိုင်နှုန်းကျော်ခဲ့ပါတယ်။ အဲဒီ အချက်အရ ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးသြဇာနဲ့ ပြည်သူ့ထောက်ခံမှုဟာ မြန်မာနိုင်ငံ ပြင်ပမှာတောင် ပြိုင်ဘက်ကင်းပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ အာဆီယံနိုင်ငံတွေထဲမှာ နှစ်ပေါင်း ၃၀ အတွင်း ရွေးကောက်ပွဲကို အကြိမ်ကြိမ်နိုင်တဲ့ တဦးတည်းသော ခေါင်းဆောင်လို့တောင် ဆိုနိုင်ပါတယ်။ ၁၉၉၀ နဲ့ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ ရလဒ်တွေကို အရင်စစ်အုပ်စုနဲ့ မင်းအောင်လှိုင်တို့က လျစ်လျူရှုခဲ့ကြပေမယ့် အဲဒီရွေးကောက်ပွဲ ရလဒ်တွေဟာ ဘယ်သူမှ ငြင်းဆန်မရနိုင်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေး သြဇာအာဏာပဲ ဖြစ်ပါတယ်။
မင်းအောင်လှိုင်က တရားမဝင် အာဏာသိမ်းပြီး ပြည်သူက အပ်နှင်းထားတဲ့အာဏာကို ပယ်ဖျက်ဖို့ အစွမ်းကုန် ကြိုးစားခဲ့ပေမယ့်လည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ သြဇာအာဏာကတော့ လျော့ပါးသွားမယ့် အလားအလာတောင် မရှိပါဘူး။
မင်းအောင်လှိုင်က တရားမဝင် အာဏာသိမ်းပြီး ပြည်သူက အပ်နှင်းထားတဲ့အာဏာကို ပယ်ဖျက်ဖို့ အစွမ်းကုန် ကြိုးစားခဲ့ပေမယ့်လည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ သြဇာအာဏာကတော့ လျော့ပါးသွားမယ့် အလားအလာတောင် မရှိပါဘူး။ ဒါကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ကောင်းကောင်းသိတယ်။ ဒါကပဲ သူ့ကို ခြောက်လှန့်နေပါတယ်။
မင်းအောင်လှိုင်ရဲ့ မုသားများ
အထူးသံတမန်တဦးဦးကို ဒေါ်အောင်ဆန်းစုကြည်နဲ့ ပေးတွေ့လိုက်မယ်ဆိုရင် အာဏာသိမ်းတုန်းက မင်းအောင်လှိုင် ဘယ်လို တရားမဝင်ပြစ်မှုကျူးလွန်ခဲ့တယ်၊ ဖမ်းဆီးမှုတွေ လုပ်ခဲ့တယ်ဆိုတာ ဒေါ်အောင်ဆန်းစုကြည်က ဖော်ထုတ်နိုင်မှာ ဖြစ်တဲ့အတွက် တကမ္ဘာလုံး သိသွားကြမှာဖြစ်ပါတယ်။ တနည်းအားဖြင့် အာဏာသိမ်းခံရတုန်းက သူကြုံတွေ့တာတွေကို ဖွင့်ချလိုက်မယ်ဆိုရင် မင်းအောင်လှိုင်ရဲ့ လိမ်ညာမှုတွေကို တကမ္ဘာလုံး သိသွားတော့မှာဖြစ်ပါတယ်။
သမ္မတ ဦးဝင်းမြင့်က သူ့ကို မင်းအောင်လှိုင်ရဲ့ လက်ပါးစေ စစ်ဗိုလ်ချုပ် ၂ ယောက်က ရာထူးက နုတ်ထွက်ပြီး အာဏာလွှဲပေးဖို့ ဖိအားပေးခဲ့တယ်၊ သူ့အနေနဲ့ အသေပဲခံလိုက်မယ် နုတ်ထွက်မပေးနိုင်ဘူးလို့ ငြင်းဆန်ခဲ့တယ်ဆိုတာတွေကို တရားရုံးမှာ ပြီးခဲ့နှစ်က ထွက်ဆိုလိုက်လို့ စစ်ကောင်စီ အကြီးအကျယ် အရှက်ကွဲခဲ့ရပါတယ်။ အဲဒီအကြောင်း သတင်းတွေမှာ ပါလာတော့ တရားခွင်က ထွက်ဆိုချက်တွေကို အများပြည်သူရှေ့ မရောက်အောင် စစ်အုပ်စုက ရှေ့နေတွေကို မီဒီယာ၊ နိုင်ငံခြားအဖွဲ့အစည်းတွေနဲ့ စကားမပြောရဘူးဆိုပြီး အမိန့်ထုတ် ပိတ်ပင်ခဲ့ပါတယ်။
အဲဒီလို အကြောက်ကြီး ကြောက်နေတဲ့ စစ်ကောင်စီအဖို့ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာ အထူးသံတမန်တဦးဦးနဲ့ ပေးတွေ့ဖို့ဆိုတာ စိတ်တောင်မကူးရဲတဲ့ ကိစ္စမျိုး ဖြစ်တယ်။ ပေးတွေ့လိုက်ရင်လည်း မင်းအောင်လှိုင်နဲ့ စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့အဖွဲ့ဝင်တွေအပေါ်ကျူးလွန်ထားတဲ့ မတရားမှုတွေ၊ အခြေအမြစ်မရှိတဲ့ အလိမ်အညာတွေနဲ့ ပတ်သက်ပြီး မြန်မာရော၊ ကမ္ဘာကပါ သိကုန်မှာ ဖြစ်တယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် အာဏာသိမ်းပြီးနောက် ဖြစ်ခဲ့တာတွေ၊ သူ့ကို ထိန်းသိမ်းဖို့ ဘယ်နေရာမှန်း မသိတဲ့ နေရာကို ခေါ်သွားတာတွေ စတဲ့ အပြင်လူတွေ မသိသေးတဲ့ အကြောင်းတွေကို ဒေါ်အောင်ဆန်းစုကြည်က ဇာတ်ရည်လည်အောင် ပြောပြနိုင်မှာ ဖြစ်ပါတယ်။ မင်းအောင်လှိုင် အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အဲဒီ ဖြစ်ရပ်တွေ ဖော်ထုတ်ခွင့် ပေးရဲလောက်တဲ့ သတ္တိမရှိဘူးဆိုတာ သေချာပါတယ်။
ဓားသွားထက် ထက်တဲ့ စကားများ
အထူးကိုယ်စားလှယ်နဲ့ တွေ့ရမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ဟာ ရွေးကောက်ခံ ခေါင်းဆောင်အနေနဲ့ သူ့ပြည်သူတွေကို သာမက၊ တကမ္ဘာလုံးအတွက်ပါ သတင်းစကားတွေ ပါးနိုင်မှာ ဖြစ်ပါတယ်။ သူ ဘာပြောတယ်ဆိုတာ လူတိုင်းက သိချင်ပြီး သိဖို့လည်း လိုအပ်ပါတယ်။ သူရဲ့ နိုင်ငံရေး ဂုဏ်သိက္ခာနဲ့ သြဇာအရ ကမ္ဘာ့ခေါင်းဆောင်တွေကနေ မြန်မာပြည်သူတွေအထိ အားလုံးက သူပြောတာကို အလေးထားကြမှာ ဖြစ်ပါတယ်။
မင်းအောင်လှိုင်ကလည်း အဲဒါကိုသိသလို၊ ကျန်တဲ့ ဗိုလ်ချုပ်တွေ ကိုယ်တိုင်လည်း အဲဒါကို သိပါတယ်။ ဒါကြောင့် မင်းအောင်လှိုင်အနေနဲ့ အထူးသံတမန်တဦးဦးကို ဒေါ်အောင်ဆန်းစုကြည်နဲ့ ခဏလေးတောင် ပေးမတွေ့နိုင်တာဖြစ်ပါတယ်။
အဲဒီလို ပေးတွေ့ခဲ့ရင်လည်း သူ့ရဲ့နိုင်ငံရေးလောဘနဲ့ သူ့မိသားစု အကျိုးစီးပွားတွေကို သူ့ဖာသာ ဖျက်စီးတာပဲ ဖြစ်ပါလိမ့်မယ်။
ဒီတော့ အပေါ်မှာ ပြောခဲ့သလိုပါပဲ၊ မင်းအောင်လှိုင် အခုလုပ်နေတာတွေက ကြောက်လို့ လုပ်နေတာတွေသာ ဖြစ်ပါတယ်။
တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်ကို ကြောက်တာ မင်းအောင်လှိုင် တယောက်တည်း မဟုတ်ပါဘူး။ သူ့ဆရာ အာဏာရှင်ဟောင်း ဦးသန်းရွှေ၊ သမ္မတဟောင်း ဦးသိန်းစိန် အပါအဝင် သူ့ရှေ့က ဗိုလ်ချုပ်တွေ အကုန်လုံးက ကြောက်ကြတယ်။ သူတို့ခမျာ နိုင်ငံရေး အရပဲဖြစ်ဖြစ်၊ ပုဂ္ဂိုလ်ရေး အရပဲဖြစ်ဖြစ် ဒေါ်အောင်ဆန်း စုကြည်နဲ့ ယှဉ်လို့မှ မရတာကိုး။
တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်ကို ကြောက်တာ မင်းအောင်လှိုင် တယောက်တည်း မဟုတ်ပါဘူး။ သူ့ဆရာ အာဏာရှင်ဟောင်း ဦးသန်းရွှေ၊ သမ္မတဟောင်း ဦးသိန်းစိန် အပါအဝင် သူ့ရှေ့က ဗိုလ်ချုပ်တွေ အကုန်လုံးက ကြောက်ကြတယ်။ သူတို့ခမျာ နိုင်ငံရေး အရပဲဖြစ်ဖြစ်၊ ပုဂ္ဂိုလ်ရေး အရပဲဖြစ်ဖြစ် ဒေါ်အောင်ဆန်း စုကြည်နဲ့ ယှဉ်လို့မှ မရတာကိုး။ စစ်ခေါင်းဆောင်တွေ၊ ဗိုလ်ချုပ်တွေ အကုန်နီးပါးဟာ ဒေါ်အောင်ဆန်းစုကြည်မှာ ရှိတဲ့ ပြည်သူ့ ထောက်ခံမှု၊ ပုဂ္ဂိုလ်ရေးထက်မြက်မှု၊ ပညာအရည်အချင်း၊ နိုင်ငံရေး အတွေးအခေါ်တွေ မရှိတာကြောင့် သိမ်ငယ်စိတ်တွေရှိနေကြပြီး ဒေါ်အောင်ဆန်းစုကြည်အပေါ် အာဃာတတွေ၊ မနာလိုစိတ်တွေ ရှိနေကြတာ သေချာပါတယ်။
ဗိုလ်ချုပ်တွေအဖို့ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးချုပ်နှောင်ထားမှသာ သူတို့ လုပ်ချင်တာကို လုပ်ရဲကြပါတယ်။ ၂၀၁၀ တုန်းက ရွေးကောက်ပွဲကိုလည်း ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းထားပြီးမှသာ လုပ်ရဲကြတာ ဖြစ်တယ်။ ခေတ်အဆက်ဆက် စစ်ခေါင်းဆောင်တွေက အဲဒီလိုမျိုး သတ္တိကောင်းတာပါ။
၂၀၁၀ ပြည့်နှစ်မတိုင်ခင်တုန်းကလည်း အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ အဲဒီတုန်းက ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်တို့ဟာ နိုင်ငံတကာ အထူးကိုယ်စားလှယ်တွေကို အကျယ်ချုပ်ကျနေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ပေးဖို့ အကြိမ်များစွာ ငြင်းခဲ့ပါတယ်။
အခုလည်း အလားတူပါပဲ၊ မင်းအောင်လှိုင်က သူ့ရှေ့က ဗိုလ်ချုပ်တွေရဲ့လမ်းကို လိုက်ခဲ့ပြန်ပါတယ်။ အံ့သြစရာတော့ မဟုတ်ပါဘူး။ နိုင်ထက်စီးနင်းပြုတတ်တဲ့ လက်နက်ကိုင် စစ်ဗိုလ်ချုပ်တွေဟာ အသက် ၇၀ ကျော် အမျိုးသမီးကြီးကို လူမသိတဲ့နေရာမှာ အကျဉ်းချထားပြီးမှသာ သူတို့လုပ်ချင်တာ လုပ်ရဲတဲ့ “သတ္တိ” ရှိကြပါတယ်။
တကယ်တော့ အဲဒါက သူရဲဘောကြောင်တာပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်အနေနဲ့ “ကျနော် မလုပ်ရဲတာ ဘာမှမရှိဘူး” ဆိုတဲ့ သူ့ စကားကို အမှတ်ရသင့်ပါတယ်။ တကယ်တော့ သူမလုပ်ရဲတာတွေ ရှိပါတယ်။ အဲဒီအထဲက တခုကတော့ ဒေါ်အောင်ဆန်းစုကြည်ကို သံတမန် တဦးဦးနဲ့တောင် ပေးမတွေ့ရဲတာပါပဲ။
You may also like these stories:
အမေရိကန်-ASEAN ထိပ်သီးဆွေးနွေးပွဲမှ မျှော်လင့်နိုင်သည်များ
ငြိမ်းချမ်းရေးစကားပြောရန် တိုင်းရင်းသားခေါင်းဆောင်များအား ဝဏ္ဏကျော်ထင်ပေးခဲ့
စစ်ကောင်စီနှင့် သံတမန်ဆက်ဆံရေး အဆင့်လျှော့ချနေကြ
စစ်ကောင်စီမှတဆင့် အကူအညီပေးမည့် အာဆီယံအစီအစဉ် ပြည်တွင်းပြည်ပအဖွဲ့များ ကန့်ကွက်