• English
Monday, July 14, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

ပွဲလန့်တုန်းဖျာခင်းမယ့် ကြံ့ခိုင်ရေးပါတီ

by အဂ္ဂအောင်
16 May 2022
in သူ့အတွေး သူ့အမြင်
A A
၂၀၂၀ ရွေးကောက်ပွဲ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်တဦး မဲဆွယ်နေစဉ် / ဧရာဝတီ

၂၀၂၀ ရွေးကောက်ပွဲ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်တဦး မဲဆွယ်နေစဉ် / ဧရာဝတီ

15.5k
VIEWS
Share on FacebookShare on Twitter

နေပြည်တော်က ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရုံးချုပ်မှာ မေလ ၉ ရက် နဲ့ ၁၀ ရက်က ပါတီဗဟိုအလုပ်အမှုဆောင် အစည်းအဝေး လုပ်ခဲ့ပါတယ်။

လာမယ့် ဇွန်လမှာ ပါတီဗဟိုကော်မတီအစည်းအဝေး ကျင်းပမှာဖြစ်ပြီး အဲ့ဒီအတွက်ပြင်ဆင်မှုအဖြစ် ဒီအစည်းအဝေးကို လုပ်ခဲ့တာဖြစ်ကြောင်းနဲ့ ပါတီထိပ်ပိုင်းခေါင်းဆောင်တွေကို ပြန်လည်ရွေးချယ်မှာဖြစ်ကြောင်း ပါတီရဲ့ပြောခွင့်ရသူ ဦးနန္ဒာလှမြင့်က ဘီဘီစီသတင်းဌာနကို သီးသန့်ဖြေကြားခဲ့ပါတယ်။

RelatedPosts

အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

14 July 2025
1.1k
အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

12 July 2025
2.9k
နွေဦးတော်လှန်ရေးကို ပြန်လည်သုံးသပ်ခြင်း

နွေဦးတော်လှန်ရေးကို ပြန်လည်သုံးသပ်ခြင်း

11 July 2025
2.2k

ဒါကိုကြည့်ရင် NLD မပါဖို့ သေချာသလောက်ရှိနေတဲ့ ဒီရွေးကောက်ပွဲပြီးရင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သမ္မတ လုပ်ခဲ့ရင်တောင် ကျန်တဲ့ရာထူးတွေဖြစ်တဲ့ ဒုသမ္မတ၊ လွှတ်တော် ဥက္ကဋ္ဌနဲ့ ပြည်ထောင်စုအဆင့်ရာထူးတွေအတွက် ကြံ့ခိုင်ရေးခေါင်းဆောင်တွေ စိတ်ကူးယဉ်နေကြတာ တွေ့နိုင်ပါတယ်။

အောက်ခြေပါတီဝင်တွေ သေဆုံးထွက်ပြေးနေကြပေမယ့်လို့ ကြံ့ခိုင်ရေးပါတီခေါင်းဆောင်တွေကတော့ စစ်တပ်ကကျင်းပမယ့် ဟန်ပြရွေးကောက်ပွဲ ဖြစ်လာဖို့ ကြိတ်ဆုတောင်းနေကြပါပြီ။

အလောင်းတွေပေါ်က လူရွေးပွဲ

စစ်တပ်ရဲ့ကျောထောက်နောက်ခံပါတီ ကြံ့ခိုင်ရေးအနေနဲ့ အာဏာသိမ်းတာကို ပေါ်ပေါ်တင်တင်‌ထောက်ခံခဲ့ပြီး တနှစ်ကျော်အတွင်း ပါတီဝင်နဲ့ထောက်ခံသူ ၁၅၀၀ ကျော်သေဆုံးခဲ့ပါပြီ။
တနည်းပြောရရင် အာဏာသိမ်းပြီးကတည်းက တရက်ကို ကြံ့ခိုင်ရေး ၃ ယောက်ကနေ ၄ ယောက်အထိ အသတ်ခံခဲ့ရတာလည်း ဖြစ်ပါတယ်။

တိုင်းနဲ့ပြည်နယ်အနှံ့က ကြံ့ခိုင်ရေးတွေဟာ နေပြည်တော်က ပါတီရုံးချုပ်ကို လာရောက်ခိုလှုံနေကြပြီး စစ်တပ်ကလည်း လုံခြုံရေးပေးထားပါတယ်။

ကြံ့ခိုင်ရေးပါတီဟာ သူတို့ရုံးချုပ်မှာ သေဆုံးသွားသူတွေအတွက် အောက်မေ့ဖွယ်ကျောက်တိုင်ကိုပါ သကြင်္န်မတိုင်ခင်က စိုက်ထူခဲ့ပါတယ်။

ဒီ ကျောက်တိုင်နဲ့ မလှမ်းမကမ်းက ပါတီဌာနချုပ်ထဲမှာ ဇွန်လထဲ ပါတီကို နောက် ၅ နှစ် တာဝန်ယူကြမယ့် ခေါင်းဆောင်တွေကို ရွေးချယ်ပွဲရှိနေပါတယ်။

ပါတီဥက္ကဋ္ဌအပါအဝင် လက်ရှိထိပ်ပိုင်းခေါင်းဆောင်တွေ အပြောင်းအလဲဖြစ်မဖြစ် စောင့်ကြည့်ရမှာပါ။

ဦးသန်းရွှေလူ

လက်ရှိ ပါတီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ဟောင်း ဦးသန်းဌေးဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးရှုံးပြီးတဲ့နောက် အံ့အားသင့်ဖွယ် ဥက္ကဋ္ဌ ဖြစ်လာသူပါ။

သူ့ဘဝမှာ များများစားစား စွမ်းဆောင်ပြနိုင်တာ ဘာမှမရှိခဲ့ဘဲ ၂၀၁၅ ရွေးကောက်ပွဲမှာလည်း သူ့မွေးရပ် ဧရာဝတီတိုင်းထဲက မြန်အောင်မှာ အမတ်ဝင်ပြိုင်တာရှုံးခဲ့တဲ့ကြားက စီနီယာ ဗိုလ်ချုပ်ကြီးတွေကိုကျော်ပြီး ဥက္ကဋ္ဌ ဖြစ်လာတာပါ။

သူ့ရဲ့ ထူးထူးခြားခြားစွမ်းဆောင်မှုတခုကတော့ ဦးနေဝင်းမြေးတွေရဲ့ အာဏာသိမ်းဖို့ကြံစည်မှုမှာ ဖော်ကောင်လုပ်ခဲ့တာပါ။ ဒါကြောင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ အသိအမှတ်ပြုမှုကို ခံခဲ့ရပါတယ်။

သူ မိုးပေါ်ကကျလာသလို ဥက္ကဋ္ဌ ဖြစ်လာတဲ့ နောက်ကွယ်မှာ ဦးသန်း‌ရွှေရှိနေတယ်ဆိုတာ ပါတီခေါင်းဆောင်ပိုင်းတွေ အားလုံးသိတဲ့ လျှို့ဝှက်ချက်ဖြစ်ပါတယ်။

စစ်တပ်ထဲက ရာထူးအရရော၊ အရည်အချင်းပိုင်းပါ လောက်လောက်လားလားမရှိတဲ့ကြားက ပါတီခေါင်းဆောင်အဖြစ် မြဲနေတာက ဦးသန်းရွှေလူဖြစ်လို့ဆိုတဲ့အချက်ကို ပိုခိုင်မာစေပါတယ်။

မေလ ၁၁ ရက်ကထုတ်လွှင့်ခဲ့တဲ့ ဘီဘီစီသတင်းဌာနနဲ့ သီးသန့်အင်တာဗျူးမှာ အာဏာသိမ်းပြီးတဲ့နောက် ဦးသန်းရွှေနဲ့ရော ဦးသိန်းစိန် နဲ့ပါ သွားတွေ့ခဲ့တယ်လို့ ဦးသန်းဌေးက ဝန်ခံထားပါတယ်။

သူက ဦးသိန်းစိန်လို ရေကန်အသင့်ကြာအသင့် မဟုတ်ခဲ့ဘဲ ကြံ့ခိုင်ရေးပါတီရဲ့ အခက်ခဲဆုံးအချိန်မှာ တာဝန်ယူခဲ့ရတဲ့ ဥက္ကဋ္ဌ ဆိုတာကတော့ ငြင်းစရာမရှိပါဘူး။

သူ့အနေနဲ့ အခက်အခဲတွေခေါင်းခံခဲ့ပြီးခါမှ ပါတီဥက္ကဋ္ဌကနေ ထွက်ချင်မှာမဟုတ်ပါဘူး။

ဒါပေမယ့် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း ခပ်ခွာခွာနေလို့ ဦးသန်းဌေးရဲ့ အနာဂတ်က မရေရာလှပါဘူး။

ပွဲလန့်တုန်းဖျာခင်း

အာဏာသိမ်းထားတဲ့ကာလအတွင်းမှာကို ပါတီဟာ မြို့နယ်အဆင့်ကနေ တိုင်းနဲ့ပြည်နယ် ဥက္ကဋ္ဌတွေအထိ ပြန်လည်ရွေးချယ်ဖွဲ့စည်းခဲ့ပြီးတဲ့အကြောင်း ပါတီရဲ့ လူမှုကွန်ရက် စာမျက်နှာက ထုတ်ပြန်မှုတွေအရ သိရပါတယ်။

ကြံ့ခိုင်ရေးပါတီရဲ့ထိပ်ပိုင်းမှာ ဗဟိုကော်မတီဝင်က ၂၇၅ ယောက်ရှိပြီး အရန် ဗဟိုကော်မတီဝင်က ၇၅ ယောက်ရှိမို့ စုစုပေါင်း ၃၅၀ အထိ ရှိပြီး အတော်များတဲ့အရေအတွက်ဖြစ်ပါတယ်။ ထိပ်ပိုင်းနေရာတွေကိုတော့ စစ်တပ်က လူဟောင်းတွေနဲ့ ဝန်ကြီးဟောင်းတွေက နေရာယူထားပါတယ်။

ဒီလူတသိုက်ကပဲ ပါတီခေါင်းဆောင်ပိုင်းတွေ ဖြစ်လာမှာဖြစ်ပြီး ပါတီစည်းမျဉ်းအရ မဲပေးရွေးချယ်ကြမှာပါ။

အာဏာသိမ်းပြီးတဲ့နောက် ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက ဒီလူဟောင်းတွေကို ပါတီမှာ ‘’ဆက်နေမလား။ ထွက်မလား’’ ဆိုတဲ့ သဘောထားကို ပါတီမှာ အစည်းအဝေးခေါ်မမေးဘဲ အိမ်တွေဆီ စာပို့ခဲ့ပါတယ်။

ခြံဝက စာတိုက်ပုံးထဲကနေ အဲ့ဒီစာကိုရလို့ စစ်ဗိုလ်ချုပ်ဟောင်းတချို့က သူတို့ကို မလေးမစားလုပ်တယ်ဆိုပြီး ဒေါသူပုန်ထခဲ့ကြပါတယ်။

ရှေ့လထဲမှာလုပ်မယ့် ပါတီခေါင်းဆောင်ရွေးချယ်ပွဲဟာ ၂၀၂၃ အလွန် အာဏာခွဲဝေပွဲနဲ့ တိုက်ရိုက်အချိုးကျတာမို့ ပွဲလန့်တုန်းဖျာခင်းချင်သူတွေအတွက် အရေးကြီးတဲ့ပွဲလည်းဖြစ်ပါတယ်။

ဒါပေမယ့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ အဆင်ပြေမယ့် ကြံ့ခိုင်ရေးခေါင်းဆောင်တွေပဲ နေရာရဖို့ များပါတယ်။

စစ်ကောင်စီက NLD ပါတီကို မဖျက်သိမ်းဘဲ ကြိုးရှည်ရှည်နဲ့လှန်ထားတာက အာဏာငန်းဖမ်းနေတဲ့ ကြံ့ခိုင်ရေးခေါင်းဆောင်ပိုင်းကို စိတ်မသက်မသာဖြစ်စေတာပါ။

အကြောင်းက NLD နဲ့ပြိုင်တဲ့ ရွေးကောက်ပွဲတိုင်း သူတို့ရှုံးခဲ့လို့ဖြစ်ပါတယ်။

တိုက်ကြက်နဲ့ မွေးမြူရေးကြက်

အာဏာရှင်ဟောင်းဦးသန်းရွှေဟာ ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ်က လွှတ်မပေးခြင်းအားဖြင့် ၂၀၁၀ အထွေထွေရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးကို အစိုးရဖွဲ့စေနိုင်ခဲ့ပါတယ်။

NLD မပါခဲ့တာတောင်မှ ရွေးကောက်ပွဲကော်မရှင်က မဲလိမ်မဲခိုးလုပ်ပေးခဲ့လို့ ကြံ့ခိုင်ရေးအများစု လွှတ်တော်ထဲရောက်လာတာလို့ နိုင်ငံရေးအကဲခတ်တွေနဲ့ ပြည်သူအများစုက ယုံကြည်ကြပါတယ်။

၂၀၂၃ ရွေးကောက်ပွဲကို ကျင်းပပေးမယ့် ကော်မရှင်ဥက္ကဋ္ဌကလည်း ၂၀၁၀ ရွေးကောက်ပွဲကျင်းပပေးခဲ့တဲ့ စစ်ဗိုလ်ချုပ်ဟောင်း ဦးသိန်းစိုးပါ။

ကြံ့ခိုင်ရေးပါတီဟာ NLD ကို ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကစလို့ ၂၀၁၅ ရွေးကောက်ပွဲအလယ် ၂၀၂၀ ရွေးကောက်ပွဲအဆုံး ခွက်ခွက်လန်အောင် ရှုံးပါတယ်။

ကွယ်လွန်သွားတဲ့ NLD အမတ်လောင်းကိုပါ မဲရှုံးခဲ့လို့ ကြံ့ခိုင်ရေးက ရှုံးချက်နာပါတယ်။

လွှတ်တော်ထဲမှာ အဆင်သင့်စောင့်နေတဲ့ တပ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းနဲ့ပေါင်းပြီး အစိုးရဖွဲ့ဖို့ ၂၆ ရာခိုင်နှုန်း တောင် အနိုင်ရအောင် မစွမ်းဆောင်နိုင်ပါဘူး။

ဒါကြောင့် တပ်မတော်က တာဝန်ထမ်းဆောင်ဆဲ အရာရှိကြီးတချို့ကလည်း ကြံ့ခိုင်ရေးကို စိတ်ပျက်ကြပါတယ်။

စစ်ဗိုလ်ချုပ်ဟောင်းတဦးကဆို NLD က တိုက်ကြက်ဖြစ်ပြီး ကြံ့ခိုင်ရေးက အသားတိုးကြက်(မွေးမြူရေးကြက်) လို့ စိတ်ပျက်လက်ပျက် ပြောဖူးပါတယ်။

‘’NLD က မေမေ့သားတွေက အသေအကြေလုပ်တာဗျ။ ဒီကကောင်တွေကတေ့ာ မွေးမြူရေးကြက်တွေလိုပဲ အစာတဝစားပြီး မှိန်းနေတဲ့ကောင်တွေ’’ လို့ပြောပါတယ်။

PR စနစ်ပြောင်းလိုက်တာတောင် NLD ဝင်ပြိုင်ခွင့်ရရင် ကြံ့ခိုင်ရေးက ရှုံးဦးမှာလို့ သူကဆက်ပြောပါတယ်။

‘’သူတို့သာ အသုံးကျရင် တပ်က နာမည်ပျက်ခံပြီး အာဏာသိမ်းစရာတောင်မလိုဘူး’’ လို့ သူက ဒေါသတကြီး ပြောပါတယ်။

You may also like these stories:

ဒေါ်စုကို မင်းအောင်လှိုင် ဘာကြောင့်ကြောက်သလဲ

ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်အုပ်စု၏ အငြိုး

အကျင့်ပျက် စစ်ဗိုလ်ချုပ်တွေက ဒေါ်အောင်ဆန်းစုကြည်ကို လာဘ်စားသတဲ့လား

ငြိမ်းချမ်းရေးစကားပြောရန် တိုင်းရင်းသားခေါင်းဆောင်များအား ဝဏ္ဏကျော်ထင်ပေးခဲ့

ငြိမ်းချမ်းရေး ဆွေးနွေးပွဲလော၊ နိုင်ငံရေး ကစားပွဲလော

Your Thoughts …
Tags: USDPကြံ့ခိုင်ရေးပါတီပွဲလန့်တုန်းဖျာခင်းဟန်ပြရွေးကောက်ပွဲဦးနန္ဒာလှမြင့်ဦးသန်းဌေး
အဂ္ဂအောင်

အဂ္ဂအောင်

Similar Picks:

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
94.7k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
56.1k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

စစ်အရာရှိ ၆၁ ဦး အငြိမ်းစားပေးခံရ

စစ်အရာရှိ ၆၁ ဦး အငြိမ်းစားပေးခံရ

by ဧရာဝတီ
3 August 2023
27.9k

ထို့ပြင် အနားပေးခံရသည့် ၆၆ ဦးထဲတွင် NLD အစိုးရလက်ထက်၌ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူများလည်း ပါဝင်သည်

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

by ဇော်တူးဆိုင်း
3 November 2023
27k

NCA ကို ခိုင်မာစေရန် တိုင်းရင်းသားလက်နက်ကိုင် အချို့နှင့် စစ်ကောင်စီတို့ ၂၀၂၃ ခုနှစ်အတွင်း အားထုတ်မှုသည် မအောင်မြင်ဘဲ အဆုံးသတ်သွားသည်။

အတွက်မှားခဲ့ကြတဲ့ အာဏာသိမ်း စစ်ဗိုလ်ချုပ်များ

အတွက်မှားခဲ့ကြတဲ့ အာဏာသိမ်း စစ်ဗိုလ်ချုပ်များ

by ဥသြ
1 February 2025
26.6k

စစ်အာဏာသိမ်းတာကို ပါဝင်အကောင်အထည်ဖော် ဦးဆောင်ခဲ့ကြတဲ့ အရာရှိ ၂၀ လောက်မှာ ခြောက်ဦးသာ နေရာမြဲခဲ့ပါတယ်။

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

by စွယ်တော်
8 July 2024
22.6k

မင်းအောင်လှိုင်သည် ကြီးသည့်အမှုငယ်အောင် ငယ်သည့်အမှု ပပျောက်အောင်လုပ်သည့် လူကြီးမျိုး မဟုတ်ဘဲ ပြဿနာ မီးထွန်းရှာတတ်သူ ဖြစ်သည်။

Next Post
ယနေ့ နေပြည်တော်၌ ပြုလုပ်သည့် အာဏာသိမ်း စစ်ခေါင်းဆောင် ထောက်ခံပွဲ

နေပြည်တော်က စစ်ခေါင်းဆောင် ထောက်ခံပွဲ လူစုနေစဉ် ဗုံးခွဲတိုက်ခိုက်ခံရ

မန္တလေးတိုင်း ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ ဇော်မြင့်မောင် / ဧရာဝတီ

ဒေါက်တာ ဇော်မြင့်မောင် မျက်စိခွဲစိတ်မည်ဖြစ်၍ ရုံးချိန်းများ ရွှေ့ဆိုင်း

No Result
View All Result

Recommended

NUG ဘာတွေပြင်သင့်သလဲ

NUG ဘာတွေပြင်သင့်သလဲ

3 days ago
3.8k
၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

5 days ago
3.1k

Most Read

  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၄

    ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၄

    shares
    Share 0 Tweet 0
  • အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

    shares
    Share 0 Tweet 0
  • ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    shares
    Share 0 Tweet 0
  • အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate