စင်ကာပူတွင် ကျင်းပခဲ့သည့် နှစ်ပတ်လည် ရှန်ဂရီလာ ဆွေးနွေးပွဲ (SLD) ၌ ပြောခဲ့ကြများထက် မိမိတို့ခေတ်၏ ကမ္ဘာ့ရေးရာများကို ပိုမို ကြိုတင်ဟောကိန်း မထုတ်နိုင်သလောက်ပင် ဖြစ်သည်။
ကပ်ရောဂါကြောင့် ၂ နှစ်ကြာ တုံ့ဆိုင်းနေပြီးနောက် နောက်ဆုံး ကျင်းပခဲ့သော SLD တွင် အမေရိကန် ပြည်ထောင်စုနှင့် တရုတ်နိုင်ငံအကြား အားပြိုင်မှု၊ စစ်ဘက်ခေတ်မီရေးမှသည် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ရာသီဥတု ပြောင်းလဲမှုအထိ အပါအဝင် ကမ္ဘာ့ဇာတ်ခုံမှ အကြောင်းအရာစုံ ပါဝင်သည်။ တခုတည်းသော ပုံမှန်မဟုတ်ဘဲ သေးငယ်သည့် နိုင်ငံတခုနှင့်ပတ်သက်ပြီး အထူးဆွေးနွေးကျင်းပသည့် ကိစ္စမှာ မြန်မာကိစ္စသာ ဖြစ်သည်။
မြန်မာကိစ္စကို ထည့်သွင်းဆွေးနွေးရသည့် အဓိက အကြောင်းရင်းမှာ မြန်မာနိုင်ငံတွင် အလွန်အကျွံ မှားယွင်းနေသောကြောင့် ဖြစ်သည်။ မြန်မာသည် အဆင့် ၄ ခုရှိသည့် ပဟေဠိ ဖြစ်သည်။
မြန်မာကိစ္စကို ထည့်သွင်းဆွေးနွေးရသည့် အဓိက အကြောင်းရင်းမှာ မြန်မာနိုင်ငံတွင် အလွန်အကျွံ မှားယွင်းနေသောကြောင့် ဖြစ်သည်။ မြန်မာသည် အဆင့် ၄ ခုရှိသည့် ပဟေဠိ ဖြစ်သည်။
ပထမအချက်မှာ မြန်မာတွင် စစ်အုပ်စု အာဏာသိမ်းပြီး နိုင်ငံရေးလွတ်လပ်ခွင့်၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် တိုးတက်မှုများကို ဖြတ်တောက်လိုက်ပြီးနောက် ပြင်းထန်သော ပြည်တွင်းစစ် ဖြစ်နေခြင်းပင်။ မြန်မာစစ်အုပ်စုကို ယခင်က ဂုဏ်သိက္ခာရှိသော အမည်ဖြစ်သော တပ်မတော်ဟု ခေါ်ဝေါ်ခဲ့သော်လည်း ယခုအခါ ကိုယ့်ပြည်သူကိုယ် စိတ်တိုင်းကျသတ်နေသည့် ဖိနှိပ်သော စစ်တပ်ဟုသာ ပြည်သူများက ခေါ်ဝေါ်တော့သည်။
ဒုတိယအချက်မှာ မြန်မာသည် ပြည်တွင်းဖရိုဖရဲ အခြေအနေများအပြင် အရှေ့တောင်အာရှ နိုင်ငံများအသင်း (ASEAN) တွင် ပြဿနာထူပြီး အငြင်းပွားစရာဖြစ်နေခြင်း ဖြစ်သည်။ မြန်မာတွင် စင်ပြိုင်ဖြစ်နေသော အစိုးရနှစ်ခု အမှန်တကယ်ရှိနေသောကြောင့် မြန်မာ၏ ဒေသတွင်းနှင့် နိုင်ငံတကာ အစည်းအဝေးများတွင် ကိုယ်စားပြုမှုသည် အလွန်ပြဿနာများနေသည်။
တခုမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အစီရင်ခံသည့် စစ်ကောင်စီဖြစ်ပြီး အခြားတခုမှာ အရပ်သားဦးဆောင်သည့် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ဖြစ်သည်။ အမျိုးသားညီညွတ်ရေး အစိုးရသည် ပြည်သူ့ကာကွယ်ရေးတပ်များ (PDFs) အပါအဝင်ဖြစ်သော စစ်တပ်ဆန့်ကျင်ရေး အတိုက်အခံများ၊ လူထုအာဏာဖီဆန်ရေး လှုပ်ရှားမှုနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ မဟာမိတ် ဖြစ်သည်။
ASEAN သည် အဖွဲ့ဝင် ၁၀ နိုင်ငံရှိသော်လည်း လွန်ခဲ့သောနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အာဏာသိမ်းပြီးချိန်မှ စတင်ပြီး အဖွဲ့ဝင် ၉ ဦးသာ ကျန်တော့သကဲ့သို့ ဖြစ်နေသည်။ အဓိက အဖွဲ့ဝင်နိုင်ငံများက မြန်မာကို စစ်ကောင်စီ ကိုယ်စားပြုပါက သပိတ်မှောက်ရန် သို့မဟုတ် သပိတ်မှောက်ရန် ခြိမ်းခြောက်နေသောကြောင့် ဖြစ်သည်။
နိုင်ငံတကာ အရေးယူပိတ်ဆို့မှုများသည်လည်း စစ်ဗိုလ်များနှင့် ၎င်းတို့၏ မိသားစုများ အပေါ် စုပုံကျရောက်နေချိန်တွင် မြန်မာကို အကျပ်အတည်းမှ ထွက်ပေါက်ရှာပေးမည့် ASEAN ၏ ဘုံသဘောတူညီချက် ၅ ချက်မှာ ပြဿနာအများအပြားနှင့် ရင်ဆိုင်နေရသည်။
နိုင်ငံတကာ အရေးယူပိတ်ဆို့မှုများသည်လည်း စစ်ဗိုလ်များနှင့် ၎င်းတို့၏ မိသားစုများ အပေါ် စုပုံကျရောက်နေချိန်တွင် မြန်မာကို အကျပ်အတည်းမှ ထွက်ပေါက်ရှာပေးမည့် ASEAN ၏ ဘုံသဘောတူညီချက် ၅ ချက်မှာ ပြဿနာအများအပြားနှင့် ရင်ဆိုင်နေရသည်။
တတိယအချက်မှာ မြန်မာနိုင်ငံသည် နိုင်ငံတကာ အသိုက်အဝန်းအတွက် ဆူးတချောင်းဖြစ်နေသည်။ ကုလသမဂ္ဂနှင့် အမေရိကန် ပြည်ထောင်စု၊ ဗြိတိန်နှင့် ဥရောပသမဂ္ဂနိုင်ငံများဖြစ်သော အရေးပါသည့် နိုင်ငံများက ဒီမိုကရေစီလမ်းကြောင်းသို့ ပြန်သွားရန်နှင့် ခေါင်းဆောင်ဟောင်း ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများကို ပြန်လွှတ်ပေးရန် တောင်းဆိုနေသည်။
နောက်ဆုံးအချက်မှာ မြန်မာ့အရေးတွင် ပတ်သက်နေသူများသည် နိုင်ငံတော်များ၊ အစိုးရများသာ မကပေ။ နိုင်ငံတကာ လူမှုအသိုက်အဝန်းကလည်း မြန်မာ ပြဇာတ်ရှည်ကြီးကို စိတ်ဝင်တစား စောင့်ကြည့်နေသည်။ သတင်းခေါင်းစဉ်များသာမက လွတ်လပ်ပွင့်လင်းမှုသို့ မြန်မာ၏ ခရီးရှည်ကြီးနှင့် ကံဆိုးမိုးမှောင်ကျမှုအကြောင်း ဟောလိဝုဒ် ရုပ်ရှင်များသည်ပင် ကမ္ဘာ့ပရိသတ်ကို ဖမ်းစားနေသည်။
မြေပြင်တွင် လွန်စွာမရေမရာဖြစ်နေပြီး တိုးတက်မှု မရှိသလောက်ဖြစ်နေသောကြောင့် ရှေ့ဆက်ရမည့်လမ်းကို အပြင်းအထန် ရှာဖွေနေကြသည်။ ထို့ကြောင့်ပင် SLD ဆွေးနွေးပွဲကို ရှေ့ဆက်ရမည့်လမ်းဟု ခေါင်းစဉ်တပ်ထားသည်။
ASEAN အရာရှိများ၊ ကုလသမဂ္ဂနှင့် အဓိကကျသော ကိုယ်စားလှယ်များအပြင် ထိုင်းနိုင်ငံသည် မြန်မာ့အရေးတွင် အဓိကကျသော တွန်းအားပေးနိုင်သည့် နိုင်ငံအဖြစ် မြင်ခဲ့ကြသည်မှာ ကာလကြာမြင့်ပြီဖြစ်သည်။ ကိုယ်တိုင်လည်း ဗိုလ်ချုပ်ကြီးဖြစ်ပြီး အာဏာသိမ်းခဲ့သည့် ဝန်ကြီးချုပ် မစ္စတာ ပရာယွတ် ချန်အိုချာအောက်တွင် ထိုင်းအစိုးရသည် အိမ်နီးချင်းမြန်မာနှင့် ပတ်သက်ပြီး လွန်စွာ အချိန်ဆွဲနေပုံရသည်။
အိမ်နီးချင်း လေးနိုင်ငံအနက် မြန်မာသည် ထိုင်းနှင့် နယ်နိမိတ်ချင်းထိစပ်မှု အရှည်လျားဆုံးဖြစ်ပြီး ရွှေ့ပြောင်းလုပ်သား၊ လူကုန်ကူးမှုနှင့် မူးယစ်မှောင်ခိုကဲ့သို့သော ဘုံပြဿနာနှင့် စိန်ခေါ်မှုများကိုလည်း ရင်ဆိုင်နေရသည်။
အိမ်နီးချင်း လေးနိုင်ငံအနက် မြန်မာသည် ထိုင်းနှင့် နယ်နိမိတ်ချင်းထိစပ်မှု အရှည်လျားဆုံးဖြစ်ပြီး ရွှေ့ပြောင်းလုပ်သား၊ လူကုန်ကူးမှုနှင့် မူးယစ်မှောင်ခိုကဲ့သို့သော ဘုံပြဿနာနှင့် စိန်ခေါ်မှုများကိုလည်း ရင်ဆိုင်နေရသည်။
ထို့ကြောင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဒွန် ပရာမွတ်ဝီနိုင်က မစ္စ ပွန်ပီမိုလ် ကန်ချနာလက်ကို မြန်မာဆိုင်ရာ အထူးသံတမန်အဖြစ် မကြာသေးမီက ခန့်အပ်လိုက်သောအခါ ထိုလုပ်ရပ်သည် မြန်မာ့အရေး လေ့လာသူများအကြား စူးစမ်းစရာဖြစ်သွားပြီး ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနသည် ထူးခြားသော အပြောင်းအလဲတခု လုပ်ရန် အစီအစဉ်ရှိကောင်းရှိနိုင်သည်ဟု မျှော်လင့်လာကြသည်။
မစ္စ ပွန်ပီမိုလ်သည် မဲဆွယ်ပွဲအတွက် တရားမဝင်လှူဒါန်းမှု ပြုလုပ်သောကြောင့် အမေရိကန်အစိုးရက ၁၉၉၀ ပြည့်နှစ်များနှောင်းပိုင်းတွင် တရားစွဲ ပြစ်ဒဏ်ချမှတ်ခဲ့ဖူးသည်ကိုပင် မည်သို့မျှ သဘောမထားကြတော့ပေ။
ဝန်ကြီးချုပ် ပရာယွတ်အစိုးရ အဖွဲ့ဝင်တဦးသည် မူးယစ်မှောင်ခိုမှုတွင် ပါဝင်ပတ်ပြီး သြစတြေးလျတွင် စီရင်ထောင်ချခံရသောကြောင့် မစ္စ ပွန်ပီမိုလ်ကိစ္စသည် သိပ်ကြီးကြီကျယ်ကျယ် မဟုတ်သကဲ့သို့ ဖြစ်နေသည်။ ထိုသို့သောအမှုများသည် ထိုင်းနိုင်ငံပိုင်နက်တွင် ဖြစ်ပွားခဲ့ခြင်း မဟုတ်သောကြောင့် အစိုးရ ရာထူး အရည်အချင်းနှင့် မဆိုင်ဟု ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေ တရားရုံးက ဆုံးဖြတ်သည်။
မစ္စ ပွန်ပီမိုလ်ကို အထူးသံတမန်အဖြစ် ခန့်အပ်ခြင်းသည် မြန်မာတွင် ယခု မိမိတို့မြင်တွေ့နေရသည့် အကျပ်အတည်းတွင် စိတ်ဝင်စားစရာ တစုံတရာထူးခြားအောင် လုပ်နိုင်သည်ဆိုလျှင် လက်ခံနိုင်ဖွယ် ရှိသည်ဟုသာ ဆိုရမည်။
မစ္စ ပွန်ပီမိုလ်ကို အထူးသံတမန်အဖြစ် ခန့်အပ်ခြင်းသည် မြန်မာတွင် ယခု မိမိတို့မြင်တွေ့နေရသည့် အကျပ်အတည်းတွင် စိတ်ဝင်စားစရာ တစုံတရာထူးခြားအောင် လုပ်နိုင်သည်ဆိုလျှင် လက်ခံနိုင်ဖွယ် ရှိသည်ဟုသာ ဆိုရမည်။
ထိုင်းနိုင်ငံခြားရေးမူဝါဒ ချမှတ်သည့် စနစ်တွင် ဦးဆောင်လှုပ်ရှားသူများနှင့် ဆက်သွယ်ရမည့်သူများကို ထုံးစံအားဖြင့် လူသိရှင်ကြား ထုတ်ဖော်ပြောဆိုလေ့ မရှိသောကြောင့် မူဝါဒဆိုင်ရာ ပြဿနာများတွင် အထူးသံတမန်ကို တရားဝင် လူသိရှင်ကြားခန့်ထားခြင်းသည် ထုံးစံမဟုတ်ပေ။
ထိုင်းဝန်ကြီးများသည် အမည်ဆိုးကျော်ကြားလောက်အောင် အထိမခံကြဘဲ ကိုယ့်အလုပ်ကိုကိုယ် ကာကွယ်ကြသည်။ အထူးသံတမန်တဦးကို လူသိရှင်ကြား ခန့်အပ်လိုက်ခြင်းသည် ဝန်ကြီးထက် ပိုမိုကောင်းမွန်စွာ လုပ်ကိုင်ပြီး ဝန်ကြီး၏ အဆင့်အတန်းကို ထိခိုက်စေသည်။ သို့သော် နိုင်ငံခြားရေးဝန်ကြီးတွင် အကြောင်းရင်းကောင်းများ ရှိရမည်ဖြစ်သည်။
SLD တွင် ထိုအထူးသံတမန်၏ ပြောကြားချက်အရ ထိုင်းသည် မြန်မာအပေါ် မည်သည့်သဘောထားသစ်မျှ မရှိကြောင်း အထင်အရှားပြနေသည်။ လက်တွေ့တွင် ထိုင်းနိုင်ငံ၏ သဘောထားမှာ ၁၉၉၀ ပြည့်နှစ်များက အပြုသဘော ထိတွေ့ဆက်ဆံရေး အဟောင်းမျှသာဖြစ်ပြီး မြန်မာစစ်ကောင်စီကို ချော့မော့ကာ အခြေအနေကို ထိန်းချုပ်ခွင့်ပေးပြီး အပေါ်ယံ အမြင်လှစေခဲ့သည်။
ထိုင်းအထူးသံတမန်သည် ၂၀၂၃ ခုနှစ်၊ သြဂုတ်လတွင် ရွေးကောက်ပွဲကျင်းပမည်ဆိုသည့် စစ်ကောင်စီ၏ ကတိကို အသိအမှတ်ပြုလိုက်ခြင်းဖြင့် လွန်စွာ အလျှော့ပေးလိုက်ရပြီ ဖြစ်သည်။
ထိုင်းအထူးသံတမန်သည် ၂၀၂၃ ခုနှစ်၊ သြဂုတ်လတွင် ရွေးကောက်ပွဲကျင်းပမည်ဆိုသည့် စစ်ကောင်စီ၏ ကတိကို အသိအမှတ်ပြုလိုက်ခြင်းဖြင့် လွန်စွာ အလျှော့ပေးလိုက်ရပြီ ဖြစ်သည်။ ကျင်းပခဲ့လျှင်ပင် ထိုရွေးကောက်ပွဲများသည် လွန်စွာ အပြစ်အနာအဆာများပြီး စစ်ကောင်စီသည် ပြည်သူများ၏ ပုန်ကန်မှုများကို တနိုင်ငံလုံးတွင် ရင်ဆိုင်နေရသောကြောင့် တရားဝင်မှု ကင်းမဲ့ခြင်းဖြင့်သာ ပတ်ချာလည်နေမည်ဖြစ်သည်။
၁၉၉၀ ပြည့်နှစ်များနှင့် ယနေ့အချိန်အကြား လွန်စွာကွဲပြားခြားနားသော အချက်မှာ မြန်မာပြည်သူများသည် ခေါင်းငုံ့မခံတော့ဘဲ မြို့နယ်တိုင်းမှ ပြောက်ကျားပုံစံ စစ်တွင် စစ်ကောင်စီယူနီဖောင်းဝတ်များကို တဖြည်းဖြည်း အောင်ပွဲခံနေသည်ဆိုသည့် အချက်ဖြစ်သည်။
ထိုင်းနိုင်ငံထံမှ လိုအပ်နေသည်မှာ ပိုမိုဖိအားပေးရေးသာမက ပြဿနာကို ပြေလည်အောင် ဖြေရှင်းရေးလည်း ဖြစ်သည်။ ထိုင်းနိုင်ငံသည် မလေးရှားနိုင်ငံနှင့် အခြား ASEAN အဖွဲ့ဝင်အချို့ကဲ့သို့ပင် အမျိုးသားညီညွတ်ရေး အစိုးရနှင့် ထိတွေ့ဆက်ဆံရန် လိုအပ်သည်။
ဥရောပသမဂ္ဂ၊ အမေရိကန် ပြည်ထောင်စုနှင့် ဗြိတိန်တို့သာမက ပိုမိုများပြားလာသော အစိုးရများသည် အမျိုးသားညီညွတ်ရေးအစိုးရ၏ အခန်းကဏ္ဍကို အသိအမှတ်ပြုလာချိန်တွင် ထိုင်းနိုင်ငံသည် အကျပ်အတည်းတွေ့ပြီး နောက်ကျကျန်ရစ်မည့် အန္တရာယ်ရှိနေသည်။
တချိန်တည်းတွင် စစ်ကောင်စီ (ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင်မဟုတ်) ကိုလည်း ၎င်းတို့သည် ဆွေးနွေးညှိနှိုင်းရေးစားပွဲတွင် ညီမျှခြင်း၏ တပိုင်းဖြစ်ကြောင်း အာမခံရမည်။ ထိုင်းနိုင်ငံသည် ပိုမိုများပြားသော နယ်စပ်ဖြတ်ကျော် အကူအညီပေးရေး အေဂျင်စီများကို အဆင်ပြေအောင် လုပ်ပေးနိုင်သကဲ့သို့ မြန်မာမှ ထွက်ပြေးလာသော စစ်ဘေးရှောင်များအတွက် ခိုလှုံရာလည်း ဖြစ်သည်။
မြန်မာစစ်အာဏာသိမ်းမှုကို ပြန်ဖျက်မရတော့ကြောင်း ထိုင်းအထူးသံတမန်က ပြောကြားခြင်းသည် မှန်သော်လည်း အာဏာမသိမ်းမီက ဒီမိုကရေစီလုပ်ငန်းစဉ်သို့ ပြန်သွားရေးနှင့် စစ်ဘက်နှင့် အရပ်ဘက် အာဏာချောမွေ့စွာ ခွဲဝေနိုင်ရေးတို့ကို အောင်မြင်အောင် လုပ်ကိုင်ရမည်ဖြစ်ပြီး ထိုအချက်များကို ရည်မှန်းချက်ပန်းတိုင်များအဖြစ် သတ်မှတ်သင့်သည်။ ချော့မော့ကျေအေးရန် အထူးသံတမန်မလိုအပ်ပေ။
မြန်မာစစ်အာဏာသိမ်းမှုကို ပြန်ဖျက်မရတော့ကြောင်း ထိုင်းအထူးသံတမန်က ပြောကြားခြင်းသည် မှန်သော်လည်း အာဏာမသိမ်းမီက ဒီမိုကရေစီလုပ်ငန်းစဉ်သို့ ပြန်သွားရေးနှင့် စစ်ဘက်နှင့် အရပ်ဘက် အာဏာချောမွေ့စွာ ခွဲဝေနိုင်ရေးတို့ကို အောင်မြင်အောင် လုပ်ကိုင်ရမည်ဖြစ်ပြီး ထိုအချက်များကို ရည်မှန်းချက်ပန်းတိုင်များအဖြစ် သတ်မှတ်သင့်သည်။ ချော့မော့ကျေအေးရန် အထူးသံတမန်မလိုအပ်ပေ။
မစ္စ ပွန်ပီမိုလ်သည် ထိုင်းအစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူဖြစ်သွားမည်ဆိုလျှင် ထိုကိစ္စအတွက် ပြောရေးဆိုခွင့်ရှိသူများ မိမိတို့တွင် ရှိပြီးဖြစ်သည်။ စေ့စပ်ညှိနှိုင်းမှုတွင် ကြားဝင်ပေးရန်နှင့် တိုးတက်အောင် လုပ်ဆောင်ရေး မည်သည့် သတင်းစကားမျှ မပါးနိုင်သည့် အထူးသံတမန် ခန့်ရန် မလိုပေ။
မစ္စ ပွန်ပီမိုလ်က SLD တွင် ပြောသည့်စကားကို ကွယ်လွန်သူ ဆာ ဝင်စတန် အက်စ် ချာချီအား ကိုးကားပြီး မှားယွင်းသော နှိုင်းယှဉ်မှုဖြင့် စတင်ခဲ့သည်။ သေချာသည်မှာ ချာချီသည် ဗြိတိသျှ နယ်ချဲ့သမားများအနက် ပြိုင်ဘက်ကင်းသည့် ပါရမီများရှိသည့် အပြီးပြည့်စုံဆုံးသော စံနမူနာပြပုဂ္ဂိုလ်အဖြစ် သတ်မှတ်ရမည့်သူဖြစ်သည်။
သူသည် မှောင်မိုက်သော ဖက်စစ်အာဏာရှင်စနစ် နီးကပ်လာပြီဆိုသည့် သမိုင်း၏ တောင်းဆိုမှုကို ခံရပြီး သူ့နိုင်ငံအတွက် အကောင်းဆုံးအချိန်တွင် သူ၏ အကောင်းဆုံးစွမ်းဆောင်မှုဖြင့် စိတ်အားထက်သန်စွာ ဖြည့်ဆည်းခဲ့သူဖြစ်သည်။
၁၉၄၄ ခုနှစ် မတ်လတွင် မစ္စတာ ချာချီက သမားတော်များ တော်ဝင်ကောလိပ်ရှေ့တွင် မိန့်ခွန်းပြောသည်။ “ခင်ဗျားတို့ နောက်ကို ဝေးဝေးပြန်ကြည့်နိုင်လေလေ ရှေ့ကို ဝေးဝေးပိုမြင်လေလေပဲ” ဟု သူကပြောသည်။
ဗြိတိန်တွင် ကျော်ကြားလှသည့် အမျိုးသားကျန်းမာရေး ဝန်ဆောင်မှုကို ဖန်တီးရာတွင် သူ၏ အရေးပါသော အခန်းကဏ္ဍကို ဖော်ပြသည့် စကားဖြစ်သည်။ သို့သော် မစ္စ ပွန်ပီမိုလ်က မြန်မာစစ်ကောင်စီ၏ လမ်းပြမြေပုံကို ကာကွယ်ရန် ထိုစကားကို ကိုးကားသည်။
သူ၏ အချိန်ကာလ အကန့်အသတ်မရှိသော စကားများ၊ ထိုးထွင်းသိမြင်မှုနှင့် ဉာဏ်ပညာအတွက် ၂၀ ရာစု၏ အကြီးကျယ် အခမ်းအနားဆုံးသော တိုင်းပြုပြည်ပြုပုဂ္ဂိုလ်အဖြစ် သတ်မှတ်ခံရလောက်သော မစ္စတာ ချာချီသည် ၁၉၅၃ ခုနှစ်တွင် စာပေနိုဘယ်လ်ဆုရသည်။
မြန်မာတွင် မိမိတို့ မြင်တွေ့နေရသည့် ရက်စက်ကြမ်းကြုတ်သော အာဏာရှင်စနစ်မျိုးကို ဆန့်ကျင်သည့် မှတ်သားဖွယ်ရာ သူ့ စကားများ အနည်းဆုံး တထောင်ရှိမည်။ သို့သော် မစ္စတာ ချာချီ၏ လိမ္မာပါးနပ်သည့် မှတ်သားဖွယ်ရာ စကားများကို တစုံတဦးက မှားယွင်းကိုးကားလိုက်သောအခါ အရာရာသည် မှန်ကန်ပုံ မရတော့ပေ
မြန်မာတွင် မိမိတို့ မြင်တွေ့နေရသည့် ရက်စက်ကြမ်းကြုတ်သော အာဏာရှင်စနစ်မျိုးကို ဆန့်ကျင်သည့် မှတ်သားဖွယ်ရာ သူ့ စကားများ အနည်းဆုံး တထောင်ရှိမည်။ သို့သော် မစ္စတာ ချာချီ၏ လိမ္မာပါးနပ်သည့် မှတ်သားဖွယ်ရာ စကားများကို တစုံတဦးက မှားယွင်းကိုးကားလိုက်သောအခါ အရာရာသည် မှန်ကန်ပုံ မရတော့ပေ။
(ဒေါက်တာ သီတီနန် ပေါင်ဆုဒီရက် (Thitinan Pongsudhirak) ၏ Thailand’s Bankrupt Myanmar Policy ကို ဘာသာပြန် ဖော်ပြသည်။ ဒေါက်တာ သီတီနန် ပေါင်ဆုဒီရက်သည် ချူလာလောင်ကွန်း တက္ကသိုလ်၊ နိုင်ငံရေးသိပ္ပံ မဟာဌာနမှ လုံခြုံရေးနှင့် နိုင်ငံတကာလေ့လာရေး အင်စတီကျုတွင် ပါမောက္ခနှင့် ဒါရိုက်တာဖြစ်သည်။ ယခု အတွေးအမြင်ဆောင်းပါးကို ဘန်ကောက်ပို့စ် သတင်းစာတွင် ဦးစွာ ဖော်ပြထားပြီး ဖြစ်သည်။)
You may also like these stories:
မြန်မာကို ဝိုင်းပယ်မှုများအတွက် ထိုင်းအထူးသံတမန် သတိပေး
ထိုင်းဝန်ကြီးချုပ်နှင့် အမေရိကန် ကာကွယ်ရေးဝန်ကြီး တွေ့ဆုံမှုနောက်ကွယ်
စစ်အုပ်ချုပ်ရေးကြောင့် မြန်မာတွင် ဦးနှောက်ယိုစီးမှု ထပ်မံဖြစ်ပေါ်
နိုင်ငံတကာက စိတ်မဝင်စားကြတော့တဲ့ မြန်မာ့ခေါင်းဆောင်ရဲ့မွေးနေ့နှင့် အတွေးများ