၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှစ၍ မြန်မာ့နိုင်ငံရေးအသွင်အပြင် အပြောင်းအလဲကြီးမားပြီး ပဋိပက္ခအသစ်တရပ် မွေးဖွားသည်။ နိုင်ငံရေးထိပ်တိုက်တွေ့မှုမှသည် စစ်ရေးထိပ်တိုက်တွေ့မှုအဖြစ် ပြောင်းလဲသွား၏။
တော်လှန်တိုက်ခိုက်မှုများသည် ပြည်မ၌ဖြစ်သကဲ့သို့ နယ်စပ်တလျှောက်တွင်လည်း ဖြစ်၏။ ဤသို့သော အချိန်ကာလတွင် တော်လှန်ရေးအင်အားစုများအတွက် အထူးသဖြင့် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) အတွက် အရေးပါလာသည်မှာ နိုင်ငံတကာ၏ ထောက်ခံမှုရရှိရေးဖြစ်သည်။
စစ်ကောင်စီအား ဆန့်ကျင်ကြသည်။ နိုင်ငံရေးပြစ်ဒဏ်သင့်သူများအားလည်း ၎င်းတို့နိုင်ငံများတွင် နိုင်ငံရေးခိုလှုံခွင့်ပေးသည်ဖြစ်ရာ တော်လှန်ရေးအင်အားစုများ၊ ဒီမိုကရေစီအင်အားစုများအတွက် အားကိုးအားထားရသည့် မိတ်ဆွေသဖွယ်ဖြစ်၏။
မြန်မာပြည် ဒီမိုကရေစီလှုပ်ရှားမှုအား အမေရိကန်နှင့် အနောက်နိုင်ငံများက အစဉ်တစိုက်အားပေး ထောက်ခံလာကြသည့်အပြင် လက်ရှိပဋိပက္ခတွင်လည်း ဒီမိုကရေစီအင်အားစုများဖက်က အပြည့်အဝထောက်ခံမှုပေးကာ ရပ်တည်ကြ၏။ ဗြောင်အတိအလင်း စစ်ကောင်စီအား ဆန့်ကျင်ကြသည်။ နိုင်ငံရေးပြစ်ဒဏ်သင့်သူများအားလည်း ၎င်းတို့နိုင်ငံများတွင် နိုင်ငံရေးခိုလှုံခွင့်ပေးသည်ဖြစ်ရာ တော်လှန်ရေးအင်အားစုများ၊ ဒီမိုကရေစီအင်အားစုများအတွက် အားကိုးအားထားရသည့် မိတ်ဆွေသဖွယ်ဖြစ်၏။ ဤသည်မှာ ငြင်းဆိုဖွယ်မရှိသည့် ပကတိတရားဖြစ်သည်။
ထို့အပြင် ပြီးခဲ့သော တနှစ်ခွဲတွင် ဒေသတွင်း အာဆီယံနိုင်ငံ ၉ နိုင်ငံအနေနှင့် တနိုင်ငံချင်းစီ သီးခြားသဘောထား ရှိနိုင်သော်လည်း အာဆီယံတခုလုံး သဘောထားအနေနှင့် စစ်ကောင်စီအား စိတ်ပျက်သည့်သဘောထားကို တညီတညွတ်တည်း ဖော်ပြကြပြီး NUG နှင့် နီးစပ်လာသည်ကို တွေ့ရ၏။ နိုင်ငံတကာ ဆက်ဆံရေးနယ်ပယ်တွင် တော်လှန်ရေးအင်အားစုများအတွက် တအားဖြစ်သည်။
မြန်မာနိုင်ငံနှင့် ဆက်စပ်မှုရှိနေသည့် အင်အားကြီးနိုင်ငံများအနက် ရုရှားကတော့ ရှင်းသည်။ ရုရှားသည် စစ်ကောင်စီအား သူ၏လက်နက်ဖောက်သည်အဖြစ် အသိအမှတ်ပြု ထောက်ခံထားသည်။ မြန်မာပြည် တော်လှန်ရေးအင်အားစုများအား မျက်ကွယ်ပြုထားသူဖြစ်၏။ မြန်မာလူထုအတွက် မလိုလားအပ်သည့်နိုင်ငံ၊ မိတ်ဆွေမဟုတ်သည့်နိုင်ငံကြီး ဖြစ်၏။
နယ်စပ်ချင်းဆက်စပ်နေပြီး အင်အားကြီးနိုင်ငံတခုမှာ ဒီမိုကရေစီနိုင်ငံကြီးဟု သတ်မှတ်ခံရသည့် အိန္ဒိယဖြစ်သည်။ အိန္ဒိယသည် ယခု နွေဦးတော်လှန်ရေးတွင် ဖြစ်စေ၊ ယခင်နိုင်ငံရေးလှုပ်ရှားမှုများတွင် ဖြစ်စေ၊ ခေတ်အဆက်ဆက်အစိုးရများနှင့် ပတ်သက်သည့်ဆက်ဆံရေးများတွင် ဖြစ်စေ မြန်မာ့အရေးနှင့် ပတ်သက်၍ တက်ကြွသည့် အခန်းက မရှိပေ။ မြန်မာ့အရေးနှင့်ပတ်သက်၍ ထောက်ခံခြင်း၊ ဆန့်ကျင်ခြင်းတို့နှင့်ပတ်သက်၍ တက်ကြွသည့်အခန်းတွင် မရှိပေ။ ပုံမှန် မှန်တန်းအခြေအနေသာရှိပြီး ခေတ်အဆက်ဆက် အစိုးရများနှင့်လည်းကောင်း၊ လူထုလှုပ်ရှားမှုများနှင့် ပတ်သက်၍လည်းကောင် တက်ကြွသည့်အခန်း၌မရှိရာ မြန်မာတော်လှန်ရေး အင်အားစုများအတွက် မိတ်ဆွေနိုင်ငံအဖြစ်လည်းကောင်း၊ မလိုလားအပ်သည့် နိုင်ငံအဖြစ်လည်းကောင်း ရှိမနေပေ။
ထူးခြားသည့် ပြသနာကား တရုတ်ဖြစ်သည်။ မြန်မာနှင့် နယ်စပ်ချင်းဆက်စပ်နေသည့် အင်အားကြီးနိုင်ငံ ဖြစ်သည်။ ကွန်မြူနစ်နိုင်ငံ ဖြစ်သည်။
မြန်မာပြည်နှင့် နယ်စပ်ကုန်သွယ်ရေး ပုံမှန်ဖြစ်ထွန်းစဉ်ကာလက နှစ်စဉ် တရားဝင်ရော မှောင်ခိုပါ ဒေါ်လာ ၁ ဘီလီယံခန့် လုပ်ကိုင်နေသည့် နိုင်ငံဖြစ်၏။ မြန်မာပြည်တွင် ဒေါ်လာသန်းထောင်ပေါင်းများစွာ ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံဖြစ်၏။ နဝတ၊ နအဖ စစ်အစိုးရတခေတ်လုံး စစ်ခေါင်းဆောင်များနှင့် တွဲဖက်၍ စီးပွားရေးလုပ်နေသည့် နိုင်ငံဖြစ်သည်။ မြန်မာစစ်တပ်အား လက်နက်ရောင်းပေးသည့် နိုင်ငံလည်းဖြစ်၏။
လက်ရှိကာလတွင် တရုတ်အစိုးရသည် မြန်မာပြည် ဒီမိုကရေစီအရေးအား ထောက်ခံသည့်သဘောထားမဖော်ပြသကဲ့သို့ ဆန့်ကျင်သည့်သဘောထား မဖော်ပြသည်ကိုလည်းတွေ့ရ၏။ စစ်ကောင်စီ အာဏာသိမ်းပြီးနောက် ရင်းနှီးမြှုပ်နှံမှု အကြီးစားများကို ရပ်ဆိုင်းထားသည်ကို တွေ့ရ၏။
မြန်မာ့ဒီမိုကရေစီအရေးနှင့် ပတ်သက်၍ တခွန်းမှ မဟသည့်နိုင်ငံလည်း ဖြစ်၏။ သို့ဖြစ်ရာ ပြည်မမှ ဒီမိုကရေစီအင်အားစုများ အကြိုက်မတွေ့လှသည့် နိုင်ငံဖြစ်သည်။ သို့သော်လည်း လက်ရှိကာလတွင် တရုတ်အစိုးရသည် မြန်မာပြည် ဒီမိုကရေစီအရေးအား ထောက်ခံသည့်သဘောထားမဖော်ပြသကဲ့သို့ ဆန့်ကျင်သည့်သဘောထား မဖော်ပြသည်ကိုလည်းတွေ့ရ၏။ စစ်ကောင်စီ အာဏာသိမ်းပြီးနောက် ရင်းနှီးမြှုပ်နှံမှု အကြီးစားများကို ရပ်ဆိုင်းထားသည်ကို တွေ့ရ၏။
နဝတ၊ နအဖ ခေတ်က တရုတ်အစိုးရသည် မြန်မာစစ်တပ်နှင့်ပေါင်း၍ စီးပွားရေးလုပ်ခြင်း၊ လက်နက်ရောင်းပေးခြင်းတို့ကြောင့် မြန်မာလူထု မကြေလည်ဟု ဆိုသော်လည်း တကယ်တမ်း တရုတ်ဆန့်ကျင်ရေး လှုပ်ရှားမှုများကို ဦးသိန်းစိန်အစိုးရခေတ်တွင် စ၍တွေ့ရသည်။
တရုတ်တို့၏ မြစ်ဆုံစီမံကိန်း၊ ရွှေသဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းတို့အား ဆန့်ကျင်သည့်လှုပ်ရှားမှုများမှသည် တရုတ်ရင်းနှီးမြှုပ်နှံမှု မှန်သမျှနှင့် ချေးငွေမှန်သမျှကို ဆန့်ကျင်သည့် တရုတ်ကြွေးမြီထောင်ချောက်ဆိုသည်အဆုံး တရုတ်ဆန့်ကျင်ရေး လှုပ်ရှားမှုများကို အင်အားစုတချို့က စနစ်တကျ ပြုလုပ်လာသည်များကို တွေ့ရသကဲ့သို့ လူထုအပေါ်တွင်လည်း သက်ရောက်သည်ကို တွေ့ရသည်။
သို့သော် လက်ရှိကာလတွင် တရုတ်သည် မြန်မာအခြေအနေနှင့် ပတ်သက်၍ အထူးသတိထား ကိုင်တွယ်နေသည်ကို သတိပြုရန် လိုသည်။ ၂၀၂၁ ခုနှစ် ဆန္ဒပြပွဲများအတွင်း လှိုင်သာယာစက်မှုဇုံရှိ တရုတ်ရင်းနှီးမြှုပ်နှံမှုများ တိုက်ခိုက် ဖျက်ဆီးခံရပြီးသည့်နောက်ပိုင်း ပို၍ သတိထားကိုင်တွယ်သည်ကို တွေ့ရ၏။ ၂၀၂၁ ခုနှစ်အတွင်း တရုတ်သံတမန်က ဒေါ်အောင်ဆန်းစုကြည်အား တွေ့ဆုံခွင့်ရရေး ကြိုးပမ်းခဲ့ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကို ဖျက်သိမ်းရန် လေသံပစ်နေသည့် စစ်ကောင်စီကို ဖိအားပေးခဲ့သည့်အတွက် စစ်ကောင်စီ၏ ရွေးကောက်ပွဲကောက်မရှင်က NLD ပါတီဖျက်သိမ်းရေး လေသံမဟတော့သည်ကို တွေ့ရ၏။
မြန်မာပြည်အနှံ့အပြားတွင် လက်နက်ကိုင်အဖွဲ့များစွာက ထိန်းချုပ်ထားပြီး မြန်မာပြည်အခြေအနေသည် တည်ငြိမ်မှုမရှိဘဲ နှစ်ဖက် အားပြိုင်လွန်ဆွဲနေသည့် အခြေအနေတွင်ရှိသည်ဟု တရုတ်တို့ သုံးသပ်ထားသည်ကို တွေ့နေရသည်။ လက်ရှိ မြန်မာပြည်အခြေအနေနှင့် ပတ်သက်၍ တရုတ်တို့သဘောထားမှာ ဤပဋိပက္ခတွင် ပါဝင်သူအားလုံး တွေ့ဆုံဆွေးနွေး အဖြေရှာရေးဖြစ်၏။ တရုတ်တို့သည် ၎င်းတို့သဘောထားကို ထုတ်ဖော်ပြောဆိုခြင်း မပြုသော်လည်း ၎င်း၏ရင်းနှီးသော မဟာမိတ်ဖြစ်သူ လက်ရှိအာဆီယံဥက္ကဋ္ဌဖြစ်သူ ကမ္ဘောဒီးယားမှတဆင့် ၎င်းတို့သဘောထားကို ဖော်ပြနေသည်ကို တွေ့ရ၏။
သို့ဖြစ်ရာ လက်ရှိအိမ်နီးချင်းနိုင်ငံလည်းဖြစ်၊ အင်အားကြီးနိုင်ငံများလည်း ဖြစ်သော တရုတ်၊ အိန္ဒိယတို့သည် မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုနှင့် တော်လှန်ရေး အင်အားစုများကို တက်ကြွစွာ မထောက်ခံကြသော်လည်း ထိုနိုင်ငံများ၏ ထောက်ခံမှုရရှိရန်၊ အနည်းဆုံး ကြားထားနိုင်ရန် တော်လှန်ရေးအင်အားစုများ အထူးသဖြင့် NUG အနေနှင့် ကြိုးစားရန် လိုအပ်သည်။ ဤအချက်မှာ မူသဘောအရသာမက လက်တွေ့အရလည်း လိုအပ်သည်။
အထူးသဖြင့် မြန်မာ့အရေးကို ထောက်ခံပါသည်ဆိုသည့် အမေရိကန်နှင့် တရုတ်တို့အကြား ထိုင်ဝမ်အရေးနှင့်ပတ်သက်၍ စစ်ပွဲဖြစ်ပွားနိုင်သည်အထိ တင်းမာမှုများဖြစ်လာချိန်တွင် ပို၍ သတိကြီးစွာ ကိုင်တွယ်ရမည့် မဟာဗျူဟာမြောက်သည့် သံတမန်ရေးရာပြဿနာလည်း ဖြစ်သည်။
အထူးသဖြင့် မြန်မာ့အရေးကို ထောက်ခံပါသည်ဆိုသည့် အမေရိကန်နှင့် တရုတ်တို့အကြား ထိုင်ဝမ်အရေးနှင့်ပတ်သက်၍ စစ်ပွဲဖြစ်ပွားနိုင်သည်အထိ တင်းမာမှုများဖြစ်လာချိန်တွင် ပို၍ သတိကြီးစွာ ကိုင်တွယ်ရမည့် မဟာဗျူဟာမြောက်သည့် သံတမန်ရေးရာပြဿနာလည်း ဖြစ်သည်။
ပြဿနာမှာ လက်ရှိ မြန်မာပြည်ပဋိပက္ခတွင် ရှေ့တန်းရောက်နေသည်က လက်နက်ကိုင်တော်လှန်ပုန်ကန်မှု ဖြစ်သည်။ စစ်ကောင်စီ၏ ဖိနှိပ်မှုကို လက်နက်ကိုင် အံတုလာသည့် တော်လှန်ရေးအင်အားစုများနှင့် ဒေါ်အောင်ဆန်းစုကြည်အား ထောင်တွင်ပို့သည့်အပြင် ဦးဇေယျာသော်၊ ဦးဂျင်မီ စသူများအား သေဒဏ်စီရင်လိုက်ခြင်းဖြင့် စစ်ကောင်စီအနေနှင့် လက်နက်အင်အားဖြင့် ပြတ်ပြတ်သားသား ချေမှုန်းမည့် လမ်းကြောင်းကို ရွေးချယ်ထားပြီးဖြစ်ကြောင်း ဖော်ပြခဲ့သည်။
စားပွဲဝိုင်းဆွေးနွေးပွဲ၊ စု-ရွေး-လွှတ်တို့နှင့် ပတ်သက်၍ စိတ်ကူးယဉ်နေ၍ မရကြောင်း တင်းတင်းမာမာ ဖော်ပြလိုက်ခြင်းဖြစ်သည်။ ပြည်တွင်း အင်အားစုမဆိုထားနှင့် အာဆီယံနှင့်နိုင်ငံတကာကိုလည်း အလေးမထားဘဲ ထင်ရာစိုင်းမည်ဆိုသည် ဖော်ပြလိုက်ခြင်းဖြစ်သည်။ သို့ဖြစ်ရာ နွေဦးတော်လှန်ရေးတွင် စစ်အာဏာရှင်စနစ် ဖြိုချရေးအတွက် လက်နက်ကိုင်လမ်းကြောင်းသည် လွန်စွာအရေးပါလာသည် အဓိကကျလာသည်ကို မျက်ကွယ်ပြု၍ မရတော့ပေ။
လက်နက်ကိုင် တော်လှန်တိုက်ခိုက်မှုတွင် နယ်စပ်ဒေသများသည် အရေးပါ၏။ နယ်စပ်ဒေသရှိ လက်နက်ကိုင်တော်လှန်သူများသာမက ပြည်မရှိ ပုန်ကန်တိုက်ခိုက်သူများသည်လည်း လေ့ကျင့်ရေး၊ လက်နက်ခဲယမ်းရရှိရေးအတွက် နယ်စပ်ဒေသများကို မှီခိုရသည်။ သို့ဖြစ်ရာ မြန်မာပြည်တော်လှန်ရေး အင်အားစုများ ရပ်တည်ရေး၊ အင်အားတောင့်တင်းရေး၊ အောင်နိုင်ရေးအတွက် နယ်စပ်ဒေသများသည် အရေးပါသကဲ့သို့ နယ်စပ်ဒေသနှင့် ထိစပ်နေသော နိုင်ငံများနှင့် ဆက်ဆံရေးသည်လည်း အရေးပါ၏။
ယခင်က တိုင်းရင်းသားတော်လှန်ရေး အင်အားစုများသည် မြန်မာပြည်အရှေ့ခြမ်း နယ်စပ်ဒေသတလျှောက် တရုတ်၊ လာအို၊ ထိုင်းနယ်စပ်တလျှောက်တွင် အခြေပြုကြသည်။ ယခုနောက်ပိုင်းတွင်း မြန်မာပြည်အနောက်ခြမ်း အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နယ်စပ်တလျှောက်တွင်လည်း အခြေပြုကြ၏။ ယခင်က တိုင်းရင်းသားတော်လှန်ရေး တပ်ဖွဲ့များသာ အခြေပြုကြသော်လည်း ယခုအခါ PDF အပါအဝင် ပြည်မမှ တော်လှန်ရေး အင်အားစုများလည်း အခြေပြုလှုပ်ရှားလာကြသည်။ ထိုတပ်ဖွဲ့များသည် လက်နက်ခဲယမ်းသာမက အဝတ်အစား၊ ရိက္ခာ၊ ဆေးဝါး၊ ဆက်သွယ်ရေးစသည့် အခြေခံလိုအပ်ချက်များကို နယ်စပ်နိုင်ငံများကို မှီခိုကြရ၏။ ထို့အပြင် တိုက်ပွဲတွင် ဒဏ်ရာရရှိသူများအား တဖက်နိုင်ငံများသို့ ပို့ဆောင်ဆေးကုသကြရသည်။
သို့ဖြစ်ရာ နယ်နိမိတ်ချင်း ထိစပ်နေသော နယ်စပ်နိုင်ငံများနှင့် မြန်မာတော်လှန်ရေး အင်အားစုများကြား ဆက်ဆံရေးကောင်းမွန်ရန် လိုအပ်လာ၏။
နယ်စပ်နိုင်ငံများနှင့် ဆက်ဆံရေး မကောင်းပါက မိမိတော်လှန်ရေးတပ်ဖွဲ့များ၏ လိုအပ်ချက်များကို ဖြည့်ဆည်းရန် ခက်ခဲသည်။ ထို့အပြင် အဆိုပါ နယ်စပ်နိုင်ငံများနှင့် ဆက်ဆံရေးမပြေလည်ပါက မြန်မာစစ်တပ်နှင့် ရင်ဆိုင်နေရသော တော်လှန်ရေးတပ်ဖွဲ့များအတွက် နောက်ကျောလုံမည် မဟုတ်ပါ။
နယ်စပ်နိုင်ငံများနှင့် ဆက်ဆံရေး မကောင်းပါက မိမိတော်လှန်ရေးတပ်ဖွဲ့များ၏ လိုအပ်ချက်များကို ဖြည့်ဆည်းရန် ခက်ခဲသည်။ ထို့အပြင် အဆိုပါ နယ်စပ်နိုင်ငံများနှင့် ဆက်ဆံရေးမပြေလည်ပါက မြန်မာစစ်တပ်နှင့် ရင်ဆိုင်နေရသော တော်လှန်ရေးတပ်ဖွဲ့များအတွက် နောက်ကျောလုံမည် မဟုတ်ပါ။
လက်ရှိ မြန်မာတော်လှန်ရေး အင်အားစုများအတွက် အဆင်အပြေဆုံး နယ်စပ်နိုင်ငံက ထိုင်းဟုဆိုရမည်။ ထိုင်းနယ်စပ်တွင် ရပ်တည်ရေး၊ ထောက်ပို့ပစ္စည်းများ ဝယ်ယူရရှိရေးအတွက်သာမက ထိုင်းနိုင်ငံတွင်း ယာယီခိုလှုံခွင့်နှင့် ထိုင်းနိုင်ငံမှတဆင့် တတိယနိုင်ငံများသို့ပါ သွားလာခိုလှုံခွင့်များကို ရရှိနေရာ မြန်မာ့တော်လှန်ရေး အင်အားစုများအတွက် အဆင်အပြေဆုံးနိုင်ငံဖြစ်သည်ဟု ဆိုရမည်။ ဤသို့အဆင်ပြေနေခြင်းမှာ အဓိက အမေရိကန်နှင့် အနောက်နိုင်ငံများ၏ ကျောထောက်နောက်ခံပြုမှုသည် အရေးပါ၏။
ထိုင်း၊ လာအို၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ့်နယ်စပ်များကဲ့သို့ အရေးပါသည့် နယ်စပ်တခုမှာ တရုတ်နယ်စပ်ဖြစ်သည်။ မိုင်ထောင်ချီရှည်လျားသည့် တရုတ်နယ်စပ်တလျှောက် မြန်မာပြည်တွင် အင်အားအတောင့်တင်းဆုံး၊ စစ်ကောင်စီအား စစ်ရေးအရ ဖိအားပေးနိုင်သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့ရှိသည်။ ထို့အပြင် ကချင်ပြည်နယ်နှင့် ရှမ်းပြည်မြောက်ပိုင်း (သံလွင်မြစ်အနောက်ခြမ်း) တရုတ်နယ်စပ်တလျှောက် PDF နှင့် အခြားပြည်မမှ လက်နက်ကိုင်အင်အားများ ရှိသကဲ့သို့ NUG အဖွဲ့ဝင်များရှိသည်။ ထိုတရုတ်နယ်စပ်မှ တပ်ဖွဲ့များသည် NUG, PDF နှင့် ပြည်မအင်အားစုများကို ဗြောင်အတိအလင်း ထောက်ခံသည်ရှိသကဲ့သို့ အမည်မဖော်ဘဲ ကူညီနေသူများလည်း ရှိသည်။
လက်ရှိ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်တို့သာမက ကရင်နီပြည်နယ်၊ ကရင်ပြည်နယ်တို့အထိ ရောက်ရှိနေသော လက်နက်ခဲယမ်း အများစုသည် တရုတ်နယ်စပ်မှဖြစ်၏။ ထိုင်းနယ်စပ်မှ လက်နက်ဝယ်ယူရရှိမှုသည် နှိုင်းယှဉ်မှုအရ နည်းသကဲ့သို့ တိုက်ခိုက်ရေးတပ်ဖွဲ့တခု (ဝါ) တပ်စုတစု၊ တပ်ခွဲတခွဲ၊ တပ်ရင်းတရင်းဖွဲ့စည်းပုံအရ လိုအပ်သည့် လက်နက်အမျိုးအစားပေါင်းစုံ ဝယ်ယူရရှိရန် မလွယ်ကူပေ။ ဤသို့ ရရှိနိုင်သည်မှာ တရုတ်နယ်စပ်မှသာဖြစ်၏။ တရုတ်နယ်စပ်ရှိ တိုင်းရင်းသားတပ်ဖွဲ့များတွင် လက်နက်ခဲယမ်းစက်ရုံ အနည်းဆုံး ၄ ရုံမှ ၅ ရုံခန့်အထိ ရှိသည်။
အမေရိကန်နှင့် အနောက်နိုင်ငံများက မည်မျှထောက်ခံသည် ဆိုသော်ငြားလည်း လက်တွေ့ကျသည့်၊ အဓိကကျသည့် လက်နက်အကူအညီ (ဝါ) ဝယ်ယူရရှိမှု မပါဝင်ပေ။ သို့ဖြစ်ရာ လက်ရှိ တော်လှန်ရေး အင်အားစုများ၏ လက်နက်ခဲယမ်းရရှိရေးအတွက် တရုတ်နယ်စပ်သည် အရေးပါ၏။ တရုတ်နှင့်ဆက်ဆံရေးသည် အရေးကြီးသည်။ တရုတ်၏ ထောက်ခံမှုမရတောင် တရုတ်နှင့်ရန်သူမဖြစ်ရန် လို၏။
တရုတ်နှင့်အမေရိကန်ပဋိပက္ခ ပေါ်လာခြင်းကြောင့် သတိပြုကိုင်တွယ်ရန် လို၏။ ရပ်ခံရန် လိုအပ်၏။ ကိုင်တွယ်ရပ်ခံမှု မှားယွင်းပါက လက်နက်ကိုင်တော်လှန်မှုကို ထိခိုက်နိုင်သည်ကို သတိပြုရန်လိုသည်။ တရုတ်၊ အမေရိကန်ပဋိပက္ခတွင် အမေရိကန်အား ထောက်ခံပြီး တရုတ်အား ဆန့်ကျင်မှု မပြုရန်လို၏။
ယခုအခါ မြန်မာ့ဒီမိုကရေစီအရေးအား ထောက်ခံသည့် အမေရိကန်နှင့် နှုတ်ဆိတ်နေသည့် တရုတ်တို့အကြား ထိုင်ဝမ်အရေးနှင့် တင်းမာမြင့်တက်နေ၏။ စစ်ပွဲကြီးဖြစ်ပွားလာနိုင်သည့်အထိ မြင့်တက်နေသည့် တရုတ်နှင့်အမေရိကန်ကြား တင်းမာမှုသည် ၁ နှစ်၊ ၂ နှစ်အတွင်း ပြန်လည်လျော့ကျရန် မလွယ်ကူပေ။ နွေဦးတော်လှန်ရေး အရှိန်မြင့်တက်စဉ် တရုတ်နှင့်အမေရိကန်ပဋိပက္ခ ပေါ်လာခြင်းကြောင့် သတိပြုကိုင်တွယ်ရန် လို၏။ ရပ်ခံရန် လိုအပ်၏။ ကိုင်တွယ်ရပ်ခံမှု မှားယွင်းပါက လက်နက်ကိုင်တော်လှန်မှုကို ထိခိုက်နိုင်သည်ကို သတိပြုရန်လိုသည်။ တရုတ်၊ အမေရိကန်ပဋိပက္ခတွင် အမေရိကန်အား ထောက်ခံပြီး တရုတ်အား ဆန့်ကျင်မှု မပြုရန်လို၏။
လူတဦးချင်း၊ အုပ်စုတစုချင်း၏ တိုင်ဝမ်အရေးနှင့် ပတ်သက်၍ ကွဲလွဲမှုရှိနိုင်သည်။ သို့သော် စစ်အာဏာရှင်အား တိုက်ခိုက်နေသော တော်လှန်ရေး အင်အားစုများအနေနှင့်၊ အထူးသဖြင့် NUG အနေနှင့် ထိုင်ဝမ်အရေးနှင့် ပတ်သက်၍ မိမိကိုထောက်ခံနေသည့် အမေရိကန်အားထောက်ခံပြီး တရုတ်ဆန့်ကျင်ရေး မလုပ်မိရန် လိုအပ်သည်။ ဤသည်မှာ အရေးကြီးသည့် မဟာဗျူဟာ ပြဿနာဖြစ်၏။ အမှားမခံသည့်ပြဿနာဖြစ်သည်။
NUG နှင့် တော်လှန်ရေး အင်အားစုများနှင့်ပတ်သက်၍ တရုတ်တို့ ခပ်မဆိတ်နေစေကာမူ တရုတ်အား အနည်းဆုံး ကြားထားရန် လိုသည်။ တရုတ်ဆန့်ကျင်ရေးပြုလုပ်ပါက တရုတ်နယ်စပ်တလျှောက်မှ ရရှိနေသည့် လက်နက်ကိုင်တော်လှန်ရေးအတွက် လိုအပ်သည့် အရင်းအမြစ်များ ဆုံးရှုံးနိုင်သည် သို့မဟုတ် ထိခိုက်နိုင်သည်ကို အထူးသတိပြုရန်လို၏။ မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ ထိုင်ဝမ်ပြဿနာသည် တရုတ်အစိုးရအတွက် လွန်စွာအကဲဆတ်သည့် ပြဿနာဖြစ်သည်။ အတိမ်းအစောင်းမခံသည့် ပြဿနာဖြစ်ရာ တော်လှန်ရေး အင်အားစုများအနေနှင့်၊ အထူးသဖြင့် NUG အနေနှင့် အမှားမခံသည့် ပြဿနာဖြစ်သည်။ တရုတ်ဆန့်ကျင်ရေးသည် မြန်မာပြည် လက်နက်ကိုင်တော်လှန်ရေးကို ပြင်းပြင်းထန်ထန် ထိခိုက်နိုင်သည့်ပြဿနာဖြစ်သည်ကို ဂရုပြုရန်လို၏။ ဤပြဿနာတွင် မြန်မာပြည် တော်လှန်ရေးအင်အားစုများအနေနှင့် ကြားနေဖို့လိုသည်။ လိမ္မာပါးနပ်ဖို့လို၏။
ထို့အပြင် မြန်မာတော်လှန်ရေး အင်အားစုများအတွက် သတိပြုစရာတခုမှာ ထိုင်ဝမ်နှင့်ပတ်သက်၍ ဖြစ်သည်။ ၂၀၂၁ နွေဦးတော်လှန်ရေးလှုပ်ရှားမှုတွင် milk tea alliance လှုပ်ရှားမှုဆိုသည်ကို အင်အားစုတခုက ပြုလုပ်သည်ကို တွေ့ရသည်။ မြန်မာ၊ ထိုင်း၊ ဟောင်ကောင်နှင့် ထိုင်ဝမ် ဒီမိုကရေစီအင်အားစုများ၏ ပူးပေါင်းလှုပ်ရှားမှုဟု ဆိုကြ၏။ ထို့အပြင် နွေဦးတော်လှန်ရေးနှင့်ပတ်သက်၍ ထိုင်ဝမ်မှ ငွေကြေး ကူညီသည်များကိုလည်း ကြားသိရ၏။
ပထမအချက်အနေနှင့် ရှင်းလင်းရန် လိုအပ်သည်မှာ ထိုင်ဝမ်တရုတ်များသည် တရုတ်ပြည်မကြီးအား ပြန်လည်ထိုးဖောက်ရန် မြန်မာပြည်အား နှစ်ပေါင်းများစွာ အသုံးပြုခဲ့သည်ဆိုခြင်းဖြစ်၏။ ကူမင်တန်တရုတ်ဖြူများ စစ်ရှုံးပြီးနောက် ယူနန်ပြည်နယ်မှ ကူမင်တန်တရုတ်များသည် သံလွင်မြစ်အရှေ့ခြမ်း ရှမ်းပြည်နယ်အတွင်း အခြေချသိမ်းပိုက်ပြီး တရုတ်ပြည်မကြီးအား ပြန်လည်ထိုးဖောက်ရန် ၁၉၅၀ ပြည့်နှစ်ဝန်းကျင်မှ စတင်ပြုလုပ်ခဲ့သည်။
တရုတ်ဖြူအား တိုက်ထုတ်ရသကဲ့သို့ ကုလသမဂ္ဂအထိလည်း ဖြေရှင်းခဲ့ရသည်။ ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်အရ အဆိုပါ ရှမ်းပြည်နယ်အတွင်းရှိ တရုတ်ဖြူများအား ထိုင်ဝမ်သို့ ပြန်ပို့ခဲ့ရ၏။ သို့သော်လည်း ၁၉၇၀ ခန့်အထိ ရှမ်းပြည်နယ်တွင်း တရုတ်ဖြူတို့ အားကောင်းစွာ လှုပ်ရှားခဲ့ကြသည်။ ထို့နောက်ပိုင်းတွင်လည်း ပြည်မကြီး အလုပ်အဖွဲ့အမည်ဖြင့် ရန်ကုန်၊ မန္တလေး၊ လားရှိုးတွင် အင်အားလျှို့ဝှက်စုဆောင်းပြီး တရုတ်ပြည်မကြီးအား ထိုးဖောက်ရန်၊ ထောက်လှမ်းရန်၊ နှောက်ယှက်ရန် နည်းမျိုးစုံနှင့် ကြိုးစားခဲ့ကြသည်။
ထိုင်ဝမ်တရုတ်ဖြူတို့ မြန်မာပြည်အားအသုံးပြု၍ တရုတ်ပြည်မကြီးအား ပြန်လည်ထိုးဖောက်ရန် ကြိုးစားမှုများအား ဒီမိုကရေစီအင်အားစုများ၊ တော်လှန်ရေးအင်အားစုများအနေနှင့် လက်သင့်မခံရန် လိုအပ်သည်။
ယခုလည်း ဒီမိုကရေစီရေးခေါင်းစဉ်ဖြင့် တိုင်ဝမ်တရုတ်ဖြူတို့ ပြန်လည်လှုပ်ရှားလာသည်ကို တွေ့ရ၏။ သို့ဖြစ်ရာ ထိုင်ဝမ်တရုတ်ဖြူတို့ မြန်မာပြည်အားအသုံးပြု၍ တရုတ်ပြည်မကြီးအား ပြန်လည်ထိုးဖောက်ရန် ကြိုးစားမှုများအား ဒီမိုကရေစီအင်အားစုများ၊ တော်လှန်ရေးအင်အားစုများအနေနှင့် လက်သင့်မခံရန် လိုအပ်သည်။
ဒုတိယအချက်အနေနှင့် ထိုင်ဝမ်တရုတ်များနှင့် မြန်မာပြည်တော်လှန်ရေး အင်အားစုများ၏ နိုင်ငံရေးရန်သူ လုံးဝမတူသည်ကို ရှင်းလင်းစွာ မြင်တွေ့ရန်လိုသည်။ ထိုင်ဝမ်တရုတ်များ၏ ရန်သူမှာ ပြည်မကြီးမှ တရုတ်အစိုးရဖြစ်၏။ မြန်မာပြည် ဒီမိုကရေစီအင်အားစုများ၏ ရန်သူမှာ စကစ အာဏာရှင်စနစ်ဖြစ်သည်။ အခြေခံအားဖြင့် မတူလုံးဝကွဲပြားသည်။
သို့ဖြစ်ရာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တိုက်ပွဲဝင်နေသော တော်လှန်ရေး အင်အားစုများအနေနှင့် သာမန်နိုင်ငံရေးတိုက်ပွဲသက်သက် မဟုတ်ဘဲ စစ်ရေးအရ တိုက်ပွဲဝင်နေချိန်တွင် မိမိဦးတည်ရာရန်သူကို ရှင်းလင်းစွာ သိမြင်ရန်လိုသည်။ ရန်သူအား အထီးကျန်ဖြစ်စေရန် လိုသည်။ ရန်သူ မများရန် လိုသည်။ မိမိတို့၏ လက်နက်ကိုင်တော်လှန်ရေးအား ထိပါးနိုင်သည့် အချင်းအရာအားလုံး ရှောင်ရှားရန်လို၏။
ထိုင်ဝမ်ပြဿနာ အမှားအမှန်က ပြသနာတခုဖြစ်သည်။ ထိုပြဿနာထက် မိမိတို့ လက်နက်တော်လှန်ရေးအား အထိအခိုက်မရှိဖို့က ပိုအရေးကြီးသည်ကို နှလုံးသွင်းဖို့လိုသည်။
သို့ဖြစ်ရာ လက်ရှိ တိုင်ဝမ်အရေးနှင့်ပတ်သက်၍ တရုတ်နှင့်အမေရိကန် တင်းမာနေသည့်အချိန်တွင် မြန်မာပြည်တော်လှန်ရေး အင်အားစုများအတွက် အဓိကလိုအပ်သည်မှာ မိမိတို့ လက်နက်ကိုင်တော်လှန်ရေးအား ထိပါးနိုင်သည့် သက်ရောက်မှုရှိသည့် အခြေအနေမျိုးအား အထူးသတိပြုပြီး နိုင်ငံတကာဆက်ဆံရေးကို ကိုင်တွယ်ရန်လိုအပ်၏။ မိမိရန်သူ၏ မိတ်ဆွေသည် မိမိရန်သူ ဖြစ်နိုင်သော်လည်း မိမိမိတ်ဆွေ၏ရန်သူသည် မိမိရန်သူ မဖြစ်နိုင်ပေ။
ထိုင်ဝမ်ပြဿနာ အမှားအမှန်က ပြသနာတခုဖြစ်သည်။ ထိုပြဿနာထက် မိမိတို့ လက်နက်တော်လှန်ရေးအား အထိအခိုက်မရှိဖို့က ပိုအရေးကြီးသည်ကို နှလုံးသွင်းဖို့လိုသည်။ စစ်အာဏာရှင်စနစ်အား လက်နက်ကိုင်တော်လှန်ရာတွင် နိုင်ငံတကာဆက်ဆံရေးသည်လည်း အရေးပါသော အကြောင်းအချက်တခု ဖြစ်သည်။ တိုက်ရိုက်ပွင့်လင်းစွာဆိုရလျှင် လက်ရှိကာလတွင် ပြည်မကြီးရှိ တရုတ်အစိုးရအား ဆန့်ကျင်သည့် တရုတ်ဆန့်ကျင်ရေးသည် မြန်မာပြည် လက်နက်ကိုင်တော်လှန်ရေး အင်အားစုများအတွက် အကျိုးမရှိသည့်အပြင် ဆိုကျိုးက ပိုများပေလိမ့်မည်။
(သက်ထားမောင်သည် နိုင်ငံတကာအရေး လေ့လာသူတဦးဖြစ်သည်။ ယခုဆောင်းပါးသည် စာရေးသူ၏ အာဘော်သက်သက်မျှ ဖြစ်သည်။)
You may also like these stories:
ပေလိုစီ၏ ထိုင်ဝမ်ခရီးက သမ္မတ ရှီ အာဏာတည်မြဲရေး နောက်ဆုံးစာမေးပွဲဖြစ်နေ
မြန်မာက ကွပ်မျက်မှုများဖြင့် တရုတ်ကို ပါးရိုက်လိုက်သည်
မြန်မာကို ရှုတ်ချရန် တရုတ်ကို အမေရိကန်တိုက်တွန်း
ပေလိုစီခရီးစဉ် ၁၂ ရက်အကြာ ကန်ကွန်ဂရက်အမတ်များ ထိုင်ဝမ်ထပ်လာ