မြန်မာပြည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် စကတည်းက မြန်မာပြည်သို့ နိုင်ငံရပ်ခြားမှ အထူးသံတမန်များ စေလွှတ်၍ စောင့်ကြည့်လေ့လာမှုများ ပြုလုပ်ကြသကဲ့သို့ အကူအညီပေးမှုများ စတင်ခဲ့သည်။
ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး၏ ကိုယ်စားလှယ်၊ တရုတ် အထူးသံတမန်၊ ဂျပန် အစိုးရကိုယ်စားလှယ် တပိုင်းဖြစ်သည့် နိပွန်ဖောင်ဒေရှင်း ဥက္ကဋ္ဌ သုံးဦးအား ၂၀၁၁ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ် ကြားကာလတွင် တွေ့ရှိရသည်။ ထို့အပြင် ဥရောပသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ကိုလည်း တွေ့ရ၏။
ထိုကိုယ်စားလှယ်များသည် မြန်မာ့အသွင်ကူးပြောင်းရေး ကာလအား လာရောက် စောင့်ကြည့်၍ တတ်နိုင်သည့် အကူအညီများ ပေးအပ်ခဲ့ကြ၏။ ထိုသံတမန်များသည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်သည့် တိုင်းရင်းသား အဖွဲ့အစည်းများနှင့် အစိုးရကြား လိုအပ်သည့် ညှိနှိုင်းမှုအချို့ ပြုလုပ်ပေးခဲ့သည်များ ရှိသော်လည်း ၎င်းတို့အား စေ့စပ်ညှိနှိုင်းသူများအဖြစ် အပြည့်အဝ သတ်မှတ်၍ မရပေ။ ၎င်းတို့၏ ဆောင်ရွက်ချက်များကို ကြည့်ပါက စေ့စပ်ညှိနှိုင်းသည်ထက် လေ့လာစောင့်ကြည့်ခြင်း၊ လိုအပ်သည့် အကူအညီပေးခြင်းတို့က ပို၍အလေးသာသည် ဆိုရမည်။
မြန်မာ့အရေးနှင့် ပတ်သက်၍ နိုင်ငံကြီးများကိုယ်တိုင် ဝင်ရောက်ပါက ထိပ်တိုက်တွေ့နိုင်သဖြင့် ဒေသတွင်း အဖွဲ့အစည်းဖြစ်သည့် အာဆီယံကို ပွဲထုတ်လာခြင်းဖြစ်သည်ဟု ဆိုရမည်။
၂၀၂၁ မြန်မာပြည်တွင် စစ်တပ်အာဏာသိမ်းမှု အပြီးတွင် မြန်မာပြည်တွင်း၌ တပြည်လုံးအနှံ့အပြားတွင် လက်နက်ကိုင်ပုန်ကန် ထကြွမှုများ ပေါ်ပေါက်လာပြီး နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး အကျပ်အတည်းများ ပေါ်ပေါက်လာခဲ့၏။ တိုင်းပြည်၏ တည်ငြိမ်မှု ပျက်ပြားသွားခဲ့၏။
ဤသို့သော အခြေအနေသည် အရှေ့တောင်အာရှ ဒေသတွင်းသို့ပါ ဂယက်ရိုက်လာသဖြင့် အာဆီယံအဖွဲ့အစည်းမှ မြန်မာပြည် အကျပ်အတည်း ဝင်ရောက်ညှိနှိုင်းပေးရန် အကြောင်းဆိုက်လာသည်ဟု ဆိုကြ၏။ နောက်ခံအကြောင်းအရာမှာ ထိုအကြောင်းအချက်အပြင် မြန်မာ့အရေးနှင့် ပတ်သက်၍ နိုင်ငံကြီးများကိုယ်တိုင် ဝင်ရောက်ပါက ထိပ်တိုက်တွေ့နိုင်သဖြင့် ဒေသတွင်း အဖွဲ့အစည်းဖြစ်သည့် အာဆီယံကို ပွဲထုတ်လာခြင်းဖြစ်သည်ဟု ဆိုရမည်။
သို့နှင့် အာဆီယံက မူ ၅ ချက်ချမှတ်ပြီး ဆောင်ရွက်ရန်ဆုံးဖြတ်ခဲ့ကြ၏။ ၂၀၂၁ ခုနှစ်၊ ဧပြီလတွင် ကျင်းပသည့် အာဆီယံ အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပြီး မြန်မာစစ်ခေါင်းဆောင်လည်း တက်ရောက်ခဲ့ကာ သဘောတူခဲ့၏။
အဆိုပါ မူ ၅ ချက်မှာ မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုများ ရပ်တန့်ရန်၊ ပြည်တွင်းရှိ သက်ဆိုင်အစုအဖွဲ့များကြား တွေ့ဆုံဆွေးနွေး အဖြေရှာရန်၊ မြန်မာနိုင်ငံကို အာဆီယံက လူသားချင်း စာနာထောက်ထားမှု အကူအညီများပေးရန်၊ မြန်မာ့အရေးကြား ဝင်ဖြေရှင်းရေးအတွက် အာဆီယံ အထူးကိုယ်စားလှည် ခန့်အပ်ရန်၊ အာဆီယံ အထူးကိုယ်စားလှယ် မြန်မာပြည်လာပြီး သက်ဆိုင်သူအားလုံးနှင့် တွေ့ဆုံရန်တို့ ဖြစ်သည်။
သို့နှင့် အာဆီယံ အထူးကိုယ်စားလှယ် ဆိုသည့် မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်တဦး ထပ်မံ ပေါ်ပေါက်လာခဲ့၏။ ထိုအထူးသံတမန်၏ တာဝန်မှာ အာဆီယံ၏ မူ ၅ ချက်ကို ကိုင်ဆွဲပြီး ကြားဝင်ဖြေရှင်းပေးရန် ဖြစ်သဖြင့် ယခင် ကိုယ်စားလှယ် သုံးဦးကဲ့သို့ လေ့လာစောင့်ကြည့် အကူအညီပေးခြင်းသက်သက် မဟုတ်တော့ပေ။
အာဆီယံအထူးကိုယ်စားလှယ်၏ တာဝန်မှာ စေ့စပ်ညှိနှိုင်းပေးသည့် တာဝန်၊ ကြားဝင်ဖြေရှင်းပေးသည့် တာဝန်ကို ထမ်းဆောင်ရန် ဖြစ်လာ၏။ သို့သော် အာဆီယံသည် ကိုယ်စားလှယ်တဦးကို သီးသန့် သတ်မှတ်ရွေးချယ်ခြင်း မပြုဘဲ နှစ်စဉ် အလှည့်ကျတာဝန်ယူသည့် အာဆီယံဥက္ကဋ္ဌက တာဝန်ယူ ခန့်ထားခြင်း ဖြစ်ခဲ့သည်။
၂၀၂၁ ခုနှစ် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်မှာ အလှည့်ကျ ဥက္ကဋ္ဌတာဝန် ယူထားသည့် ဘရူနိုင်းမှ ဖြစ်၏။ အာဆီယံမူ တချက်ဖြစ်သော သက်ဆိုင်ရာ အစုအဖွဲ့များနှင့် တွေ့ဆုံရေးအတွက် ဖမ်းဆီးခံရသူများနှင့် တွေ့ဆုံရန် စစ်ကောင်စီက သဘောမတူသဖြင့် ဘရူနိုင်း၏ အာဆီယံကိုယ်စားလှယ် မြန်မာပြည်သို့ မလာရောက်နိုင်ခဲ့ပေ။
ထို့နောက် အာဆီယံ သဘောတူညီချက်ကို ဖောက်ဖျက်၍ မြန်မာစစ်ခေါင်းဆောင်အား အာဆီယံထိပ်သီးဆွေးနွေးပွဲ တက်ရောက်ခြင်းကို ပိတ်ပင်ခဲ့သည်။ ၂၀၂၂ ခုနှစ်တွင် အာဆီယံ အလှည့်ကျဥက္ကဋ္ဌအဖြစ် ကမ္ဘောဒီယားမှ တာဝန်ယူပြီး အာဆီယံ အထူးကိုယ်စားလှယ်အား ကမ္ဘောဒီယားမှ ခန့်အပ်ခဲ့၏။
ကမ္ဘောဒီယားမှ တာဝန်ယူပြီးမကြာခင် အထူးကိုယ်စားလှယ်သာမက ဝန်ကြီးချုပ်ပါ မြန်မာနိုင်ငံသို့လာ၍ စစ်ကောင်စီ ခေါင်းဆောင်နှင့် တွေ့ဆုံခဲ့၏။ နောက်ပိုင်း ဗီဒီယိုကွန်ဖရင့်နှင့်လည်း တွေ့ဆုံမှုပြုခဲ့သည်။
အစောပိုင်း ကမ္ဘောဒီယားမှ မြန်မာသို့ အဆိုပြုချက် သုံးချက်မှာ အကျဉ်းသားများ ပြန်လွှတ်ပေးရေး၊ တွေ့ဆုံသင့်သူများနှင့် တွေ့ဆုံခွင့်ရရေးနှင့် ပြည်တွင်းပဋိပက္ခများ ဖြေရှင်းရာတွင် အင်အားအလွန်အကျွံ သုံးစွဲမှုလျှော့ချရေးတို့ ဖြစ်၏။ ဤအချိန်ထိ ကမ္ဘောဒီယား၏ ချဉ်းကပ်ပုံမှာ ပျော့ပြောင်းမှုရှိသည်ဟု ဆိုနိုင်သေးသည်။
ဖမ်းဆီးခံရသူများနှင့် တွေ့ဆုံရန် စစ်ကောင်စီက သဘောမတူသဖြင့် ဘရူနိုင်း၏ အာဆီယံကိုယ်စားလှယ် မြန်မာပြည်သို့ မလာရောက်နိုင်ခဲ့ပေ။ အာဆီယံ သဘောတူညီချက်ကို ဖောက်ဖျက်၍ မြန်မာစစ်ခေါင်းဆောင်အား အာဆီယံထိပ်သီးဆွေးနွေးပွဲ တက်ရောက်ခြင်းကို ပိတ်ပင်ခဲ့သည်။
နောက်ပိုင်း အခိုင်အမာ လုပ်ဆောင်သောအခါ မြန်မာပြည်အား အကူအညီပေးရေးနှင့် ပတ်သက်သည့် ဆွေးနွေးပွဲတွင် မြန်မာစစ်ကောင်စီက ကန့်ကွက်၍ဆိုပြီး ကုလ အထူးကိုယ်စားလှယ်ကို ချန်လှပ်ထားခဲ့၏။
ပို၍ ဆိုးဝါးသွားစေသည့်အချက်မှာ စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကမ်းလှမ်းချက်ကို တိုင်းရင်းသား အဖွဲ့အစည်း အများစုနှင့် လူထုက ငြင်းပယ်သည့်အပေါ် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်၏ မှတ်ချက်ဖြစ်၏။
စစ်ကောင်စီ၏ ကမ်းလှမ်းချက်ကို ဆန့်ကျင်သည့်လုပ်ရပ်သည် ကိုယ့်တိုင်းပြည်ကိုယ် ဖျက်ဆီးနေတာဖြစ်ပြီး အပြစ်မဲ့ပြည်သူများ သတ်ဖြတ်နေတာ ဖြစ်သည်ဟူသော မှတ်ချက်ဖြစ်သည်။
တကယ်တမ်းတွင် စစ်ကောင်စီ၏ ကမ်းလှမ်းချက်သည် ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းသည့် လုပ်ရပ်၊ လိမ်လည်လှည့်ဖျားသည့် လုပ်ရပ်ဟုလည်းကောင်း၊ ပြည်တွင်းရှိ တော်လှန်ရေး အင်အားစုများအား ခွဲခြားနှိမ်နင်းရန် ကြံရွယ်သည့် လုပ်ဆောင်ချက်ဟုလည်းကောင်း စစ်ကောင်စီနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ အကြိမ်ကြိမ် ပြုလုပ်ဖူးသည့် တိုင်းရင်းသား အဖွဲ့အစည်းများနှင့် လူထုကကောင်းစွာ သဘောပေါက်နေကြ၍ ဆန့်ကျင်ခြင်း ဖြစ်၏။
ကမ္ဘောဒီးယားအနေနှင့် နှစ်ရှည်လများ ဖြစ်ပွားနေသော မြန်မာပြည် လက်နက်ကိုင် တိုက်ပွဲဖြစ်စဉ်နှင့် ကာလရှည်ကြာစွာ၊ အကြိမ်ရေများစွာ ပြုလုပ်ခဲ့သော ငြိမ်းချမ်းရေး ဆွေးနွေးပွဲဖြစ်စဉ်ကို ကောင်းစွာ နားမလည်နိုင်သည်က သဘောပေါက်၍ရသည်။
သို့သော် မြန်မာပြည်တွင် မရေမတွက်နိုင်သည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ နှစ်ဆယ်နှင့်ချီ၍ ပြုလုပ်ခဲ့သော်လည်း မည်သည့်ရလဒ်မှ မထွက်နိုင်သည့် အခြေအနေမှန်ကို မသိဘဲ ကောက်ချက်ချခြင်းကတော့ မှားယွင်းသည်ဟု ဆိုရမည်။
မြန်မာပြည်သမိုင်းကို ဂဃဏန မသိသေးသည့်တိုင် စေ့စပ်ညှိနှိုင်းသူတဦးအဖြစ် ပါဝင်နေသော ကမ္ဘောဒီးယားသည် မြန်မာပြည် အကျပ်အတည်းတွင် ပါဝင်နေသော ဘက်အားလုံး၏ အသံကို ဦးစွာနားထောင်ပြီးမှ ကောက်ချက်ချရမည် ဖြစ်သော်လည်း စစ်ကောင်စီ တဖက်တည်း၏ အသံကိုသာ နားထောင်ပြီး ကောက်ချက်ချသည်ဖြစ်ရာ စေ့စပ်ညှိနှိုင်းသူ တဦးတယောက်ရှိရမည့် ဘက်လိုက်မှု ကင်းရမည်ဆိုသည့် အချက်မှ လွဲချော်သွား၏။
ထို့အပြင် မြန်မာပြည်သမိုင်းကို ဂဃဏန မသိသေးသည့်တိုင် စေ့စပ်ညှိနှိုင်းသူတဦးအဖြစ် ပါဝင်နေသော ကမ္ဘောဒီးယားသည် မြန်မာပြည် အကျပ်အတည်းတွင် ပါဝင်နေသော ဘက်အားလုံး၏ အသံကို ဦးစွာနားထောင်ပြီးမှ ကောက်ချက်ချရမည် ဖြစ်သော်လည်း စစ်ကောင်စီ တဖက်တည်း၏ အသံကိုသာ နားထောင်ပြီး ကောက်ချက်ချသည်ဖြစ်ရာ စေ့စပ်ညှိနှိုင်းသူ တဦးတယောက်ရှိရမည့် ဘက်လိုက်မှု ကင်းရမည်ဆိုသည့် အချက်မှ လွဲချော်သွား၏။ စေ့စပ်ညှိနှိုင်းသူ မဟုတ်တော့ဘဲ စစ်ကောင်စီ၏ ကိုယ်စားလှယ် ဖြစ်သွားသည်။
ထို့အပြင် စေ့စပ်ညှိနှိုင်းသူတယောက်သည် တဖက်နှင့်တဖက် ညှိနှိုင်းပေးရာတွင် တဖက်ဖက်က မသင့်တော်သည်ကို တွေ့ရှိပါက အကျိုးသင့်အကြောင်းသင့် ပြောဆိုရမည်ဖြစ်ပြီး တဖက်ဖက်ကို အပြစ်တင်ခြင်းပြုပါက စေ့စပ်ညှိနှိုင်းရေးတာဝန်ကို ထမ်းဆောင်နိုင်လိမ့်မည် မဟုတ်ပေ။ ဤသို့သော မှားယွင်းသည့်အမြင်၊ လုပ်ရပ်၊ အပြောအဆိုများကို ပြုပြင်ခြင်းမရှိပါက ကမ္ဘောဒီယားသည် မြန်မာအရေးတွင် စေ့စပ်ညှိနှိုင်းသူအဖြစ် အောင်မြင်အောင် တာဝန်ယူနိုင်လိမ့်မည် မဟုတ်ပေ။
သို့ရာတွင် အာဆီယံတွင် မူ ၅ ချက် ချမှတ်ထားသော်လည်း ကြည့်မြင်ပုံ မတူသည့် တိုင်းပြည်များ ရှိကြ၏။ ကမ္ဘောဒီးယားနှင့် မတူသည့် အမြင်အား အတိအလင်း ထုတ်ဖော် ပြောဆိုသည့်နိုင်ငံမှာ မလေးရှား ဖြစ်သည်။
မလေးရှားက မြန်မာနိုင်ငံအား လူသားချင်း စာနာထောက်ထားမှု ကူညီရေး အစည်းအဝေးတွင် စစ်ကောင်စီ၏ ကန့်ကွက်ချက်ကြောင့် ကုလအထူးကိုယ်စားလှယ်အား မဖိတ်ခေါ်ခြင်းသည် မှားယွင်းသည်ဟု ထုတ်ဖော်ပြောပြီး အာဆီယံ အထူးကိုယ်စားလှယ်သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် တွေ့ဆုံသင့်သည်ဟု အကြံပြုခဲ့သည်။
အာဆီယံနိုင်ငံများထဲတွင် မလေးရှား၏ သဘောထားကို ထောက်ခံသည့် နိုင်ငံများလည်း တွေ့ရ၏။ မလေးရှားသည် လက်တွေ့တွင် NUG နိုင်ငံခြားရေးဝန်ကြီးတာဝန် ယူထားသူနှင့် အမေရိကန်တွင် တရားဝင် တွေ့ဆုံခဲ့သည်။
အာဆီယံ အခြားနိုင်ငံနှစ်နိုင်ငံကမူ အမည်မဖော်ပြဘဲ အလွတ်သဘော တွေ့မည်ဟုဆို၏။ သတင်းရပ်ကွက်များ၏ အဆိုအရ အင်ဒိုနီးရှားနှင့် စင်ကာပူဖြစ်နိုင်သည်ဟု ဆိုကြသည်။ ပဋိပက္ခတွင် ပါဝင်နေသော ဘက်အားလုံးနှင့် ထိတွေ့ပြီး အသံကို နားထောင်ရန် အာဆီယံနိုင်ငံအချို့ စတင်ကြိုးစားလာသည်ဟု ဆိုရမည်။
အာဆီယံအနေနှင့် စေ့စပ်ညှိနှိုင်းမှုကို အကောင်းဆုံး ဆောင်ရွက်နိုင်ရန် အမြဲတမ်း အထူးကိုယ်စားလှယ်တယောက်ကို မူဝါဒ၊ လုပ်ပိုင်ခွင့်များ သတ်မှတ်ပေးပြီး ဆောင်ရွက်ရန် လိုနေ၏။ ဤသို့ မဟုတ်ပါက အာဆီယံ၏ စေ့စပ်ညှိနှိုင်းမှု မအောင်မြင်နိုင်ပေ။
လက်ရှိ ကမ္ဘောဒီးယား၏ သဘောထား မည်သို့ရှိစေကာမူ အာဆီယံသည် မြန်မာ့အရေးနှင့် ပတ်သက်၍ စေ့စပ်ညှိနှိုင်းသူအဖြစ် ဆက်လက်ရှိနေဦးမည် ဖြစ်၏။ သို့သော် အာဆီယံ အထူးကိုယ်စားလှယ် ခန့်အပ်မှုအရ နိုင်ငံတနိုင်ငံပြောင်းတိုင်း ကိုယ်ပုံစံနှင့်ကိုယ် သွားကြသည်ဖြစ်ရာ ၂၀၂၃ ခုနှစ် အင်ဒိုနီးရှားက အထူးကိုယ်စားလှယ် ခန့်အပ်လျှင် တမျိုးတဘာသာ တွေ့ရနိုင်သည်။
အာဆီယံအနေနှင့် စေ့စပ်ညှိနှိုင်းမှုကို အကောင်းဆုံး ဆောင်ရွက်နိုင်ရန် အမြဲတမ်း အထူးကိုယ်စားလှယ်တယောက်ကို မူဝါဒ၊ လုပ်ပိုင်ခွင့်များ သတ်မှတ်ပေးပြီး ဆောင်ရွက်ရန် လိုနေ၏။ ဤသို့ မဟုတ်ပါက အာဆီယံ၏ စေ့စပ်ညှိနှိုင်းမှု မအောင်မြင်နိုင်ပေ။
ဘရူးနိုင်၏ မူဝါဒကိုင်ဆွဲမှုသည် တင်းမာ၍ အလုပ်မဖြစ်ခဲ့ဟု ယူဆ၍ရ၏။ ကမ္ဘောဒီယား၏ ချဉ်းကပ်မှုသည် ပျော့ပြောင်းသည်ဟု ဆိုနိုင်သော်လည်း စစ်ကောင်စီ၏ အသံတသံတည်း နားထောင်ပြီး အလုပ်လုပ်နေ၍ ဘက်လိုက်မှုရှိပြီး စေ့စပ်ညှိနှိုင်းမှုကို ပြုလုပ်နိုင်မည် မဟုတ်ဟု သုံးသပ်၍ရ၏။
ဤသို့သော အခြေအနေအောက်တွင် အာဆီယံသည် မူဝါဒလည်း ခိုင်မာ၊ ပျော့ပြောင်းမှုလည်း ရှိသည့် စေ့စပ်ညှိနှိုင်းရေးမှူး၊ အာဆီယံ အထူးကိုယ်စားလှယ် တဦးကို ရွေးချယ်ခန့်ထားရန် လိုအပ်ပေလိမ့်မည်။
အာဆီယံနိုင်ငံများ ကိုင်တွယ်ပုံ မတူသည်မှာ နောက်ခံမတူ၊ ချဉ်းကပ်ပုံမတူ၍လည်း ဖြစ်၏။ အာဆီယံနိုင်ငံများထဲမှ အချို့နိုင်ငံတို့၏ အမြင်မှာ မြန်မာပြည် အမြန်ဆုံး တည်ငြိမ်ရေးဖြစ်သည်။
မြန်မာပြည်တွင် မည်သည့်အစိုးရ အုပ်ချုပ်သည်ဖြစ်စေ တည်ငြိမ်နေလျှင် ရပြီဟူသည့်အမြင်က ချဉ်းကပ်သည်။ ထို့ကြောင့် တိုင်းရင်းသား အဖွဲ့အစည်းများနှင့် အပစ်ရပ်၍ ခုခံတော်လှန်ရေး PDF များ ငြိမ်အောင် လုပ်နိုင်လျှင်လည်း သူ့အတွက် ပြဿနာ မရှိပေ။
ဤသို့ ငြိမ်သက်ပြီး ၂၀၂၃ ရွေးကောက်ပွဲမှ နိုင်ငံရေးထွက်ပေါက် ရလျှင်လည်း ရကောင်းသည်ဟု တွက်ဆပုံရ၏။ ထို့အပြင် မြန်မာပြည်ကို အခြား အဖွဲ့အစည်းများက ထိန်းနိုင်မည့် အလားအလာမရှိ၊ စစ်တပ်ကသာ ထိန်းနိုင်လိမ့်မည်ဟု ရှုမြင်ကြ၏။ လက်ရှိ ကမ္ဘောဒီယား ချဉ်းကပ်သည့်အမြင်မှာ ဤအမြင်မှ ဖြစ်သည်။
၎င်းတို့အမြင်တွင် ထပ်ဆင့်လာသည်မှာ ဂျပန်ကိုယ်စားလှယ် မစ္စတာ ဆာဆာကာဝါ၏ အမြင်ဖြစ်၏။ မစ္စတာ ဆာဆာကာဝါကလည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် အားလုံးပါဝင်ရန် လိုအပ်သည်မှာ မှန်ကန်သော်လည်း ရှိသည့်လူနှင့် စတင်ရမည်ဟု ပုံဖော်သည်။
သူကလည်း စစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) ကြား အပစ်ရပ်ရေးကို သူဆောင်ရွက်ခဲ့သည့် အတွေ့အကြုံအရ ဤသို့ထင်နေ၏။ သူထင်မြင်ချက်ကို ကမ္ဘောဒီးယားနှင့် မလေးရှားသို့ လူကိုယ်တိုင် သွားရောက်ဆွေးနွေးသည်ကို တွေ့ရသည်။
တကယ်တမ်းက ရခိုင်တွင် စစ်တပ်နှင့် AA အပစ်ရပ်ကြသည်မှာ သူ၏ စွမ်းဆောင်မှု ဆိုသည်ထက် နှစ်ဖက်လုံးက ကိုယ့်အကြောင်းနှင့်ကိုယ် အပစ်ရပ်ချင်နေကြသည့် အချိန်တွင် သူရောက်သွားခြင်းသာ ဖြစ်သည်ကို သူမမြင်နိုင် ဖြစ်နေသည်ဟု ဆိုရမည်။
လက်ရှိ ကမ္ဘောဒီးယား၏ အမြင်များတွင် တရုတ်တို့၏ သဘောထားလည်း ထင်ဟပ်နေလိမ့်မည်ဟု သုံးသပ်ရ၏။ ကမ္ဘောဒီးယားသည် တရုတ်နှင့် နီးစပ်သည့်အပြင် အာဆီယံဥက္ကဋ္ဌအဖြစ် ကမ္ဘောဒီးယား တာဝန်ယူသည်မှစ၍ မြန်မာ့အရေးနှင့် ပတ်သက်ပြီး တရုတ်နှင့် ကမ္ဘောဒီးယားတို့ မပြတ် ဆွေးနွေးဆက်ဆံနေသည်ကို တွေ့မြင်နေရ၏။
ရခိုင်တွင် အပစ်ရပ်နေသည် ဆိုသော်လည်း လက်နက်အသင့် အပစ်ရပ်ထားခြင်း ဖြစ်၏။ အချိန်မရွေး ပေါက်ကွဲနိုင်သည့် အခြေအနေဖြစ်၏။ ထို့အပြင် လက်ရှိ မြန်မာနိုင်ငံရေး ပြောင်းလဲသွားသည့် အခြေအနေကို မှန်မှန်ကန်ကန် ထည့်သွင်းတွက်ချက်ရန်လည်း လိုအပ်သည်။
ထို့ပြင် လက်ရှိ ကမ္ဘောဒီးယား၏ အမြင်များတွင် တရုတ်တို့၏ သဘောထားလည်း ထင်ဟပ်နေလိမ့်မည်ဟု သုံးသပ်ရ၏။ ကမ္ဘောဒီးယားသည် တရုတ်နှင့် နီးစပ်သည့်အပြင် အာဆီယံဥက္ကဋ္ဌအဖြစ် ကမ္ဘောဒီးယား တာဝန်ယူသည်မှစ၍ မြန်မာ့အရေးနှင့် ပတ်သက်ပြီး တရုတ်နှင့် ကမ္ဘောဒီးယားတို့ မပြတ် ဆွေးနွေးဆက်ဆံနေသည်ကို တွေ့မြင်နေရ၏။
မည်သို့ပင်ဖြစ်စေ တိုင်းရင်းသား အဖွဲ့အစည်းများနှင့် အပစ်ရပ်ရေးကို အရင်ဆောင်ရွက်ခြင်းသည် မြန်မာစစ်တပ်အတွက် အကျိုးရှိသည်။ ပြည်မရှိ PDF များကို ဖိ၍ နှိမ်နင်းနိုင်မည် ဖြစ်၏။
ထိုအချက်သည် မြန်မာစစ်တပ် လိုချင်သောအချက်ဖြစ်၍ စစ်ကောင်စီနှင့် ညှိနိုင်းရ အဆင်ပြေသည်။ သို့သော် ပြည်တွင်းရှိ စစ်တပ်နှင့် နှစ်ပေါင်းများစွာ ရင်ဆိုင်ခဲ့ကြပြီး နိုင်ငံရေး၊ စစ်ရေးအတွေ့အကြုံ ရှိကြသည့် တိုင်းရင်းသားအဖွဲ့များက လက်ခံကြလိမ့်မည် မဟုတ်ပေ။
လက်ရှိလည်း တကယ် စစ်ဖြစ်နေသည့် ကရင်၊ ကရင်နီ (ကယား)၊ ကချင်၊ ချင်း၊ ရှမ်းမြောက်နှင့် အချိန်မရွေး စစ်ပွဲပြန်ဖြစ်နိုင်သည့် ရခိုင်တို့မှ တိုင်းရင်းသား အဖွဲ့အစည်းများ မြန်မာစစ်တပ်၏ ငြိမ်းချမ်းရေး ဖိတ်ခေါ်ချက်တွင် ပါမလာသည်ကို တွေ့ရ၏။
လက်ရှိကာလတွင် မြန်မာပြည် ပဋိပက္ခကို ဖြေရှင်းအတွက် ပါဝင်သင့်သူအားလုံး ပါဝင်ရေးဆိုသည်မှာ ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေါင်းဆောင်များသာမက NUG နှင့် PDF ပါ ပါဝင်ရမည့် အခြေအနေသို့ ဆိုက်ရောက်သွားပြီဖြစ်၏။
စု-လွှတ်-တွေ့ ကာလသည် ကျော်လွန်သွားခဲ့ ဖြစ်၏။ ထိုအချက်ကို အသိအမှတ် မပြုဘဲ မြန်မာပြည်သူများကို ငြိမ်းချမ်းရေး မလိုလားဟု စွပ်စွဲပြစ်တင်ပါက ကမ္ဘောဒီယား အာဆီယံ ကိုယ်စားလှယ်သည် စစ်တပ်အကြိုက် လိုက်ပြောနေသည်ထက် ပိုမည် မဟုတ်သည့်အပြင် မြန်မာပြည် ပြဿနာအား စေ့စပ်ညှိနှိုင်းပေးနိုင်မည် မဟုတ်ပေ။
မလေးရှားအမြင်ကတော့ တမျိုးဖြစ်၏။ မြန်မာအခြေအနေသည် ဆီးရီးယား၊ အီရတ်၊ ယီမင်၊ အာဖဂန်နစ္စတန်တို့ထက် ဆိုးဝါးနေသည်။ NUG သည် မြန်မာပြည်သူများ တင်မြောက်လိုက်သော အရပ်သားအစိုးရနှင့် အနီးစပ်ဆုံးဖြစ်၏။
မြန်မာပြည်သူများအား စိတ်ဓာတ်ရေးရာအရ အားပေးသင့်သည်။ အာဆီယံ အထူးကိုယ်စားလှယ် အနေနှင့် အမျိုးသားညီညွတ်ရေး အစိုးရ(NUG)၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) တို့နှင့် ထိတွေ့ဆက်ဆံသင့်သည်ဟု သဘောထားဖော်ပြ၏။
မလေးရှားအမြင်သည် မြန်မာပြည်အခြေအနေ ဆိုးဝါးနေသည်ကို အသိမှတ်ပြုသည့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို အသိအမှတ်ပြုသည့် အမြင်ဖြစ်သည်။ ထို့ပြင် NUG/PDF နှင့် ပြည်သူလူထု၏ အင်အားနှင့်ဆန္ဒကို လျှော့တွက်၍မရ ဆိုသည့်အမြင်မှ ချဉ်းကပ်ခြင်းဖြစ်၏။
အာဆီယံနိုင်ငံများအတွင်း၌ ဤသို့သော အမြင်ရှိသည့်နိုင်ငံများလည်း အလားတူရှိနိုင်သည်။ သို့သော် မလေးရှားသည် ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောသည့် ပထမဆုံးနှင့် တခုတည်းသော နိုင်ငံဖြစ်၏။
မလေးရှား၏အမြင်သည် အာဆီယံတခုလုံး တူညီသော အမြင်ဖြစ်ရန်မှာ လွယ်ကူလိမ့်မည်တော့ မဟုတ်ပါ။ သို့သော် မြန်မာအရေးနှင့် ပတ်သက်၍ အာဆီယံကို ထိန်းကျောင်းနိုင်သည့် အမြင်တော့ ဖြစ်နိုင်၏။
ဤသို့ အာဆီယံတွင်း အမြင်ကွဲပြားမှုကို ညှိနှိုင်းနိုင်မှသာ အာဆီယံ အထူးကိုယ်စားလှယ်၏ စေ့စပ်ညှိနှိုင်းမှုသည် ရှေ့ဆက်နိုင်ပေလိမ့်မည်။ ထို့အပြင် စေ့စပ်ညှိနိုင်းသူတဦးတွင် ရှိရမည့် ဘက်မလိုက်မှု၊ သမာသမတ်ရှိမှု ရှိရမည့်အပြင် မြန်မာပြည် ပဋိပက္ခအတွင်းရှိ ဘက်ပေါင်းစုံ ထိတွေ့ဆက်ဆံမှု အရင်ပြုလုပ်ပြီး ဘက်အားလုံး၏ အသံကို နားထောင်ရန် လိုသည်။ သို့မဟုတ်ပါက အာဆီယံ၏ စေ့စပ်ညှိနိုင်းမှုသည် အောင်မြင်ရန် ခက်ခဲပေလိမ့်မည်။
လက်ရှိ အမေရိကန်၊ အာဆီယံ ထိပ်သီးအစည်းအဝေးတွင်လည်း အာဆီယံမူ ၅ ချက်ကို ထပ်မံ အတည်ပြုပြီး အကောင်အထည်ဖော်ရန် အတည် ပြုကြသည်ကို တွေ့ရ၏။ သို့သော် လက်ရှိ ကမ္ဘောဒီးယား၏ သဘောထားအတိုင်း ဆက်သွားနေပါက အာဆီယံ အထူးကိုယ်စားလှယ်၏ အခန်းကဏ္ဍ ပျောက်ဆုံးသွားပေလိမ့်မည်။
မလေးရှား၏အမြင်သည် အာဆီယံတခုလုံး တူညီသော အမြင်ဖြစ်ရန်မှာ လွယ်ကူလိမ့်မည်တော့ မဟုတ်ပါ။ သို့သော် မြန်မာအရေးနှင့် ပတ်သက်၍ အာဆီယံကို ထိန်းကျောင်းနိုင်သည့် အမြင်တော့ ဖြစ်နိုင်၏။
အာဆီယံ အထူးကိုယ်စားလှယ်သည် ဘက်လိုက်မှုကင်းသည့် စေ့စပ်ညှိနှိုင်းသူတဦးဖြစ်ရန် အာဆီယံနိုင်ငံများက ကြပ်မတ်ကြဖို့ လိုပေလိမ့်မည်။ အာဆီယံ အထူးကိုယ်စားလှယ်သည် သက်ဆိုင်သူအားလုံးနှင့် တွေ့ရန်လိုသည်။ အားလုံး၏ အသံကို နားထောင်ရန် လိုသည်ကို
အလေးထားရန် လိုသည်။
ထို့အပြင် ယခု အာဆီယံ၏ လူသားချင်း ထောက်ထားစာနာမှု အကူအညီပေးရေးတွင် စစ်ကောင်စီနှင့်သာ တဖက်တည်း ညှိနိုင်းဆောင်ရွက်ခြင်း ပြုပါက တကယ်တမ်း အကူအညီ လိုအပ်နေသော စစ်ဘေးသင့်ပြည်သူများထံ အကူအညီများ ရောက်ရှိရန် ခက်ခဲ၏။
မလေးရှား နိုင်ငံခြားရေးဝန်ကြီး အဆိုပြုသကဲ့သို့ စစ်ကောင်စီက လူသားချင်း စာနာထောက်ထားမှု အကူအညီအား လက်နက်သဖွယ် အသုံးပြုခြင်းကို ရှောင်ရှားရန် လိုအပ်မည်ဖြစ်သလို NUG မှတဆင့် ကူညီခြင်းကိုလည်း အာဆီယံအနေနှင့် ထည့်သွင်းစဉ်းစားရန် လိုအပ်သည်။
အဓိကအချက်မှာ လက်ရှိ ကမ္ဘောဒီးယား၏ သူ့သဘောအတိုင်း ဆောင်ရွက်မှုများကို အာဆီယံ မူ ၅ ချက်နှင့်အညီ ထိန်းချုပ်နိုင်မှသာ အာဆီယံ၏ ကြိုးပမ်းမှု အောင်မြင်နိုင်မည်။
နောက်ဆုံးအနေနှင့် ထပ်မံ၍ ဖော်ပြရပါက မြန်မာပြည်ပြဿနာ ဖြေရှင်းရာတွင် အားလုံးပါဝင်ရေး ဆိုသည်မှာ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းများ၊ ဖမ်းဆီးခံနေရသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ခေါင်းဆောင်များအပြင် NUG/PDF မပါဝင်ဘဲ ဖြေရှင်း၍ မရဆိုသည်ကို အာဆီယံနှင့် အာဆီယံ အထူးကိုယ်စားလှယ်တို့က ဦးစွာ အသိမှတ်ပြုရန် လိုပါသည်။
(သက်ထားမောင်သည် နိုင်ငံတကာအရေး လေ့လာသူတဦး ဖြစ်သည်)
You may also like these stories:
အမေရိကန်-ASEAN ထိပ်သီးဆွေးနွေးပွဲမှ မျှော်လင့်နိုင်သည်များ
စစ်ကောင်စီနှင့် သံတမန်ဆက်ဆံရေး အဆင့်လျှော့ချနေကြ
စစ်ကောင်စီမှတဆင့် အကူအညီပေးမည့် အာဆီယံအစီအစဉ် ပြည်တွင်းပြည်ပအဖွဲ့များ ကန့်ကွက်
မြန်မာကိုပေးမည့် အကူအညီများအား အခွန်ကောက်မည်ဟု စစ်ကောင်စီကိုယ်စားလှယ် ပြော
ဒေါ်အောင်ဆန်းစုကြည်အား အာဆီယံ အထူးကိုယ်စားလှယ် တွေ့ခွင့်မရနိုင် ဟု NLD ဆို