ရက်စက်ကြမ်းကြုတ်သော မြန်မာစစ်ကောင်စီနှင့် စီးပွားရေးလုပ်ခြင်းကြောင့် ပေးဆပ်ရသောတန်ဖိုးအဖြစ် ဗီယက်နမ်လုပ်ငန်းများသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမှ နိုင်ငံရေးအန္တရာယ်ကို ရင်ဆိုင်နေရသည်။ မြန်မာ စစ်ကောင်စီသည် ဗီယက်နမ်တို့ ဆက်ဆံလေ့ရှိသည့် အာဏာရှင်များတွင် ကြိုတင်ခန့်မှန်းရန် အခက်ခဲဆုံး ဖြစ်နေသည်။
ဗီယက်နမ်၏ မြန်မာရှိ အကြီးဆုံးလုပ်ငန်းမှာ ဗီယက်နမ်မှ အကြီးဆုံး ဆက်သွယ်ရေးလုပ်ငန်း VietTel ဖြစ်သည်။ ထိုဗီယက်နမ် စစ်တပ်ပိုင်လုပ်ငန်းသည် မြန်မာစစ်တပ်ပိုင် MyTel တွင် အဓိက ရှယ်ယာရှင်ဖြစ်ပြီး ထိုလုပ်ငန်းသည် မြန်မာမှ ရွေးကောက်ခံအစိုးရကို ဖြုတ်ချသည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်ပြီး ဖောက်သည်များ အကြီးအကျယ် ဆုံးရှုံးနေသည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကို အာဏာသိမ်းသော စစ်ကောင်စီကို လွန်ခဲ့သော တနှစ်ခွဲအတွင်း တစိုက်မတ်မတ် ထောက်ခံသော နိုင်ငံများတွင် ဗီယက်နမ်ပါသည်။ ထိုသို့ ထောက်ခံရခြင်းတွင် အာဏာရှင်နိုင်ငံတခုက အခြားအာဏာရှင်နိုင်ငံကို ထောက်ခံပေးသည့် သဘောလည်း တစိတ်တပိုင်း ပါဝင်သည်။
နှစ်နိုင်ငံတို့သည် ထိုအကြောင်းရင်းကို အရှေ့တောင်အာရှ နိုင်ငံများအသင်း (ASEAN) ၏ ဝင်ရောက် မစွက်ဖက်ရေးမူဖြင့် အရေခြုံ ဖုံးကွယ်ထားကြသည်။ နေပြည်တော်ကို ဝေဖန်မှုများ မထိရောက်အောင် ဟနွိုင်းက ASEAN အတွင်း လုပ်ဆောင်ပေးနေပြီး စစ်ကောင်စီ ခေါင်းဆောင်များကို အဖွဲ့၏ အစည်းအဝေးများသို့ မဖိတ်ကြားရေးအတွက် မလေးရှား ဦးဆောင်သည့် အားထုတ်မှုများကို ဝေဖန်သည်။
သို့သော် စစ်ကောင်စီကို ဗီယက်နမ်က ထောက်ခံနေခြင်းသည် ၎င်းတို့၏ ကြီးထွားနေသော စီးပွားရေး အကျိုးစီးပွားများကို အခြေခံသည်။
နှစ်နိုင်ငံအကြား ကုန်သွယ်မှုနည်းသော်လည်း ဗီယက်နမ်လုပ်ငန်းများ ပြည်ပတွင် စတင် ရင်းနှီးမြှုပ်နှံလာသောအခါ၊ အထူးသဖြင့် တရုတ်ဆက်သွယ်ရေး လုပ်ငန်းကြီး ဟွာဝေးကို ကြောက်နေရသည့် ဈေးကွက်များတွင် 5G ဈေးကွက်တခုကို ထူထောင်ရန် ကြိုးစားသောအခါ မြန်မာသည် ဗီယက်နမ်အတွက် အဓိကငွေရင်း တင်ပို့သောနေရာ ဖြစ်လာသည်။
နှစ်နိုင်ငံအကြား ကုန်သွယ်မှုနည်းသော်လည်း ဗီယက်နမ်လုပ်ငန်းများ ပြည်ပတွင် စတင် ရင်းနှီးမြှုပ်နှံလာသောအခါ၊ အထူးသဖြင့် တရုတ်ဆက်သွယ်ရေး လုပ်ငန်းကြီး ဟွာဝေးကို ကြောက်နေရသည့် ဈေးကွက်များတွင် 5G ဈေးကွက်တခုကို ထူထောင်ရန် ကြိုးစားသောအခါ မြန်မာသည် ဗီယက်နမ်အတွက် အဓိကငွေရင်း တင်ပို့သောနေရာ ဖြစ်လာသည်။
အာဏာသိမ်းမှုအလွန် ထိတွေ့ဆက်ဆံမှု
ဗီယက်နမ်သည် အမေရိကန် ပြည်ထောင်စုတွင် ပိုမိုများပြားစွာ ရင်းနှီးမြှုပ်နှံသောကြောင့် မြန်မာမှ ဗီယက်နမ်၏ ရင်းနှီးမြှုပ်နှံမှုကို အာရုံစိုက်မှု နည်းကြသည်။ မြောက်ကာရိုလိုင်းနားတွင် လျှပ်စစ်မော်တော်ယာဉ် ထုတ်လုပ်သည့် စက်ရုံအတွက် ဒေါ်လာ ၄ ဘီလီယံ မြှုပ်နှံကြောင်း ဇူလိုင်လတွင် VinFast က ကြေညာခဲ့သည်။
ထိုစီမံကိန်း မည်သို့ ဆက်လက် ဖြစ်ပေါ်တိုးတက်သည်ကို စောင့်ကြည့်ရဦးမည် ဖြစ်သော်လည်း ဗီယက်နမ် လုပ်ငန်းစုများ၊ ၎င်းတို့နှင့် ပိုမိုနီးစပ်သည့် ဖက်စပ်လုပ်ငန်းများကို နားမလည်သောကြောင့် ထိခိုက်နစ်နာနေကြပြီ ဖြစ်သည်။
အာဏာသိမ်း စစ်ကောင်စီကို လူထုက ဆန့်ကျင်နေသည့် မြန်မာတွင် အန္တရာယ် အဆင့်အမျိုးမျိုး ရှိနေသည်။ ဥပမာအားဖြင့်ဆိုရပါက ရန်ကုန်တွင် အကြီးမားဆုံး ခေတ်မီ အရောင်းစင်တာနှင့် ရုံးခန်း အဆောက်အအုံဖြစ်သည့် မြန်မာပလာဇာတွင် ရင်းနှီးမြှုပ်နှံထားသည့် ဗီယက်နမ် လုပ်ငန်းစု THADICO သည် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလတွင် ပလာဇာ လုံခြုံရေးက လူထုအာဏာဖီဆန်ရေး လှုပ်ရှားသူများကို တိုက်ခိုက်လိုက်သောအခါ ပြည်သူလူထုကို စော်ကားရာ ရောက်သွားသည်။ ထို့ကြောင့် ရေရှည်သပိတ်မှောက်မှု ဖြစ်သွားပြီး ပလာဇာမှ ဆိုင်ခန်းပေါင်း ၂၀၀ ကို အပြင်းအထန် ထိခိုက်စေပြီး ထိုဗီယက်နမ်လုပ်ငန်းသည် ပြည်သူလူထုကို လူသိရှင်ကြား တောင်းပန်ရသည်။
တောင်းပန်သောအခါ စားသုံးသူများ ပြန်လာကြသော်လည်း အရေအတွက် နည်းပါးသွားပြီး ကိုဗစ်နိုင်တင်းနှင့် စီးပွားရေး ကျဆင်းမှုများကြောင့်လည်း ပါသည်။
သို့သော် မြန်မာတွင် ဗီယက်နမ်၏ လက်ရှိအကြီးမားဆုံး ရင်းနှီးမြှုပ်နှံမှုမှာ ဆက်သွယ်ရေးကဏ္ဍ ဖြစ်သည်။ MyTel သည် VietTel ၊ စစ်တပ်ပိုင် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (MEC) နှင့် အခြားအသေးစား ရင်းနှီးမြှုပ်နှံသူ အနည်းငယ်တို့ ၂၁၀၇ ခုနှစ်က တည်ထောင်ထားသော ဖက်စပ်လုပ်ငန်းဖြစ်သည်။ ထိုဖက်စပ်လုပ်ငန်းသည် ၂၀၁၈ ခုနှစ်၊ ဇွန်လတွင် လုပ်ငန်းများ စတင်လည်ပတ်သည်။ ထိုလုပ်ငန်းသည် VietTel ၏ အကြီးမားဆုံး ပြည်ပဖက်စပ်လုပ်ငန်း ၁၀ ခုတွင် ပါဝင်သည်။
VietTel က ၄၉ ရာခိုင်နှုန်းဖြင့် ရှယ်ယာအများဆုံးပါပြီး စစ်ထောက်ချုပ်ရုံးသို့ တိုက်ရိုက် အစီရင်ခံရသည့် MEC လုပ်ငန်းခွဲ Star High က ၂၈ ရာခိုင်နှုန်းပါသည်။ စစ်ထောက်ချုပ်ရုံးသည် မြန်မာစစ်တပ်ကို လက်နက်ကိရိယာ တပ်ဆင်ခြင်း၊ ထောက်ပံ့ခြင်းနှင့် ၎င်းတို့၏ စီးပွားရေးလုပ်ငန်းပေါင်း ၁၀၀ ကျော်ကို စီမံသည့်ရုံး ဖြစ်သည်။
MyTel သည် စစ်တပ်နှစ်ခုကြား စီးပွားရေးလုပ်ငန်း ဖြစ်သည်။ VietTel ကို အရပ်သားများက စီမံပြီး ဗီယက်နမ် စစ်တပ်က ရာနှုန်းပြည့် ပိုင်သော်လည်း ထိုလုပ်ငန်း၏ သြဇာကို လျှော့တွက်၍မရပေ။ ထိုလုပ်ငန်း၏ လက်ရှိ အမှုဆောင် အရာရှိချုပ်သည် ဗီယက်နမ်တွင် အမြင့်ဆုံး ဆုံးဖြတ်ချက်ချသည့် အဖွဲ့အစည်းဖြစ်သည့် ဗီယက်နမ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီဝင် ဖြစ်သည်။ ယခင် အမှုဆောင်အရာရှိချုပ်သည် ဆက်သွယ်ရေးဝန်ကြီး ဖြစ်သည်။
MyTel သည် စစ်တပ်နှစ်ခုကြား စီးပွားရေးလုပ်ငန်း ဖြစ်သည်။ VietTel ကို အရပ်သားများက စီမံပြီး ဗီယက်နမ် စစ်တပ်က ရာနှုန်းပြည့် ပိုင်သော်လည်း ထိုလုပ်ငန်း၏ သြဇာကို လျှော့တွက်၍မရပေ။ ထိုလုပ်ငန်း၏ လက်ရှိ အမှုဆောင် အရာရှိချုပ်သည် ဗီယက်နမ်တွင် အမြင့်ဆုံး ဆုံးဖြတ်ချက်ချသည့် အဖွဲ့အစည်းဖြစ်သည့် ဗီယက်နမ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီဝင် ဖြစ်သည်။ ယခင် အမှုဆောင်အရာရှိချုပ်သည် ဆက်သွယ်ရေးဝန်ကြီး ဖြစ်သည်။
MEC သည် မြန်မာ့စီးပွားရေးကို လွှမ်းမိုးထားသည့် စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းကြီး နှစ်ခုအနက် တခုဖြစ်သည်။ MEC နှင့် လက်အောက်ခံ လုပ်ငန်းများသည် MyTel ကို ၃၉ ရာခိုင်နှုန်းအထိ ပိုင်သည်ဆိုသည့် သတင်းများလည်း ရှိသည်။
အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်၏ သမီးသည် MyTel အတွက် တာဝါတိုင်များ တည်ဆောက်ရေး ကန်ထရိုက်ရသည့် Pinnacle Asia ၌ ထိုလုပ်ငန်း အရေးယူပိတ်ဆို့ခံရပြီး သူရာထူးမှ ဖယ်ရှားခံရချိန်အထိ ဒါရိုက်တာ ဖြစ်ခဲ့သည်။
MyTel က ၎င်းတို့သည့် ဈေးကွက်ဝေစု ၃၂ ရာခိုင်နှုန်း ရထားပြီး တာဝါတိုင်၊ မြေပြင်ဆက်သွယ်ရေးစခန်းနှင့် ဖိုက်ဘာအလင်းမျှင် ဆက်သွယ်ရေးကြိုး အများဆုံးဖြင့် မြန်မာတွင် အကြီးမားဆုံး ဆက်သွယ်ရေး အော်ပရေတာဖြစ်သည်ဟု ဆိုသည်။ ၎င်းသည် မြန်မာတွင် 5G ဝန်ဆောင်မှု ပထမဆုံးပေးသူ ဖြစ်သည်ဟုလည်း ဆိုသည်။ ၂၀၂၀ ပြည့်နှစ်ကုန်တွင် သုံးစွဲသူ ၁၀,၀၀၀ ရှိပြီး ၃ လ အမြတ်ငွေ ဒေါ်လာ ၂၅ သန်း ရရှိသည်ဟု ဆိုသည်။ ၎င်းတို့၏ဝင်ငွေသည် 5G ကွန်ရက်များ ချဲ့ထွင်သောကြောင့် ၂၀၂၁ ခုနှစ်တွင် ဒေါ်လာ သန်း ၂၇၀ အထိရောက်လာပြီး စစ်အာဏာသိမ်းမှု မဖြစ်လျှင် ဆက်လက် တိုးတက်နေနိုင်သည်။
သို့သော် MyTel သည် အခြားမည်သည့် ပြည်ပရင်းနှီးမြှုပ်နှံမှုထက်မဆို ပြည်သူလူထုနှင့် လက်နက်ကိုင် ခုခံရေး အင်အားစု၏ ကျိန်စာသင့်နေသည်။ ထိုလုပ်ငန်းကို ပြည်သူလူထုက သပိတ်မှောက်ထားသည်။ စစ်အာဏာသိမ်းမှုအပြီး ၂၀၂၁ ခုနှစ် ပထမ ၃ လပတ်တွင် သုံးစွဲသူ ၂ သန်း လက်လွှတ်လိုက်ရပြီး ဒေါ်လာ ၂၅ သန်းခန့် ဆုံးရှုံးသွားသည်။
အာဏာသိမ်းမှုကြောင့် စင်ကာပူအခြေစိုက် ငွေပေးချေရေးလုပ်ငန်း Coda က MyTel နှင့် ပြုလုပ်ထားသည့် မိုဘိုင်းငွေကြေး ဝန်ဆောင်မှုလုပ်ငန်းကို ၂၀၂၁ ခုနှစ်၊ မတ်လတွင် အဆက်အသွယ် ဖြတ်လိုက်သောကြောင့် သုံးစွဲသူအရေအတွက် ထပ်မံကျဆင်းပြန်သည်။
ဆုံးရှုံးမှုများသည် ထိုမျှနှင့် မပြီးဘဲ ၃ လပတ်ကာလ ၇ ကြိမ်ဆက်တိုက် ဝင်ငွေဆုံးရှုံးသည်။
VietTel မြန်မာမှ ၎င်းတို့၏ ဘဏ္ဍာရေး အခြေအနေများကို ပြောကြားလိုခြင်း မရှိပေ။ သူ့အကြောင်းပြချက်နှင့်သူ ရှိနိုင်သည်။ သုံးစွဲသူအရေအတွက်နှင့် ဝင်ငွေဆုံးရှုံးမှုသည် မည်သည့်အခါကမျှ ရပ်တန့်သွားခြင်း မရှိပေ။
ကျေးလက်ဒေသများတွင် စစ်ကောင်စီဆန့်ကျင်ရေး အင်အားစုများက MyTel ၏ တာဝါတိုင်များကို ဖြိုလှဲသည်၊ ဆက်သွယ်ရေးစခန်းများကို မကြာခဏ ဗုံးခွဲ မီးရှို့သည်။ ၂၀၂၁ ခုနှစ်ကုန်သို့ ရောက်သောအခါ ပြည်သူ့ကာကွယ်ရေး တပ်များက MyTel တာဝါတိုင်ပေါင်း ၃၅၉ ခုကို ဖျက်ဆီးလိုက်ကြောင်း ကြေညာသည်။
ကျေးလက်ဒေသများတွင် စစ်ကောင်စီဆန့်ကျင်ရေး အင်အားစုများက MyTel ၏ တာဝါတိုင်များကို ဖြိုလှဲသည်၊ ဆက်သွယ်ရေးစခန်းများကို မကြာခဏ ဗုံးခွဲ မီးရှို့သည်။ ၂၀၂၁ ခုနှစ်ကုန်သို့ ရောက်သောအခါ ပြည်သူ့ကာကွယ်ရေး တပ်များက MyTel တာဝါတိုင်ပေါင်း ၃၅၉ ခုကို ဖျက်ဆီးလိုက်ကြောင်း ကြေညာသည်။
လက်တွေ့တွင်လည်း ပြည်သူ့ကာကွယ်ရေး တပ်များသည် စက်တင်ဘာလ ၄ ရက်နေ့မှ အောက်တိုဘာလ ၇ ရက်နေ့အတွင်း MyTel တာဝါတိုင်ပေါင်း ၁၂၀ ကို လှဲချလိုက်ပြီး နောက်ထပ်ကျပ်ငွေ ၂၀ ဘီလီယံ (ဒေါ်လာ ၁၀ ဒသမ ၃ သန်း) ဆုံးရှုံးစေပြန်သည်။ ထိုအရေအတွက်သည် တာဝါတိုင်ပေါင်း ၁၂,၀၀၀ တွင် အနည်းငယ်မျှသာ ဖြစ်သော်လည်း ထိုစစ်တပ်ကို ပြည်သူများက မည်မျှမုန်းကြောင်း အထင်အရှား ပြသနေသည်။
လှဲချလိုက်သော တာဝါတိုင်များကို အရည်ကြိုပြီး မော်တာနှင့် ဗုံးပစ်လောင်ချာများ ထုတ်လုပ်နိုင်သောကြောင့် ကျေနပ်ကြောင်း ပြည်သူ့ကာကွယ်ရေး တပ်များက လူသိရှင်ကြား ကြေညာသည်။
သို့သော် ပြည်သူ့ကာကွယ်ရေး တပ်များသည် MyTel ၏ အခြေခံ အဆောက်အအုံများအပြင် အခြားနေရာများကိုလည်း တိုက်ခိုက်သည်။ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလတွင် မြို့ပြ ပြောက်ကျားအဖွဲ့တခုက MyTel ၏ ဘဏ္ဍာရေး အရာရှိချုပ် ဦးသိန်းအောင်ကို လုံခြုံရေး အစောင့်ချထားသည့် ၎င်းတို့အိမ်ရာဝင်းအတွင်း လုပ်ကြံသတ်ဖြတ်ကာ သူ၏မိန်းမကို ဒဏ်ရာ အပြင်းအထန် ရစေသည်။ ဦးသိန်းအောင်သည် ယခင်က MEC တွင် အဆင့်မြင့် အမှုဆောင်ဖြစ်သည်။ နောက်ထပ် အမှုဆောင်များလည်း ပစ်မှတ်ထားခံရနိုင်ခြေရှိသည်။
၂၀၂၁ ခုနှစ်၊ ဧပြီလတွင် လူ နှစ်ဦးက ပဲခူးမှ MyTel ရုံးအတွင်းသို့ ဗုံးတလုံး ပစ်သွင်းလိုက်သည်။ ၂၀၂၂ ခုနှစ်၊ သြဂုတ်လတွင် သေနတ်သမားများက ရန်ကုန်ရှိ ဆက်သွယ်ရေး ထောက်လှမ်းမှုလုပ်ရန် လျှို့ဝှက်လှုပ်ရှားနေသည့် MyTel ရုံးအတွင်းသို့ ပစ်ခတ်သည်။
MyTel သည် စစ်တပ်မှလူများအတွက် အကြီးအကျယ် ဈေးလျှော့ချပေးသော ဝန်ဆောင်မှုများပေးကြောင်း အင်တာနက် အသုံးပြုသူများ လူမှုကွန်ရက်တွင် ရေးသားကြသည်။ ၎င်းတို့ တပ်သားများကို စောင့်ကြည့်ရန်နှင့် ပဋိပက္ခ ရှည်ကြာစေရေးအတွက် စစ်တပ်မှ အများအပြား ထပ်ထွက်မပြေးစေရန် MyTel ကို အသုံးချနေသည်ဟု ကျယ်ပြန့်စွာ မြင်ကြသည်။
ဟနွိုင်းအတွက် ရွေးချယ်စရာ
အတိုချုပ်အားဖြင့်ဆိုရပါက VietTel ၏ တခါက အကျိုးအမြတ်များသော အမြတ်အစွန်းသည် ပြိုကျသွားသည်။ မြန်မာပြည်သူများက ထိုဖက်စပ်လုပ်ငန်းသည် စစ်ကောင်စီအတွက် ဘဏ္ဍာငွေ အသက်သွေးကြော အဖြစ်သာမက အဓိကကျသော ထောက်လှမ်းရေးနှင့် ဖိနှိပ်ရေးကိရိယာအဖြစ်လည်း မြင်ကြသည်။
ဗီယက်နမ် ကွန်မြူနစ်အစိုးရသည် မိတ်ဆွေအာဏာရှင် စစ်ကောင်စီကို စွန့်လွှတ်မည် မဟုတ်ပေ။ သို့သော် VietTel ၏ ကြီးထွားနေသော ဆုံးရှုံးမှုများသည် ဟနွိုင်းအတွက်၊ VietTel က ထောက်ပံ့နေသည့် နှေးကွေးလှသော ဗီယက်နမ်စစ်တပ်ခေတ်မီရေး အစီအစဉ်အတွက် ပူပန်စရာဖြစ်သင့်သည်။
အတိုချုပ်အားဖြင့်ဆိုရပါက VietTel ၏ တခါက အကျိုးအမြတ်များသော အမြတ်အစွန်းသည် ပြိုကျသွားသည်။ မြန်မာပြည်သူများက ထိုဖက်စပ်လုပ်ငန်းသည် စစ်ကောင်စီအတွက် ဘဏ္ဍာငွေ အသက်သွေးကြော အဖြစ်သာမက အဓိကကျသော ထောက်လှမ်းရေးနှင့် ဖိနှိပ်ရေးကိရိယာအဖြစ်လည်း မြင်ကြသည်။
မြန်မာစစ်တပ်သည် အကြီးအကျယ်ရှုံးနေပြီး အောင်ပွဲရရန် ရှင်းလင်းလွယ်ကူသော လမ်းကြောင်းလည်း မရှိတော့ကြောင်းကိုလည်း ဗီယက်နမ် နားလည်သင့်သည်။ အတိုက်အခံတို့၏ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) က ဒီမိုကရေစီအုပ်ချုပ်ရေး ပြန်လည်ထိန်းသိမ်းလိုက်ပြီး စီးပွားရေးတွင် စစ်တပ်က လွှမ်းမိုးခြင်းကို အားနည်းအောင် လုပ်သောအခါ နွေးထွေးမှု မရှိသည့် ပတ်ဝန်းကျင်ကို ဗီယက်နမ် ကြုံတွေ့ရမည်ဖြစ်သည်။
(ဇာချာရီ အဘူဇာသည် ဝါရှင်တန်ရှိ အမျိုးသား စစ်ကောလိပ်မှ ပါမောက္ခနှင့် ဂျော့တောင်းတက္ကသိုလ်မှ တွဲဖက် ပညာရှင်ဖြစ်သည်။ ယခုဆောင်းပါးပါ အမြင်များသည် သူ၏ကိုယ်ပိုင် အမြင်များသာဖြစ်ပြီး အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနဖြစ်စေ၊ အမျိုးသား စစ်ကောလိပ်ဖြစ်စေ၊ ဂျော့တောင်း တက္ကသိုလ်ဖြစ်စေ မည်သည့် အဖွဲ့အစည်း၏ သဘောထားကိုမျှ ထင်ဟပ်ခြင်း မရှိပေ။)
(RFA မှ Zachary Abuza ၏ In Myanmar, Vietnamese firms learn the political risks of backing the junta ကို ဘာသာပြန် ဖော်ပြသည်။)
You may also like these stories:
စစ်သားများကို ခြေရာခံရန် စစ်ကောင်စီက Mytel ဆင်းမ်ကဒ်များကို သုံးနေ
ခုခံရေးအင်အားစုများ လက်နက်ထုတ်လုပ်ရာတွင် ပိုမိုတီထွင်ဆန်းသစ်လာ
စစ်တပ်ထုတ်ကုန်များ မသုံးစွဲရန် တားမြစ်မှု ကျယ်ပြန့်လာ
စစ်တပ်ထုတ်ကုန်တွေအပေါ် ပြည်သူတွေဒဏ်ခတ်မှု အရှိန်မြင့်လာ