အခါတပါးက ကြယ်ငါးပွင့် ဟိုတယ်ကြီးတခုမှာ ကျင်းပခဲ့တဲ့ နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့ အခမ်းအနားတခုမှာ မြန်မာနိုင်ငံဆိုင်ရာ ဥရောပ သံတမန်တဦးက မြန်မာ့ ‘ငြိမ်းချမ်းရေး’ လုပ်ငန်းစဉ်ကို မျက်မမြင် ပုဏ္ဏားခြောက်ယောက် ဆင်စမ်းတာနဲ့ ဥပမာပေးပြီး ပြောသွားဖူးပါတယ်။
ပြီးခဲ့တဲ့ ဆယ်နှစ်တာ အသွင်ကူးပြောင်းရေး ကာလအတွင်းမှာတော့ ငြိမ်းချမ်းရေးဆိုတာကြီးဟာ ခန်းမကျယ်ကြီးထဲက ဂုဏ်သရေရှိ ဆင်ကြီးတကောင်လို ဖြစ်ခဲ့ဖူးပါတယ်။ ဆင်ကြီးကို စမ်းကြတဲ့ အမြင်မသန်စွမ်းတဲ့ ပုဂ္ဂိုလ်တွေကလည်း ခြောက်ယောက်တောင် ကမယ်မထင်ပါဘူး။
ဒီကနေ့တော့ ခန်းမကျယ်ထဲက ဆင်ကြီးက မျက်လှည့်ရုံထဲ ရောက်လာပါပြီ။ မျက်မမြင် ပုဏ္ဏားခြောက်ယောက် ငြိမ်းချမ်းရေးအပေါ် ဘယ်လိုမြင်သလဲဆိုတာကို ခွဲခြမ်းစိတ်ဖြာကြည့်ကြရအောင်ပါ။
ဆင်ကြီးရဲ့ ခန္ဓာကိုယ်ကို စမ်းမိပြီး နံရံကြီးနဲ့တူတယ်လို့ ထင်တဲ့ မျက်မမြင်ပုဏ္ဏား (၁) ကတော့ ဒီနံရံကြီးဟာ ဘယ်တော့မှ မပြိုလဲတော့မယ့် ခံတပ်ကြီးတခုလို့ ထင်ပုံရပါတယ်။ ဒီနံရံကြီးကို ခေါင်းနဲ့လာတိုက်ရင် တိုက်တဲ့ခေါင်းပဲ ကွဲလိမ့်မယ်လို့ သူယူဆပုံပါပဲ။
ဆင်ကြီးရဲ့ ခန္ဓာကိုယ်ကို စမ်းမိပြီး နံရံကြီးနဲ့တူတယ်လို့ ထင်တဲ့ မျက်မမြင်ပုဏ္ဏား (၁) ကတော့ ဒီနံရံကြီးဟာ ဘယ်တော့မှ မပြိုလဲတော့မယ့် ခံတပ်ကြီးတခုလို့ ထင်ပုံရပါတယ်။ ဒီနံရံကြီးကို ခေါင်းနဲ့လာတိုက်ရင် တိုက်တဲ့ခေါင်းပဲ ကွဲလိမ့်မယ်လို့ သူယူဆပုံပါပဲ။
အဲဒီလိုယူဆတဲ့အတိုင်းပဲ “တကယ်ငြိမ်းချမ်းရေး လိုချင်တယ်ဆိုရင် ငြိမ်းချမ်းရေး လိုချင်တဲ့စိတ်နဲ့ လာကြပါ” လို့ ခံတပ်ကြီးရဲ့နံရံကို ကျောမှီထားတဲ့ အင်အားအဓိကဝါဒီ ပုဏ္ဏားကြီးက မျက်စိစုံမှိတ်ပြီး ကမ်းလှမ်းပါတယ်။
ဆင်နှာမောင်းကို စမ်းမိတဲ့ ပုဏ္ဏား (၂) ကတော့ ဆင်ဆိုတာ ညှို့အားပြင်းတဲ့ ဧရာမမြွေကြီးတကောင်လို့ အထင်ရှိပုံရပါတယ်။ သူဘယ်လိုပဲ တင်းခံပေမယ့် အဆုံးသတ်မှာ အမြိုခံရမှာသိနေတဲ့ သူတယောက်လိုပဲ သူကပြောပါတယ်။ “ကျနော်တို့ကတော့ ဘယ်လိုပဲဖြစ်ဖြစ် အခွင့်အရေးနည်းနည်းလေးရရင် ပါဝင်ရမှာပဲ” လို့ အညှို့ခံထားရသူလို ပြောပါတယ်။
ဆင့်အစွယ်ကို စမ်းမိတဲ့ ပုဏ္ဏား (၃)က ဆင်ဆိုတဲ့အကောင်က ချွန်မြနေတဲ့ လှံတချောင်းလိုပဲ အန္တရာယ်ရှိပုံရတယ်လို့ တွေးပါတယ်။ “အကျပ်အတည်း ကာလတခုကို ဖြတ်ကျော်ဖို့အတွက် သူ့ကို အသုံးချတာဆိုရင်တော့ ကောင်းတဲ့လက္ခဏာ မဟုတ်ဘူး” လို့ သူကဆိုပါတယ်။
ဆင့်ခြေထောက်တွေကို စမ်းမိတဲ့ ပုဏ္ဏား (၄) ကတော့ ဆင်ဆိုတဲ့အကောင်က ဧရာမ နွားကြီးတကောင်လို အသုံးဝင်လိမ့်မယ်လို့ စဉ်းစားပါတယ်။ “တချိန်ချိန်မှာ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်ဖို့အတွက် အသုံးဝင်နိုင်တဲ့ ခိုင်းနွားကြီးတကောင်” လို့ သူက မှတ်ယူပါတယ်။
ဆင့်နားရွက်ကို သွားစမ်းမိသူ ပုဏ္ဏား (၅) က စိတ်ကူးယဉ်တတ်ပုံရပါတယ်။ နူးညံ့ပြီး ကျယ်ပြန့်တဲ့ နားရွက်တွေကို စမ်းသပ်မိပြီး ကော်ဇော်ပျံလို့ ထင်သွားပုံရတယ်။
ဆင့်နားရွက်ကို သွားစမ်းမိသူ ပုဏ္ဏား (၅) က စိတ်ကူးယဉ်တတ်ပုံရပါတယ်။ နူးညံ့ပြီး ကျယ်ပြန့်တဲ့ နားရွက်တွေကို စမ်းသပ်မိပြီး ကော်ဇော်ပျံလို့ ထင်သွားပုံရတယ်။ ဒီကော်ဇောပျံကြီးကိုစီးပြီး ကမ္ဘာပါတ်လို့ ရတော့မယ်လို့ တွေးမိပြီး စိတ်လှုပ်ရှားသွားပါတယ်။ ပြီးခဲ့တဲ့ ဆယ်နှစ်တုန်းကလည်း ဒီကော်ဇောပျံကြီးနဲ့ ကမ္ဘာအနှံ့ ရောက်ခဲ့ဖူးတာဆိုတော့ ကော်ဇောပျံစီးရတာကို ပုဏ္ဏား (၅) အရသာ တွေ့သွားပုံရပါတယ်။
ဆင့်အမြီးကို သွားစမ်းမိတဲ့ ခြောက်ယောက်မြောက် ပုဏ္ဏားကတော့ စိတ်ဓာတ်ကျသွားပုံပါပဲ။ ဆွေးမြေ့နေတဲ့ ကြိုးတချောင်းကို ဆင်ကြီးပါလို့ အယုံသွင်းဖို့ကြိုးစားတာကို ရိပ်စားမိသွားပုံမျိုး ဖြစ်ပါတယ်။
ဥရောပ သံအမတ်ကြီးကတော့ ငြိမ်းချမ်းရေးအပေါ် မတူညီတဲ့ရှုထောင့်တွေနဲ့ ချဉ်းကပ်ကြပုံကို မျက်မမြင် ပုဏ္ဏားခြောက်ယောက် ဆင်စမ်းကြတဲ့ အိန္ဒိယရိုးရာ ပုံပြင်လေးတပုဒ်နဲ့ ဥပမာပေးထားတာပါပဲ။ မတူညီတဲ့ ရှုထောင့်အားလုံးကို ခြုံငုံသုံးသပ်နိုင်မှသာ ငြိမ်းချမ်းရေး တည်ဆောက်နိုင်လိမ့်မယ်လို့ သူက ဆိုလိုချင်ပုံရပါတယ်။
ဒါပေမယ့် အမြင်မသန်စွမ်းတဲ့ ပုဏ္ဏားခြောက်ယောက်ကိုမှ ရွေးပြီး ငြိမ်းချမ်းရေး ဆိုတာကြီးကို ဆဝါး ကြည့်ခိုင်းတာက တစုံတရာ လွဲမှားနေသလိုပါပဲ။ အမြင်အာရုံ ချို့ယွင်းနေတဲ့နောက်မှတော့ ငြိမ်းချမ်းရေး ဆင်ကြီးကို အထီးမှန်း၊ အမမှန်း သူတို့ ဘယ်လိုလုပ်သိနိုင်ပါ့မလဲ။
ငြိမ်းချမ်းရေး တည်ဆောက်တယ်ဆိုတာ လူမှုစီးပွားအဝန်းအဝိုင်းတွေကို စုစည်းဖို့ ထိထိရောက်ရောက် လုပ်နိုင်တဲ့ နိုင်ငံရေး လုပ်ဆောင်မှုတခုသာ ဖြစ်တယ်လို့ ပညာရှင်တွေက ဆိုပါတယ်။
ငြိမ်းချမ်းရေး တည်ဆောက်တယ်ဆိုတာ လူမှုစီးပွား အဝန်းအဝိုင်းတွေကို စုစည်းဖို့ ထိထိရောက်ရောက် လုပ်နိုင်တဲ့ နိုင်ငံရေး လုပ်ဆောင်မှုတခုသာ ဖြစ်တယ်လို့ ပညာရှင်တွေက ဆိုပါတယ်။ တိတိကျကျပြောရရင် ငြိမ်းချမ်းရေး တည်ဆောက်ဖို့ အထက်အောက် အမိန့်ပေးသလို အာဏာနဲ့ လုပ်လို့မရဘူး။ စုံလုံးကန်းတွေ၊ တဘို့တည်းသမားတွေနဲ့ ငြိမ်းချမ်းရေး တည်ဆောက်လို့ မရဘူး။ ငြိမ်းချမ်းရေးဆိုတာ အောက်ခြေက စရတာ ဖြစ်တယ်လို့ ဆိုလိုရင်း ဖြစ်ပါတယ်။
အမြင်မသန်စွမ်းတဲ့ ပုဏ္ဏားခြောက်ယောက်ထဲမှာ ငြိမ်းချမ်းရေး တည်ဆောက်ရာမှာ အမှန်တကယ် ပါဝင်နိုင်တဲ့သူ ရှိကောင်းရှိနိုင်ပါတယ်။ ဘယ်သူများ ဖြစ်နိုင်ခြေရှိမလဲ ဆန်းစစ်ကြည့်ရအောင်ပါ။
၁။ ပုဏ္ဏား (၁) ရဲ့ အင်အားအဓိက ခံတပ်ဝါဒအစား ငြိမ်းချမ်းရေးအတွက် စိတ်ကူးစိတ်သန်းအသစ်တွေ နည်းလမ်းအသစ်တွေ ရှာဖွေရမယ့် အချိန်ပါ။ စုံလုံးကန်းနေတဲ့ ပုဏ္ဏား (၁) ရဲ့ ခံတပ်ထဲက ငြိမ်းချမ်းရေးဟာ လေထဲဆောက်တဲ့ တိုက်အိမ်လို၊ ရေပေါ်အရုပ်ရေးသလို ငြိမ်းချမ်းရေးမျိုးပဲ ဖြစ်နေပါလိမ့်မယ်။
၂။ ပုဏ္ဏား (၂) ရဲ့ အခွင့်အရေးသမား စိတ်ဓာတ်ဟာ ငြိမ်းချမ်းရေး တည်ဆောက်ရာမှာ ခလုတ်ကန်သင်းတခုပဲ ဖြစ်နေပါလိမ့်မယ်။
၃။ ပုဏ္ဏား (၃) ရဲ့ ဖြန့်ကျက်တွေးခေါ်နိုင်မှုဟာ ငြိမ်းချမ်းရေးတည်ဆောက်ရာမှာ လိုအပ်တဲ့ အရည်အသွေးတခု ဖြစ်ပါတယ်။
၄။ ပုဏ္ဏား (၄) ကတော့ တဘို့တည်းသမားပါပဲ။ သူ့ဆီက ဘယ်လိုအကူအညီမှရဖို့ မမျှော်လင့်ပါနဲ့။
၅။ စိတ်ကူးယဉ်သမား ပုဏ္ဏား (၅) ကိုတော့ ကော်ဇောပျံ အိပ်မက်ထဲမှာပဲ ထားလိုက်ပါတော့။
၆။ အမှန်တရားကို တွေ့ရှိသွားတဲ့ ပုဏ္ဏား (၆) ကတော့ ငြိမ်းချမ်းရေးအတွက် အကောင်းဆုံး လက်တွဲဖော်ပါပဲ။
ပုဏ္ဏား(၁) ကတော့ ခုချိန်ထိ လက်မလျှော့သေးပါဘူး။ “ရိုးသားပွင့်လင်းစွာ” ဆွေးနွေးကြဖို့ ကျန်တဲ့ ပုဏ္ဏားငါးယောက်ကို သူ့ခံတပ်ကြီးဆီကို လာခဲ့ကြပါလို့ ထပ်ခါတလဲလဲ ကမ်းလှမ်းနေတုန်းပါပဲ။ သေချာတာကတော့ ပုဏ္ဏား (၃) နဲ့ (၆) ကို ဘယ်လိုမှ သူ မစည်းရုံးနိုင်တော့ပါဘူး။ ကျန်တဲ့ ပုဏ္ဏားသုံးယောက်ကတော့ သူ့အာဂျန်ဒါနဲ့သူ ပုဏ္ဏား (၁) ဆီကို သွားဖို့ စိုင်းပြင်းနေကြပါပြီ။ သူတို့အတွက်တော့ ငြိမ်းချမ်းရေးဆိုတာ မြွေလိုလို၊ နွားလိုလို၊ ကော်ဇောပျံလိုလိုပါပဲ။
(The Myanmar Peace Narrative မှ ရေးသားတင်ဆက်သည်။)
You may also like these stories:
စစ်ကောင်စီသည် ငြိမ်းချမ်းရေးကို “ဟန်ပြ” လုပ်နေခြင်းသာ ဖြစ်ဟုဆို
စစ်ကောင်စီနှင့် RCSS ဆွေးနွေးပွဲ လတ်တလောနိုင်ငံရေး အကျပ်အတည်းမပါ
အာဏာသိမ်းခေါင်းဆောင်ဖိတ်သည့် ဆွေးနွေးပွဲသို့ တက်ရန် အပစ်ရပ် ၅ ဖွဲ့ဆုံးဖြတ်
အာဏာသိမ်းခေါင်းဆောင်၏ ဖိတ်ခေါ်ချက် ဘယ်သူတွေတက်မှာလဲ