လွန်ခဲ့သောနှစ်ပတ်က မြန်မာလူသတ်ဂိုဏ်းချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကျော်ကြားသော ဗုဒ္ဓဘာသာ ဘုန်းကြီး နှစ်ပါးနှင့်အတူ ရုရှားသို့ သွားရောက်ပြီး မော်စကိုမြို့အနီး ကာလုဂါပြည်နယ်မှ အက်သနိုမာ ယဉ်ကျေးမှုပြတိုက်တွင် ဘုရားအနေကဇာတင်သည်။
လွန်ခဲ့သောနှစ် အာဏာသိမ်းမှုမှစတင်ပြီး ဗိုလ်ချုပ်မှူးကြီးသည် သူ့ကိုယ်သူ ဗုဒ္ဓဘာသာကို ကာကွယ်စောင့်ရှောက်သော အုပ်ချုပ်သူအဖြစ် ပုံဖော်ရန်အတွက်သာ လုပ်ဆောင်နေသည်။ ပြည်တွင်းမှ သူ၏ ဦးစားပေးများတွင် ကမ္ဘာ့အကြီးမားဆုံး ဆင်းတုတော်ဟုဆိုသည့် ဗုဒ္ဓဆင်းတုတော်တဆူကိုတည်ပြီး ဘုရားများတွင် ထီးတင်သည်။
သို့သော် သူ၏ များပြားလှသော ဘာသာရေးလုပ်ငန်းများသည် စစ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာသည့် နက်ရှိုင်းလှသော ဖရိုဖရဲအခြေအနေများကို ဖုံးကွယ်နိုင်ခြင်း မရှိပေ။ နေ့စဉ်နေ့တိုင်း နိုင်ငံသည် အကျပ်အတည်း တခုပြီးတခု နက်ရှိုင်းစွာ ကျရောက်နေပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ စစ်သားများကလည်း ရက်စက်ကြမ်းကြုတ်မှုများကို ဆက်လက် ကျူးလွန်ကြသည်။
သူသည် ဘာသာတရားကိုင်းရှိုင်းသည့် ဗုဒ္ဓဘာသာဝင်ဖြစ်ကြောင်း မိမိတို့ကို ယုံကြည်စေလိုသည့် တချိန်တည်းတွင် ရုရှားမှပြန်လာပြီး တပတ်ကြာသောအခါ ထင်ရှားသော ခေါင်းဆောင်နှစ်ဦး အပါအဝင် တက်ကြွလှုပ်ရှားသူ လေးဦးကို ကွပ်မျက်ရန် အမိန့်ပေးသည်။
လွန်ခဲ့သော ရက်သတ္တပတ်ကုန်က ကွပ်မျက်မှုများမတိုင်မီ သမားတော်များသည် သေဒဏ်ချမှတ်ခံထားရသည့် အကျဉ်းသားများကို စစ်ဆေးကြသည်။ ထိုအကျဉ်းသားများအနက် နှစ်ဦးမှာ မြန်မာ၏ အကြမ်းမဖက်သော ဒီမိုကရေစီ လှုပ်ရှားမှုတွင် ထင်ရှားသူများဖြစ်နေသည်မှာ ဆယ်စုနှစ်များ ကြာပြီဖြစ်သော်လည်း အာဏာသိမ်းပြီးသောအခါ အဖမ်းခံရပြီး ဗုံးဖောက်ခွဲမှုနှင့် မြို့ပြပြောက်ကျား တိုက်ခိုက်မှုများအပါအဝင် အကြမ်းဖက်မှုများဖြင့် စွပ်စွဲခံရသည်။
သူသည် ဘာသာတရားကိုင်းရှိုင်းသည့် ဗုဒ္ဓဘာသာဝင်ဖြစ်ကြောင်း မိမိတို့ကို ယုံကြည်စေလိုသည့် တချိန်တည်းတွင် ရုရှားမှပြန်လာပြီး တပတ်ကြာသောအခါ ထင်ရှားသော ခေါင်းဆောင်နှစ်ဦး အပါအဝင် တက်ကြွလှုပ်ရှားသူ လေးဦးကို ကွပ်မျက်ရန် အမိန့်ပေးသည်။
အသက် ၄၁ နှစ် ရှိပြီဖြစ်သော ဦးဖြိုးဇေယျာသော်သည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) လွှတ်တော်ကိုယ်စားလှယ်ဟောင်းဖြစ်ပြီး အသက် ၅၃ နှစ်ရှိပြီဖြစ်သော ဦးဂျင်မီဟု လူသိများသည့် ဦးကျော်မင်းယုသည် ထင်ရှားသော တက်ကြွလှုပ်ရှားသူဖြစ်သည်။ နှစ်ဦးစလုံးသည် ယခင်စစ်အုပ်စုခေတ်ကလည်း နိုင်ငံရေး အကျဉ်းသားများဖြစ်သည်။
အခြားနှစ်ဦးမှာ လူသိနည်းသူများဖြစ်သည်။ စစ်ကောင်စီအတွက် ဒလန်လုပ်ပေးသည်ဟု ၎င်းတို့ယူဆသည့် အမျိုးသမီးတဦးကို သတ်ဖြတ်မှုဖြင့် ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့ကို စွပ်စွဲသည်။ ယခုနှစ်အစောပိုင်းတွင် ၎င်းတို့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေအရ စစ်ခုံရုံးတွင် စစ်ဆေးကာ သေဒဏ်ချခဲ့သည်။ ၎င်းတို့ လေးဦးလုံးမည်သူမျှ အများပြည်သူရှေ့တွင် မျှတသည့် တရားစီရင်မှုကို ခံစားရခြင်းမရှိပေ။
လွန်ခဲ့သောအပတ်က ထိုအကျဉ်းသားများကို စစ်ဆေးသည့် သမားတော်များက ၎င်းတို့ကို ကြိုးပေးကွပ်မျက်ရန် မသင့်တော်သေးကြောင်း ကောက်ချက်ချသည်။ မည်သို့ဆိုစေကာမှု ကွပ်မျက်မှုကို ဆက်လက်လုပ်ဆောင်သည်။ ထိုသို့ဆက်လက်ဆောင်ရွက်ရန် အမိန့်ပေးသူသည် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှတပါး မည်သူမျှ မဟုတ်ပေ။
စစ်အာဏာသိမ်းခေါင်းဆောင်သည် နေပြည်တော်မှ ယုံကြည်ရသော အရာရှိများကို စေလွှတ်ပြီး ကွပ်မျက်မှုများအား လျှို့ဝှက်မှုရှိစေရန် ကြီးကြပ်စေသည်။ ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးစိုးထွဋ်က ထိုကွပ်မျက်မှုကို ကြီးကြပ်သည်ဟု သတင်းများတွင် ဖော်ပြသည်။
ထိုသို့သော ကွပ်မျက်မှုများဖြင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တပ်တွင်းမှ အာဏာသိမ်းမှုထောက်ခံသည့် အမာခံများကို သဘောကျစေကောင်း သဘောကျစေမည်ဖြစ်သော်လည်း တနိုင်ငံလုံး တုန်လှုပ်ပြီး ဒေသတွင်း၊ ဒေသပြင်ပမှ အစိုးရများကို အံ့သြသွားစေသည်။
အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) လက်ရှိဥက္ကဋ္ဌ ကမ္ဘောဒီးယားဝန်ကြီးချုပ် မစ္စတာ ဟွန်ဆန်က ဦးကျော်မင်းယုနှင့် ဦးဖြိုးဇေယျာသော်တို့ကို မကွပ်မျက်ရန် လွန်ခဲ့သောလက စာတစောင်တွင် စစ်ကောင်စီခေါင်းဆောင်ကို မေတ္တာရပ်ခံခဲ့သည်။
လွန်ခဲ့သောအပတ်က ထိုအကျဉ်းသားများကို စစ်ဆေးသည့် သမားတော်များက ၎င်းတို့ကို ကြိုးပေးကွပ်မျက်ရန် မသင့်တော်သေးကြောင်း ကောက်ချက်ချသည်။ မည်သို့ဆိုစေကာမှု ကွပ်မျက်မှုကို ဆက်လက်လုပ်ဆောင်သည်။ ထိုသို့ဆက်လက်ဆောင်ရွက်ရန် အမိန့်ပေးသူသည် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှတပါး မည်သူမျှ မဟုတ်ပေ။
စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်နှင့် သူ၏အရာရှိများသည် သူနှင့်သူ၏ စစ်ကောင်စီကို တရားဝင်မှုရအောင် လုပ်ပေးလိုပုံရသော ဒေသတွင်း ခေါင်းဆောင်အနည်းငယ်အနက် တဦးဖြစ်သူ မစ္စတာ ဟွန်ဆန်ထံမှ မေတ္တာရပ်ခံမှုကို လျစ်လျူရှုပြီး ဓားစာခံအဖြစ် ၎င်းတို့ ဖမ်းဆီးထားသူများကို ကွပ်မျက်ရန် ဆုံးဖြတ်ခဲ့သည်။ ထိုစက်ဆုတ်ဖွယ်လုပ်ရပ်မှ တစုံတရာ ရမည်ဟု ထင်ရလောက်အောင် သူ၏စိတ်တွင် မည်သည်တို့ ဖြစ်နေသနည်း။
ထိန်းထိန်းသိမ်းသိမ်လုပ်ရန် ဖျောင်းဖျမခံဘဲ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်သည် သူ့ရပ်တည်အချက်အတိုင်း ပိုမိုမာကျောလာသည်။
အာဏာသိမ်းပြီးချိန်မှ စတင်ပြီး စစ်ကောင်စီသည် လက်နက်ကိုင် အတိုက်အခံကိုသာမက သာမန်အရပ်သားများကိုပါ နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးများ ပြုလုပ်ပြီး အမြစ်ဖြတ်သုတ်သင်သည့် ဗျူဟာကို ကျင့်သုံးနေသည်။
စစ်ကောင်စီခေါင်းဆောင်သည် သူဖြုတ်ချထားသော ရွေးကောက်ခံအစိုးရခေါင်းဆောင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အိမ်တလုံးတွင် ဖမ်းဆီးထားရာမှ ဇွန်လတွင် နေပြည်တော်ထောင်သို့ပို့ပြီး တယောက်တည်းနေစေသည်။ (ဦးဇေယျာသော်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် ရင်းနှီးသူဖြစ်ပြီး ၂၀၁၅ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည် ပထမဆုံးအကြိမ် တရုတ်နိုင်ငံသို့ သွားရောက်စဉ်က လိုက်ပါသွားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ဦးဇေယျာသော် ကွပ်မျက်ခံရသည်ကို သိရှိပြီးဖြစ်သည်။ ထိုသို့ ကွပ်မျက်ခြင်းသည်ပင် ဒေါ်အောင်ဆန်းစုကြည်၏ စိတ်ဓာတ်ကို ရိုက်ချိုးရန် ပေးလိုသော သတင်းစကားဖြစ်သည်ဟု ယူဆရသည်။ စစ်ကောင်စီလိုလားသော လူမှုကွန်ရက်ပို့စ်တခုက ဒေါ်ဆောင်ဆန်းစုကြည်နှင့် ဦးဇေယျာသော်ကို ပုတ်ခတ်ပြီး သူကွပ်မျက်ခံရသည့် သတင်းအတွက် အောင်ပွဲခံသည်။)
အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်သည် နိုင်ငံကို ပိုမိုတင်းကျပ်နေပြီး ခုခံရေးအင်အားစုများနှင့် အရပ်သားဒေသများသို့ ဂျက်တိုက်လေယာဉ်များ၊ ရဟတ်ယာဉ်များ စေလွှတ်တိုက်ခိုက်သည်။ သူနှင့် သူ၏ စစ်ကောင်စီသည် ပြည်သူလူထုကို စည်းရုံးရန် ကိစ္စကို စိတ်ဝင်စားခြင်း မရှိကြပေ။
ရက်စက်ကြမ်းကြုတ်သော အင်အားပြခြင်းနှင့် အကြောက်တရား ဖန်တီးခြင်းသည် ပြည်သူလူထုနှင့် စစ်ကောင်စီဆန့်ကျင်သူများကို ဆက်ဆံသည့် နည်းလမ်းများဖြစ်သည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် သူတပ်မှူးအချို့က စိတ္တဇသမားများ သဖွယ် ယုံကြည်နေကြသည်။
သို့မဟုတ် ထိုကွပ်မျက်မှုများသည်ပင် စစ်ကောင်စီက အင်အားပြရန် မျှော်လင့်ချက် ကင်းမဲ့သော အားထုတ်မှု ဖြစ်နေပါသလား။
ရက်စက်ကြမ်းကြုတ်သော အင်အားပြခြင်းနှင့် အကြောက်တရား ဖန်တီးခြင်းသည် ပြည်သူလူထုနှင့် စစ်ကောင်စီဆန့်ကျင်သူများကို ဆက်ဆံသည့် နည်းလမ်းများဖြစ်သည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် သူတပ်မှူးအချို့က စိတ္တဇသမားများ သဖွယ် ယုံကြည်နေကြသည်။
သို့သော် ၎င်းတို့သည် မည်သည့်အခါမျှ အောင်ပွဲရမည်မဟုတ်ပေ။ ယခုကွပ်မျက်မှုများသည် စစ်ကောင်စီကို ဆန့်ကျင်မှုမီးကို လောင်စာထပ်မံ ဖြည့်တင်းလိုက်ခြင်း ဖြစ်သောကြောင့် တန်ပြန် သက်ရောက်မည်ဖြစ်သည်။
စစ်ကောင်စီသည် အကျိုးဆက်များကို စိတ်မပူသလို ဂရုလည်းစိုက်ပုံမရပေ။ ကွပ်မျက်ခံလိုက်ရသော အကျဉ်းသားလေးဦးတို့သည် ချက်ခြင်း တော်လှန်ရေးသူရဲကောင်းများ ဖြစ်သွားကြပြီး မည်သည့်အရာမျှ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် မရပေ။ ဒီမိုကရက်တစ် အတိုက်အခံများအပေါ် ပုဂ္ဂိုလ်ရေး မုန်းတီးမှုဖြင့် စိတ်ထင်ရာ လုပ်နေခြင်းဖြစ်နိုင်သည်။ ထိုသို့ဆိုပါက ယခုကွက်မျက်ခြင်းများသည် သူကာလကြာမြင့်စွာ စောင့်ဆိုင်းနေရသည့် လက်စားချေမှုများ ဖြစ်သည်။
စစ်တပ်သည် မြန်မာတွင် ပြစ်ဒဏ်ကင်းလွတ်ခြင်းကို ဆယ်စုနှစ်ပေါင်းများစွာ ခံစားနေသောကြောင့် စစ်ကောင်စီသည် ယခင်စစ်အုပ်စုများကဲ့သို့ အစုလိုက်အပြုံလိုက် ရက်စက်ကြမ်းကြုတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ ဥပဒေပြင်ပ သတ်ဖြတ်မှုများနှင့် အငြင်းပွားဖွယ် ဖမ်းဆီးချုပ်နှောင်ခြင်းများကို စိတ်ထင်တိုင်း ကျူးလွန်သည်။
စိုးရိမ်စရာ ကောင်းသောအချက်မှာ လွန်ခဲ့သော ရက်သတ္တပတ်ကုန်က ကွပ်မျက်မှုများသည် နောက်ဆုံးမဟုတ်ဘဲ အာဏာသိမ်းပြီးနောက်တွင် သေဒဏ်ပေးခံထားရသော နိုင်ငံသား ဒါဇင်ပေါင်းများစွာ ကျန်ရှိနေခြင်းဖြစ်သည်။
“ကျနော်တို့က နိုင်ငံတည်ငြိမ်ရေး ထိန်းသိမ်းဖို့ တရားဥပဒေစိုးမိုးမှုနဲ့အညီ ဥပဒေအရ လုပ်တာ” ဟု စစ်ကောင်စီပြောခွင့်ရသူက နေပြည်တော်တွင်ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတခုတွင် ပြောသည်။
အာခံသောလေသံဖြင့် ထိုလေးဦးကို တရားရုံးများက ပြစ်ဒဏ်ချခြင်းဖြစ်ကြောင်း ၎င်းကပြောပြီး “သူတို့ လုပ်ရပ်က သေဒဏ်များစွာ ချမှတ်သင့်တဲ့လုပ်ရပ်တွေ” ဟုပင် ပြောလိုက်သေးသည်။
ရာဇဝတ်မှုများအတွက် အပြစ်ပေးမခံရဘဲ သူလွတ်မြောက်နေမည်ဟု အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် သိထားသည်။ အာဏာမသိမ်းမီကပင် ‘ကျနော်မလုပ်ရဲတာ ဘာမှမရှိဘူး’ ဟုပင် လူသိရှင်ကြားပြောခဲ့သည်။
ပြည်ပမှ ကန့်ကွက်သံများ ပြစ်တင်ရှုတ်ချမှုများသည် မကြာမီ ငြိမ်သက်သွားမည်ဟု သူနှင့်သူ့တပ်မှူးများ သိထားကြသည်။
နိုင်ငံတကာ ပြစ်တင်ရှုတ်ချမှုများနှင့် ဆန့်ကျင်ကန့်ကွက်မှုများကို ရည်ညွှန်းပြီး သူက “သူတို့တွေ အော်ချင်ဟစ်ချင်ရင် အော်ဟစ်လို့ရတယ်။ ဒါပေမယ့် နောက်တော့မောပြီး ခြေကုန်လက်ပမ်း ကျသွားပြီး အသံတိတ်သွားလိမ့်မယ်” ဟု ၎င်းက ပြောသည်။
မြန်မာမှ အာဏာသိမ်းမှုများအပေါ် နိုင်ငံတကာ ပြစ်တင်ရှုတ်ချမှုများနှင့် ကန့်ကွက်မှုများကို လှောင်ပြောင်သရော်သည့် အလယ်အလတ် စစ်အရာရှိတဦးကို လွန်ခဲ့သောနှစ်က စာရေးသူတွေ့ဖူးသည်။
နိုင်ငံတကာ ပြစ်တင်ရှုတ်ချမှုများနှင့် ဆန့်ကျင်ကန့်ကွက်မှုများကို ရည်ညွှန်းပြီး သူက “သူတို့တွေ အော်ချင်ဟစ်ချင်ရင် အော်ဟစ်လို့ရတယ်။ ဒါပေမယ့် နောက်တော့မောပြီး ခြေကုန်လက်ပမ်း ကျသွားပြီး အသံတိတ်သွားလိမ့်မယ်” ဟု ၎င်းက ပြောသည်။
ဒီမိုကရေစီတက်ကြွလှုပ်ရှားသူ လေးဦးကို စစ်ကောင်စီက ကွပ်မျက်လိုက်ပြီးနောက် အမေရိကန် ပြည်ထောင်စုက စစ်ကောင်စီနှင့် ယခင်အတိုင်း မဆက်ဆံနိုင်တော့ကြောင်းပြောပြီး စစ်ကောင်စီကို အပြစ်ပေးရန် နောက်ထပ် အစီအမံများကို စဉ်းစားရာတွင် မည်သည့်အရာကိုမဆို လုပ်ဆောင်ရန် အသင့်ရှိကြောင်း ပြောသည်။
သို့သော် လက်တွေ့တွင် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်သည် ဖိအားမခံစားရသလောက်ပင် ဖြစ်နေသည်။ ဖိအားခံစားနေရပါက ထိုမျှ ရက်စက်ကြမ်းကြုတ် သူရဲဘောကြောင်သော ကွပ်မျက်မှုများကို ကျူးလွန်မည် မဟုတ်ပေ။ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ဟောင်း မစ္စတာ စကော့ မာရှယ်ပြောသည့်အတိုင်း ဆိုပါက ကမ္ဘောဒီးယားမှ ခမာနီများပြီးလျှင် စစ်ကောင်စီသည် အရှေ့တောင်အာရှတွင် အဆိုးရွားဆုံး ဖြစ်သည်ဟုသာ ဆိုရမည်ဖြစ်သည်။
အမေရိကန်အနေဖြင့် အရေးယူပိတ်ဆို့မှုများ တိုးမြှင့်နိုင်ခဲ့သော်လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သူ့တွင် ရုရှား၊ တရုတ်၊ အိန္ဒိယနှင့် ဂျပန်သာမက ထိုင်းနှင့် အရှေ့တောင်အာရှနိုင်ငံအချို့ အပါအဝင် အားကိုးလောက်သည့် မိတ်ဆွေနှင့် မဟာမိတ်များ ရှိသည်ဟု ယုံကြည်သည်။ နိုင်ငံတကာ အသိုက်အဝန်းတွင် ကြောင်သူတော်များစွာရှိကြောင်း သူသိသည်။
ကွပ်မျက်မှုများကို အောင်မြင်စွာ ဆောင်ရွက်ခဲ့ကြောင်း သူလက်အောက်ငယ်သားများထံမှ သတင်းကို ကြားရသောအခါ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် ဝမ်းမြောက်ဝမ်းသာဖြစ်မည်ကို သံသယဖြစ်ရန် မလိုပေ။ သို့သော် ဦးကျော်မင်းယုနှင့် ဦးဇေယျာသော်တို့ နောက်ဆုံးစကားများအဖြစ် မည်သည်တို့ကို ပြောခဲ့သနည်း။ မိသားစုများကို နှုတ်ဆက်ခြင်းအပြင် မင်းအောင်လှိုင်၊ ASEAN နှင့် အခြားကြောင်သူတော် အားလုံး၏ ပျက်ကွက်မှုကို ကျိန်ဆဲခဲ့ကောင်း ကျိန်ဆဲခဲ့နိုင်သည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသည့် အောင်ဇော်၏ Myanmar Junta Chief Motivated Only by Cruelty and Revenge ကို ဘာသာပြန် ဖော်ပြသည်။ အောင်ဇော်သည် ဧရာဝတီသတင်းဌာကို တည်ထောင်သူနှင့် အယ်ဒီတာချုပ်ဖြစ်သည်။)
You may also like these stories:
ကိုဂျင်မီနှင့် ကိုဇေယျာသော်တို့ သတင်းအပေါ် ဒေါ်အောင်ဆန်းစုကြည် စိတ်ထိခိုက်
နိုင်ငံရေးအကျဉ်းသားများကို ကွပ်မျက်မှု တရားဥပဒေနှင့် မညီ
မင်းအောင်လှိုင်ရဲ့ ကြိုးမိန့် နဲ့ နိုင်ငံရေးလက်စားချေပွဲ
စစ်ကောင်စီ ဆန့်ကျင်သူများ ကွပ်မျက်ရေး ဆရာတော်များ ဝစီပိတ်နေ
ဇူလိုင် ၂၅ က ရိုင်းစိုင်းသော သမိုင်းမှတ်တိုင် စိုက်ခဲ့သည်
အတုယောင် တရားရုံးကို အသုံးချ၍ သတ်ဖြတ်ခဲ့သော ဥပဒေမဲ့ လူသတ်မှု
မြန်မာ့နိုင်ငံရေး သမိုင်းထဲက သေဒဏ်စီရင်မှုများ