မြန်မာပြည်အရေး တရုတ်ချဉ်းကပ်မှု ဘာလဲ ဘယ်လဲ

သက်ထားမောင်
၂၀၂၂ ဧပြီလအတွင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက တရုတ်နိုင်ငံသို့ မြန်မာစစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်အား ဖိတ်ခေါ်ခဲ့စဉ် / Xinhua

မြန်မာနိုင်ငံနှင့် ရှည်လျားစွာ နယ်နိမိတ်ချင်း ဆက်စပ်နေသည့်အပြင် အင်အားကြီးနိုင်ငံတခုဖြစ်သော တရုတ်၏ သဘောထားမှာ မြန်မာပြည်အပေါ် သက်ရောက်မှုကြီး၏။ အထူးသဖြင့် တရုတ်သည် နဝတ အစိုးရ‌ ခေတ်ကတည်းက မြန်မာစစ်အစိုးရနှင့် ဆက်ဆံမှုရှိပြီး ရင်းနှီးမြှုပ်နှံမှုများစွာ ပြုလုပ်ခဲ့သည့်အပြင် ကုလသမဂ္ဂ၌ စစ်အစိုးရအတွက် ဗီတိုသုံးပေးခဲ့ဖူးသည်။ ထို့ကြောင့်လည်း တရုတ်တို့အား မြန်မာလူထုက အလေးထား စောင့်ကြည့်ကြသည်။

၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက် တရုတ်သည် စစ်တပ်ကို အတိအလင်း မထောက်ခံသော်လည်း အတိအလင်း မကန့်ကွက်ခဲ့ပေ။ လူထုဆန္ဒပြပွဲများအတွင်း တရုတ်ဆန့်ကျင်ရေး လေထုများပေါ်လာပြီး တရုတ် ရင်းနှီးမြှုပ်နှံမှုများ တိုက်ခိုက်ခံရပြီးနောက်တွင်သာ တရုတ်တို့ သတိထားဆက်ဆံသည်ကို တွေ့ရ၏။ ၂၀၂၁ ခုနှစ်အတွင်း တရုတ်အထူးသံတမန် မြန်မာပြည်လာရောက်ရာတွင် NLD ခေါင်းဆောင်နှင့် တွေ့ဆုံရန် ကြိုးစားခဲ့သော်လည်း အောင်မြင်မှုမရခဲ့ပေ။ ထိုနောက်ပိုင်းတွင် တရုတ်အထူးသံတမန်၏ လှုပ်ရှားမှုကို မတွေ့ရ‌တော့ပေ။

ရုရှား-ယူကရိန်း စစ်ပွဲ ကျယ်ပြန့်လာချိန် နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးအတွက် ဒေသတွင်းပြင်ဆင်မှု ဖြစ်နိုင်သကဲ့သို့ တရုတ်တို့သည် စစ်ကောင်စီအား မျက်နှာစမူလာသည်ဟုလည်း တွက်ဆ၍ရသည်။

၂၀၂၂ တွင် စကစ နိုင်ငံခြားရေးဝန်ကြီးကို ဖိတ်ခေါ်ပြီး ဆက်ဆံရေးပြုလုပ်သည်ကို တွေ့ရ၏။ သို့သော် မြန်မာဘာသာဖြင့်ပင် သတင်းမထုတ်ပြန်ခဲ့ပေ။ တရုတ်တို့၏ ဤခြေလှမ်းသည် ရုရှား-ယူကရိန်း စစ်ပွဲ ကျယ်ပြန့်လာချိန် နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးအတွက် ဒေသတွင်းပြင်ဆင်မှု ဖြစ်နိုင်သကဲ့သို့ တရုတ်တို့သည် စစ်ကောင်စီအား မျက်နှာစမူလာသည်ဟုလည်း တွက်ဆ၍ရသည်။

စစ်တပ်အာဏာသိမ်းချိန်မှစ၍ မပြောင်းလဲသော တရုတ်တို့၏ သဘောထားမှာ NLD ပါတီ ဖျက်သိမ်းခြင်းအား မလိုလားဘဲ၊ ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လျှင် NLD အထဲမှ လက်နက်ကိုင်လမ်း မလိုက်သူများဖြင့် ၂၀၂၃ ရွေးကောက်ပွဲ လမ်းကြောင်းကို လျှောက်စေလိုပုံရ၏။ တဖက်ကဆိုလျှင် တရုတ်တို့သည် မြန်မာပြည်ရှိ ရင်းနှီးမြှုပ်နှံမှုများ ဘေးကင်းလုံခြုံရန်နှင့် မြန်မာတွင် ထပ်မံရင်းနှီးမြှုပ်နှံမည့် အနာဂတ်စီမံကိန်းများကို အမြန် စတင်နိုင်ရန် မြန်မာပြည်ကို အမြန်တည်ငြိမ်စေလိုသည်။ တရုတ်က မြန်မာစစ်တပ်၏ ဒီဖက်တိုအာဏာကို အသိအမှတ် ပြုသည်။ မြန်မာပြည်တွင်းတွင် စစ်တပ်အခန်း ဆက်ရှိနေမည်ဟု တွက်ထားပုံရသည်။

တဖက်ကလည်း ပြည်သူလူထု အုံကြွမှုနှင့် တော်လှန်ရေးများအခြေအနေကို စောင့်ကြည့်နေ၏။ ယခုစစ်ပွဲတွင် တနှစ်ကျော်ကြာသည်အထိ မြန်မာစစ်တပ်က သိသာသည့် အသာစီးရမှု မရှိသည်ကို သိရှိသော်လည်း မြန်မာစစ်တပ်အား အတိအလင်း ပြစ်တင်ဝေဖန်ခြင်း မပြုပေ။ စီးပွားရေးဆက်ဆံမှုကြောင့် ဆိုရအောင်လည်း တရုတ်နှင့် ကုန်သွယ်ရေးပမာဏ ကြီးမားသော အမေရိကန်အစိုးရအား လက်ရှိအချိန်တွင် ငယ်ကျိုးငယ်နာ ဖော်၍ ပြစ်တင်ဝေဖန်နေသော တရုတ်အစိုးရသည် မြန်မာစစ်ကောင်စီကို လုံးဝ ပြစ်တင်ခြင်းမပြုပေ။ အာစီယံလမ်းကြောင်းကို တရုတ်တို့ ထောက်ခံသည်ဆိုသော်လည်း လက်ရှိ အာစီယံဥက္ကဋ္ဌ ကမ္ဘောဒီယား ပြောနေသည့် “ဖမ်းဆီးခံရသူများ ပြန်လွှတ်ရေး၊ ပါဝင်သင့်သူအားလုံး ပါဝင်ရေး၊ ပြည်တွင်း၌ ဖြေရှင်းမှု ပြုလုပ်ရာတွင် အင်အားအလွန်အကျွံ အသုံးမပြုရေး” စသည့်အချက်သုံးချက်လောက်ပင် မပြောသည်ကို‌ တွေ့ရ၏။

မြန်မာပြည်မှ အတိုက်အခံများအား နယ်စပ်မှတဆင့် ၎င်းတို့နိုင်ငံအတွင်းသို့ ဝင်ရောက်ခိုလှုံခြင်း၊ ၎င်းတို့ နယ်မြေထဲမှ စစ်အစိုးရ ဆန့်ကျင်ရေးပြုလုပ်ခြင်းတို့အား လက်မခံဘဲ၊ တင်းတင်းကြပ်ကြပ် တားမြစ်သည်။ နယ်စပ်ရှိ တိုက်ပွဲများကြောင့် ထွက်ပေါ်လာသည့် စစ်ဘေးဒုက္ခသည်များကိုပင် လက်ခံခြင်းမပြုသည်ကို တွေ့ရ၏။

မြောက်ပိုင်းရှိ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့များနှင့် အတိအလင်း ဆက်ဆံရေးရှိသော တရုတ်သည် လက်ရှိအုံကြွမှု၌ အဓိက အခန်းတွင်ရှိနေသည့် NUG နှင့် ထိတွေ့ဆက်ဆံမှု မပြုသေးပါ။ NUG အနေနှင့် တစုံလုံးအား ခေါင်းဆောင်နိုင်စွမ်းရှိ မရှိ အကဲခတ်စောင့်ကြည့်နေပုံရ၏။

ထို့အပြင် မြောက်ပိုင်းရှိ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့များနှင့် အတိအလင်း ဆက်ဆံရေးရှိသော တရုတ်သည် လက်ရှိအုံကြွမှု၌ အဓိက အခန်းတွင်ရှိနေသည့် NUG နှင့် ထိတွေ့ဆက်ဆံမှု မပြုသေးပါ။ NUG အနေနှင့် တစုံလုံးအား ခေါင်းဆောင်နိုင်စွမ်းရှိ မရှိ အကဲခတ်စောင့်ကြည့်နေပုံရ၏။

သို့သော် PDF များက အားကောင်းလာနေပြီး စစ်ကောင်စီ၏ ထိန်းချုပ်နိုင်မှုက လျော့ကျလာနေ၏။ မြန်မာစစ်တပ်ပိုင် ဆက်သွယ်ရေး တာဝါတိုင်များ ဖျက်ဆီးခံနေရသည်ကို စစ်တပ်က အကာအကွယ်မပေးနိုင်ခဲ့သည့်အပြင်၊ တရုတ်၏ ရင်းနှီးမြှုုပ်နှံမှုများ ဖြစ်သည့် တကောင်းနီကယ်စက်ရုံ ဓာတ်အားလိုင်းတိုက်ခိုက်ခံရပြီး လက်ပံတောင်း‌တောင် ကြေးနီစီမံကိန်း ခြိမ်းခြောက်ခံနေရသည်။ ဓာတ်ငွေ့ပိုက်လိုင်း လုံခြုံရေးအား စစ်တပ်က အပြည့်အဝ လုံခြုံရေး ပေးရန် ခက်ခဲသည့် အခြေအနေသို့ ဆိုက်ရောက်နေရာ တရုတ်အနေဖြင့် NUG၊ PDF များနှင့် ဆက်ဆံမှု ပြုရန် လိုအပ်သည့် အခြေအနေသို့ တွန်းပို့ခံနေရ၏။

တဖက်တွင် ကုလသမဂ္ဂ၌ မြန်မာကိုယ်စားလှယ် ခန့်ထားရေးနှင့်ပတ်သက်၍ တရုတ်သည် အမေရိကန်နှင့် ညှိနှိုင်းဆောင်ရွက်သည်ကို တွေ့ရ၏။ မြန်မာနိုင်ငံဆိုင်ရာ အာစီယံ၏ မူငါးချက်အား ထောက်ခံပြီး လက်တွေ့ အကောင်အထည် ဖော်နေသည့် ကမ္ဘောဒီးယားနောက်တွင် တရုတ်ရှိနေသည်။ မြန်မာနှင့်ပတ်သက်၍ သဘောထား တင်းမာသည့် အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူတို့နှင့် မတူဘဲ၊ ကမ္ဘောဒီးယားအနေနှင့် ပို၍ ပျော့ပြောင်းသည့် သဘောထား ဖော်ပြနေသည်မှာ တရုတ်သဘောထား မကင်းဟု ယူဆရသည်။ လက်တွေ့တွင်လည်း မြန်မာ့အရေး အကောင်အထည်ဖော်ရာတွင် ကမ္ဘောဒီးယားသည် စစ်ကောင်စီနှင့်ပူးပေါင်းပြီး တချို့ကိစ္စများ အမြန်ဆောင်ရွက်နိုင်ရန် ကြိုးစားနေ၏။

ယခုနှစ်ကုန်၍ အာစီယံဥက္ကဋ္ဌ မပြောင်းမီ တက်သုတ်ရိုက်၍ လုပ်နိုင်သည်ကိုလုပ်ရန် တရုတ်တို့ တွန်းအားပေးနေပုံ ရသည်။ တဖက်တွင်လည်း တရုတ်သံအမတ်သည် ‌မြန်မာ ရွေးကောက်ပွဲ ကော်မရှင်ရုံးသို့ သွားသည့် နိုင်ငံခြားသံအမတ်နှစ်ဦးအနက် တဦးဖြစ်၏။ ၂၀၂၃ ရွေးကောက်ပွဲသည် မြန်မာနိုင်ငံရေးထွက်ပေါက် ဖြစ်မည်လောဟု တရုတ်တို့ စူးစမ်းနေပုံရ၏။

၂၀၂၁ ခုနှစ်အတွင်း တရုတ်အနေအထားမှာ နဝတ၊ နအဖ စစ်အစိုးရခေတ် ကာလများကကဲ့သို့ စစ်အစိုးရဘက်က ရပ်၍ နိုင်မြင်းလောင်းသည့် အခြေအနေတော့ မရှိသေးပေ။ ကြားက အခြေအနေ အကဲခတ်နေသည်ဟု ဆိုနိုင်သည်။ သို့သော် ဒီဖက်တို စစ်အစိုးရဘက်တော့ အနည်းငယ် အလေးသာနေ၏။

၂၀၂၂ ခုနှစ်တွင် တရုတ်တို့သည် မြန်မာပြည်ပြဿနာအား ကမ္ဘောဒီးယားမှတဆင့် စစ်အစိုးရနှင့် ပူးပေါင်း၍ အမြန်ဖြေရှင်းလိုနေသည့် သဘောထားကို တွေ့နေ၏။ မြန်မာစစ်အစိုးရဘက်သို့ အလေးတင်း လာသည်ကို တွေ့ရသည်။

၂၀၂၂ ခုနှစ်တွင် တရုတ်တို့သည် မြန်မာပြည်ပြဿနာအား ကမ္ဘောဒီးယားမှတဆင့် စစ်အစိုးရနှင့် ပူးပေါင်း၍ အမြန်ဖြေရှင်းလိုနေသည့် သဘောထားကို တွေ့နေ၏။ မြန်မာစစ်အစိုးရဘက်သို့ အလေးတင်း လာသည်ကို တွေ့ရသည်။

တရုတ်တို့၏ မြန်မာပြည်အပေါ် သဘောထားသည် တရုတ်တို့၏ နိုင်ငံခြားရေးပေါ်လစီပေါ်မှ အခြေခံသည်။ ၁၉၈၀ မှ ၂၀၀၀ ပြည့်နှစ်အထိ တရုတ်တို့၏ပေါ်လစီသည် နယ်စပ်ကုန်သွယ်ရေးများ အပါ နှစ်နိုင်ငံ ကုန်သွယ်မှု တိုးတက်ရေးအပေါ် အခြေခံ၏။ အနှစ် ၂၀ အတွင်း ချမ်းသာကြွယ်ဝလာသော တရုတ်တို့သည် ၂၀၀၀ ခုနှစ်မှ ၂၀၂၀ အတွင်း မြန်မာပြည်၌ ရင်းနှီးမြှုုပ်နှံများ ပြုလုပ်ခြင်း၊ မြန်မာပြည်အား အိန္ဒိယ သမုဒ္ဒရာ ထွက်ပေါက်အဖြစ် ကြည့်မြင်ပြီး တရုတ်တို့၏ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအစိတ်အပိုင်းအဖြစ် ကြည့်မြင်သည့် ပေါ်လစီအပေါ် အခြေခံသည်။ ၂၀၂၀၊ ၂၀၂၁ တွင် ကိုဗစ်ကူးစက်ရောဂါ ဖြစ်ပွားလာ၍ တရုတ်တို့ ခြေလှမ်းများ တုံ့ဆိုင်းနေခဲ့၏။

သို့သော် ပေါ်လစီကတော့ အပြောင်းအလဲမရှိပေ။ ၂၀၂၂ ယူကရိန်းစစ်ပွဲ ဖြစ်ပွားလာသောအခါ မူလ ပေါ်လစီ အခြေခံပေါ်မှ ထိုစစ်ပွဲ၏ အကျိုးဆက်ကြောင့် ကမ္ဘာလုံးဆိုင်ရာ သက်ရောက်မှုများ၊ အခင်းအကျင်းသစ် ထွက်ပေါ်လာနိုင်မှုများကိုပါ ထည့်သွင်းတွက်ချက်လာသည်။

တရုတ်တို့သည် ထိုပေါ်လစီများ အကောင်အထည် ဖော်ရန်အတွက် မြန်မာပြည်ရှိ ဒီဖက်တို စစ်အစိုးရနှင့် တလျှောက်လုံး ပူးပေါင်းလုပ်ဆောင်ခဲ့၏။ စစ်အစိုးရနှင့် ပူးပေါင်းလုပ်ဆောင်မှသာ သူတို့ ပေါ်လစီ အောင်မြင်မည်ဟု ကြည့်မြင်သည်။ ထို့ကြောင့်လည်း လိုအပ်လျှင် နိုင်ငံတကာမျက်နှာစာ၌ ဗီတိုအာဏာ သုံး၍ပင် စစ်အစိုးရအား ကာကွယ်ပေးခဲ့၏။

ယခုလည်း ၂၀၂၁ ခုနှစ် မတ်လအတွင်း လှိုင်သာယာစက်မှုဇုန်ရှိ တရုတ်စီးပွားရေး လုပ်ငန်းများ တိုက်ခိုက်ခံရပြီး တရုတ်ဆန့်ကျင်ရေးလေထု မြင့်တက်လာသည့်အတွက် တရုတ်တို့ ကိုယ်ရှိန်သတ်ခဲ့သော်လည်း တရုတ်တို့အမြင်ကမူ ယခုအချိန်ထိ မြန်မာစစ်တပ်ဘက်သို့ အလေးတင်းဆဲ ဖြစ်သည်။

တရုတ်တို့ကြည့်မြင်သည်မှာ မြန်မာစစ်တပ်သည် ၁၉၄၈ ခုနှစ်ကတည်းက ယခုထိ တောင့်တောင့်တင်းတင်း ရပ်တည်နိုင်ခဲ့သည့်၊ စည်းရုံးဖွဲ့စည်းမှုရှိသည့် တခုတည်းသော အင်စတီကျူးရှင်း ဖြစ်၏။ ထို့အပြင် လက်နက်အင်အား၊ ဘဏ္ဏာအင်အား သာလွန်သည်။ ထို့ကြောင့်လည်း မြန်မာစစ်တပ်သည် တချိန်တွင် မြန်မာပြည်အား ပြန်လည်ထိန်းချုပ်နိုင်မည်ဟု ကြည့်မြင်သည်။

ဤသို့ တရုတ်တို့ကြည့်မြင်သည်မှာ မြန်မာစစ်တပ်သည် ၁၉၄၈ ခုနှစ်ကတည်းက ယခုထိ တောင့်တောင့်တင်းတင်း ရပ်တည်နိုင်ခဲ့သည့်၊ စည်းရုံးဖွဲ့စည်းမှုရှိသည့် တခုတည်းသော အင်စတီကျူးရှင်း ဖြစ်၏။ ထို့အပြင် လက်နက်အင်အား၊ ဘဏ္ဏာအင်အား သာလွန်သည်။ ထို့ကြောင့်လည်း မြန်မာစစ်တပ်သည် တချိန်တွင် မြန်မာပြည်အား ပြန်လည်ထိန်းချုပ်နိုင်မည်ဟု ကြည့်မြင်သည်။ မြန်မာစစ်ကောင်စီ၏ ထိန်းချုပ်မှုအောက်တွင် အခြေအနေ တည်ငြိမ်ပြီဟု ဖော်ပြနိုင်ရန် တရုတ်အစိုးရ ထိန်းချုပ်မှုအောက်ရှိ သတင်းဌာန တခုဖြစ်သော CRI (China Radio International) မြန်မာပိုင်းအစီအစဉ်က မြန်မာပြည်မှ ပျော်ပွဲရွှင်ပွဲ ပွဲလမ်းသတင်းများကို မြန်မာစကားပြော တရုတ်အမျိုးသမီး တင်ဆက်သူတဦးဖြင့် ပွဲထုတ်နေသည်ကို တွေ့ရ၏။

သို့သော် လက်ပံတောင်း ကြေးနီတောင်ဒေသ၌ စစ်အင်အားများ မြှင့်တင်ပြီး တိုက်ပွဲများ ဖြစ်ပွားနေခြင်းကို သော်လည်းကောင်း၊ ဝမ်ပေါင်ကုမ္ပဏီ တာဝန်ရှိသူက လုပ်ငန်းများ ရပ်တန့်ထားပါကြောင်း၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးသာ ပြုလုပ်နေပါကြောင်း ထုတ်ပြန်ချက်ကိုသော်လည်းကောင်း CRI က ဖော်ပြခြင်းမရှိပေ။ ထို့အတူ မြန်မာပြည်အတွင်း နေရာအနှံ့တိုက်ပွဲဖြစ်နေခြင်း၊ ကျေးရွာများစွာ မီးရှို့ဖျက်ဆီးခံနေရသည့် သတင်း၊ အရပ်သားများ သေဆုံးမှုသတင်းများကို တရုတ်သတင်းဌာနများက ဖော်ပြခြင်းမပြုဘဲ၊ ဖုံးကွယ်ထားသည်။

ရန်ကုန်၊ မန္တလေး မြို့ကြီးများအတွင်း နေ့လည်ကြောင်တောင်တွင်ပင် ရာဇဝတ်မှုများ ထူပြောနေသည့် သတင်းများကို ဖုံးကွယ်ထားသည်။ ရန်ကုန်မြို့လယ် အချက်အခြာကျသည့် နေရာ ၁၀ ခုခန့်တွင် နှစ်ထပ်ကွန်ကရစ် ဘန်ကာများ အခိုင်အမာဆောက်၍ လုံခြုံရေးယူနေရသည့် အခြေအနေ များကို မျက်ကွယ်ပြုထား၏။ ဤသည်ပင်လျှင် မြန်မာပြည် တည်ငြိမ်မှုရှိနေသယောင် ပုံဖော်နေသည့် စစ်ကောင်စီ ဘက်သို့ မဲတင်းပေးနေသည့် တရုတ်တို့၏ ရပ်တည်ချက်ပင်ဖြစ်၏။

သို့သော် တရုတ်တို့ ထည့်သွင်းတွက်ချက်ရန် လိုအပ်သည်မှာ ထိုမြန်မာစစ်တပ်သည် တိုက်ခိုက်ရေး အင်အား ကျဆင်းခြင်း၊ တိုက်စိတ်ခိုက်စိတ် လျော့ကျနေခြင်းနှင့် တိုက်ရည်ခိုက်ရည် ကျခြင်းတို့နှင့် ပတ်သက်လျှင်သော် လည်းကောင်း၊ လူထုဆန့်ကျင်ခံရမှုတွင်သော်လည်းကောင်း သမိုင်းတလျှောက် အဆိုးဝါးဆုံး ဖြစ်နေသည့် အခြေအနေဖြစ်၏။ တဖက်ကလည်း မြန်မာပြည်ရှိ စစ်အစိုးရ ဆန့်ကျင် တော်လှန်နေသည့် အင်အားစုများ အရှိန်အဟုန်ကောင်းစွာ မြင့်တက်လာသည်ကို သိရှိသော်လည်း ထိုအင်အားများကို တစုတစည်းတည်း ခေါင်းဆောင်နိုင်သည့် အဖွဲ့အစည်းမရှိခြင်း၊ လက်နက်အင်အား လိုအပ်ချက်ရှိခြင်းတို့ကြောင့် အောင်မြင်ရန် ခက်ခဲသည်ဟု တရုတ်တို့ ယူဆနေပုံရ၏။

ပထမအချက်အဖြစ် စဉ်စားရမည်မှာ မြန်မာစစ်တပ် ရင်ဆိုင်နေရသည့် တော်လှန်ရေး တပ်ဖွဲ့များ၏ လက်နက်ကိုင်အင်အား ဖြစ်၏။ ယခု ကချင်ပြည်နယ်တွင် KIA+ PDF အင်အား ၂၀၀၀၀ အထက်၊ ချင်းပြည်နယ်တွင် CNF+CDF အင်အား ၁၀၀၀၀ ကျော်၊ ကရင်ပြည်နယ်တွင် KNU+ PDF အင်အား ၂၀၀၀၀ ခန့်၊ ကရင်နီပြည်နယ်တွင် KNPP+ KNDF အင်အား ၁၅၀၀၀ ခန့်၊ ရှမ်းမြောက်တွင် KIA+TNLA+MNDAA က ၁၅၀၀၀ ခန့် ရှိပြီး စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းရှိ PDF မှာ ခန့်မှန်းရခက်သော်လည်း လက်ရှိ လှုပ်ရှားမှုများကို ကြည့်ပါက ငါးသောင်းခန့်ရှိနိုင်သည်ဟု ခန့်မှန်းရသည်။

တနင်္သာရီ၊ ပဲခူး၊ ဧရာဝတီတိုင်းများနှင့် ရန်ကုန်၊ မန္တလေး မြို့ကြီးများတွင်လည်း လှုပ်ရှားမှုများ ရှိနေသေးသည်။ ထိုဒေသများတွင် မြန်မာစစ်တပ်နှင့် တိုက်ပွဲ နေ့စဉ်ဖြစ်ပွားလျှက်ရှိ၏။ လက်ရှိ မြန်မာစစ်တပ်နှင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ရှမ်းတောင်တွင် SSPP အင်အား ၁၀၀၀၀ နှင့်အထက်၊ ရှမ်းအရှေ့တွင် UWSA အင်အား ၂၅၀၀၀ ခန့်၊ NDAA အင်အား ၆၀၀၀ ခန့်၊ RCSS အင်အား ၁၀၀၀၀ ခန့်နှင့် ရခိုင်ပြည်နယ်တွင် AA အင်အား ၃၀၀၀၀ ခန့်ရှိပြီး ရခိုင်တွင် အချိန်မရွေး တိုက်ပွဲဖြစ်ပွားနိုင်သည်။ သို့ဖြစ်ရာ တိုက်ပွဲဖြစ်ပွားနေသည့် ဒေသများတွင် တော်လှန်ရေး လက်နက်ကိုင်အင်အား တသိန်းသုံးသောင်းနှင့်အထက်ရှိပြီး တိုက်ပွဲ မဖြစ်ပွားသေးသော ဒေသများတွင် လက်နက်ကိုင်အင်အား ရှစ်သောင်းခန့်ရှိ၏။

ပြီးခဲ့သော ၁၀ နှစ်အတွင်း AA၊ TNLA၊ MNDAA စသည့် အဖွဲ့များ ပေါ်ပေါက်လာစဉ်က အင်အား အနည်းငယ်မှသည် အင်အားများစွာ တိုးပွားလာခဲ့သည်။ နိုင်ငံခြား တိုင်းပြည်တခုမှ ပြောင်အတိအလင်း လက်နက်ထောက်ပံ့မှု မရှိသော်လည်း လက်နက်တပ်ဆင်နိုင်ခဲ့ပြီး မြန်မာစစ်တပ်ကို တိုက်ခိုက်ပြီး ရပ်တည်နိုင်ခဲ့သည်။ ယခုလက်ရှိကာလတွင်လည်း တချို့အဖွဲ့များ အားပျော့သွားနိုင်၊ ပျက်ပြယ်သွားနိုင်သည်ဟု ဆိုနိုင်သော်လည်း အင်အားကြီးထွားလာနိုင်မည့် အဖွဲ့များလည်း ရှိ၏။

မြန်မာစစ်တပ်တွင် တပ်အရံ မရှိတော့၊ လက်ရုံးတပ်များမှ စစ်အင်အားများ ထုတ်နုတ်သုံးစွဲနေရ၏။ စစ်ပြန်များ၊ အိမ်ထောင်သည် အမျိုးသမီးများက ကင်းစောင့်လုံခြုံရေး တာဝန်ယူနေရသည်။ စစ်မြေပြင်တွင် အမြန်စစ်ကူပေးရန် အင်အား မရှိတော့ပေ။

ထို့အပြင် လက်ရှိအင်အား တသိန်းသုံးသောင်း‌ကျော်ခန့်နှင့် တိုက်နေစဉ်ကာလတွင်ပင် မြန်မာစစ်တပ်တွင် တပ်အရံ မရှိတော့၊ လက်ရုံးတပ်များမှ စစ်အင်အားများ ထုတ်နုတ်သုံးစွဲနေရ၏။ စစ်ပြန်များ၊ အိမ်ထောင်သည် အမျိုးသမီးများက ကင်းစောင့်လုံခြုံရေး တာဝန်ယူနေရသည်။ စစ်မြေပြင်တွင် အမြန်စစ်ကူပေးရန် အင်အား မရှိတော့ပေ။

ယခု စစ်မဖြစ်သေးသော အင်အား ၈ သောင်းခန့်ထဲမှ AA အင်အား ၃၀၀၀၀ ခန့် စစ်ပွဲထဲ ပါဝင်လာလျှင်ပင် ပို၍ ထိမ်းသိမ်းရန် ခက်ခဲမည်။ သို့ဖြစ်ရာ NUG၊ PDF တို့ဘက်က တစုတစည်းတည်း ခေါင်းဆောင်မှု မရှိ၍ အောင်မြင်ရန်ခက်ခဲသည်ဟု မြင်နေစေကာမူ မြန်မာစစ်တပ်က တိုင်းပြည်အခြေအနေကို တည်ငြိမ်အောင် ထိန်းသိမ်းနိုင်မည်လော ဆိုသည်ကလည်း ကြေးကြီးသော လောင်းကြေးတရပ် ဖြစ်နေ၏။

၂၀၂၂ ခုနှစ် ဧပြီလ ၁ ရက်နေ့က တရုတ်နိုင်ငံခြားရေး ဝန်ကြီးနှင့် တွေ့ဆုံပြီး နယ်စပ်ကုန်သွယ်ရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး အတွက် စစ်ကောင်စီအား ယွမ်သန်း ၆၅၀ (ဒေါ်လာသန်း ၁၀၀) ထောက်ပံ့မည် ဖြစ်ပြီး တရုတ်ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများ ဆက်လက် အကောင်အထည်ဖော်ရေးတို့အား ဆွေးနွေးခဲ့သည်ဟု ထုတ်ပြန်သည်ကိုတွေ့ရသည်။ ထိုကြေညာချက် ထွက်ပေါ်လာပြီး တရုတ်စီမံကိန်းများ ပြန်စပါက တိုက်ခိုက်သွားမည်ဖြစ်ကြောင်း PDF အဖွဲ့များက ထုတ်ပြန်သည်ကို တွေ့ရ၏။

ISP Myanmar ၏ မှတ်တမ်းများအရ တရုတ်ရင်းနှီးမြှုုပ်နှံမှု စီမံကိန်းများရှိရာ မြို့နယ်ပေါင်း ၄၂ ခုတွင် ၂၀၂၁ ဇူလိုင်လ ၁ ရက်မှ ၂၀၂၂ ခုနှစ် ဧပြီ ၂၅ ရက်နေ့အထိ တိုက်ပွဲပေါင်း ၇၇ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး PDF နှင့် ဖြစ်ပွားသည့် တိုက်ပွဲမှာ ၄၆ ကြိမ်ထက်မနည်း ပါဝင်သည်ဟု ဖော်ပြသည်ကို တွေ့ရသည်။ PDF ၏ တိုက်ခိုက်နိုင်စွမ်းကို လျှော့တွက်၍မရပေ။ ထို့အပြင် လက်ရှိ တိုင်းရင်းသားအဖွဲ့အစည်းများနှင့် PDF များ အပြန်အလှန် ပူးပေါင်းအားပြု ရပ်တည်နေကြသည်ဖြစ်ရာ ၎င်းတို့ ပူးပေါင်းရပ်တည်ရာ ဒေသများရှိ တိုင်းရင်းသား အဖွဲ့အစည်းများသည် တော်လှန်ရေး အင်အားစုများအား ဖြိုခွဲရန် ရည်ရွယ်သည့် စစ်ကောင်စီ၏ ငြိမ်းချမ်းရေး ကမ်းလှမ်းချက်ကိုလည်း ပယ်ချထားခဲ့ပြီဖြစ်၏။

တနှစ်‌ကျော် ကြာမြင့်ပြီဖြစ်သော မြန်မာပြည်အကျပ်အတည်းသည် လာမည့်နှစ်များအတွင်း ဆက်လက် မြင့်တက်လာမည်မှာ သေချာသလောက်ရှိနေပေရာ တရုတ်တို့အနေနှင့် စီမံကိန်းသစ်များ ဆက်လက် အကောင်အထည်ဖော်ရန်ထက်၊ ရှိပြီးသား စီမံကိန်းများ၏ လုံခြုံရေးကိုပင် ထိန်းသိမ်းနိုင်ရန် ခက်ခဲနေပေလိမ့်မည်။

သို့ဖြစ်ရာ တရုတ်စီမံကိန်းများ ပြန်စရန် ဖြစ်နိုင်မည်လော၊ ပြန်လည်စတင်ရန် အချိန်ကောင်း ဟုတ်ပါ၏လော ဆိုသည့် မေးခွန်းပေါ်လာသကဲ့သို့ တရုတ်စီမံကိန်းများ၏ လုံခြုံ‌ရေးနှင့်ပတ်သက်၍ မေးခွန်းပေါ်လာ၏။ သို့ဖြစ်ရာ တနှစ်‌ကျော် ကြာမြင့်ပြီဖြစ်သော မြန်မာပြည်အကျပ်အတည်းသည် လာမည့်နှစ်များအတွင်း ဆက်လက် မြင့်တက်လာမည်မှာ သေချာသလောက်ရှိနေပေရာ တရုတ်တို့အနေနှင့် စီမံကိန်းသစ်များ ဆက်လက် အကောင်အထည်ဖော်ရန်ထက်၊ ရှိပြီးသား စီမံကိန်းများ၏ လုံခြုံရေးကိုပင် ထိန်းသိမ်းနိုင်ရန် ခက်ခဲနေပေလိမ့်မည်။

ဤသို့သော အခြေနေ တရပ်အောက်တွင် တရုတ်တို့သည် မြောက်ပိုင်းရှိ တိုင်းရင်းသား အဖွဲ့အစည်းများနှင့် ဆက်ဆံသကဲ့သို့ NUG၊ PDF ကို ဆက်ဆံမည်လော ဆိုသော မေးခွန်းသည် တရုတ်တို့အတွက် အဖြေခက်စေသည့် မေး‌ခွန်းတရပ် ဖြစ်လာသည်။

နွေဦးတော်လှန်ရေး အတွင်း ဟောင်ကောင်၊ တိုင်ဝမ်တို့နှင့် တွဲ၍ Milk tea alliance လှုပ်ရှားမှုသည် တရုတ်တို့ကို စိုးရိမ်ပူပန်မှုရှိစေသည်။ တရုတ်တို့သည် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ဆိုသည်နှင့် သူတို့ တိုင်းပြည်စနစ်ကို ထိပါးမည် စိုးရိမ်ပူပန်ပုံရ၏။ ထို့ကြောင့် တရုတ်တချို့က မြန်မာပြည်ပြဿနာသည် အုပ်ချုပ်ရေး ညံ့ဖျင်း၍ ဖြစ်သည်ဟု ကောက်ချက်ချလာသည်ကို တွေ့ရ၏။

လူမှုစနစ် ပြောင်းလဲရေးဟု ကြွေးကြော်ခဲ့သော တရုတ်ကွန်မြူနစ်များသည် မြန်မာပြည် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနှင့် ပတ်သက်၍ ရှင်းလင်းသော အမြင်မထားနိုင်ကြသေးပေ။ ထို့အပြင် မြန်မာ ဒီမိုကရေစီအရေး လှုပ်ရှားမှုအတွင်း ပါဝင်သည့် တက်ကြွလှုပ်ရှားသူတချို့သည် အမေရိကန် အထောက်အပံ့ခံများ ဖြစ်သည်ဟူသည့် ကြည့်မြင်ချက်ကလည်း တရုတ်ကို ပို၍သတိထားစေပုံ ရသည်။ အမှန်မှာ အမေရိကန်လိုလားသူ ရှိသကဲ့သို့ တရုတ်လိုလားသူ ရှိသည်မှာ အထူးအဆန်း မဟုတ်ပေ။ မြန်မာလူထုသည် မည်သည့်နိုင်ငံ၏ နောက်လိုက်မှ လုပ်မည်မဟုတ်သည်ကို တရုတ်တို့ ကြည့်မြင်ရန်လို၏။

ထို့အပြင် NUG နိုင်ငံခြားရေးဝန်ကြီးအား အမေရိကန်အစိုးရ ဖိတ်ကြားလိုက်ခြင်းသည်လည်း တရုတ်တို့အတွက် အာရုံစိုက်စရာ ဖြစ်နေပုံရသည်။ NUG အထီးတည်း အမေရိကန်နှင့် ဆက်ဆံသည်ဆိုပါက တရုတ်တို့ စဉ်းစားမှု တမျိုးတဖုံဖြစ်နိုင်၏။ သို့သော် ‌မလေးရှားဝန်ကြီး၏ NUG အား အသိအမှတ်ပြုပြီး တရားဝင်တွေ့ဆုံမှုမှာမူ တရုတ်အတွက် စဉ်စားစရာ ဖြစ်ပေလိမ့်မည်။ မလေးရှားသည် အမေရိကန်ဩဇာခံ နိုင်ငံမဟုတ်သည့်အပြင်၊ တခြား အာစီယံနိုင်ငံနှစ်ခုကလည်း NUG ဝန်ကြီးအား အလွတ်သဘော တွေ့ဆုံသည့်ဟုဆိုရာ တရုတ်တို့အတွက် ပို၍စဉ်းစားစရာ ဖြစ်စေပေလိမ့်မည်။

ရုရှား-ယူကရိန်း စစ်ပွဲစတင်ပြီးနောက်ပိုင်း ယခုကာလတွင် တရုတ်နိုင်ငံခြားရေးရာ ဝန်ကြီးဌာနနှင့် တရုတ်အစိုးရ ထိန်းချုပ်မှုအောက်ရှိ သတင်းမီဒီယာများသည် လက်ရှိအမေရိကန်-အာစီယံ ဆွေးနွေးပွဲအပါ အမေရိကန်နှင့် ပတ်သက်သည့် ကိစ္စရပ်များကို တိုက်ခိုက်နေသည့် ကာလဖြစ်၏။ လွန်ခဲ့သော အနှစ်လေးငါးဆယ်ခန့်က ဖြစ်ရပ်ဟောင်းများကိုပင် ပြန်လည်တူးဆွ၍ ဝေဖန်တိုက်ခိုက်နေသည့် ကာလဖြစ်သည်။ ဤသို့သောကာလတွင် အမေရိကန်နှင့် NUG ဆက်ဆံရေး၊ အာစီယံနိုင်ငံတချို့နှင့် NUG ဆက်ဆံရေးသည် တရုတ်တို့ ဘဝင်ကျစရာကိစ္စများ မဟုတ်‌သော၊ ထည့်သွင်းမစဉ်းစား၍ မဖြစ်သည့် အချက်လည်း ဖြစ်လာ၏။

တရုတ်တို့ မြန်မာ့အရေးနှင့်ပတ်သက်၍ မည်သို့ ခြေလှမ်းလှမ်းမည် ဆိုသည်က စိတ်ဝင်စားစရာဖြစ်သည်။ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် ပြောကြားသကဲ့သို့ “ပြဿနာဖန်တီးသူ” စစ်တပ်ဘက်က ရပ်တည်မည်လော၊ သို့မဟုတ် “အဖြေရှာနေသူ” ပြည်သူလူထုဘက်က ရပ်တည်မည်လော ဆိုသည်ကို ဆုံးဖြတ်ရန် လိုပေလိမ့်မည်။

ထိုသို့သော အခြေအနေများအောက်တွင် တရုတ်တို့ မြန်မာ့အရေးနှင့်ပတ်သက်၍ မည်သို့ ခြေလှမ်းလှမ်းမည် ဆိုသည်က စိတ်ဝင်စားစရာဖြစ်သည်။ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် ပြောကြားသကဲ့သို့ “ပြဿနာဖန်တီးသူ” စစ်တပ်ဘက်က ရပ်တည်မည်လော၊ သို့မဟုတ် “အဖြေရှာနေသူ” ပြည်သူလူထုဘက်က ရပ်တည်မည်လော ဆိုသည်ကို ဆုံးဖြတ်ရန် လိုပေလိမ့်မည်။

ယခုနှစ် အောက်တိုဘာတွင် ကျင်းပမည့် ကုလသမဂ္ဂ အထွေထွေညီလာခံအတွက် ကုလသမဂ္ဂဆိုင်ရာ မြန်မာ ကိုယ်စားလည်နှင့်ပတ်သက်၍ ပြန်လည်ဆုံးဖြတ်သည့် အချိန်တွင် တရုတ်တို့ ယခုအတိုင်း ဆက်သွားမည်လော၊ သို့မဟုတ် နိုင်မြင်း လောင်းတော့မည်လော ဆိုသည်ကို တွေ့ရနိုင်ပါသည်။

(သက်ထားမောင်သည် နိုင်ငံတကာအရေး လေ့လာသူတဦးဖြစ်သည်။)

You may also like these stories:

မြန်မာ့အ‌ရေး အာဆီယံ ချဉ်းကပ်ပုံ အလုပ်မဖြစ်သေး

“ပြည်သူတွေက စစ်ကောင်စီနဲ့ ဆွေးနွေး အပေးအယူလုပ်ဖို့ စိတ်မဝင်စားဘူး”

နွေဦးတော်လှန်ရေးနှင့် တိုင်းရင်းသားတော်လှန်ရေး

ဒေါ်စုကို မင်းအောင်လှိုင် ဘာကြောင့်ကြောက်သလဲ

Loading