တက်ကြွလှုပ်ရှားသူ ၄ ဦးကို ကွပ်မျက်လိုက်ခြင်းသည် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မျှော်လင့်သော သက်ရောက်မှုမျိုး ဖြစ်မလာသည်ကို သံသယဖြစ်ရန်မလိုပေ။ ပြည်သူလူထုသည် ကြောက်လန့်မသွားဘဲ ကန့်ကွက်ဆန္ဒပြပွဲများ အရှိန်မြင့်လာခြင်းနှင့် နိုင်ငံတကာ ပြစ်တင်ရှုတ်ချမှုများကိုသာ ဖြစ်စေပြီး အတိုက်အခံများကို ခွန်အားသစ်များပင် ရရှိစေသည်။
လွန်ခဲ့သောနှစ်က သူအာဏာသိမ်းလိုက်သောအခါ လက်ရှိ မြန်မာစစ်တပ်သည် နိဂုံးချုပ်သွားပြီဖြစ်ကြောင်း အချို့က ဟောကိန်းထုတ်ကြသည်။ ထိုအချက် မှန်ကန်ကြောင်းကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း အကောင်းဆုံး ကြိုးစားပြသနေသည်။ သူ၏ ခေါင်းဆောင်မှုသည် ရက်စက်ကြမ်းကြုတ် အကျင့်ပျက်ပြီး ဘဝပျက်လောက်အောင်ဆိုးသည့် ညံ့ဖျင်းမှုဖြစ်နေသည်။
စစ်အာဏာသိမ်းခြင်းသည် မြန်မာပြည်သူများအတွက် အကြောက်တရား၊ သေဆုံးမှုများနှင့် စီးပွားပျက်ခြင်းကို ဖြစ်စေသည်။ သူ၏စစ်တပ်အတွက်လည်း ကပ်ဆိုက်ခြင်းဖြစ်သည်။ ပြည်သူများ၏ ဆန့်ကျင်မှုသည် တိုးမြဲတိုးလာနေသည်။
စစ်အာဏာသိမ်းခြင်းသည် မြန်မာပြည်သူများအတွက် အကြောက်တရား၊ သေဆုံးမှုများနှင့် စီးပွားပျက်ခြင်းကို ဖြစ်စေသည်။ သူ၏စစ်တပ်အတွက်လည်း ကပ်ဆိုက်ခြင်းဖြစ်သည်။ ပြည်သူများ၏ ဆန့်ကျင်မှုသည် တိုးမြဲတိုးလာနေသည်။ စစ်တပ်မှလူများအနေဖြင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ခေါင်းဆောင်မှုကြောင့် ဖြစ်လာသည့် ကပ်ဆိုးကို သတိမူသင့်လှပေသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ပြည်သူများကို အကြောက်တရားဖြင့် ထိန်းချုပ်ရန်အင်အား အလွန်အကျွံသုံးသည့် အုပ်ချုပ်သူများအား အီတလီ ဒဿနပညာရှင်နှင့် သမိုင်းဆရာ မာခီယာဗယ်လီ (၁၄၆၉-၁၅၂၇) ၏ သတိပေးချက် မှန်ကန်ကြောင်း ပြသသည့် ဂန္တဝင်မြောက်ဥပမာ ဖြစ်သည်။
မည်သည့် အခြေအနေတွင်မဆို မြန်မာပြည်သူများသည် ရွေးကောက်ပွဲရလဒ်ကို ဖျက်သိမ်းခြင်းနှင့် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်မည် ဖြစ်သည်။ ပြည်သူသိန်းချီပြီး လက်နက်ကိုင်စေရန်အတွက် ငြိမ်းချမ်းစွာ ဆန္ဒပြသူများဘက်သို့ သေနတ်ပြောင်း လှည့်ခဲ့သူမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သာ ဖြစ်သည်။ သူ၏ အုပ်ချုပ်ရေးကို လက်ခံစေရန် ပြည်သူများကို ခြိမ်းခြောက်သည့် ပစ်အားနှင့် ကြမ်းတမ်းသော အာဏာသက်သက်ကိုသာ မှီခိုနေခြင်းသည် ဆန့်ကျင်ဘက် အကျိုးသက်ရောက်မှုများ ဖြစ်စေသည်။
လက်နက်မဲ့ အရပ်သားများကို စနစ်တကျဖြင့် သိမ်းကျုံးသတ်ရန်၊ ညှဉ်းပန်းနှိပ်စက်ရန်၊ လုယက်ရန်၊ ခိုးယူရန်၊ အဓမ္မပြုကျင့်ရန်၊ ခြိမ်းခြောက်ရန် သူ၏အမိန့်ကြောင့် ပြည်သူများသည် စစ်တပ်တခုလုံးကို ဆန့်ကျင်စိတ် ပိုမိုပြင်းထန်လာကြသည်။
သူ၏ ညံ့ဖျင်းသော ခေါင်းဆောင်မှုနှင့် အာဏာထိန်းချုပ်နိုင်ရေး သက်သက်ကိုသာ အာရုံစိုက်ခြင်း သူ၏ အဆုံးအဖြတ်များကို အမြဲတစေ မှားယွင်းစေသည်။ ပြည်သူများက သူပြုတ်ကျသည်အထိ တိုက်မည်ဆိုသည့် အချက်ကို သူနားမလည်ပေ။
အာဏာကို တွယ်ကပ်နေရာတွင် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်သည် စစ်တပ်ကို သူနှင့်အတူ ဆွဲချသွားသည်။ တခါက တပ်မတော်ဟု တလေးတစားခေါ်ရသည် စစ်တပ်သည် သူ့လက်အောက်တွင် တနိုင်ငံလုံး၏ ဆဲဆိုမှုကို ခံရသည်။ သူသည် ပြည်သူ့ထံမှ အာဏာလုယူရန်အတွက် အမျိုးသားတပ်မတော်ကို ခါးပိုက်ဆောင်တပ် ဖြစ်အောင်လုပ်သည်။
အာဏာကို တွယ်ကပ်နေရာတွင် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်သည် စစ်တပ်ကို သူနှင့်အတူ ဆွဲချသွားသည်။ တခါက တပ်မတော်ဟု တလေးတစားခေါ်ရသည် စစ်တပ်သည် သူ့လက်အောက်တွင် တနိုင်ငံလုံး၏ ဆဲဆိုမှုကို ခံရသည်။ သူသည် ပြည်သူ့ထံမှ အာဏာလုယူရန်အတွက် အမျိုးသားတပ်မတော်ကို ခါးပိုက်ဆောင်တပ် ဖြစ်အောင်လုပ်သည်။
စစ်တပ်အတွက် လူသစ် မစုဆောင်းနိုင်တော့သောကြောင့် ရာဇဝတ်သားများကို စစ်တပ်တွင်းသို့ သွတ်သွင်းသည်။ ထို့ကြောင့်သူသည် မြန်မာစစ်တပ်ကို စစ်တပ်အဖြစ်မှ ရာဇဝတ်ဂိုဏ်းအဖြစ်သို့ ပြောင်းလဲလိုက်သည်။ သူ၏ကွပ်ကဲမှုအောက်မှ စစ်တပ်သည် ယခင်မကြံဖူးသည့် ဘက်ပြောင်းမှုနှင့် တပ်ပြေးမှုများကို ကြုံတွေ့နေရပြီး တပ်တွင်းလက်ကျန်များကလည်း တာဝန်ကို ရှောင်လွှဲနိုင်သမျှ ရှောင်လွှဲနေကြသည်။
စိတ်ဓာတ်ရေးရာ တဟုန်ထိုး ကျဆင်းနေသည်။ မူးယစ်ဆေးဝါးများ နေရာအနှံ့ ပျံ့နှံ့နေသည်။ ငတ်မွတ်နေသော စစ်သားများသည် အစားအစာရိက္ခာသာ ရှာနေသောကြောင့် သို့မဟုတ် ကျေးလက်တွင် လှည့်လည် လူသတ်နေသောကြောင့် အမိန့်ပေးကွင်းဆက်နှင့် စည်းကမ်းများသည် စုတ်ပြတ်သတ်နေသည်။
ထို့အပြင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တိုက်ခိုက်ရန် စိတ်အားထက်သန်သူများကို လူထုထောက်ခံမှု လွန်စွာ ကြီးမားလှသောကြောင့် တခါက အင်အားကြီးမားလှသော စစ်တပ်သည် စစ်ရှုံးနေသည်။ စစ်တပ်တွင် နေ့စဉ်ဆိုသလို ၎င်းတို့ကို ဆန့်ကျင်သူများထက် ၅ ဆမှ ၁၀ ဆ ပိုမို သေဆုံးနေသည်။
တပ်ချုပ် မင်းအောင်လှိုင် အာဏာသိမ်းပြီးနောက်တွင် စစ်သားများသည် တခုတည်းသော သေဆုံးမှု အများဆုံး အုပ်စုတွင် ပါဝင်သည်။ စစ်သား ၁၀,၀၀၀ မှ ၁၅,၀၀၀ အထိ သေဆုံးပြီး ဖြစ်သည်။ မည်သည့်အတွက် သေရသနည်း။ ပြည်သူက စက်ဆုပ်ရွံရှာမုန်းတီးပြီး အာဏာငမ်းငမ်းတက် ဖြစ်နေသော လူတယောက်ကို ကာကွယ်ရန် ထိုသူများသေရခြင်း မဟုတ်ပါလား။
နိုင်ငံတကာတွင်လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အခြေအနေ မကောင်းပေ။ အရှေ့တောင်အာရှ နိုင်ငံများအသင်း (ASEAN) က သူ့အခန်းကဏ္ဍကို မလိုလားပေ။ ASEAN သည် သူ့ကို အစည်းအဝေးများမှ ဖယ်ထုတ်ရန် ၎င်းတို့၏ ပြည်တွင်းရေး မစွက်ဖက်ရေးမူကို ချိုးဖျက်ပစ်လိုက်သည်။
တရုတ်ကလည်း သူ့ကို သဘောကျခြင်း မရှိပေ။ သူသည် လက်နက်ဖိုး မပေးနိုင်တော့သောကြောင့် ရုရှားကလည်း သူ့ကိုစိတ်ကုန်ချင်နေပြီ ဖြစ်သည်။ ၂၀၂၁ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်များတွင် ရုရှားသို့ သူသွားသောအခါ သမ္မတ ပူတင်က သူ့ကို လက်ခံတွေ့ဆုံရန် ငြင်းပယ်သည်။
တရုတ်ကလည်း သူ့ကို သဘောကျခြင်း မရှိပေ။ သူသည် လက်နက်ဖိုး မပေးနိုင်တော့သောကြောင့် ရုရှားကလည်း သူ့ကိုစိတ်ကုန်ချင်နေပြီ ဖြစ်သည်။ ၂၀၂၁ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်များတွင် ရုရှားသို့ သူသွားသောအခါ သမ္မတ ပူတင်က သူ့ကို လက်ခံတွေ့ဆုံရန် ငြင်းပယ်သည်။ ထိုကြောင့်သူသည် တာတာစတန် ပြည်နယ်အကြီးအကဲကို သွားတွေ့ရသည်။
စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် ဝန်ခံသည်ဖြစ်စေ ဝန်မခံသည်ဖြစ်စေ လူတိုင်းသိနေသော အချက်မှာ သူ့တွင် ငွေပြတ်နေပြီး အခြေအနေသည် ပိုမိုလျင်မြန်စွာ ဆိုးရွားနေသည်ဆိုသည့် အချက်ဖြစ်သည်။
နိုင်ငံတကာ ဘဏ္ဍာရေး ပိတ်ဆို့မှုများသည် ပြင်းထန်ပြီး နက်ရှိုင်းသည်။ နိုင်ငံတကာ ဘဏ္ဍာရေး အဖွဲ့အစည်းများက ငွေပေးချေမှုကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ကတည်းက စတင်ရပ်ဆိုင်းလိုက်သည်။ အကြီးမားဆုံး နိုင်ငံတကာ ကုမ္ပဏီများနှင့် ရင်းနှီးမြှုပ်နှံမှုများသည် တခုပြီးတခု နိုင်ငံကို စွန့်ခွာကြသည်။ ကျောက်မျက်နှင့် ကျောက်စိမ်းရောင်းချမှုလည်း လုံးဝပြိုလဲသည်။
ထို့ကြောင့် နိုင်ငံသို့ဝင်သည့် နိုင်ငံခြားငွေ မရှိသလောက်ဖြစ်လာသည်။ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်သည် နိုင်ငံခြားသုံး အရန်ငွေများကို အကုန်နီးပါးသုံးသည်။ သူအာဏာသိမ်းစဉ်က နိုင်ငံခြားသုံး အရန်ငွေ အမေရိကန်ဒေါ်လာ ၇ ဒသမ ၇ ဘီလီယံ ရှိသော်လည်း ယခုအခါ ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံသာ ကျန်တော့သည်။
လောင်စာနှင့် ဆေးဝါးအတွက် မည်သို့ ဆက်လက်ပေးချေရန် သူရည်ရွယ်သနည်း။ သူ ဒလဟော ပုံနှိပ်နေသော ကျပ်ငွေများကို မည်သူမျှ လက်ခံမည်မဟုတ်ပေ။ မျှော်လင့်ချက်ကင်းမဲ့နေသည့် အစီအမံများဖြစ်သည့် ကားတင်သွင်းခွင့် ပိတ်ပင်ခြင်း၊ စီးပွားရေးလုပ်ငန်းများ ဒေါ်လာကြွေးမြီမဆပ်ရန် ညွှန်ကြားခြင်းနှင့် ဘဏ်များနှင့်စီးပွားရေးလုပ်ငန်းများ အနေဖြင့် ဒေါ်လာကို ကျပ်ငွေဖြင့် ချက်ချင်းလဲလှယ်ရန် အတင်းအကျပ် ညွှန်ကြားခြင်းတို့သည် အလုပ်မဖြစ်သည်မှာ ထင်ရှားလှသည်။
လက်နက်မဲ့ ဆန္ဒပြသူများ၏ ဦးခေါင်းကို ချိန်ပစ်ရန် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် ညွှန်ကြားလိုက်သည့် တချိန်တည်းတွင် သူသည် မြန်မာစစ်တပ်ကိုလည်း လည်ပင်း ကြိုးကွင်းစွပ်လိုက်သည်။ သူ၏ အမိန့်များအားလုံးသည် စစ်သည်တော်ကျင့်ဝတ်များကို အထင်အရှား ချိုးဖောက်နေသည်။
နိုင်ငံရေးအကျဉ်းသားများကို ကွပ်မျက်ရန် သူ့စစ်သားများကို အမိန့်ပေးလိုက်ချိန်တွင် သူသည် မြန်မာစစ်တပ်၏လည်ပင်းမှ ကြိုးကွင်းကို ပိုမိုတင်းကျပ်လိုက်သည်။ သူသည် ခေါင်းဆောင်မှု အရည်အသွေးကို ပြသခွင့်ရသည့်၊ နိုင်ငံရေးအကျပ်အတည်းမှ လှလှပပ ထွက်ခွင့်ရသည့် အကြိမ်တိုင်းတွင် အကြမ်းဖက်မှုနှင့် ရက်စက်ကြမ်းကြုတ်မှုကို ရွေးချယ်သည်။
နိုင်ငံရေးအကျဉ်းသားများကို ကွပ်မျက်ရန် သူ့စစ်သားများကို အမိန့်ပေးလိုက်ချိန်တွင် သူသည် မြန်မာစစ်တပ်၏လည်ပင်းမှ ကြိုးကွင်းကို ပိုမိုတင်းကျပ်လိုက်သည်။ သူသည် ခေါင်းဆောင်မှု အရည်အသွေးကို ပြသခွင့်ရသည့်၊ နိုင်ငံရေးအကျပ်အတည်းမှ လှလှပပ ထွက်ခွင့်ရသည့် အကြိမ်တိုင်းတွင် အကြမ်းဖက်မှုနှင့် ရက်စက်ကြမ်းကြုတ်မှုကို ရွေးချယ်သည်။
တလျှောက်လုံးတွင် သူသည် စစ်ဆင်ရေးအခြေအနေကို နားလည်မှု လွဲမှားပြီး အတွက်အချက် မှားနေသည်။ နိုင်ငံရေး အကျဉ်းသားများကို ကွပ်မျက်လိုက်သည့် သူ၏နောက်ဆုံးလုပ်ရပ်က သူသည် စစ်ရေးနှင့်နိုင်ငံရေး ဗျူဟာကို နားမလည်ကြောင်းပြသည့် အပြည့်စုံဆုံး ဥပမာဖြစ်နေသည်။ ထိုလုပ်ရပ်ကြောင့် လူတိုင်းလူတိုင်း နိုးကြားလာပြီး စွမ်းအင်များ ပြန်လည်ပြည့်ဝလာကြသည်။
တပ်ချုပ် မင်းအောင်လှိုင်၏ ညံ့ဖျင်းလှသော ဆုံးဖြတ်ချက်များကို မတိကျသော သတင်းအချက်အလက်များနှင့် သူ၏ အထီးကျန်ခြင်းက ဖြစ်ပေါ်စေသည်ကို သံသယဖြစ်စရာ မလိုပေ။ သူ့ပတ်ဝန်းကျင်မှလူများသည် သူမယုံနိုင်သည့် သို့မဟုတ် သူမကြားချင်သည့် သတင်းအချက်အလက်များကို မပေးနိုင် သို့မဟုတ် မပေးလိုကြပေ။ ထိုပြဿနာသည် သူဖန်တီးသော ပြဿနာပင်ဖြစ်သည်။
သူသည် မြန်မာကို ပိုမိုအထီးကျန်အောင် ဆက်လက် လုပ်ကိုင်နေစဉ် သူကိုယ်တိုင်လည်း နေပြည်တော်မှ တံတိုင်းများအတွင်း ပိုမိုအထီးကျန်လာမည် ဖြစ်သည်။ သူ ပိုမိုအထီးကျန်လေလေ နိုင်ငံနှင့် မြန်မာစစ်တပ်အတွက် ပိုမို ထိခိုက်နစ်နာစေသည့် ဆုံးဖြတ်ချက်များကို ပိုမို ချမှတ်လေလေပင် ဖြစ်သည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Dr. Miemie Winn Byrd ၏ Min Aung Hlaing Is Destroying the Myanmar Military ကို ဘာသာပြန် ဖော်ပြသည်။ ဒေါက်တာ မီမီဝင်းဘတ်သည် အမေရိကန် ပြည်ထောင်စု၊ ဟာဝိုင်အီရှိ Daniel K. Inouye Asia Pacific Center for Security Studies (APCSS) မှ ပါမောက္ခဖြစ်ပြီး အမေရိကန် စစ်တပ်အရာရှိဟောင်းလည်း ဖြစ်သည်။ ယခုဆောင်းပါးပါ အယူအဆများသည် APCSS, အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနတို့နှင့် သက်ဆိုင်ခြင်းမရှိဘဲ သူ၏ ကိုယ်ပိုင်အမြင်များသာ ဖြစ်သည်။)
You may also like these stories :
မရဲဘဲ ကျွဲပြဲစီးနေသော စစ်ကောင်စီ
ရက်စက်ကြမ်းကြုတ်မှုနှင့် လက်စားချေလိုခြင်းဖြင့် စစ်ကောင်စီခေါင်းဆောင် စိတ်ထင်ရာလုပ်နေ
၈၈ က အမှားဟောင်း စစ်တပ် ဆက်မှားနေ
နိုင်ငံကို စစ်ကောင်စီ မထိန်းချုပ်နိုင်ကြောင်း အရေးပေါ်အခြေအနေ သက်တမ်းတိုးခြင်းက ပြသ