အာဏာသိမ်းစကတည်းကပင် ခပ်ကြမ်းကြမ်းလုပ်ရပ်များကို ပြုလုပ်ခဲ့သော စစ်ကောင်စီနှင့်ပတ်သက်၍ အချို့က စိတ်ကူးယဉ်ဆဲ ဖြစ်သည်။ သို့သော် စစ်ကောင်စီကတော့ စိတ်ကူးယဉ်သည်ကို မတွေ့ရ။ မာမာထန်ထန် ပြတ်ပြတ်သားသားဖြင့် သူတို့၏ ရည်မှန်းချက်ကို အကောင်အထည်ဖေါ်နေသည်။
အာဏာရှင်ဟောင်း ဦးသန်းရွှေပင် မလုပ်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်မှ ထောင်ထဲသို့ ထည့် လိုက်သည်။ သေဒဏ်ချမှတ်ထားသူများကို သေဒဏ်ပေးလိုက်၏။ သေဒဏ်ပေးမည်ဟု ကြိုတင်ကြေညာခြင်း မပြုခဲ့။
နာမည်ကျော် အင်းစိန်ထောင်ထဲတွင် တိတ်တဆိတ် ကောက်ကျစ်စွာ သေဒဏ်စီရင်ခဲ့သည်။ အာဆီယံ၏ မေတ္တာရပ်ခံချက်ကိုလည်း ဂရုမစိုက်၊ နိုင်ငံတကာနှင့် ကုလသမဂ္ဂကိုလည်း အလေးမထားတော့ဘဲ ထင်ရာစိုင်း ပြသည်။
PDF များ၊ PDF ထောက်ခံသည်ဟု ယူဆသော ပြည်သူများကို တွေ့သည့်နေရာတွင် ပစ်သတ်သည်။ ရွာစဉ်ရွာဆက် ပတ်၍ မီးရှို့နေ လုယက်သတ်ဖြတ်နေသည်ကို အညာတခွင်တွင် နေ့စဉ်မြင်တွေ့နေရသည်။
မြန်မာပြည်မှာ လူဦးရေ သန်း ၅၀ ရှိသည်ဖြစ်ရာ စစ်ကိုင်းတိုင်းက လူ ၅ သန်း ရှင်းပစ်လိုက်လို့ ဘာမှမဖြစ်ဟု စစ်ကောင်စီ စစ်ကြောင်းမှူးက လူထုအား ခြိမ်းခြောက် ပြောဆိုနေသည်ကို ကြားသိနေရသည်။
မြန်မာပြည်မှာ လူဦးရေ သန်း ၅၀ ရှိသည်ဖြစ်ရာ စစ်ကိုင်းတိုင်းက လူ ၅ သန်း ရှင်းပစ်လိုက်လို့ ဘာမှမဖြစ်ဟု စစ်ကောင်စီ စစ်ကြောင်းမှူးက လူထုအား ခြိမ်းခြောက် ပြောဆိုနေသည်ကို ကြားသိနေရသည်။
တိုက်ပွဲဖြစ်ပွားသည့် မြို့ရွာများကို ဗုံးကြဲ၊ အမြောက်နှင့်ပစ်၊ မီးရှို့ လုယက်ခြင်းများ ပြုလုပ်၍ အပြောင်ရှင်းသည့် စနစ်ကို ကျင့်သုံးနေ၏။ သူတို့ အာဏာတည်မြဲရေးအတွက် ဘာမဆို ရင်ဆိုင်သွားမည်။
အရက်စက် အကြမ်းကြုတ်ဆုံး ပြုမူ ဆောင်ရွက်သွားမည်ကို ဖေါ်ပြခဲ့သည်။ သို့သော် တဖက်ကလည်း ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်းအား ၎င်းတို့စစ်တပ်က မပြုလုပ်ဟု နိုင်ငံတကာကို ဗြောင်လိမ်သေးသည်။
စစ်တပ်သည် အထက်ပါ လုပ်ရပ်များကိုသာမက စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သူများ၏ ပိုင်ဆိုင်မှုများ၊ စစ်တပ် ဆန့်ကျင်သူများကို ထောက်ခံ ပံ့ပိုးသူများ၏ ပိုင်ဆိုင်မှုများကို သိမ်းပိုက်သည်။ ပတ်သက်ဆက်နွယ်သူ ဆွေမျိုးသားချင်းများ အားလုံးကို ဖမ်းဆီး၏။
ပြောရလျင် စစ်တပ်သည် ဆန့်ကျင်သူများအား အပြတ်ရှင်းမည်ကို ပြတ်ပြတ်သားသား လက်တွေ့လုပ်ဆောင် နေသည်။
စစ်တပ်သည် ရှေ့ဆက် ပို၍ ရမ်းကားမည်။ ရက်စက်ကြမ်းကြုတ်မည်မှာ သေချာပေသည်။ မြန်မာ စစ်ခေါင်းဆောင်များသည် တိုင်းပြည်အာဏာကို အကြမ်းဖက်ရယူပြီး အာဏာနှင့် လုပ်ပိုင်ခွင့်ကို အသုံးပြု၍ ကိုယ်ကျိုးစီးပွားရှာခြင်း၌ မွေ့လျော် နေပြီ ဖြစ်သည်။
စစ်တပ်သည် ရှေ့ဆက် ပို၍ ရမ်းကားမည်။ ရက်စက်ကြမ်းကြုတ်မည်မှာ သေချာပေသည်။ မြန်မာ စစ်ခေါင်းဆောင်များသည် တိုင်းပြည်အာဏာကို အကြမ်းဖက်ရယူပြီး အာဏာနှင့် လုပ်ပိုင်ခွင့်ကို အသုံးပြု၍ ကိုယ်ကျိုးစီးပွားရှာခြင်း၌ မွေ့လျော် နေပြီ ဖြစ်သည်။
ရွေးကောက်ပွဲရလဒ်အရ အရပ်သားအစိုးရကို အာဏာလွှဲပေးလိုက်ရသည့် ၅ နှစ်ကာလသည် သူတို့အတွက် ကြိတ်မနိုင်ခဲမရ အချိန်ကာလများ ဖြစ်ခဲ့သည်။
ဤသို့ ရွေးကောက်ပွဲရလဒ်ဖြင့်သာ ဆက်သွားနေပါက နောက်အနှစ် ၂၀ ခန့်အတွင်း စစ်တပ်အနေနှင့် အာဏာပြန်ရရန် မဖြစ်နိုင်တော့သည်ကို သိရှိသည့်အတွက် ၂၀၂၁ စစ်အာဏာသိမ်းမှုကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
အာဏာသိမ်းမှုမှ ရရှိလာသည့် ၎င်းတို့၏အာဏာကို ခိုင်မြဲအောင်ဆောင်ရွက်တော့မည်ဖြစ်၏။
သူတို့ မျှော်လင့်မထားခဲ့သည့် လူထု၏ ပြင်းပြင်းထန်ထန် ဆန့်ကျင်မှုကို ကြုံရသောအခါ ရက်စက်ကြမ်းကြုတ်စွာ နှိမ်နင်းခဲ့သည်။ ခပ်ကြမ်းကြမ်း လုပ်ပြလိုက်လျင်လျင် ကြောက်ရွံ့ငြိမ်သက်သွားမည်ဟု ထင်သော သူတို့၏ ယူဆချက်သည် တက်တက်စင်အောင်လွဲသွားခဲ့၏။ ဖိနှိပ်လေ အုံကြွလေ၊ ရက်စက်လေ ခါးသီးလေ ဖြစ်နေသည်ကို ကြုံနေရသည်။
တနိုင်ငံလုံးအနှံ့ ပုန်ကန်တော်လှန်မှုများ ပိုမိုဖြစ်ပွားလာပြီး တပြည်လုံးပတ်၍ ဗုံးကြဲနေရသည့် အခြေသို့ ဆိုက်နေသည်။ စစ်တပ်သည် ရှုံးနိမ့်လျင် သူတို့အားလုံး ကြိုးစင်တက်ရမည်ကို လည်းကောင်း၊ သူတို့ပိုင်ဆိုင်မှု အားလုံးဆုံးရှုံးမည်ကိုလည်း ကောင်း ကောင်းစွာ သိရှိနေသည်။
စစ်တပ်သည် ကျားမြီးဆွဲမိနေပြီဖြစ်ရာ လွှတ်လိုက်လျင် အကိုက်ခံရတော့မည်။ သို့ဖြစ်ရာ သူတို့အာဏာတည်မြဲရေး၊ အာဏာလက်မလွှတ်ရေးအတွက် ရှေ့ဆက်ပြီး အစွမ်းကုန် ရမ်းကားတော့မည်မှာ မလွဲမသွေပင်။
စစ်တပ်အာဏာသိမ်းပြီးနောက် မြို့ပေါ် နိုင်ငံရေးပါတီတချို့ စိတ်ကူးယဉ်ခဲ့ကြသည်။ ဥပဒေတွင်း နိုင်ငံရေးတွင် ဆက်၍ လုပ်သာကိုင်သာရှိမည်ဟု ယူဆခဲ့ကြ၏။ သို့သော် ယခုအခြေအနေသည် ၂၀၁၁ ခုနှစ် ပြုပြင်ပြောင်းလဲရေး ပြုစဉ်ကာလနှင့် များစွာခြားနားခဲ့ပြီဖြစ်သည်။
လက်ရှိ အခြေအနေသည် ၁၉၆၂ ခုနှစ် စစ်တပ် အာဏာသိမ်းသည့်ကာလ အခြေအနေမျိုး ဖြစ်သည်။ ဥပဒေတွင်း နိုင်ငံရေးသည် ဒီမိုကရေစီစနစ်အား အကောင်အထည် ဖော်ခွင့်ရမည် မဟုတ်ဘဲ စစ်တပ်အား ခွေးကတက်က အလုပ်အကျွေး ပြုရမည်အခြေအနေသို့ ဆိုက်နေပြီ ဖြစ်သည်။
လက်ရှိ အခြေအနေသည် ၁၉၆၂ ခုနှစ် စစ်တပ် အာဏာသိမ်းသည့်ကာလ အခြေအနေမျိုး ဖြစ်သည်။ ဥပဒေတွင်း နိုင်ငံရေးသည် ဒီမိုကရေစီစနစ်အား အကောင်အထည် ဖော်ခွင့်ရမည် မဟုတ်ဘဲ စစ်တပ်အား ခွေးကတက်က အလုပ်အကျွေး ပြုရမည်အခြေအနေသို့ ဆိုက်နေပြီ ဖြစ်သည်။
လက်ရှိ စစ်ကောင်စီက ပြုလုပ်မည့် ရွေးကောက်ပွဲဆိုသည်ကလည်း အတိုက်အခံ ဒီမိုကရက်အားလုံးအား နှိပ်ကွပ်ပြီး (အတိုက်အခံများကို နောက်ဆုံး သေဒဏ်အထိ စီရင်ထားသည်) စစ်တပ်နှင့် စစ်တပ်အား ထောက်ခံသူများ အာဏာရရှိရေးအတွက် နည်းမျိုးစုံသုံး၍ ပြုလုပ်မည်ကို ရှင်းလင်းစွာ တွေ့မြင်နေရပြီ ဖြစ်သည်။
ထို့ပြင် စစ်တပ်ကျူးလွန်သည့် စစ်ရာဇဝတ်မှုများ၊ တိုင်းပြည်စီးပွါးရေးအား ဇောက်ထိုးမိုးမျှော်ပြုလုပ်ပြီး တိုင်းပြည်အား ဆင်းရဲတွင်းသို့ ဆွဲသွင်းမည်လုပ်ရပ်များအတွက် အလိုတူအလိုပါ တရားခံများဖြစ်မည့် အခြေအနေသို့ဆိုက်နေပြီဖြစ်၏။
ထို့ပြင် တိုင်းရင်းသားပါတီအချို့နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့ မျှော်လင့်ထားခဲ့သည့် ယနေ့ အကြပ်အတည်း ကာလတွင် စစ်တပ်အနေနှင့် တိုင်းရင်းသားအရေးနှင့်ပတ်သက်၍ လိုက်လျောမှုအချို့ ပြုလုပ်မည်လော ဆိုသည့် အချက်သည်လည်း ရေစုံမျောသွားပြီ ဖြစ်သည်။
စစ်ကောင်စီသည် ဒို့တာဝန်အရေးသုံးပါး၊ စစ်တပ်၏ နိုင်ငံရေး ဦးတည်ချက် ၆ ချက်၊ ၂၀၀၈ အခြေခံဥပဒေတို့အား စွဲမြဲစွာ ဆုပ်ကိုင်ထားပြီး တခွန်းတပါဒမှ မလျော့သည်ကို တွေ့နေရပြီ ဖြစ်၏။
ထို့ပြင် လက်နက်ဆက်ကိုင်လိုသူများအနေနှင့် စစ်တပ် သို့မဟုတ် နယ်ခြားစောင့်တပ်သို့ ဝင်ရန်သာ ရှိသည်ကို အာဏာသိမ်း စစ်ခေါင်းဆောင်က ရှင်းလင်းစွာ ပြောခဲ့ပြီ ဖြစ်သည်။
လက်ရှိ စစ်ကောင်စီနှင့် ငြိမ်းချမ်းရေး ဆွေးနွေးသည်ဆိုသော အဖွဲ့အချို့အနေနှင့် စစ်တပ်ထဲဝင်မည်လော၊ နယ်ခြားစောင့်တပ် လုပ်မည်လောကိုသာ ဆွေးနွေးရမည့်အခြေသို့ ဆိုက်နေပြီဖြစ်၏။
လက်ရှိ စစ်ကောင်စီနှင့် ငြိမ်းချမ်းရေး ဆွေးနွေးသည်ဆိုသော အဖွဲ့အချို့အနေနှင့် စစ်တပ်ထဲဝင်မည်လော၊ နယ်ခြားစောင့်တပ် လုပ်မည်လောကိုသာ ဆွေးနွေးရမည့်အခြေသို့ ဆိုက်နေပြီဖြစ်၏။
လက်နက်ကိုင်တပ်လဲမရှိ၊ တိုင်းရင်းသား ပြည်သူများအားလည်း စည်းရုံးကိုယ်စားပြုနိုင်ခြင်းမရှိသည့် တိုင်းရင်းသား အဖွဲ့အချို့အနေနှင့် စစ်တပ်နှင့်ပေါင်း၍ ကိုယ်ကျိုးစီးပွားရှာနိုင်ရန် လမ်းဖွင့်ပေးသည့် အခြေအနေသာရှိသည်ကို မြင်တွေ့နိုင်သည်။
တကယ်တမ်း တိုင်းရင်းသားလူမျိုးများအား ကိုယ်စားပြုပြီး တိုင်းရင်းသား အရည်အတွက် တကယ်တမ်း ဆောင်ရွက်လိုသော တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းများ အနေနှင့် စစ်တပ်၏ တင်းမာသော သဘောထားကို ကောင်းစွာတွေ့ မြင်နိုင်ကြပြီး စစ်တပ်နှင့်ဆွေးနွေး၍ မည်သည့်ရလဒ်မှ မထွက်နိုင်သည်ကို သိရှိနေကြပြီဖြစ်၏။
စစ်တပ်နှင့် ပတ်သက်၍ စိတ်ကူးယဉ်၍ မရသည်ကို ရှင်းလင်းစွာတွေ့မြင်နိုင်ပြီ ဖြစ်သည်။
၁၉၆၂ ခုနှစ် စစ်တပ်က အာဏာသိမ်းကထဲက ၎င်းတို့ကိုယ်၎င်းတို့ တိုင်းပြည်ကယ်တင်သူများဟု စိတ်ကြီးဝင်နေခဲ့သော စစ်တပ်သည် ယနေ့တိုင်လည်း တိုင်းပြည်အား ထိမ်းသိမ်းစောင့်ရှောက်သူအဖြစ် စိတ်ကြီးဝင်နေဆဲဖြစ်၏။
သို့သော် တိုင်းပြည်အား အကြိမ်ကြိမ် ချောက်ထဲဆွဲချနေသည်မှာ စစ်တပ်သာဖြစ်သည်ကို မြင်တွေ့ခဲ့ရပြီ ဖြစ်သည်။ စစ်တပ်သည် သူတို့အား ဆန့်ကျင်သူများအား အရက်စက် အကြမ်းကြုတ်ဆုံးနည်းလမ်းများသုံး၍ အပြတ်အသတ် သုတ်သင်ရှင်းလင်းရန် ကြိုးပမ်းနေသည်ကို တွေ့မြင်နေရပြီဖြစ်၏။
သို့ဖြစ်ရာ ပြည်သူဘက်တော်သားများ၊ တိုင်းပြည်ချစ်သူများ၊ ဒီမိုကရက်များ၊ တိုင်းရင်းသားကိုယ်စားပြုသူများအနေနှင့် စစ်တပ်နှင့်ပတ်သက်၍ စိတ်ကူးယဉ်မှု အားလုံးအား ပြတ်ပြတ်သားသား စွန့်လွှတ်ရန် လိုအပ်ပေသည်။
သို့ဖြစ်ရာ ပထမအချက်အနေနှင့် စစ်တပ်နှင့် စစ်တပ်ထောက်ခံသူများနှင့်ပတ်သက်၍ ရန်ငါ ပြတ်သားရန် လိုအပ်သည်။ ရန်သူနှင့်ပြည်သူကြားစည်းအား စစ်တပ်အား ထောက်ခံသည် သို့မဟုတ် စစ်တပ်အား ဆန့်ကျင်သည်ဟု အခြေခံမှ စည်းခြားရန် လိုအပ်သည်။
ဒုတိယအချက်အနေနှင့် မြန်မာပြည် ဒီမိုကရေစီ ရရှိရေး၊ တိုင်းရင်းသား အခွင့်အရေး ရရှိရေး အတွက် စစ်တပ်အား စိတ်ကူးယဉ်၍ မရဘဲ စစ်အာဏာရှင်စနစ်အား အမြစ်ပြတ်ချေမှုန်းနိုင်မှသာ ရရှိမည်ဆိုသည်ကို ရှင်းလင်းရန် လို၏။
တွေ့ဆုံဆွေးနွေးရေးသည် နည်းပရိယာယ်တခု ဖြစ်ကောင်း ဖြစ်နိုင်သော်လည်း ပြဿနာဖြေရှင်းနိုင်သည့် လမ်းကြောင်း မဟုတ်တော့သည်ကို ရှင်းလင်းစွာ သဘောပေါက်ရန်လိုသည်။
တွေ့ဆုံဆွေးနွေးရေးသည် နည်းပရိယာယ်တခု ဖြစ်ကောင်း ဖြစ်နိုင်သော်လည်း ပြဿနာဖြေရှင်းနိုင်သည့် လမ်းကြောင်း မဟုတ်တော့သည်ကို ရှင်းလင်းစွာ သဘောပေါက်ရန်လိုသည်။
ဤသို့ပြတ်သားရမည်နှင့်ပတ်သက်၍ ရှင်းရှင်းလင်းလင်းရှိသည်မှာ မြေပြင်တွင် လက်တွေ့တိုက်ပွဲဝင်နေကြသည့် တိုင်းရင်းသား တော်လှန်ရေး တပ်ဖွဲ့များ၊ PDF များ၊ အခြား တော်လှန်ရေးတပ်ဖွဲ့များနှင့် ပြည်သူလူထုများ ဖြစ်၏။
မရှင်းလင်းဘဲ ရှုပ်ထွေးနေကြသူ အချို့ထဲတွင် သဘောတရား တပိုင်းတစ ကိုင်ဆောင်ထားသူများကိုလည်း တွေ့ရသည်။ တက်ကြွလှုပ်ရှားသူဆိုသူ အချို့ကိုလည်း တွေ့ရ၏။
ရေရှည်နိုင်ငံရေး လုပ်လာသူ၊ တော်လှန်ရေး လုပ်လာသူအချို့ကိုလည်း တွေ့ရသည်။ သူတို့သည် ပြည်သူလူထု မနာရေး ဆိုသည်ကို ဗန်းပြပြီး စစ်ကောင်စီအား ခွေးကတက်က အလုပ်ကျွေး ပြုနေကြ၏။ နောက်ဆုံးတော့ ဆွေးနွေးပွဲ စကားဝိုင်း ရောက်ရတာပဲဟု လက်နက်ကိုင်တော်လှန်မှုကို ပျက်ရယ်ပြုရန် ကြိုးစားနေကြသည်။
စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်မှုကို အများအပြားကို လစ်လျူရှု ရူးချင်ဆောင်ပြီး တော်လှန်ပုန်ကန်သူများ၏ အားနည်းချက်များကို လိုက်လံအပြစ်ရှာ ထောက်ပြနေကြသည်။ သူတို့ကျက်မှတ်ထားသည့် နိုင်ငံတကာ အတွေ့အကြုံ ဆိုသည်များကို ရွတ်ဖတ်သရဇယ်ကြပြီး မြန်မာပြည်လက်တွေ့အခြေအနေများနှင့် ကင်းကွာနေကြ၏။
လက်နက် အပြည့်အစုံ တပ်ဆင်နိုင်ရန် အသည်းအသန် ကြိုးပမ်းနေရသော တော်လှန်ရေးအင်အားစုများ၊ လက်နက်မပြည့်မစုံနှင့် တိုက်ပွဲဝင်နေကြသော ပြည်သူများအား မျက်ကွယ်ပြုပြီး နောင်တချိန်တွင် စစ်ဘုရင်များဖြစ် ပေါ်လာနိုင်သဖြင့် လက်နက်ဖြုတ်ရန် လိုသည်ဟု ဆရာကြီး လုပ်နေကြ၏။
လက်ရှိ စစ်ဘုရင်ကြီးဖြစ်သော စစ်တပ်အား လက်နက်ဖြုတ်ရေးနှင့် ပတ်သက်၍ လည်းကောင်း၊ လက်နက်မပြည့်စုံသော တော်လှန်ရေးတပ်ဖွဲ့များ လက်နက်တပ်ဆင်ရေးနှင့်ပတ်သက်၍လည်းကောင်း တခွန်းတပါဒမှ မဟဘဲ တော်လှန်ရေး တပ်ဖွဲ့များကို လက်နက်ဖြုတ်ရေး ကြိုတွေးနေကြသည်။
လက်ရှိ စစ်ဘုရင်ကြီးဖြစ်သော စစ်တပ်အား လက်နက်ဖြုတ်ရေးနှင့် ပတ်သက်၍ လည်းကောင်း၊ လက်နက်မပြည့်စုံသော တော်လှန်ရေးတပ်ဖွဲ့များ လက်နက်တပ်ဆင်ရေးနှင့်ပတ်သက်၍လည်းကောင်း တခွန်းတပါဒမှ မဟဘဲ တော်လှန်ရေး တပ်ဖွဲ့များကို လက်နက်ဖြုတ်ရေး ကြိုတွေးနေကြသည်။
စစ်တပ်ကြောင့် တိုင်းပြည် ဒုက္ခမျိုးစုံရောက်နေသည်ကို လျစ်လျူရှုပြီး စစ်တပ်သည် မြန်မာပြည်တွင် အတောင့်တင်းဆုံး အင်စတီကျူးရှင်းဖြစ်သည်ဟု မှတ်ယူပြီး မြန်မာနိုင်ငံရေးတွင် စစ်တပ်ကို ဖယ်ထုတ်၍ မရဟု ယူဆနေကြ၏။ ထိုသူတို့သည်NUG ၊ PDF တပ်ဖွဲ့နှင့် တိုင်းရင်းသားတပ်ဖွဲ့များ၏ အပြစ်အနာရှာပြီး ထိုးနှက်ရန် ကြိုးစားနေကြ၏။
ထိုသူများ၏ အဓိကပြဿနာမှာ ရပ်တည်ချက်ပြဿနာ ဖြစ်သကဲ့သို့ လက်ရှိအခြေအနေကို နားမလည်နိုင်ကြသူများလည်း ဖြစ်သည်။ အရင်ကတောင် သို့မဟုတ် ၎င်းတို့တုန်းကတောင် လက်နက်ကိုင်တိုက်လို့မရတာ ယခုလည်း ရမည်မဟုတ်ဟု မှတ်ယူနေကြ၏။
စစ်တပ်၏ တိုက်ခိုက်ရေးအင်အား၊ တိုက်ရည်ခိုက်ရည်လျော့ကျနေသည့်အပြင် လူထုစည်းကမ်းလိုက်နာမှုမရှိဘဲ စစ်ရာဇဝတ်မှုများ ကျူးလွန်သည်ကို မမြင်နိုင်ကြ။ တပြည်လုံးအနှံ့အပြား လူထုအုံကြွတော်လှန်မှုနှင့် မျိုးဆက်သစ်လူငယ်များ၏ ရဲရင့်တက်ကြွမှု ၊ တည်ထွင်ဆန်းသစ်မှုများကို မမြင်နိုင်ကြဘဲ လက်တွေ့ အခြေအနေနှင့် ကင်းကွာနေကြသည်။
စစ်အာဏာရှင်နှင့် ပြည်သူလူထုကြား မည်သည့်ဘက်က ရပ်တည်ရမည်ကို မရွေးချယ်နိုင်ကြပေ။ ကြားနေဝါဒီလိုလို နေကြပြီး နိုင်ငံရေးဇာတ်ပျက်များ ဖြစ်နေကြ၏။
ဤသို့ဆို၍ NUG၊ PDF အပါအဝင် တော်လှန်ရေးတပ်ဖွဲ့များကို အပြစ်မတင်ရ။ မဝေဖန်ရဟု မဆိုလိုပေ။ ဝေဖန်ထောက်ပြနိုင်ပါသည်။ အမှန်ကိုရောက်အောင် ကူညီထောက်ပြမှုများ ဖြစ်ရန်လို၏။ မြေပြင်တွင် အသက်ရင်း၍ လုပ်ကိုင်နေကြသူများအနေနှင့် အတိမ်းအစောင်းမခံနိုင်သည့်အခြေအနေမျိုးတွင် ဆုံးဖြတ်ချက်မှားနိုင်သည်ကို တည့်မတ်ပေးရန်သာ ဖြစ်သည်။
ထိုသို့ ဝေဖန်ထောက်ပြမှုမျိုးသည် အားနည်းချက်ရှာ၊ အပစ်ရှာ၍ ထိုးနှက်တိုက်ခိုက်နေသည်နှင့် ကွာခြားသည်။ ရပ်တည်ချက်ရှင်းလင်းပြတ်သားသူ များအနေနှင့် ရပ်တည်ချက် မပြတ်သားသူများကြား ထိုသို့ဝေဖန်ထောက်ပြခြင်းနှင့်ပတ်သက်၍ ကြီးစွာကွဲလွဲ၏။
စစ်တပ် အာဏာသိမ်းစ သပိတ်မှောက် ဆန္ဒပြစဉ်က စု-ရွေး-လွှတ်သည် အခြေအနေနှင့် ကိုက်ညီသည့် တောင်းဆိုမှုဖြစ်ခဲ့၏။ သို့သော် ယခုအခြေအနေတွင် စု-ရွေး-လွှတ်သည် အခြေအနေနှင့် မကိုက်ညီတော့။ ပြည်သူလူထု ကိုယ်တိုင်လည်း စု-ရွေး-လွှတ်ကို ကျော်၍ စဉ်းစားနေကြပြီ ဖြစ်သည်။
ထို့ပြင် ရပ်တည်ချက်ပြတ်သားရုံသာမက စိတ်ကူးမယဉ်ကြဖို့လိုသည်။ စစ်တပ် အာဏာသိမ်းစ သပိတ်မှောက် ဆန္ဒပြစဉ်က စု-ရွေး-လွှတ်သည် အခြေအနေနှင့် ကိုက်ညီသည့် တောင်းဆိုမှုဖြစ်ခဲ့၏။ သို့သော် ယခုအခြေအနေတွင် စု-ရွေး-လွှတ်သည် အခြေအနေနှင့် မကိုက်ညီတော့။ ပြည်သူလူထု ကိုယ်တိုင်လည်း စု-ရွေး-လွှတ်ကို ကျော်၍ စဉ်းစားနေကြပြီ ဖြစ်သည်။
စစ်ကောင်စီက လုံးဝလျော့ပေးမည် မဟုတ်တော့သည်ကို ကြည့်မြင်ရန်လိုသည်။ အာဏာသိမ်းခါစက ကုလသမဂ္ဂ၊ R2P နှင့် အမေရိကန်ရေတပ်ကြီးကို မျှော်ခဲ့ကြဖူးသည်။ နိုင်ငံတကာထောက်ခံမှုများ ပိုရလာချိန်တွင် R2P ကို မျှော်ကြပြန်၏။
နိုင်ငံတကာက ဝမ်းနည်း၊ စာနာ၊ စိုးရိမ်ပူပန်မှုသာ ဖေါ်ပြနေပြီး လက်တွေ့မပါသည်ကို ပြီးခဲ့သည် တနှစ်ခွဲကာလတွင် မြင်တွေ့ခဲ့ရပြီး ဖြစ်သည်။ ထို့ပြင် အိန္ဒိယနှင့် တရုတ်နိုင်ငံကြီးနှစ်ခုကြားရှိ မြန်မာပြည်တွင်းသို့ နိုင်ငံခြားတပ်များ ဝင်ရောက်ရေးမှာ လွယ်ကူလှသည် မဟုတ်ပေ။
သို့ဖြစ်ရာ လက်တွေ့မြေပြင်တွင် လုပ်ကိုင်သူများအနေနှင့် လက်နက်ခဲယမ်းရအောင် ဝယ်ယူကြသည်။ မရပါက ကိုယ်တိုင် တည်ထွင်ထုတ်လုပ်ကြ၏။ စိတ်ကူးယဉ်၍မရဘဲ လက်တွေ့ကိုယ်ကိုတိုင် လုံးပမ်းမှ ရသည်ကို လက်တွေ့ စစ်မြေပြင်တွင် တိုက်ပွဲဝင်သူများက ပြသနေသည်။
မေခလာကယ်စေလိုလျင် ဇနက မင်းသားပင်လျင် ပင်လယ်တွင်း ၇ ရက် ၇ လီ ကူးခတ်ရသေးသည်။ လက်တွေ့မြေပြင်တွင် လုံးပမ်းအားထုတ်ခြင်းမရှိပါက မေခလာလည်း ကယ်လိမ့်မည် မဟုတ်ပေ။
စစ်တပ်ကတော့ ပြတ်သားသည်။ သူ၏ အာဏာခိုင်မာရေးအတွက် အရက်စက်ဆုံး လုပ်ဆောင်ရန် ဝန်မလေးပေ။ သူ၏ ရန်သူဟု ယူဆသူများအား စီးပွားပျက်၊ ဘဝပျက်သည်အထိ အပြတ်ရှင်းလင်းရန် ဝန်မလေးသည်ကို လက်တွေ့ မြင်တွေ့ရ၏။
ဇွဲနပဲ ရှိကြရန် လိုအပ်၏။ ထိုပြင် မြေပြင်လက်တွေ့တိုက်ပွဲဝင်သူများအား ထိုးနှက်တိုက်ခိုက်မှု၊ သရော်လှောင်ပြောင်မှုပြုပြီး စစ်ကောင်စီအား ခွေးကတက်က အလုပ်အကျွေး မပြုရန်လိုအပ်သည်။ စစ်တပ်ကတော့ သူ့အာဏာအတွက် ပြတ်သားသည်။ စိတ်ကူးယဉ်၍ မရပါ။
ထိုသို့သော အခြေအနေမျိုးတွင် ပြည်သူလူထုဖက်က ရပ်တည်သူများသည်လည်း မြေပြင်တွင် လက်တွေ့ တိုက်ပွဲဝင် နေသူများ ပြသနေသကဲ့သို့ ရပ်တည်ချက်ပြတ်သားရန် လို၏။ ကိုယ့်အား ကိုယ်ကိုးရန် လိုအပ်၏။
ဇွဲနပဲ ရှိကြရန် လိုအပ်၏။ ထိုပြင် မြေပြင်လက်တွေ့တိုက်ပွဲဝင်သူများအား ထိုးနှက်တိုက်ခိုက်မှု၊ သရော်လှောင်ပြောင်မှုပြုပြီး စစ်ကောင်စီအား ခွေးကတက်က အလုပ်အကျွေး မပြုရန်လိုအပ်သည်။ စစ်တပ်ကတော့ သူ့အာဏာအတွက် ပြတ်သားသည်။ စိတ်ကူးယဉ်၍ မရပါ။
(အေးချမ်းဆုသည် နိုင်ငံရေး၊ စစ်ရေး လေ့လာသူတဦး ဖြစ်သည်။)
You may also like these stories:
ကျင့်ဝတ်စည်းကမ်းက တော်လှန်ရေးမှာ အင်မတန်မှ အရေးကြီးပါတယ်
ဗမာတွေနဲ့ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့်
တိုင်းပြည် ပုံစံအသစ်ကို ဘယ်လို ပုံဖော်ကြမလဲ
အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို UWSA အဖက်မလုပ်