• English
Sunday, May 18, 2025
No Result
View All Result
NEWSLETTER

34 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

‘လူရမ်းကား’ စစ်အုပ်စုကို လူရမ်းကားလို ဆက်ဆံပါ

by နိုင်ခေတ်
13 July 2022
in သူ့အတွေး သူ့အမြင်
A A
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလက ရန်ကုန်မြို့တွင် စစ်အာဏာသိမ်းမှုနှင့် ပတ်သက်၍ ကုလသမဂ္ဂနှင့် အမေရိကန်ကို အကူအညီတောင်း ဆန္ဒထုတ်ဖော်နေသူများ  / ဧရာဝတီ

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလက ရန်ကုန်မြို့တွင် စစ်အာဏာသိမ်းမှုနှင့် ပတ်သက်၍ ကုလသမဂ္ဂနှင့် အမေရိကန်ကို အကူအညီတောင်း ဆန္ဒထုတ်ဖော်နေသူများ / ဧရာဝတီ

11.1k
VIEWS
Share on FacebookShare on Twitter

နိုင်ငံတကာက မြန်မာစစ်ခေါင်းဆောင်တွေနဲ့ သူတို့စစ်တပ်ကို “ဒုစရိုက်မှုတွေ ကျူးလွန်နေတဲ့ လူရမ်းကားအုပ်စု” လို့ မြင်တာတော့ အမှန်ပါ။ ဒါပေမယ့် သူတို့ကို လူရမ်းကားတွေလို မဆက်ဆံပါဘူး။

အဲဒါက မြန်မာ့အရေးနဲ့ ပတ်သက်ရင် နိုင်ငံတကာရဲ့ ပြဿနာပါ။

RelatedPosts

ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

17 May 2025
1.3k
တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

14 May 2025
8.1k
ကရင်မလင်မှာ ရှီကျင့်ဖျင်နှင့် မင်းအောင်လှိုင် တွေ့ဆုံမှုနောက်ကွယ်

ကရင်မလင်မှာ ရှီကျင့်ဖျင်နှင့် မင်းအောင်လှိုင် တွေ့ဆုံမှုနောက်ကွယ်

14 May 2025
2.1k

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ မစ္စတာ ဒဲရက်ချိုလက်က မြန်မာစစ်တပ်ကို “ဒုစရိုက် လူရမ်းကားအုပ်စု” (a bunch of thugs) လို့ ခေါ်ဆိုခဲ့ပါတယ်။ မကြာသေးခင်က ဧရာဝတီသတင်းဌာနနဲ့ အင်တာဗျူးမှာ သူက အဲဒီလို သုံးနှုန်းခဲ့တာပါ။

ဒါပေမယ့် ဆိုးတာက အမေရိကန်ကိုယ်တိုင် အပါအဝင် ကမ္ဘာပေါ်က ဘယ်နိုင်ငံမှ မြန်မာစစ်တပ်နဲ့ စစ်ခေါင်းဆောင်တွေကို လူရမ်းကား ဒုစရိုက်သမားတွေလို မဆက်ဆံပါဘူး။ ကုလသမဂ္ဂလည်း အလားတူပါပဲ။

၂၀၂၁ ခုနှစ် အာဏာသိမ်းကတည်းက အခုအထိ တလျှောက်လုံး စစ်တပ်ရဲ့ ရက်စက် ကြမ်းကြုတ်မှုတွေကို မြင်တွေ့ခဲ့ပြီးတဲ့အတွက် နိုင်ငံတိုင်းက ဒီအသုံးအနှုန်းကို ငြင်းစရာ မရှိပါဘူး။ အထူးသဖြင့် အနောက်နိုင်ငံတွေနဲ့ ဒီမိုကရေစီနိုင်ငံတွေပေါ့။

ဒါပေမယ့် ဆိုးတာက အမေရိကန်ကိုယ်တိုင် အပါအဝင် ကမ္ဘာပေါ်က ဘယ်နိုင်ငံမှ မြန်မာစစ်တပ်နဲ့ စစ်ခေါင်းဆောင်တွေကို လူရမ်းကား ဒုစရိုက်သမားတွေလို မဆက်ဆံပါဘူး။ ကုလသမဂ္ဂလည်း အလားတူပါပဲ။ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ စစ်ခေါင်းဆောင်တွေကို ဆိုးသွမ်းတဲ့ ကျောင်းသားလေးတွေကို စည်းကမ်းရှိလာဖို့ ဆုံးမသလို လုပ်နေကြတယ်။

စစ်ဒုစရိုက် ခေါင်းဆောင်တွေအတွက် နိုင်ငံတကာရဲ့ အကြီးမားဆုံး ပြစ်ဒဏ်ခတ်မှုတွေက စီးပွားရေးအရ အရေးယူပိတ်ဆို့မှုတွေနဲ့၊ “အလွန်အမင်း စိုးရိမ်ကြောင်း”၊ “အပြင်းအထန် ရှုတ်ချကြောင်း” ဆိုတဲ့ ကြေညာချက်တွေလောက်သာ ထုတ်နေခဲ့တယ်။ ဒီလိုပြစ်ဒဏ်ခတ်မှုနဲ့ ရှုတ်ချမှုတွေကို ဆင်ခြင်တုံတရားမဲ့ပြီး ခေါင်းမာတဲ့စစ်ခေါင်းဆောင်တွေက ဂရုမစိုက်ကြဘူး။

အာဏာသိမ်းပြီးနောက်ပိုင်း တနှစ်ခွဲကာလ တလျှောက်လုံး မြန်မာနိုင်ငံမှာ ဝမ်းနည်းကြေကွဲစရာ သတင်းကလွဲလို့ ဘာသတင်းကောင်းမှ မရှိခဲ့ဘူး။ နေ့စဉ်နဲ့အမျှ စစ်ကောင်စီရဲ့တပ်တွေက ပြည်သူတွေကို ဖမ်းဆီး ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုတွေ၊ ပြီးတော့ နိုင်ငံအနှံ့ အိမ်တွေမီးရှို့၊ ရွာတွေမြို့တွေကို ဖျက်ဆီးအကြမ်းဖက်နေတာ အခုထိပါပဲ။ ပြည်သူတရပ်လုံးကို နေ့ညမပြတ် အကြမ်းတမ်း အရက်စက်ဆုံး နည်းလမ်းတွေသုံးပြီး ဖိနှိပ်အုပ်ချုပ်နေခဲ့တယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနအတိုင်ပင်ခံ ဒဲရက်ချိုးလက် / AFP

ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေးအဖွဲ့တွေရဲ့ အစီရင်ခံစာတွေအရ ဒီနေ့အထိ စစ်ကောင်စီက သူတို့ကို ဆန့်ကျင်တဲ့ပြည်သူပေါင်း ၂,၀၀၀ ကျော်ကို သတ်ခဲ့ပြီး ၁၄,၀၀၀ လောက်ကို ဖမ်းဆီးခဲ့တယ်၊ အိမ်ပေါင်း ၂၀,၀၀၀ ကျော်ကို ဖျက်ဆီးခဲ့တဲ့အတွက်ကြောင့် လူပေါင်း ၇ သိန်းခွဲလောက် အိုးအိမ်တွေကို စွန့်ခွာထွက်ပြေးခဲ့ရတယ်။ တကယ်တော့ မြေပြင်မှာ ဒီအရေအတွက်တွေထက်တောင် ပိုများနိုင်ပါတယ်။

စစ်အာဏာသိမ်း ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ စစ်အုပ်စုအောက်မှာ သွေးမစွန်းတဲ့နေ့ မရှိသလောက်ပါ။

အာဏာသိမ်းပြီးနောက်ပိုင်း အမေရိကန်နဲ့ အနောက်နိုင်ငံတွေရဲ့ အရေးယူ ပိတ်ဆို့ဒဏ်ခတ်မှုတွေက လူသားမျိုးနွယ်စုအပေါ် ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေကို ကျူးလွန်နေတဲ့ အာဏာသိမ်း စစ်ကောင်စီကို ဟန့်တားနိုင်ခြင်း လုံးဝမရှိပါဘူး။

အဲဒီတော့ဘာဆက်ဖြစ်လဲဆိုရင် …

စစ်ကောင်စီက ဆက်သတ်ဖြတ်နေပြီး၊ ကမ္ဘာကြီးက ဒီအတိုင်းဆက်ကြည့်နေတာပေါ့။

၅၅ သန်းသော ပြည်သူတွေကို စစ်ခေါင်းဆောင်တွေ စစ်ပွဲတခုဆင်နွှဲသလို ရက်ရက်စက်စက် တိုက်ခိုက်နေတဲ့ အကြောင်းတရားကတော့ ရွေးကောက်ခံ အစိုးရကိုဖြုတ်ချပြီး သူတို့ တရားမဝင် ယူထားတဲ့ အာဏာကို ဆက်လက် ချုပ်ကိုင်ထားဖို့ပါ။ အာဏာသိမ်းတာကလည်း ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အနိုင်ရခဲ့တဲ့ ရွေးကောက်ပွဲရလဒ်ကို လုံးဝ ဖျက်သိမ်းပစ်တာပါပဲ။ တနည်းအားဖြင့် ပြည်သူတွေရဲ့ဆန္ဒကို ဖျက်ဆီးလိုက်တာပါ။

အဲဒါရဲ့ အဓိကအကြောင်းအရင်းကလည်း တိုင်းပြည်မှာ စတင် ပြန်အသက်ဝင်လာနေတဲ့ ဒီမိုကရေစီစနစ်ကို ဖျက်သိမ်းပစ်ဖို့၊ ပြီးတော့ ဖက်ဒရယ် ဒီမိုကရေစီအတွက် ရုန်းကန်ကြိုးစားနေတဲ့ ဒီမိုကရေစီ အင်အားစုတွေ အားလုံးကို အပြီးသတ်ချေမှုန်းဖို့ အတွက်ပါ။ ဒါလည်း ဘယ်က အရင်းခံလဲဆိုရင် စစ်အုပ်စုသာ အာဏာချုပ်ကိုင်ပြီး သူတို့ဆွေမျိုးတစု ကောင်းစားရေးအတွက် တိုင်းပြည်ရဲ့ စီးပွားရေးလုပ်ငန်းတွေ အားလုံးနဲ့ အရင်းအမြစ်တွေ အားလုံးကို အရင်စစ်အစိုးရ လက်ထက်ကလို လက်ဝါးကြီးအုပ် သိမ်းပိုက်ချင်လို့ပါ။

အာဏာသိမ်းပြီးနောက်ပိုင်း အမေရိကန်နဲ့ အနောက်နိုင်ငံတွေရဲ့ အရေးယူ ပိတ်ဆို့ဒဏ်ခတ်မှုတွေက လူသားမျိုးနွယ်စုအပေါ် ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေကို ကျူးလွန်နေတဲ့ အာဏာသိမ်း စစ်ကောင်စီကို ဟန့်တားနိုင်ခြင်း လုံးဝမရှိပါဘူး။

တနည်းအားဖြင့် ကမ္ဘာပေါ်က တခြားအာဏာရှင်တွေနည်းတူ အတ္တစိတ်နဲ့ တတိုင်းပြည်လုံးကို သူတို့သာ ထင်တိုင်းကြဲနိုင်တဲ့ သူတို့ကိုယ်ပိုင် ပုဂ္ဂလိကနိုင်ငံတခုအဖြစ် တည်ထောင်ဖို့ပါပဲ။

ဒီအကြောင်းတရားတွေ အားလုံးက ၁၉၆၂ ကတည်းက စစ်အုပ်စုရဲ့ ပြည်သူတွေအပေါ် တောက်လျှောက် ဆင်နွှဲခဲ့တဲ့ စစ်ပွဲရှည်ကြီးဆို မမှားပါဘူး။ ၁၉၆၂၊ ၁၉၈၈၊ နောက်ဆုံး ၂၀၂၁ ခုနှစ် စစ်တပ်ရဲ့ အာဏာသိမ်းမှုတွေအားလုံးရဲ့ အရင်းခံရည်ရွယ်ချက်ပါပဲ။ ပြည်သူတွေ အမြဲတောင့်တခဲ့တဲ့ လွတ်လပ်မှု၊ သာတူညီမျှမှုနဲ့ ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်ခွင့်ရှိတဲ့ ပျော်ရွှင်ဖွယ် လူ့အဖွဲ့အစည်းတခု တည်ဆောက်ဖို့ မျှော်လင့်ချက် အိပ်မက်တွေကို အထပ်ထပ် ရိုက်ချိုးခဲ့တာပါ။

ဒီလို ခေတ်အဆက်ဆက်မှာ ထပ်တလဲလဲ ခံခဲ့ရတာကြောင့်လည်း ပြည်သူတွေအတွက် သည်းခံနိုင်စွမ်း ကုန်သွားပြီး ၂၀၂၁ မှာ အရင်ထက် ပိုဆန့်ကျင် တော်လှန်ခဲ့ကြတယ်။ ရွေးချယ်စရာ နိုင်ငံရေးလမ်းကြောင်း မကျန်တော့တဲ့အတွက် လူငယ်တွေနဲ့ အာဏာသိမ်းမှုကို ဆန့်ကျင်သူ အများစု လက်နက်စွဲကိုင်တော်လှန်ခဲ့တယ်။

နိုင်ငံတကာရဲ့ အပြောသက်သက် မူဝါဒ

ဒီနေရာမှာ နိုင်ငံတကာရဲ့ မြန်မာ့ဒီမိုကရေစီအရေးကို ကူညီထောက်ပံ့မှုကလည်း အကန့်အသတ် ရှိတယ်ဆိုတာ ပြည်သူတွေ အတွေ့အကြုံ ရှိပြီးသားလို့ ဆိုရပါမယ်။ ၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံနောက်ပိုင်း နိုင်ငံတကာရဲ့ မြန်မာ့ဒီမိုကရေစီရေးကို ပံ့ပိုးမှုဟာ ထိရောက်မှု မရှိပါဘူး။ သူတို့ရဲ့ အရေးယူပိတ်ဆို့မှုတွေကလည်း စစ်အစိုးရကို ပြောင်းလဲစေအောင် ဖိအားမပေးနိုင်ခဲ့ပါဘူး။

အခုလည်း နိုင်ငံတကာရဲ့ဖိအားတွေက ထိရောက်မှုမရှိပါဘူး။

စစ်ဗိုလ်ချုပ်တွေက ပိုရက်စက်ကြမ်းကြုတ်လာပြီး ပြည်သူတွေအပေါ် နည်းပေါင်းစုံနဲ့ အငြိုးတကြီး ညှဉ်းဆဲလာတာတွေ တနေ့တခြား တိုးလာနေတယ်။

ဇွန်လဆန်းမှာဆိုရင် ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်တို့အပါအဝင် ၄ ဦးကို သေဒဏ်စီရင်ဖို့ စစ်ခေါင်းဆောင်မင်းအောင်လှိုင် အမိန့်ပေးခဲ့တယ်။ ဒီအမိန့်ဟာ ပြည်သူတွေအပါအဝင် ဒီမိုကရေစီအင်အားစုတွေအားလုံးအပေါ် စစ်အုပ်စုရဲ့ လက်တုံ့ပြန့်မှုပါပဲ။

ဒီသတင်းဟာ တတိုင်းပြည်လုံးအတွက် စိတ်သောက ရောက်စရာပါ။ မိသားစုဝင်တွေနဲ့ နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်တွေအတွက် ဘယ်လောက်ခံစားရမလဲဆိုတာ တွေးစရာတောင် မလိုပါဘူး။

ဒီနေရာမှာ နိုင်ငံတကာရဲ့ မြန်မာ့ဒီမိုကရေစီအရေးကို ကူညီထောက်ပံ့မှုကလည်း အကန့်အသတ် ရှိတယ်ဆိုတာ ပြည်သူတွေ အတွေ့အကြုံ ရှိပြီးသားလို့ ဆိုရပါမယ်။ ၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံနောက်ပိုင်း နိုင်ငံတကာရဲ့ မြန်မာ့ဒီမိုကရေစီရေးကို ပံ့ပိုးမှုဟာ ထိရောက်မှု မရှိပါဘူး။

ဒါပေမယ့် သူတို့အားလုံး စိတ်မကောင်း ဒေါသဖြစ်ရတာကလွဲပြီး ဘာမှမတတ်နိုင်ပါဘူး။

ပြီးတော့ နေအိမ်အကျယ်ချုပ် ချခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သူ့ရဲ့ ၇၇ နှစ်မွေးနေ့အပြီး ၃ ရက်မြောက်တဲ့နေ့မှာ စစ်ကောင်စီက အကျဉ်းထောင်ကို ပို့ခဲ့ပါတယ်။ ဒါတိုက်ဆိုင်မှုလို့ ပြောဖို့ခက်ပါတယ်။ ရည်ရွယ်ချက်ရှိရှိ နှိပ်စက်တာဖြစ်ဖို့ ပိုများပါတယ်။

ဒီလုပ်ရပ်ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံတဲ့ ပြည်သူတရပ်လုံးအတွက် ဝမ်းနည်း စိတ်မကောင်းဖြစ်ပြီး ဒေါသထွက်စရာပါ။

ဒီလိုဆိုးရွားတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို နိုင်ငံတကာ ဘယ်လိုတုံ့ပြန်ခဲ့သလဲ။

ထုံးစံအတိုင်း ပြင်းပြင်းထန်ထန် ရှုတ်ချတာကလွဲလို့ ဘာမှထွေထွေထူးထူး မရှိပါဘူး။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ နတ်ပရိုက်စ်က “ဒီမိုကရေစီ လိုလားသည့် အတိုက်အခံ ခေါင်းဆောင်များကို ကွပ်မျက်ရန် မြန်မာစစ်အုပ်ချုပ်ရေး၏ သတင်းထုတ်ပြန်ချက်သည် စစ်အာဏာရှင်အဖွဲ့အစည်းက လူ့အခွင့်အရေးနှင့် တရားဥပဒေစိုးမိုးရေးကို ဂရုမစိုက်ကြောင်း သာဓကပြလျက်ရှိပြီး အမေရိကန် ပြည်ထောင်စုက ပြင်းထန်စွာ ရှုတ်ချပါသည်။ မတရား ဖမ်းဆီးထိန်းသိမ်းထားသူများ အားလုံးကို ပြန်လွှတ်ပေးရန် မိမိတို့ တောင်းဆိုပါသည်” လို့ ပြောခဲ့ပါတယ်။

အလားတူပဲ ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ထဲပို့ပြီး ၄ ရက်မြောက်တဲ့နေ့မှာ အတိုင်ပင်ခံ ဒဲရက်ချိုလက်က “ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ထဲ ပြောင်းရွေ့ပြီး တဦးတည်း ချုပ်နှောင်ထားခြင်းကို အမေရိကန် ပြည်ထောင်စုက ပြင်းထန်စွာ ရှုတ်ချပါသည်” လို့ သူ့ရဲ့ တွစ်တာ အကောင့်မှာ ရေးခဲ့ပါတယ်။

တကယ်တော့ အမေရိကန်ဟာ ကမ္ဘာပေါ်မှာ မြန်မာ့အရေးကို အကူညီ အထောက်ပံ့ဆုံးနိုင်ငံပါ။ မြန်မာပြည်သူတွေကလည်း သူတို့ရဲ့ ဒီမိုကရေစီလှုပ်ရှားမှုကို အဓိက အားပေးထောက်ခံတဲ့ မိတ်ဆွေနိုင်ငံလို့ လက်ခံထားပါတယ်။ ဒါပေမယ့် သူတို့ရဲ့ အခုလို ထိရောက်မှုမရှိတဲ့ ပံ့ပိုးမှုတွေကိုတော့ စိတ်ပျက်နေတာ အာဏာသိမ်းပြီးကတည်းကပါ။

၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံ နောက်ပိုင်း အမေရိကန်က အခုထက်ပိုပြီး တက်တက်ကြွကြွ ဦးဆောင်ပြီး မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှုကို ပံ့ပိုးခဲ့ပါတယ်။

တကယ်တော့ ဒီတခေါက်စစ်တပ်ရဲ့ ဖိနှိပ်မှုကို မြန်မာပြည်သူတွေ အရင်ကထက် အများကြီး ပိုခံနေကြရတယ်။ တိုင်းပြည်တခုလုံး ဖျက်ဆီးခံရသလို လူ့အဖွဲ့အစည်းတခုလုံးလည်း ချေမွခံနေရတယ်။ တဦးချင်းရဲ့ မိသားစု အသိုက်အမြုံတွေလည်း ဖျကစီးခံရတယ်။ တနေ့ထက်တနေ့ ပိုဆိုးဆိုးလာပြီး အကူအညီ ပိုပိုမဲ့လာနေတယ်။

ဒါပေမယ့် အမေရိကန်နဲ့ နိုင်ငံတကာကတော့ အပြောသက်သက်မူဝါဒကိုပဲ ကျင့်သုံးနေပုံရတယ်။

အတိတ်ကလိုပဲ စီးပွားရေးပိတ်ဆို့မှုတွေလောက်နဲ့ စစ်အုပ်စုရဲ့ ရက်ရက်စက်စက် ဖိနှိပ်မှုတွေကို မဟန့်တားနိုင်ပါဘူး။ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ပြန်တင်ပေးနိုင်ဖို့ဆိုတာ ဝေးလှပါတယ်။

လူရမ်းကားစစ်အုပ်စုက ပိတ်ဆို့မှုတွေနဲ့ ရှုတ်ချမှုတွေကို ဂရုကိုမစိုက်ပါဘူး။ နိုင်ငံတကာနဲ့ အမေရိကန်လည်း ဒါကို သိပါတယ်။ ဒါပေမယ့် သူတို့တွေ အခုထက်ပိုတိုးပြီး အားထုတ်မှုတော့ မရှိပါဘူး။

၂၀၂၁ အာဏာသိမ်းပြီး ကတည်းက အမေရိကန်က ကိုယ်တိုင် ဦးဆောင်ပြီး တိုက်တိုက်တွန်းတွန်း ဆောင်ရွက်တာထက် ဘာမှလုပ်နိုင်စွမ်းမရှိတဲ့ အာဆီယံကို ရှေ့တန်းတင်ပြီး မြန်မာ့အရေးကို ဖြေရှင်းဖို့ကိုပဲ တွန်းအားပေးခဲ့တယ်။ အစကတည်းက လွဲခဲ့တာပါ။

အာဆီယံဆိုတာ နိုင်ငံရေးသြဇာမရှိသလို ယခင် မြန်မာစစ်ခေါင်းဆောင်တွေကိုလည်း ပြောင်းလဲအောင် ဘာမှ မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ အခုလည်း မနှစ်တည်းက သူတို့ တောင်းဆိုထားတဲ့ ဘုံသဘောတူချက် ၅ ချက်ကို စစ်အုပ်စုက ဘာမှ အကောင်အထည် မဖော်ပါဘူး။ အာဆီယံရဲ့ ဦးဆောင် ဖြေရှင်းမှုအောက်မှာ မြန်မာ့အရေး ပြေလည်မှာ မဟုတ်ဘူးဆိုတာ သေချာပေါက် ဟောကိန်းထုတ်လို့ ရပါတယ်။

အမေရိကန်အစိုးရရဲ့ ထပ်ခါတလဲလဲ ပြောနေတဲ့ “မြန်မာပြည်သူတွေနဲ့ အတူရပ်တည်နေပါတယ်” ဆိုတာ မြန်မာလူထုအတွက် ပုံပြောနေသလိုပါပဲ။ အဆံမပါတဲ့ သင်္ကြန်အမြောက်ပေါ့။ ပြည်သူတွေရဲ့ ဘဝတွေ ဖျက်ဆီးခံနေရတာကို ကူညီကာကွယ် မပေးနိုင်သလို၊ စစ်အာဏာရှင်စနစ် ပြုတ်ကျဖို့ သူတို့ဆင်နွှဲနေတဲ့ တော်လှန်ရေးကိုလည်း အောင်မြင်ဖို့ မပံ့ပိုးနိုင်ပါဘူး။

ယမန်နှစ် အောက်တိုဘာလက ကယားပြည်နယ်၊ ဒီးမော့ဆိုရှိ တောတွင်းစခန်း တခုတွင် လေ့ကျင်းခန်းဆင်းနေသော ဒေသခံ PDF များ / AFP

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာလူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွမ်အန်ဒရူးက မကြာသေးခင်က နိုင်ငံတကာရဲ့ ထိထိရောက်ရောက် မဆောင်ရွက်တဲ့အပေါ် ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။

“ဒီလောက်ဆိုးရွားနေတဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေအတွက် ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ချဖို့ လိုနေပါပြီ” လို့ တွမ်အန်ဒရူးက ပြောခဲ့ပါတယ်။

“မြန်မာနိုင်ငံ လူ့အခွင့်အရေးအတွက် နိုင်ငံတကာက အပြောသက်သက်ပဲဆိုရင် မလုံလောက်ပါဘူး၊ ပြတ်သားတဲ့ လက်တွေ့ဆောင်ရွက်မှုတွေ လိုပါတယ်” လို့ ဂျီနီဗာမှာ ကျင်းပတဲ့ လူ့အခွင့်အရေးကောင်စီကို တွမ်အန်ဒရူး အစီရင်ခံ တင်ပြခဲ့တာပါ။

“ပြတ်ပြတ်သားသားနဲ့ ထိရောက်တဲ့ အရေးယူမှုတွေ မလုပ်ဘူးဆိုရင်တော့ မြန်မာပြည်သူ အများစုအတွက် သေမိန့်ကျခံရသလို ဖြစ်မှာပါ” လို့ မြန်မာပြည်သူတွေပိုပြီး အသက်ဆုံးရှုံးနိုင်ကြောင်း ကမ္ဘာ့နိုင်ငံတွေကို သူကထပ်ပြီး သတိပေးခဲ့ပါတယ်။

၂၀၂၁ အာဏာသိမ်းပြီး ကတည်းက အမေရိကန်က ကိုယ်တိုင် ဦးဆောင်ပြီး တိုက်တိုက်တွန်းတွန်း ဆောင်ရွက်တာထက် ဘာမှလုပ်နိုင်စွမ်းမရှိတဲ့ အာဆီယံကို ရှေ့တန်းတင်ပြီး မြန်မာ့အရေးကို ဖြေရှင်းဖို့ကိုပဲ တွန်းအားပေးခဲ့တယ်။ အစကတည်းက လွဲခဲ့တာပါ။

ဒါပေမယ့် မြန်မာပြည်သူတွေအတွက်ကတော့ ကိုယ့်ကိုယ်ကို အားကိုးရုံကလွဲပြီး တခြားရွေးချယ်စရာ မရှိပါဘူး။

ဒါကြောင့် စစ်ကောင်စီကို တိုက်ခိုက်ဖို့ လက်နက်ဝယ်ရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ရှိတဲ့ပြည်သူရော၊ မရှိတဲ့ပြည်သူတွေပါ တတ်နိုင်သလောက် လှူဒါန်းကြတယ်။ ပြည်တွင်းပြည်ပ ပြည်သူတွေထံမှ အလှူငွေ အမေရိကန်ဒေါ်လာ ၄၅ သန်းကျော်ရခဲ့ပြီး၊ အဲဒီထဲက ၉၅ ရာခိုင်နှုန်းကို ပြည်သူ့ကာကွယ်ရေးတပ် (PDF) နဲ့ မဟာမိတ်တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ စစ်အသုံးစရိတ်အတွက် သုံးခဲ့တယ်လို့ NUG က ထုတ်ပြန်ကြေညာထားပါတယ်။

ဒါပေမယ့် NUG ရရှိတဲ့ပမာဏဟာ စစ်အသုံးစရိတ်အတွက် ဘာမှမဖြစ်စလောက်လို့ ပြောရမှာပါ။ စစ်ကောင်စီစစ်တပ်ကို တိုက်ဖို့ဆိုရင် NUG အနေနဲ့ စစ်အသုံးစရိတ် ဒေါ်လာ သန်း ၁ ထောင်လောက် လိုလိမ့်မယ်လို့ ဝါရှင်တန်အခြေစိုက် Center for Strategic & International Studies သုတေသနအဖွဲ့က ခန့်မှန်းထားပါတယ်။

ဒေါ်လာသန်း ၁ ထောင်ဆိုတာ အမေရိကန်အစိုးရက ယူကရိန်းကို ပေးနေတဲ့ စစ်ထောက်ပံ့ကြေးထက် အများကြီး နည်းပါတယ်။ ၁၀ လအတွင်းမှာ စစ်ရေးအတွက် ဒေါ်လာသန်း ၆ ထောင်ကျော် အပါအဝင် စုစုပေါင်း ဒေါ်လာ ၅၄ ဘီလီယံ ယူကရိန်းကို ထောက်ပံ့ခဲ့ပြီးပါပြီ။

လူမဆန်လောက်အောင် ရက်စက်၊ ကြမ်းတမ်း၊ အကျင့်ပျက် ချစားနေတဲ့ ဒုစရိုက် လူရမ်းကားစစ်အုပ်စုရဲ့ အုပ်ချုပ်မှုအောက်မှာ တရက်လေးတောင်မှ မြန်မာပြည်သူတွေ မနေချင်ပါဘူး။ ဒီအတွက် သူတို့တွေ ကမ္ဘာ့ရဲ့ အပြည့်အဝထောက်ပံ့မှု ရသင့်ရထိုက်ပါတယ်။

အမေရိကန်အပါအဝင်တကမ္ဘာလုံးက မြန်မာပြည်သူတွေဆင်နွှဲနေတဲ့ ဒီတရားတဲ့တိုက်ပွဲကို အမှန်တရားဘက်ကရပ်ပြီး တာဝန်ယူ ကူညီချင်တယ် ဆိုရင်တော့ လွတ်မြောက်ရေး တိုက်ပွဲဝင်နေတဲ့သူတွေ စစ်အာဏာရှင်ကို ဖြုတ်ချနိုင်ပြီး နိုင်ငံရဲ့အနာဂတ်ကို ပြန်လည် တည်ဆောက်နိုင်ဖို့ အထိရောက်ဆုံးနဲ့ အမြန်ဆုံး အကူအညီတွေပေးဖို့ လိုပါတယ်။

ဒီလိုကူညီတာက “ဒုစရိုက်လူရမ်းကား” စစ်အုပ်စုကို ဒုစရိုက်လူရမ်းကားတွေလို ဆက်ဆံရာရောက်ပြီး၊ မြန်မာပြည်သူ လူထုအတွက်လည်း အကြမ်းဖက် စစ်အာဏာရှင်တွေကို မြန်မြန်ဖယ်ရှားနိုင်ခွင့်ရမှာပါ။ ။

You may also like these stories:

စစ်ကောင်စီ၏ အသုံးချခံဖြစ်သွားနိုင်သော ထိုင်းအထူးသံတမန်

မြန်မာ့အခြေအနေ ပိုဆိုးလာ၊ အားထုတ် လုပ်ကိုင်ရန် လိုကြောင်း ကုလသမဂ္ဂနှင့် ASEAN ပြော

NUG နှင့် ပိုမိုထိတွေ့ဆက်ဆံရန် အာဆီယံကို အမေရိကန် တောင်းဆို

တရုတ် – အမေရိကန် တင်းမာမှုတွင် ရှေ့တန်းစစ်မျက်နှာသစ် မြန်မာ

မြန်မာစစ်တပ်ကို “လူရမ်းကား”များဟု အမေရိကန် နိုင်ငံခြားရေး အတိုင်ပင်ခံ ခေါ်

Your Thoughts …
Tags: NLDNUGPDFကုလသမဂ္ဂစစ်ကောင်စီဒေါ်အောင်ဆန်းစုကြည်အမေရိကန်အရေးယူ ပိတ်ဆိုမှုအာဆီယံအာဏာသိမ်းမှု
နိုင်ခေတ်

နိုင်ခေတ်

Contributor

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
112k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.2k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
89.2k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
63.5k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
61.6k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
55.3k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
စစ်အာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်က နစက ပတ္တမြား ဆိုသည်ကို ကြည့်ရှုနေစဉ်

အာဏာသိမ်း စစ်ခေါင်းဆောင်လည်း ပတ္တမြားရူး ရူးသွားပြီ

ကန်ပက်လက် CDF တပ်ဖွဲ့ဝင်များ  / CDF

ကန်ပက်လက်မြို့ပေါ်ရှိ စစ်ကောင်စီစခန်းများ ၂ ရက်ဆက်တိုက် တိုက်ခိုက်ခံရ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

6 days ago
7.3k
မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

6 days ago
3.3k

Most Read

  • စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    shares
    Share 0 Tweet 0
  • ၃၇ မင်းကစတဲ့ ဇာတ်လမ်း

    shares
    Share 0 Tweet 0
  • အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate