ဂျော့ဂျ်အော်ဝဲလ် ဆင်ပစ်သလို

မြတ်
သူပစ်တာ လွဲချော်ခဲ့ရင် လမ်းကြိတ်တဲ့ ဒလိမ့်တုံးအောက်က ဖားပြုပ်တကောင်လို သူပြားချပ်သွားမှာ သေချာတယ်

ခုတလော ‘ဥပဒေနဲ့အညီ’ ဆိုတဲ့စကားလုံးကို မကြာခဏသုံးနေတာတွေ ကြားလာရလို့ အင်္ဂလိပ်စာရေးဆရာ ဂျော့ဂျ်အော်ဝဲလ်တယောက် ဥပဒေနဲ့အညီ ဆင်တကောင်ကို ပစ်သတ်ခဲ့တဲအကြောင်း ရေးထားတဲ့ အက်ဆေးတပုဒ်ကို ပြန်ဖတ်ကြည့်မိပါတယ်။ ဒီအက်ဆေးကို ဆီလျော်သလို ဘာသာပြန်ကြည့်မိပြီး စာဖတ်သူတွေနဲ့ မျှဝေချင်စိတ်ပေါက်လာပါတယ်။ အက်ဆေးဆုံးမှ ကိုယ်လိုရာကိုယ် ကောက်ချက်ဆွဲကြည့်ကြတာပေါ့။

ဂျော့ဂျ်အော်ဝဲလ် ဆင်ပစ်ခြင်း

ဂျော့ဂျ်အော်ဝဲလ် လက်ထောက်ခရိုင်ရဲမှူးကြီးဘဝနဲ့ မော်လမြိုင်မှာ တာဝန်ကျတုန်းမှာ နယ်ချဲ့ အင်္ဂလိပ်ကို ရွံမုန်းတဲ့ အရပ်သားတွေရဲ့ ဒေါသကို သူကောင်းကောင်းသိခဲ့တယ်။ ဥရောပသူတယောက်များ ဈေးထဲကိုသွားရင် သူ့ဂါဝန်ကို ကွမ်းတံတွေးနဲ့ ဝိုင်းထွေးကြတယ်။ ပုလိပ်အရာရှိတယောက်တည်းများ လမ်းထွက်ရင် အရပ်သားတွေက စားမတတ် ဝါးမတတ် အကြည့်တွေနဲ့ မိုက်ကြည့်ကြည့်ကြ၊ မထိတထိရန်စကြနဲ့။ အဲဒီထဲမှာ ဘုန်းကြီးတွေက အဆိုးဆုံးပဲလို့ သူကဆိုပါတယ်။

အော်ဝဲလ်ဟာ နယ်ချဲ့စနစ်ကို ရွံမုန်းတဲ့ အင်္ဂလိပ်တယောက် ဖြစ်ပေမယ့်၊ အရင်းရှင်နယ်ချဲ့စနစ်ကို ရွံမုန်းတဲ့အမုန်းနဲ့ တောတွင်းသား အရိုင်းအစိုင်းတွေနဲ့တူတဲ့ ဗမာတွေကို မနှစ်မြို့တဲ့စိတ်တွေကြားမှာ သူ့အလုပ်သူ ကောင်းကောင်းမလုပ်နိုင်ဘဲ ကြားညပ်နေခဲ့တယ်။

အော်ဝဲလ်ဟာ နယ်ချဲ့စနစ်ကို ရွံမုန်းတဲ့ အင်္ဂလိပ်တယောက် ဖြစ်ပေမယ့်၊ အရင်းရှင်နယ်ချဲ့စနစ်ကို ရွံမုန်းတဲ့အမုန်းနဲ့ တောတွင်းသား အရိုင်းအစိုင်းတွေနဲ့တူတဲ့ ဗမာတွေကို မနှစ်မြို့တဲ့စိတ်တွေကြားမှာ သူ့အလုပ်သူ ကောင်းကောင်းမလုပ်နိုင်ဘဲ ကြားညပ်နေခဲ့တယ်။

တနေ့တော့ သူအုပ်ချုပ်တဲ့နယ်မှာ ဆင်တကောင် ထူးခတ်ထားရာကလွတ်ပြီး ဈေးထဲဝင် သောင်းကျန်းနေတယ်လို့ လက်အောက်ငယ်သားတွေက အကြောင်းကြားလို့ ဘာလုပ်ရမယ်မှန်း ရေရေရာရာမသိဘဲ မြင်းစီးပြီး သွားကြည့်ခဲ့တယ်။ လက်ထဲမှာလည်း ၄၄ ဝင်ချက်စတာ သေနတ်အိုလေးတလက် ကိုင်လို့ပေါ့။ ဆင်ပစ်လို့ သေလောက်တဲ့သေနတ် မဟုတ်ပေမယ့် ခြောက်လှန့်လို့ ရလိုရငြားဆိုပြီး သူယူလာခဲ့တယ်။

သူရောက်သွားတဲ့အချိန်မှာ ဆင်က ဈေးထဲဝင်မွှေပြီးသွားလို့ တဈေးလုံး ဖရိုဖရဲ။ နွားတကောင်ကိုလည်း သတ်လိုက်ပြီ။ မြူနီစပါယ်အမှိုက်ကားကိုလည်း မှောက်ပစ်လိုက်ပြီ။ ကားသမားကတော့ ဖနောင့်နဲ့ တင်ပါးတသားတည်းကျအောင် ပြေးလို့သာ လွတ်သွားပုံရတယ်။ တယောက်တပေါက် ထင်ရာပြောနေတဲ့ လူအုပ်ကြီးကြောင့် ဆင် ဘယ်ဘက်ကို ထွက်သွားမှန်း ခြေရာခံလို့မရအောင် ဖြစ်နေတယ်။

ခဏနေတော့ ကိုယ်ဂျီးတုံး (ကိုယ်လုံးတီး) နဲ့ ကလေးတသိုက်ကို မောင်းထုတ်နေတဲ့ အဘွားအိုတယောက်အသံကို ကြားလိုက်ရပြီး သွားကြည့်လိုက်တဲ့အခါ ဆင်နင်းခံရလို့ သွေးအိုင်ထဲမှာ အသက်ပျောက်နေတဲ့ အင်ဒီးယန်းကူလီတယောက်ကို တွေ့ရတယ်။ ဒါကိုတွေ့လိုက်တာနဲ့ အော်ဝဲလ်က ဆင်ပစ်ရိုင်ဖယ်တလက်လောက် အနီးဆုံးနေရာက ငှားခဲ့ဖို့ သူ့လူတွေကို အမိန့်ပေးလိုက်တယ်။ ဆင်နံ့ရရင် သူ့မြင်းလန့်ခုန်မှာစိုးလို့ မြင်းကို မစီးတော့ဘဲ ပြန်ပို့လိုက်တယ်။

အော်ဝဲလ်က ဆင်ကို သေနတ်နဲ့ ပစ်ဖမ်းတော့မယ်ဆိုပြီး လူအုပ်ကြီးက စိတ်လှုပ်ရှားပြီး အော်ဟစ်နေကြတယ်။ ဆင်ကြီးက သူတို့အိမ်တွေထဲ ဝင်သောင်းကျန်းတုန်းက ဒီလောက် စိတ်မလှုပ်ရှားဘဲ ဆင်ကြီးကို သေနတ်နဲ့ပစ်တော့မယ်ဆိုကာမှ အကြီးအကျယ် စိတ်လှုပ်ရှားနေကြပုံပဲ။

မိနစ်အနည်းငယ်အတွင်းမှာပဲ ဆင်ပစ်ရိုင်ဖယ်တလက် အော်ဝဲလ်လက်ထဲ ရောက်လာခဲ့တယ်။ ရွာသားတွေက ဒီကနေ ကိုက် ၁၀၀ နီးပါးလောက်ဝေးတဲ့ စပါးခင်းထဲမှာ ဆင်ရောက်နေတယ်လို့ သတင်းပေးကြလို့ စပါးခင်းဆီသွားဖို့ လုပ်တဲ့အချိန်မှာ ရွာထဲကလူတွေ အိမ်ပေါက်စေ့ ထွက်လာကြပြီး သူ့နောက်လိုက်လာကြတယ်။ အော်ဝဲလ်က ဆင်ကို သေနတ်နဲ့ ပစ်ဖမ်းတော့မယ်ဆိုပြီး လူအုပ်ကြီးက စိတ်လှုပ်ရှားပြီး အော်ဟစ်နေကြတယ်။ ဆင်ကြီးက သူတို့အိမ်တွေထဲ ဝင်သောင်းကျန်းတုန်းက ဒီလောက် စိတ်မလှုပ်ရှားဘဲ ဆင်ကြီးကို သေနတ်နဲ့ပစ်တော့မယ်ဆိုကာမှ အကြီးအကျယ် စိတ်လှုပ်ရှားနေကြပုံပဲ။ ဒီအပြင် သူတို့ ဆင်သားလည်း စားချင်နေကြပုံရတယ်။

တကယ်တော့ အော်ဝဲလ်မှာ ဆင်ကိုပစ်သတ်ဖို့ ရည်ရွယ်ချက်မရှိဘူး။ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ဆိုပြီး ရိုင်ဖယ်သေနတ် လှမ်းမှာလိုက်ရုံ သက်သက်ပါပဲ။ သူ့နောက်က လိုက်လာတဲ့ လူအုပ်ကြီးကြောင့် အော်ဝဲလ် နည်းနည်းတော့ လန့်နေတယ်။ ထပ်ချပ်မကွာ လိုက်လာတဲ့ လူအုပ်ကြီးရှေ့ကနေ ရိုင်ဖယ်ကို ပုခုံးပေါ်ထမ်းပြီး လျှောက်လာရင်းက အော်ဝဲလ်မှာ ရူးချင်ချင်ဖြစ်လာရတယ်။ ဟော ရှေ့မှာ ဆင်ကိုတွေ့ပါပြီ။ လမ်းမနဲ့ ရှစ်ကိုက်လောက်ပဲဝေးတဲ့ လယ်ကွင်းထဲမှာ စပါးပင်တွေကို နင်းပြီး စပါးတွေကို နှာမောင်းနဲ့ ယူတဲ့ပြီး ပါးစပ်ထဲ ထိုးထည့်စားနေလိုက်တာ လူအုပ်ကြီးကိုတောင် သတိပြုမိပုံမပေါ်ဘူး။

တွေ့တွေ့ချင်းပဲ ဒီဆင်ကို မသတ်ဘူးလို့ အော်ဝဲလ်ဆုံးဖြတ်လိုက်တယ်။ အလုပ်လုပ်တဲ့ ဆင်တကောင်ကို သတ်ဖို့ဆိုတာ တန်ဖိုးကြီးတဲ့ ယန္တရားကြီးတခုကို ဖျက်ဆီးလိုက်တာမျိုးမို့ မသတ်သင့်ဘူးလို့ သူစဉ်းစားတယ်။ စပါးပင်တွေကို အေးအေးချမ်းချမ်း စားသောက်နေတဲ့ဆင်ကြီးဟာ ခုချိန်မှာ နွားတကောင်လောက်တောင် အန္တရာယ် မရှိတော့ဘူး။ သူ ‘မုန်’ယိုနေတဲ့ အခိုက်အတန့်လေးမှာ ထိန်းမနိုင်သိမ်းမရ ဖျက်ဆီးခဲ့ပြီးသွားပြီ။ ခဏနေ သူ့ဆင်ဦးစီးရောက်လာပြီး သူ့ကို ထူးပြန်ခတ်ပြီးခေါ်သွားရင် အသာတကြည် အိမ်ပြန်လိုက်သွားမယ့်ပုံပဲလို့ အော်ဝဲလ်တွေးမိတယ်။ ဒါကြောင့် သူခဏစောင့်ကြည့်ပြီး ဆင်ကြီး အေးအေးဆေးဆေး ဖြစ်သွားတာနဲ့ အိမ်ပြန်မယ်လို့ ဆုံးဖြတ်လိုက်တယ်။

အင်္ဂလိပ်စာရေးဆရာ ဂျော့ဂျ်အော်ဝဲလ်

ဒါပေမယ့် နောက်ကို ပြန်လှည့်ကြည့်လိုက်ချိန်မှာ သူ့နောက်ကလိုက်လာတဲ့ လူဦးရေနှစ်ထောင်လောက်ရှိတဲ့ လူအုပ်ကြီးကို တွေ့လိုက်ရတယ်။ လမ်းတဖက်တချက် ပိတ်ရပ်နေကြတဲ့ လူတွေက သူဆင်ကြီးကို ပစ်သတ်တော့မယ်လို့ သေချာပေါက်သိထားပုံမျိုးနဲ့ စိတ်လှုပ်ရှားနေကြတယ်။ မျက်နှာဖြူ အော်ဝဲလ်ကို သူတို့ သဘောမကျကြပေမယ့် လက်ထဲက ရိုင်ဖယ်သေနတ်ကြီးကြောင့် ကြည့်ပျော်ရှုပျော် ရှိနေပုံပေါ်ပါတယ်။ ရုတ်တရက်ဆိုသလိုပဲ ဆင်ကြီးကို သတ်သင့်တယ်လို့ အော်ဝဲလ် ထင်လာတယ်။

မျှော်လင့်တကြီး ကြည့်နေကြတဲ့ လူနှစ်ထောင်လောက်ရဲ့ စိတ်ထဲက ဆန္ဒတွေက သူ့စိတ်ကို ဖိစီးထားတယ်။ အဲဒီ အခိုက်အတန့်လေးမှာပဲ ရိုင်ဖယ်ကိုင်လျက်က သူမတ်တပ် ထရပ်လိုက်မိတယ်။ သူ့စိတ်တခုလုံး ဗလာကျဉ်းနေသလို တချိန်တည်းမှာပဲ ကမ္ဘာ့အရှေ့ပိုင်းနယ်မြေတွေကို သိမ်းပိုက်ထားတယ်ဆိုတဲ့ လူဖြူတွေရဲ့ အချည်းနှီးဖြစ်မှုကို သိမြင်လိုက်ရတယ်။ သူ့ကိုယ်သူ သေနတ်မပါတဲ့ လူအုပ်ကြီးရှေ့မှာ သေနတ်တလက်ကိုင်ပြီး ရပ်နေတဲ့ လူဖြူတယောက်လို့ မြင်လာတယ်၊ ပုံစံက ခေါင်းဆောင်မင်းသားလိုလို ဘာလိုလိုပေမယ့် တကယ်တမ်းကျတော့ လူအုပ်ကြီးရဲ့ဆန္ဒအရ တွန်းပို့ခံလိုက်ရတဲ့ ပေါကြောင်ကြောင် လူဖြူရုပ်သေးရုပ်တရုပ်ထက် ဘာမှမပိုဘူး။

လူဖြူတယောက် နယ်ချဲ့အရင်းရှင် ဖြစ်လာခြင်းကိုက သူ့လွတ်လပ်ခွင့်သူ ဖျက်ဆီးပစ်လိုက်တာပဲလို့ အော်ဝဲလ်မြင်လာတယ်။ အကြီးအကဲဟန်ဆောင်ထားတဲ့ အရုပ်ကြီးတခုလို သူ့ကိုယ်သူမြင်လာတယ်။

လူဖြူတယောက် နယ်ချဲ့အရင်းရှင် ဖြစ်လာခြင်းကိုက သူ့လွတ်လပ်ခွင့်သူ ဖျက်ဆီးပစ်လိုက်တာပဲလို့ အော်ဝဲလ်မြင်လာတယ်။ အကြီးအကဲဟန်ဆောင်ထားတဲ့ အရုပ်ကြီးတခုလို သူ့ကိုယ်သူမြင်လာတယ်။ ‘ဒေသခံ’ တွေက လူဖြူအရာရှိကြီးလို့ အထင်ကြီးအောင် လူရှိန်အောင် နေပြရမယ့် လူဖြူကြီးလို့ သူ့ကိုယ်သူထင်လာတယ်။

‘ငါဆင်ကိုပစ်မှရတော့မယ်။ ငါရိုင်ဖယ်သေနတ် မှာလိုက်ကတည်းက ဒီလိုလုပ်ဖို့မှာတာပဲ။ အကြီးအကဲက အကြီးအကဲအလုပ် လုပ်ရမှာပဲ။ ရိုင်ဖယ်သေနတ်ကြီးကိုင်ပြီး ဘာမှမပစ်ဘဲပြန်သွားရင် ငါ့နောက်က လိုက်လာတဲ့လူတွေက ငါ့ကို ဟားတိုက်ကြလိမ့်မယ်။ ငါ့လို အရှေ့တိုင်းရောက်နေတဲ့ လူဖြူတွေဟာ လူရယ်မခံရအောင် ဒေသခံတွေက အရိုအသေမတန်အောင် နေပြရမယ်’

အော်ဝဲလ်ဟာ တကယ်တော့ ဆင်ကို ပစ်မသတ်ချင်ဘူး။ ဆင်စပါးနှံတွေ စားနေတာကြည့်နေရင်းက ဆင်ကိုသေနတ်နဲ့ ပစ်လိုက်ရမှာကို လူသတ်မှုကျူးလွန်ရသလို ဖြစ်နေတယ်။ ဒီအသက်အရွယ်ရောက်မှတော့ တိရစ္ဆာန်တကောင်ကို သတ်ရတာဟာ သူ့အတွက် အဆန်းမဟုတ်ပေမယ့် ဆင်ကိုတော့ သူတခါမှမသတ်ဖူးခဲ့သလို သတ်လည်း မသတ်ချင်ခဲ့ဘူး။ ဆင်ပိုင်ရှင်ကိုလည်း ထည့်တွက်ရဦးမယ်။ ရှင်နေတုန်းဆိုရင်တော့ ဆင်တကောင်က အနည်းဆုံး အင်္ဂလိပ်ငွေ ပေါင် ၁၀၀ လောက် တန်မှာပေါ့။ သေသွားပြီဆိုရင်တော့ ဆင်စွယ်တွေက ငါးပေါင်လောက်ပဲ တန်တော့မယ်။

ဘယ်လိုပဲဖြစ်ဖြစ် အော်ဝဲလ်ဟာ ခပ်မြန်မြန်လှုပ်ရှားရမယ့် အချိန်ကိုရောက်လာပြီ။ သူ့နားက အတွေ့အကြုံရှိတဲ့ ဗမာတချို့ကို မေးကြည့်တယ်။ ဆင်ကြီးအရိပ်အကဲကို ဘယ်လိုမြင်လဲလို့။ သူတို့အားလုံးက တသံတည်းထွက်တယ်။ “သူ့တကောင်တည်း ဒီတိုင်းထားမယ်ဆိုရင်တော့ ခင်ဗျားကို သတိတောင်ထားမိပုံ မပေါ်ဘူး။ ဒါပေမယ့် ခင်ဗျား သူ့နားကပ်သွားရင်တော့ ခင်ဗျားကို ရန်မူလာနိုင်တယ်”။

အော်ဝဲလ်ဟာ ဆင်ကြီးနဲ့ ၂၅ ကိုက် အကွာလောက်အထိ သွားမယ်လို့ စဉ်းစားတယ်။ သူ့ကို ဆင်က ရန်မူလာတာနဲ့ သူပစ်လိုက်မှာပဲ။ ဆင်ကြီးက သူ့ကို သတိမထားမိဘူးဆိုရင်တော့ ဆင်ဦးစီးရောက်လာတဲ့အထိ တကောင်တည်း လွှတ်ထားလို့ ရလောက်ပြီ။ ဒါပေမယ့် သူသိတယ်။ သူဒီလိုလုပ်နိုင်မှာ မဟုတ်ဘူးဆိုတာ။ သူက သေနတ်ပစ် ညံ့တဲ့အပြင် မြေကြီးကပျော့ပြီး ရွှံ့နွံလိုဖြစ်နေတော့ တလှမ်းလှမ်းလိုက်တိုင်း နစ်ဝင်သွားမယ့် မြေကြီးမျိုးဖြစ်နေတယ်။

တကယ်လို့သာ ဆင်က သူ့ကိုရန်မူလာခဲ့ပြီး သူပစ်တာ လွဲချော်ခဲ့ရင် လမ်းကြိတ်တဲ့ ဒလိမ့်တုံးအောက်က ဖားပြုပ်တကောင်လို သူပြားချပ်သွားမှာ သေချာတယ်။ တကယ်က သူ့ဖာသာသူဆို မကြောက်ပါဘူး။ သူ့နောက်မှာ စောင့်ကြည့်နေတဲ့ ဗမာလူဝါတွေရဲ့မျက်လုံးတွေကိုပဲ သူမြင်နေမိလို့ပါ။ ‘ဒေသခံ’ တွေရှေ့မှာ သူရဲဘောကြောင်တဲ့ လူဖြူတကောင်လို့ သူအမြင်မခံနိုင်ဘူး။ ဒါပေမယ့်လည်း စောစောလေးကမှ ဆင်နင်းခံလိုက်ရပြီး အသေဆိုးနဲ့သေသွားတဲ့ အင်ဒီယန်း လယ်ကူလီကိုပဲ သူ့မျက်စိထဲ မြင်နေမိတယ်။ အဲဒီလိုသာ ဖြစ်သွားရင်တော့ လူအုပ်ထဲက လူတချို့က သူ့ကိုကြည့်ပြီး ရယ်နေကြလိမ့်မယ်။ သူဒီလို အဖြစ်မခံနိုင်ဘူး။

သေနတ်မောင်းကို တင်လိုက်ပြီး လမ်းမပေါ် ဝမ်းလျားမှောက်ပြီး ဆင်ကြီးကို လှမ်းချိန်ထားလိုက်တယ်။ လူအုပ်ကြီးက အပ်ကျသံတောင် မကြားရအောင် ငြိမ်သက်လို့။ ဇာတ်ပွဲကြည့်ရတော့မယ်ဆိုတဲ့ စိတ်လှုပ်ရှားမှုတွေနဲ့။

တခုပဲလုပ်ဖို့ရှိတယ်။ သေနတ်မောင်းကို တင်လိုက်ပြီး လမ်းမပေါ် ဝမ်းလျားမှောက်ပြီး ဆင်ကြီးကို လှမ်းချိန်ထားလိုက်တယ်။ လူအုပ်ကြီးက အပ်ကျသံတောင် မကြားရအောင် ငြိမ်သက်လို့။ ဇာတ်ပွဲကြည့်ရတော့မယ်ဆိုတဲ့ စိတ်လှုပ်ရှားမှုတွေနဲ့။ အော်ဝဲလ် လက်ထဲက ရိုင်ဖယ်ဟာ ချောင်းကြည့်ပေါက်ပါတဲ့ ဂျာမန်လုပ် ရိုင်ဖယ်သေနတ်တလက် ဖြစ်တယ်။ ဆင်နဲ့ဘေးတိုက် အနေအထားကနေ နေရာယူထားတာမို့ ဆင်ရဲ့နားပေါက်ကို တည့်တည့်ချိန်ထားလိုက်တယ်။ ခေါင်းကိုထိထိ ဦးနှောက်ကိုထိထိ မလွဲအောင်ပစ်မယ်ဆိုပြီး ချိန်ထားလိုက်တာပေါ့။

သေနတ်ခလုတ်ကို ဆွဲလိုက်တော့ သူကသာ ဘာသံမှမကြားလိုက်ပေမယ့် လူအုပ်ကြီးဆီက မိစ္ဆာတွေအော်ဟစ်သလို ဟေးကနဲ အော်သံတွေကို ကြားလိုက်ရတယ်။ ကျည်ဆန်မှန်သွားတဲ့ဆင်ကြီးဟာ ဖင်ထိုင်လျက် လဲကျမသွားသေးဘဲ တကိုယ်လုံးတုန်ခါသွားတာ ငါးစက္ကန့်လောက်ကြာတယ်။ ခဏနေတော့ တအိအိ ဒူးထောက်ကျသွားတယ်။ အသက်ထောင်ချီနေတဲ့ ဆင်အိုကြီးတကောင်လိုပဲ။

ခုနက ပစ်တဲ့နေရာကိုပဲ အော်ဝဲလ်က ထပ်ပစ်လိုက်ပြန်တယ်။ ဒုတိယတကြိမ် ထိသွားတာတောင် ဆင်က လဲကျမသွားသေးဘဲ ခြေထောက်တွေ တဆတ်ဆတ်တုန်နေတဲ့ကြားက ကုန်းရုန်းထဖို့ ကြိုးစားတယ်။ ခေါင်းကတော့ ငိုက်စိုက်ကျနေပြီ။ နောက်တကြိမ် ထပ်ပစ်လိုက်တယ်။ ဒီတချက်ကတော့ ဆင်ကြီး အသက်မထွက်ခင်မှာ ဝေဒနာကြာကြာ မခံစားရအောင် ပစ်ပေးလိုက်တာပါ။

၁၉၂၂ ခုနှစ်က မြန်မာနိုင်ငံရှိ ရဲသင်တန်းကျောင်းတွင် တွေ့ရသော ဂျော့ဂျ်အော်ဝဲလ်

နောက်ဆုံးထွက်သက် မရောက်ခင်လေးမှာ ဆင်ကြီးက သူ့နှာမောင်းကြီးကို မိုးပေါ်ထောင်ပြီး နာနာကျင်ကျင် တချက်တည်း အော်လိုက်တယ်။ ပြီးတော့ ဆင်ကြီးရဲ့ခန္ဓာကိုယ်တခုလုံး မြေပြင်ပေါ် ဗုန်းဗုန်းလဲကျသွားလိုက်တာ အော်ဝဲလ် ဝမ်းလျားမှောက်ထားတဲ့ မြေကြီးတွေပါ တုန်သွားတယ်။

အော်ဝဲလ် ထရပ်လိုက်တယ်။ ဗမာတွေ ထိုင်ကြည့်နေတဲ့ပွဲက တခန်းရပ်သွားပါပြီ။ သေချာတာကတော့ ဆင်ကြီးလည်း ပြန်မထနိုင်တော့ပါဘူး။ ဒါပေမယ့် သူ ခုထိ မသေသေးဘူး။ သူ့ကိုယ်လုံးကြီးက နိမ့်ချည်မြင့်ချည်နဲ့ အသက်ကို ခဲခဲယဉ်းယဉ်း ရှူနေတယ်။ ဟစိဟစိ အသက်ရှူနေတဲ့ သူ့ပါးစပ်ကြီးကနေ သူ့အာခေါင် ပန်းရောင်ကြီးကိုပါ မြင်နေရတယ်။

အချိန်အကြာကြီး စောင့်နေတဲ့ထိအောင် မသေနိုင်လို့ နောက်ဆုံးကျန်တဲ့ ကျည်နှစ်တောင့်ကို သူ့အသည်းနှလုံးရှိမယ့်နေရာကို ချိန်ပြီးပစ်လိုက်တယ်။ သွေးတွေဒလဟော ပန်းထွက်လာပေမယ့် သူ မသေသေးဘူး။ ပင်ပန်းဆင်းရဲခြင်းကြီးစွာ အသက်ရှူနေရတယ်။ တဖြည်းဖြည်းနဲ့ သူအသက်ငင်နေပါပြီ။ နောက်ထပ်ကျည်ဆန်တတောင့် ထပ်ပစ်သွင်းလိုက်ရင်တောင် သူဘယ်နဲ့မှ နေမှာ မဟုတ်တော့ပါဘူး။ အော်ဝဲလ်ကတော့ ဆင်ကြီးရဲ့ အသက်ရှူသံကြီးကို အဆုံးသတ်စေချင်လှပြီ။

ဧရာမသတ္တဝါကြီးတကောင် မလှုပ်နိုင် မရှားနိုင် မသေနိုင်လောက်အောင် ခွန်အားမဲ့နေတာကိုကြည့်ရတာ အင်မတန်မှ ခြောက်ခြားစရာကောင်းလှတယ်။ အော်ဝဲလ်ဟာ ဆင်ကြီးရဲ့ အသည်းနှလုံးကို၊ ပြီးတော့ လည်ပင်းကို သေနတ်နဲ့ တချက်ပြီးတချက်ပစ်တယ်။

ဧရာမသတ္တဝါကြီးတကောင် မလှုပ်နိုင် မရှားနိုင် မသေနိုင်လောက်အောင် ခွန်အားမဲ့နေတာကိုကြည့်ရတာ အင်မတန်မှ ခြောက်ခြားစရာကောင်းလှတယ်။ အော်ဝဲလ်ဟာ ဆင်ကြီးရဲ့ အသည်းနှလုံးကို၊ ပြီးတော့ လည်ပင်းကို သေနတ်နဲ့ တချက်ပြီးတချက်ပစ်တယ်။ အသက်ငင်နေတဲ့ ဆင်ကြီးရဲ့ အသက်ရှုသံကလည်း ခြောက်ခြားစရာ ကောင်းလောက်အောင် နာရီသံလို စည်းချက်မှန်မှန်ပေါ်ထွက်နေတယ်။

နောက်ဆုံးတော့ သူဘယ်လိုမှ သည်းမခံနိုင်တော့ဘဲ လှည့်ထွက်လာခဲ့တယ်။ အော်ဝဲလ်ထွက်သွားပြီး နာရီဝက်လောက်ကြာမှ ဆင်ကြီး သေသွားခဲ့တယ်။ အဲဒီအချိန်မှာ တောင်းတွေပလုံးတွေကိုင်ပြီး ရောက်လာတဲ့လူအုပ်ကြီးက နေ့တဝက်မကျိုးခင်မှာပဲ ဆင်တကောင်လုံးကို အရိုးပဲကျန်အောင် ခုတ်ထစ်ဝေမျှယူလိုက်ကြတယ်။

အဲဒီနောက်တော့ ဆင်ကြီးကို ဘယ်လို ပစ်သတ်လိုက်တဲ့အကြောင်း မဆုံးနိုင်အောင် စားမြုံ့ပြန်နေကြလေရဲ့။ ဆင်ပိုင်ရှင် အင်ဒီးယန်းက ဒေါသထွက်နေပေမယ့် သူဘာမှ မတတ်နိုင်ဘူး။ အော်ဝဲလ်ကတော့ ‘ဥပဒေအရ’ သူ မှန်မှန်ကန်ကန် လုပ်ခဲ့တယ်လို့ထင်မိတယ်။ သူ့ပိုင်ရှင်က မထိန်းချုပ်နိုင်လို့ လမ်းမပေါ်ရောက်လာတဲ့ ဆင်ရူးတကောင်ကို ခွေးရူးတကောင်ကို သတ်သလို သတ်ပစ်လိုက်တာဖြစ်တယ်။

ဥရောပသားတွေကြားထဲမှာတော့ ဒီကိစ္စဟာ ဝိဝါဒကွဲပြားစရာပေါ့။ လူကြီးတွေကတော့ အော်ဝဲလ် လုပ်တာမှန်တယ်လို့ ပြောကြတယ်။ လူငယ်တွေကတော့ ကူလီတယောက်ကို နင်းသတ်လိုက်မိလို့ ဆင်တကောင်လုံးကို ပစ်သတ်လိုက်တယ်ဆိုတာဟာ ရှက်စရာကောင်းတဲ့ အပြုအမူပဲလို့ ပြောကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဆင်တကောင်က ကူလီတယောက်ထက် ပိုပြီးအဖိုးတန်လို့လေ။ အော်ဝဲလ်ကတော့ လယ်ကူလီ အသတ်ခံရတာကိုတောင် ဝမ်းသာနေမိတယ်။ ဒါက သူ့အဖို့ ‘ဥပဒေအရ’ ဆင်တကောင်လုံးကို ပစ်သတ်ဖို့ရာ လုံလောက်တဲ့ အကြောင်းပြချက်တခု ဖြစ်နေခဲ့တယ်။ လူတွေက သူ့ကို လူဖြူ အရူးတကောင် လို့ မမြင်အောင်လို့ ဒီလို ခပ်ကြောင်ကြောင်အပြုအမူတွေ သူဘယ်နှစ်ခါလောက်များ လုပ်ခဲ့ပြီးပြီလဲလို့ အော်ဝဲလ် မကြာမကြာ တွေးမိနေတယ်။

အော်ဝဲလ်လိုလူစား အများကြီးလား

နိုင်ငံကြီးတွေက နိုင်ငံငယ်တွေအပေါ် လွှမ်းမိုးချုပ်ကိုင်လိုတဲ့ ကိုလိုနီနယ်ချဲ့စနစ်ရဲ့ ဝိသေသကို လေ့လာကျမ်းပြုကြတဲ့အခါမှာ အော်ဝဲလ်ရဲ့အက်ဆေးကို ဥပမာပြုသုံးကြပါတယ်။

နိုင်ငံကြီးက နိုင်ငံငယ်ကို၊ လူမျိုးကြီးက လူမျိုးငယ်ကို၊ အင်အားရှိသူက အင်အားမဲ့သူကို လွှမ်းမိုးချုပ်ကိုင်လိုတဲ့အခါမှာ ‘ဥပဒေနဲ့အညီ’ ဆိုတဲ့စကားကို တွင်တွင်သုံးပြီး အနိုင်ကျင့်ချုပ်ကိုင်ဖို့ ကြိုးစားကြပါတယ်။

ဒီအက်ဆေးထဲမှာ နယ်ချဲ့စနစ်ရဲ့ ယန္တရားထဲမှာ ရုပ်သေးရုပ်တရုပ်ဖြစ်နေတဲ့ အော်ဝဲလ်ရဲ့ မလူးသာမလွန့်သာ အနေအထားကို မြင်ရသလို၊ သူ့ရဲ့ တွေးခေါ်ရှုမြင်ပုံတွေဟာ ကိုလိုနီယန္တရားက ပုံသွင်းခံရလို့သက်သက်တင်မကပဲ ကိုလိုနီလက်အောက်ခံ လူအုပ်ကြီးရဲ့ ဖိအားကြောင့်လည်း အမျိုးမျိုး ပြောင်းလဲနေတာကို တွေ့ရပါတယ်။ နောက်ဆုံးသူ့တကိုယ်စာ လွတ်မြောက်ရေးအတွက် အော်ဝဲလ် အကာအကွယ်ယူသွားတဲ့ စကားရပ်က ‘ဥပဒေနဲ့အညီ’ ဆိုတဲ့ စကားရပ်ပဲဖြစ်တယ်။

ဒီအက်ဆေးထဲမှာ နယ်ချဲ့စနစ်ရဲ့ ယန္တရားထဲမှာ ရုပ်သေးရုပ်တရုပ်ဖြစ်နေတဲ့ အော်ဝဲလ်ရဲ့ မလူးသာမလွန့်သာ အနေအထားကို မြင်ရသလို၊ သူ့ရဲ့ တွေးခေါ်ရှုမြင်ပုံတွေဟာ ကိုလိုနီယန္တရားက ပုံသွင်းခံရလို့သက်သက်တင်မကပဲ ကိုလိုနီလက်အောက်ခံ လူအုပ်ကြီးရဲ့ ဖိအားကြောင့်လည်း အမျိုးမျိုး ပြောင်းလဲနေတာကို တွေ့ရပါတယ်။ နောက်ဆုံးသူ့တကိုယ်စာ လွတ်မြောက်ရေးအတွက် အော်ဝဲလ် အကာအကွယ်ယူသွားတဲ့ စကားရပ်က ‘ဥပဒေနဲ့အညီ’ ဆိုတဲ့ စကားရပ်ပဲဖြစ်တယ်။

အသက်ငင်နေတဲ့ ဆင်ကြီးတကောင်နဲ့တူတဲ့ နိုင်ငံတနိုင်ငံကို ထိုင်ကြည့်ရင်း ဆင်တကောင်လုံးကို ‘ဥပဒေနဲ့အညီ’ သွေးအေးအေးထိုင်ပစ်နေတဲ့ အော်ဝဲလ်လို လူစားတွေကို လက်ရှိအခင်းအကျင်းထဲမှာ အများကြီးတွေ့နိုင်ပါတယ်။ ဥပဒေနဲ့အညီ ဆင်ပစ်တဲ့ အော်ဝဲလ်လို လူစားတွေ ဘယ်လောက်များများ ကျဆုံးချိန်တန်လာတဲ့အခါ သက်ဦးဆံပိုင်ဘုရင်စနစ်လည်း ကျဆုံးရတာပါပဲ။ အင်မတန်တန်ခိုးထွားခဲ့တဲ့ ကိုလိုနီနယ်ချဲ့ဝါဒလည်း ကျဆုံးရတာပါပဲ။ အင်မတန်အင်အားကောင်းခဲ့တဲ့ ဖက်ဆစ်ဝါဒလည်း တခန်းရပ်ရတာပါပဲ။

တကယ်တမ်း သူတို့ ပြန်သုံးသပ်သင့်တာက ကိုယ့်တကိုယ်စာ လွတ်မြောက်ရေးအတွက် ဆင်တကောင်လုံးကို ပစ်ချနေပေမယ့် မချိမဆန့် အသက်ငင်နေတဲ့ ဆင်ကြီးတကောင်ရဲ့ မြင်ကွင်းက သူတို့စိတ်သန္တာန်ကို မသေမချင်း ခြောက်ခြားနေစေမယ့်၊ အိပ်မက်ဆိုးတွေ မက်နေစေမယ့် သွေးလန့်စရာပုံရိပ်တွေ ဖြစ်နေဦးမယ်ဆိုတာပါပဲ။

(The Myanmar Peace Narrative မှ ရေးသားတင်ဆက်သည်။)

You may also like these stories:

ဒေါ်အောင်ဆန်းစုကြည် အရေး စစ်ခေါင်းဆောင် တုံ့ပြန်ချက် ခြိမ်းခြောက်ခြင်းလား

အတုယောင် တရားရုံးကို အသုံးချ၍ သတ်ဖြတ်ခဲ့သော ဥပဒေမဲ့ လူသတ်မှု

အာဏာသိမ်းတပ်၏ စည်းကမ်းမဲ့ တိုက်ခိုက်မှုများ ရပ်ရန် နိုင်ငံတကာသံရုံးများ တောင်းဆို

ကြည့်မြင်တိုင်သပိတ်ဖြိုခွဲမှု ဥပဒေကို ကျော်လွန်ဆောင်ရွက်သည့် လူသတ်မှုဟု ဟုဆို

ဟာနာအားရန့်ပြောတဲ့ အာဏာရှင်စနစ်

Loading