မြန်မာစစ်ကောင်စီသည် ယခုအပတ်အတွင်း ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူ ၄ ဦးကို ကွပ်မျက်ပြီး တက်ကြွလှုပ်ရှားသူ အနည်းဆုံး နောက်ထပ် ၄၀ သည် မကြာမီ ကွပ်မျက်ခံရမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသည်။
ထိုအခြေအနေသည် နိုင်ငံတကာမှ ပြင်းထန်သောဆန့်ကျင်မှု ဖြစ်စေသောကြောင့် စစ်ကောင်စီနှင့် နွေးထွေးသော ဆက်ဆံရေးရှိသည့် ဂျပန်အစိုးရသည်ပင် ထိုကွပ်မျက်မှုများကို လူသိရှင်ကြား ဝေဖန်ရသည်။
သို့သော် နိုင်ငံ၏ နိုင်ငံရေးအကျပ်အတည်းကို သဘောရိုးဖြင့် ဖြေရှင်းလိုသည့် ဆန္ဒမရှိသော စစ်ကောင်စီအတွက် တိုကျို၏ ဆန့်ကျင်မှုသည် အားနည်းလွန်းသလို နောက်လည်းကျလှသည်။
အမေရိကန်ပြည်ထောင်စုသည် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို နိုင်ငံခြားရေးမူဝါဒ ဦးတည်ချက်အဖြစ် အထင်အရှား သတ်မှတ်ထားသလို ဂျပန်အတွက် တရားဥပဒေစိုးမိုးရေးသည် လွတ်လပ်ပွင့်လင်းသော အင်ဒို-ပစိဖိတ်ဒေသကို အားပေးရေးမူဝါဒ၏ ပထမအခြေခံမူဖြစ်သည်။ ထို့ကြောင့် တိုကျိုသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ဖြုတ်ချခဲ့သည့် မြန်မာ စစ်ကောင်စီကို ထောက်ခံမှု ရုတ်သိမ်းခြင်း မရှိပေ။
ဝန်ကြီးချုပ်အနေဖြင့် မစ္စတာ ယိုရှီဟီဒဲ ဆူဂါသည် နောက်ဆက်တွဲဖြစ်လာသည့် အကြမ်းဖက်မှုများကို စိုးရိမ်ကြောင်း ပြောကြားခဲ့သော်လည်း စစ်ကောင်စီကို ဖိအားပေးရန် လုပ်ဆောင်ခြင်း မရှိပေ။
ဝန်ကြီးချုပ်အနေဖြင့် မစ္စတာ ယိုရှီဟီဒဲ ဆူဂါသည် နောက်ဆက်တွဲဖြစ်လာသည့် အကြမ်းဖက်မှုများကို စိုးရိမ်ကြောင်း ပြောကြားခဲ့သော်လည်း စစ်ကောင်စီကို ဖိအားပေးရန် လုပ်ဆောင်ခြင်း မရှိပေ။ ဘီယာလုပ်ငန်း ကီရင်ဟိုးလ်ဒင်းသည် မြန်မာစစ်တပ်ပိုင် ကုမ္ပဏီတခုနှင့် ဖက်စပ်လုပ်ငန်းမှ အများစုရှယ်ယာများကို စွန့်ပစ်လိုက်ပြီး ဂျပန်ကုမ္ပဏီများသည် မြန်မာတွင် ဆက်လက်လုပ်ကိုင်ခြင်း မရှိသလောက်ပင် ဖြစ်နေသော်လည်း လက်ရှိဝန်ကြီးချုပ် မစ္စတာ ဖူမီယို ကီရှီဒါသည် ထိုမူဝါဒကိုပင် ဆက်လက်ကျင့်သုံးသည်။
စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် ဝါရှင်တန်သည် မြန်မာဗဟိုဘဏ်၏ ပိုင်ဆိုင်မှု ဒေါ်လာ ၁ ဘီလီယံကို ချက်ခြင်း ထိန်းသိမ်းလိုက်သည်။
တိုကျိုသည် အလားတူ ဖိအားပေးရန် ငြင်းဆန်နေပြီး စစ်ခေါင်းဆောင်များ၊ ၎င်းတို့၏ ကော်ပိုရေးရှင်းများ သို့မဟုတ် ၎င်းတို့၏ ခရိုနီများနှင့် အားပေးကူညီသူများကို အရေးယူပိတ်ဆို့ရန် ငြင်းဆန်သည်။ ထို့အပြင် ဂျပန်သည် စင်ပြိုင်အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ကို သံတမန်ရေးနှင့် လူသားချင်းစာနာမှု ထောက်ခံမှုလည်း မပေးပေ။
တချိန်တည်းတွင် မစ်ဆူဘီရှီကော်ပိုရေးရှင်းသည် စစ်ကောင်စီ၏ ဘဏ္ဍာရေး အသက်သွေးကြောဖြစ်သော ရဲတံခွန် ကမ်းလွန်သဘာဝဓာတ်ငွေ့ လုပ်ကွက်တွင် ရင်းနှီးမြှုပ်နှံသူအဖြစ် ဆက်လက်ရှိနေသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော စစ်ကောင်စီသည် အာဏာဆက်လက် ချုပ်ကိုင်နိုင်သည်ဆိုသည့် မရေရာသော ယူဆချက်အပေါ် ဂျပန်၏မူဝါဒက အခြေခံနေသည်။ ထိုသို့သော အယူအဆသည် မြန်မာ၏ စစ်ရေးနှင့် နိုင်ငံရေး ပကတိအခြေအနေကို မှားယွင်းစွာ နားလည်ခြင်းဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော စစ်ကောင်စီသည် အာဏာဆက်လက် ချုပ်ကိုင်နိုင်သည်ဆိုသည့် မရေရာသော ယူဆချက်အပေါ် ဂျပန်၏မူဝါဒက အခြေခံနေသည်။ ထိုသို့သော အယူအဆသည် မြန်မာ၏ စစ်ရေးနှင့် နိုင်ငံရေး ပကတိအခြေအနေကို မှားယွင်းစွာ နားလည်ခြင်းဖြစ်သည်။
ထိုစစ်အုပ်စုသည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကို ရက်စက်ကြမ်းကြုတ်စွာ တိုက်ခိုက်နေပြီး အနောက်ပိုင်း ရခိုင်ပြည်နယ်တွင်လည်း လက်နက်ကောင်းစွာ တပ်ဆင်ထားသည် ရက္ခိုင့်တပ်တော် (AA) ကို စစ်ပွဲသစ် ဆင်ရန် စတင်လုပ်ကိုင်နေသည်။
မြန်မာတနိုင်ငံလုံးတွင် ပေါ်ပေါက်လာသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၂၇၅ ဖွဲ့ကျော်သည် NUG အစိုးရ၏ ကွပ်ကဲမှုအောက် ရောက်ရှိနေပြီး တိုင်းရင်းသား တပ်မတော်များနှင့် ပူးပေါင်းကာ နိုင်ငံ၏ ထက်ဝက်ခန့်ကို ထိန်းချုပ်ထားသည်။ မြန်မာစစ်အုပ်စုသည် နိုင်ငံမှ ဗမာအများစု နေထိုင်သည့်ဒေသများတွင် ထောက်ပံ့ရေးလမ်းကြောင်းများကို ကာကွယ်ရေးအတွက် ပထမဆုံးအကြိမ် စိုးရိမ်ပူပန်လာရသည်။ ခြေမြန်တပ်မများတွင် လူအင်အားနည်းပြီး စစ်ဆင်ရေးဝန်ပိနေသည်။
စစ်တပ်၏ ဖြတ်လေးဖြတ် ပုန်ကန်မှုနှိမ်နင်းရေး အယူအဆသည် အရပ်သားများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားခြင်း၊ ရွာများကို ဖျက်ဆီးခြင်း၊ လိင်အကြမ်းဖက်မှု ပြုလုပ်ခြင်း၊ လူသားဒိုင်း အသုံးပြုခြင်းနှင့် အမြောက်နှင့်လေကြောင်း တိုက်ခိုက်မှုများကို သွယ်ဝိုက်အသုံးပြုခြင်း စသည်တို့အသုံးပြုရန် ရည်ရွယ်သော နည်းလမ်းဖြစ်သည်။
စစ်တပ်သည် အရွယ်အစားကြီးမားပြီး ရင်းမြစ်များရှိသော်လည်း လက်ရှိအချိန်အထိ NUG အပေါ် လူထုထောက်ခံမှုကို ထိခိုက်အောင် လုပ်ဆောင်နိုင်ခြင်း မရှိပေ။ ထိခိုက်သေဆုံးမှု ၁၅ ရာခိုင်နှုန်း ခံစားနေရကြောင်း ခန့်မှန်းတွက်ချက်မှုများအရ သိရပြီး စစ်ကောင်စီတပ်မှ ဘက်ပြောင်းသွားသူ ၁၀,၀၀၀ ခန့်ရှိသည်။
တခါက လူအများတက်လိုသည့် ကျော်ကြားသော စစ်တက္ကသိုလ်သည် သင်တန်းသား အပြည်အဝ မရရှိတော့ပေ။ စစ်တပ်သည် အဆိပ်အတောက်ရှိသော အဖွဲ့အစည်းဖြစ်လာသည်။
ဂျပန်နိုင်ငံကို ပူပန်စေသည်မှာ စစ်အုပ်စု၏ စီးပွားရေး မကျွမ်းကျင်မှုဖြစ်သည်။ စစ်အုပ်ချုပ်ရေး ပထမနှစ်တွင် စီးပွားရေးသည် ၁၈ ရာခိုင်နှုန်း ကျုံ့သွားပြီး စီးပွားရေးတိုးတက်မှု ၁၀ နှစ်တာ ကာလနောက်ပိုင်း နိုင်ငံလူဦးရေ၏ ၄၀ ရာခိုင်နှုန်းကို ဆင်းရဲနွမ်းပါးမှု မျဉ်းအောက်ရောက်သွားစေသည်။
သို့သော် ဂျပန်နိုင်ငံကို ပူပန်စေသည်မှာ စစ်အုပ်စု၏ စီးပွားရေး မကျွမ်းကျင်မှုဖြစ်သည်။ စစ်အုပ်ချုပ်ရေး ပထမနှစ်တွင် စီးပွားရေးသည် ၁၈ ရာခိုင်နှုန်း ကျုံ့သွားပြီး စီးပွားရေးတိုးတက်မှု ၁၀ နှစ်တာ ကာလနောက်ပိုင်း နိုင်ငံလူဦးရေ၏ ၄၀ ရာခိုင်နှုန်းကို ဆင်းရဲနွမ်းပါးမှု မျဉ်းအောက်ရောက်သွားစေသည်။
ကျပ်ငွေတန်ဖိုး စံချိန်တင် ကျဆင်းပြီး အစိုးရသည် ငွေကြေးထိန်းချုပ်မှုများ ချမှတ်ကာ ကုမ္ပဏီများ၏ နိုင်ငံခြားငွေကြေးများကို ဈေးကွက် ပေါက်ဈေးအောက်ဖြင့် အတင်းအကျပ် ရောင်းချစေသည်။
စစ်အုပ်ချုပ်ရေးသည် စီးပွားရေးတိုးတက်မှုကို အကြီးအကျယ် ထိခိုက်စေပြီး အဂတိလိုက်စားမှု ထူပြောသော ခရိုနီစီးပွားရေးကို ဖန်တီးကာ ဘဏ်စနစ်ကို ဖျက်ဆီးလိုက်သည်။ ပို့ကုန်ပြိုလဲပြီး တရုတ်မှလွဲ၍ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသစ် မရှိတော့ပေ။
စစ်ကောင်စီ၏ ဝင်ငွေသည် တစတစ လျော့နည်းနေသည်။ အခွန်ကောက်ခံရရှိမှုသည် ၄၀ ရာခိုင်နှုန်း ကျဆင်းပြီး လျှပ်စစ်ဓာတ်အားခ ဒေါ်လာ ၁ ဘီလီယံကျော်ကို ကောက်ခံမရဖြစ်နေသည်။ လူမှုဝန်ဆောင်မှုများ ပြိုလဲနေသည်။
ပိုမိုအရေးကြီးသည်မှာ စစ်တပ်ပိုင် လုပ်ငန်းစုနှစ်ခုသည် နိုင်ငံတဝှမ်း သပိတ်မှောက်မှုများကြောင့် အင်အားလွန်စွာ ချိနဲ့သွားသောကြောင့် ထိုလုပ်ငန်းများ၏ ရှယ်ယာများကို လစဉ် အတင်းအကျပ် ဝယ်ထားရသည့် စစ်သားများအတွက် ၂၀၂၁ ခုနှစ် အမြတ်ငွေများ မပေးနိုင်တော့ပေ။
စစ်တပ်သည် သံတမန်ရေးအရ အထီးကျန်နေပြီး ရုရှားကဲ့သို့သော ကမ္ဘာ့အပယ်ခံများမှအပ မိတ်ဆွေမရှိပေ။ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်သည် မကြာသေးမီက ရုရှားသို့ သွားရောက်ခဲ့သော်လည်း ရုရှားသည် ၎င်းတို့တပ်များကို ပြန်လည် အားဖြည့်နေရသောကြောင့် ဒုတိယတန်းစား စစ်လက်နက်ကိရိယာ၊ အပိုပစ္စည်းနှင့် ခဲယမ်းများကို ရောင်းချရန်ပင် ခက်ခဲနေသည်။
တရုတ်သြဇာ ကြီးထွားလာခြင်းကို စိုးရိမ်နေသည့် ဂျပန်၏မြန်မာနိုင်ငံဆိုင်ရာ မူဝါဒသည် ဂျပန်ကို ပြန်ထိခိုက်နစ်နာစေသည်။ စစ်ကောင်စီ၏ စစ်ရာဇဝတ်မှုများနှင့် စီးပွားရေးစီမံခန့်ခွဲမှု မှားယွင်းခြင်းသည် စစ်ကောင်စီကို ပိုမိုအထီးကျန်စေပြီး တရုတ်ကို ပိုမိုမှီခိုလာရသောကြောင့် ဖြစ်သည်။
တရုတ်သြဇာ ကြီးထွားလာခြင်းကို စိုးရိမ်နေသည့် ဂျပန်၏မြန်မာနိုင်ငံဆိုင်ရာ မူဝါဒသည် ဂျပန်ကို ပြန်ထိခိုက်နစ်နာစေသည်။ စစ်ကောင်စီ၏ စစ်ရာဇဝတ်မှုများနှင့် စီးပွားရေးစီမံခန့်ခွဲမှု မှားယွင်းခြင်းသည် စစ်ကောင်စီကို ပိုမိုအထီးကျန်စေပြီး တရုတ်ကို ပိုမိုမှီခိုလာရသောကြောင့် ဖြစ်သည်။
စစ်ရေးအရ ပြတ်ပြတ်သားသား အနိုင်မရသော်လည်း NUG သည် အသာစီးရမည် ဖြစ်သည်။ ၎င်းတို့သည် စစ်တပ်ကို အခွံသာ ကျန်စေပြီး တိုက်ခိုက်ရေးတပ်တခုအနေဖြင့် မထိရောက်အောင် လုပ်နိုင်သည်။
စစ်ကောင်စီအတွက် အောင်မြင်စရာလမ်းကြောင်း မရှိပေ။ တချိန်ချိန်တွင် မကျေမနပ်ဖြစ်နေသော အရာရှိများသည် စစ်တပ်၏ အခွင့်ထူးများ၊ နိုင်ငံရေး အခွင့်အရေးများနှင့် စီးပွားရေး အကျိုးစီးပွားများကို ကယ်တင်ရန် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကို တွန်းလှန်မည်ဖြစ်သည်။
စစ်အာဏာသိမ်းပြီးနောက် ချုပ်ဆိုသည့် စာချုပ်များကို အသိအမှတ်ပြုမည် မဟုတ်ကြောင်းနှင့် မည်သည့်အစိုးရများသည် စစ်ကောင်စီကို ထောက်ခံနေသည်၊ မည်သည့်ကုမ္ပဏီများသည် စစ်ကောင်စီနှင့် စီးပွားရေးလုပ်ရန် စိတ်ထက်သန်သည်ကို မှတ်သားထားမည်ဖြစ်ကြောင်း NUG က ရှင်းလင်းစွာ ပြောကြားထားပြီး ဖြစ်သည်။
တိုကျိုအနေနှင့် မည်သည်တို့ လုပ်သင့်သနည်း။
ပထမအချက်မှာ အစိုးရသည် စစ်ကောင်စီနှင့်ဆက်ဆံရာတွင် အကျိုးခံစားနေရသည့် ကိုယ်ကျိုးရှာ ကြားလူများ၏ စကားကို နားထောင်နေခြင်းအား ရပ်တံ့လိုက်သင့်ပြီး ၎င်း၏ သံတမန်များအနေဖြင့် လုံခြုံရေး အခြေအနေကို ရိုးသားဖြောင့်မတ်စွာ အကဲဖြတ်ရန် တောင်းဆိုရမည်။
ဒုတိယအချက်မှာ တိုကျိုက အရေးယူပိတ်ဆို့ပြီး စစ်ကောင်စီ၏ ပိုင်ဆိုင်မှုများကို သိမ်းကာ ၎င်း၏ စစ်တိုက်နိုင်စွမ်းကို တားဆီးရမည်။ လက်ရှိမူဝါဒများသည် စစ်အုပ်စုကို အားပေးနေပြီး အကြီးအကျယ် အဂတိ လိုက်စားမှုကို အားပေးနေသည်။
တိုကျိုအနေဖြင့် NUG နှင့် ထိတွေ့ဆက်ဆံရမည်။ NUG သည် တရားဥပဒေစိုးမိုးရေးကို ခိုင်မာစေပြီး တိုင်းရင်းသားလူနည်းစုများနှင့် စစ်မှန်သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် မူဘောင်ကို ဖန်တီးပေးမည့် အရေးပါသော စီးပွားရေးနှင့် နိုင်ငံရေး အာဏာခွဲဝေပေးသည့် ဖက်ဒရယ် ဒီမိုကရေစီ သမ္မတနိုင်ငံထူထောင်ရန် အစီအစဉ်ရှိသည်။
တတိယအချက်မှာ တိုကျိုအနေဖြင့် NUG နှင့် ထိတွေ့ဆက်ဆံရမည်။ NUG သည် တရားဥပဒေစိုးမိုးရေးကို ခိုင်မာစေပြီး တိုင်းရင်းသားလူနည်းစုများနှင့် စစ်မှန်သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် မူဘောင်ကို ဖန်တီးပေးမည့် အရေးပါသော စီးပွားရေးနှင့် နိုင်ငံရေး အာဏာခွဲဝေပေးသည့် ဖက်ဒရယ် ဒီမိုကရေစီ သမ္မတနိုင်ငံထူထောင်ရန် အစီအစဉ်ရှိသည်။ NUG တွင် ဂျပန်နည်းပညာ အကူအညီ လိုအပ်နေသည့် ကျွမ်းကျင်သော စီးပွားရေး စီမံကိန်းချမှတ်သူများနှင့် စီမံအုပ်ချုပ်သူများရှိသည်။
စတုတ္ထအချက်မှာ မြန်မာစစ်သားများ စစ်တန်းလျား မပြန်မခြင်း ဂျပန်ကာကွယ်ရေးတပ်များသည် မြန်မာစစ်အရာရှိများကို လေ့ကျင့်ပေးမှု ရပ်ရမည်။ ထိုသို့လုပ်ရန် ပျက်ကွက်ခြင်းသည် စစ်ရာဇဝတ်မှုများကို အားပေးထောက်ခံခြင်း ဖြစ်သည်။
ပဉ္စမအချက်မှာ တိုကျိုသည် အာဆီယံအသင်း၏ နောက်မြီးဆွဲလုပ်နေမှုကိုရပ်ဆိုင်းရမည်။ အာဆီယံသည် ကွပ်မျက်မှုများဖြစ်သွားသည့်တိုင် မြန်မာအပေါ် ခိုင်မာသော ရပ်တည်မှု ချမှတ်နိုင်မည့် ပုံမပေါက်ပေ။
စစ်တပ်ကျဆုံးမှသာ မြန်မာ၏ စီးပွားရေးအလားအလာများ အကောင်အထည်ဖော်နိုင်မည်။ စစ်တပ်က ဆက်လက်အုပ်ချုပ်ခြင်းသည် သဘာဝသယံဇာတများကို စည်းကမ်းမဲ့ထုတ်ယူခြင်း၊ အဂတိ လိုက်စားမှု၊ စီးပွားရေး လုယက်မှုနှင့် တရားဥပဒေစိုးမိုးမှု ပြိုလဲခြင်းကိုသာဖြစ်စေသည်။ ထိုအခြေအနေသည် စီးပွားရေးအတွက် ဆိုးရွားလှသည်။
(Nikkei ပါ Japan is backing the wrong side in Myanmar ကို ဘာသာပြန်သည်။ Zachary Abuza သည် ဝါရှင်တန် အမျိုးသား စစ်ကောလိပ်မှ ပါမောက္ခဖြစ်သည်။ ယခုဆောင်းပါးပါ အမြင်များသည် ထိုစစ်ကောလိပ်နှင့်ဖြစ်စေ၊ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနနှင့်ဖြစ်စေ၊ အမေရိကန်အစိုးရနှင့်ဖြစ်စေ သက်ဆိုင်ခြင်း မရှိပါ။)
You may also like these stories :
ဂျပန်၏ မြန်မာနှင့် အထူးဆက်ဆံရေးက စစ်အုပ်ချုပ်ရေးကို အားပေးကူညီခဲ့
ဂျပန် ဆောက်လုပ်ရေးစီမံကိန်းများ ရပ်ဆိုင်းနေ
အာဏာသိမ်းမှုကြောင့် မြန်မာဘီယာလုပ်ငန်းကို ကီရင် စွန့်လွှတ်
ဒေါ်လာမှ ကျပ်ပြောင်းမည့် မူဝါဒသစ်မှ ဂျပန်လုပ်ငန်းများ ကင်းလွတ်ခွင့်ပေးရန် သံရုံးတောင်းဆို
ASEAN အစီအစဉ် စစ်ကောင်စီ လေးစားရန် ကမ္ဘောဒီးယားနှင့် ဂျပန်ခေါင်းဆောင်များ တိုက်တွန်း