• English
Thursday, July 17, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

မြန်မာက ကွပ်မျက်မှုများဖြင့် တရုတ်ကို ပါးရိုက်လိုက်သည်

by Maria Siow
1 August 2022
in သူ့အတွေး သူ့အမြင်
A A
၂၀၂၂ ခုနှစ် ဧပြီလ တရုတ်နိုင်ငံ အန်းဟွေပြည်နယ် တုန့်ရှီမြို့ အစည်းအဝေးတွင် ဦးဝဏ္ဍမောင်လွင်နှင့်အတူ ဝမ်ယိကို တွေ့ရစဉ် / Xinhua

၂၀၂၂ ခုနှစ် ဧပြီလ တရုတ်နိုင်ငံ အန်းဟွေပြည်နယ် တုန့်ရှီမြို့ အစည်းအဝေးတွင် ဦးဝဏ္ဍမောင်လွင်နှင့်အတူ ဝမ်ယိကို တွေ့ရစဉ် / Xinhua

9.2k
VIEWS
Share on FacebookShare on Twitter

စစ်ကောင်စီက လွှတ်တော်ကိုယ်စားလှယ်ဟောင်းတဦးအပါအဝင် ဒီမိုကရေစီတက်ကြွလှုပ်ရှားသူ ၄ ဦးကို ကွပ်မျက်လိုက်ကြောင်း လွန်ခဲ့သောအပတ်ကကြေညာသောအခါ တရုတ်နိုင်ငံက ၎င်းတို့ မြန်မာသည် ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ကြောင်း လူသိရှင်ကြားပြောခဲ့သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးက နိုင်ငံရေးအရ ပြန်လည်သင့်မြတ်ရန် တောင်းဆိုခြင်းကို ဂရုမစိုက်သောကြောင့် စစ်ကောင်စီကို စိတ်ပျက်ကြောင်း ဘေ့ဂျင်းက ဖေါ်ပြခဲ့နိုင်သည်။

RelatedPosts

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

16 July 2025
2.6k
အောင်လအန်ဆန်းနှင့် ဂျိုရွှာဗန်တို့က ပေးတဲ့ အမျိုးသားစည်းလုံးညီညွတ်မှု

အောင်လအန်ဆန်းနှင့် ဂျိုရွှာဗန်တို့က ပေးတဲ့ အမျိုးသားစည်းလုံးညီညွတ်မှု

16 July 2025
635
ထိုင်း-မြန်မာနယ်စပ်သည် ဝန်ထုပ်ဝန်ပိုးမဟုတ်၊ ခိုင်မြဲသော ချစ်ကြည်ရင်းနှီးမှုသာ ဖြစ်စေလို

ထိုင်း-မြန်မာနယ်စပ်သည် ဝန်ထုပ်ဝန်ပိုးမဟုတ်၊ ခိုင်မြဲသော ချစ်ကြည်ရင်းနှီးမှုသာ ဖြစ်စေလို

15 July 2025
835

ပြည်တွင်းစစ်အား ပိုမိုကြီးအောင်လုပ်ခြင်းဖြင့် မြန်မာမှ တရုတ်အကျိုးစီးပွားကို ထပ်မံခြိမ်းခြောက်လိုက်သောကြောင့် ဗိုလ်ချုပ်များကို မကျေနပ်ကြောင်းလည်း ဖေါ်ပြခဲ့နိုင်သည်။

သို့သော် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနသည် အထက်ပါနည်းလမ်းနှစ်ခုလုံးကို မလုပ်ဘဲ စစ်ကောင်စီကို ဖိအားပေးရန် ဝါရှင်တန်က တရုတ်ကို တောင်းဆိုခြင်းအား အခြားနိုင်ငံများ၏ ပြည်တွင်းရေးနှင့် ဆိုင်သည့် ဝင်ရောက်မစွက်ဖက်ရေးမူကိုသာ အလေးထားပြောဆိုခြင်းဖြင့် တုံ့ပြန်သည်။

သို့သော် ဝမ်ယိက နိုင်ငံရေးအတိုက်အခံများနှင့် ဆွေးနွေးရန် တိုက်တွန်းသည်ကို ဂရုစိုက်ရမည့်အစား သတ်ပစ်လိုက်သောကြောင့် ဘေ့ဂျင်းသည် တိတ်တဆိတ် ဒေါသထွက်နေမည်ဖြစ်သည်။

ဝမ်ယိသည် လွန်ခဲ့သောနှစ် ဖေဖေါ်ဝါရီလက အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် မြန်မာသို့ သွားရောက်လည်ပတ်သည့် အဆင့်အမြင့်ဆုံး တရုတ်အရာရှိဖြစ်ပြီး တလပင် မပြည့်သေးမီ ထိုကွက်မျက်မှုများကို ပြုလုပ်ခြင်းဖြစ်သည်။ ထိုသို့သွားရောက်ခြင်းသည် ဘေ့ဂျင်းက မြန်မာကို အသိအမှတ် ပြုလိုက်သည့် လုပ်ရပ်တခုဖြစ်သည်ဟု မြင်ကြသည်။

ထိုကိစ္စသည် တရုတ်၏ သတိပေးမှုများနှင့် အားထုတ်မှုများကို ဂရုမစိုက်ဘဲ မျက်ခွက်ဖြတ်ရိုက်ခြင်းမဟုတ်ဟု ဆိုလျှင် အခြားမည်သို့ခေါ်ရမည်ကို စာရေးသူမသိတော့ပေ။

နိုင်ငံတကာက မေတ္တာရပ်ခံနေသည့်ကြားမှ ဆောင်ရွက်သည့် ထိုကွပ်မျက်မှုများကြောင့် မြန်မာမှ တရုတ်ဓာတ်ငွေ့ပိုက်လိုင်းများနှင့် သတ္တုတွင်းများကိုလည်း ပိုမိုကြီးမားသည့် အန္တရာယ် ကျရောက်သွားစေနိုင်သည်။

စစ်ကောင်စီသည် ၎င်း၏အုပ်ချုပ်ရေးကို ဆန့်ကျင်သော ကြီးထွားလာသည့် လက်နက်ကိုင်ဆန့်ကျင်မှုများကြောင့် တရုတ်စီမံကိန်းများလုံခြုံရေးကို အာမခံရန် ပိုမိုခက်ခဲလာကြောင်း တွေ့နေရသည်။

တရုတ်တို့ လုပ်ကိုင်နေသည့် စက်ရုံ ၃၂ ရုံကို စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး အင်အားစုများက လွန်ခဲ့သောနှစ်က မီးရှို့ဖျက်ဆီးလိုက်သည်။ ထိုဆန္ဒပြသူများက တရုတ်ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းများကိုလည်း ခြိမ်းခြောက်ထားသည်။

လွန်ခဲ့သောလကပင် တရုတ်ပိုင် သတ္တု တူးဖေါ်ရေး ကုမ္ပဏီတခုသို့ အဓိက ဓာတ်အားပို့လွှတ်သည့်တာဝါတိုင်ကို စစ်ကောင်စီဆန့်ကျင်ရေးအင်အားစုများက ဖေါက်ခွဲပစ်လိုက်သည်။

မြန်မာပြည်သူများအကြား စစ်ကောင်စီကို ဒေါသထွက်စေရန်သာရှိသည့် ထိုကွပ်မျက်မှုများ အပြီးတွင် ထိုသို့သော စက်ရုံများနှင့် အဆောက်အအုံများသည် ပိုမိုပစ်မှတ်ထားခံရမည့် အန္တရာယ်ရှိနေသည်။

မြန်မာ့စီးပွားရေးကို အဓိကကျောထောက်နောက်ခံပေးသော နိုင်ငံတနိုင်ငံအနေဖြင့် တရုတ်တွင် တုံ့ပြန်ရန် သြဇာများစွာရှိသည်။

တရုတ်အနေဖြင့် တရုတ်-မြန်မာ စီးပွားရေး စင်္ကြန်အောက်မှ အခြေခံအဆောက်အအုံ စီမံကိန်းများကို ယာယီ ဆိုင်းငံ့ သို့မဟုတ် အရှိန်လျှော့ထားသင့်သည်။

လက်နက်မဲ့ ဆန္ဒပြသူများကို တိုက်ခိုက်ရာတွင် သုံးသည့် လူသေစေသောလက်နက်များ မြန်မာသို့ ရောင်းချခြင်းကိုလည်း တရုတ်က တားဆီးနိုင်ပြီး စစ်ကောင်စီကို အပြစ်ပေးရန်ရည်ရွယ်သော ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်များအား ပိတ်ပင်ခြင်းကိုလည်း ရပ်ဆိုင်းနိုင်သည်။

မကြာသေးမီက ကောက်ယူသည့် Pew စစ်တမ်းတခုတွင် ဖြေဆိုသူအများစုက ( စစ်တမ်းကောင်သော နိုင်ငံများမှလူ ၁၀ ဦးလျှင် ၇ ဦးက) တရုတ်သည် ကမ္ဘာ့ရေးရာများနှင့်ပတ်သက်လျှင် မှန်ကန်သောအရာကို လုပ်ကိုင်မည်မဟုတ်ကြောင်း ဖြေကြသည်။

သို့သော် လွန်ခဲ့နှစ်မတ်လက တရုတ်နိုင်ငံသည် မြန်မာမှ ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို အကြမ်းဖက်မှုများအား ဆန့်ကျင်သည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ကို ထောက်ခံခဲ့ပြီး ကုလသမဂ္ဂဆိုင်ရာ တရုတ် သံအမတ် ကျောင်ကျွင်က အရေးကြီးသောအချိန်တွင် တသံတည်းထွက်ရမည်ဟု ထိုစဉ်က ပြောခဲ့သည်။

တရုတ်သည် မှန်ကန်သောလုပ်ရပ်ကို ထပ်မံလုပ်နိုင်မည်ဖွယ်ရှိပြီး နိုင်ငံတကာအသိုက်အဝန်းနှင့် နောက်တကြိမ် တသံတည်းထွက်မည်ဟု မျှော်လင့်ပါသည်။

( South China Morning Post ပါ Maria Siow ၏ Myanmar’s executions were a slap in the face for China. It’s time to ‘speak in one voice’ against the junta ကို ဘာသာပြန်သည်။)

You may also like these stories:

 ဒေါ်အောင်ဆန်းစုကြည်၏ အကြမ်းမဖက်ရေးကို သုံးရန် ASEAN သံတမန် အိပ်မက်

ဂျပန်က စစ်ကောင်စီကို ထောက်ခံနေခြင်းသည် မှားယွင်းနေ

ထပ်မံကွပ်မျက်ရန် ပြင်ဆင်နေခြင်းကို ကမ္ဘာက ချက်ခြင်းအရေးယူရန်လို

မြန်မာ့ကွပ်မျက်မှု ကုလလုံခြုံရေးကောင်စီ ရှုတ်ချ

မြန်မာကို ရှုတ်ချရန် တရုတ်ကို အမေရိကန်တိုက်တွန်း

Your Thoughts …
Maria Siow

Maria Siow

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
113.4k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.9k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
94.7k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
64.4k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
62.2k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

by ဧရာဝတီ
23 September 2023
58.5k

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာ အစားထိုးဝင်ရောက်လာသူ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် လက်ရှိ စစ်ခေါင်းဆောင်က မျက်နှာသာမပေးဘဲ ချောင်ထိုးထားသူဖြစ်သည်။

Next Post
ရန်ကုန်ရှိ အထည်ချုပ်လုပ်ငန်းခွင် တခု  / AFP

နိုင်ငံတကာ ဖက်ရှင်ကုန်အမှတ်တံဆိပ်များ မြန်မာမှ ‘တာဝန်သိစွာ ထွက်ခွာရန်’ တိုက်တွန်းခံရ

မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဝဏ္ဏမောင်လွင်ကို ဖေဖေါ်ဝါရီလက ကျင်းပသည့် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင်လည်း ချန်လှပ်ထားခဲ့သည် / AFP

မြန်မာကို ပိုမိုပြင်းထန်စွာ အရေးယူရန် ASEAN နိုင်ငံခြားရေးဝန်ကြီးများ တွန်းအားပေးမည်

No Result
View All Result

Recommended

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

7 days ago
5.8k
အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

5 days ago
3.4k

Most Read

  • နောင်ချိုကို စစ်တပ် ပြန်ရ

    နောင်ချိုကို စစ်တပ် ပြန်ရ

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

    shares
    Share 0 Tweet 0
  • ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

    shares
    Share 0 Tweet 0
  • နတ်အိမ်တောင်နယ်စပ်တဝိုက် တိုက်ပွဲဖြစ်

    shares
    Share 0 Tweet 0
  • အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate