မြန်မာတွင် စစ်အာဏာသိမ်းခဲ့သည်မှာ ၁၅ လကျော်လာပြီဖြစ်ပြီး ထိုအာဏာသိမ်း စစ်ကောင်စီနှင့် ဆက်ဆံရေးမြှင့်တင်ရန် တရုတ်နိုင်ငံ၏ ဆန္ဒကို နွေးထွေးသော သံတမန်ရေးဆက်ဆံမှုများ တိုးမြှင့်လာခြင်းက ပြသနေသည်။ လာမည့်လများ၊ နှစ်များအတွင်း မြန်မာတွင် အခြေအနေ မည်သို့ပြောင်းလဲသည်ဖြစ်စေ စစ်ကောင်စီကို ထောက်ခံမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ ကတိပြုသည်။
၎င်းတို့၏ သံတမန်ရေးတွင် မြန်မာကို အရေးပါသောနေရာတွင် အမြဲတမ်းထားပြီး ဘုံအနာဂတ်ရှိသည့် တရုတ်-မြန်မာ လူမှုအသိုက်အဝန်း ဖော်ဆောင်ရန် အပြန်အလှန် လည်ပတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုနက်ရှိုင်းစွာ လုပ်ဆောင်လိုကြောင်း ဘေဂျင်းက အတည်ပြုပြောကြားသည်။
တရုတ်နိုင်ငံ၏ ပြောဆိုချက်များသည် လုံးဝ ဒွိဟပွားစရာမလိုအောင် စစ်ကောင်စီကို ထောက်ခံကြောင်း ပြသနေသည်။ သို့သော် စစ်ကောင်စီသည် ခုခံရေးအင်အားစုများ၊ ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူများနှင့် တိုင်းရင်းသားလက်နက်ကိုင်များ၏ ကျယ်ပြန့်သော တပ်ပေါင်းစုထံမှ ပြင်းထန်သော ခုခံမှုကို ဆက်လက် ရင်ဆိုင်နေရဆဲဖြစ်သည်။
တရုတ်နိုင်ငံ၏ ပြောဆိုချက်များသည် လုံးဝ ဒွိဟပွားစရာမလိုအောင် စစ်ကောင်စီကို ထောက်ခံကြောင်း ပြသနေသည်။ သို့သော် စစ်ကောင်စီသည် ခုခံရေးအင်အားစုများ၊ ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူများနှင့် တိုင်းရင်းသားလက်နက်ကိုင်များ၏ ကျယ်ပြန့်သော တပ်ပေါင်းစုထံမှ ပြင်းထန်သော ခုခံမှုကို ဆက်လက် ရင်ဆိုင်နေရဆဲဖြစ်သည်။
စစ်ကောင်စီကို ပြတ်ပြတ်သားသား ထောက်ခံကြောင်း ဘေဂျင်း၏ကြေညာချက်သည် စစ်ကောင်စီက နောက်ဆုံးတွင် အာဏာသိမ်းမှု ဆန့်ကျင်ရေးလှုပ်ရှားမှုကို ချေမှုန်းနိုင်မည်၊ ခုခံရေးလှုပ်ရှားမှုကို ပြင်ပမှ ကူညီခြင်းသည် မလွှဲရှောင်နိုင်သော အခြေအနေများကို ပိုမိုရှည်ကြာစေမည်၊ မြန်မာမှ တရုတ်၏ ကြီးမားလှသော စီးပွားရေးနှင့် သေနင်္ဂဗျူဟာ အကျိုးစီးပွားများ တိုးတက်ရေးအတွက် လိုအပ်သော တည်ငြိမ်မှုကို စစ်ကောင်စီက ဆောင်ရွက်ပေးနိုင်ဖွယ်ရှိသည်ဟု ယုံကြည်နေခြင်းကို ထင်ဟပ်နေသည်။
တည်ငြိမ်မှုသည် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်မှ မြန်မာနိုင်ငံ၊ အိန္ဒိယသမုဒ္ဒရာကမ်းခြေအထိ ကုန်းတွင်း သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး စင်္ကြံထူထောင်ရေးအတွက် မရှိမဖြစ်လိုအပ်သည်။
ထိုစီမံကိန်းသည် ဘေဂျင်း၏ အငြင်းပွားဖွယ်ဖြစ်သော ရပ်ဝန်းနှင့်လမ်းမ အစီအစဉ်၏ ထောက်တိုင်ဖြစ်သည့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC) ၏ အစိတ်အပိုင်းဖြစ်သည်။
တရုတ်နှင့်မြန်မာ နှစ်နိုင်ငံလုံးသည် အခြေခံအဆောက်အအုံ ဦးစားပေး ထိတွေ့ဆက်ဆံမှု၏ သမားရိုးကျ စံပုံစံကို ကျော်လွန်လုပ်ကိုင်နေကြသည်။ အခြေခံအားဖြင့် ဆိုရပါက လာမည့်လများအတွင်း CMEC နှင့် တရုတ်-မြန်မာ ဆက်ဆံရေးကို ပြန်လည်ပုံဖော်ရာတွင် သြဇာသက်ရောက်စေမည့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတွင် သေနင်္ဂဗျူဟာကျသော နယ်ပယ် သုံးခု ရှိသည်။
ဒစ်ဂျစ်တယ် RMB သည် ကုန်သွယ်ရာတွင် အမေရိကန် ဒေါ်လာအပေါ် မှီခိုရခြင်းကို လျှော့ချရန် အားထုတ်မှုကို အထောက်အကူပြုပြီး SWIFT နိုင်ငံတကာ ငွေပေးချေမှုစနစ်တွင် အလားအလာရှိသော sanctions ကန့်သတ်ချက်များကိုလည်း လျော့နည်းစေနိုင်သည်။
ပထမတခုမှာ တရုတ် ဒစ်ဂျစ်တယ် ရန်မင်ဘီ (RMB) သည် ဗဟိုဘဏ်၏ ဒစ်ဂျစ်တယ် ငွေကြေးကစားပွဲတွင် ဦးဆောင်နေရာကို ရရှိထားပြီးဖြစ်သည် ဆိုသည့်အချက်ဖြစ်သည်။ ထိုနည်းပညာသည် မြန်မာအတွက် လွန်စွာအသုံးဝင်သော နည်းပညာဖြစ်သည်။ တရုတ်နှင့် ကုန်သွယ်ရာတွင် RMB ကို တရားဝင် ပေးချေမှုငွေကြေးအဖြစ် ထူထောင်သော မကြာသေးမီက သဘောတူညီချက်နှင့်တကွ ဒစ်ဂျစ်တယ် RMB သည် ကုန်သွယ်ရာတွင် အမေရိကန် ဒေါ်လာအပေါ် မှီခိုရခြင်းကို လျှော့ချရန် အားထုတ်မှုကို အထောက်အကူပြုပြီး SWIFT နိုင်ငံတကာ ငွေပေးချေမှုစနစ်တွင် အလားအလာရှိသော sanctions ကန့်သတ်ချက်များကိုလည်း လျော့နည်းစေနိုင်သည်။
ထို့အပြင် တရုတ် ဒစ်ဂျစ်တယ် RMB နှင့် မြန်မာဒစ်ဂျစ်တယ် ကျပ်ငွေတို့အကြား တိုက်ရိုက်ပေးချေမှုသည် မြန်မာအတွက် သေနင်္ဂဗျူဟာကျသည် မျှော်မှန်းချက် ဖြစ်ရုံသာမက ကုန်သွယ်ရေး စွမ်းရည်နှင့် ရှေ့လာမည့် စီမံကိန်းများကို ငွေကြေးစိုက်ထုတ်ရာတွင် ဘေဂျင်းအတွက် အကျိုးဖြစ်ထွန်းစေသည်။ သို့သော် ဒစ်ဂျစ်တယ် ကျပ်ငွေကို လက်လီအဆင့်တွင် အသုံးပြုရန် အခြေခံအဆောက်အအုံများ လိုအပ်နေပြီး ထိုကိစ္စသည် အချိန်ယူရမည့် ကိစ္စဖြစ်သည်။
ဒုတိယအချက်မှာ မြန်မာ၏ လက်လီအရောင်းကဏ္ဍသည် ယခုအခါတွင် တရုတ် ပုဂ္ဂလိက ကဏ္ဍအတွက် သေနင်္ဂဗျူဟာကျသော ရှေ့တန်းစစ်မျက်နှာ ဖြစ်လာနေပြီး အကျိုးအမြတ်များသည့် အလားအလာရှိနေသည်။ တရုတ်၏ အလီဘာဘာက ပိုင်ဆိုင်သော အွန်လိုင်း ကုန်သွယ်မှု (e-Commerce) ပလက်ဖောင်း shop.com.mm သည် မြန်မာဈေးကွက်ဝေစု အကြီးအကျယ် ရရှိထားပြီးဖြစ်သည်။
အထူးသဖြင့် ၂၀၂၁ ခုနှစ် ငွေသားအကျပ်အတည်းအတွင်း ဒစ်ဂျစ်တယ် ငွေပေးချေမှုကို ခွင့်ပြုခြင်းဖြင့် ထိုအနေအထား ရရှိသွားခြင်းဖြစ်သည်။ မြန်မာတွင် e-Commerce သည် ကနဦးအဆင့်တွင်သာ ရှိနေသေးသော်လည်း RMB နှင့်ကျပ်ငွေ တိုက်ရိုက်လဲလှယ်မှုနှင့် ကျယ်ပြန့်သော သယ်ယူပို့ဆောင်ရေး ကွန်ရက်ထူထောင်ခြင်းဖြင့် အလားအလာ အပြည့်အဝ ရှိလာမည်ဖြစ်သည်။
တတိယအချက်မှာ ကာကွယ်ဆေး သံတမန်ရေးနှင့်အတူ ဘေဂျင်းသည် တရုတ်လုပ် ကိုဗစ်နိုင်တင်း ကာကွယ်ဆေးကို မြန်ကိုဖမ်း (Myancopharm) အမည်ဖြင့်ထုတ်လုပ်ရန် မြန်မာသို့ နည်းပညာ လွှဲပြောင်းပေးအပ်သည်။ ပြိုင်ဘက်အနည်းငယ်သာရှိသောကြောင့် ဘေဂျင်း၏ မြန်မာမှ ကိုဗစ်နိုင်တင်း သံတမန်ရေးသည် နှိုင်းယှဉ်ချက်အားဖြင့် အောင်မြင်မှုရပြီး တရုတ်ဆေးကုမ္ပဏီသစ်များ မြန်မာ၏ အထွေထွေဆေးဝါး ဈေးကွက်တွင် ရင်းနှီးမြှုပ်နှံရန် လမ်းပွင့်သွားစေသည်။ လတ်တလောတွင် ထိုဈေးကွက်ကို အိန္ဒိယမှ တင်သွင်းသည် ဆေးဝါးများက လွှမ်းမိုးထားသည်။
မြန်မာသည် အထွေထွေဆေးဝါးများအတွက် လွန်စွာမြင့်မားသည့် ဝယ်လိုအားရှိသော်လည်း ကျပ်နှင့် ဒေါ်လာငွေ လဲလှယ်နှုန်းကြောင့် သွင်းကုန်များကို ပိုမိုဈေးကြီးသွားစေသည်။ ဘေဂျင်း၏ နိုင်ငံရေးအရ ထောက်ခံမှုဖြင့် ပြည်တွင်း ဈေးကွက်တွင် ပြင်းထန်သော ပြိုင်ဆိုင်မှုသည် အနှေးနှင့်အမြန် ဖြစ်လာတော့မည်
ဈေးကွက်ဝေစုရရန် အချိန်ယူရမည် ဖြစ်သော်လည်း မြန်မာမှ လုပ်ငန်းရှင်များသည် အထွေထွေဆေးဝါး အခြားရင်းမြစ်တခုကို မျှော်လင့်နေသည်။ မြန်မာသည် အထွေထွေဆေးဝါးများအတွက် လွန်စွာမြင့်မားသည့် ဝယ်လိုအားရှိသော်လည်း ကျပ်နှင့် ဒေါ်လာငွေ လဲလှယ်နှုန်းကြောင့် သွင်းကုန်များကို ပိုမိုဈေးကြီးသွားစေသည်။ ဘေဂျင်း၏ နိုင်ငံရေးအရ ထောက်ခံမှုဖြင့် ပြည်တွင်း ဈေးကွက်တွင် ပြင်းထန်သော ပြိုင်ဆိုင်မှုသည် အနှေးနှင့်အမြန် ဖြစ်လာတော့မည် ဖြစ်သည်။
မြန်မာတွင် အာဏာသိမ်းပြီးစကာလ တရုတ်နိုင်ငံသည် စစ်ကောင်စီနှင့် ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ကို ထောက်ခံရန် စိတ်အားထက်သန်ခြင်း မရှိဆိုသည့် အချက်ကို ဂရုပြုရန် အရေးကြီးသည်။ သို့သော် တရုတ် ကုမ္ပဏီများနှင့် ရန်ကုန်စက်မှုဇုန်တခုမှ စက်ရုံများ အပါအဝင် ရင်းနှီးမြှုပ်နှံမှုများကို တိုက်ခိုက်မှုများသည် ဘေဂျင်း၏ သဘောထားကို ပြောင်းလဲစေသော အဓိက ပြောင်းလဲမှတ်ဖြစ်ပြီး နိုင်ငံအတွင်း မတည်ငြိမ်မှုနှင့် ပတ်သက်သည့် စိုးရိမ်ပူပန်မှုများကို ဖြစ်စေသည်။
ရန်ကုန်ရှိ တရုတ်သံရုံးပြင်ပ ဆန္ဒပြပွဲများနှင့် စစ်အာဏာသိမ်းမှုနောက်ပိုင်း တရုတ်ဆန့်ကျင်ရေးစိတ်ဓာတ်များ မြင့်မားလာခြင်းတို့ကြောင့် ဘေဂျင်း၏ စိုးရိမ်ပူပန်မှုများ ပိုမိုမြင့်မားလာသည်။
စစ်ကောင်စီနှင့် ခုခံရေးအင်အားစုများအကြား တွေ့ဆုံဆွေးနွေးရန် တရုတ်နိုင်ငံက တောင်းဆိုသော်လည်း ၎င်း၏အစဉ်အလာ ဝင်ရောက် မစွက်ဖက်ရေးမူကို ကိုးကားပြီး ဗိုလ်ချုပ်များကို ဖိအားပေးခြင်းမရှိပေ။
ထိုသို့သော သဘောထားသည် ဂျပန်၊ တောင်ကိုရီးယား၊ အနောက်နိုင်ငံများနှင့်မတူသည့် သဘောထားဖြစ်သည်။ ထိုအချက်က တရုတ်သည် အာဏာသိမ်းမှု အစောပိုင်းကာလကပင် ခုခံရေးလှုပ်ရှားမှုကို အယုံအကြည် မရှိကြောင်း ပြသနေသည်။
အာဏာသိမ်းပြီးချိန်က စတင်ပြီး မြန်မာရှိ တရုတ်အရာရှိများနှင့် စီးပွားရေးလော်ဘီအုပ်စုများသည် စစ်ကောင်စီအရာရှိများနှင့် လူသိရှင်ကြား ထိတွေ့ဆက်ဆံပြီး စီးပွားရေးအခွင့်အလမ်းများကို မြှင့်တင်ကြသည်။
အာဏာသိမ်းပြီးချိန်က စတင်ပြီး မြန်မာရှိ တရုတ်အရာရှိများနှင့် စီးပွားရေးလော်ဘီအုပ်စုများသည် စစ်ကောင်စီအရာရှိများနှင့် လူသိရှင်ကြား ထိတွေ့ဆက်ဆံပြီး စီးပွားရေးအခွင့်အလမ်းများကို မြှင့်တင်ကြသည်။ ၂၀၀၀ ပြည့်နှစ်များ အစောပိုင်းမှစတင်ပြီး မြန်မာသည် အရှေ့တောင်အာရှ အိမ်နီးချင်းများနှင့် ရင်ဘောင်တန်းနိုင်ရန်အတွက် ရေငုပ်သင်္ဘောအုပ်စုတစု ဝယ်ယူရန် ကြိုးစားနေသော်လည်း စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်များနှင့် ဥရောပသမဂ္ဂက ချမှတ်ထားသည့် အရေးယူပိတ်ဆို့မှုများကြောင့် ရွေးချယ်စရာ များများစားစား မရှိပေ။
သို့သော် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလတွင် တရုတ်နိုင်ငံသည် ပြန်လည်ပြုပြင်ထားသည့် မင်အတန်းအစား ရေငုပ် သင်္ဘောတစီးကို စစ်ကောင်စီသို့ လွှဲပြောင်းပေးပြီး စစ်ကောင်စီက ထိုရေငုပ်သင်္ဘောကို ယူအမ်အက်စ် မင်းရဲကျော်ထင် (UMS Minye Kyaw Htin) အဖြစ် အမည်ပြောင်းကာ မြန်မာသည် အရှေ့တောင်အာရှတွင် တရုတ်လုပ်ရေငုပ်သင်္ဘော ရရှိသည့် ပထမဆုံး နိုင်ငံဖြစ်လာသည်။
ရုရှားနှင့်အတူ တရုတ်နိုင်ငံသည်လည်း စစ်ကောင်စီသို့ တိုက်လေယာဉ်များနှင့် သံချပ်ကာယာဉ်များ ရောင်းချသည်။ တရုတ်နိုင်ငံသည် ယေဘုယျအားဖြင့် ၎င်း၏ ကျဉ်းမြောင်းသော အကျိုးစီးပွားကိုသာ ရှေ့တန်းတင်သည့် လွတ်လပ်သော ငြိမ်းချမ်းရေးနိုင်ငံခြားရေးမူဝါဒ ဆိုသည့်မူကိုသာ ဆက်လက် ကျင့်သုံးနေပြီး မြန်မာလူ့အခွင့်အရေး မှတ်တမ်းဖြစ်စေ အခြားပြည်တွင်း အငြင်းပွားမှုများကို ထည့်သွင်းစဉ်းစားခြင်း မရှိပေ။
ထို့အပြင် စစ်ကောင်စီသည် ဧရာဝတီတိုင်း မီးလင်းချိုင့်တွင် အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံတန်သည့် တရုတ်ငွေကြေးဖြင့် တည်ဆောက်သော သဘာဝဓာတ်ငွေ့ရည်မှ လျှပ်စစ်ဓာတ်အား ထုတ်သည့်စက်ရုံကိုလည်း အတည်ပြုထားပေးသည်။
စစ်ကောင်စီသည် CMEC အတွက် အရေးပါသည့် ကော်မတီ သုံးခုကိုလည်း ပြန်လည်ဖွဲ့စည်းပြီး ယခင်လူများနေရာတွင် ၎င်းတို့ခန့်အပ်သူများကို အစားထိုးသည်။ ကချင်နှင့် ရှမ်းပြည်နယ်များမှ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဇုန်များနှင့် ရခိုင်ပြည်နယ်မှ အထူးစီးပွားရေးဇုန်တခုတို့သည် ယူနန်ပြည်နယ်မှ ရန်ကုန်၊ မန္တလေးနှင့် အိန္ဒိယသမုဒ္ဒရာကို ရခိုင်ပြည်နယ်မှ ဆက်သွယ်သည့် စင်္ကြံ၏ အစိတ်အပိုင်းဖြစ်သည်။
တရုတ်နိုင်ငံသည် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း ၂၁ ခုအတွက် မြန်မာသို့ အမေရိကန်ဒေါ်လာ ၆ ဒသမ ၁ သန်းပေးရန်လည်း သဘောတူ လက်မှတ်ရေးထိုးထားသည်။ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလက ကုန်ဆုံးသော ဘဏ္ဍာရေးနှစ်အတွင်း မြန်မာ့စီးပွားရေးသည် ခန့်မှန်းခြေ ၁၈ ရာခိုင်နှုန်း ကျုံ့သွားသည်။ ပြည်ပကုမ္ပဏီ အများစုသည် နိုင်ငံမှထွက်ခွာနေသောကြောင့် တရုတ်၏ ရင်းနှီးမြှုပ်နှံမှုသည် စစ်ကောင်စီကို တရားဝင်မှုသဘောမျိုး ပေးနိုင်သည်။
အခြေအနေ မည်သို့ ပြောင်းလဲနေသည်ဖြစ်စေ စစ်ကောင်စီနှင့်တရုတ် ထိတွေ့ဆက်ဆံခြင်းသည် တရုတ်၏ နိုင်ငံတကာ ဂုဏ်သတင်းကို ပြင်းထန်စွာ ထိခိုက်စေမည်ဖြစ်ကြောင်း စင်ပြိုင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က သတိပေးထားသည်။
အခြေအနေ မည်သို့ ပြောင်းလဲနေသည်ဖြစ်စေ စစ်ကောင်စီနှင့်တရုတ် ထိတွေ့ဆက်ဆံခြင်းသည် တရုတ်၏ နိုင်ငံတကာ ဂုဏ်သတင်းကို ပြင်းထန်စွာ ထိခိုက်စေမည်ဖြစ်ကြောင်း စင်ပြိုင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က သတိပေးထားသည်။
NUG က ၎င်းတို့သည် တရုတ်နှင့် ဆက်ဆံရေးကောင်းမွန်ရေးကို အလေးထားကြောင်း ပြောသော်လည်း NUG ကို တရားဝင် မြန်မာအစိုးရအဖြစ် လက်ခံသည် ဆိုသည့် အခြေခံပေါ်တွင်သာ ထိုကိစ္စအောင်မြင်မည်ဖြစ်ကြောင်း ပြောသည်။
“လူမျိုးတုံးသတ်ဖြတ်သော တရားမဝင် စစ်ကောင်စီနှင့် ဘုံအနာဂတ်တူ လူမှုအသိုက်အဝန်း တည်ဆောက်ရန် မည်သည့် အားထုတ်မှုမဆိုသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ နိုင်ငံတကာ ဂုဏ်သတင်းကို ပြင်းထန်စွာ ထိခိုက်စေမည့် အန္တရာယ်ရှိသည်” ဟု NUG က ကြေညာသည်။
“အလားတူ အရေးကြီးသောအချက်မှာ မြန်မာပြည်သူများသည် တရားမဝင် စစ်ကောင်စီနှင့် ထိုကဲ့သို့သော ပူးပေါင်းဆောင်ရွက်မှု ထူထောင်ရန် ပြည်ပအစိုးရများ၏ မည်သည့်အားထုတ်မှုကိုမဆို အခိုင်အမာ ပယ်ချမည်ဖြစ်သည်” ဟုလည်း NUG က ဖော်ပြသည်။
မြန်မာနှင့်ကောင်းမွန်သော ဆက်ဆံရေးတည်ဆောက်ရန် တရုတ်နိုင်ငံအတွက် အကောင်းဆုံး နည်းလမ်းမှာ အကြမ်းဖက်မှုများ ရပ်ရန်၊ အရပ်သားအုပ်ချုပ်ရေး ပြန်လည်ထားရှိရန်နှင့် မြန်မာပြည်သူများ ခံစားနေရသည့် ဒုက္ခများ အဆုံးသတ်ရေးအတွက် လူသားချင်းစာနာမှု အကူအညီများ ပေးပို့ရေးအတွက် NUG နှင့် အမျိုးမျိုးသော တိုင်းရင်းသားများနှင့်အတူ လုပ်ဆောင်ရေးအတွက် စစ်ကောင်စီကို ချက်ချင်း တွန်းအားပေးခြင်းသာ ဖြစ်သည်ဟုလည်း NUG က ဆက်လက်ဖော်ပြသည်။
NUG က ၎င်းတို့သည် ထိုသို့သော ဆက်ဆံရေးထိခိုက်မှုကို ပြုပြင်ရေးနှင့် အနာဂတ်တွင် ပေါက်ဖော် ဆက်ဆံရေးသစ် တည်ဆောက်ရေးအတွက် တရုတ်နိုင်ငံအစိုးရနှင့် လုပ်ကိုင်ရန် အသင့်ရှိကြောင်းလည်း ဖော်ပြခဲ့သည်။
NUG သည် ပြည်ပအစိုးရများ၏ တရားဝင် အသိအမှတ်ပြုမှု ရရှိအောင် ကြိုးစားနေပြီး အမေရိကန်ပြည်ထောင်စု ကဲ့သို့သော အချို့အနောက်နိုင်ငံ အစိုးရများနှင့် အလွတ်သဘော အဆက်အသွယ်ရှိနေသည်။
တချိန်တည်းတွင် တရုတ်နှင့် အနောက်နိုင်ငံအစိုးရများသည် NUG နှင့် ထိတွေ့ဆက်ဆံရန် ငြင်းဆန်နေသည်။ NUG သည် ပြည်ပအစိုးရများ၏ တရားဝင် အသိအမှတ်ပြုမှု ရရှိအောင် ကြိုးစားနေပြီး အမေရိကန်ပြည်ထောင်စု ကဲ့သို့သော အချို့အနောက်နိုင်ငံ အစိုးရများနှင့် အလွတ်သဘော အဆက်အသွယ်ရှိနေသည်။
NUG သည် ကုမ္ပဏီများနှင့် စစ်ကောင်စီပိုင်လုပ်ငန်းများ အဆက်အသွယ် ဖြတ်တောက်ရန် ဖိအားပေးခြင်းနှင့် အချို့တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း (EAOs) များနှင့် မဟာမိတ်ဖွဲ့ခြင်းဖြင့် လူထုအာဏာဖီဆန်ရေး လှုပ်ရှားမှုကို ထောက်ခံခြင်းတို့မှတဆင့် စစ်ကောင်စီယန္တရားကို ဖျက်ဆီးပြီး စစ်ကောင်စီကို စိန်ခေါ်သည်။ တပြိုင်နက်တည်းတွင်ပင် NUG ၏ လက်နက်ကိုင်အဖွဲ့ဖြစ်သော ပြည်သူ့ကာကွယ်ရေး အင်အားစု (PDF) များကလည်း စစ်တပ်ပစ်မှတ်များနှင့် စစ်ကောင်စီ အရာရှိများကို ပစ်မှတ်ထား တိုက်ခိုက်နေသည်။
အာဏာသိမ်းမှုက တရုတ်ကို မြန်မာတွင် ပါဝင်ပတ်သက်မှု လမ်းဖွင့်လိုက်သော်လည်း ထိုသို့လုပ်ခြင်းသည် အရှေ့တောင်အာရှတွင် အိန္ဒိယ၏ စီးပွားရေးနှင့် လုံခြုံရေး အကျိုးစီးပွားကို အကြီးအကျယ် ထိခိုက်စေသည်။ မြန်မာမှ ဘက်စုံပြည်တွင်းစစ်သည် အိန္ဒိယ၏ မြန်မာမှ စီးပွားရေးနှင့် သယ်ယူပို့ဆောင်ရေး စီမံကိန်းများ တိုးတက်မှုကို လုံးဝနီးပါး အတားအဆီး ဖြစ်စေသည်။ ထိုစီမံကိန်းများသည် အိန္ဒိယ၏ အရှေ့ဘက်သို့ မျက်နှာမူလုပ်ဆောင်ရေး မူဝါဒတွက် အရေးပါသော စီမံကိန်းများ ဖြစ်သည်။ ထို့အပြင် စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးအင်အားစု PDFs များအကြား တိုက်ပွဲများသည် အိန္ဒိယနယ်စပ် မြန်မာနိုင်ငံအနောက်ပိုင်းနှင့် အနောက်မြောက်ပိုင်းများတွင်လည်း ပဋိပက္ခကို ပိုမိုပြင်းထန်စေသည်။
ပထဝီအနေအထားသည် NUG အနေဖြင့် တရုတ်နှင့် စစ်ကောင်စီ ထိတွေ့ဆက်ဆံရေးကို မည်မျှအထိ တားဆီးနိုင်သည်နှင့် ပတ်သက်သည့် အကန့်အသတ်များကို ဖြစ်ပေါ်စေသည်။ ဘေဂျင်း ကျောထောက်နောက်ခံပြု အခြေခံ အဆောက်အအုံ စီမံကိန်းများအား ပြင်းထန်းသော တိုက်ခိုက်မှု မဖြစ်စေရန် NUG ကို တွန်းအားရှိနေဆဲဖြစ်သည်။
ဘေဂျင်းသည် NLD ကို ထောက်ခံခြင်းနှင့် စစ်ကောင်စီကို ဖြုတ်ချရန် ကြိုးစားပြီး အခြေအနေကို ပြောင်းလဲပစ်ချင်သည့် NUG ကို ထောက်ခံခြင်းတို့အား သီးခြားစီ မြင်သည်။ NUG ကို ယခင် NLD ဝန်ကြီးများနှင့် အဖွဲ့ဝင်များနှင့် ဖွဲ့စည်းထားသော်လည်း တရုတ်က ထိုအဖွဲ့သည် မတည်ငြိမ်မှုဖြစ်စေသည့် အင်အားစုအဖြစ် မြင်သည်။
ဘေဂျင်းသည် NLD ကို ထောက်ခံခြင်းနှင့် စစ်ကောင်စီကို ဖြုတ်ချရန် ကြိုးစားပြီး အခြေအနေကို ပြောင်းလဲပစ်ချင်သည့် NUG ကို ထောက်ခံခြင်းတို့အား သီးခြားစီ မြင်သည်။ NUG ကို ယခင် NLD ဝန်ကြီးများနှင့် အဖွဲ့ဝင်များနှင့် ဖွဲ့စည်းထားသော်လည်း တရုတ်က ထိုအဖွဲ့သည် မတည်ငြိမ်မှုဖြစ်စေသည့် အင်အားစုအဖြစ် မြင်သည်။
စစ်ကောင်စီသည် နောက်ဆုံးတွင် မြန်မာနိုင်ငံကို ထိရောက်စွာ ထိန်းချုပ်နိုင်မည်ဆိုသည့် ယူဆချက်ကို အခြေခံကာ ဘေဂျင်းက လုပ်ကိုင်ဆောင်ရွက်နေပြီး ထို့ကြောင့်ပင် စစ်ကောင်စီကို တရားမဝင်သော်လည်း လက်တွေ့ကျသည့် အသိအမှတ်ပြုမှုပေးရန် လုပ်ဆောင်နေသည်။
တရုတ်သည် မြန်မာတွင် မည်သည့် ပြောင်းလဲမှုမျှ မရှိဆိုသည့် သဘောထားကို အခိုင်အမာ ပြန်လည် လက်ခံပြီး စစ်ကောင်စီအနေဖြင့် တရုတ်ကို ကျေးဇူးတင်စေရန် ထောက်ခံမှု မြှင့်တင်လိုက်သည်။ ထိုသို့ လုပ်ဆောင်ခြင်းသည် မြန်မာ၏ သဘာဝ သယံဇာတများနှင့် ပထဝီသေနင်္ဂဗျူဟာကျသည့် တည်နေရာမှ အကျိုးအမြတ်များကို တရုတ်က ပိုမိုရရှိစေနိုင်မည်ဖြစ်သည်။
သို့သော် ရက်စက်ကြမ်းကြုတ် ပဒေသရာဇ်ဆန်သည့် စစ်ကောင်စီကို တရုတ်၏ မျက်ကန်း ထောက်ခံမှုသည် မြန်မာနိုင်ငံအခြေအနေကို ပိုမိုဆိုးရွားစေမည်သာ ဖြစ်သည်။ ဘေဂျင်း၏ ဩဇာချဲ့သည့် ရည်မှန်းချက်သည် အပြစ်မဲ့ မြန်မာပြည်သူများနှင့် ၎င်းတို့၏ ဒီမိုကရေစီ ရည်မှန်းချက်များအတွက် လွန်စွာ အန္တရာယ်များကြောင်း တွေ့ရမည်ဖြစ်သည်။
(ဧရာဝတီ မီဒီယာ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသော ရန်နိုင်၏ China Happy to Support Myanmar’s Bloodthirsty Pariah Regime ကို ဘာသာပြန် ဖော်ပြသည်။ ရန်နိုင်သည် တရုတ်-မြန်မာရေးရာ နိုင်ငံရေးသုတေသီ တဦး၏ ကလောင်အမည်ဖြစ်သည်။)
You may also like these stories:
အရှေ့တောင်အာရှသားတွေကို သွေးစုပ်နေတဲ့ တရုတ်လူဆိုးဂိုဏ်းများ
မြန်မာ့ဒုက္ခပင်လယ်တွင် ငါးရှာထွက်သော တရုတ်နဂါး
တရုတ်ပိုင် ငှက်ပျောစိုက်ခင်းများက မြန်မာနှင့် လာအိုကို ဂုတ်သွေးစုပ်
တရုတ်စီမံကိန်းကြောင့် လယ်သမားများ မြေယာမဲ့ကိန်းဆိုက်
အိန္ဒိယသမုဒ္ဒရာကို တရုတ်ထိန်းချုပ်ရေးတွင် မြန်မာဆိပ်ကမ်းများ အရေးပါ