မြန်မာစစ်တပ်ကို ဗမာ အမျိုးသားရေးဝါဒနဲ့ ဗမာ-ဗုဒ္ဓ သရုပ်လက္ခဏာတွေ ကြီးစိုးတဲ့ စစ်တပ်တခုလို့ ယူဆကြ ဆွေးနွေးကြတာတွေ ရှိပါတယ်။ ဒါကို လက်တွေ့နိုင်ငံရေး အသိုင်းအဝိုင်း၊ မူဝါဒ ချမှတ်သူ (Policy Maker) အသိုင်းအဝိုင်းမှာ သာမက ပညာရပ်ဆိုင်ရာနဲ့ ပညာရှင် ရပ်ဝန်းမှာပါ ရေးသား ပြောဆိုကြတာတွေကို တွေ့ရပါတယ်။
မြန်မာစစ်တပ်ဟာ တကယ်တော့ အကျိုးစီးပွားအခြေပြု အဖွဲ့အစည်းတခုသာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ကြွယ်ဝချမ်းသာမှု (wealth) နဲ့ အာဏာ(power) ဟာ ဒွန်တွဲလျက်ရှိပါတယ်။ ဒီကြွယ်ဝမှုနဲ့ အာဏာအတွဲအစပ်ကိုသာ ထိန်းချုပ်ရမယ်ဆိုရင် စစ်တပ်ဟာ ကြိုက်တဲ့ဝါဒ အရေခွံကို ခြုံပါလိမ့်မယ်။
သမိုင်းတလျှောက်ကို လေ့လာမယ်ဆိုရင် စစ်တပ်ဟာ ဝါဒမျိုးစုံကို အရေခြုံခဲ့၊ ခြုံနေဆဲဖြစ်တာကို တွေ့ရှိရပါလိမ့်မယ်။
သမိုင်းတလျှောက်ကို လေ့လာမယ်ဆိုရင်လည်း စစ်တပ်ဟာ ဝါဒမျိုးစုံကို အရေခြုံခဲ့၊ ခြုံနေဆဲဖြစ်တာကို တွေ့ရှိရပါလိမ့်မယ်။
၂၀ ရာစု မြန်မာနိုင်ငံရေးဟာ ကိုလိုနီဆန့်ကျင်ရေးနဲ့ အမျိုးသားရေးဝါဒရဲ့တွန်းအားများရှိသည့်တိုင် လက်ဝဲနိုင်ငံရေးနဲ့ လက်ဝဲဝါဒဟာ အရှိန်အဟုန်တခုနဲ့ သြဇာလွှမ်းမိုးခဲ့တာကို မငြင်းနိုင်ပါဘူး။
လွတ်လပ်ရေးရပြီး မြန်မာနိုင်ငံရေးဟာ လက်ဝဲဝါဒနဲ့ မြန်မာပြည် ကွန်မြူနစ်ပါတီ အမှူးပြုတဲ့ လက်ဝဲနိုင်ငံရေးအင်အားစုတွေရဲ့လှုပ်ခတ်မှုကို အကြီးအကျယ်ခံခဲ့ရပါတယ်။ လက်ဝဲလှိုင်းလုံးကို ခိုစီးဖို့ ကြိုးစားရင်း ဗိုလ်နေဝင်းအမှူးပြုတဲ့ စစ်တပ်ဟာ ၁၉၆၂ အာဏာသိမ်းမှုအပြီးမှာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကို တည်ထောင်၊ ဆိုရှယ်လစ် တော်လှန်ရေးတရပ် ကြေညာပြီး စစ်တပ်ရဲ့ နိုင်ငံတော်ကို မောင်ပိုင်စီးမှု အာဏာထိန်းချုပ်မှုကို ဖုံးကွယ်ဖို့ ကြိုးစားခဲ့ပါတယ်။
ဒီမြန်မာစစ်တပ်ရဲ့ စစ်ဆိုရှယ်လစ်ဝါဒ/စစ်လက်ဝဲဝါဒဟာ ဒုတိယကမ္ဘာစစ် မတိုင်မီကာလကတည်းကနေ စခဲ့တဲ့ စစ်တပ်ဦးဆောင်တဲ့ နိုင်ငံတကာ ဆိုရှယ်လစ်တော်လှန်ရေး လှိုင်းလုံးတွေထဲက တခုလို့ ပြောလို့ရသော်ငြား စစ်တပ်ဟာ အကျိုးစီးပွားနဲ့ သက်ဆိုင်လာရင် ဝါဒ အရေခွံလဲဖို့ ဝန်မလေးသလို အကျိုးစီးပွားထိပါးလာရင်လည်း ဝါဒရေးရာကို ဘေးချိတ်ပြီး ကာကွယ်တာကို ၁၉၇၀ ကျော်ကာလတွေမှာ ဖြစ်ခဲ့တဲ့ အလုပ်သမား-လယ်သမားရေးလှုပ်ရှားမှုတွေကို အကြမ်းဖက် နှိမ်နင်းတာတွေကနေ တွေ့နိုင်ပါတယ်။
ဆိုရှယ်လစ် တပ်မတော်လို့ ကြွေးကြော်ထားတဲ့ စစ်တပ်တတပ်ဟာ ဆိုရှယ်လစ်လူ့ဘောင်မှာ အရေးအပါဆုံး လူတန်းစားတွေကို ဖိနှိပ်ဖို့ ဝန်မလေးခဲ့ပါဘူး။
၁၉၈၈ မှာ အထွေထွေ ကျပ်တည်းမှုတွေနဲ့ နိုင်ငံရေး မကျေနပ်မှုတွေကြောင့် လူထုတော်လှန်ရေးတခု ပေါ်ပေါက်လာသလို စစ်တပ်ကိုယ်တိုင်မှာလည်း မအောင်မြင်တဲ့ ဆိုရှယ်လစ်စီးပွားရေးစနစ်ရဲ့ ကျပ်တည်းမှုတွေကို ကြုံတွေ့လာပါတယ်။
၁၉၉၀ ကာလတွေမှာ “ဈေးကွက်စီးပွားရေး စနစ်ပီပြင်စွာထွက်ပေါ်လာရေး”ဆိုတဲ့ ကြွေးကြော်သံနဲ့အတူ စစ်ခရိုနီ အရင်းရှင်စနစ် (Military-led crony capitalism) တခုကို ဖော်ဆောင်ခဲ့ပါတယ်။ ဒီစစ်တပ်ဦးဆောင်တဲ့ အရင်းရှင်စနစ်ဟာ စစ်ဗိုလ်ချုပ်ကြီးတွေနဲ့ သူတို့နောက်လိုက် ခရိုနီတွေကို အကြီးအကျယ် ကြွယ်ဝချမ်းသာစေခဲ့ပါတယ်။
အဲဒီနောက် ၁၉၉၀ ကာလတွေမှာ “ဈေးကွက်စီးပွားရေး စနစ်ပီပြင်စွာထွက်ပေါ်လာရေး”ဆိုတဲ့ ကြွေးကြော်သံနဲ့အတူ စစ်ခရိုနီ အရင်းရှင်စနစ် (Military-led crony capitalism) တခုကို ဖော်ဆောင်ခဲ့ပါတယ်။ ဒီစစ်တပ်ဦးဆောင်တဲ့ အရင်းရှင်စနစ်ဟာ စစ်ဗိုလ်ချုပ်ကြီးတွေနဲ့ သူတို့နောက်လိုက် ခရိုနီတွေကို အကြီးအကျယ် ကြွယ်ဝချမ်းသာစေခဲ့ပါတယ်။
တဆက်တည်းမှာပဲ စစ်တပ်ဟာ ၁၉၉၀ ကာလတွေကနေစလို့ ဗမာအမျိုးသားသရုပ်လက္ခဏာတွေကို မောင်ပိုင်စီးတာ ဗမာအမျိုးသားတွေရဲ့ဆန္ဒမပါဘဲနဲ့ နိုင်ငံတော်မှာ ရှေ့တန်းတင် အသုံးပြုလာတာကို တွေ့ရပါတယ်။
“အမျိုး၊ ဘာသာ၊ သာသနာ”လို အတွေးအခေါ်တွေကိုလည်း မျိုးစေ့ချလာပါတယ်။ ဒါပေမယ့်လည်း ဗုဒ္ဓသာသနာမှာ အရေးပါဆုံးလို့ ဆိုရမယ့် သံဃာတော်များကို ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးမှာ စစ်တပ်အာဏာကို စိန်ခေါ်လာချိန်မှာတော့ အကြမ်းဖက်ဖြိုခွင်းဖို့ ဝန်မလေးခဲ့ပါဘူး။
အခုလည်း စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းဘက်မှာ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတွေကို အမျိုးသားရေးလို့ ကြွေးကြော်တဲ့ စစ်တပ်ကပဲ မီးရှို့နေသလို သံဃာတွေပါ အသက်လု ထွက်ပြေးနေရတဲ့ အခြေအနေပါ။
ထိုနည်းတူပဲ နိုင်ငံရေးအကျပ်အတည်းကို ကျော်လွှားဖို့ ဗိုလ်ခင်ညွန့်ရဲ့ ဒီမိုကရေလမ်းပြ မြေပုံနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်ပြီး ၂၀၁၀ ပြည့်လွန်ကာလတွေမှာ အပြောင်းအလဲကို ဦးဆောင်တဲ့ စစ်တပ်အဖြစ် အသုံးတော်ခံပြန်ပါတယ်။
သမ္မတ ဗိုလ်သိန်းစိန် ဦးဆောင်တဲ့ အရပ်သားအဝတ်လဲ စစ်သားတပိုင်းအစိုးရကို ခေါင်းစည်းတပ်ပြီး “ဒီမိုကရေစီ အသွင်ကူးပြောင်းရေး” လုပ်တဲ့ စစ်တပ်၊ လွတ်လပ်စွာ စည်းရုံးပြောဆိုခွင့်နဲ့ မီဒီယာလွတ်လပ်ခွင့် ပြန်ပေးတဲ့ လစ်ဘရယ် စစ်တပ်ကြီး အဖြစ် နိုင်ငံတကာ လက်ခုပ်သံတွေ ရယူပြန်ပါတယ်။
သမ္မတ ဗိုလ်သိန်းစိန် ဦးဆောင်တဲ့ အရပ်သားအဝတ်လဲ စစ်သားတပိုင်းအစိုးရကို ခေါင်းစည်းတပ်ပြီး “ဒီမိုကရေစီ အသွင်ကူးပြောင်းရေး” လုပ်တဲ့ စစ်တပ်၊ လွတ်လပ်စွာ စည်းရုံးပြောဆိုခွင့်နဲ့ မီဒီယာလွတ်လပ်ခွင့် ပြန်ပေးတဲ့ လစ်ဘရယ် စစ်တပ်ကြီး အဖြစ် နိုင်ငံတကာ လက်ခုပ်သံတွေ ရယူပြန်ပါတယ်။
ဒီလို လက်ခုပ်သံတွေနဲ့အတူ စစ်ဗိုလ်ချုပ်ကြီးတွေနဲ့ သူတို့မိသားစုတွေ နိုင်ငံတကာ အမည်ပျက်စာရင်းတွေကနေ ပယ်ဖျက်ခွင့်ရတာ၊ နောက်ပြီး မြန်မာပြည်ကို ဝင်လာတဲ့ နိုင်ငံတကာ စီးပွားရေး လုပ်ငန်းကြီးတွေနဲ့အတူ စီးပွားရှာခွင့်ရတာစတဲ့ အကျိုးကျေးဇူးတွေကို ရရှိပြန်ပါတယ်။
တချိန်တည်းမှာပဲ မဘသ၊ ဝီရသူ စတဲ့ မွတ်ဆလင်မုန်းတီးရေးနဲ့ ရှေးရိုးစွဲ ကွန်ဆာဗေးတစ်ဝါဒကိုလည်း ၂၀၁၂ ဒေါ်အောင် ဆန်းစုကြည်ရဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေ ပြန်လည်စတင်ခွင့်ရတဲ့အချိန်၊ NLD ပါတီ အစိုးရ အာဏာရလုဆဲနဲ့ ရလာပြီးနောက်ပိုင်း အချိန်တွေမှာ တွန်းတင်လာတာကို တွေ့ရှိရပါတယ်။
လက်ရှိအချိန်မှာတော့ စစ်တပ်ဟာ သမိုင်းတလျှောက်မှာ ပြည်ထောင်စုပြိုကွဲရေး အန္တရာယ်အဖြစ် ပုံဖျက်လာခဲ့တဲ့ ဖက်ဒရယ်ဝါဒကို အရေခြုံဖို့ ကြိုးစားနေပြန်ပါတယ်။ ဒါတွေကို အာဏာသိမ်း စစ်ကောင်စီရဲ့ အရပ်သားတပိုင်း တိုင်းရင်းသားတပိုင်း စုဖွဲ့မှုတွေအပြင် စစ်ကောင်စီရဲ့ တိုင်းရင်းသားအရေး ခြေလှမ်းတွေကနေတဆင့်လည်း တွေ့နိုင်ပါတယ်။ စစ်ကောင်စီမှာ ရခိုင်၊ ကရင်၊ မွန်၊ ဗမာနဲ့ ကယားနိုင်ငံရေးသမားအချို့ ပါဝင်ပါတယ်။
အာဏာသိမ်း စစ်ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင်ကလည်း တိုင်းရင်းသား အဖွဲ့အစည်းပေါင်းစုံနဲ့ တွေ့ဆုံဆွေးနွေးဖို့ ကြိုးစားနေပြီး မြန်မာနိုင်ငံနဲ့ ကိုက်ညီမယ့် ဖက်ဒရယ်စနစ်ကို ကျင့်သုံးသွားမယ်လို့ ၂၀၂၂ ဇွန်လ ၁၆ မှာ ပြုလုပ်တဲ့ စစ်ကောင်စီ အစည်းအဝေးမှာ ပြောဆိုထားပါတယ်။
စစ်တပ်ဟာ ဖက်ဒရယ်အရေးနဲ့ ပတ်သက်လို့ “ဖက်ဒရယ်နိုင်ငံများ၏ ဖွဲ့စည်း တည်ဆောက်မှုများ လေ့လာရေးအဖွဲ့” ဖွဲ့ စည်းသည်အထိ ခြေလှမ်းကြဲနေတာကို တွေ့ရပါတယ်။ ဒါတွေကိုကြည့်ရရင် စစ်တပ်ဟာ ၁၉၆၀ ကာလများက စစ်ဆိုရှယ်လစ်ဝါဒ တည်ဆောက်ခဲ့သလိုမျိုး စစ်ဖက်ဒရယ်ဝါဒတခု (Militarized/Military-led Federalism)တည်ဆောက်ဖို့ ရှိတယ်လို့ မှန်းဆနိုင်ပါတယ်။
ဒီစစ်ဖက်ဒရယ်ဝါဒဟာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်လိုပဲ ဖက်ဒရယ်လက္ခဏာအချို့ကို အရေခြုံလို့ စစ်တပ်အကျိုးစီးပွားကို ရှေ့တန်းတင် ကာကွယ်မယ့်လမ်းစဉ်တခုဆိုတာကို ထူးထွေပြီး ပြောနေစရာ မလိုပါဘူး။
ဒီစစ်ဖက်ဒရယ်ဝါဒဟာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်လိုပဲ ဖက်ဒရယ်လက္ခဏာအချို့ကို အရေခြုံလို့ စစ်တပ်အကျိုးစီးပွားကို ရှေ့တန်းတင် ကာကွယ်မယ့်လမ်းစဉ်တခုဆိုတာကို ထူးထွေပြီး ပြောနေစရာ မလိုပါဘူး။
တိုင်းပြည်မှာ စစ်တပ်က အခွင့်ထူးခံမယ့် နေရာကနေ ဆက်လက်ရပ်တည်နိုင်ဖို့ သူတို့နည်း၊ သူတို့ဟန် ဖက်ဒရယ်စနစ်တစ်ခုကို လူမြင်ကောင်းအောင် တည်ဆောက်ပြဦးမှာပါ။
မြန်မာစစ်တပ်ဟာ အကျိုးစီးပွားကို ကာကွယ်ဖို့အတွက် ဝါဒအမျိုးမျိုးကို အသုံးချခဲ့ပြီး ဖြစ်ပါတယ်။
လက်ရှိအချိန်မှာ ဗမာ-ဗုဒ္ဓ အမျိုးသား သရုပ်လက္ခဏာတွေကို မောင်ပိုင်စီးလို့ အမျိုးသားရေးဝါဒ အလံကို လွှင့်နေသယောင်ရှိသော်လည်း စစ်တပ်ဟာ လက်ဝဲ၊ လက်ယာ၊ ကွန်မြူနစ်၊ ဆိုရှယ်လစ်၊ အရင်းရှင်၊ လစ်ဘရယ်၊ ကွန်ဆာဗေးတစ်၊ ဒီမိုကရေစီ ဝါဒ၊ အမျိုးသားရေးဝါဒ အမျိုးမျိုးကို အသုံးချပြီး ဖြစ်ပါတယ်။
ဖက်ဒရယ်ဝါဒကို ဆက်အသုံးချမယ်ဆိုရင်လည်း အံ့သြစရာ မဟုတ်သလို စစ်တပ်ရှိနေသမျှတော့ ဒါဟာ သူ့အတွက် နောက်ဆုံးဝါဒ ဖြစ်အုန်းမယ်လည်း မထင်ပါ။
(စာရေးသူသည် မြန်မာ့နိုင်ငံရေးသုတေသီတဦး ဖြစ်သည်။)
You may also like these stories:
ချန်ထားမရတဲ့ လောကီအစီအရင် အားပြိုင်မှုများ
မရဲဘဲ ကျွဲပြဲစီးနေသော စစ်ကောင်စီ
မြန်မာစစ်တပ်၏ ရှည်လျားသော ကွပ်မျက်မှုသမိုင်း