၁၉ ရာစုနဲ့ ၂၀ရာစု အစောပိုင်း ကမ္ဘာကြီးဟာ အင်ပါယာများနဲ့ အခြေပြု တည်ရှိနေတာဖြစ်ပြီး လွတ်လပ်သော အမျိုးသားနိုင်ငံ (Nation State)များ အလွန် အင်မတန် ရှားပါတယ်။ အင်ပါယာများနဲ့ အင်ပါယာ အပြုခံဒေသများအဖြစ်သာ တည်ရှိနေပါတယ်။
ပထမ ကမ္ဘာစစ်ပြီးကာစ ကာလများမှာတော့ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အမျိုးသား နိုင်ငံ ပိုင်ဆိုင်ခွင့် စတဲ့ အတွေးအခေါ်တွေဟာ အဲဒီတုန်းက အမေရိကန်သမ္မတဖြစ်သူ လစ်ဘရယ် အတွေးအခေါ်ရှိတဲ့ မစ္စတာ ဝီလဆင်ဆီကနေ စီးဆင်းလာပြီး နောက်မှာ ကမ္ဘာပေါ်ရှိတဲ့ လူမျိုးတိုင်း၊ အမျိုးသားတိုင်းဆီကို တောမီးပမာ ပျံ့နှံ့သွားခဲ့ပါတယ်။
အထူးသဖြင့် အင်ပါယာအပြုခံ၊ ကိုလိုနီ အပြုခံဒေသတွေက လူမျိုးတွေဆီမှာ နက်နက်ရှိုင်းရှိုင်း ထိုးဖောက် ဝင်ရောက်သွားပါတော့တယ်။ ဒီအမျိုးသား လွတ်လပ်ရေး လစ်ဘရယ် အတွေးအခေါ်တွေဟာ အရှေ့တောင်အာရှနဲ့ အာဖရိက အမျိုးသားရေး လှုပ်ရှားမှု တော်တော်များမှာ သြဇာလွှမ်းမိုးပြီးတော့ အမျိုးသားရေး နိုးကြားမှု (National Consciousness) ကို မောင်း နှင်ရာမှာလည်း တော်တော်လေးအရေးပါခဲ့ပါတယ်။
ဗမာတွေရဲ့ အမျိုးသားရေးနဲ့ နယ်ချဲ့ကိုလိုနီ ဆန့်ကျင်ရေးလှုပ်ရှားမှုတွေဟာ ဒီကာလတွေမှာပဲ အားကောင်း မောင်းသန် အခြေတည်လာတဲ့ ကာလတွေလို့ ပြောလို့ ရပါတယ်။
၁၉၀၀ ပြည့်လွန်နှစ်တွေက စတင်လာခဲ့တဲ့ ဗမာအမျိုးသားရေး လှုပ်ရှားမှုနဲ့ အမျိုးသားရေးဝါဒ လှိုင်းလုံးဟာ ဒို့ဗမာအစည်းအရုံးလို အမျိုးသားလွတ်မြောက်ရေးကို ဦးတည်တဲ့ အဖွဲ့အစည်းတရပ် ပေါ်ပေါက်လာစေသလို လူသိန်းချီ ပူးပေါင်းပါဝင်တဲ့ ဂျပန်ကျောထောက်နောက်ခံ ပေးထားတဲ့ ဘီအိုင်အေလို အမျိုးသားစစ်တပ်တခုပေါ်လာစေတဲ့အထိ အရှိန်မြင့်လာခဲ့ပါတယ်။
၁၉၀၀ ပြည့်လွန်နှစ်တွေက စတင်လာခဲ့တဲ့ ဗမာအမျိုးသားရေး လှုပ်ရှားမှုနဲ့ အမျိုးသားရေးဝါဒ လှိုင်းလုံးဟာ ဒို့ဗမာအစည်းအရုံးလို အမျိုးသားလွတ်မြောက်ရေးကို ဦးတည်တဲ့ အဖွဲ့အစည်းတရပ် ပေါ်ပေါက်လာစေသလို လူသိန်းချီ ပူးပေါင်းပါဝင်တဲ့ ဂျပန်ကျောထောက်နောက်ခံ ပေးထားတဲ့ ဘီအိုင်အေလို အမျိုးသားစစ်တပ်တခုပေါ်လာစေတဲ့အထိ အရှိန်မြင့်လာခဲ့ပါတယ်။
ဒါပေမယ့် ဗမာတွေမှာ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးခွင့်ရှိတဲ့ အမျိုးသားနိုင်ငံ (Nation State)တခု ပိုင်ဆိုင်ခြင်း မရှိသေးပါဘူး။ ဒီလို အမျိုးသားရေး ဝါဒလှိုင်းလုံးများဟာ များသောအားဖြင့် အမျိုးသားနိုင်ငံတရပ်ကို မွေးဖွား ပေးလေ့ရှိပါတယ်။
ဥရောပမှာ ၁၉ ရာစု အတွင်းကစလို့ အမျိုးသားရေး ဝါဒီလှိုင်းတွေကြောင့် ပဒေသရာဇ်တော်လှန်ရေးတွေ ဆက်တိုက် ပေါ်ပေါက်ခဲ့ပြီး ဂျာမန်၊ အီတလီ၊ ပြင်သစ် စတဲ့ အမျိုးသားနိုင်ငံတွေ ပေါ်ပေါက်လာခဲ့ပါတယ်။
ကိုလိုနီ ဆန့်ကျင်ရေးနဲ့အတူ အာရှနဲ့ အာဖရိကမှာ အမျိုးသားနိုင်ငံတွေပေါ်ပေါက်လာပါတယ်။ ဒါပေမယ့် ဗမာတွေအတွက်တော့ အမျိုးသားနိုင်ငံတရပ် ပေါ်ပေါက်လာစေခြင်း မရှိခဲ့ပါဘူး။
၁၉၄၈ ခုနှစ်မှာ အင်္ဂလိပ်က ပေးခဲ့တဲ့ လွတ်လပ်ရေးအရ ပေါ်ပေါက်လာတဲ့နိုင်ငံဟာ ဗမာအမျိုးသားနိုင်ငံတခု မဟုတ်ဘဲ ၁၉၄၇ ခုနှစ် ဒုတိယ ပင်လုံညီလာခံအရ စုစည်းခဲ့တဲ့ ပြည်ထောင်စုနိုင်ငံတခု ဖြစ်နေခဲ့ပါတယ်။
နှစ် ၆၀-၇၀ အတွင်းမှာ ပြည်ထောင်စုဟာ စစ်ပွဲ၊ လက်နက်ကိုင် ပဋိပက္ခ၊ အုပ်ချုပ်ရေးစနစ်၊ နိုင်ငံရေး ကိုယ်စားပြုမှု၊ ဖက်ဒရယ်ရေးရာနဲ့ ဖွံ့ဖြိုးတိုးတက်မှု ပြဿနာတွေအကြားမှာ စုစည်းထားတဲ့ ပြည်ထောင်တွေ အမျိုးသားတွေ (Nations) အတွက် ဒုက္ခ ပင်လယ်တွေသာ ဝေနေစေခဲ့ပါတယ်။
အာဏာကို တရားနည်းနဲ့ရယူခဲ့တဲ့ ခေါင်းဆောင်တွေရော မတရားနည်းနဲ့ပါ ရယူခဲ့တဲ့ စစ်အာဏာရှင်တွေရောရဲ့ အဆင်အခြင်နည်းမှုနဲ့ ဗမာအမျိုးသား သရုပ်လက္ခဏာတွေကို တလွဲအသုံးချမှုတွေကြောင့်မလို့ ပြည်ထောင်စုဟာ အမည်ခံသာရှိပြီး အနှစ်သာရမဲ့ နေခဲ့ပါတယ်။
အာဏာကို တရားနည်းနဲ့ရယူခဲ့တဲ့ ခေါင်းဆောင်တွေရော မတရားနည်းနဲ့ပါ ရယူခဲ့တဲ့ စစ်အာဏာရှင်တွေရောရဲ့ အဆင်အခြင်နည်းမှုနဲ့ ဗမာအမျိုးသား သရုပ်လက္ခဏာတွေကို တလွဲအသုံးချမှုတွေကြောင့်မလို့ ပြည်ထောင်စုဟာ အမည်ခံသာရှိပြီး အနှစ်သာရမဲ့ နေခဲ့ပါတယ်။
ဒါပေမယ့် စစ်အာဏာရှင်က ဗမာအမျိုးသား သရုပ်လက္ခဏာတွေကို တလွဲအသုံးချတာနဲ့ပဲ လက်ရှိနိုင်ငံကို ဗမာအမျိုးသားနိုင်ငံလို့ ပြောလို့ မရပြန်ပါဘူး။ စစ်အာဏာရှင်ဟာ သူ့ကို အာခံလာနိုင်မယ့် ဘယ်လိုအင်အားစုမျိုးကိုမှ အားမပေးပါဘူး။
မြန်မာပြည်မှာ စစ်အာဏာရှင်တွေဟာ သူတို့ရဲ့ ကြွယ်ဝမှု (Wealth)နဲ့ အာဏာ (Power)အတွဲအစပ်ကို ထိန်းချုပ်ဖို့အတွက် လက်ဝဲ၊ လက်ယာ၊ အရင်းရှင်၊ အမျိုးသားရေး စတဲ့ဝါဒမျိုးစုံကို အသုံးချခဲ့ အသုံးချလျက်ရှိသလို နှိပ်ကွပ်ဖို့လည်း ဝန်မလေးပါဘူး။
လက်ရှိအချိန်မှာ ဗမာတွေရဲ့ နှလုံးသည်းပွတ်ဒေသတွေဖြစ်တဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတို့မှာ ပြည်သူ သတ်ဖြတ် နှိပ်စက်တာတွေ လုပ်နေသလို ရွာတွေကို မီးလိုက်ရှို့နေတာလည်း ရွာပေါင်း မနည်းတော့ပါဘူး။
စစ်အုပ်စုဟာ နိုင်ငံရေး စီမံကိန်းတခုအနေနဲ့ ဗမာ အမျိုးသားရေး လက္ခဏာတွေကို ပြည်ထောင်စု အမျိုးသားရေး လက္ခဏာတွေလို့ အတင်းသွတ်သွင်း အသုံးချပြီး ဗမာအမျိုးသားရေးဝါဒကို သင်းသတ်ခဲ့သလို မောင်ပိုင်စီးခဲ့ပါတယ်။
ဒီလုပ်ရပ်ရဲ့အကျိုးဆက်အနေနဲ့ ဗမာနဲ့ အခြား အမျိုးသားများကြားမှာလည်း စိတ်ဒဏ်ရာ (Trauma)တွေနဲ့ အမျိုးသား ပဋိပက္ခကို ဦးတည်နိုင်တဲ့ တင်းမာမှုတွေ များစွာ ပေါ်ပေါက်နေတာကို ဝမ်းနည်းဖွယ် တွေ့မြင်ရမှာပဲ ဖြစ်ပါတယ်။
ဒီအတွက်ကြောင့် လက်ရှိ ဖယ်ဒရယ် အစီအစဉ်တွေ (Federal Arrangement) နဲ့ ပျိုးထောင်ဖို့ ကြိုးစားနေတဲ့ ဖက်ဒရယ်ပြည်ထောင်စုသာ အောင်မြင်နိုင်ခြေ မရှိတော့ဘူး ယူဆရင်ပဲဖြစ်ဖြစ်၊ မအောင်မြင်တော့ဘူးဆိုရင်ပဲဖြစ်ဖြစ် ကျနော်တို့အနေနဲ့ ကတ္တီပါလမ်းခွဲနဲ့ ပြည်ထောင်တွေကို နှုတ်ဆက်ပြီး ဗမာအမျိုးသားနိုင်ငံတခု ရပ်တည်ထူထောင်ဖို့ရာအတွက် ဗမာအမျိုးသားများကို ဦးဆောင်ဖို့ ကြိုးစားမယ့် ခေါင်းဆောင်များအနေနဲ့ စဉ်းစားဖို့ လိုပါလိမ့်မယ်။
စာရေးသူအနေနဲ့ ဗမာတွေမှာလည်း အခြား ကချင်၊ ကယား၊ ကရင်၊ ချင်း စသော အမျိုးသားများနည်းတူ ကိုယ်ပိုင် ပြဌာန်းခွင့်၊ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးပိုင်ခွင့်ရှိတယ်လို့ ယုံကြည်ပါတယ်။
စာရေးသူအနေနဲ့ ဗမာတွေမှာလည်း အခြား ကချင်၊ ကယား၊ ကရင်၊ ချင်း စသော အမျိုးသားများနည်းတူ ကိုယ်ပိုင် ပြဌာန်းခွင့်၊ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးပိုင်ခွင့်ရှိတယ်လို့ ယုံကြည်ပါတယ်။
အဲ့ဒီအတွက် ဗမာအမျိုးသား နိုင်ငံတခု ဖြစ်တည်ခွင့် ရှိတယ်၊ တည်ထောင်ခွင့် ရှိတယ်လို့လည်း ယူဆပါတယ်။
ဗမာ အမျိုးသားနိုင်ငံနည်းတူ ကချင် အမျိုးသားနိုင်ငံ (ဝမ်ပေါင်ခနန်) ရဲ့ ဖြစ်တည်ခွင့်ကိုလည်း ယုံကြည်သလို ကရင် အမျိုးသားနိုင်ငံ (ကော်သူးလေ)၊ ရခိုင် အမျိုးသားနိုင်ငံ (အာရကန်နိုင်ငံတော်) စသည်ဖြင့် အမျိုးသားများရဲ့(Nations) အမျိုး သားနိုင်ငံများ ဖြစ်တည်ခွင့်ကို ယုံကြည်ပါတယ်။
လက်ရှိ ပဋိပက္ခနဲ့ အစိုင်အခဲတွေဟာ ယူဂိုဆလားဗီးယား ပြည်ထောင်စုပြိုကွဲစဉ်ကလို လူမျိုးရေး စစ်ပွဲနဲ့ လူမျိုးတုန်း သတ်ဖြတ်မှုများအသွင်ကို ဦးတည်သွားနိုင်ခြေ မရှိသေးခင်ကာလမှာ ကတ္တီပါလမ်းခွဲတခုနဲ့ ကျောခိုင်းနှုတ်ဆက်သင့်ပါတယ်။
တကယ်တော့ လက်ရှိ မြန်မာနိုင်ငံဆိုတဲ့ နိုင်ငံတော်အစုအဖွဲ့ တည်ရှိနေတဲ့ ရေမြေပေါ်မှာ အမျိုးသားနိုင်ငံစစ်စစ်တခု ဘယ်တုန်းကမှ မရှိခဲ့ပါဘူး။
၂၀ ရာစု တဝက်ကျော်ကျော်မှာ ပြည်ထောင်စုနိုင်ငံဖြစ်ရေး ကြိုးစားခဲ့တယ်။ နိုင်ငံရေး စမ်းသပ်မှု (Political Experiment) ဟာလည်း အခုအချိန်မှာ အာဏာရှင်စနစ်၊ စစ်ပွဲ၊ ပဋိပက္ခများကိုသာ ဦးတည်နေစေခဲ့တာ ထင်ရှားပါတယ်။
ဒါကြောင့်မိုလို့ လက်ရှိ ပဋိပက္ခနဲ့ အစိုင်အခဲတွေဟာ ယူဂိုဆလားဗီးယား ပြည်ထောင်စုပြိုကွဲစဉ်ကလို လူမျိုးရေး စစ်ပွဲနဲ့ လူမျိုးတုန်း သတ်ဖြတ်မှုများအသွင်ကို ဦးတည်သွားနိုင်ခြေ မရှိသေးခင်ကာလမှာ ကတ္တီပါလမ်းခွဲတခုနဲ့ ကျောခိုင်းနှုတ်ဆက်သင့်ပါတယ်။
ဗမာ့ ကံကြမ္မာ ဗမာ ဖန်တီးခွင့်ကို ကိုင်စွဲလို့ ဗမာ အမျိုးသားနိုင်ငံတော် တရပ်အနေနဲ့ အခြား အမျိုးသား နိုင်ငံတော်များ အကြားမှာ ယဉ်ကျေးစွာ ရပ်တည်သင့်တယ်လို့ ယူဆပါတယ်ခင်ဗျား။
(စာရေးသူသည် မြန်မာ့နိုင်ငံရေးသုတေသီတဦး ဖြစ်သည်။)
You may also like these stories:
တိုင်းပြည် ပုံစံအသစ်ကို ဘယ်လို ပုံဖော်ကြမလဲ
ဒေါ်အောင်ဆန်းစုကြည်၏ ထောင်တွင်း ဘဝသစ်ကို မျှော်ကြည့်ခြင်း
မြန်မာစစ်တပ် အမျိုးသားရေးဝါဒီလား အရေခြုံလား