• English
Sunday, July 20, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

သီရိလင်္ကာ ကျဆုံးခန်း

by Brahma Chellaney
15 July 2022
in သူ့အတွေး သူ့အမြင်
A A
ဆန္ဒပြသူများသည် ဒေါသ ဆက်လက် ပေါက်ကွဲနေပြီး ပင်လယ်ကမ်းခြေရှိ သမ္မတအိမ်တော်ကို ဝင်ရောက် သိမ်းပိုက်သည်  / Getty Images

ဆန္ဒပြသူများသည် ဒေါသ ဆက်လက် ပေါက်ကွဲနေပြီး ပင်လယ်ကမ်းခြေရှိ သမ္မတအိမ်တော်ကို ဝင်ရောက် သိမ်းပိုက်သည် / Getty Images

6.9k
VIEWS
Share on FacebookShare on Twitter

အာဏာရှင်ဆန်ခြင်း၊ ဆွေမျိုးညာတိ ကောင်းစားရေး၊ ခရိုနီစနစ်နှင့် ပလွှားမှုတို့ ပေါင်းစပ်လိုက်သောအခါ ရာဂျာပက်ဆာ မိသားစုသည် သီရိလင်္ကာစီးပွားရေးကို မပေးဆပ်နိုင်သည့် ကြွေးမြီများဖြင့် ဖိစီးပြီး ပြိုလဲစေသည်။

နောက်တက်လာမည့် ခေါင်းဆောင်များသည် အခြေခံကုန်စည်များ မလုံလောက်ခြင်း၊ ပျက်စီးသွားသော စီးပွားရေးကို ပြန်လည် တည်ဆောက်ခြင်းနှင့် တရားဥပဒေစိုးမိုးမှု ပြန်လည် ထူထောင်ခြင်းများကို လုပ်ဆောင်ရတော့မည် ဖြစ်သည်။

RelatedPosts

ထိုင်းနိုင်ငံရေးနဲ့ ရှင်နာဝပ်မျိုးဆက်တို့ အလှမ်း‌ဝေးလာ

ထိုင်းနိုင်ငံရေးနဲ့ ရှင်နာဝပ်မျိုးဆက်တို့ အလှမ်း‌ဝေးလာ

19 July 2025
695
အာဇာနည်တွေ နေတဲ့တိုင်းပြည်

အာဇာနည်တွေ နေတဲ့တိုင်းပြည်

19 July 2025
537
အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

19 July 2025
4.7k

လွန်ခဲ့သော ဆယ်စုနှစ် ၂ ခု၏ အချိန်အများစုတွင် ရာဂျာပက်ဆာ ညီအစ်ကို လေးဦးနှင့် ၎င်းတို့၏ သားများသည် သီရိလင်္ကာနိုင်ငံကို မိသားစုပိုင်စီးပွားရေးသဖွယ် အုပ်ချုပ်ခဲ့ကြပြီး ထိုမိသားစု စီးပွားရေးလုပ်ငန်းသည် ဖရိုဖရဲ စီးပွားရေးလုပ်ငန်း ဖြစ်သည်။

လွန်ခဲ့သော ဆယ်စုနှစ် ၂ ခု၏ အချိန်အများစုတွင် ရာဂျာပက်ဆာ ညီအစ်ကို လေးဦးနှင့် ၎င်းတို့၏ သားများသည် သီရိလင်္ကာနိုင်ငံကို မိသားစုပိုင်စီးပွားရေးသဖွယ် အုပ်ချုပ်ခဲ့ကြပြီး ထိုမိသားစု စီးပွားရေးလုပ်ငန်းသည် ဖရိုဖရဲ စီးပွားရေးလုပ်ငန်း ဖြစ်သည်။

၎င်းတို့၏ ကြီးမားသော ဆောက်လုပ်ရေး လုပ်ငန်းများနှင့် အသုံးအဖြုန်ကြီးသည့် ပုံစံများကြောင့် ၎င်းတို့သည် သီရိလင်္ကာနိုင်ငံကို ရေရှည်တိုးတက်မှု မရှိသောကြွေးမြီများနှင့် ထားရစ်ခဲ့ပြီး နိုင်ငံကို လွတ်လပ်ရေး ရပြီးနောက်ပိုင်း စီးပွားရေး အကျပ်အတည်း ကျရောက်စေခဲ့သည်။ ယခုအခါ ထိုဆွေမျိုးစုသည် ကျရှုံးသွားပြီ ဖြစ်သည်။

မဟင်ဒါ ရာဂျာပက်ဆာသည် ထိုဆွေမျိုးစုအုပ်ချုပ်ရေးကို ထူထောင်ရာတွင် အဓိကကျသည့် အခန်းမှ ပါဝင်သည်။ ၂၀၀၅ ခုနှစ်တွင် သမ္မတဖြစ်လာပြီးနောက် သူသည် နိုင်ငံကို ဆယ်စုနှစ်တခုကြာ သံလက်သီးဖြင့် အုပ်ချုပ်ပြီး လူမှုလွတ်လပ်ခွင့်များကို တိုက်ခိုက် (သမ္မတရာထူးသက်တမ်း ကန့်သတ်ချက်ကို ဖျက်သိမ်းခြင်း အပါအဝင်) သမ္မတအာဏာကို ချဲ့ထွင်ကာ နိုင်ငံအတွက် အကျိုးမရှိသော စီမံကိန်းများကို တရုတ်ချေးငွေဖြင့် တခုပြီးတခု လုပ်သည်။

ထိုသို့လုပ်ဆောင်သည့် တလျှောက်တွင် သူသည် သူ့မိသားစုကို အနီးကပ်ဆုံးထားပြီး သူ၏ညီ ဂိုတာဘာရာသည် ကာကွယ်ရေး ဝန်ကြီးဖြစ်လာသည်။

တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိနှင့် သီရိလင်္ကာ ဝန်ကြီးချုပ် ရာဂျာရာဂျာပက်ဆာ / AFP

သို့သော် မဟင်ဒါသည် သမ္မတရွေးကောက်ပွဲတွင် ရှုံးပြီး ရာဂျာပက်ဆာ ဆွေမျိုးစုသည် အာဏာမဲ့သွားသည်။ ထိုအချိန်အတွင်း ပါလီမန်သည် သမ္မတရာထူးသက်တမ်း ကန့်သတ်ချက်ကို ပြန်လည်ပြဋ္ဌာန်းပြီး မဟင်ဒါ နောက်တကြိမ် သမ္မတ မဖြစ်နိုင်အောင်လုပ်ဆောင် လိုက်သည်။

သို့သော် ထိုမိသားစုသည် ၎င်းတို့ဆွေမျိုးစုကို ပြန်လည်ထူထောင်ရန် စီမံကိန်းတခု ရေးဆွဲကြသည်။ ဂိုဘာရာတာအနေဖြင့် သူ၏ အမေရိကန်နိုင်ငံသားဖြစ်ခြင်းကို စွန့်လွှတ်ပြီး သမ္မတ ရွေးကောက်ပွဲဝင်ရန် အစီအစဉ်ဖြစ်သည်။

ဂိုဘာရာတာသည် မဟင်ဒါက တမီလ်ကျားများကို နောက်ဆုံးထိုးစစ်ဆင်ပြီး ရက်စက်ကြမ်းကြုတ်သော ၂၆ နှစ်ကြာ ပြည်တွင်းစစ်ကို အဆုံးသတ်လိုက်သည့် ၂၀၀၉ ခုနှစ်တွင် ကာကွယ်ရေးဝန်ကြီး ဖြစ်သည်။ ထိုသို့သော အနေအထားဖြင့် ရာဂျာပက်ဆာ ညီအကိုများသည် သီရိလင်္ကာမှ လူများစု သီရိလင်္ကာများအကြားတွင် သူရဲကောင်းဖြစ်ခဲ့ကြသည်။

ဂိုဘာရာတာသည် နိုင်ရန် အလားအလာ အလွန်ကောင်းသည်။ သူသည် မဟင်ဒါက တမီလ်ကျားများကို နောက်ဆုံးထိုးစစ်ဆင်ပြီး ရက်စက်ကြမ်းကြုတ်သော ၂၆ နှစ်ကြာ ပြည်တွင်းစစ်ကို အဆုံးသတ်လိုက်သည့် ၂၀၀၉ ခုနှစ်တွင် ကာကွယ်ရေးဝန်ကြီး ဖြစ်သည်။ ထိုသို့သော အနေအထားဖြင့် ရာဂျာပက်ဆာ ညီအကိုများသည် သီရိလင်္ကာမှ လူများစု သီရိလင်္ကာများအကြားတွင် သူရဲကောင်းဖြစ်ခဲ့ကြသည်။

သေချာသောအချက်မှာ နောက်ဆုံးထိုးစစ်သည် အရပ်သား ၄၀,၀၀၀ အထိ သေဆုံးပြီး နိုင်ငံတကာက စစ်ရာဇဝတ်မှုအဖြစ် စွပ်စွဲသည်။ ကုလသမဂ္ဂက ထိုဖြစ်ရပ်သည် နိုင်ငံတကာ ဥပဒေစနစ်တခုလုံးကို ပြင်းထန်သော တိုက်ခိုက်မှုဟု ဖော်ပြသည်။

စစ်ပွဲကာလက တပ်မှူးတဦးဖြစ်သည့် ဆာရတ် ဖွန်ဆီကာ၏ အဆိုအရ ဂိုဘာရာတာသည် လက်နက်ချသော သူပုန်ခေါင်းဆောင်များကို သတ်ရန် အကျဉ်းချုံးသတ်ဖြတ်မှုများကို အမိန့်ပေးခဲ့သည်။ သူ ယခင်က တရားဝင်နေထိုင်ရာ ကယ်လီဖိုးနီးယားတွင် ဂိုတာဘာရာသည် သူ့ကိုစွပ်စွဲထားသည် စစ်ရာဇဝတ်မှုများအတွက် တရားမ စွပ်စွဲချက်များကို ရင်ဆိုင်ရသည်။

ညီအစ်ကိုများဖြစ်သော ဘဏ္ဍာရေးဝန်ကြီး ဘာဆေးလ်၊ ဝန်ကြီးချုပ် မဟင်ဒါနှင့် သမ္မတ ဂိုတာဘာရာ ရာဂျာပက်ဆာ / Daily Mirror

သို့သော် ရာဂျာပက်ဆာ ညီအစ်ကိုများက ၎င်းတို့သည် သီရိလင်္ကာ အကျိုးစီးပွားကို ခေါင်းမာမာ ကာကွယ်စောင့်ရှောက်သူများ ဖြစ်ကြောင်းပြောသည်။ သို့နှင့် သူ၏ “အမျိုးသားအကျိုးစီးပွား” လက်မှတ်ဖြင့် ဂိုတာဘာရာသည် ၂၀၁၉ ခုနှစ် ရွေးကောက်ပွဲတွင် အနိုင်ရသည်။

ထိုအခါ သူသည် မဟင်ဒါကို ဝန်ကြီးချုပ်ခန့်သည်။ မဟင်ဒါက သူ့သား နှစ်ယောက်၊ အခြားညီအစ်ကို နှစ်ယောက်နှင့် တူတယောက်ကို ဝန်ကြီးများ သို့မဟုတ် အခြားအစိုးရရာထူးများတွင် ခန့်လိုက်သည်။

ထိုနှစ်တွင်ပင် အီစတာ တနင်္ဂနွေနေ့တွင် အစ္စလမ်မစ် အစွန်းရောက်များ ဗုံးခွဲတိုက်ခိုက်သောကြောင်း လူ ၂၂၇ ဦးသေဆုံးပြီး အခြားသူ ရာချီ ဒဏ်ရာရသည်။ ထိုတိုက်ခိုက်မှုသည် ၂၀၀၉ ခုနှစ်ကတည်းက တငွေငွေ့လောင်ကျွမ်းနေသည့် တင်းမာမှုများကို မီးမောင်းထိုးပြနေသည်။

စစ်တပ်၏ ထိုးစစ်များသည် ဟိန္ဒူအများစု တမီလ်များကို စည်းခြားလိုက်သော်လည်း ထိုစစ်ပွဲပြီးဆုံးခြင်းသည် လူများစု ဗုဒ္ဓဘာသာများနှင့် ယင်းနိုင်ငံရှိ လူဦးရေ ဆယ်ပုံတပုံရှိသော မွတ်ဆလင်များအကြား ဘာသာရေး ပဋိပက္ခ မျိုးစေ့ကို ချပေးခဲ့သည်။

စစ်တပ်၏ ထိုးစစ်များသည် ဟိန္ဒူအများစု တမီလ်များကို စည်းခြားလိုက်သော်လည်း ထိုစစ်ပွဲပြီးဆုံးခြင်းသည် လူများစု ဗုဒ္ဓဘာသာများနှင့် ယင်းနိုင်ငံရှိ လူဦးရေ ဆယ်ပုံတပုံရှိသော မွတ်ဆလင်များအကြား ဘာသာရေး ပဋိပက္ခ မျိုးစေ့ကို ချပေးခဲ့သည်။

အီစတာ တနင်္ဂနွေ အကြမ်းဖက် ဗုံးခွဲတိုက်ခိုက်မှုသည် ရာဂျာပက်ဆာ ညီအကိုများအတွက် သီရိလင်္ကာ အမျိုးသားရေးဝါဒကို လှုံ့ဆော်ရန် မီးထိုးပေးသည့် အရာသစ်တခု ဖြစ်လာသည်။

လူမျိုးရေးနှင့် ဘာသာရေး ဆန့်ကျင်မှုများ ဖန်တီးရုံသာမက ဂိုတာဘာရာသည် ဧကရာဇ်သမ္မတရာထူး ထူထောင်ရာတွင် သူ့အစ်ကို၏ ခြေရာကိုနင်းပြီး သမ္မတက ပါလီမန်ကို ဖျက်သိမ်းခွင့်ရှိအောင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ၂၀၂၀ ပြည့်နှစ်တွင် ပြင်ဆင်လိုက်သည်။ သူသည် သူ့အစ်ကိုက ဖန်တီးခဲ့သည့် စီးပွားရေး သေတွင်းတူးခြင်းသို့ သီရိလင်္ကာကို ဆက်လက်တွန်းပို့ပြီး တရုတ်နှင့်ဆက်လက် ပူးပေါင်းဆောင်ရွက်သည်။

မဟင်ဒါ အုပ်ချုပ်စဉ်က တရုတ်သည် ရာဂျာပက်ဆာ ညီအစ်ကိုများကို စစ်ရာဇဝတ်မှု စွပ်စွဲချက်များမှ ကုလသမဂ္ဂတွင် ကာကွယ်ပေးပြီး သီရိလင်္ကာမှ အဓိက အခြေခံအဆောက်အအုံ စီမံကိန်းကြီးများကို ရယူကာ သီရိလင်္ကာ၏ အဓိက မြီရှင်နိုင်ငံ ဖြစ်လာသည်။

တရုတ်သို့ ပေးဆပ်ရမည့် ကြွေးမြီများ စုပုံလာပြီး အဓိကအားဖြင့် ကုန်ကျသည်မှာ ရာဂျာပက်ဆာ မိသားစု ဇာတိမြေ ဟမ်ဘန်တိုတာခရိုင်တွင် ၎င်းတို့ဆွေမျိုးစု အထိမ်းအမှတ်များကို တည်ဆောက်ခြင်းကြောင့် ဖြစ်သည်။

ထိုအထိမ်းအမှတ် တည်ဆောက်မှုများတွင် ကမ္ဘာ့ လူသူ အကင်းမဲ့ဆုံးလေဆိပ်၊ ခရိုင်မြို့တော် လူဦးရေထက် ပိုမိုများပြားသည့် ပရိသတ်များကို လက်ခံနိုင်သည့် ခရစ်ကက် ကစားကွင်းနှင့် ၂၀၁၇ ခုနှစ်တွင် တရုတ်သို့ ၉၉ နှစ်အငှားချထားလိုက်ရချိန် မတိုင်မီအထိ မည်သည့်လုပ်ငန်းမျှ မလုပ်ဆောင်နိုင်သော ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံကုန်ကျသည့် ဆိပ်ကမ်းတို့ ပါဝင်သည်။

အကုန်အကျ အများဆုံး တရုတ် ကျောထောက်နောက်ခံပြု စီမံကိန်းမှာ ဒေါ်လာ ၁၃ ဘီလီယံ ကုန်ကျသည့် ဆိပ်ကမ်းမြို့တော်စီမံကိန်းဖြစ်ပြီး ထိုစီမံကိန်းကို မြို့တော် ကိုလံဘို၏ ဗဟိုချက်နှင့် နီးကပ်သည့် ပင်လယ်တွင် မြေများကို ပြန်လည်ဖော်ထုတ် တည်ဆောက်နေခြင်းဖြစ်သည်။

တရုတ်၏ လုပ်ထုံးလုပ်နည်းမှာ အာဏာရှင်များနှင့် သဘောတူညီမှု ရယူပြီး ထိုနိုင်ငံများ၏ ထိခိုက်လွယ်မှုများကို အသုံးချကာ သေနင်္ဂဗျူဟာ ခြေကုပ်ယူရေးဖြစ်သည်။ သီရိလင်္ကာတွင် တရုတ်၏ ပိုမိုကြီးမားသည့် ရည်မှန်းချက်များကို ၂၀၁၄ ခုနှစ်ကပင် ပြသနေသည်။

တရုတ်၏ လုပ်ထုံးလုပ်နည်းမှာ အာဏာရှင်များနှင့် သဘောတူညီမှု ရယူပြီး ထိုနိုင်ငံများ၏ ထိခိုက်လွယ်မှုများကို အသုံးချကာ သေနင်္ဂဗျူဟာ ခြေကုပ်ယူရေးဖြစ်သည်။ သီရိလင်္ကာတွင် တရုတ်၏ ပိုမိုကြီးမားသည့် ရည်မှန်းချက်များကို ၂၀၁၄ ခုနှစ်ကပင် ပြသနေသည်။

ထိုစဉ်က တရုတ်ရေငုပ်သင်္ဘော နှစ်စီးသည် ကြိုတင် ကြေညာခြင်းမရှိဘဲ ကိုလံဘိုမြို့သို့ သီးခြားစီ သွားရောက်ခဲ့ပြီး အဓိကအားဖြင့် တရုတ်ကုမ္ပဏီများက ပိုင်ဆိုင်နေသည့် ကုန်သေတ္တာ ဆိပ်ကမ်းသစ်များတွင် ဆိုက်ကပ်ကြသည်။

ကိုလံဘိုမြို့တွင် လောင်စာဆီ ပြတ်တောက်ပြီးနောက် ဇွန်လ ၂၇ ရက်နေ့က သီရိလင်္ကာလုံခြုံရေး တပ်ဖွဲ့ဝင်တဦး လောင်စာဆီဆိုင်တွင် စောင့်ကြပ်နေစဉ် / Reuters

ထို့ကြောင့် တရုတ်သည် ကမ္ဘာ့အရေးအပါဆုံး ရေကြောင်းလမ်း အနီး တည်ရှိသည့် နိုင်ငံတနိုင်ငံတွင် သြဇာထူထောင်လိုက်ပြီး သီရိလင်္ကာမှာမူ အကြွေးနွံနစ်ရသည်။ ထိုကြွေးမြီများတွင် စာချုပ်များအရ ပြည်သူလူထုကို ဖွင့်ချပြောဆိုရန် ခွင့်မပြုသော တရုတ်သို့ပေးဆပ်ရမည့် ကွယ်ဝှက်ကြွေးမြီများလည်း ပါဝင်နေသည်။

သို့သော် အခြေအနေကို မသိနားမလည်အောင် ဖြစ်စေသော ပလွှားမှုကြောင့် ရာဂျာပက်ဆာ ညီအစ်ကိုများသည် မကြာမီ ကျရောက်တော့မည့် ကံကြမ္မာဆိုးကို မမြင်နိုင်ကြပေ။ ၎င်းတို့သည် ရေလိုက်လွဲပြီး ၂၀၁၉ ခုနှစ်တွင် အခွန် အကြီးအကျယ် လျှော့ချမှုကို ပြုလုပ်လိုက်သောကြောင့် နိုင်ငံအတွက် အခွန်ငွေ ၃ ပုံ ၁ ပုံ ဆုံးရှုံးသွားသည်။

ထိုနောက် ကပ်ရောဂါနှင့် ရင်ဆိုင်ရပြီး သီရိလင်္ကာတွင် ပြည်ပငွေ ရှာဖွေပေးနိုင်မှု အများဆုံး ဖြစ်သော ခရီးသွားနှင့် အထည်ချုပ်လုပ်ငန်းများ ကြေမွသွားသည်။

ယူကရိန်းမှ စစ်ပွဲသည် နိုင်ငံတကာစွမ်းအင်နှင့် အစားအစာ ဈေးနှုန်းများ မြင့်တက်စေခြင်းဖြင့် သီရိလင်္ကာ၏ နိုင်ငံခြားသုံး အရန်ငွေကြေးများကို ခန်းခြောက်သွားစေပြန်ပြီး လောင်စာ၊ အစားအစာ၊ ဆေးဝါးနှင့်လျှပ်စစ်ဓာတ်အား မလုံလောက်မှုများကို ဖြစ်စေသည်။

မကြာသေးမီကလည်း ယူကရိန်းမှ စစ်ပွဲသည် နိုင်ငံတကာစွမ်းအင်နှင့် အစားအစာ ဈေးနှုန်းများ မြင့်တက်စေခြင်းဖြင့် သီရိလင်္ကာ၏ နိုင်ငံခြားသုံး အရန်ငွေကြေးများကို ခန်းခြောက်သွားစေပြန်ပြီး လောင်စာ၊ အစားအစာ၊ ဆေးဝါးနှင့်လျှပ်စစ်ဓာတ်အား မလုံလောက်မှုများကို ဖြစ်စေသည်။

ထိုသို့ဖြစ်နေခြင်းသည် လမ်းမများပေါ်သို့ အုပ်စုလိုက်ထွက်လာသော သီရိလင်္ကာနိုင်ငံသားများအတွက် နောက်ဆုံး ကောက်ရိုးမျှင်သာ ဖြစ်သည်။

ဆန္ဒပြသူများ ကျေနပ်စေရန် မစ္စတာ မဟင်ဒါသည် မေလ ၉ ရက်နေ့တွင် စိတ်မပါလက်မပါဖြင့် သူ၏ ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်ရသည်။ သို့သော် ဆန္ဒပြသူများသည် ဒေါသ ဆက်လက် ပေါက်ကွဲနေပြီး ပင်လယ်ကမ်းခြေရှိ သမ္မတအိမ်တော်ကို ဝင်ရောက် သိမ်းပိုက်သည်။ ဂိုတာဘာရာသည် သူနုတ်ထွက်မည့် ဆုံးဖြတ်ချက်ကို မကြေညာမီ မိနစ်ပိုင်းအတွင်း ထွက်ပြေးရသည်။

သီရိလင်္ကာနိုင်ငံတွင်းတွင်မူ သမ္မတ၏ ကုတင်တွင် လဲလှောင်းနေသော၊ အိမ်နောက်တွင် ချက်ပြုတ်စားသောက်နေသော ဓာတ်ပုံများသည် ပြည်သူ့အာဏာ၏ သင်္ကေတ ဖြစ်နေသည်။ သို့သော် ထိုဓာတ်ပုံများသည် ကမ္ဘာတဝှမ်း အာရှမှ လက်တင်အမေရိက အထိ နိုင်ငံရေးဆွေမျိုးစုများအတွက်လည်း သတိပေးသည့်သဘောဖြစ်သင့်သည်။

မိသားစုတစုက အစိုးရတရပ် သိုမဟုတ် ပါတီတခုကို လွှမ်းမိုးချုပ်ကိုင်သောအခါ တာဝန်ခံမှုသည် နစ်နာရပြီး မကြာခဏဆိုသလို ကပ်ဆိုက်တတ်သည်။ ထိုသို့သော ဖြစ်ရပ်များသည် အာဏာအခိုင်မာဆုံး မိသားစုများကိုပင် ကျဆုံးစေနိုင်ပြီး အလွန်လျင်မြန်စွာလည်း ကျဆုံးစေနိုင်သည်။

အကြွေးပိနေသော အခြားနိုင်ငံများအတွက်လည်း သင်ခန်းစာယူစရာ ရှိသည်။ ၎င်းတို့သည် အကြွေးများကို ရေရှည်ပေးဆပ်ရန် မလုပ်ဆောင်နိုင်ပါက အကျပ်အတည်းများနှင့် အလျင်အမြန် ရင်ဆိုင်ရတော့မည် ဖြစ်သည်။

အကြွေးပိနေသော အခြားနိုင်ငံများအတွက်လည်း သင်ခန်းစာယူစရာ ရှိသည်။ ၎င်းတို့သည် အကြွေးများကို ရေရှည်ပေးဆပ်ရန် မလုပ်ဆောင်နိုင်ပါက အကျပ်အတည်းများနှင့် အလျင်အမြန် ရင်ဆိုင်ရတော့မည် ဖြစ်သည်။

သီရိလင်္ကာနိုင်ငံ အတွက်မှာမူ နောက်တက်လာမည့် ခေါင်းဆောင်များသည် အခြေခံကုန်စည် မလုံလောက်မှု၊ ပျက်စီးသွားသော စီးပွားရေးကို ပြန်လည် တည်ဆောက်ရေးနှင့် လက်ရှိ အကျပ်အတည်းအတွက် တာဝန်ရှိသူများကို တာဝန်ခံစေရေးတို့ကို ကိုင်တွယ်ဖြေရှင်း ရမည်ဖြစ်သည်။ သို့သော် သွေးချောင်းစီးသော နိုင်ငံတနိုင်ငံတွင် ရာဂျာပက်ဆာ ညီအစ်ကိုများ ထားခဲ့သည့် အဖျက်စွမ်းအား အမွေအနှစ်ကို ကျော်လွှားရသည့် စိန်ခေါ်မှုကို လျှော့မတွက်သင့်ပေ။

(ဘရာမာ ချယ်လန်နေ [Brahma Chellaney ] သည် အိန္ဒိယနိုင်ငံ၊ နယူးဒေလီအခြေစိုက် မူဝါဒ သုတေသနဌာနမှ သေနင်္ဂဗျူဟာလေ့လာရေး ပါမောက္ခနှင့် ဘာလင်အခြေစိုက် Robert Bosch အကယ်ဒမီ၏ သုတေသီဖြစ်သည်။ Project syndicate ပါ The Fall of the House of Rajapaksa ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)

You may also like these stories:

သီရိလင်္ကာစီးပွားရေး မည်သည့်အတွက် ပြိုလဲပြီး မည်သည်တို့ ဆက်ဖြစ်မည်နည်း

သီရိလင်္ကာတွင် လောင်စာဆီ ခွဲတမ်းချ

ကြွေးမြီအကျပ်အတည်းကြောင့် လာအို ဒေဝါလီခံရနိုင်

တရုတ်အကြွေးပိပြီး ဒေဝါလီခံရတဲ့ သီရိလင်္ကာ

Your Thoughts …
Tags: ကြွေးမြီစီးပွားရေးတမီးလ်တရုတ်တရုတ် ချေးငွေရာဂျာပက်ဆာ ညီအစ်ကိုများသီရိလင်္ကာ
Brahma Chellaney

Brahma Chellaney

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
113.5k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
111k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
64.4k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
44.5k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

by အုန်းညို
25 September 2023
43.3k

စစ်ခေါင်းဆောင်ရဲ့ အာဏာ အင်ပါယာနဲ့ ယခင်စစ်ခေါင်းဆောင်ရဲ့ လျာထားခံ စစ်ဗိုလ်ချုပ်ကြီးတွေကြား အာဏာချိန်ခွင်လျှာ အားပြိုင်ပွဲပါ။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
33k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

Next Post
ဈေးကွက်အတွင်း ဝယ်လိုအားထက် ရောင်းပေးနိုင်သည့် ပမာဏနည်းကာ စားအုန်းဆီဈေးမှာ သတ်မှတ်ဈေးနှင့် ၂ ဆမြင့်နေသည်

စစ်ကောင်စီ ထိန်းချုပ်ဖြန့်ဖြူးမှုကြောင့် စားအုန်းဆီဈေး ဆက်လက်မြင့်တက်နေ

ဗဟိုဘဏ်သည် ကျပ်ငွေလဲလှယ်နှုန်း ဝင်ရောက်သတ်မှတ်ခြင်းကို ပြန်လည်ကျင့်သုံးသည်  / ဧရာဝတီ

ပြည်ပချေးငွေ ပေးဆပ်မှုများ ဆိုင်းငံ့ထားရန် ဗဟိုဘဏ် ညွှန်ကြား

No Result
View All Result

Recommended

MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

3 days ago
4.9k
ရန်ကုန်မှာ ရွှေကို တန်းစီ တိုးဝယ်

ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

5 days ago
4.8k

Most Read

  • နောင်ချိုကို ဘာကြောင့် လက်လွှတ်လိုက်ရလဲ

    နောင်ချိုကို ဘာကြောင့် လက်လွှတ်လိုက်ရလဲ

    shares
    Share 0 Tweet 0
  • တောင်ကိုရီးယားက မြန်မာသံရုံး ငွေကြေးအရှုပ်တော်ပုံ

    shares
    Share 0 Tweet 0
  • အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

    shares
    Share 0 Tweet 0
  • အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့် ပေးစာရေးသားခြင်း အလွဲ

    shares
    Share 0 Tweet 0
  • MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate