အာဏာသိမ်းကာလအလွန် ပဋိပက္ခပြင်းထန်လာသော အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) အထူးသံတမန် ရာထူးကို ရယူပြီး ၇ လအကြာ မြန်မာသို့ နှစ်ကြိမ်တိုင် လာရောက်ခဲ့သော်လည်း မစ္စတာ ပရက်ဆိုခွန်းသည် သူကြားဝင်ညှိနှိုင်းပေးရန် တာဝန်ပေးအပ်ခံထားရသော မြန်မာ့နိုင်ငံရေးအကျပ်အတည်း၏ ပကတိအခြေအနေကို နားမလည်နိုင်သည်မှာ နက်ရှိုင်းစွာ စိတ်ပျက်စရာကောင်းလှသည်။
လွန်ခဲ့သောနှစ်က စစ်အာဏာသိမ်းမှု၏ ရိုက်ခတ်မှုကြောင့် ပျက်စီးယိုယွင်းနေသော မြန်မာမှ အကြမ်းဖက်မှုများကို အဆုံးသတ်ရန်အတွက် အထိန်းသိမ်းခံ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ သြဇာကို သုံးရန်မျှော်လင့်သည်ဟု သူပြောသည့် Channel News Asia နှင့် တွေ့ဆုံမေးမြန်းခန်းတွင် သူ၏ မသိနားမလည်မှုကို ပိုမိုထင်ရှားစွာ တွေ့ရသည်။
စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံသည် ကုလသမဂ္ဂကျွမ်းကျင်သူအချို့ သတ်မှတ်ထားသည့်အတိုင်း ပြည်တွင်းစစ်အခြေအနေသို့ ကျရောက်နေသည်။ စစ်ကောင်စီသည် ဒေါ်အောင်ဆန်းစုကြည်ကို ထောင်တွင် သီးခြားချုပ်နှောင်ထားပြီး နိုင်ငံတွင် စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်ရုံသက်သက်နှင့်ပင် လူ ၂၀၀၀ ကျော်ကို သတ်ဖြတ်ပြီးဖြစ်သည်။ လူထုထောက်ခံမှုဖြင့် စစ်ကောင်စီဆန့်ကျင်ရေး လက်နက်ကိုင်ခုခံမှုများ တနိုင်ငံလုံးတွင် ပေါ်ပေါက်လာပြီး ၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရပြီးနောက်ပိုင်း မကြုံဖူးသည့် ပုန်ကန်မှုဖြစ်လာကာ စစ်ကောင်စီကို အပြင်းအထန် ထိခိုက်သေဆုံးစေသည်။
ထိုတွေ့ဆုံမေးမြန်းခန်းတွင် မစ္စတာ ပရက်ဆိုခွန်းက ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးသို့ ဦးတည်နိုင်သည့် နိုင်ငံရေးလုပ်ငန်းစဉ်နှင့် တွေ့ဆုံဆွေးနွေးကို ဖန်တီးရန်အတွက် ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးသြဇာကို မည်သို့ အသုံးပြုနိုင်သည်ကို ဒေါ်အောင်ဆန်းစုကြည်အား မေးမြန်းမည်ဟု ပြောသည်။
မစ္စတာ ပရက်ဆိုခွန်းက ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးသို့ ဦးတည်နိုင်သည့် နိုင်ငံရေးလုပ်ငန်းစဉ်နှင့် တွေ့ဆုံဆွေးနွေးကို ဖန်တီးရန်အတွက် ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးသြဇာကို မည်သို့ အသုံးပြုနိုင်သည်ကို ဒေါ်အောင်ဆန်းစုကြည်အား မေးမြန်းမည်ဟု ပြောသည်။
“နောက်တချက်ကတော့ အကြမ်းဖက်မှု ရပ်ဆိုင်းရေးအတွက် သူ့ရဲ့ အကြမ်းမဖက်ရေးမူက လက်နက်ကိုင် အုပ်စုအားလုံးကို ဘယ်လိုသြဇာ သက်ရောက်နိုင်လဲဆိုတာ သူ့ကိုမေးမယ်” ဟုလည်း ပြောသည်။
အထူးသံတမန်သည် မြန်မာသို့ နှစ်ကြိမ်ရောက်ရှိခဲ့ပြီး နှစ်ကြိမ်လုံးတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့် ငြင်းပယ်ခံရသောကြောင့် နွားရှေ့ ထွန်ကျူးနေပုံရသည်။ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ခွင့်ရမည်ဆိုပါက မြန်မာနိုင်ငံသို့ တတိယအကြိမ် သွားရောက်ကာ အကြမ်းဖက်မှုကို အဆုံးသတ်ရန် ဒေါ်အောင်ဆန်းစုကြည်၏ သြဇာအား သုံးရန် ကြိုးစားမည်ဖြစ်ကြောင်းလည်း ပြောသည်။
ယခင်စစ်အုပ်စုကို ဆန့်ကျင်ရာတွင် ဒေါ်အောင်ဆန်းစုကြည်၏ အကြမ်းအဖက်သောနည်းလမ်း၊ သူ့အပေါ် လူထု၏ မတွန့်ဆုတ်သော ထောက်ခံမှုနှင့် ဒီမိုကရေစီနည်းကျ ရွေးကောက်ခံခေါင်းဆောင်ဆိုသည့် အဆင့်အတန်းကိုသာမက သူ့ကို စစ်ကောင်စီက ဖြုတ်ချပြီး ဖမ်းဆီးထားသည်ဆိုသည့် အချက်များကို သိရှိသောကြောင့် ထိုအထူးသံတမန်က ဒေါ်အောင်ဆန်းစုကြည်ပြောလျှင် ပြည်သူအများစု နားထောင်မည်ဟု ယုံကြည်ပြီး ထိုနည်းလမ်းသည် အကောင်းဆုံးနည်းလမ်းဟု ဆုံးဖြတ်လိုက်ပုံရသည်။
လက်ရှိဖြစ်ပေါ်နေသည့် သွေးထွက်သံယိုများသော လက်နက်ကိုင်ခုခံမှုသည် ဒေါ်အောင်ဆန်းစုကြည်၏ ငြိမ်းချမ်းသောမူနှင့် ဆန့်ကျင်သောကြောင့် ဒေါ်အောင်ဆန်းစုကြည်သည် လက်နက်ကိုင်တော်လှန်ရေးကို ထောက်ခံမည်မဟုတ်ဟု သူယူဆပုံရပြီး အများအားဖြင့် အသက် ၂၀ ဝန်းကျင်သာရှိသေးသော အင်အား တသိန်းနီးပါးရှိသည့် ခုခံတိုက်ခိုက်ရေးသမားများကို “တော်လောက်ပြီ သားတို့၊ သမီးတို့။ လက်နက်တွေကို စွန့်လွှတ်ပြီး အိမ်ပြန်ကြ။ ဆွေးနွေးဖို့ အချိန်ရောက်ပြီ” ဟု ဒေါ်အောင်ဆန်းစုကြည်က ထွက်ပြောရန် သူဖျောင်းဖျနိုင်မည်ဟု မျှော်လင့်နေသည်။
သူ၏ မြေးအရွယ်မျှသာရှိသော ခုခံတိုက်ခိုက်ရေးသမားများသည် ဒေါ်အောင်ဆန်းစုကြည်ကို လွန်စွာလေးစားနေကြဆဲ ဖြစ်သည်။ သို့သော် ထိုသို့လေးစားသောကြောင့် ၎င်းတို့သည် လက်ရှိအခြေအနေတွင် လက်နက်များကို စွန့်လွှတ်ရန် ဒေါ်အောင်ဆန်းစုကြည်၏ ညွှန်ကြားချက်ကို လိုက်နာမည်ဟု အဓိပ္ပာယ်သက်ရောက်ခြင်း မရှိပေ။
သင်လည်း ထိုသို့ထင်လျှင် သင်သည် မစ္စတာ ပရက်ဆိုခွန်းနှင့်အတူ စိတ်ကူးယဉ်နေခြင်းသာဖြစ်သည်။
၎င်းတို့ လှိုက်လှိုက်လှဲလှဲ ကျင်းပခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ ၇၆ နှစ်မြောက်မွေးနေ့ အခမ်းအနားများက ပြသနေသည့်အတိုင်း အများအားဖြင့် သူ၏ မြေးအရွယ်မျှသာရှိသော ခုခံတိုက်ခိုက်ရေးသမားများသည် ဒေါ်အောင်ဆန်းစုကြည်ကို လွန်စွာလေးစားနေကြဆဲ ဖြစ်သည်။ သို့သော် ထိုသို့လေးစားသောကြောင့် ၎င်းတို့သည် လက်ရှိအခြေအနေတွင် လက်နက်များကို စွန့်လွှတ်ရန် ဒေါ်အောင်ဆန်းစုကြည်၏ ညွှန်ကြားချက်ကို လိုက်နာမည်ဟု အဓိပ္ပာယ်သက်ရောက်ခြင်း မရှိပေ။

ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ဖမ်းဆီးထားသည့် တချိန်တည်းတွင် ၎င်းတို့သည် ၎င်းတို့၏ ဘဝများနှင့် နိုင်ငံအတွက် တန်ဖိုးမည်မျှ ပေးဆပ်ရသည်ဖြစ်စေ စစ်အုပ်စုကို ဖယ်ရှားရန် ဆုံးဖြတ်ထားကြသည်။ ပိုမိုအရေးပါသော အချက်မှာ စစ်အုပ်စုကို မည်သည့်နည်းဖြင့်မဆို ဖြုတ်ချမည့် ၎င်းတို့၏ ဆုံးဖြတ်ချက်ကို မြန်မာပြည်သူ အများစုက ထောက်ခံခြင်းဖြစ်သည်။
ပြည်သူ့ဆန္ဒကို လေးစားသူဖြစ်သောကြောင့် ဒေါ်အောင်ဆန်းစုကြည်သည် ပြည်သူ့ဆန္ဒကို ဆန့်ကျင်မည် မဟုတ်ပေ။ ထိုသို့လုပ်လျှင်လည်း ဒေါ်အောင်ဆန်းစုကြည်သည် သူ့နိုင်ငံရေးသေမိန့်ကို သူကိုယ်တိုင် လက်မှတ်ထိုးလိုက်ခြင်းသာ ဖြစ်သည်။
ထို့အပြင် ခုခံရေးလှုပ်ရှားမှု အရှိန်အဟုန်ဖြင့် ပေါ်ပေါက်နေသည်မှာ တနှစ်ကျော်ပြီဆိုသည့်အချက်ကိုလည်း မှတ်သားသင့်သည်။ ထိုခုခံရေးလှုပ်ရှားမှုကို ယခင်နှစ် နေအိမ် ချုပ်နှောင်ထားခံရချိန်ကပင် သိပြီးဖြစ်သည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်သည် ထိုကိစ္စနှင့်ပတ်သက်ပြီး တစုံတရာပြောဆိုခြင်း မရှိပေ။
ထိုသို့ နှုတ်ဆိတ်နေသောကြောင့် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မနေနိုင်မထိုင်နိုင်ဖြစ်လာပြီး ဒေါ်အောင်ဆန်းစုကြည်သည် စင်ပြိုင်အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ဖွဲ့စည်းခြင်းနှင့် နိုင်ငံကို ဖရိုဖရဲဖြစ်စေသည့် အကြမ်းဖက်မှုများ အပါအဝင် နောက်ဆုံး ဖြစ်ပေါ်နေသော နိုင်ငံရေး အခြေအနေကို သူ၏ရှေ့နေအဖွဲ့ထံမှ သိနိုင်သည်ဟုပြောသလို “သူ့အနေနဲ့ ဖြစ်နေတဲ့ ပြဿနာတွေနဲ့ ပတ်သက်ပြီး သူ့ရှေ့နေတွေက တဆင့် မှတ်ချက်ပေးလို့ရတယ်” ဟုပင် ထုတ်ပြောသည်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ဟု ခေါ်သည့် ခုခံတိုက်ခိုက်ရေးသမားများသည် NUG ၏ ကွပ်ကဲမှုအောက်တွင် ရှိနေပြီး စင်ပြိုင်အစိုးရတွင် ဒေါ်အောင်ဆန်းစုကြည်၏ ရာထူးကြောင့် သူပြောသမျှကို အကောင်အထည်ဖော်ကြမည်ဟု ASEAN အထူးသံတမန်က ထင်ကောင်းထင်နိုင်သည်။
ဖြုတ်ချခံ လွှတ်တော်ကိုယ်စားလှယ်များနှင့် ၎င်းတို့၏ တိုင်းရင်းသားမဟာမိတ်များဖြင့် ဖွဲ့စည်းထားသည့် NUG သည် စစ်ကောင်စီ၏ ပြည်တွင်းပြည်ပ တရားဝင်မှုကို စိန်ခေါ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ၎င်းတို့၏ နိုင်ငံတော် အတိုင်ပင်ခံအဖြစ် ခန့်အပ်သည်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ဟု ခေါ်သည့် ခုခံတိုက်ခိုက်ရေးသမားများသည် NUG ၏ ကွပ်ကဲမှုအောက်တွင် ရှိနေပြီး စင်ပြိုင်အစိုးရတွင် ဒေါ်အောင်ဆန်းစုကြည်၏ ရာထူးကြောင့် သူပြောသမျှကို အကောင်အထည်ဖော်ကြမည်ဟု ASEAN အထူးသံတမန်က ထင်ကောင်းထင်နိုင်သည်။
မစ္စတာ ပရက်ဆိုခွန်းအတွက် ဝမ်းနည်းစရာကောင်းသောအချက်မှာ NUG သည် PDF များ၏ စစ်ဆင်ရေးများကို ကနဦးကပင် ထောက်ခံပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် စစ်အကြမ်းဖက်သမားများကို တနိုင်ငံလုံးတွင် တော်လှန်ရန် လွန်ခဲ့သော စက်တင်ဘာလကပင် တိုက်တွန်းနေခြင်း ဖြစ်သည်။ တနှစ်နီးပါးကြာသောအခါ ခုခံရေးလှုပ်ရှားမှုသည် တွန့်ဆုတ်ခြင်း မရှိသလို NUG ကလည်း နောက်ကြောင်းပြန်လှည့်မည် မဟုတ်ကြောင်း ပြောသည်။
ASEAN အထူးသံတမန်သည် စစ်ကောင်စီရေးသည့်ဇာတ်ကို ကနေခြင်းဖြစ်ကြောင်း ထင်ရှားသည်။ ခုခံရေး အင်အားစုများကို စစ်ကောင်စီအား မဖျက်ဆီးရန်နှင့် အစားမထိုးရန် ရည်ရွယ်ချက်ကို ခုခံရေးအင်အားစုများက ပြသမှသာလျှင် ထိုအဖွဲ့များနှင့် ဆွေးနွေးမည်ဖြစ်ကြောင်း ယခုလ အစောပိုင်းက မြန်မာသို့ သူလာရောက်စဉ်အတွင်း စစ်ကောင်စီကသူ့ကို ပြောသည်။
CNA သတင်းဌာနသို့ သူက “ကောင်းပြီ၊ အနည်းဆုံးတော့ တံခါးပွင့်သွားပြီး။ အခြေအနေတွေကို နောက်ပိုင်းမှ ဆက်လက်ညှိနှိုင်းမယ်လို့ ကျနော် စစ်ကောင်စီကို ပြောလိုက်တယ်” ဟုပြောပြီး “ခုချိန်အထိ ကျနော်တို့ လုပ်နိုင်တာတွေက အားတက်စရာကောင်းနေပြီ” ဟုလည်း ဆက်လက်ပြောကြားသည်။
လက်ရှိအချိန်ထိ မစ္စတာ ပရက်ဆိုခွန်း လုပ်နိုင်သည်မှာ စစ်ကောင်စီ၏ တဘက်သက် စည်းမျဉ်းများကို ကမ္ဘာသို့ ယူဆောင်လာပြီး အလျှော့ပေးရန် ခုခံရေးအင်အားစုများကို ဖျောင်းဖျခြင်းသာ ဖြစ်သည်။
ရက်စက်ကြမ်းကြုတ်သော စစ်အုပ်ချုပ်ရေးကို တနှစ်ကျော်ကြာ ခံစားနေရသည့် မြန်မာပြည်သူများ အတွက်မှာမူ စစ်ကောင်စီဘက်က တောင်းဆိုသော အချက်များသည် လုံးဝအားတက်ဖွယ် မဟုတ်ဘဲ စစ်အာဏာရှင်စနစ် တည်မြဲရေးကိုသာ အကျိုးပြုသည်ဟု မြင်သည်။ ထို့ကြောင့် အထူးသံတမန်က သယ်ဆောင်လာသည့် စည်းကမ်းချက်များသည် မြန်မာပြည်သူများအတွက် ရက်စက်ကြမ်းကြုတ်သော ဟာသသာဖြစ်သည်။ မြန်မာပြည်သူများသည် မည်မျှပေးဆပ်ရသည်ဖြစ်စေ စစ်အုပ်ချုပ်ရေးကို ဖယ်ရှားပစ်ရန် ဆုံးဖြတ်ထားကြသည်။
လက်ရှိအချိန်ထိ မစ္စတာ ပရက်ဆိုခွန်း လုပ်နိုင်သည်မှာ စစ်ကောင်စီ၏ တဘက်သက် စည်းမျဉ်းများကို ကမ္ဘာသို့ ယူဆောင်လာပြီး အလျှော့ပေးရန် ခုခံရေးအင်အားစုများကို ဖျောင်းဖျခြင်းသာ ဖြစ်သည်။
အရပ်သားများကို တရားဥပဒေပြင်ပ သတ်ဖြတ်ခြင်း၊ လေကြောင်းတိုက်ခိုက်မှုနှင့် အိုးအိမ်ပိုင်ဆိုင်မှုများကို မီးရှို့ခြင်း အပါအဝင် စစ်ကောင်စီက ကျူးလွန်နေသော ရက်စက်ကြမ်းကြုတ်မှုများ ဆက်လက် ဖြစ်ပေါ်နေသောကြောင့် ကမ္ဘောဒီးယား ဒု ဝန်ကြီးချူပ်လည်းဖြစ်သော အထူးသံတမန်သည် စစ်ကောင်စီ ရက်စက်ကြမ်းကြုတ်မှု ရပ်အောင်လုပ်ဆောင်ရာတွင် မတိုးတက်သလောက်ပင် ဖြစ်နေသည်။
စစ်ကောင်စီကို ဖိအားပေးခြင်းကြောင့် မြန်မာမှ ကမ္ဘောဒီးယား၏ စီးပွာရေး အကျိုးစီးပွားများ ခြိမ်းခြောက်ခံရမည်ကို သူစိုးရိမ်သည်။ ကမ္ဘောဒီးယားနိုင်ငံက ၎င်းတို့ထံမှ အရေးအပါဆုံးသော လယ်ယာထွက်ကုန်များ ဝယ်ယူမှုအရှိန်မြှင့်တင်ရန် မြန်မာကို မကြာသေးမီက ပြောသည်။ ကမ္ဘောဒီးယား နိုင်ငံဆိုင်ရာ မြန်မာသံအမတ် ဦးသစ်လင်းအုန်းနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး မစ္စတာ ပန်ဆိုရာဆက်တို့ ဝန်ကြီးဌာနတွင် လွန်ခဲ့သောအပတ်က တွေ့ဆုံစဉ် ထိုသို့ပြောကြားခြင်း ဖြစ်သည်။
ပန်ဆိုရာဆက်က မြန်မာအနေဖြင့် ကမ္ဘောဒီးယားမှ သရက်သီး၊ ငှက်ပျောသီးခြောက်၊ ထောပတ်သီး၊ သီဟိုဠ်စေ့၊ ကန်စွန်းဥ၊ ငရုတ်သီး၊ နှမ်း၊ သကြားနှင့် ကြက်မောက်သီးများဝယ်ရန် ပန်ဆိုရာဆက်က တိုက်တွန်းကြောင်း ဖနွမ်ပင်ပို့စ်သတင်းစာက ဖော်ပြသည်။ သို့သော် ထိုအသီးများအားလုံးသည် မြန်မာတွင် အလွယ်တကူ ရရှိသော အသီးများဖြစ်နေသည်။
ကမ္ဘောဒီးယားက ငြိမ်းချမ်းရေးအတွက် ကြားဝင်ဆောင်ရွက်သည့် နည်းလမ်းမှာ စစ်ကောင်စီပြောသမျှ အကုန် နားထောင်ကာ မြန်မာတွင် ဘုံးပေါလအောရှိနေသည့် ငရုတ်သီးနှင့် အခြားကုန်စည်များကို ရောင်းချငွေရှာသည့် နည်းလမ်းသာဖြစ်ပြီး မည်သည့်ထူးခြားဆန်းကျယ်မှုမျှ မရှိပေ။
အထူးသံတမန် မစ္စတာ ပရက်ဆိုခွန်းသည် စစ်ကောင်စီစကားကို ကောင်းစွာနားထောင်ပြီး လူထုဆန္ဒကို လျစ်လျူရှုကာ မြန်မာ၏ ပကတိအခြေအေနကို လုံးဝနားမလည်ပေ။
ခြုံငုံသုံးသပ်ရမည်ဆိုပါက အထူးသံတမန် မစ္စတာ ပရက်ဆိုခွန်းသည် စစ်ကောင်စီစကားကို ကောင်းစွာနားထောင်ပြီး လူထုဆန္ဒကို လျစ်လျူရှုကာ မြန်မာ၏ ပကတိအခြေအေနကို လုံးဝနားမလည်ပေ။ မြန်မာသို့ ပေးပို့ရန် သူကြိုးစားနေသည့် လူသားချင်းစာနာမှု အကူအညီများသည် စစ်ကောင်စီ စီးနင်းတိုက်ခိုက်မှုများ၊ စစ်ကောင်စီ ဆန့်ကျင်သူများ၏ အမာခံဒေသများတွင် ရွာမီးရှို့မှုများကြောင့် ထွက်ပြေးနေရသည့် သောင်းနှင့်ချီသော နေရပ်စွန့်ခွာ ထွက်ပြေးသူများအတွက် ဝေးကွာသော အိပ်မက်သာ ဖြစ်နေသေးသည်။ ခုခံရေး လှုပ်ရှားမှုကို ရပ်တန့်စေရန် ဒေါ်အောင်ဆန်းစုကြည်၏ သြဇာကို သုံးမည့် သူ၏အကြံသည် စိတ်ကူးယဉ်သက်သက်သာ ဖြစ်သည်။
သူ၏လာမည့် ခရီးစဉ်၏ ရည်ရွယ်ချက်မှာ စစ်ကောင်စီပြောသမျှ နားထောင်ရန်သာဖြစ်လျှင် သူ၏အချိန်များကို မဖြုန်းခြင်းက ပိုမိုကောင်းမွန်မည် ဖြစ်သည်။ စစ်ကောင်စီကို ငှက်ပျောသီးခြောက်ရောင်းရန်ထက် ပိုမိုတီထွင်ဆန်းသစ်သော နည်းလမ်းကိုသာ စဉ်းစားရှာဖွေလျှင် သူ့အတွက် ပိုမိုအကျိုးရှိမည်ဖြစ်သည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Hpone Myat ၏ ASEAN Envoy Dreams of Suu Kyi’s Nonviolence as Path to Peace in Myanmar ကို ဘာသာပြန် ဖော်ပြသည်။)
You may also like these stories:
အကြမ်းဖက်မှုအဆုံးသတ်ရေး ဒေါ်အောင်ဆန်းစုကြည်ကို ASEAN အထူးသံတမန် အားကိုးမည်
ဦးဝဏ္ဏမောင်လွင် လာမည့် ASEAN အစည်းအဝေးများ တက်ရောက်ခွင့် မရှိ
ယခုလကုန် ASEAN အထူးသံတမန် မြန်မာသို့ ထပ်လာမည်
နှင့် ပိုမိုထိတွေ့ဆက်ဆံရန် အာဆီယံကို အမေရိကန် တောင်းဆို
ASEAN အစီအစဉ် စစ်ကောင်စီ လေးစားရန် ကမ္ဘောဒီးယားနှင့် ဂျပန်ခေါင်းဆောင်များ တိုက်တွန်း